💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
--------------
"ဝါး... ပန်းတွေအများကြီးပဲ လှလိုက်တာ"
ခြံထဲပန်းတွေရှိရာဆီသို့သွားပြီး အဖူးအငုံလေးကို လိုက်လံကြည့်နေသည်။
"ပန်းတွေက အများကြီးပဲနော်၊ ပန်းဆိုင်ဖွင့်လို့တောင်ရတယ် သိလားလိပ်ပြာ"
"အင်း ဟုတ်တယ်၊ ဖေဖေကအစ လိပ်ပြာတို့ တစ်မိသားစုလုံး ပန်းစိုက်ရတာဝါသနာပါတယ်လေ ပန်းစိုက်နေရရင် အသက်ရှည်တယ်လို့လဲထင်တယ်"
"လိပ်ပြာတို့ခြံက အကျယ်ကြီးဆိုတော့ ဘာစိုက်စိုက်ရ
တယ် မယ်တို့ရန်ကုန်မှာတော့ ခြံမဝယ်နိုင်ပါဘူး... ပြီးတော့တစ်အိမ်နဲ့တစ်အိမ်က ကပ်နေတာ မနည်းအသက်ရှုရတယ် ဒီနှင်းဆီနီလေး ခူးလို့ရလားဟင် "
"ရတာပေါ့ ခူးလေ မယ်က နှင်းဆီနီကြိုက်တာလား"
"ပန်းတွေထဲမှာတော့ နှင်းဆီနီကို အကြိုက်ဆုံးလို့ပြောလို့ရတယ်"
"ဒါနဲ့ လိပ်ပြာကို အန်တီတို့က အိန်ဂျယ်လို့ ခေါ်လိုက်သလားလို့"
"အင်း.....ဟုက်တယ် အိမ်မှာကျယ်လို့အိန်ဂျယ်လို့ပေးထားတာ၊ မယ်ထင်သလို Angel (နတ်သမီး)တော့မဟုက်ဘူး"
"အဲ့လိုမထင်ဘူး နတ်သမီးလေးလို့ပဲ ထင်တာ ဘာပဲဖြစ်ဖြစ် မယ့်မျက်လုံးထဲမှာတော့ နတ်သမီးလေးလို့ပဲမြင်တယ်"
"အူး မွှေးနေတာပဲ"
"ဒါနဲ့ မယ်ဆောက်လုပ်ရေးက ဘယ်နားမှာလဲ"
"မြို့ပြင်ဘက်မှာ စက်ရုံဆောက်မှာဆိုတော့ အနည်းဆုံး
တစ်လလောက်တော့ကြမယ် နှစ်လ လက်ခံထားတာဆိုတော့"
"Hotel ကဘယ်မှာတည်းဖို့စီစဉ်ထားတာလဲမယ်"
"မြို့ထဲက 5 stars hotel မှာပါ"
"သြော် 5 stars hotel လားလိပ်ပြာက အဲ့နားကဖြတ်
ဖြတ်သွားတော့ခဏ ခဏ မြင်နေကျလေ "
"လိပ်ပြာကိုလာလည်ဖို့ ခေါ်ပါတယ် အချိန်မရွေးအကူအညီလည်းတောင်းနိုင်ပါတယ်"
နှစ်ယောက်သားစကားပြောရင်း အချိန်အတော်ကြာ ခြံထဲ၌နေခဲ့ကြသည်။
"ဟာ ဘစိုင်းဖုန်းတွေ ခေါ်ထားတာပဲ call တွေမှအများ
ကြီး ပြန်ခေါ်ဦးမှပဲ"
"ဟဲလို...ဘစိုင်း ခေါ်ထားတာတွေ့လို့"
"လိပ်ပြာလိုချင်တဲ့ စာအုပ်ရပြီလို့လှမ်းပြောတာ "
"စာအုပ်...ဘာစာအုပ်လဲ"
"ဦးဘုန်း(ဓာတု)ရဲ့ ကြက်ရိုးဒဿန စာအုပ်လေ မမှတ်မိ
တော့ဘူလား"
"ဟယ် ဟုတ်သား စိုင်းငါအခုလိုချင်တယ် လာပေး
လို့ရမလားဟင်...နော်...နော်လို့ ..."
စာအုပ်ရမယ်ဆိုတော့ ဖြစ်သွားလိုက်တာများ မခေါ်တာကြာပြီတဲ့ နာမ်စားလေး စိုင်းတဲ့။ ငါက နင်မချွဲပြခင်
ကတည်းက ဘာမဆိုလုပ်ပေးမဲ့သူပါ။ဒါပေမဲ့...
