💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
-------------------
"အားလားရှင့် "
" ဗျာ "
" မယ်ပါလား ဒီကိုဘယ်လိုလုပ် "
"ကော်ဖီလာဝယ်တာလေ ဒါနဲ့စိုင်းကအလုပ်ရှုပ်နေတာလား အရှုပ်တွေရှင်းနေတာလား "
"ဗျာ ဘာကိုဆိုလိုတာလဲမသိဘူး "
"တချို့လူတွေက ကိုယ်ခံစားနေရတဲ့ဝေဒနာတွေကိုပျောက်စေချင်ရင်ပဲဖြစ်ဖြစ် ဖုံးဖိချင်တာပဲဖြစ်ဖြစ် အလုပ်တွေကိုပဲဖိလုပ်တတ်ကြတယ်လေ "
"သြော် ကျွန်တော့်ကိုခံစားနေရတဲ့ဝေဒနာတွေပျောက်အောင် အလုပ်တွေဖိလုပ်နေတယ်လို့ပြောချင်တာလား "
"မယ်ပြောတာ တချို့လူတွေကိုပြောတာပါနော်"
"ဟုတ်ပါပြီဗျာ ဒါနဲ့ကော်ဖီလာဝယ်တယ်ဆိုတာ တကယ်ပြောတာလား "
"ဟုတ်တယ် ရန်ကုန်ကိုလက်ဆောင်အနေနဲ့ယူသွားမလို့လေ "
" လက်ဆောင် "
ဆိုပြီး မယ့်စကားကိုစိုင်းကသံယောင်လိုက်ဆိုသည်။
"မယ်မနက်ဖြန်ပြန်တော့မှာ ဒီနားလာရင်းနဲ့
စိုင်းကိုဝင်နှုတ်ဆက်တာ "
"ခဏလေးလိုပဲနော် ရေစက်ရှိသေးရင်ကံမကုန်သေးရင် ပြန်တွေ့ဦးမှာပါ "
"မယ်ကတော့ ရေစက်ဆိုတာလူကလုပ်တယ်လို့ပဲယူဆတယ် "
"ကိုယ်ယူဆတဲ့အရာတိုင်းဟာ ကိုယ့်အတွက်အမှန်တရားပါပဲ "
"တချို့လူတွေကလေ အဝေးမှာရှိတဲ့လူကိုကျမြင်ပြီး ရှေ့မှာရပ်နေတဲ့သူကျ မမြင်ကြဘူးဘယ်လောက်ဆိုးလဲ "
"ဟုတ်ပါ့ဗျာ အနီးမှုန်နေလို့ပဲနေမှာ ဒါနဲ့လိပ်ပြာရောသိပြီးပြီလား "
အနီးမှုန်တဲ့လားစိုင်းရယ်၊ မယ်ဘယ်လိုပြောမှသိမှာလဲဟင်...။
"အင်း လိပ်ပြာကိုတော့ မယ်ပြန်မဲ့အကြောင်းပြောပြီးသွားပြီ လူချင်းတော့မတွေ့ရသေးဘူး "
"ဒါဆိုကျွန်တော်ကော်ဖီမှုန့်တွေရော အသင့်ဖျော်ကော်ဖီထုပ်တွေပါ လက်ဆောင်ထည့်ပေးလိုက်မယ် မငြင်းနဲ့နော် "
"မငြင်းပါဘူး ကျေးဇူးတင်မလို့ပါ "
°°°°°°°°°°
ရှည်လျားတဲ့ညတာတွေကို လိပ်ပြာတစ်ယောက်ထဲဖြတ်သန်းလာခဲ့ပြီးပြီပဲ ဒီနေ့မှဘာလို့လိပ်ပြာစိတ်ထဲတစ်မျိုးခံစားနေရတာပါလိမ့်...သူ့ကိုသတိရတယ်
တွေ့ချင်နေတယ် သူရောလိပ်ပြာကိုသတိရရဲ့လား တစ်ယောက်နဲ့တစ်ယောက်ပိုင်ဆိုင်ခွင့်ရှိပေမဲ့ ငေးကြည့်ခွင့်တောင်မရပါဘူး....ဒါလိပ်ပြာဖန်တီးယူခဲ့တာမှမဟုတ်တာ နေရာတကာကံတရားပဲလို့လဲ
ခေါင်းစဉ်မတပ်ချင်ပါဘူး...။
မီးအလင်းရောင်ကိုလျော့လိုက်ပြီး လိပ်ပြာအိပ်ပျော်ရန်ကြိုးစားလိုက်သည်။ မိနစ်ပေါင်းများစွာကြာအောင် အိပ်ရာပေါ်တွင်လူးလှိမ့်ပြီးမှ အိပ်ပျော်သွားသည်။
