book

Index 44

အပိုင်း (၄၄)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်

                                (or)

             အချစ်များဖြင့်ဖန်ဆင်းမည် 💖


-----------------


"ဟူး...ပျင်းလိုက်တာ အလုပ်တောင်မသွားချင်ဘူး"


"မယ့်ဆီဖုန်းဆက်ဦးမှ လိပ်ပြာကိုဖုန်းမဆက်လို့ စိတ်ကောက်နေပြီလားမသိဘူး "


" တူ တူ တူ "


" ဟဲလို "


" မယ်နေကောင်းလား "


"ဟွန်း အခုမှဖုန်းဆက်ဖော်ရတယ်နော် "


"မယ်ပြောလည်းခံရတော့မှာပဲ "


"ကောင်းပါ့ ဒီလိုသာဆိုမယ်ပြန်သွားရင်

 မယ့်ကိုလွမ်းမယ့်သူရှိတော့မှာမဟုတ်ပါဘူး "


"မယ့်ကိုသတိရနေမှာပါ ဒါနဲ့မယ့်ဆိုက်ကမပြီးသေးဘူးမလား "


"ပြီးတော့မှာ အတိအကျဆိုရင်နောက်တစ်ပတ်ထဲ"


"ဟင် တကယ် "


"ဟုတ်တယ် ဒီကအလုပ်ကမပြီးသေးဘူး 

ရန်ကုန်ကအလုပ်ကခေါ်နေပြီ မယ်ဒီကဆိုက်ပြီးရင် ရန်ကုန်ကဆိုက်ကိုတန်းဝင်ရမှာ "


"ဟယ် မယ်တော့ပင်ပန်းနေတော့မှာပဲ၊ ဒါပေမဲ့ မယ်အလုပ်ကြိုးစားပုံနဲ့ဆိုရင်လက်ဖျားမှာငွေသီးနေမှာသေချာတယ် "


"လိပ်ပြာရယ်အမြင်သာကောင်းတာ တအားပင်ပန်းတယ် "


" ဟုတ်ပါတယ် "


"လိပ်ပြာအလုပ်မသွားသေးဘူးလား"


"အင်း လိပ်ပြာပျင်းနေလို့ ဟီး "


"လိပ်ပြာတို့အဆင်ပြေတယ်မလား "


"အင်းပြေပါတယ် ဒီလိုလုပ်ပါလား လိပ်ပြာတို့ ဒီတစ်ပတ်တနင်္ဂနွေတွေ့ကြမယ်လေ၊ အဘယ်လိုလဲ "


"ကောင်းသားပဲ အေးဆေးတွေ့ပြီးတစ်ဝကြီးစကားပြောကြတာပေါ့ "


" ဟုတ်ပြီ "


မယ်နဲ့ဖုန်းပြောပြီး အလုပ်သွားရန် အီလေးစွဲပြီး ပြင်ဆင်ကာ နောက်ကျမှထွက်လာခဲ့သည်။ 


"အစ်မလိပ်ပြာ ညီမတို့ကိုကူပါဦး "


" ဘာဖြစ်လို့လဲ "


လိပ်ပြာက မန်နေဂျာတစ်ယောက်ဖြစ်ပေမဲ့

ဝန်ထမ်းကောင်မလေးများကို လက်အောက်ငယ်သား

လိုမဆက်ဆံဘဲ သူငယ်ချင်းလိုညီအစ်မလိုဆက်ဆံပေမဲ့ သူတို့လေးတွေကလည်း လိပ်ပြာကိုရိုသေလေးစားကြပါသည်။ 


"Christmas ကာလဆိုတော့ ဘိုကင်ကြိုယူတဲ့ သူနဲ့ နဂိုတည်းက တည်းနေတဲ့သူနဲ့ဆိုတော့ အခန်းကမအားတော့ဘူး အခန်းလိုချင်တဲ့သူတွေကလည်း တဂျီဂျီနဲ့လုပ်နေတယ် ဘယ်အခန်းရရဆိုပြီး "


"ဟုတ်လား ဒါဆိုရင်တော့ တခြား hotel တွေလည်းပြည့်နေလို့နေမှာ တစ်ခန်းတောင်မအားတော့ဘူးလား"


