💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
-------------------
ကိုလိပ်ပြာကိုခေါ်လာတဲ့နေရာက လိပ်ပြာတို့
ပထမဆုံးလာခဲ့တဲ့နေရာ တရုတ်စကားပန်းပင်တွေအများကြီးစိုက်ထားတဲ့နေရာ တနည်းအားဖြင့် လိပ်ပြာကိုချစ်ခွင့်ပန်ခဲ့တဲ့နေရာပေါ့...။
" လိပ်ပြာ ဒီနေရာကိုမှတ်မိလား "
"ဟင့်အင်း လိပ်ပြာတို့ဒီနေရာကိုလာဖူးလားဟင်"
"လိပ်ပြာ "
" ဟုတ်တယ် လိပ်ပြာတကယ်ပြောနေတာ "
လိပ်ပြာမသိချင်ယောင်ဆောင်ကာ အတည်ပေါက်နှင့်စလိုက်တော့ ကို့မျက်နှာကချက်ချင်းတည်
သွားသည်။ လိပ်ပြာကိုလည်းမကြည့်တော့
စကားလည်းမပြောတော့...။
"ကို အဲဒါဘာဖြစ်သွားတာလဲ စိတ်ကောက်သွားတာလား ဟုတ်လား "
ကိုကလိပ်ပြာကိုမကြည့် လိပ်ပြာကို့ပုံစံကို
ကြည့်ပြီး အသည်းယားကာရီချင်လာသည်။
"စတာပါ ကို့ကိုလိပ်ပြာချစ်လို့စတာပါ ကိုရဲ့၊
ဒီနေရာကိုလိပ်ပြာမသိဘဲနေပါ့မလား ဒီနေရာက ကိုလိပ်ပြာကိုဖွင့်ပြောခဲ့တဲ့နေရာလေ ဟုတ်တယ်မလား "
" ဟုတ်တယ်မလားလို့ "
" မသိဘူး "
"ဟင် ကိုကလိပ်ပြာကိုမချစ်တော့လို့လား "
"မဟုတ်ပါဘူး လိပ်ပြာကလည်းကွာ ကိုယ့်ကိုအဲလိုမစပါနဲ့ "
" ချစ်လို့စတာကို "
"လိပ်ပြာ ကိုယ်အခုပြောမဲ့စကားကို လိပ်ပြာကြားရင်အံ့သြသွားလိမ့်မယ် သိလား "
" ဘာပြောမှာမို့လို့လဲ "
" ကိုယ်လိပ်ပြာကိုလေ ကုမ္ပဏီမှာတွေ့ပြီးစသိခဲ့တာမဟုတ်ဘူး "
"တကယ် လိပ်ပြာကိုဘယ်မှာတွေ့ဖူးသေးလို့လဲ"
"မိုးဖွဲဖွဲလေးတွေရွာတဲ့တစ်နေ့မှာ လိပ်ပြာလေ ထီးအဖြူလေးကိုတအားတွန်းဖွင့်နေတာ ကံကောင်းချင်တော့ထီးကမပွင့် လိပ်ပြာရဲ့ ခေါင်းမှာလည်း မိုးစက်တွေကသီးလို့ ပြီးတော့ပါးစပ်ကလည်းပွစိပွစိနဲ့ရွတ်နေသေးတယ် တစ်အောင့်ကြာမှထီးကပွင်းသွားတာလေ လိပ်ပြာမှတ်မိလား..."
"အင်း...မှတ်မိပြီ လိပ်ပြာကြက်ကြော်ဝယ်ပြီးထွက်လာတော့ မိုးနဲ့တိုးတော့တာပဲ ဒါဆိုလိပ်ပြာလည်းပြောရဦးမှာပေါ့ ကို့ကိုလည်းလေကုမ္ပဏီမှာတွေ့တာပထမဆုံးမဟုတ်ဘူး..."