ထိုအချိန် အခန်းတံခါးကိုအသာအယာဖွင့်ကာဝင်လာတဲ့သတိုးတေဇ။ မီအလင်းရောင်ဖျော့ဖျော့ရဲ့ ဘေးမှာ ဘေးတစောင်းအနေအထားဖြင့် အိပ်နေသောသူမဆီသို့ ခြေဖွဖွနင်းကာ လျှောက်သွားသည်။ မီးအလင်းရောင်မှိန်မှိန်ရဲ့ အောက်မှာတောင် ဝင်းမွတ်နေတဲ့သူမအသားအရေကြောင့် သူမမျက်နှာက ထင်းနေအောင်ပေါ်နေ၏။
ဒီနေ့ သူ့ကြောင့်သူမစိတ်ဆင်းရဲရမယ်ဝမ်းနည်းသွားရမယ်ဆိုတာသိပါတယ်...။ သူမ,မနိုးအောင်သတိထားပြီး သူမပါးပြင်ကိုဖွဖွနမ်းလိုက်သည်။ အခုချိန်မှာ သူအလုပ်ချင်ဆုံးအရာတစ်ခုက သူမကိုဖက်ထားချင်တာပဲ သူမကိုဖက်ထားချင်လွန်းလို့သူရူးတော့မယ်....။
" I love you baby "
🎶 There are three words, that I've been dying to say to you 🎶
(မင်းကိုငါသေလောက်အောင်ပြောချင်နေတဲ့စကားလုံးသုံးလုံးရှိတယ်။)
🎶 Burns in my heart, like a fire that air't goin' out 🎶
(အပြင်ကိုထွက်လို့မရတဲ့မီးတောက်လိုပဲ
ငါ့ရဲ့ နှလုံးသားထဲမှာ လောင်ကျွမ်းနေတယ်။)
🎶 There are three words & I want you
to know they are true 🎶
(ငါမင်းကိုသိစေချင်တဲ့ မှန်ကန်တဲ့စကားလုံး
သုံးလုံးရှိတယ်။)
🎶 I need to let you know 🎶
(မင်းကိုငါသိစေချင်တယ်။)
🎶 I wanna say I love you 🎶
(မင်းကိုငါချစ်တယ်ဆိုတာငါပြောချင်တယ်။)
🎶 I wanna hold you tight 🎶
(မင်းကိုငါတင်းတင်းကြပ်ကြပ်ဖက်ထားချင်တယ်။)
🎶 I want you arms around me & I want your lips on mind 🎶
(မင်းရဲ့ လက်ကိုငါ့ခါးမှာရှိစေချင်တယ် ပြီးတော့ မင်းရဲ့ အနမ်းကိုလည်း ငါ့နှုတ်ခမ်းအထက်မှာလိုချင်တယ်။)
🎶 I wanna say I love you but baby I'm
terrified 🎶
(မင်းကိုငါချစ်ပါတယ်လို့ပြောချင်တယ်ဒါပေမဲ့ ဘေဘီရယ်ငါကြောက်တယ်။)
🎶 My hands are shaking,my heart is
racing 🎶
(ငါ့လက်တွေတုန်နေတယ်။ငါ့ရင်တွေအရမ်းခုန်နေတယ်။)
🎶 Cause it's something I can't hide,
it's something I can't deny 🎶
(ဘာလို့လဲဆိုတော့ တစ်ချို့ သောအရာတွေကို ငါမဖုံးကွယ်နိုင်လို့၊ငါမငြင်းပယ်နိုင်လို့။)
🎶 So here I go 🎶
(ကဲငါသွားပြီ။)
🎶 Baby I lo-o-o-ve you 🎶
(ဘေဘီမင်းကိုငါချစ်တယ်။ )
🎶 I've never said, these words to anyone, anyone at all 🎶
(ငါဒီစကားကိုဘယ်သူ့ကိုမှမပြောဖူးဘူး။
ဘယ်သူ့ကိုမှ....)