" ဟုတ်တယ် အစ်မလိပ်ပြာ "


"ဒါဆိုလည်းဘယ်တတ်နိုင်မလဲ အကျိုးအကြောင်းသေချာရှင်းပြပြီးလေးလေးစားစားပြောပြီး ငြင်းရမှာပေါ့၊  ဒါနဲ့ room service တွေရော အဆင်ပြေရဲ့လား "


"ဟုတ်ကဲ့ လိုလေသေးမရှိအောင်ပြင်ဆင်ထားပါတယ်"


"အစားအသောက်တွေရော "


"အဆင်ပြေပါတယ် တစ်ခုပဲ မီးပုံပွဲလုပ်ပေးဖို့တောင်းဆိုထားကြတယ် "


"မီးပုံပွဲ အင်း လိပ်ပြာသူဋ္ဌေးကိုမေးကြည့်လိုက်ဦးမယ်နော် "


လိပ်ပြာ ကို့ရုံးခန်းရှိရာ အပေါ်ဆုံးထပ် ၅ ထပ်မြောက်သို့တက်လာခဲ့သည်။ 


" ဒေါက် ဒေါက် "


"ဒေါက် ဒေါက် "


" တံခါးဖွင့်ထားတယ် "


" ကို "


" ကိုယ့်အကြောင်းကိုယ်သိတယ်နော် "


လိပ်ပြာ ကို့စားပွဲရှေ့ကထိုင်ခုံကိုဆွဲယူကာ 

ဝင်ထိုင်လိုက်သည်။ 


"ကို့ကိုလိပ်ပြာအလုပ်ကိစ္စပြောရဦးမယ်သိလား"


"ဘာလို့နောက်ကျနေတာလဲ "


"ခရီးသွားဧည့်သည်တွေက christmas နေ့မှာ မီးပုံပွဲလုပ်ပေးဖို့တောင်းဆိုထားကြတယ် ကိုဘယ်လိုသဘောရလဲဟင် "


" စိတ်ဆိုးတယ် "


" ဟင် "


"ကိုယ်မေးနေတယ်လေဘာလို့မဖြေတာလဲ "


"သြော် ကိုရယ် လိပ်ပြာအိပ်ရာထနောက်ကျသွားလို့ပါ ဖုန်းဆက်တော့မလို့ပဲ လာမှာပဲဟာကို အဲဒါကြောင့်ဖုန်းမဆက်တော့တာ "


"လိပ်ပြာပြောတော့လိပ်ပြာစကားပေါ့ "


"မီးပုံပွဲကိစ္စကို ကိုဘယ်လိုသဘောရလဲ "


"သဘောမတူ စရာမရှိပါဘူး "


"မီးပုံပွဲဆိုမှသတိရတယ် လိပ်ပြာတို့ငယ်ငယ်တည်းကလေ လိပ်ပြာတို့ခြံထဲမှာ စိုင်းရယ်

မြတ်လေးရယ် လိပ်ပြာတို့မိသားစုရယ်စိုင်းတို့မိသားစုရယ် မီးပုံပွဲလုပ်ပြီး ပျော်ပျော်ပါးပါးစားကြသောက်ကြတာ မှတ်မှတ်ရရမနှစ်ကအထိပဲပျော်စရာကြီးသိလား အခုပြောရင်အခုသတိရတယ် အဟီး "


"လိပ်ပြာလုပ်စရာမရှိဘူးလား "


" ဘာဖြစ်လို့လဲဟင် "


" အလုပ်အချိန်မှာ တခြားအကြောင်းတွေပြောနေလို့လေ "


" ဟွန်း လိပ်ပြာကစကားစပ်မိလို့ပြောတာပါ

မကြိုက်ရင်နေပေါ့ တကယ်ပဲ "


