💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
--------------------
အခန်းတံခါးကိုသေချာပိတ်ပြီးမှ ကြီးမြကလိပ်ပြာကိုအကြောင်းစုံရှင်းပြပါသည်။
"အဲ့အခန်းက သခင်ကြီးနဲ့သခင်မကြီးဒေါ်စန္ဒီထိပ်ထားတို့ရှိစဉ်အခါက နေခဲ့တဲ့အခန်းပေါ့၊ သခင်မကြီးတို့မရှိတည်းက အဲ့အခန်းကိုပိတ်လိုက်တာအခုချိန်ထိပဲ"
"ဒေါ်စန္ဒီထိပ်ထားက ဘယ်လိုသေသွားတာလဲဟင် "
"တခြားယောက်ျားလေးတစ်ယောက်နဲ့ထွက်ပြေးရင်း လမ်းမှာကားတိုက်ပြီးပဲဆုံးတာလား ကိုယ့်ဘာသာသေကြောင်းကြံတာပဲလားဆိုတာ ဘယ်သူမှတိတိကျကျမသိကြဘူး..."
"သြော် ဒါ့ကြောင့် ကိုကသူ့မိဘတွေကိုမုန်းနေတာကို"
"ဟုတ်တယ် ဒါပေမဲ့သခင်မလေးကိုတော့ချစ်ရှာပါတယ် "
"ချစ်တယ် ဟုတ်လို့လားကြီးမြရယ် "
"သိပ်ဟုတ်တာပေါ့ ဟိုနေ့ညတုန်းက သခင်လေးသခင်မလေးအခန်းထဲကထွက်လာတာကြီးမြတွေ့လိုက်တယ် "
"ဟင် သေချာလို့လား "
"သေချာတာပေါ့ ကြီးမြရေထသောက်ရင်းနဲ့တွေ့တာ သခင်လေးမျက်နာသိပ်မကောင်းဘူး "
ဒါဆိုသူလိပ်ပြာကိုလာကြည့်တယ်ပေါ့ သူလိပ်ပြာကိုသတိရသေးတယ်ပေါ့၊ လိပ်ပြာပျော်လိုက်တာ လိပ်ပြာနှုတ်ခမ်းများတွန့်ကွေးသွားသည်အထိ နှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။
📲"You just want attention...."📲
" ဟဲလို "
" လိပ်ပြာလား "
"ဟုတ်ကဲ့ လိပ်ပြာပြောနေပါတယ် "
"ကိုယ်အကူအညီတစ်ခုလောက်တောင်းချင်လို့"
"ကိုမင်းဒင်မလား ဟုတ်ကဲ့ပြောပါ "
"ကိုယ်ပစ္စည်းတစ်ခုမှာထားတာရပြီလို့ပြောတယ် ကိုယ်ကအခုအဝေးရောက်နေလို့သွားယူနိုင်မှာမဟုတ်ဘူး၊ စိတ်ချယုံကြည်ရတဲ့လူဆိုလို့ လိပ်ပြာပဲရှိတော့ကိုယ့်ကိုကူညီပါလား "
"ဟို မိုးလည်းချုပ်နေပြီဆိုတော့လေ "
"ကိုယ့်မှာလည်းယုံကြည်ရတဲ့သူကသိပ်မရှိတော့ "
"ပစ္စည်းသွားယူရမဲ့နေရာကဝေးလားမသိဘူး "
"သိပ်မဝေးပါဘူး(.....) မှာပါ "
"ဒါဆိုလည်း လိပ်ပြာသွားယူပေးပါ့မယ် "
"ကျေးဇူးပါပဲ ကိုယ်ပြန်ရောက်မှလာယူမယ်နော်"
" ရပါတယ် "
အပြင်မှာလဲမှောင်နေပြီ လိပ်ပြာကိုလိုက်ပို့ပေးမဲ့သူကလည်းမရှိ အကူအညီလည်းမတောင်းချင်တာနဲ့ လမ်းရောက်မှတွေ့တဲ့ကားကို ငှားးစီးသွားရ န်ပိုက်ဆံအိတ်
နဲ့ဖုန်းကိုယူပြီးထွက်လာခဲ့သည်။
