💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
----------------
"ဟင့်အင်း...မလိုဘူး..ငါ့ဘဝမှာဘယ်သူမှမလိုဘူး
မုန်းတယ်...မုန်းတယ်...ငါ့ကိုဘယ်သူမှ မလိုချင်ကြဘူး....မဟုက်ဘူးမလိုချင်ကြတာ၊ ငါဘာအမှားလုပ်
မိလုပ်လဲ....ငါ့ဘာဘာအပြစ်ရှိလို့လဲ..."
အဂ္ဂ လည်းသခင်လေး ဒီအိမ်သို့ရောက်နေလိမ့်မယ်လို့
မထင်ခဲ့ပါ။ ကားကိုခြံဝတွင် ရပ်ထားခဲ့ပြီးစံအိမ်ထဲသို့
ဝင်လာခဲ့သည်။
ဧည့်ခန်းတွင် မျက်ရည်များနှင့်လူးလိမ့်နေတဲ့ သခင်
လေးကို မမြင်ရတာကြာနေပြီဖြစ်သည်။သခင်လေး
တစ်ယောက်တည်းနေဖို့ အချိန်လိုအပ်တယ်လို့ တွေးကာကားထဲတွင် သွားစောင့်နေလိုက်သည်။
ငယ်စဉ်တုန်းက ပျော်ရွှင်စွာ နေခဲ့တဲ့အခန်းထဲသို့သွား
မကြည့်တော့ဘဲ ဧည့်ခန်းထဲတွင် ကြိတ်မှတ်ကာနေ
နေသည်။ စိတ်ထဲတွင်မြန်မြန် မိုးလင်းဖို့သာ ဆုတောင်း
နမေိပါ၏။
°°°°°°°°°°°°°
လိပ်ပြာတို့ဆေးခန်းပြပြီး အိပ်ပြန်ရောက်တော့ ညနေ
၆း၀၀ နာရီထိုးနေပြီဖြစ်သည်။ တစ်အိမ်လုံးလည်း
စိတ်ပူကာ တမျှော်မျှော် ဖြစ်နေပြီဆိုတာ ပြေးမကြည့်ဘဲ
တွေးကြည့်ရုံတင်သိနိုင်သည်။
အိမ်ထဲသို့ ထော့နဲ့ထော့နဲ့ နှင့်စိုင်းကိုတွဲကာ ဝင်လာခဲ့
သည်။
"အိန်ဂျယ်.... ဘယ်လိုဖြစ်တာလဲ...လာ..ဖြည်းဖြည်း
ဒီမှာထိုင် "
ဖေဖေကစိုင်းလက်ထဲမှ လိပ်ပြာကို လက်ပြောင်းယူကာ
ဧည့်ခန်းရှိ ကျွန်းကုလားထိုင်ရှည်တွင်ထိုင်စေသည်။
"အိန်ဂျယ်ရယ်...စိတ်ပူလိုက်တာ...ဖုန်းဆက်လို့လဲ
မရ...ဘယ်သွားမှန်းလဲမသိနဲ့....ဘာဖြစ်တာလဲပြောပါ
ဦး "
မေမေက စိတ်ပူသောအကြည့်ဖြင့် ကြည့်ကာ လိပ်ပြာကိုမေးနေသည်။ တစ်ဖက်ကိုဝေ့ကြည့်လိုက်တော့
ဖေဖေ တီလေးနှင့် ကြီးခင်တို့ မျက်နှာပေါ်မှာ စိုးရိမ်
သော အရိမ်အယောင်ကိုမြင်နေရသည်။ မယ်တောင်
အဆစ်ပါလိုက်သေးသည်။
"လိပ်ပြာတောင်းပန်ပါတယ်....လိပ်ပြာရဲ့နမော်နမဲ့နိုင်မှု
ကအားလုံးစိတ်ပူသွားစေခဲ့တာ"
လိပ်ပြာသည် ပြောနေရင်းမှ မျက်ဝန်းထဲမှ မျက်ရည်
ကြည်များပြည့်လာသည်။ မျက်တောင်တစ်ချက်နှစ်ချက်
ခတ်ကာ...