" ဟုတ်လို့လား "
"သိပ်ဟုတ်တာပေါ့ တောင်ပေါ်သွားတဲ့လမ်းရဲ့ကွေ့တစ်ကွေ့မှာလေ ကိုတို့ကားလာတာတွေ့လို့လန့်ဖျပ်ပြီး ဘရိတ်ညှစ်လိုက်တာစလစ်ဖြစ်ပြီးလှဲသွားပါလေရော ကိုအဂ္ဂကဆင်းကြည့်ပြီး ဘာကူညီပေးရမလဲလို့မေးတာကို ကိုကကားပေါ်ကနေပြီးအချိန်ကြာတယ် အလုပ်ရှိသေးတယ်ဆိုပြီးမောင်းထွက်သွားတာလေ မှတ်မိလား "
"အာ ဒါဆိုအဲ့နေ့ကပြဿနာမလေးက လိပ်ပြာပေါ့"
"ဘာပြဿနာလဲ အဲ့နေ့ကလိပ်ပြာခြေထောက်ကိုထိသွားတာ သိရဲ့လား "
"စတာ ချစ်လို့စတာပါ တကယ်အဲ့နေ့က
အလုပ်ကိစ္စနဲ့မို့ပါ "
" ဟွန်း...."
"ကိုယ်လေအစကမယုံခဲ့ဘူး "
" ဘာကိုလဲ "
"ကံကြမ္မာကိုပေါ့ ပထမဆုံးတွေ့ တာက တိုက်ဆိုင်မှုကြောင့် ဒုတိယတစ်ခါဆိုရင်ရေစက် တတိယတစ်ခါထပ်တွေ့ခဲ့ရင်တော့ ဖူးစာတဲ့ ကိုယ်တို့နှစ်ယောက်ကဖူးစာပါတယ်နဲ့တူတယ်နော် လိပ်ပြာယုံလား "
"အင်း ကိုပြောတာလည်းဟုတ်သလိုလိုပဲနော် "
" လိပ်ပြာ ဒီမှာကြည့် "
"ဟင် ဒါ "
"ဒါလိပ်ပြာကို ဟိုတစ်ခါကားပေါ်မှာလက်ဆောင်ပေးတဲ့ဆွဲကြိုးလေးပဲ "
" အခုဆွဲမယ်မလား "
လိပ်ပြာအခုထိမှတ်မိနေသေးတယ် အဲ့နေ့က
ကားပေါ်မှာကိုပြောခဲ့တဲ့စကားတွေကို...
' အတင်းအကျပ်မတိုက်တွန်းဘူး တစ်နေ့ကျရင် ကိုယ့်ဘာသာဝတ်လာစေရမယ်တဲ့ '
အဲ့တော့လိပ်ပြာက ' စိတ်ချ အဲလိုဘယ်တော့မှဖြစ်မလာစေရဘူး '
လို့ပြန်ပြောခဲ့တယ်...။
အခုတော့လိပ်ပြာခံစားချက်ကိုပဲဦးစားပေးရမလား၊ ပြောခဲတဲ့စကားတွေကိုပဲမသိကျိုးကျွံ ပြုရမလား ဝေခွဲမရဖြစ်နေသည်။ ကျမ်းကျွံရင်နှုတ်လို့ရတယ် စကားကျွံရင်နှုတ်လို့မရဘူးတဲ့။
" လိပ်ပြာ "
" ဟင် "
" ကိုယ်ဆွဲပေးမယ် "
"ဟို ဟို လိပ်ပြာယူထားလိုက်ပါ့မယ် "
"မဝတ်ဘူးမလား အဲဒါဆိုကိုယ်ပြန်ယူသွားမယ် လိပ်ပြာကအတေးအမှတ်ကြီးတာပဲ "
" အဲလိုမဟုတ်ပါဘူး ကဲဝတ်ပေး "
" ဒါဆို လိပ်ပြာလည်ပင်းပေါ်ကဆွဲကြိုးက "
လိပ်ပြာလည်ပင်းပေါ်ကဆွဲကြိုးက စိုင်းမွေးနေ့လက်ဆောင်ပေးထားတာ ဖြုတ်လိုက်ရင်စိုင်းစိတ်မကောင်းများဖြစ်သွားမလား ဒါဆိုလည်း
စိုင်းနဲတွေ့ရင်ဆွဲသွားလို့ရတာပဲ...။
" လိပ်ပြာ "
" ရှင် "
"သြော် ကိုဖြုတ်လိုက်လေ "
" ဟုတ်ပြီ "
စိုင်းပေးထားတဲ့ ဆွဲကြိုးလေးကိုဖြုတ်လိုက်ပြီး လိပ်ပြာလက်ထဲထည့်ပေးလာချိန် စိတ်မကောင်းဖြစ်သွားရသည်။ သူငယ်ချင်းတစ်ယောက်ကို ခွဲခွာရတော့မှာမို့ စိတ်မကောင်းဖြစ်သွားသလိုမျိုး ခံစားလိုက်ရသည်။