Taxi သမားကို အိမ်ရှေ့တွင်စောင့်ခိုင်းထားပြီး လိပ်ပြာအိတ်အမဲနဲ့ပါဆယ်ထုပ်ကိုယူပြီးထွက်လာစဉ် ဘယ်ကမှန်းမသိတဲ့မျက်နှာဖုံးစွပ်နဲ့ လူသုံးလေးယောက်ရဲ့ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံလိုက်ရသည်။ လိပ်ပြာအော်လို့မရအောင် ပါးစပ်ကိုလည်း လက်ဝါးဖြင့်ပိတ်ထားသေးသည်။ လိပ်ပြာရုန်းကန်နေပေမဲ့ ယောက်ျားအားနဲ့မိန်းမအား မမျှသောကြောင့် သူတို့ကားဆီဆွဲခေါ်လာခြင်းကို
ခံလိုက်ရတော့၏။ ကားထဲရောက်မှ လိပ်ပြာကိုလွှတ်ပေးလိုက်ပြီး မောင်းထွက်သွားသည်။
"ကယ်ကြပါဦး ရှင်တို့ဘယ်သူတွေလဲလိပ်ပြာဆီကဘာလိုချင်လို့လဲ "
" ငြိမ်ငြိမ်နေစမ်း "
"လွှတ်ပေးပါ တောင်းပန်ပါတယ် ရှင်တို့လိုချင်တာလိပ်ပြာဆီမှာရှိမှာမဟုတ်ပါဘူး "
" အား..."
ကားတံခါးကိုလှမ်းနေတဲ့လိပ်ပြာလက်ကို မျက်နှာဖုံးစွပ်နဲ့လူက ခပ်ကြမ်းကြမ်းဖမ်းချုပ်ထားလိုက်သည်။
" ကျွီ "
ကားကရုတ်တရက်ထိုးရပ်သွားသောကြောင့်
လိပ်ပြာခန္ဓာကိုယ်လေး အရှေ့သို့ယိုင်သွားရသည်။
လိပ်ပြာကားရှေ့ကိုကြည့်လိုက်တော့ အရှေ့ မှာပိတ်ရပ်ထားတဲ့ကားက ကို့ရဲ့ကားဖြစ်နေသည်။
" ကို "
လို့ လိပ်ပြာအားကိုးတကြီးခေါ်လိုက်မိသည်။
"မင်းတို့သတ္တိရှိရင်ဆင်းလာခဲ့စမ်း "
ထို့နောက် မျက်နှာဖုံးစွပ်နဲ့လူတစ်ယောက်က
တုတ်တစ်ချောင်းကိုင်ကာဆင်းလာသည်။
"မင်းတို့ခေါ်လာတဲ့သူကိုထားခဲ့ရင်အေးဆေးပြန်လို့ရမယ် ဒါမှမဟုတ်ရင် အကောင်းပကတိအတိုင်းပြန်နိုင်မှာမဟုတ်ဘူးနော် "
"Sorry ပဲခင်ဗျားက ကျုပ်အလုပ်ရှင်မဟုတ်လို့ မနာခံနိုင်တာ "
"သခင်လေးကျွန်တော့်တာဝန်ထားလိုက် "
ထိုလူခဏအတွင်း အဂ္ဂလက်ချက်ဖြင့်မြေကြီးပေါ်လဲသွားသည်။ ကားထဲမှမျက်နှာဖုံးစွပ်နဲ့လူများ အဂ္ဂကိုသမရန်ဆင်းလာကြပေမဲ့ အဂ္ဂရဲ့ လက်ရည်ကို
မယှဉ်နိုင်သဖြင့် အလဲလဲအကွဲကွဲဖြစ်ကုန်ရသည်။
လိပ်ပြာလက်ကိုချုပ်နှောင်ထားတဲ့လူရဲ့ လက်ကိုကိုက်လိုက်ပြီး ကားပေါ်မှဆင်းပြေးလာခဲ့သည်။
" ကို "
" လိပ်ပြာ ဘာမှမဖြစ်ဘူးမလား "
" အင်း "
ချက်ချင်းဆိုသလို ကားနှစ်စီးထပ်ရောက်လာပြီး သူတို့ရှိရာလက်နက်မျိုးစုံကိုင်ပြီး လူအင်အား
တောင့်တင်းစွာဦးတည်လာသည်။
" ကို "
"ဘာမှမဖြစ်ဘူး ကိုယ်ရှိတယ် "
လူအင်အားများလာသည့်အတွက် သူမကိုလက်တစ်ဖက်ဖြင့် ကာကွယ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့်သာတိုက်ခိုက်နေရသည်။ ထိုအချိန်...