"လိပ်ပြာ ဘစိုင်းဆီမှာ စာအုပ်သွားယူရင်း ကွေ့နားမှာ
စလစ်ဖြစ်သွားပြီး ဆိုင်ကယ်မှောက်သွားတာပါ၊
ပြီးတော့ဆေးခန်းလည်းပြပြီးပါပြီ နည်းနည်းပဲထိသွားတာပါ"
"အမလေး...!!!!"
အားလုံးရဲ့အသံနှင့်အတူ အကြည့်များသည် လိပ်ပြာဆီ
မှာပင်ဖြစ်သည်။
"မသေကောင်း မပျောက်ကောင်း နမော်နမဲ့နိုင်လှချည်
လား မိလိပ်ပြာ..."
"ဟို...ကျွန်တော့်အမှားလည်းပါ ပါတယ် အန်တီ
အိန်ဂျယ် အပြစ်ချည်းမဟုက်ပါဘူး"
မေမေ့ စကားအဆုံး ဘစိုင်းကဖြတ်ပြောလိုက်သည်။
အိန်ဂျယ် တဲ့ကူပြောပေးလို့ပေါ့၊ နမို့ဆိုရင်မလွယ်ဘူး...
စိတ်ထဲတွင်ပြောရင်း ဘစိုင်းကို မျက်စောင်းလှည့်ထိုး
လိုက်သည်။
"တခြားရော...ဘယ်နားထိသွားသေးလဲ"
မေမေကလိပ်ပြာ ခန္ဓာကိုယ်ကို စုန်ချည်ဆန်ချည် ကြည့်
နေကာ ဂရုတစိုက်မေးနေသည်။
"တတောင်ဆစ် နားမှာပါ၊ ဖြစ်ခါစမို့ သွေးပူနေလို့သာ
နာမှန်းမသိပေမဲ့ အခုတော့နည်းနည်းနာတယ်
နည်းနည်းပါ....ဟဲ..ဟဲ"
"ဒီလောက်နာနေတာတောင်မှ ထမင်းလည်းမစားရ
သေးဘူး... မယ်လေးကစောင့်နေတာ စိုင်းပါတစ်ခါတည်း
လာစားသွားလိုက်ပါလား"
"မယ်ရယ်အားနာလိုက်တာ ဆာနေရောပေါ့ စားထား
နှင့်တာမဟုက်ဘူး...စိုင်းရောတစ်ခါတည်းလာစားလာ"
"မဆာသေးပါဘူး....မယ်ကစိတ်ပူနေတာ"
"မစားတော့ပါဘူး....ဆိုင်ကယ်အပ်ထားခဲ့တာဆို
တော့ နက်ဖြန်မှထပ်လာခဲ့ပါ့မယ် အဲ့ခါကျရင် ထမင်း
မကျွေးလို့မရဘူးနော် မကျွေးလည်းစားမှာ"
" ဒါဆို လမ်းလျှောက်သွားရမှာပေါ့ "
"ဘာလဲ...လိုက်ပို့မလို့လား"
"ဝေးသေး"
လိပ်ပြာနဲ့စနောက်ကာ အိမ်ထဲမှထွက်လာခဲ့သည်။
"လိပ်ပြာနဲ့အတော်ခင်ပုံရသည် လူတော်တော်များများ
နှင့်ဆက်ဆံနေရသူမို့ တစ်ချက်အကဲခတ်ရုံနှင့် ထိုလူ့
အကြောင်း တစ်ဆိတ်တော့ သိနိုင်သည်.."