" ရပြီ "
"အင်း "
လိပ်ပြာလည်ပင်းပေါ်မှာ ကိုဆွဲပေးထားတဲ့
ဆွဲကြိုးလေးက တလက်လက်တောက်ပနေပေမဲ့ လိပ်ပြာစိတ်ထဲတစ်မျိုးဖြစ်နေသည်။
"လိပ်ပြာ လော့ကတ်သီးလေးကိုဖွင့်ကြည့်ပါလား"
"ဒီအသည်းပုံလော့ကတ်သီးလေးကိုလား "
" အင်း "
ကိုပြောတဲ့အတိုင်းဖွင့်ကြည့်လိုက်တော့
လော့ကတ်သီးလေး နှစ်ခြမ်းကွဲသွားသည်။
တစ်ဖက်မှာက ကို့ပုံအသေးစားလေးရှိ၍
တခြားတစ်ဖက်မှာကလွတ်နေသည်။
" လွတ်နေတဲ့နေရာမှာ လိပ်ပြာရဲ့ းဓာတ်ပုံထည့် အဲဒါဆိုကိုယ်တို့နှစ်ယောက်မခွဲဘဲအတူရှိနေတာနဲ့အတူတူပဲပေါ့ မကောင်းဘူးလား "
" ကောင်းပါတယ် "
သူမနဲ့အမြန်ဆုံးလက်ထပ်ချင်ပြီ၊ လက်ထပ်ပွဲဟာ ယောက်ျားတစ်ယောက်အတွက် သူ့ရဲ့လွတ်လပ်မှုတွေ အချိန်တွေ ဆန္ဒတွေကို စွန့်လွှတ်ရတဲ့ပွဲလို့ပြောကြတယ်၊ဒါပေမဲ့ သူ့အတွက်တော့ အားလုံးဟာဆန့်ကျင်ဘက်ပါပဲ....။
သူ့ရဲ့ လွတ်လပ်မှုတွေကို သူမနဲ့အတူ
ဖြတ်သန်းချင်တယ် ညအိပ်ရာဝင်ရင်လည်း
သူမကိုထွေးဖက်ထားပြီး မနက်မိုးလင်းမယ်
သူ့ရဲ့ မနက်တိုင်းမှာ သူမမျက်နှာကိုကြည့်ပြီးနိုးထချင်တယ်၊ ပြီးရင်သူမကိုနွေးထွေးကြင်နာတဲ့အနမ်းလေးနဲ့နိုးမယ် သူ့ရဲ့ဆန္ဒတွေကို သူမအပေါ်မှာပဲထားချင်တယ်။ လက်ထပ်ခြင်းဟာ သူမကိုအရှုံးပေးလိုက်တာမဟုတ်ပါဘူး...
သူ့ရဲ့ အချစ်တွေပေးလိုက်တာပါ...။
°°°°°°°°°°°
📲"You just want attention....."📲
" နံပါတ်စိမ်းပဲ ဘယ်သူလဲမသိဘူး "
" ဟဲလို "
" လိပ်ပြာလား "
"ဟုတ်ကဲ့ လိပ်ပြာပြောနေပါတယ် ဘယ်သူလဲမသိဘူးရှင့် "
"ကိုယ့်အသံကိုမမှတ်မိတာ ကိုယ်တကယ်
စိတ်မကောင်းဘူး "
" ရှင် "
" ကဲ ကိုယ်ပဲပြောပြလိုက်ပါတော့မယ်လိပ်ပြာကိုကူညီခဲ့ဖူးတဲ့သူလေ မှတ်မိပြီလား "
"သြော် ကိုမင်းဒင်လား လိပ်ပြာဖုန်းနံပါတ်ကို
ဘယ်လိုသိတာလဲ "
"ကိုယ့်အတွက်ဖုန်းနံပါတ်တစ်ခုကအသေးအဖွဲပါ၊ ခင်ချင်တဲ့သူဆိုတော့လည်း စုံစမ်းရတာပေါ့ ဒါနဲ့လိပ်ပြာနေ့လည်စာစားပြီးပြီလား "
" မစားရသေးပါဘူး "
"အတော်ပဲ ကိုယ်လည်းမစားရသေးဘူး
ကိုယ့်ကိုနေ့လည်စာလိုက်ကျွေးမယ်မလား "
"ကိုမင်းဒင် ခဏခဏပြောနေတာ လိပ်ပြာအားနာလှပါပြီ ဟုတ်ကဲ့ လိပ်ပြာလိုက်ကျွေးပါ့မယ် နေရာကိုသာပြောပါ "
" (..........)"
