💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
-------------------
Christmas မရောက်ခင်တစ်ရက်အလို
သူ့ကိုအိမ်မှာရိပ်ခနဲမြင်လိုက်ရသည်။
နောက်ကျောလေးကိုပါ လိပ်ပြာဘာမှလုပ်စရာမရှိတာနဲ့ မီးဖိုချောင်ထဲဝင်လာသည်။
" လိပ်ပြာလေး "
"အန်တီလေးပြန်ရောက်ပြီလား "
"ပြန်ရောက်ပြီ လိပ်ပြာလေးဘာလုပ်နေတာလဲ"
"ဘာမှမလုပ်ပါဘူး လိပ်ပြာပျင်းလို့မီးဖိုချောင်ထဲဝင်နေတာ "
"လာပါဦး ဧည့်ခန်းထဲမှာစကားသွားပြောရအောင်"
" ဟုတ်ကဲ့ "
"ဒီရက်ပိုင်းသားကိုမတွေ့မိဘူးနော် လိပ်ပြာတို့အဆင်ပြေကြရဲ့ လား "
"....."
"အန်တီလေးပယောဂလည်းမကင်းပါဘူး
အန်တီလေးတောင်းပန်ပါတယ် သမီးကို
ဘယ်လိုမျိုးနှစ်သိမ့်ပေးရမလဲမသိဘူး
အန်တီလေးကြောင့်ပါ "
"မဟုတ်တာ လိပ်ပြာသာစဉ်းစားဉာဏ်မရှိခဲ့လို့ပါ"
"သမီးတို့ကိစ္စကိုစဉ်းစားလိုက်ရင် အန်တီလေးညညအိပ်လို့တောင်မပျော်ဘူး အန်တီလေးဘယ်လိုလုပ်ပေးရမလဲပြောပါ သမီးတို့အဆင်ပြေမယ်ဆိုဘာမဆိုလုပ်ပေးမှာပါ "
လိပ်ပြာသိလိုက်ပြီ သူဘာလို့ဒိီလိုတွေလုပ်နေလဲဆိုတာ ဟင့်အင်း လိပ်ပြာရှိနေသ၍လိပ်ပြာမိသားစုဝင်တွေစိတ်မဆင်းရဲစေရဘူး...သူဘာကိုအထင်လွဲ
နေမှန်းမသိပေမဲ့ လိပ်ပြာဖြေရှင်းနိုင်မှာပါ၊ လိပ်ပြာသူ့ကိုတွေ့ပြီးစကားပြောဖို့လိုလာပြီ။ လိပ်ပြာဆုံးဖြတ်လိုက်ပြီး သူ့ဆီဖုန်းဆက်လိုက်သည်။
"ဟဲလို လိပ်ပြာတို့တွေ့ရအောင် "
"လိပ်ပြာဘက်ကတော့ပြောစရာရှိတယ် "
" ကောင်းပြီ "
ကိုအဂ္ဂက လိပ်ပြာကိုကားနဲ့လာခေါ်ပါသည်။
ကိုအဂ္ဂခေါ်လာတဲ့နေရာက လိပ်ပြာစိတ်ကူးနဲ့တောင်ယဉ်ပြီးမရောက်ခဲ့ဖူးတဲ့ Bar တဲ့လား...။
ဆိုင်ဝန်ထမ်းကောင်မလေးတွေရဲ့ လမ်းပြပေးမှုကြောင့် သူရှိမဲ့အခန်းဆီရောက်လာခဲ့သည်။ အခန်းတံခါးဟထားတာမို့ လိပ်ပြာဖွင့်ဝင်လိုက်သည်။ တံခါးပွင့်ပွင့်ချင်းမိန်းကလေးတစ်ယောက်ရဲ့ဘေးမှာ
ခြေချိတ်ထိုင်နေတဲ့သူ့ကိုတွေ့လိုက်ရသည်။
ဒီလိုပုံစံမျိုးနဲ့တွေ့လိမ့်မယ်လို့လည်းမထင်ခဲ့...၊ လိပ်ပြာကိုတိုက်စစ်တွေဆင်နေပြီပေါ့ ရပါတယ် လိပ်ပြာအတတ်နိုင်ဆုံးသည်းခံမှာပါ အဆုံးစွန်ဆုံးအထိပေါ့ ...။
" လာ ထိုင်လေ "
" နှစ်ယောက်ထဲပြောချင်တယ် "
"ရတယ်လေ မေဘယ်လ် "
" အေးဆေးပြောကြပါ "
ဆိုပြီး ထိုမိန်းကလေးကထွက်သွားသည်။
"လိပ်ပြာတို့တခြားနေရာမှာသွားပြောရအောင်"