🎶 Never got this close, cause I was always afraid I would fall 🎶
(ငါကျဆုံးမှာကြောက်လို့ ငါဘယ်တော့မှ
မပြောဖြစ်ဘူး။ )
🎶 But now I know, that I'll fall right in-to yours arms 🎶
(ဒါပေမဲ့ငါအခုတော့သိသွားပြီ။မင်းရဲ့ လက်ထဲမှာပဲ ငါကျဆုံးတော့မယ်လို့။)
🎶 Don't ever let me go 🎶
(ငါ့ကိုဘယ်တော့မှ ပေးမသွားပါနဲ့။)
🎶 I wanna say I love you 🎶
(မင်းကိုငါချစ်တယ်ဆိုတာကို ငါပြောချင်တယ်။)
°°°°°°°°°°°
"သခင်လေး ကျွန်တော်တို့မနေ့ကတင်ပေးလိုက်တဲ့ပစ္စည်းတွေ လမ်းမှာအစစ်ခံလိုက်ရတယ် "
" ဘာ ! "
"ဟုတ်ပါတယ် တစ်ခုကံကောင်းသွားတာကကိုယ်လွတ်ရုန်းပြီးထွက်ပြေးနိုင်ခဲ့ပါတယ်ဒါပေမဲ့ ပစ္စည်းတွေကတော့ဆုံးရှုံးသွားပါတယ် "
" ပစ္စည်းတွေကများလား "
"များပါတယ် ဟိုဘက်ကလည်းချက်ချင်းလိုချင်နေပါတယ် ကျွန်တော်တို့ဘက်မှာတော့ အဲ့လောက်အများကြီးအဆင်သင့်မရှိပါဘူး "
" ပြဿနာပဲ ဗညားရော "
"ဟို ဗညားက club မှာပြဿနာတက်လို့သွားကြည့်ပါတယ် "
"အခုမှပြုံပြီးဖြစ်ရင်တော့မရိုးတာပဲ "
"ကျွန်တော်လည်းအဲလိုပဲထင်ပါတယ် "
" သခင်လေး ကျွန်တော်ဗညားပါ "
" ဝင်ခဲ့ "
"သခင်လေး ဂြိုဟ်ဆိုးတော့ဝင်တာပဲ"
" ဘာဖြစ်တာလဲ "
"Club မှာဆေးခြောက်တွေရှိတယ်ဆိုပြီးသတင်းပေးလို့တဲ့ ရဲတွေရောက်လာကြတယ် "
" ရဲတွေ "
" ဟုတ်ပါတယ် "
"သူရိန်ကဘယ်ရောက်နေလို့လဲ "
"သူလည်းသိပုံမပေါ်ပါဘူး သခင်လေးမစိုးရိမ်ပါနဲ့ ကျွန်တော်ဖြေရှင်းပြီးပါပြီ "
"ဒီကိစ္စဟာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူး အတွင်းလူရှိရမယ်သေချာစုံစမ်း "
" ဟုတ်ကဲ့ပါ သခင်လေး "
"ဒါဆိုကျွန်တော်တို့ကိုခွင့်ပြုပါဦး "
" ကောင်းပြီ "
သစ္စာဖောက်တစ်ယောက်တော့ရှိနေပြီ သူ့ကို
မပြုတ်ပြုတ်အောင် ဖြုတ်ချမဲ့ပုံရှိတယ်၊ ဘာပဲဖြစ်ဖြစ် ဒါသူ့ကိုသတိပေးလိုက်တာ လုပ်ချင်ရင်တော့ ပီပီပြင်ပြင်လုပ်ပေါ့၊ အမြီးကျမှတစ်နေရင်တော့ မလွယ်ဘူးမှတ်၊ အဆိပ်ပင်ကိုရေလာလောင်းလိုက်တာပဲ...။
°°°°°°°°°°°
"သူဋ္ဌေးလေး သူရောက်လာပါပြီ "
" ခေါ်လိုက် "
" ဟုတ်ကဲ့ "