မယ်စိတ်ထဲတွင်ပြောနေခြင်းသာ ဖြစ်သည်။
"ဒီသူငယ်ချင်းနှစ်ယောက်ကတော့ သမီးမယ်လေးလာ
အိန်ဂျယ်..... လာ"
မေမေကလိပ်ပြာကိုတွဲ၍ ဖေဖေကတော့ထမင်းစားဝိုင်း
ဆီဦးဆောင်၍သွားသည်။
ထမင်းစားပြီးသည်နှင့် မေမေ့နှင့်မယ့်အကူအညီဖြင့်
အိပ်ခန်းထဲသို့ရောက်သွားသည်။
"အိန်ဂျယ်နားလိုက်ဦးမေမေအခန်းထဲမှာရှိမယ် တခုခုဆို ခေါ်လိုက်နော်"
"ဟုက်ကဲ့ပါ....စိတ်မပူနဲ့နော်"
"လိပ်ပြာရယ်...မယ်ဖြင့်စိတ်ပူလိုက်တာ....မယ့်ကိုဘာလို့မခေါ်တာလဲ"
"လိပ်ပြာလည်း ကမန်းကတန်း သွားလိုက်ရတာမို့လို့ပါ
မယ့်ကိုအားနာလိုက်တာ"
"ရပါတယ် ဒဏ်ရာကဘယ်လိုနေသေးလဲ.....နာနေ
သေးလား"
"ဟင့်အင်း မနာတော့ပါဘူး ဆရာဝန်က ပတ်တီးအကြီး
ကြီးစည်းပေးလိုက်တာ"
"လိပ်ပြာက နောက်တတ်ပြောင်တတ်တာပဲ"
"သြော်...စိုင်းနဲ့တောင် မိတ်မဆက်ပေးလိုက်ရဘူး
ရပါတယ် နောက်နေမှစိုင်းနဲ့ရော မြတ်လေးနဲ့ပါ
မိတ်ဆက်ပေးမယ် လျှောက်လည်ကြတာပေါ့"
"မဟုတ်တာ...လိပ်ပြာသက်သာမှသွားကြတာပေါ့"
"ရပါတယ်ဆို...ပါးပါးလေးပါ"
လိပ်ပြာတို့နှစ်ယောက် စပ်မိဆက်ရာပြောရင်း
အိပ်ရာဝင်ခဲ့ကြသည်။
°°°°°°°°°°°°°°°°°°°°°°°°
မိုးလင်းခါနီးမှ အိပ်ပျော်သွားသည်မို့ နေမင်း၏အလင်း
ရောင် မျက်နာပေါ်သို့လာရောက်ထိရိုက်တော့မှ နိုးထ
လာခဲ့သည်။
ညကဘယ်လောက်တောင် သောက်ထားမှန်းမသိ
တစ်ကိုယ်လုံးနုံးချည့်ကာ ချဉ်စုတ်နံဟောင်နေသည်။
ကိုက်ခဲနေသောခေါင်းကို လက်တစ်ဖက်ဖြင့်ဖိကာ
အားယူပြီးထလာခဲ့သည်။
လက်ထဲမှနာရီကို ငုံ့ကြည့်ကာ ၉း၀၀ ထိုးနေပြီမို့ အနား
တွင်ရှိသောအကျီကို ကောက်ယူကာ ကားဆီ လျှောက်
လာခဲ့သည်။
အပြင်တွင် အဂ္ဂကအသင့်စောင့်နေကာ ကားတံခါးကို
ဖွင့်ပေးထားသည်။ မရဏသည် အသင့်ဖွင့်ထားသော
ကားထဲသို့ဝင်ကာ ကားကူရှင်ကိုမှီနေလိုက်သည်။
အခန်းထဲတွင် ဘယ်ခြေပေါ် ညာခြေချိတ်ကာ ဆေးလိပ်
ကိုတစ်ချက်ပြီးတစ်ချက် ရှိုက်ဖွာနေသည်။
"ဒေါက် ဒေါက်"
"ဝင်ခဲ့"
"သခင်းလေး ကျွန်တော်ပြောစရာရှိလို့ပါ"
" ပြော " ဟုသောပုံစံဖြင့် မေးဆက်ပြလိုက်တော့မှ...