"တွေ့ချင်တယ်လို့ကိုယ်ချိန်းတာမဟုတ်ဘူးနော် မကြိုက်ရင်လာရာလမ်းအတိုင်းပြန်ကြွလို့ရတယ် "
လိပ်ပြာသူ့အပြောကြောင့် စိတ်အချဉ်ပေါက်သွားပေမဲ့ စိတ်ကိုပြန်တင်းလိုက်ရင်းသူ့ရှေ့ မှာဝင်ထိုင်လိုက်သည်။
"ကိုဘာတွေဆက်လုပ်ဖို့အစီအစဉ်ရှိလဲ "
" မင်းပြောကြည့်လေ "
"ကိုဘာတွေပဲစဉ်းစား ဘယ်ခြေလှမ်းပဲလှမ်းလှမ်း ကို့ခြေလှမ်းတွေရဲ့ အနောက်မှာလိပ်ပြာအမြဲတမ်းကပ်ပါနေမှာပါ ပြီးတော့ကို့ရဲ့ စိတ်ကူးတွေအယူအဆ
တွေက မှားယွင်းနေတာပဲဖြစ်စေ ကို့ခြေလှမ်းတွေက လမ်းမှန်ပေါ်ကသွေဖယ်နေတာပဲဖြစ်စေ လိပ်ပြာလမ်းမှန်ပေါ်တင်ပေးပြီး ရှေ့ကနေလမ်းပြပေးမှာ"
သူခြေချိတ်ထိုင်နေရာမှ ခြေတစ်ဖက်ကိုအောက်ချလိုက်သည်။ သူ့အထင်နဲ့လက်တွေ့က တစ်ကယ်တမ်းမှာမှားယွင်းနေတာပဲ...သူမသူ့ကိုမုန်းနေတာမဟုတ်လား ဒီအခြေအနေကြောင့် ပိုမုန်းပြီးနာကျည်းရမှာမဟုတ်လား...သူမကိုနားမလည်တော့ဘူး...။
"အခုကို့စိတ်ထဲမှာဘာတွေတွေးပြီးစဉ်းစားနေတာလဲဆိုတာလိပ်ပြာသိတယ် "
သတိုးတေဇ သူဘာတွေတွေးနေတာလဲလို့သူမကို မျက်ခုံးတစ်ဖက်ပင့်ကာမေးလိုက်သည်။
"ကိုတွေးထားတဲ့အတိုင်းဖြစ်မလာလို့စိတ်ညစ်နေတာမလား စိတ်မညစ်ပါနဲ့ "
"......"
အေးဆေးပါ ဒီတစ်နည်းမရရင် နောက်တစ်နည်းပေါ့၊ အချိန်တွေအများကြီးရှိပါသေးတယ်...သေချာတာ
ကတော့ သူအရမ်းချစ်တဲ့သူ့တူမစိတ်ဆင်းရဲနေရတာကိုမြင်ရင် သူလည်းစိတ်ဆင်းရဲပြီးတမြေ့မြေ့ခံစားနေရအောင်လုပ်ပြမယ်...။
"ကိုဘာတွေအထင်မှားပြီး နာကျည်းနေမှန်းမသိပေမဲ့ ကိုအထင်လွဲနေတယ်ဆိုတာကျိန်းသေတယ် ကိုဘာတွေအထင်လွဲနေတာလဲဆိုတာသိရအောင် လိပ်ပြာကိုပြောပြပါလားဟင် "
"မင်းငါ့ကိုဘာတရားမှလာဟောပြမနေနဲ့
အထင်လွဲနေတာဟုတ်လား မင်းခံစားရတာမဟုတ်တော့ပြောနိုင်တာပေါ့ မင်းလည်းမင်းအဒေါ်နဲ့တစ်ချိုးတည်းပဲ "
"ကို လိပ်ပြာအန်တီလေးအကြောင်းလိပ်ပြာအသိဆုံးပါ အန်တီလေးကလူကောင်းတစ်ယောက်"
"ကိုစိတ်ထင်ရာအတိုင်းလုပ်ချင်ရင် သူများကို ကို့ကိစ္စထဲဆွဲမထည့်နဲ့လေ ကိုအခုလိုလုပ်နေတာ ကိုလည်းမခံစားရဘူးလို့ကျိန်ပြောနိုင်လား"
"မင်းပြောလို့ပြီးရင်ပြန်လို့ရပြီ ငါ့မှာမင်းထက်အရေးကြီးတဲ့ကိစ္စတွေတသီတတန်းကြီးရှိသေးတယ်"
"ဟုတ်ပါပြီ နောက်မှရလို့နောင်တလို့ပြောကြတာပါ နောက်ကျမှသိရတဲ့ကိစ္စတိုင်းဟာလည်း ဘယ်အရာမှအကောင်းပကတိအတိုင်းပြန်ရတော့မှာမဟုတ်ဘူး...