"ဘယ်လိုလဲစိတ်တိုင်းကျရဲ့ လား "
"100% မဟုတ်ပေမဲ့ကျေနပ်တယ် အခုလိုလက်တွဲခွင့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ် ဘာပဲဖြစ်ဖြစ်သတိုးတေဇ နည်းနည်းတော့စိတ်လှုပ်ရှားသွားမယ်ထင်တယ်၊ ဒါ့ထက် သူ့ကိုဘယ်သူလုပ်တာလဲဆိုတာသာသိသွားရင် ပိုပြီးတောင်စိတ်လှုပ်ရှားသွားမယ်ထင်တယ်နော် "
"အခုမှ level 1 ပဲရှိပါသေးတယ် အေးဆေးပါ၊ သူအသက်ရှူဖို့အချိန်လေးတော့ သနားသဖြင့်ပေးရမှာပေါ့ "
" ဒါပေါ့ဗျာ "
°°°°°
ဒီနေ့မယ်ပြန်မဲ့နေ့မို့ မယ့်ကိုသွားတွေ့ရန်လိပ်ပြာမှန်ရှေ့မှာအကြာကြီး အချိန်ဖြုန်းနေမိသည်။ စိုင်းလည်းပါတာမို့ စိုင်းပေးထားတဲ့ဆွဲကြိုးလေးကိုဆွဲသွားရန် သူဆွဲပေးထားတဲ့ဆွဲကြိုးလေးကိုဖြုတ်လိုက်သည်။ အံဆွဲထဲမှဆွဲကြိုးလေးကိုယူလိုက်ပြီး လိပ်ပြာရဲ့ ကျော့ရှင်းနေတဲ့လည်တိုင်မှာဆွဲလိုက်သည်။
" ဟာ ဒါဘာလုပ်တာလဲ "
"မင်းမြင်တဲ့အတိုင်းပဲ "
လိပ်ပြာမသိလိုက်ခင်မှာတင် ဘယ်အချိန်တံခါးကိုဖွင့်ပြီး လိပ်ပြာနားရောက်လာမှန်းမသိတဲ့ သတိုးတေဇက လိပ်ပြာလည်ပင်းပေါ်မှ ဆွဲကြိုးကို သူဆွဲဖြုတ်လိုက်တော့မှ သူရောက်နေမှန်းသိရသည်။
"ဘာလုပ်တာလဲ ပြန်ပေးပါ "
"အလှတွေပြင်ထားတယ်ပေါ့ ကိုယ်သတိပေးထားတာမေ့သွားပြီထင်တယ် "
"လိပ်ပြာသူငယ်ချင်းတစ်ယောက်ရန်ကုန်ပြန်တော့မှာမို့ သွားနှုတ်ဆက်မလို့ပါ "
"ဒီဆွဲကြိုးကဘာလုပ်တာလဲ "
"ဆွဲကြိုးပါဆိုမှ ဝတ်မလို့ပေါ့ "
" မရွဲ့နဲ့နော် "
"ကိုကသာကောင်းကောင်းမပြောတာ လိပ်ပြာကကောင်းကောင်းပြောနေတာပဲလေ "
"သူစိမ်းယောက်ျားအတွက်နဲ့ ကိုယ့်ဆွဲကြိုးကိုဖြုတ်လိုက်တာမလား....အဲ့လောက်တောင် ဖြစ်နေပြီပေါ့ "
"ကိုလိပ်ပြာသိက္ခာကိုမထိပါးနဲ့နော် လိပ်ပြာအမှန်အတိုင်းပြောနေတာ ကိုမယုံရင်လိုက်ခဲ့လို့ရတယ်"
"ငါလည်းမလိုက်နိုင်ဘူး မင်းလည်းသွားစရာမလိုဘူး"
"သွားမှာ လိပ်ပြာကတော့ရောက်အောင်သွားမှာ"
"ဟုတ်ပြီ မင်းကိုအခန်းထဲထည့်ပြီးပိတ်ထားလို့ရတယ် ဒါပေမဲ့မလုပ်ဘူး မင်းရဲ့ စိတ်ကိုချုပ်နှောင်ထားခဲ့မှာ ဒီအိမ်ထဲကနေအပြင်ကိုခြေတစ်လှမ်းလှမ်းကြည့် အဲ့အတွက်မင်းအကောင်ပြန်ပေးဆပ်ရမယ် သွား သွားလို့ရတယ်နော် "