"သခင်လေး !!! "
" ဒိုင်း "
" ကို !!! "
အဂ္ဂလှမ်းတားလိုက်ပေမဲ့မမီလိုက် ကားပေါ်မှ သေနတ်သမားလက်ချက်ဖြင့် ကျည်ဆန်က ကားမှန်ကိုဖောက်ဝင်သွားပြီး သတိုးတေဇရဲ့ဗိုက်ကိုထိမှန်သွားသည်။
"သခင်းလေး ရရဲ့လား "
"အ ရတယ် လိပ်ပြာကိုဘာမှမဖြစ်စေနဲ့ "
" ကို ကို "
"ကိုယ်ဘာမှမဖြစ်ဘူး "
"သခင်းလေးကျွန်တော်နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ် "
"ဗညား သခင်းလေးကိုခေါ်သွားတော့ ငါဒီမှာကြည့်လုပ်လိုက်မယ် "
" အေး "
"ကို ဆေးရုံသွားရအောင် သွေးတွေအများကြီးထွက်နေပြီ "
လိပ်ပြာပါးပြင်ပေါ်မျက်ရည်များက စိုစွတ်လာသည်။
"မငိုပါနဲ့ ခဏပဲ ဗညားစံအိမ်ကိုပဲမောင်း "
"ဟင့်အင်း ကိုဗညားဆေးရုံကိုပဲမောင်းပါ "
"လိပ်ပြာကိုယ်ဘာမှမဖြစ်ဘူးနော် ဗညားငါပြောသလိုပဲလုပ် "
" ဟုတ်ကဲ့ "
°°°°°°°
မရဏစံအိမ် 🕍
"ကြီးမြ doctor ခေါ်ထားလား "
"ကြီးမြခေါ်ထားတယ် မကြာခင်ရောက်လာလိမ့်မယ်"
" ဆေးရုံပဲသွားပါမယ်ဆို "
ကို့ကိုခုတင်ပေါ်တင်ပေးလိုက်သည်အထိ လိပ်ပြာကတုန်ကယင်ဖြစ်နေသည်။ ဒီလောက်သွေးတွေအများကြီးကိုလိပ်ပြာတစ်ခါမှမမြင်ဖူး...။
"Doctor ကြည့်ပေးပါဦး သခင်လေးသေနတ်မှန်ထားတယ် "
"ဒီအခန်းထဲကထွက်ပေးကြပါ အတတ်နိုင်ဆုံးကုပေးပါ့မယ် စိတ်ချပါ "
" ဟင့်အင်း လိပ်ပြာနေခဲ့ချင်တယ် "
"သခင်မလေး doctor ပြောတာနားထောင်လိုက်ပါလာ လာပါ "
ကိုဗညားက လိပ်ပြာကိုအခန်းပြင်သို့ဆွဲခေါ်ထုတ်သွားသည်။ သတိုးတေဇက စံအိမ်ရောက်မှ သတိလစ်သွား၏။
"ကြာလိုက်တာ ဆေးရုံကိုပဲခေါ်သွားရင်မကောင်းဘူးလား "
"သခင်မလေးစိတ်ပူနေမှန်းသိပါတယ် doctor ကိုယုံကြည်ပေးလိုက်ပါ "
အခန်းပြင်မှာစောင့်နေရင်း လိပ်ပြာတတ်သလောက်မှတ်သလောက်ဘုရားစာကိုရွတ်ဖတ်နေသည်။
နာရီပေါင်းများစွာကြာပြီးနောက် doctor က
ထွက်လာသည်။
"သွေးလိုနေတယ် သွေးသွင်းမှရမယ် AB သွေး "
"AB သွေး ပြဿနာပဲ လိပ်ပြာက A သွေး "