"ဟုတ်ကဲ့ လာခဲ့ပါ့မယ် "
"အစ်မသော်တာ လိပ်ပြာအပြင်ခဏသွားမလို့ ထမင်းစားထားနှင့်နော် "
"အင်း ကြာမှာလား "
"မကြာပါဘူး နေ့လည်စာလိုက်ကျွေးရုံပါပဲ "
"အင်း အင်း "
အရင်လိုပဲသန့်ပြန့်ကျော့မော့နေတဲ့ ကိုမင်းဒင်ကိုစားသောက်ဆိုင်ရဲ့ ထောင့်တစ်နေရာစားပွဲဝိုင်းတွင်
ထိုင်နေတာတွေ့လိုက်ရသည်။
"ကိုမင်းဒင်ရောက်နေတာကြာပြီလား "
"မကြာသေးပါဘူး လိပ်ပြာကိုယ့်ကြောင့်
ပင်ပန်းသွားပြီလား "
"မဟုတ်တာရပါတယ် မမှာရသေးဘူးလား"
"အင်း လိပ်ပြာလာမှမှာမယ်ဆိုပြီးစောင့်နေတာ"
"အားနာလိုက်တာ ကိုမင်းဒင်ကြိုက်တာမှာပါ
လိပ်ပြာကိုအားမနာပါနဲ့ "
"လိပ်ပြာကြိုက်တာပဲမှာပါ "
📲"You just want attention... "📲
လိပ်ပြာဖုန်းကိုယူကြည့်လိုက်တော့...
" ကိုပဲ "
"ဟို လိပ်ပြာခဏ "
"ရတယ် ရတယ် ပြောပါ "
လိပ်ပြာဆိုင်အပြင်ထွက်လာပြီး ဖုန်းကိုင်လိုက်သည်။
"ဟဲလို "
"လိပ်ပြာအခုဘယ်မှာလဲ "
"လိပ်ပြာအပြင်မှာ "
"ဘယ်သူနဲ့ရှိနေတာလဲ "
"မိတ်ဆွေတစ်ယောက်နဲ့ပါ ဘာဖြစ်လို့လဲ "
"ကိုယ့်ကိုဘာလို့ပြောမသွားတာလဲ အခုတော့တခြားသူပြောမှသိရတယ် "
"လိပ်ပြာတောင်းပန်ပါတယ် အခုလိပ်ပြာကိုစောင့်နေလို့ ဒါပဲနော် "
"နေဦး အခုဘယ်မှာလဲ ကိုယ်လာခေါ်မယ် "
"ကိုယ်ဘာဖြစ်နေတာလဲ သူများအမြင်မတော်အောင်လိပ်ပြာဘာလုပ်နေလို့လဲ တွေ့မှပြောတော့အခုဖုန်းချလိုက်တော့မယ် "
"ဟဲလို ဟဲလို ဟာကွာ "
ဟိုစိုင်းဆိုတဲ့ကောင်နဲ့သွားတွေ့နေတာလား
မသိဘူး ဒါမှမဟုတ်တခြားသူလား...သူမသူ့ကိုဘယ်သူနဲ့အတူရှိနေတယ်ဆိုတာမပြောပြလိုက်ခြင်းက သူမကိုသံသယဝင်စေခဲ့သည်။
°°°°°°°°
"မှာပြီးသွားပြီလားဟင် လိပ်ပြာကိုစောင့်နေရပြန်ပြီ အားနာလိုက်တာ "
"မှာပြီးသွားပါပြီ လိပ်ပြာကိုသဝန်တိုမဲ့သူရှိနေပြီထင်တယ် "
"အဲ အဲ့လိုပဲပြောရတော့မှာပေါ့ စကားမစပ်
ကိုမင်းဒင်ကဘာလုပ်ငန်းလုပ်တာလဲဟင်
စပ်စုတယ်လို့မထင်ပါနဲ့ တကယ်တော့လည်း စပ်စုလိုက်တာပါပဲ "
"မဟုတ်တာ ရပါတယ် Kalaw မှာ hotel
လုပ်ငန်းတွေရှိတယ် တခြားမြို့ မှာလည်း
လုပ်ငန်းတစ်ချို့ ရှိပါတယ် "
" သြော် ဟုတ်ကဲ့ "
"ကဲလာပြီ လိပ်ပြာကြည့်ပါဦး ကိုယ်မှာထားတာအဆင်ပြေရဲ့လား "