"မနေ့ညက ဗညားဆီကဖုန်းလာပါတယ်၊ မင်းဒင်က နယ်စပ်မှာရှိတဲ့ ကျွန်တော်တို့ပစ္စည်းတွေကိုဖြတ်လုဖို့
လုပ်နေကြတယ်လို့သိရပါတယ်၊ သတင်းအတိအကျကိုတော့စုံစမ်းနေဆဲပါ နောက်ပြီး လေလံပွဲမှာလည်း
သခင်လေးကို အလဲထိုးဖို့ပြင်ဆင်ထားပုံပဲ"
'ဖြုတ်ဦးနှောက်နဲ့များ .......မနေ့တနေ့ကမှ လူဖြစ်လာ
ပြီး ဒီအလုပ်ကိုလုပ်တဲ့သူကများ....ညဏ်မီတယ်ထင်
ရင်လုပ်လိုက်လေ"
နှုတ်ခမ်းတစ်ဖက်ကိုမဲ့ကာ စိန်ခေါ်တယ်ဆိုတဲ့လေသံဖြင့်
ပြောလိုက်သည်။
"သခင်လေး....မင်းဒင်တို့က တခြားကိစ္စတွေနဲ့ပတ်
သက်ပြီးမကျေနပ်တဲ့ပုံပါဘဲ "
"တခြားကိစ္စတွေ.... သူနဲ့ဘာပြဿနာညှိထားတာ
ရှိလို့လဲ... "
"ကျွန်တော်တို့ဘက်က မဟုတ်ပါဘူး... ဒါပေမဲ့ ကျွန်တော်
တို့ဘက်ကလုပ်တဲ့ ကိစ္စတွေကသူတို့နဲ့သွားညှိနေတာ၊
နောက်ပြီးသူတို့ဘက်က တော်တော်ဆုံးရှုံးသွားဟန်
ရှိပါတယ် အဲ့ဒါကြောင့်..."
"ရှုံးမဲ မဲတာပော့...ဖြုတ်ဦးနှောက်ပါဆို...ဒီအလုပ်လုပ်
ပြီး နားမလည်သေးဘူး၊ ပွဲစားလုပ်နေတယ်အောက်မေ့နေတာ..."
"အဂ္ဂ... ရေချိုးပြီးရင်ဆင်းလာခဲ့မယ် တလောက
ဆောက်ပြီးတဲ့ hotel ကိုသွားတာပေါ့"
"သခင်လေး မနက်စာမစားတော့ဘူလား"
"တော်ပြီ...ပြီးရင်ဆင်းလာခဲ့မယ်...သွားတော့"
အဂ္ဂ လည်း လှည့်ထွက်ဖို့ခြေလှမ်းပြင်လိုက်စဉ်...
"သြော် မင်းလည်း မစားရသေးဘူးမလား၊ သွားစား
လိုက်"
"ရပါတယ် မစားတော့ပါဘူး၊ သခင်လေးမှမစားတာ"
"ဟက်"
ပါးစပ်ဖွင့်ပြီး ရယ်လိုက်ကာ...
"မင်းက ကလေးလား ကိုယ့်ဘာသာမစားတာ ငါနဲ့ဘာ
ဆိုင်လို့လဲ"
သူ့အား ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားသော အဂ္ဂ
အားကြည့်ကာ သူရယ်ချင်သွားသည်။
ရေမိုးချိုးပြီးအောက်ထပ်သို့ သူဆင်းလာခဲ့၏။ အောက်
ထပ်တွင်ကြီးမြကဆီးကြိုကာ...
"သခင်းလေး တစ်ခုခုစားပြီးမှသွာပါလား"
"တော်ပါပြီ နောက်ဆို ကျွန်တော့်အတွက်ပိုမချက်ထား
ပါနဲ့"
ကြီးမြအားပြောပြီးသည်နှင့် ကားတံခါးဖွင့်ကာ ဝေါဆိုသည့်အသံနှင့်အတူမောင်းထွက်သွားသည်။
°°°°°°°°°°°°°°
အောက်ထပ်သို့ ညအိပ်ဝတ်စုံနှင့် ထော့နဲ့ထော့နဲ့ ဆင်း
လာသော လိပ်ပြာမှာ ကလေးတစ်ယောက်ပမာ
ချစ်စရာကောင်းနေသည်။
"ဟော...လူစုံတက်စုံနဲ့ပါလား"
"ဖြည်းဖြည်း...ချော်လဲဦးမယ်"
စကားသံနှင့်အတူ လိပ်ပြာဆီသို့ အပြေးတပိုင်းလာ
တွဲသည်။
"ဘစိုင်း...လိပ်ပြာဒီလောက်တော့ လျှောက်နိုင်ပါတယ်
မြတ်လေးလည်းရောက်နေတာပဲ ရုံးပိတ်တယ်ပေါ့"
ဘစိုင်းကိုပြောရင်း ဘေးကိုဝေ့ကြည့်လိုက်တော့
မြတ်လေးကိုတွေ့သည်မို့ စကားလှမ်းပြောလိုက်သည်။
"အင်းပေါ့ ငါ့သူငယ်ချင်းလေး accident ဖြစ်တယ်လို့
ကြားတော့ လာရတာပေါ့"
"accident ... accident မဟုတ်ပါဘူး၊ နည်းနည်းလေးထိသွားရုံပါ"
"မယ်လည်းရှိနေတာပဲ...လိပ်ပြာသူငယ်ချင်းတွေနဲ့
မိတ်ဆက်ပေးမယ်"
"မယ်သူက ဟိုနေ့ကလိုက်ပို့ပေးတဲ့ စိုင်း အဲ ...