"ကျွန်တော်က AB သွေးပါ "
"ကောင်းပြီ ဝင်ခဲ့ "
"ဘုရား ဘုရား ကိုဘာမှမဖြစ်ပါစေနဲ့ "
" ချလပ် "
ဆို တံခါးပွင့်လာပြီး ကိုဗညားကထွက်လာသည်။
"ကို ကိုဘယ်လိုနေသေးလဲဟင် "
"သက်သာသွားပါပြီ သတိတော့မေ့နေတုန်းပဲ "
" ဟူး "
လိပ်ပြာအခုမှသက်ပြင်းချမိတော့သည်။
"လိပ်ပြာ လိပ်ပြာဝင်သွားလို့ရပြီလားဟင် "
"ဝင်သွားလို့ရပါပြီ "
လိပ်ပြာအခန်းထဲကိုဝင်သွားတော့ ကို့မျက်နှာကသွေးမရှိတဲ့အတိုင်း ဖြူဖပ်ဖြူလျော်ဖြစ်နေသည်။
"လိပ်ပြာတောင်းပန်ပါတယ် လိပ်ပြာကို့စကားနားထောင်ခဲ့ရမှာ အခုတော့လိပ်ပြာကြောင့် ဟင့် ဟင့်"
လိပ်ပြာငိုကြွေးနေပေမဲ့ ကိုကတော့ခုတင်ပေါ်မှာဘာမှမသိဘဲလှဲနေသည်။ ကို့ရဲ့ လက်ကိုဆွဲယူလိုက်ပြီး လိပ်ပြာရဲ့ ပါးမှာကပ်ထားလိုက်သည်။
"သခင်မလေးတစ်ခုခုစားလိုက်ပါလား အဆာလွန်နေဦးမယ် "
"ရပါတယ် လိပ်ပြာမဆာလို့ပါ "
"စားလိုက်ပါ သခင်မလေးအားရှိမှဖြစ်မှာပေါ့ "
"ဒါဆိုလိပ်ပြာအခန်းထဲမှာပဲစားမယ် "
"အင်း ကြီးမြယူလာခဲ့ပေးမယ်နော် "
" ဟုတ်ကဲ့ "
°°°°°°°°°
"သမီး...သားဒဏ်ရာရလို့ဆို အန်ကယ်အခုမှသိလို့ပြန်လာခဲ့တာ "
"ဟုတ်ကဲ့ အခုတော့သက်သာသွားပါပြီ သတိတော့မရသေးဘူး "
"တော်သေးတာပေါ့ ဘယ်လိုဖြစ်တာလဲ "
"လိပ်ပြာကိုကူညီရင်းနဲ့ဖြစ်ရတာပါ "
"အေးကွယ် အန်ကယ်လည်းသိသိချင်းတုန်းကတအားစိတ်ပူသွားတာ သမီးနားချင်ရင်နားလိုက်လေ အန်ကယ်စောင့်နေလိုက်မယ် "
"ရပါတယ် အန်ကယ်နားလိုက်ပါ လိပ်ပြာဆက်စောင့်နေလိုက်ပါ့မယ် "
" အေး အေး သမီးလည်းနားဦး "
" ဟုတ်ကဲ့ "
°°°°°°°°°
"မင်းတို့လုပ်လိုက်ရင်တလွဲချည်းပဲ ပြောလိုက်တိုင်း ဘာလို့ဖြစ်အောင်လုပ်မလာတာလဲ ငါတို့လူတစ်ယောက်မိထားတယ်ဆိုတော့ သူကဖော်ကောင်လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ "
"တောင်းပန်ပါတယ်သူဋ္ဌေး ကျွန်တော်တို့လည်းလူအင်အားသုံးတာပဲ ဒါပေမဲ့ "
" ခွပ် "
ထိုလူရဲ့ မျက်နှာကို သူလက်သီးတစ်ချက်ပင့်ထိုးလိုက်သည်။