"အခုတော့မရဘူး ညနေကျ စာကြည့်တိုက်မှာစောင့်နေ
မယ်၊ လိုချင်ရင်လာခဲ့ အခုက ရှမ်းပြည်ဘက် ခဏသွားမလို့"
ဒီနည်းလမ်းက သူ့ကိုတွေ့ရမဲ့ တစ်ခုတည်းသောနည်းလမ်းမို့ပါ။
"အောင်မလေး စျေးကိုင်လိုက်တာနော်"
"ဒါဆိုမလာတော့ဘူပေါ့"
"ဟင်...မပြောမိပေါင်...လာမှာပေါ့"
"ဒါဆို...bye bye"
"bye bye"
ဟီးဟီး စာအုပ်ရတော့မယ်ဆိုတော့ လိပ်ပြာကတော့
အပျော်ကြီးပျော်နေသည်။ ဘစိုင်းက ဒီလိုနေရာမျိုးတွေ
မှာလည်း အားကိုးရပါသည်။
စာကြည့်တိုက်ဆိုတာ ရိုးရိုး စာကြည့်တိုက်မျိုးမဟုက်
ဘဲ လက်ဖက်ရည်ဆိုင်ပါတွဲဖက်ဖွင့်ထားခြင်းဖြစ်သည်။
စာပေချစ်သူလည်း အေးအေးဆေးဆေး လက်ဖက်ရည်
သောက်ပြီး ဖတ်နိုင်သောကြောင့် လိပ်ပြာတို့အဖို့ အ
တော်ပင်အဆင်ပြေပါသည်။ ဤနေရာကိုရှာတွေ့တာ
ဘစိုင်းရဲ့ ကောင်းမှုလို့ပြောရင်လည်းမမှားပါဘူး။
လိပ်ပြာစာအုပ်ဖတ်ကာ တစ်ရေးအိပ်ပျော်သွားသည့်
အတွက် နိုးသည့်အချိန်သည် ညနေစောင်းနေပြီဖြစ်
သည်။
"ဟာသွားပြီ"
နောက်ကျနေပြီမို့ ကမူးရှူးထိုးဖြင့်ထကာ ရေမိုးချိုး
အဝတ်စားလဲ၍ ထွက်လာခဲ့သည်။
°°°°°°°°°°°°
"သခင်လေး တစ်နေလုံးလဲထမင်းမစားဘူး ဒုက္ခပါပဲ
မဟုတ်မှ တစ်ခုခုများဖြစ်နေမလား..."
ကြီးမြတစ်ယောက်စိတ်ပူသောကြောင့် တစ်ယောက်ထဲ
ရေရွတ်ရင်း အပေါ်ထပ်သို့တက်လာခဲ့သည်။
"ဒေါက်...ဒေါက်"
တံခါးခေါက်သော်လည်း အထဲမှဘာသံမှမကြားရသော
ကြောင့် ပို၍ပင်စိတ်ပူကာ...
"သခင်းလေး...ကြီးမြပါ၊ ဝင်ခဲ့ရမလား..."
"မလာနဲ့..ဘယ်သူနဲ့မှမတွေ့ချင်ဘူး ထွက်သွား...."
သခင်လေးအားစိတ်ပူသော်လည်း သူပြောလို့ရမည်
မဟုက်သောကြောင့် ဒီအတိုင်းပင်ဆင်းလာခဲ့၏။
အောက်ထပ်တွင် အဂ္ဂ ပြန်ရောက်နေပြီမို့ အဂ္ဂအား
အကြောင်းစုံရှင်းပြကာ သွားကြည့်ခိုင်းရသည်။
"သခင်လေး ကျွန်တော် အဂ္ဂပါ၊ ဝင်လာခဲ့ရမလား"
အထဲကအသံမှာ ငြိမ်သက်၍နေသောကြောင့် သူ့ကို
ပို၍ပင် လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်။
"ချလပ်"
တံခါးခေါက်ဖို့ လက်လှမ်းလိုက်စဉ်မှာပဲ တံခါးကဖျတ်ခနဲဆိုပွင့်သွား၏။
အဂ္ဂအား တစ်ခွန်းမှမပြောဘဲ အောက်ထပ်သို့ခြေလှမ်းကျဲများနှင့်ဆင်းသွားလိုက်သည်။
ပွင့်နေသောတံခါးမှ အထဲသို့လှမ်းကြည့်လိုက်လျှင် ရှုပ်
ပွနေသောပစ္စည်းများ သောက်လက်စဖြစ်ပြီးတစ်ဝက်
လောက်သာကျန်သည့် အပြင်းစားဝိုင်ပုလင်းကိုလည်း
တွေ့ရသည်။
"အဂ္ဂ Bar ကိုမောင်း"
အဂ္ဂအားသူပြောပြီး ကားနောက်ခန်းထဲသို့လှမ်းဝင်လိုက်
သည်။
အချိန်အတော်ကြာတိတ်ဆိတ်နေပြီး သည့်နောက်အ
ခြေအနေကိုဖြိုခွဲလိုက်သူမှာ...