အဲ့အချိန်ကျရင် ကို့ရဲ့ အမုန်းတွေ အာဃာတတွေ ကလဲ့စားချေခြင်းတွေကလည်း ကို့ကိုလာကယ်တော့မှာမဟုတ်ဘူး ကိုသိဖို့ပါလိပ်ပြာကိုပြန်ခွင့်ပြုပါဦ"
" အဂ္ဂ "
လိပ်ပြာထထွက်ဖို့အပြင် ကိုကကိုအဂ္ဂကိုလှမ်းခေါ်လိုက်သောကြောင့် ရှေ့ဆက်ဖို့ခြေလှမ်းများရပ်တန့်သွားသည်။
"အဂ္ဂ မေဘယ်လ်ကိုသွားခေါ်လိုက်၊ သူက
ငါ့ရဲ့ နောက်နေတဲ့အာရုံတွေကို ရှင်းပေးနိုင်မဲ့တစ်ဦးတည်းသောမိန်းမပဲ "
" အဟက် "
မိန်းမ မိန်းမတဲ့လား...လိပ်ပြာလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး နေရာမှချာခနဲလှည့်ထွက်လာသည်။
"အဂ္ဂ သူ့နောက်ကိုလိုက်ကြည့် ဘယ်သွားတယ် ဘယ်သူနဲ့ရှိနေတယ်ဆိုတာအသေးစိတ်ပြန်ပြော"
"ဟုတ်ကဲ့ပါ သခင်လေး "
" သွားတော့ "
ရှေ့လှမ်းပြီးတဲ့ခြေလှမ်းကို ဘယ်တော့မှပြန်ရုတ်မှာမဟုတ်သလို ကျကွဲပြီးသားမှန်တစ်ချပ်ဟာလည်း အကောင်းတိုင်းပြန်ဖြစ်လာမှာမဟုတ်ဘူး...။
လိပ်ပြာဘယ်ဆီမှန်းမသိ ဦးတည်ရာမဲ့လျှောက်နေသည်။ လိပ်ပြာရဲ့ ခြေလှမ်းတွေကအားအင်မရှိဘဲ ယိမ်းယိုင်
နေသည်။ လိပ်ပြာစိတ်ညစ်နေတာလား စိတ်ပျက်နေတာလား စိတ်ကုန်နေတာလားဆိုတာမသိတော့ ဒီအချိန်မှာစိုင်းနဲ့စကားပြောလိုက်ရရင် လိပ်ပြာခံစားနေရတာတွေပေါ့သွားမယ်ထင်တယ်...။
"တူ တူ တူ "
လိပ်ပြာစိုင်းဆီဖုန်းဆက်လိုက်သည်။
" ဟဲလို "
"ဟဲလို "
"လိပ်ပြာ ဘာဖြစ်လို့လဲ "
"စိုင်းအခုဘယ်မှာလဲ "
"အိမ်မှာ အခုပဲခြံထဲသွားတော့မလို့ "
"အတော်ပဲ လိပ်ပြာလည်းခြံထဲလိုက်ခဲ့မယ်
လိပ်ပြာကိုလာခေါ်ပါလား "
"လိပ်ပြာကအခုဘယ်မှာလဲ "
"အင်း လိပ်ပြာက (.....) မှာ "
"Ok ခဏစောင့် အခုလာခဲ့မယ် "
စိုင်းကလိပ်ပြာကိုဝင်ခေါ်ပြီး ကော်ဖီခြံသို့
မောင်းလာခဲ့သည်။
"ကဲ ဘာစိတ်ကူးပေါက်လို့ခြံထဲလာချင်ရတာလဲ အလုပ်မသွားဘူးလား "
"အခုလိပ်ပြာလုပ်နေတဲ့အလုပ်ကနေ အငြိမ်းစားယူလိုက်ပြီ လယ်ယာပြန်စားရေးဌာနမှာပြောင်းလုပ်မလားစိတ်ကူးနေတာ "
"ဒါဆိုငါလည်းအဲ့ဌာနမှာအလုပ်လုပ်ချင်တယ် ဘယ်သူ့ကိုပြောရမလဲ "
"သူဋ္ဌေးကများ သူ့အလုပ်မှာမခေါ်ချင်တာနဲ့စကားလမ်းကြောင်းလွှဲနေတယ် "
"မဟုတ်ရပါဘူး လိပ်ပြာသာတကယ်လုပ်ချင်ရင်အမြဲ welcome ပါ "
"မယုံပါဘူးဟာ "
"လိပ်ပြာဘာစားလာခဲ့ပြီးပြီလဲ "
"ဟင့်အင်း ဗိုက်ဟောင်းလောင်းနဲ့လာခဲ့တာ "
"ဒါဆိုလိပ်ပြာအကြိုက်ကိတ်မုန့်နဲ့ကော်ဖီပြင်လိုက်မယ် ခဏစောင့် "
" မကြာနဲ့နော် "
" ကြာရင်ဘာလုပ်မလို့လဲ "
"အင်း...နင့်ကော်ဖီခြံကိုရောင်းစားလိုက်မှာ "
" ရောင်းစားလိုက် ငါမပင်ပန်းတော့ဘူး "
" ဟွန်း "
တစ်အောင့်ကြာတော့ စိုင်းကပန်ကိတ်နဲ့ကော်ဖီခွက်ကိုထည့်ထားတဲ့ဗန်းကိုကိုင်ကာ လိပ်ပြာဆီလျှောက်လာသည်။
"မင်းသမီးလေးအတွက် ကော်ဖီနဲ့မုန့်ဆက်သပါတယ်ခင်ဗျာ "
"ကောင်းလေစွ ကောင်းလေစွ "
" ဟီးဟီး "
"ကော်ဖီကလိပ်ပြာအကြိုက်ဟုတ်ရဲ့လား
ပေါ့စိမ့်တော့လုပ်ထားတာပဲ သောက်ကြည့်ဦး "
" ok "
" နေဦး ပူတယ် "
" အား..."