အယ်လ်စိုင်းဇော် ရှမ်းလူမျိုးလေ၊သူကတော့ဟိုဖက်
တစ်လမ်းကျော်က မြတ်လေးဟန်၊ လိပ်ပြာကတော့
မြတ်လေးလို့ပဲ ခေါ်တယ်၊ သူတို့နှစ်ယောက်လုံးက
လိပ်ပြာရဲ့ အချစ်ဆုံးသူငယ်ချင်းတွေပေါ့၊ ငယ်ငယ်
တည်းက ခင်ခဲ့တာဆိုပါတော့"
"နင်တို့ကိုမိတ်ဆက်ပေးရဦးမယ်၊ ဒါကလိပ်ပြာပြောနေ
ကျ သင်းယုမယ်ဆိုတာ"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်"
"ဟုတ်...ဝမ်းသာပါတယ် မြတ်လေးကို လိပ်ပြာလိုပဲ
ရင်းရင်းနှီးနှီး မြတ်လေးလို့ပဲ ခေါ်နိုင်ပါတယ် "
"မြတ်လေးက Export Import Company မှာဝန်ထမ်း
လေ"
"အတူတူပါပဲ မယ်လိုခေါ်နိုင်ပါတယ် မယ်အကြောင်းကို
လိပ်ပြာပြောပြထားမယ်လို့ထင်ပါတယ် ထွေထွေထူးထူးသိပ်ပြီးပြောစရာမရှိပါဘူး"
"ကျွန်တော့်ကိုလည်း လိပ်ပြာကိုခင်သလိုပဲ ခင်နိုင်ပါ
တယ်ဗျာ "
"စိုင်းကဒီလိုပဲ အစမလို့စကားနည်းတာ၊ ပြီးကျခင်သွား
ရင် ရေပက်တောင်မဝင်တော့ဘူး... နောက်ပြီးစိုင်းက
ဘောစိ လေ"
"ဟဲ့...မြတ်လေး နင်တော့"
စိုင်းကမြတ်လေးကို လှမ်ဟန့်လိုက်သည်။
"ဟုတ်တယ်လေ....နင့်အဖေပိုင်တဲ့ရာဘာစိုက်ခင်း
တွေလည်းရှိတယ် ကော်ဖီခြံတွေ၊လိမ္မော်ခြံတွေလည်း
ရှိတယ်၊ နောက်ပြီးနင်ပိုင်တဲ့ နေကြာခင်းတွေ ကော်ဖီခြံ
တွေရောရှိတယ်လေ ဘာပြောမလဲ"
စိုင်းအကြောင်းကို အိတ်သွန်ဖာမှောက် ပြောနေသည့်
အတွက် လှမ်းဟန့်သော်လည်းမရသောကြောင့်
လက်ညှိုးတစ်ထိုးထိုးနှင့် ရန်ငေါနေသည်။
"မြတ်လေးကတော့ မြန်မာလူမျိုးမဟုက်လား"
မယ်က မြတ်လေးကိုပြုံး၍ မေးလိုက်ခြင်းပင်...