ဟု ဆိုပြီး ဆတ်ခနဲထရပ်ကာ သူ့ရှေ့မှလှည့်

ထွက်လာသည်။ 


ကြည့်စမ်း သူ့ကိုပြောသွားလိုက်တာ 

သူမလုပ်ပုံကိုလည်းကြည့်ဦးလေ 

သူ့သူငယ်ချင်းတွေအကြောင်းမပြောလိုက်နဲ့ 

ပြောလိုက်တာနဲ့ မျက်လုံးကအရောင်လက်ပြီး ပါးစပ်ကနှာခေါင်းတက်ချိတ်တော့မတက်ဘဲ ကြည့်လို့ကိုမရဘူး... အထူးသဖြင့်ဟိုကောင် စိုင်းဆိုလား သူ့အကြောင်းပြောရင်ပိုဆိုး၊ ဟိုကောင့်ဘက်ကမရိုးမှန်းသိပေမဲ့သူမဘက်ကတော့ရိုးမှာပါ... ဒါပေမဲ့ သူ မလုပ်ချင်တဲ့ကိစ္စတစ်ခုကို မျက်လုံးစုံမှတ်ပြီးလုပ်ရတော့မယ်၊ သူမအမုန်း သူမပြောလာမဲ့စကားတွေကို သူခံနိုင်ရည်ရှိအောင်ကြိုပြီးပြင်ဆင်ထားပါတယ်...။ 

တစ်ခုပဲကိုယ်မင်းကိုချစ်တယ်ဆိုတာ ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူး...။


လိပ်ပြာ hotel ရဲ့ room service တွေကိုလိုက်စစ်ပြီး

စားဖိုဆောင်ထဲသို့ဝင်လာခဲ့သည်။ 


"အစ်မတို့အခုတလော customer တွေမှာစားနေကြဟင်းတွေကဘာလဲဟင် "


"ရိုးရာအစားအသောက်တွေမှာစားကြတာများပါတယ်"


"သြော် အဆင်မပြေတာရောရှိလား အလုပ်ခွင်မှာအခက်အခဲရှိရင်လည်း လိပ်ပြာကိုပြောနော် "


"အဆင်ပြေပါတယ် အခက်အခဲကတော့အနည်းအများတော့ရှိတာပေါ့ "


"အင်း christmas ကာလလည်းနီးလာပြီဆိုတော့ ပိုပြီးဂရုစိုက်ကြဖို့မှာချင်တာပါ တခြားမဟုတ်ပါဘူး"


" ဟုတ်ကဲ့ပါ "


"ဒါဆိုလိပ်ပြာကိုခွင့်ပြုပါဦးနော် "


လိပ်ပြာစားဖိုဆောင်မှထွက်လာပြီး reception ဘက်လှည့်လာခဲ့သည်။ 


"အစ်မသော်တာရော duty ပြောင်းသွားတာလား"


"ဟုတ်ပါတယ် ၁ နာရီလောက်ရှိပါပြီ "


"သြော် reception မှာ ဘာပြဿနာကြီးကြီး

သေးသေးပဲရှိရှိ လိပ်ပြာကိုပြောပါနော် "


" ဟုတ်ကဲ့ပါ "


ဘာလိုလိုနဲ့အလုပ်ဆင်းချိန်တောင်နီးလာပြီမို့ 

နောက်ဆုံးစစ်ဆေးဖို့ ကျန်သေးတဲ့ကိစ္စတွေကိုစစ်ဆေးပြီး အိမ်ပြန်ရန်ပြင်ဆင်နေသည်။ 


" လိပ်ပြာ "


" ရှင် "


"ကိုယ်နဲ့ခဏလိုက်ခဲ့ပါလား လိပ်ပြာကိုပြစရာရှိလို့"


"ပြစရာ ဘာလဲဟင် "


"ဟိုရောက်မှကြည့်တော့ "


"လိပ်ပြာဆိုင်ကယ်ကိုဘယ်လိုလုပ်မလဲ "


" အဂ္ဂကိုအိမ်ပြန်ပို့ခိုင်းလိုက်ပြီ "


"ဟုတ်လား ဘယ်တုန်းကလဲ "


"စကားများတယ်လာလိုက်ခဲ့ "


လိပ်ပြာကို surprise လုပ်နေတာလားဘာလားမသိ ကိုခေါ်ရာနောက် ကို့ကိုယုံကြည်ပြီးလိုက်လာခဲ့သည်။ လိပ်ပြာကို့ကိုအကဲခတ်ကြည့်ရသလောက် ခါတိုင်း