လိပ်ပြာစိုင်းပြောတာကို နားမထောင်တာ့ဘဲ
မော့သောက်လိုက်မိသည်။
"ဟော ပြောတာတောင်မစောင့်ဘူး လျှာကျွတ်သွားပြီလား "
"အာ လာ လာ လျှာကျွတ်သွားပြီ "
"နေဦး ကိတ်မုန့်စားလိုက် သကြားစားမလား"
" ရတယ် "
"ဖြစ်မှာပေါ့ အရမ်းပေါ့တာပဲ "
"ဟွန်း အရမ်းကိုပျော်နေကြတယ်ပေါ့ "
လိပ်ပြာရင်းနှီးနေသောအသံကြောင့်ချက်ချင်း မျက်နှာတည်သွားပြီး နောက်လှည့်ကြည့်လိုက်သည်။
"ငါ့မိန်းမကိုကျာကူလီနေတယ်ကြားလို့
လာကြည့်တာဟုတ်နေတာပဲ "
"ခင်ဗျားမမြင်ဘဲနဲ့မစွပ်စွဲနဲ့ ကျွန်တော်တို့က
သူငယ်ချင်းတွေဆိုတာလူတိုင်းသိတယ် "
"ဟား ဟား ဟား သူငယ်ချင်း အမည်ခံလား "
"ဒီမှာ ကိုရိုင်းမလာနဲ့နော် ကိုဦးနှောက်ရှိရင်စဉ်းစားလို့ရတယ် ဘယ်ဟာမှန်တယ်ဘယ်ဟာမှားတယ်ဆိုတာ "
"သိတယ် ငါ့ကိုရွှေပြည်အေးတရားလာဟောပြီး အမည်ခံကောင်နဲ့လာပျော်နေတာလေ "
"ဟုတ်တယ် ဒီနေရာကိုလိပ်ပြာသဘောနဲ့
လိပ်ပြာလာခဲ့တာ "
"သိပ်ကိုကာကွယ်ပေးချင်နေတယ်ပေါ့
မင်းသိပ်ကာကွယ်ပေးချင်နေတဲ့ကောင်ကို
ဒီလိုထိုးလိုက်ရင်ရော "
လိပ်ပြာမျက်စိရှေ့မှာတင် လျှင်မြန်သောအရှိန်ဖြင့် စိုင်းရဲ့ မျက်နှာကို ထိုးလိုက်သောကြောင့် လိပ်ပြာမျက်လုံးပြူးသွားရသည်။
ရုတ်တရက် အငိုက်မိသွားသောကြောင့် စိုင်းနှုတ်ခမ်းထောင့်တွင် သွေးထွက်သွားသည်အထိအထိုးခံလိုက်ရသည်။
" ခင်ဗျား "
" ဘာလဲပြန်ထိုးချင်လို့လား "
" စိုင်း "
"မထိုးပါဘူး ခင်ဗျားလိပ်ပြာနဲ့ပတ်သက်နေသေးသ၍ ဒါပေမဲ့ဒီထက်မလွန်လာနဲ့ပေါ့ဗျာ "