" ရော့ "
သူ့လက်ထဲမှ ဆွဲကြိုးလေးကိုကြမ်းပြင်ပေါ်သို့ ခပ်ကြမ်းကြမ်းပစ်ပေါက်ပေးလိုက်သည်။
"အကောင် လိပ်ပြာအကောင်မဟုတ်ဘူး
သူငယ်ချင်း...စိတ်နဲ့တောင်မပြစ်မှားဖူးတဲ့
ဖြူစင်တဲ့သူငယ်ချင်းကို ကိုတစ်ဖက်သက်အရောင်ဆိုးလို့ရမယ်မထင်နဲ့ "
လိပ်ပြာအော်ပြောနေပေမဲ့ သူကအခန်းထဲမှ
ထွက်သွားသည်။ ကြမ်းပြင်ပေါ်မှ ဆွဲကြိုးလေးကိုကောက်ယူကြည့်လိုက်တော့ လိပ်ပြာပုံစံလော့ကတ်သီးလေးက နှစ်ခြမ်းကွဲနေ၏။
" တောက် "
လိပ်ပြာလာချင်ပါတယ် ဒါပေမဲ့ လိပ်ပြာကြောင့်ဘယ်သူမှမထိခိုက်မနာကျင်စေရပါဘူး...လိပ်ပြာခုတင်ပေါ်ဝုန်းခနဲထိုင်ချလိုက်သည်။
°°°°°°°°
📲"You just want attention...."📲
" ဟဲလို "
"လိပ်ပြာလာနေပြီလားဟင် "
"ဟို မယ် လိပ်ပြာလေ "
"မအားရင်လည်းရပါတယ် မယ်နားလည်ပါတယ် မယ်လိပ်ပြာကိုသတိရနေမှာပါ "
"လိပ်ပြာရောပဲ လိပ်ပြာလာချင်ပါတယ် ဒါပေမဲ့ "
"ရတယ် ရတယ် စိတ်မကောင်းမဖြစ်ပါနဲ့မယ်တို့ဖုန်းပြောလို့ရနေတာပဲလေ "
"အင်းပါ လိပ်ပြာလည်းမယ့်ကိုလွမ်းနေမှာ
မကြာမကြာဖုန်းဆက်မယ်လေနော် "
"အင်း ဒါပဲနော် "
" bye bye "
ဒီတစ်ခါသူ့လုပ်ရပ်က တရားလက်လွန်နိုင်လွန်းတယ် လိပ်ပြာကိုစိတ်ဒဏ်ရာတွေပေးနေတာပဲ လိပ်ပြာမကြိုက်တဲ့အရာတွေကိုတစ်ခုပြီးတစ်ခုလုပ်ပြီး လိပ်ပြာစိတ်ညစ်အောင် စိတ်ဆင်းရဲအောင်လုပ်တာ
သူအောင်မြင်ပါတယ်...ရှုံးနိမ့်သူတစ်ယောက်ဟာ သူရှုံးနိမ့်ကြောင်းပြလိုက်ရင် နှစ်ခါရှုံးတယ် ကျရှုံးတယ်ဆိုတာအောင်မြင်မှုအတွက်မိခင်လိုပါပဲ...။
" ဒေါက် ဒေါက် "
တံခါးခေါက်သံကြားသောကြောင့် လိပ်ပြာအခန်းဝသို့ဝေ့ကြည့်လိုက်သည်။
" အန်တီလေး လာလေ "
"အန်တီလေးမနက်ဖြန်ပြန်တော့မယ် crystal လေးရဲ့ကျောင်းကိစ္စတွေရှိသေးတယ်လေ "
"အန်တီလေးလိပ်ပြာကိုစိတ်ပူနေတာမလား
အန်တီလေးစိတ်ဖြောင့်ဖြောင့်နဲ့သာပြန်ပါ
လိပ်ပြာကိုစိတ်မပူပါနဲ့ "
"အန်တီလေးပြန်လာဦးမှာပါ ဒါကလိပ်ပြာလေးအတွက် လက်ဖွဲ့ "
" လက်ဖွဲ့ "
" ဟုတ်တယ် ဖွင့်ကြည့် "
အန်တီလေးက အစိမ်းရောင်ကတ္ထီပါဘူးလေးကို လိပ်ပြာလက်ထဲထည့်ပေးသည်။