"မြတ်လေးကော အိန်ဂျယ် ရောက မြန်မာလူမျိုးစစ်စစ်
လေ"
"လိပ်ပြာရောလား မယ်ကကပြားထင်နေတာ"
"လိပ်ပြာကို မသိတဲ့သူဆို အဲ့လိုဘဲပြောကြတယ်"
"ဟုက်တယ် လိပ်ပြာရဲ့အသားအရေက မြန်မာတွေလို
ဝင်းဝါနေတာလဲမဟုတ်ဘူး၊ တိုင်းရင်းသူတွေလို ဖြူဖွေး
နေတာလဲမဟုတ်ဘူး တစ်မျိုးလေး နောက် မျက်ခုံး
မျက်လုံးက အရမ်းဆွဲဆောင်မှုရှိပြီး ညို့နိုင်တယ်"
"မယ်ဘာမှမစားရသေးဘူးမလား... မနက်စာလည်းကျွေး
မယ် လျှောက်လည်းလည်မယ် မဟုတ်ရင် လိပ်ပြာတို့
အိမ်ခေါင်မိုး လိပ်ပြာလက်ချက်နဲ့ပေါက်တော့မှာပဲ"
"ဒါနဲ့နှစ်ယောက်လုံးဆိုင်ကယ်ပါကြတယ်မလား"
"တို့ကတော့ပါတယ်... စိုင်း နင်က ဆိုင်ကယ်နဲ့ဖင်နဲ့
ခွာတဲ့သူမဟုက်တော့ မေးနေစရာတောင်မလိုဘူးမလား"
"ခွပ်"
"ဟာ"
တစ်ချိန်လုံး သူ့ကိုပစ်မှတ်ထားနေသည့် မြတ်လေးအား
ခေါင်းကိုအသံမြည်အောင် လက်ဆစ်ဖြင့်ခေါက်လိုက်တော့သည်။
"အေး....အေး...တွေ့မယ်...မိရင်တော့လား"
"ဟား....ဟား....၁၀ သက်.....၁၀ သက်"
တစ်ယောက်နှင့်တစ်ယောက် စနောက်ကာ ပြေးတမ်း
လိုက်တမ်းကစားနေကြ၏။
"နေကြပါဦး....ဟေး...အပြင်မှာတစ်ခုခုသွားစားကြ
အောင်လေ နော်"
"ဟုက်ပြီလေ"
စိုင်းကထောက်ခံလိုက်သည်။
လိပ်ပြာတို့ကိုယ်စီ ဆိုင်ကယ်ရှိရာထွက်လာခဲ့သည်။
"ဘစိုင်း နင့်ဆိုင်ကယ်ကလည်း မြင့်လိုက်တာ ငါတက်
လို့မရဘူး"
"သြော်...ဒါများ ကဲရပြီလား"
ပြောပြောဆိုဆိုနဲ့ပင် လိပ်ပြာကိုခါးမှမြှောက်ချီကာ BMW ဆိုင်ကယ်ပေါ်သို့တင်ပေးလိုက်သည်။
လိပ်ပြာနဲ့စိုင်းကတစ်စီး မယ်နဲ့မြတ်လေးတို့ကတစ်စီး
မောင်းလာခဲ့သည်။
"စိုင်းရယ်....နင့်ကိုယ်ပေါ်က ဘာရေမွှေးတွေ ဆွတ်
ထားတာလဲ....အနံ့ကလည်းစူးလိုက်တာ... ဟက်ချိုး
ဟက်ချိုး...."
"တော်ပြီ....ဟက်ချိုး.. အပြန်ကျရင်မလိုက်တော့ဘူး"
ကားပေါ်တွင်စကားများကာ ဆိုင်သို့ရောက်လာခဲ့သည်။
လိပ်ပြာကအနံစူးစူးတွေကို ခံလို့မရတာမို့ ရေမွှေးအနံ့
ပြင်းပြင်းတွေဆွတ်လာတိုင်း စကားများရစမြဲဖြစ်သည်။
"ကဲ....ရောက်ပြီ ဖြည်းဖြည်းဆင်း"
စိုင်းကလိပ်ပြာကိုတွဲကာ ဆိုင်ထဲသို့ဝင်လာခဲ့သည်။
လိပ်ပြာက ပြတင်းပေါက်နားတွင် ထိုင်ရတာကြိုက်သူမို့
ပြတင်းပေါက်ဘေးတွင်ထိုင်ကာ မယ်ကလိပ်ပြာဘေးတွင်ထိုင်၍ လိပ်ပြာရှေ့တွင်စိုင်းတို့က အသီးသီးထိုင်
ကြသည်။
"ဟက်ချိုး...."