"သခင်လေး hotel ကဆောက်လို့ပြီးသွားပါပြီ
အဆင်ပြေရင် သွားကြည့်လို့ရပါတယ်"
အဂ္ဂသာ နောက်ကြည့်မှန်ထဲသို့ ကြည့်ကာပြောနေသော်
လည်း သူ့အားတစ်ခွန်းမှပြန်မပြောဘဲ တိတ်ဆိတ်စွာ
ကူရှင်ကိုမှီ၍ ထိုင်နေသည်။
°°°°°°°°°°°°°°
📲 "You just want attention,You do'nt want my heart..." 📲
ဆိုင်ကယ်မောင်းနေရင်း ကွေ့ရောက်ခါနီးတွင် ဖုန်းလာနေသည်မို့ အရှိန်လျော့ကာ အိပ်ထဲမှဖုန်းကိုထုတ်၍
ကိုင်လိုက်သည်။
"ဘစိုင်း...ပြော"
"......"
"ရောက်တော့မယ်"
"ကွေ့နားရောက်နေပြီ...ဆိုင်ကယ်မောင်းနေတုန်း"
ဖုန်းပြောရင်းအရှေ့ကို ကြည့်လိုက်တော့ ကားတစ်စီးဝင်
လာတာကို တွေ့သောကြောင့် ချက်ချင်း ဘရိတ် ညှစ်
လိုက်ကာ အကွေ့ဖြစ်သောကြောင့် မတိုက်မိသော်
လည်း စလစ်ဖြစ်သွားကာလဲသွားရသည်။
အဂ္ဂသည်လည်း ရှေ့တွင်ဆိုင်ကယ်တစ်စီး ဝင်လာ
သောကြောင့် အချိန်မီ ဘရိတ်အုပ်လိုက်သော်လည်း
ရှေ့တွင် ရုတ်တရက်လဲကျသွားသဖြင့် စိုးရိမ်
သွားရသည်။
"အဂ္ဂ ဘာဖြစ်တာလဲ"
အဂ္ဂ ဘရိတ်အုပ်လိုက်သံကြောင့် သတိုးတေဇ မေးလိုက်ရခြင်းဖြစ်သည်။
"အရှေ့မှာ ဆိုင်ကယ်တစ်စီးလဲကျသွားလို့ပါ၊ ကျွန်တော်
ဆင်းကြည့်လိုက်ဦးမယ်"
ကားအောက်သို့ဆင်းကာ ကြည့်လိုက်တော့ ဦးထုပ်အ
ဖြူ ဆောင်းထားသော မိန်းကလေးတစ်ယောက်...
"လိပ်ပြာ...လိပ်ပြာ...ဘာဖြစ်တာလဲ"
တစ်ဖက်မှ စိုင်းဇော်ကလည်း စိုးရိမ်ကာ ဖုန်းထဲမှအသံ
မကြားရမချင်းမေးနေ၏။
လိပ်ပြာလည်း ဆိုင်ကယ်ပိနေသောကြောင့်ချက်ချင်း
ပြန်မဖြေနိုင်ဘဲရှိသည်။
"ရရဲ့လား... ကျွန်တော်ဘာကူညီပေးရမလဲ"
"ဟို လိပ်ပြာကိုဆိုင်ကယ်လေး မ,ပေးပါလား ပိနေလို့ "
သူ့အားအကူအညီတောင်းလာသည့်အတွက်
ဆိုင်ကယ်အား မ,ပေးလိုက်သည်။
"ဟို ကျွန်တော့်ကားနဲ့မတိုက်မိပါဘူးနော်"
"သြော်...ဟုက်ကဲ့ မတိုက်မိပါဘူး"
"လိပ်ပြာ...လိပ်ပြာ"
တစ်ဖက်မှလည်းစိုင်းက မထူးမခြင်း ခေါ်နေသည့်အတွက်...