"ဟုက်ကဲ့ ပြေပါတယ် လိပ်ပြာကြိုက်တဲ့ဟင်းတွေပါတယ် "
"တော်သေးတာပေါ့ ကိုယ်ကြိုက်တဲ့ဟင်းတွေချည်းမှာလိုက်လို့လိပ်ပြာမကြိုက်မှာစိုးနေတာ"
"ဒါဆိုစားနော် ကိုယ်တော့ဟန်မဆောင်ဘူး
အဝစားမှာ "
"လိပ်ပြာရောပဲအလှမစားပါဘူး "
"အာ ကိုယ်တော့ဗိုက်တင်းသွားပြီ "
"အတူတူပဲ "
"ကိုယ်ပြန်လိုက်ပို့ပေးမယ်လေ "
"ရပါတယ် လိပ်ပြာမှာဆိုင်ကယ်ပါတယ် "
"သြော် ကိုယ်ရှင်းပြီးပြီနော် လိပ်ပြာရှင်းနေမှာစိုးလို့"
"ဟင် လိပ်ပြာဖိတ်ကျွေးတာပဲ လိပ်ပြာရှင်းမှာပေါ့ "
"လိပ်ပြာရှင်းချင်ရင်နောက်တစ်ခေါက်မှရှင်းတော့"
"ကိုမင်းဒင်ကတော့ "
"ကိုယ်ဖုန်းဆက်လို့ရတယ်မလား"
"အာ လိပ်ပြာ ကိုမင်းဒင်ဖုန်းဆက်တဲ့အချိန်
လိပ်ပြာအကြာကြီးဖုန်းမပြောနိုင်မှာစိုးလို့ပါ "
"ရပါတယ် ဆက်ချင်တဲ့သူကစောင့်ရမှာပေါ့ "
"ဟုတ်ကဲ့ ဒါဆိုလိပ်ပြာကိုခွင့်ပြုပါဦး "
" ကောင်းပါပြီဗျာ "
လိပ်ပြာအလုပ်ကိုပြန်ရောက်တော့ အစ်မသော်တာနဲ့တခြားမိန်းကလေးတွေရဲ့ မျက်နှာကမကောင်းကြပေ။ တစ်ခုခုဖြစ်ထားတဲ့ပုံပဲ...။
"အစ်မသော်တာ မျက်နှာလည်းမကောင်းဘူး ဘာဖြစ်ထားကြတာလဲဟင် "
"မြန်မြန် လိပ်ပြာ သူဋ္ဌေးလိပ်ပြာကိုစောင့်နေတယ် မြန်မြန်သွားလိုက် "
"အင်းပါ အင်း "
သေချာပါတယ် ကိုတစ်ခုခုဖြစ်နေပြီ၊ လိပ်ပြာကိုမပေါက်ကွဲရလို့ ဝန်ထမ်းတွေအပေါ်ပုံချထားတယ်နဲ့တူတယ်...။
"ဒေါက် ဒေါက် "
" ဝင်ခဲ့ "
" ကို "
ကို့ရဲ့ မျက်နှာတစ်ခုလုံးက မှုန်ကုပ်ကာမျက်လုံးတွေက ဒေါသအခိုးအငွေ့တွေထောင်းထောင်းထနေသည်။
"မင်းပြန်လာသေးတယ်ပေါ့ "
"ကို နေပါဦး ကိုဘာတွေဖြစ်နေတာလဲ
လိပ်ပြာကိုအေးဆေးပြောပါ "
"မင်းနဲ့မင်းဒင် ဘယ်လိုပတ်သက်လဲ ဘယ်လို သိကြတာလဲ "
"ကိုမင်းဒင် ကိုနဲ့ကိုမင်းဒင်က သိနေကြတာလား "
" ကိုယ်မေးတာပဲဖြေပါ "
"ကိုလိပ်ပြာကိုမအော်နဲ့နော် သူလိပ်ပြာကိုကူညီပေးဖူးတယ် အဲဒါကြောင့်ကျေးဇူးဆပ်တဲ့အနေနဲ့ ထမင်းလိုက်ကျွေးတာ ဒီလောက်ပဲ ကိုဒီလောက်ထိဖြစ်နေစရာမလိုပါဘူး "
"အေး မင်းဘက်ကကြည့်ရင်သေးတယ်ဆိုပေမဲ့ ကိုယ့်ဘက်ကကြည့်ရင်မင်းထင်ထားတာထက်ပိုတယ် "
"ကိုဘာတွေပြောနေတာလဲ လိပ်ပြာနားမလည်တော့ဘူး "
ကိုကလိပ်ပြာလက်မောင်းကိုဆုပ်ကိုင်ကာ
ပြောလာသည်က...