"သွားတော့ အသုံးမကျတဲ့ကောင်တွေ "
°°°°°°°°
ကို သတိလစ်နေတာ ၂၄ နာရီရှိပြီ။ ဒီကြားထဲလိပ်ပြာတစ်စက်ကလေးမှအိပ်လို့မရ၊ ကိုမြန်မြန်နိုးလာပါတော့ လိပ်ပြာစိတ်ပူလှပြီ။
ထိုအချိန် သူ့ရဲ့ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်တော့ သူ့ကိုစိုးရိမ်တကြီးနဲ့ကြည့်နေတဲ့ သူမလေးကိုတွေ့လိုက်ရသည်။
"ကို ကိုသတိရလာပြီ ဝမ်းသာလိုက်တာ "
" အင့် "
သူ့ခန္ဓာကိုယ်ကို အရှိန်ဖြင့်လာဖက်သောသူမကြောင့် အင့်ခနဲအော်လိုက်မိပေမဲ့ အံကြိတ်ကာ သူလည်းသူမကို ပြန်ဖက်ထားလိုက်သည်။
"အာ ကို sorry နော် လိပ်ပြာဝမ်းသာသွားလို့ပါ ကိုဘယ်လိုနေသေးလဲဟင် သက်သာရဲ့လား "
"အင်း နည်းနည်းတော့နာသေးတယ် ဒါပေမဲ့
ဘာမှမဖြစ်ပါဘူးဒီလောက်ကတော့ "
"ဒါဆို လိပ်ပြာ doctor ကိုဖုန်းသွားဆက်လိုက်ဦးမယ်"
" မခေါ်..."
သူပြောတာကိုနားမထောင်တော့ဘဲ သူမကအခန်းထဲမှထွက်သွားသည်။
"ကို လိပ်ပြာ doctor ကိုဖုန်းဆက်ပြီးပြီ တစ်အောင့်ကြာရင်လာလိမ့်မယ် "
"ကိုယ့်အနားမှာပဲနေပါ တခြားသူကိုခိုင်းလို့ရတာပဲ"
"အင်းပါ ကိုရယ် "
အချိုသာဆုံးပြုံးလျက် ချစ်သူ့ချစ်မျက်ဝန်းတွေကို စိုက်ငေးကြည့်လျက် လက်ဖဝါးချင်း အုပ်ကိုင်ထားကြ၏။
°°°°°°°
"သခင်းလေး သတိရလာပြီလား "
"အခြေအနေ "
"မေးနေတုန်းပါ ခေါင်းကြောမာပြီးမဖြေသေးဘူး ဘယ်လောက်မာနိုင်မှာလဲ ဗညားနဲ့တွေ့ရင်ပျော့သွားစေရမယ် အဟက် "
" သြော် doctor လာ "
"သခင်လေး သတိရတာမြန်သားပဲ နှစ်ရက်လောက်ကြာမယ်ထင်တာ "
"ဒဏ်ရာကိုရေစိုလို့မရပါဘူး မဟုတ်ရင် အနာကျက်နှေးပြီးပိုဆိုးလာလိမ့်မယ် ဆေးပေးထားခဲ့ပါမယ် ဒီကြားထဲသွေးထွက်တာပဲဖြစ်ဖြစ် ချုပ်ရိုးပြေတာပဲဖြစ်ဖြစ် အချိန်မရွေးလှမ်းခေါ်လိုက်ပါ၊ ၁ ပတ် ၂ ပတ်လောက်နားစေချင်တယ် "
" ဟုတ်ကဲ့ "
"ဒါဆိုခွင့်ပြုပါဦး "
"ဗညားပြန်လိုက်ပို့ပေးလိုက် "
သူပြောပြီး အနားရှိသည့် လိပ်ပြာအား တစ်ချက်ကြည့်လျက်...