" ဟယ် !!! "
ဘူးလေးကိုဖွင့်ကြည့်လိုက်တော့ ကျောက်စိမ်းတစ်စင်စာက တဖျပ်ဖျပ်လက်နေသည်။
"အန်တီလေး လိပ်ပြာဒီလိုတန်ဖိုးကြီးတဲ့ပစ္စည်းကို "
"ယူပါ ဒါလိပ်ပြာလေးအတွက်အန်တီလေးကိုယ်တိုင်အော်ဒါမှာထားတာ မငြင်းရဘူး "
" ဒါပေမဲ့ "
" အန်တီလေးစိတ်မကောင်းအောင်လို့ "
"ဟုတ်ကဲ့ လိပ်ပြာယူထားလိုက်ပါ့မယ် "
"ယူထားပြောလို့ မဝတ်ဘဲမနေနဲ့နော် "
" ဟုတ်ကဲ့ပါ "
"အန်တီလေးပြင်ဆင်စရာရှိသေးလို့သွားလိုက်ဦးမယ်"
" ဟုတ်ကဲ့ အန်တီလေး crystal လေးကိုလိပ်ပြာသတိရနေတယ်လို့ပြောပေးနော် "
" ပြောလိုက်မယ် "
ကတ္ထီပါဘူးလေးကို ဗီရိုထဲသွားသိမ်းထားလိုက်ပြီး ခုတင်ဘက်ပြန်လျှောက်လာသည်။
"အန်တီလေးဖုန်းကျန်ခဲ့တာပဲ သွားပေးလိုက်တာပဲကောင်းပါတယ် "
လိပ်ပြာအန်တီလေးတို့ အခန်းတံခါးကိုခေါက်ဖို့ပြင်လိုက်စဉ် အထဲမှအသံတွေကြောင့်ရပ်တန့်သွားရသည်။
"ကိုကြီး ဖြူမဟုတ်ပါဘူးလို့ပြောနေတယ်လေ "
"မဟုတ်ဘူးလို့ပြောတိုင်းယုံရမှာလား တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ် "
" ကိုကြိီး "
အထဲမှဆူညံသံတွေကြောင့် လိပ်ပြာမဝင်တော့ဘဲလှည့်ထွက်လာသည်။
လိပ်ပြာတို့မျက်စောင်းထိုးအခန်းကအမြဲတမ်းပိတ်ထားတာကို သတိထားမိတယ်...။ ခါတိုင်း
စိတ်မဝင်စားပေမဲ့ ဒီနေ့လိပ်ပြာအရမ်းကိုသိချင်နေမိတယ် လိပ်ပြာအခန်းနားမှာရစ်သီရစ်သီလုပ်နေ၏။
" သခင်မလေး "
လိပ်ပြာတံခါးကြားကို ချောင်းကြည့်လိုက်စဉ် အနောက်မှခေါ်သံကြောင့် အလန့်တကြားလှည့်ကြည့်လိုက်သည်။
" ကြီးမြ "
"သခင်မလေး ဘာလုပ်နေတာလဲ "
"ဟို ကြီးမြ ဒီအခန်းက အမြဲတမ်းပိတ်ထားတယ်နော် ဘာဖြစ်လို့လဲဟင် "
"လာ သခင်မလေး ဒီအခန်းရှေ့ကိုနောက်မလာပါနဲ့နော် သခင်လေးသိရင်ဆူလိမ့်မယ် "
"ဘာဖြစ်လို့လဲ ဒီအခန်းမှာဘယ်သူတွေနေခဲ့တာလဲ"
"လာ လာ သခင်မလေးအခန်းထဲသွားရအောင်"
အခန်းတံခါးကိုသေချာပိတ်ပြီးမှ ကြီးမြကလိပ်ပြာကိုအကြောင်းစုံရှင်းပြပါသည်။
°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°♥•°
အပိုင်း(၄၉) ဆက်ရန် >>>
#Ruby Linn