"ဟဲလို... စိုင်း လိပ်ပြာကွေ့နားမှာစလစ်ဖြစ်သွားလို့"
"ငါလာခဲ့မယ် စောင့်နေ ကြားလား"
"အင်း"
စိုင်းဇော်လည်း စိတ်ပူကာ ဆိုင်ကယ်နဲ့ချက်ချင်းပင်လိုက်လာခဲ့သည်။
အဂ္ဂ ကားပေါ်မှဆင်းသွားတာကြာနေသည့်အတွက် ကားပေါ်မှ သူလှမ်းကြည့်လိုက်စဉ် အဂ္ဂနှင့် ကွယ်နေသည့်အတွက် ရှေ့ကသူကိုမမြင်ရပေ။
"တီ တီ"
သခင်လေးကဟွန်းတီးနေပြီမို့ ကားဆီပြန်သွားကာ...
"သခင်လေး ဘာမှတော့ဖြစ်မသွားပါဘူး စလစ်ဖြစ်သွားရုံပါ "
"ဒါဆို သွားမယ်"
မိန်းကလေးကိုဒီအတိုင်း ထားခဲ့ရမှာအားနာပေမဲ့ အမိန့်
ပေးလာသည်မို့ အရှေ့ကိုပြန်သွားကာ...
"ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦးနော်"
မိန်းကလေးအား နှုတ်ဆက်ကာ ထွက်လာခဲ့သည်။
"အား နာလိုက်တာ ဟူး ကားထဲမှာထိုင်နေတာ ဟိုလူ့သူဌေးဖြစ်ရမယ် တော်တော် အကြင်နာတရားမရှိတဲ့လူ
ကရုဏာတရားမရှိတဲ့သူပဲ... လူမှုရေးခေါင်းပါးလိုက်တာ၊
နမို့ဆို ဟိုလူကကူညီမလို့ကို "
လိပ်ပြာ တစ်ယောက်တည်း ပွစိပွစိ ပြောနေသည်။
ကားထွက်သွားပြီးရှေ့ ဆင့် နောက်ဆင့်ဆိုသလို စိုင်း
ရောက်လာသည်။
"လိပ်ပြာ ဘယ်လိုဖြစ်ရတာလဲ...ဘယ်နားနာသွား
သေးလဲ...လမ်းလျှောက်လို့ရရဲ့လား...ပြပါဦး ဆိုင်ကယ်ရော"
လိပ်ပြာကိုယ်လုံးကို စုန်ချည်ဆန်ချည် ကြည့်နေသည်။
"ဖြည်းဖြည်း...တစ်ခုချင်းပြော ဆိုင်ကယ်ကတော့ ဘာ
မှမဖြစ်ဘူးနဲ့တူတယ်၊ ခြေထောက်က နည်းနည်းနာ
တယ် ထောက်လို့မရတော့ဘူ"
"ပြပါဦး ကြည့်ရအောင် ဒီနားလား... "
ခြေမျက်စိနားကို
လက်ဖြင့်ကိုင်ကာ မေးလိုက်ခြင်းဖြစ်သည်။
"အင်း အဲ့နား အား... နာတယ်"
"ခြေဆစ်လွှဲသွားတာပဲ...ဒီတိုင်းဆိုဆိုင်ကယ်မောင်း
လို့ရမှာမဟုက်ဘူး လက်ကိုရောထိသွားသေးလား
ပြ "
"တတောင်ဆစ် လည်းပွန်းသွားတာပဲ ဒီလိုလုပ် ငါ့
ဆိုင်ကယ်ကို တစ်နေရာမှာ အပ်ခဲ့မယ် လိပ်ပြာ
ဆိုင်ကယ်နဲ့ပဲသွားတာပေါ့"
လိပ်ပြာဆိုင်ကယ်ကို တန်ဖိုးထားမှန်းသိတော့ သူ့
ဆိုင်ကယ်ကို အပ်ခဲ့ခြင်းဖြစ်သည်။ဆိုင်ကယ်အပ်ပြီး
နောက် ဆေးခန်းသို့ဦးတည်လိုက်သည်။
°°°°°°°°°°
MYN အမည်ရှိ မရဏ ပိုင် Bar သို့ရောက်လျှင် VIP
အခန်းထဲသို့တန်းဝင်သွားသည်။ မရဏ လှမ်းဝင်သွားသည်နှင့် အနောက်မှ လည်ဟိုက် အနီရောင်လက်ပြက်