"ဒီနားလာပါဦး "
ကိုကလိပ်ပြာကို သူ့နားလာရန်ခေါ်နေသောကြောင့် လိပ်ပြာခုတင်ပေါ်တင်ပါးလွှဲထိုင်လိုက်သည်။
"ကဲ ဆူရဦးမယ် ကိုယ့်အကြောင်းကိုသိတယ်မလား"
"ဟင် ဟင့်အင်း "
" ဘာမသိတာလဲ "
"သိပါတယ် လိပ်ပြာတောင်းပန်ပါတယ်ကို့စကားနားထောင်ခဲ့ရမှာ "
"ပြော အဲ့ကိုဘာသွားလုပ်တာလဲ တော်သေးတာပေါ့ ကြီးမြကိုယ့်ကိုဖုန်းဆက်ပြောလို့ "
" ဟုတ်လား လိပ်ပြာကို ကိုမင်းဒင်အကူအညီတောင်းလို့ပါ "
" မင်းဒင် "
"ဟုတ်တယ် "
"သြော် ဒါနဲ့ပါဆယ်ထုပ်တောင် ဘယ်နားကျကျန်ခဲ့ပြီလဲမသိဘူး "
"ဒါဆိုဒီကိစ္စ မင်းဒင်နဲ့တစ်နည်းမဟုတ် တစ်နည်းပတ်သက်နေရမယ် "
"သေချာလို့လား "
"အင်း သူ့ဆီကဆက်သွယ်လာရင် ကိုယ့်ကို
အရင်ပြော ကြားလား "
" ဟုတ်ကဲ့ "
"ပြောလိုက်ရင်လေ မျက်နှာလေးက "
"အဲဒါကို့အပြစ်လဲပါတယ်သိလား "
" ကိုယ့်အပြစ် "
"ကိုလိပ်ပြာကိုပစ်ထားတာ ကိုအခုမှလာပြီး စိတ်ပူချင်ယောင်ဆောင်နေတယ် "
"ကိုယ်တောင်းပန်ပါတယ် ကိုယ့်အမှားတွေပါ ကိုယ့်ကိုခွင့်လွှတ်ပါလို့မတောင်းဆိုတော့ပါဘူး "
"လိပ်ပြာကလည်းခွင့်မလွှတ်ပါဘူး "
" လိပ်ပြာ "
" လိပ်ပြာလို့..."
"ဟွန်း သူကျတော့ လိပ်ပြာကိုအကြာကြီးပစ်ထားပြီးတော့ လိပ်ပြာကျတော့စိတ်ကောက်လို့တောင်မရဘူးပေါ့ ဟုတ်လား "
"ဒါလား စိတ်ကောက်တဲ့ပုံစံကပြပါဦး ကြည့်ရအောင် "
"မကြည့်နဲ့ မခေါ်ဘူး "
"ဟား...ဟား...ဟား "
" မရီနဲ့နော် "
" ဟား..ဟား...ဟား "
" အား..."