နဲ့မတူ ကို့အမူအရာတွေထူးဆန်းနေသည်။  


ပုံမှန်မှဟုက်ရဲ့လား လိပ်ပြာဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ မြို့ပြင်ကိုသွားတဲ့လမ်းအတိုင်း မောင်းလာတာကိုရိပ်စားမိလိုက်သည်။ 


"ကိုလိပ်ပြာကိုဘယ်ခေါ်လာတာလဲဟင် 

အပြင်မှာမှောင်နေပြီ မရောက်သေးဘူးလား

နောက်ပြီးမြို့ပြင်ကိုရောက်တော့မယ်နော် "


သူလည်းဘယ်ဆီရည်ရွယ်ပြီးမောင်းလာတာမဟုတ်၊ ကားထဲမှာဆီအပြည့်ဖြည့်ထားတယ်...ဆီမကုန်သရွေ့မောင်းဖို့တော့ဆန္ဒရှိသည်။


" ကို "


ကို့ရဲ့ တိတ်ဆိတ်မှုက လိပ်ပြာကိုကျောချမ်းလာစေသည်။


"ကို လိပ်ပြာပြောတာကြားတယ်မလား "


သူမြို့ပြင်တစ်နေရာလမ်းဘေးတွင်ကားရပ်လိုက်ပြီး သူမဘက်လှည့်ကာမျက်လုံးချင်းဆုံရင်း...


"လိပ်ပြာကို့ကိုချစ်တယ်မလား "


"ကို လိပ်ပြာကိုဒီလိုမျိုးခဏခဏမေးနေဦးမယ်ဆိုရင် လိပ်ပြာစိတ်ဆိုးရလိမ့်မယ်နော် "


"ကိုယ်အတည်ပြောနေတာ လိပ်ပြာကိုမခွဲနိုင်တော့ဘူး ကိုယ်လိပ်ပြာမရှိဘဲမနေနိုင်တော့ဘူး "


"ကို ကိုဘာကိုပြောချင်တာလဲ လိပ်ပြာနားမလည်ဘူး"


" ကိုယ်တို့နှစ်ယောက်အတူနေရအောင် "


"......"


လိပ်ပြာခဏတွေဝေပြီးငြိမ်နေပြီးမှ ...


"အား...ဟွန်း ကိုကလည်းသိပ်နောက်တာပဲ

ရုပ်တည်ကြီးနဲ့လိပ်ပြာကတကယ်ထင်သွားတာ မနောက်ပါနဲ့ "


"ကိုယ်မနောက်ဘူး ကိုယ့်မျက်နှာကနောက်နေတဲ့ပုံပေါ်နေလို့လား "


ဟင့်အင်း ကို့ပုံစံကတည်ငြိမ်ကာလေးနက်တဲ့စကားကိုပြောနေမှန်း ကို့မျက်လုံးတွေကပြောနေသည်။ ဒါပေမဲ့...


"ကိုကလည်းမဟုတ်တာ လိပ်ပြာတို့စေ့စပ်ထားပြီးပြီလေ မိဘတွေကလည်းသဘောတူပြီးသားပဲ လိပ်ပြာကိုမခွဲနိုင်ရင်လိပ်ပြာတို့မိဘတွေကိုပြောပြီးလက်ထပ်လို့ရတာပဲ "


"ကိုယ်မစောင့်နိုင်တော့ဘူး ကိုယ်တို့ဒီညပြင်ဦးလွင်ကိုသွားမယ် မနက်ကျရင်လက်မှတ်ထိုးမယ်မကောင်းဘူးလား "


"ဟင့်အင်း ကို ကိုမှားနေပြီ လိပ်ပြာဆန္ဒကို

တန်ဖိုးမထားတော့ဘူလား "


"ဘာလဲ လိပ်ပြာကကိုယ့်ကိုမချစ်လို့လား 

ပါးစပ်ကသာချစ်တယ်ပြောပြီး လက်တွေ့မပြနိုင်ဘူးမလား လိပ်ပြာကိုယ့်ကိုတကယ်မချစ်ပါဘူး ကိုယ်ကတော့လိပ်ပြာကိုချစ်လိုက်ရတာ "