အကျီက ပေါင်အလယ်လောက်သာရှိသည့် ကျောထိ
ရှည်သောဆံပင်ကို အောက်အဖျားတွင်ကောက်ထား
ကာ ဖြန့်ချထားပြီး နှုတ်ခမ်းနီအနီကိုရဲရဲတောက်အောင်
ဆိုးထား၍ ၃ လက်မလောက်ရှိသည့် ဒေါက်မြင့်
ဖိနပ်ချွန်ချွန်ကိုစီးထားသဖြင့် တခွပ်ခွပ်ဖြင့် ဝင်လာသော မိန်းကလေး...။
ထိုသူမှာ ဤ Bar ၏ဘုရင်မ တစ်ပါးလည်းဖြစ် ဆိုင်
မန်နေဂျာလည်းဖြစ်သည့် မေဘယ်လ် ပင်။
ဆိုဖာ ပေါ်တွင်မျက်လုံးများ စုံမှိတ်ကာကျောမှီထား
လျက် ဆိုဖာရှေ့ စားပွဲပေါ်တွင် မေဘယ်လ်က တင်ပါးလွှဲထိုင်လိုက်ပြီး မရဏ ခန္ဓာကိုယ်ပေါ်သို့ လက်တစ်စုံ
ရောက်ရှိလာသည်။
မျက်လုံးများတစ်ပြိုင်တည်းပွင့်လာပြီး ကိုယ်ပေါ်မှ လက်တစ်စုံကို သူပုတ်ထုတ်လိုက်၏။
မရဏ (death)ဆိုသည်မှာ ဂုဏ်သိက္ခာမဲ့သူ အရှက်
အကြောက်တရားမရှိသူ၊ မိမိအရည်အချင်းမပါဘဲ သူ
တစ်ပါးကိုမှီခိုအားကိုးလိုစိတ်ရှိသူ၊ မိမိမှာပြည့်စုံပါလျက် သူ
တစ်ပါးကိုမှီခိုအားကိုးမှ အသက်ရှုဝသူ၊ ပေါပေါပဲပဲ
လွယ်လွယ်ရသူ၊ နောက်ပြီး မိန်းမတွေဟာ သူတို့ရဲ့
လက်နက်ဖြစ်တဲ့ မျက်ရည်ကိုလည်းအားကိုးတတ်ကြ
သေးတယ်၊ အဲ့မျက်ရည်တွေကကော မကုန်နိုင်တော့ဘူးလား ...။
ထိုသူတို့သည် သူအမုန်းဆုံး သူတွေပင်ဖြစ်သည်။ သူတို့သည် သူ့ကိုတွေ့သည်နှင့် ဒါငါတို့နဲ့မတန်တဲ့အရာပဲ
ဟု ရှောင်ထွက်သွားတတ်ကြ၏။ တစ်ချို့တွေလည်း
အနားမှာနေရရင်ကျေနပ်ပါပြီဟု ဆိုကာတွယ်ကပ်နေတတ်သေးသည်။ အဲ့လိုတွယ်ကပ်နေသူတို့ကိုလည်း အရှက်ရနာကျင်အောင်လုပ်တတ်သည်။
"Sorry... you စိတ်ညစ်နေမလားလို့ပါ၊ တို့ဘာကူညီ
ပေးရမလဲ ပြောလေ"
"အပြင်းစား အရက်လိုချင်တယ်"
"OK ရစေရမှာပေါ့"
အကောင်းစားအရက်နှင့် ရေခဲခွက်ကိုယူလာပြီး
ဖန်ခွက်ထဲသို့ငှဲ့ပေးကာ ရေခဲထည့်ပေးဖို့ လက်လှမ်း
လိုက်စဉ် သတိုးတေဇ ဒီအတိုင်းယူ၍ မော့သောက်လိုက်သည်။
မေဘယ်လ်လည်းဘေးနားမှာ ထိုင်ကာအမြည်းထည်းပေး
နေလိုက်သည်။
အဲ့မိန်းမတွေရဲ့အမူအကျင့် အပြုအမူတွေ အပြုံးတွေကို
လည်း သူသဘောပေါက်တယ်။ ဒါဟာ သူ့အပေါ် ယိမ်းယိုင်
နေတာပဲ၊ ဒါကိုအလိုလိုသိနေတာဟာ ယောက်ျားတွေရဲ့ မွေးရာပါ ဗီဇပင်ဖြစ်သည်။
ခေါင်းထဲမှ အရိပ်များဝိုးတဝါး ပေါ်လာသည့်အတွက်