"ဘာဖြစ်တာလဲ "
"ဗိုက် ဗိုက် နာလိုက်တာ "
"နာမှာပေါ့ ရီလေ ရီဦးလေ ဟွန်း "
"ကိုဗိုက်ဆာနေမှာပေါ့ တစ်ခုခုစားဖို့သွားပြင်လိုက်ဦးမယ် ခဏစောင့် "
" လိပ်ပြာ "
" ရှင် "
"ကိုယ်စားချင်တာတစ်ကယ်ကျွေးမှာလား "
"အင်း ကိုကဘာစားချင်လို့လဲ "
" လိပ်ပြာကို "
" ဘယ်လို "
"လာဦး ဒီနားတိုး "
"ဟင့်အင်း လိပ်ပြာသိနေတယ်နော် "
" ဟာ ဒီကောင်မလေး "
သူတစ်ခုခုလုပ်မှာကို ကြောက်ပြီးထွက်ပြေးသွားသော သူ့ရဲ့မိန်းမလေးကိုကြည့်ပြီး အသည်းတွေယားနေမိသည်။
"ကို အစာလည်းစားပြီးပြီ ဆေးလည်းသောက်ပြီးပြီဆိုတော့ အိပ်တော့နော် မအိပ်ချင်သးရင်လည်းလှဲနေလို့ရတယ် "
"လိပ်ပြာဘာလုပ်မလို့လဲ "
"လိပ်ပြာလား ဘာမှမလုပ်ပါဘူး ကိုသက်သောင့်သက်သာရှိအောင်ပြောပြတာပါ "
"ကိုယ်တစ်ယောက်ထဲအိပ်ရမှာလား "
" ဘာဖြစ်လို့လဲ "
"လိပ်ပြာပါကိုယ်နဲ့အတူလာအိပ်လေ လာ "
"လိပ်ပြာမအိပ်ချင်သေးလို့ ကိုတစ်ယောက်ထဲအိပ်နော် လိပ်ပြာဘယ်မှမသွားဘူး ထိုင်စောင့်နေပေးမယ် "
"မရဘူး လာဆို ကိုယ်ထလာရမလား "
ကိုကထလာဖို့ဟန်ပြင်နေတာမို့ လိပ်ပြာကို့ဘေးနားသွားကာလှဲလိုက်သည်။
"အား မွှေးလိုက်တာ "
" ဟင် "
"လိပ်ပြာရဲ့ ကိုယ်သင်းနံ့လေ "
" ဟုတ်လား "
လိပ်ပြာပခုံးသားကို ဖျတ်ခနဲနမ်းလိုက်သောကြောင့် လိပ်ပြာတွန့်သွားရသည်။ နောက်ကိုက လိပ်ပြာရဲ့လည်ပင်းမှာကပ်နေတဲ့ဆံပင်တွေကိုဖယ်လိုက်ပြီး ကို့ရဲ့ နှုတ်ခမ်းနွေးနွေးဖြင့် နမ်းလိုက်ချိန် လိပ်ပြာခန္ဓာကိုယ်လေးကော့တက်သွားရသည်။
သူပြုသမျှကို အရုပ်လေးတစ်ရုပ်လို မလှုပ်မယှက်ငြိမ်ခံနေတဲ့ သူမပုံစံလေးကိုကြည့်ပြီး သူပြုံးလိုက်မိသည်။ သူ့ဆန္ဒတွေကို သိမ်းထားလိုက်ပြီး သူ့ရင်ခွင်ထဲသို့ သူမခန္ဓာကိုယ်လေးကိုဆွဲယူလိုက်ပြီး ဖက်ထားလိုက်သည်။
လိပ်ပြာခါးကိုတင်းကျပ်စွာ ဖက်ထားသောကြောင့် လိပ်ပြာမှာအသက်ရှူကျပ်လာရသည်။ လိပ်ပြာလှုပ်လိုက်ရင်လည်း ကိုနိုးသွားလေမလားဟု စိုးရိမ်စိတ်
ဖြင့်မလှုပ်ရဲ၊ ကိုအိပ်ပျော်သွားတာ သေချာတော့မှ လိပ်ပြာခါးပေါ်မှကို့လက်ကိုအသာအယာဖယ်ပြီး ခုတင်အောက်သို့ဖြည်းညှင်းစွာဆင်းကာ အိပ်ပျော်
နေတဲ့ကို့ကိုကြည့်လိုက်သည်။
ကိုအိပ်ပျော်နေတဲ့ပုံစံက ကလေးတစ်ယောက်လိုပင် ကိုအိပ်နေတာပဲကောင်းပါတယ် မဟုတ်ရင် ကို့ဆီက
ခနဲ့တဲ့တဲ့စကားသံတွေ ရက်စက်တဲ့အကြည့်တွေ မဲ့ပြုံးတွေကိုမြင်နေရဦးမှာ...၊ ဒါပေမဲ့ ကိုအကြာကြီးလဲ အိပ်ပျော်မနေပါနဲ့၊ ကိုအကြာကြီးအိပ်ပျော်နေတာကို လိပ်ပြာကြည့်ပြီးမခံစားနိုင်လို့ပါ...။
°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°♥•°
အပိုင်း(၅၀) ဆက်ရန် >>>
#Ruby Linn