"ပတ်သက်နေသေးသ၍ အေးကောင်းတယ်
အဲဒါဆိုရင်တော့ ငါဒါမှမဟုတ်သူမရှိတော့တဲ့အထိစောင့်လိုက်ဦး "
"စိုင်းနင့်နှုတ့ခမ်းမှာသွေးတွေထွက်နေပြီ၊
ရရဲ့လား ငါတောင်းပန်ပါတယ် "
"ရပါတယ် ဒါငါဖြူစင်တဲ့အကြောင်းသက်သေပြလိုက်တယ်လို့ပဲသဘောထားပါတယ် "
"လာ ပြန်မယ် "
" မပြန်ဘူး "
" လိပ်ပြာ "
လိပ်ပြာလက်ကိုဆွဲကာ ခေါ်နေသောသတိုးတေဇ ။
" လွှတ် ကြာရင်ရှင့်ကိုမုန်းမိလိမ့်မယ်နော် "
"အဟက် မုန်းမိလိမ့်မယ် ကြိုက်တယ် လာခဲ့ "
" စိုင်း...."
" ပြန်လိုက်သွားလိုက်ပါ "
လိပ်ပြာကိုအတင်းဆွဲခေါ်သွားသောသူ့နောက် လိပ်ပြာယက်ကန်ယက်ကန်နဲ့ပါသွားသည်။ အိမ်သို့ပြန်ခေါ်လာပြီး ဧည့်ခန်းထဲတွင် လိပ်ပြာလက်ကိုလွှတ်ပေးလိုက်သည်။
"ဒီနေ့ကစပြီး ငါမပါဘဲဘယ်မှသွားစရာမလိုဘူးမသွားရဘူး စိုင်းဆိုတဲ့အကောင်နဲ့လည်း
မပတ်သက်ရဘူး ငါအကြံပေးနေတာမဟုတ်ဘူးအမိန့်ပေးနေတာ "
လိပ်ပြာသူပြောတာကို မသိချင်ယောင်ဆောင်ကာ တစ်ဖက်သို့လှည့်နေလိုက်သည်။
" ပန်းလိပ်ပြာ !!! "
လိပ်ပြာရဲ့ နာမည်ကို ဆောင့်အောင့်ကာ ခေါ်
လိုက်သောကြောင့် သူ့ကိုမျက်ထောင့်နီကြီးဖြင့် ပြန်စိုက်ကြည့်လိုက်သည်။
မီးဖိုချောင်အကွယ်ကနေကြီးမြက လိပ်ပြာတို့ကိုချောင်းကြည့်နေသည်။ အပေါ်ထပ်မှအန်တိီလေးနဲ့ အန်ကယ်လည်းဆင်းလာကြသည်။
"လိပ်ပြာမဟုတ်တာလုပ်နေတာမဟုတ်ဘူး
မမြင်ကွယ်ရာသွားနေတာလဲမဟုတ်ဘူး
ကိုပုံကြီးချဲ့နေစရာလဲမလိုပါဘူး..."