ဆိုင်ထဲရောက်သည်အထိအဆက် မပြက်ချီနေသောကြောင့် လိပ်ပြာမှာနေမထိထိုင်မသဖြစ်နေရ၏။ နာသီးဖျားလေးတွေပင်နီမြန်း၍ နေနေသည်။
"မယ်...ဒီဆိုင်က sea food အရမ်းကောင်းတာ သိလား"
"အင်း လိပ်ပြာကောင်းမယ်ထင်တဲ့ဟာမှာလိုက်ပါ"
"OK အစ်မရေ....ညီမတို့ကိုကင်းမွန်ထောင်း၊ပုဇွန်
ထောင်း နောက်ပြီး နင်တို့ရောမှာလေ ကြိုက်တာ၊ ငါ
ဒကာခံမှာပါ "
"အောင်မဲညိုထမင်း သလပွင့်သုပ်(စွယ်တော်ပွင်သုပ်)
တစ်ပွဲ၊နင်ရော"
စိုင်းကမြတ်လေးကိုမေးဆတ်ပြလိုက်သည်။
"ရှမ်းပဲပုပ်ငါးပိ ဒါပဲ"
"အဒါပဲပေးပါနော်"
"မယ်ရေ...လိပ်ပြာတို့တော့စိတ်ကြိုက်မှာလိုက်ပြီး
လာပို့မှပဲ မြည်းကြည့်ပေတော့"
"ကောင်းမှာပါ...လိပ်ပြာတို့က စားနေကြမဟုတ်လား"
"အင်း ဟို မယ်ခံတွင်းမတွေ့မှာစိုးလို့ပါ"
"ဒါနဲ့....စားပြီးရင်ဘယ်သွားရင်ကောင်းမလဲ"
"နာရီစင်ဘက် သွားရအောင်၊ ပြီးရင် ဘူတာရုံဘက်သွားတာပေါ့"
မြတ်လေး၏စကားကို လက်ခံသည့်သဘောဖြင့်
လိပ်ပြာနဲ့စိုင်းက ခေါင်းညိမ့်လိုက်သည်။
"ဟော...လာပြီ စာနေတာနဲ့အတော်ပဲ"
"ကဲ...စားလိုက်ရအောင်"
လိပ်ပြာသည် စားစရာရှေ့တွင် အိန္ဒြေေဆည်နေမယ့်သူမဟုတ်ပါ။
"ဒါနဲ့လိပ်ပြာ နင်နဲ့ကားတိုက်မိမလို ဖြစ်တဲ့သူတွေက
နင့်ကိုဘာမှမကူညီဘူးလား"
"နားစမ်းပါဟာ.....သူတို့ကူညီတာ စောင့်နေရင်ဖြင့်
အဲဒီမှာအိပ်ရလောက်တယ်၊ စိုင်းရောက်လာလို့ပေါ့"
"ပိုက်ဆံရှိတယ်ဆိုပြီး မာန်တက်နေကြတာလေ အား
စပ်လိုက်တာ ငရုတ်သီးတွေ သေနာငစိုင်းဒါနင့် လက်
ချက်မလား"
"ဘာလဲ.....ကိုယ့်ဘာသာလေပေါနေပြီးတော့
ပတ်ဝန်းကျင်ကိုမေ့နေပြီးတော့များ ဟား...ဟား..."
"ဟား...ဟား..."
"မရီနဲ့နော်....အိန်ဂျယ်နော်..."