"မဟုတ်ဘူး လိပ်ပြာ လိပ်ပြာကို့ကိုချစ်ပါတယ် ဒီလိုလုပ်တာလိပ်ပြာတို့အတွက်မကောင်းသလို မိဘတွေလည်းမျက်နှာပျက်ရမယ် ကိုရယ် လိပ်ပြာတို့ပြန်ကြရအောင်ပါနော် "


" ရတယ် ကိုယ်လိပ်ပြာကိုမယုံလို့မဟုတ်ဘူး

ကံကြမ္မာကိုမယုံတာ ကိုယ်တို့ကြားထဲကို

ဘယ်လိုမုန်တိုင်းဘယ်လိုအနှောင့်အယှက်မျိုးကိုမှ အရောက်မခံနိုင်ဘူး...လိပ်ပြာကိုကိုယ့်ရဲ့ အဝေးမှာ တစက္ကန့်တောင်မထားနိုင်တော့ဘူး "


" ကို ဟိုလေ "


"ရတယ် ရတယ် လိပ်ပြာကိုယ့်ကိုမချစ်ဘူးလို့သတ်မှတ်လိုက်ပြီ "


ဟာပြဿနာပဲ လိပ်ပြာဘာလုပ်ရမလဲ ကိုနဲ့တော့ခက်ပြီ၊ လိပ်ပြာစဉ်းစားရခတ်နေစဉ် ကိုကလိပ်ပြာလက်နှစ်ဖက်

ကို ဆုပ်ကိုင်လာကာ မျက်နှာငယ်လေးဖြင့် အသနားခံသလိုကြည့်နေသည်။ ကိုရယ် ကိုအဲလိုမလုပ်လည်း လိပ်ပြာရဲ့အသည်းနှလုံးတွေက ကို့ရှေ့မှာဆိုတဖြုတ်ဖြုတ်ကြွေပြီးသားပါ...၊ လိပ်ပြာမျက်လုံးစုံမှိတ်ပြီးနောက်ပြဿနာနောက်ရှင်းဟု သဘောထားကာ ခေါင်းညိမ့်လိုက်မိသည်။ 


"ဝမ်းသာလိုက်တာလိပ်ပြာရယ် "


သူမကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲဆွဲသွင်းကာ ထွေးဖက်ထားလိုက်သည်။ သူ့စိတ်ထဲမှာတော့ တောင်းပန်ပါတယ် တောင်းပန်ပါတယ်လို့ သူမကို အကြိမ်ကြိမ်တောင်းပန်နေမိသည်။ လိပ်ပြာတို့ကားလေးက ညအဝေးပြေးလမ်းမအတိုင်း ဆက်ပြီးမောင်းနှင်လာခဲ့သည်။ 


လိပ်ပြာလက်ထဲမှ ဖုန်းကိုဖွင့်ကြည့်လိုက်တော့ ၇ နာရီ အိမ်ကလူကြိီးတွေ အခုချိန်လောက်ဆိုစိတ်ပူနေလောက်ပြီ။ 


"ကို လိပ်ပြာလေ အိမ်ကိုဖုန်းဆက်လိုက်ရင်ကောင်းမလား ခိုးရာလိုက်ပါတယ်ဆိုမှ ဖုန်းဆက်ရင်ဘယ်ကောင်းမလဲနော် အဟွင်း "


လိပ်ပြာတစ်ယောက်ထဲ အမေးအဖြေလုပ်ကာ ရင်ထဲဗလောင်ဆူနေသည်။ လိပ်ပြာ ဒီအချိန်ထိနောင်တမရသေးပါ၊ နောင်တရကောင်းမှန်းလည်းမသိသေးပါ။ 


"ကိုရောက်ဖို့အဝေးကြီးလိုသေးတယ်မလားဟင် "


" အင်း "


" လိပ်ပြာတစ်ရေးလောက်မှေးလိုက်ဦးမယ်

ရောက်ရင်နိုးနော် "


" ဟုတ်ပါပြီ "


လိပ်ပြာထိုင်ခုံကို ခပ်လျှောလျှောမှီထိုင်ကာ

မျက်လုံးများမှိတ်လိုက်သည်။ သို့သော်

တခဏအတွင်းပြန်ပွင့်လာကာ ....