"မင်းဒင်နဲ့ငါကကမ္ဘာ့ရန်ဘက် ငါ့ရန်သူကိုထမင်းလိုက်ကျွေးတာ ငါ့ကိုဆန့်ကျင်လိုက်တာပဲ အဲဒါမင်းသိလား "
"အ နာတယ် လွှတ် လိပ်ပြာကို့ကိုမကြိုက်တာ အဲဒါပဲ အရာရာကိုစိတ်လိုက်မာန်ပါလုပ်တတ်တဲ့ ကို့အကျင့်ကိုပြင်စေချင်တယ် လွှတ် "
ကိုကလိပ်ပြာရဲ့ လက်ကိုလွှတ်ပေးလိုက်ပြီး...
"ပြော ဘယ်လိုပတ်သက်လဲ "
"ဘယ်လိုမှမပတ်သက်ဘူး ကိုဘာဖြစ်နေတာလဲ ကိုဘာကြိုက်တယ် ဘာမကြိုက်ဘူးဆိုတာမပြောဘဲ လိပ်ပြာကိုပဲအပြစ်မြင်နေတယ်၊ ကို့အချစ်ကဘာလဲ လိပ်ပြာသံသယဝင်လာ အောင်မလုပ်နဲ့နော် "
သူဒေါသအလျောက်ပြောလိုက်မိပေမဲ့ သူမ
ပြောလိုက်တဲ့စကားက သူ့နှလုံးသားကို
ဆူးနဲ့ထိုးနေသလိုပင်...။
"လိပ်ပြာ လိပ်ပြာ ကိုယ့်မျက်လုံးထဲမှာလိပ်ပြာနဲ့မင်းဒင်ကိုတွဲလျက်သားမြင်လာလို့ပါ ကိုယ့်အာရုံတွေဝေဝါးသွားချိန် လိပ်ပြာကိုဒေါသ အလျောက်ပြောခဲ့မိတာတောင်းပန်ပါတယ် "
လိပ်ပြာတစ်ကယ်နားမလည်တော့ဘူး ၊
အချစ်ကြီးချစ်တတ်သလို သံသယလည်းကြီး အမုန်းလည်းကြီးတဲ့ကို့ကိုလေ၊ သူလုပ်ချင်ရာကိုလုပ်တယ် လုပ်ပြီးလို့ပြန်တောင်းပန်ရင်လည်း အလွန်အကျွံပဲ....။
"ကိုယ့်ကိုကတိပေးပါ နောက်မင်းဒင်နဲ့မတွေ့
တော့ပါဘူးလို့ "
" နော် "
"အင်းပါ လိပ်ပြာရှောင်ပါ့မယ်၊ ဒါပေမဲ့ သူက
လိပ်ပြာကိုအရင်ဆက်သွယ်လာတာ အဲဒါကို
လိပ်ပြာ "
တတွတ်တွတ်ပြောနေတဲ့ သူ့ရှေ့မှသူချစ်တဲ့
ပန်းလေးကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ ကိုယ်ကြာရင်ရူးလိမ့်မယ် မင်းကိုသဝန်တိုရလွန်းလို့လေ ...။
လိပ်ပြာသိပါတယ် ကိုလိပ်ပြာကိုဘယ်လောက်ချစ်လဲဆိုတာ ကိုလိပ်ပြာကိုအရမ်းချစ်လို့ ဒီလိုမျိုးသဝန်တိုနေတယ်ဆိုတာ၊ ဒါပေမဲ့ တစ်ခါတလေ ကို့ရဲ့ သဝန်တိုမှုတွေက လိပ်ပြာအတွက်ကြိုးတစ်ချောင်းဖြစ်လာနိုင်တယ်။ ရှေ့ဆက်သွားလို့
မရအောင် ချုပ်ထားမဲ့ကြိုးလိုမျိုးပေါ့ ။ဘယ်ချက် အဲ့ကြိုးကြော င့်ချော်လဲမလည်းဆိုတာမသိနိုင်ဘူး။