အခန်းထဲမှ ဝုန်းခနဲထွက်လာလိုက်ပြီး အဂ္ဂလက်ထဲမှ
ကားသော့ယူကာ ကိုယ်တိုင်မောင်းထွက်သွားသည်။
အဂ္ဂ လည်း ရုတ်တရက် ဘာလုပ်ရမှန်းမသိကာ Bar မှ
ကားတစ်စီးကိုယူကာ အနောက်မှ လိုက်သွားလိုက်သည်။
ဦးတည်ရာမဲ့ ရောက်တတ်ရာရာမောင်းနှင်လာပေမဲ့
သွားနေတာက တစ်နေရာတည်းသာ။ ကားလေးထိုးရပ်
သွားချိန် ဝေ့ကြည့်လိုက်တော့ ငယ်စဉ်ကမိသားစုနဲ့
အတူနေခဲ့တဲ့ မြို့အလွန်က "တေဇ" စံအိမ်သို့ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။
သိစိတ်က မုန်းတီးကာ မေ့ထားသော်လည်း မသိစိတ်က
ဘယ်လောက်တောင်များ တမ်းတနေလဲမသိ အသိ
တစ်ချက်လွတ်တာနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်
လာခဲ့သည်။
"တေဇ"စံအိမ်ဆိုတဲ့ ဆိုင်းဘုတ်ဟာ အောက်သို့ပြုတ်
ကျကာ ဟောင်းနွမ်းနေတာကလွဲလို့ သူငယ်ငယ်က
နေခဲ့တဲ့ အိမ်ဟာ ခြောက်ကပ်နေတာကလွဲလို့ မြူတမှုန်
မျှ ပြောင်းလဲသွားခြင်းမရှိပါ။ ခြံတံခါးကိုတွန်းဖွင့်ကာ
ယိုင်နဲ့နေသောခြေထောက်ကို အားထည့်ကာဝင်လာခဲ့သည်။
အိမ်ထဲသို့လှမ်းဝင်ခြင်း အံ့သြရသည်မှာ ၁၀ နှစ်ကျော်
လောက်ကြာပြီဖြစ်သော်လည်း ဘယ်နေရာမှာ
မီးခလုတ် ရှိသည်ကအစ ဒီမှတ်ညဏ်က အလွတ်မှတ်မိနေခဲ့တာပင်။
မီးခလုတ်ကို ဖွင့်လိုက်သည်နှင့် ပြေးလွှားဆော့ကစားနေတဲ့ ကလေးတစ်ယောက်ကို သူ့မိခင်မှ ချော့မော့ကာ
ထမင်းလိုက်ခွံကျွေးနေသည့်ပုံရိပ်တွေ...။
"သားချစ် ဖေကြီး ကလေးကိုပြောပါဦး... ထမင်းကောင်းကောင်းစားအောင် "
" ကလေးပဲ မေကြီးရဲ့၊ ဆော့ပါစေ ငါ့သားကဖေအေတူသားမို့
လိမ်မာပြီးသားပါ၊ ဟုတ်တယ်မလား သားလေး "
" ကျွန်မနဲ့တူရင်တော့ မလိမ်မာဘူးပေါ့ ဟုတ်လား ရှင်နော် "
" မဟုတ်ပါဘူး မိန်းမရာ... "
မျက်လုံးထဲတွင်ပုံရိပ်များ တဖြည်းဖြည်း
ပေါ်လာနေသည်။
သူ့မျက်နှာတွင် အပြုံးလေးတစ်ပွင့်ဖြစ်သွား၏။
သေချာပါတယ် ဒီအပြုံးဟာ ခါတိုင်းလို ခတ်ထန်မာ
ကျောသော အလိုမကျမှုများပါနေသောအပြုံးမဟုတ်၊
တခဏတာပါပဲ လူပုံရိပ်များပျောက်ကွယ်သွားသည်နှင့်
မျက်နှာပေါ်မှ အပြုံးလည်း လွှင့်စင်သွားတော့သည်။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°♥♥•°
အပိုင်း(၆) ဆက်ရန် >>>
#Ruby Linn