"ကို ခိုးရာလိုက်ရတဲ့ခံစားချက်ကတစ်မျိုးပဲနော် လိပ်ပြာကြောက်လည်းကြောက်တယ်စိတ်တွေလည်းလှုပ်ရှားနေတယ်သိလား လိပ်ပြာတကယ်အိပ်ပြီ "


ဆိုပြီး မျက်လုံးများကိုပြန်မှိတ်ထားလိုက်သည်။ 


သူဘယ်လိုလုပ်ရပါ့မလဲ ဒီလိုဖြူစင်တဲ့မိန်းကလေးတစ်ယောက်ကိုမှ လှည့်စားရတော့မယ်...၊ အခုချိန်မှာ

အနမ်းတစ်ပွင့်ထက် ပန်းတစ်ပွင့်ကိုခြွေတာက သူ့အတွက်ပိုလွယ်ချင်လွယ်နေလိမ့်မယ်... ဒါပေမဲ့ သူ့အလိုလိုလန်းဆန်းကာပွင့်လန်းနေတဲ့ပန်းတစ်ပွင့်ကို သူ,မခြွေရက်ပါဘူး...။ 


ဒီကစားပွဲဟာ တခြားလူတိုက်တွန်းချက်မပါဘဲ သူ့ဆန္ဒအလျောက်စခဲ့တဲ့ပွဲပါ...ပွဲမစခင်လက်နက်ကို အရင်ချနေတာမဟုတ်သေးဘူး....ဒီ game မှာ

သူမကအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်နေတယ် ကိုယ်လုပ်ရဲရင်ကိုယ်ခံရဲရမှာပေါ့၊ ခွင့်လွှတ်ပါလို့မတောင်းဆိုတော့ပါဘူး...။ 


ချမ်းလို့လက်ကလေးပိုက်ကာ အိပ်နေတဲ့သူမအပေါ် သူ့အပေါ်အကျီကိုလွှားကာခြုံပေးလိုက်သည်။ ရုတ်တရက်နွေးသွားသလိုခံစားလိုက်ရတဲ့အတွက် လိပ်ပြာမျက်လုံးကိုဖြည်းညှင်းစွာဖွင့်ကြည့်လိုက်သည်။


ကားကရပ်ထားတာပဲ...။ 


"ကို ရောက်ပြီလား လိပ်ပြာကိုနိုးလို့ပြောထားတာကို"


"ကိုယ်တို့ဒီမှာညအိပ်ရလိမ့်မယ် "


"ဘာဖြစ်လို့လဲ ကားတစ်ခုခုဖြစ်လို့လား "


"မဖြစ်ပါဘူး ကိုယ်တို့ဒီညဒီမှာအိပ်ပြီးမနက်ရောက်မှအိမ်ပြန်ကြတာပေါ့ စိတ်ချပါကိုယ်လိပ်ပြာကိုလက်ဖျားနဲ့တောင်ထိမှာမဟုတ်တဲ့အတွက် ကိုယ်အပြင်ထွက်အိပ်ပေးမှာပါ "


"ဘယ်လို လိပ်ပြာ နားကြားများမှားတာလား "


"မမှားပါဘူး လိပ်ပြာကြားတာအမှန်ပါ "


"ဒါဆို ဒါဆို..."


လိပ်ပြာစကားဆက်လို့မရ အထစ်ထစ်အငေါ့ငေါ့တွေ

ဖြစ်ကုန်သည်။ နောက်ပြီး လိပ်ပြာအသက်ရှူ ကျပ်လာသလို ခံစားလိုက်ရသည်။ သူလိပ်ပြာအပေါ် လုပ်ရက်လေချင်းဆိုတဲ့အသိက လိပ်ပြာရင်ကိုဒိန်းခနဲတက်ဆောင့်လာသည်။ 


"ကိုယ့်လုပ်ရပ်က တခြားသူအပေါ်ဘယ်လိုသက်ရောက်သွားမလဲဆိုတာ စဉ်းစားဖူးရဲ့ လား စဉ်းစားမှာလဲမဟုတ်ပါဘူး လိပ်ပြာမှာဘာအမှားရှိလို့ ဒီလိုလုပ်ရက်ရတာလဲဟင် ပြောပါဦး "