"ဘာပြောတယ် မင်းကအခုထိဆင်ခြင်ရကောင်းမှန်းမသိသေးဘူးလား မင်းကအရငလိုအပျိုလေးမဟုတ်တော့ဘူး ငါပြောတာမှတ်ထား မဟုတ်ရင် မင်းဘက်ပဲထိခိုက်နာကျင်ရလိမ့်မယ် မင်းသိပါတယ် "
သူပြောချင်ရာပြောပြီးတာနဲ့ ထွက်သွားသော သတိုးတေဇ...။
" လိပ်ပြာလေး..."
လိပ်ပြာပျက်ယွင်းသွားသောမျက်နှာကို ချက်ချင်းပြန်ထိန်းလိုက်ပြီး...
" အန်တီလေး ထမင်းစားပြီးပြီလား "
"လိပ်ပြာလေး အန်တီလေးလေ "
"မစားရသေးဘူးမလား လိပ်ပြာရောပဲ
တူတူစားမယ်လေ အန်ကယ်လည်းမစားရသေးရင်လိပ်ပြာတို့နဲ့အတူတစ်ခါတည်းဝင်စားလိုက်ပါလား..."
"အေးကွယ် အန်ကယ်လည်းဘာပြောရမှန်း
မသိတော့ပါဘူး "
မျက်နှာအပျက်ကြီးပျက်နေသော ဦးဘုန်းတေဇ ညည်းညည်းညူညူပြောလိုက်၏။
°°°°°°°
လိပ်ပြာအခန်းတံခါးကိုပိတ်ကာ နံရံနဲ့ကျောကပ်မှီရင်းထိုင်ချလိုက်သည်။ သူ့ကိုဘယ်လိုရှင်းပြပြီးညှိနှိုင်းရပါ့မလဲ သူခံစားနေရတာတွေကို လိပ်ပြာကိုမပြောပြဘဲ လိပ်ပြာကဘယ်လို ကူညီပေးရမလဲမသိတော့အပြက်အပြက်နဲ့နှာခေါင်းသွေးထွက်ကုန်တော့မှာပဲ...။
📲 " You just want attention... " 📲
ဖုန်းမြည်သံကြားသောကြောင့် လိပ်ပြာသွား
ကိုင်လိုက်သည်။
"ဟဲလို "
"လိပ်ပြာအဆင်ပြေရဲ့လား "
"စိုင်းရယ် လိပ်ပြာကသာပြောရမှာပါအဆင်ပြေရဲ့လားဆေးထည့်ပြီးပြီလားလိပ်ပြာတောင်းပန်ပါတယ် လိပ်ပြာသာစိုင်းဆီမလာခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူး"
"ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မနေပါနဲ့ ငါလည်း စိတ်ထဲမှာမရှိတော့ပါဘူး ကျန်းမာရေးဂရုစိုက် မျက်နှာလေးချောင်သွားသလိုပဲ "
"အင်းပါ စိုင်းလည်းဂရုစိုက် "
လိပ်ပြာနဲ့လိပ်ပြာသူငယ်ချင်းကြားကဆက်ဆံရေးကို သူစတင်ဖျက်ဆီးနေပြီ။ ဒါသူ့ရဲ့ပထမဆုံးခြေလှမ်းပဲနေမှာ လိပ်ပြာသူ့ကို မနာကျည်းသ၍စိတ်မနာသ၍
လိပ်ပြာသည်းခံသွားမှာပါ...။
°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°♥•°
အပိုင်း(၄၈) ဆက်ရန် >>>
#Ruby Linn