မြတ်လေးတစ်ယောက် ပန်းကန်ထဲသို့ ဘစိုင်းမသိမသာထည့်လိုက်တဲ့ ငရုတ်သီးကြောင့် ရှူးရှူးရှဲရှဲ
ဖြစ်နေရသည်။
°°°°°°°°°°°°°°°°°°°°
"ကားရပ်လိုက်"
"ဗျာ...ဟုက်ကဲ့"
ရုတ်တရက်ကြီး ကားရပ်ခိုင်းလိုက်သောကြောင့်
ကြောင်နန ဖြစ်သွားရသည်။ သခင်လေးစိတ်ကို ခုထိ
မဖက်နိုင်သေးပါလား... အနားမှာနေလာတာဖြင့်ကြာလှပြီ။
ကားမှန်ကိုလျောချကာ အပြင်ဘက်သို့ လှမ်းကြည့်
လိုက်လျှင် တဟားဟားနှင့်ရီသံများပျံ့လွင့်နေသည်။
ဟိုနေ့ကမိန်းကလေးကို တွေ့လိုက်သောကြောင်း ကား
ရပ်ခိုင်းလိုက်ခြင်းဖြစ်သည်။
မင်းကတော့ ဘာအကြောင်းတွေပြောပြီးရီနေမှန်းမသိ
ပေမဲ့ ငါကတော့ငါ့ကိုလှောင်နေသလို ငါ့ကိုပဲပြုစားပြီး
ညှို့ယူနေသလို ဘာလို့ထင်နေရတာလဲ၊သေချာတာက
တော့ ငါမင်းကို မုန်းနေတယ်ဆိုတာပဲ။
ရှေးစကားပုံရှိတယ်လေ ပထမဦးဆုံးတွေ့တာ
အမှတ်တမဲ့၊ ဒုတိယတစ်ခါတွေ့ရင် ရေစက်၊ တတိယ
ဆိုရင် ဟက်... ဖူးစာတဲ့လား။
အဲ့စကားကိုမယုံပေမဲ့
တတိယအကြိမ်တွေ့မလားဆိုတာ တစ်ဆိတ်တော့
စိတ်ဝင်စားမိတယ်။
"မောင်းတော့"
အမိန့်ပေးလိုက်သည်နှင့် ကားလေးကမောင်းထွက်သွား
သည်။
Hotel ရှေ့သို့အရောက်တွင် ခမ်းနားထည်ဝါသော
5 ထပ်တိုက် Diamond hotel ကြီးကဆီးကြိုနေ၏။
ဘေးပတ်ဝန်းကျင်တွင် အလှစိုက်ပန်းများ စီတန်းစွာစိုက်
ပျိုးထားပြီး သစ်ပင်ပန်းမန်များနှင့်စိမ်းလန်းစိုပြေနေ
သည်။ hotel ၏တစ်ဖက်တစ်ချက်တွင် ရေဗန်းကြီးများ
ဖြင့်ဝန်းရံထား၏။ အနောက်ဘက်တွင် ကြီးမားသော
ဂေါက်ကွင်း တစ်ခုက hotel ကိုပို၍ပင် ဝင့်ထည်သွား
စေသည်။
"ဒီတစ်ဘက်အတွင်း အလုပ်သမားတွေရော မန်နေဂျာပါလိုချင်တယ်"
အဂ္ဂ အားမှာပြီး အပေါ်ဆုံးထပ်သို့ ဓာတ်လှေကားဖြင့်
တက်သွားသည်။
အပေါ်ထပ်သို့ လှည့်ပတ်ကြည့်ရင်း VIP ခန်းထဲသို့လှမ်း
ဝင်သွားပြီး တစ်ချက်ကြည့်ကာ ခုတင်ပေါ်သို့အသာ
လဲလိုက်သည်။
"အဂ္ဂ ညနေကျမှလာခေါ်လိုက်၊ ဒီမှာခဏနေလိုက်ဦး
မယ် သြော် ကုမ္ပဏီကိုဝင်ကြည့်လိုက်ဦး"
"ဟုက်ကဲ့ သခင်လေးစားဖို့အတွက် ကျွန်တော် တစ်ခု
ခုပြင်ဆင်ပေးထားခဲ့ပါ့မယ်"
"အင်း"
အဂ္ဂ ထွက်သွားသည်နှင့် နွယ်နယ်နေတဲ့ မျက်လုံးကို ခဏမှိတ်ထားလိုက်သည်။တစ်ခဏလေး တစ်ကယ်ကို
တစ်ခဏလေးပါပဲ ပေါ်လာတဲ့ အပြုံးတစ်ခု... အမှန်တိုင်းဝန်ခံရရင် အဲ့အပြုံးဟာ ဆွဲဆောင်မှုရှိတယ်လို့
ပြောရမယ်...။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°♥♥•°
အပိုင်း(၇) ဆက်ရန် >>>
#Ruby Linn