ရင်တထိတ်ထိတ်နဲ့စောင့်မျှော်နေရသလိုပါပဲ....။
°°°°°°°°
မရဏစံအိမ် 🕍
"သခင်လေးပြန်လာပြီလား ထမင်းစားတော့မလား ကြီးမြအဆင်သင့်ပြင်ထားလိုက်မယ်လေ "
"နေ ကြီးမြ ကျွန်တော်မစားတော့ဘူး "
"ဒါနဲ့ ကျန်တဲ့သူတွေရော "
"ကျန်တဲ့သူတွေ သြော် အပေါ်မှာရှိတယ် "
သူအခန်းထဲဝင်မယ်အလုပ် သူအဖေနေတဲ့
အခန်းမှ စကားသံအချို့ ကြားလိုက်ရသောကြောင့် သူ့ခြေလှမ်းများရပ်တန့်သွားသည်။
"ကိုကြီး ဖြူတော့ပျော်တယ် သားနဲ့လိပ်ပြာလေးက နေနဲ့လရွှေနဲ့မြလိုပဲ လိုက်ဖက်တယ်နော် "
"ဟုတ်တယ် ကိုကြီးလည်းအဲဒါကြောင့်
သဘောတူလိုက်တာ "
"ဘာပဲပြောပြော ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲဖိတ်တာ အကောင်းဆုံးပဲ မဟုတ်လားကိုကြီး "
"ဟုတ်တယ် ကိုကြီးလည်းဖြူတူမလေးနဲ့ဆို
စိတ်ချတယ် "
"သြော် ဒီလိုလား "
တစ်ထောင်လိုချင်လို့တစ်ရာကို ထိုးကျွေးတဲ့သဘောပေါ့...ရတယ်လေ ခင်ဗျားတို့ချည်းဆိုရင် ပျင်းနေဦးမယ် အပျင်းပြေကျွန်တော်ပါ ဝင်ကစားပေးတာပေါ့၊ ဒါပေမဲ့ game တစ်ခုလုံးရဲ့ပဲ့ကို ဘယ်သူကိုင်မလဲဆိုတာကတော့ စိတ်ဝင်စားရာပဲ။ နောက်ဆုံး
ဒီ game ကိုအနိုင်ရမဲ့သူက ကျွန်တော်ပဲဖြစ်ရမယ်။
အငြိုးတွေ အာဃာတတွေက သူ့အသိစိတ်ကိုလွှမ်းမိုးသွားလိုက်တာ နက်ရှိုင်းပါတယ်ကြီးကျယ်မြင့်မြတ်ပါတယ် ခိုင်မြဲပါတယ်ဆိုတဲ့ အချစ်ကို မမြင်နိုင်တော့ဘဲ သူဘာတွေဆက်လုပ်ဦးမလဲဆိုတာ သူ့စိတ်ကိုသူကိုယ်တိုင်တောင် မခန့်မှန်းနိုင်တော့ပါဘူး...။
ဒါပေမဲ့ မျက်လုံးတစ်လုံးဆုံးရင်မျက်လုံးတစ်လုံး အသည်းနှလုံးတစ်ခုဆုံးရှုံးရင်အသည်းနှလုံးတစ်ခု ပြန်ပေးရမယ်ဆိုတာကိုတော့ သူတို့သိအောင်လုပ်ပြရမယ်...။
" Game start now "
°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°♥•°
အပိုင်း(၄၄) ဆက်ရန် >>>
#Ruby Linn