သူကြိုတင်ပြင်ဆင်ထားပြီးသားပါ၊ သူမသူ့ကို နာကျည်းလို့ထွက်လာမဲ့ ပြစ်တင်ပြောဆိုမှုတွေ နောက်ဆုံးသူမပေးလာမဲ့အမုန်းတွေကိုပေါ့။ 


"လိပ်ပြာမယုံခဲ့ဘူး ဘေးစကားတွေကိုလေ

နည်းနည်းမှမယုံခဲ့ဘူး၊ ဘာလို့လဲသိလား

လိပ်ပြာကကိုယ့်အချစ်ကိုယုံသလို ကိုယ့်ချစ်သူရဲ့အချစ်ကိုလည်းတစ်ခါမှသံသယမဝင်ခဲ့ဘူးလေ၊ အခုတော့ပြန်ရလိုက်တဲ့အရာကဒါလား လိပ်ပြာအချစ်နဲ့မထိုက်တန်ဘူး ပေးဆပ်မှုတွေနဲ့မထိုက်တန်ဘူး..."


"လိပ်ပြာစိတ်ထဲရှိတာပြောပါ ကိုယ့်လုပ်ရပ်အတွက် ကိုယ်တာဝန်ယူဖို့အသင့်ပါပဲ၊ မနက်ဖြန်အိမ်ပြန်ရောက်တာနဲ့လိပ်ပြာကိုလက်ထပ်မယ် "


သူပြောတာတွေကိုနားထောင်နေရင်း လိပ်ပြာရင်ထဲတစ်ဆို့လာရသည်။ ဒါသူသက်သက်လုပ်ကြံတာ ဒီညလိပ်ပြာတို့နှစ်ယောက်ဘာမှမဖြစ်ခဲ့ကြပေမဲ့ ယောက်ျားတစ်ယောက်နဲ့တစ်ညလုံးအတူတူရှိနေတဲ့မိန်းကလေးတစ်ယောက်ကို ဘယ်သူကရော

သတီဦးမှာလဲ တန်ဖိုးထားဦးမှာလဲ...။ 


သတိလက်လွတ်ခံစားချက်နောက်လိုက်ပြီး 

ဆုံးဖြတ်လိုက်တဲ့ခဏအတွင်း လိပ်ပြာဘဝ

သူများတံထွေးခွက်မှာမျောပါပြီ။ 


"ရှင့်အမုန်းတွေအငြိုးတွေ ကလဲ့စားချေခြင်းတွေထဲမှာ ကျွန်မကိုနယ်ရုပ်တစ်ရုပ်အဖြစ်အသုံးချလိုက်တာပေါ့ ဟုတ်လား "


"မင်းထင်ချင်သလိုထင်နိုင်တယ် အထဲမှာပဲနေပါ ကိုယ်အပြင်ထွက်နေပေးမယ် "


ဆိုပြီး ကားတံခါးဖွင့်ကာ အပြင်သို့ထွက်လာသောသတိုးတေဇ...။ 

 

လိပ်ပြာကိုယ်လိပ်ပြာမုန်းလွန်းလို့ အသက်တောင် မရှင်ချင်တော့ဘူး၊ ဒါပေမဲ့ သူ့ကိုမုန်းလိုမရ လိပ်ပြာအံကြိတ်ထားပေမဲ့ မျက်ရည်များက ပါးပြင်ပေါ်တသွင်သွင်စီးကျနေသည်။ ပါးပြင်ပေါ်မှမျက်ရည်များကိုလည်းမသုတ်မိ သူနဲ့ဆန့်ကျင်ဘက်နေရာသို့ 

လည်ပင်းကျိုးမတက်လိမ်၍ မျက်နှာကိုလှည့်ထားသည်။ 


သတိုးတေဇ ကားနဲ့မနီးမဝေးတစ်နေရာတွင်

သွားထိုင်ကာ မစုံသေးတဲ့ကြယ်တွေကိုကြည့်နေသည်။ သူလည်းသူမလိုပဲမနက်ကျရင်

ကြုံလာမဲ့ပြဿနာတွေကို ရင်ဆိုင်ရတော့မည်...။ 


°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°♥•°


အပိုင်း(၄၅) ဆက်ရန် >>>


#Ruby Linn


rate now: