book

Index 4

အပိုင်း (၄)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖

---------------

မြတ်လေးညည်းညူနေတာကို ကြည့်ရင်းသူ့ဆီကအပူ
တွေကူးစက်လာသလိုပင်။ ရည်းစားမရှိသောကိုယ်ပင်
ရည်းစာပူမိနေသယောင်...။ သူငယ်ချင်းအချင်းချင်း အား
ပေးဖော် ကူညီဖော်တော့ ဖြစ်ပေးရမည်။

"ညှိညှိနှိုင်းနှိုင်းတော့ လုပ်ကြပေါ့ဟယ် သူ့ဘက်က အဲ့လောက်တောင် အပြစ်ရှာနေတာ အိမ်ထောင်ရပ်သားကျ
သေးတာမှမဟုက်ဘဲ... ချစ်သူရည်းစားဘဝနဲ့တင် အဲ့လောက် နင့်အပေါ်ကို နိုင်စားနေရင် ဘယ်လိုလုပ်မလဲ၊
မြတ်လေး နင့်မိဘတွေလည်းသိသေးတာမဟုတ်ဘူး ...
ငါပြောဖူးသားပဲ နင်ချစ်ပြီးစိတ်ချမ်းသာဖို့အရေးကြီးတယ်၊ နင့်ဘက်ကချစ်ပြီး စိတ်မှမချမ်းသာရင်ဘယ်လိုလုပ်
မလဲ၊ နင်စိတ်မချမ်းသာရင် ဖြတ်လိုက်လို့ မပြောချင်ဘူး မလွယ်မှန်းသိပါတယ်၊ ဒါပေမဲ့ နင့်ရဲ့ အရည်အချင်း၊ ဂုဏ်သိက္ခာ အဆင့်အတန်းနဲ့ဆိုရင် သူ့ထက်သာတဲ့သူတွေကို
ခေါင်းခေါက်ယူလို့ရပါတယ်ဟာ... စဉ်းစားပေါ့ အချိန်တွေအများကြီးရှိပေမဲ့ အချိန်မနှောင်းခင်သိဖို့လိုတယ်၊ နင်
စဉ်းစားပေါ့ စိတ်ဆင်းရဲရရင် နင်တစ်ယောက်တည်း စိတ်ဆင်းရဲရမှာမှမဟုတ်တာ သိထားပါ "

" Wow...ငါ့သူငယ်ချင်းကမသိရင် ရည်းစားအကြောင်း
နောကျေနေသလိုပဲ၊ ငါ့ထက်တောင်သိနေသေးတယ်
နင့်မှာ ချစ်သူမရှိတာ မအံ့သြတော့ပါဘူး"

လိပ်ပြာကလည်း လိပ်ပြာအဖေလို ယုံကြည်အားကိုးထိုက်တဲ့သူ မေတ္တာတရားကြီးမားတဲ့ သူကိုပဲငါလိုချင်မိပါတယ်။ လိပ်ပြာက ကိုယ့်အရည်အချင်း အစွမ်းအစနဲ့ အချုပ်
အနှောင်ကင်းကင်း အမှီအခိုကင်းကင်း ဖြတ်သန်းချင်တဲ့သူဖြစ်သည်။ လိပ်ပြာရဲ့အိမ်ထောင်ရေးကိုလည်း
အချစ်ရေးမပါဘဲနဲ့ တည်ဆောက်မှာမဟုတ်ဘူး...။

ဒါပေမဲ့ လိပ်ပြာချစ်တဲ့သူက ပြန်မချစ်ရင် လိပ်ပြာမိုက်ရူး
ရဲဆန်စွာ ဘယ်တော့မှ လက်ထပ်မှာမဟုတ်သလို လိပ်ပြာကို ပြန်ချစ်ခဲ့လျှင်လည်း သူ့ကိုပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု၊ တန်ဖိုးဖြတ်မရတဲ့ အချစ်တွေကိုသာပေးမည်မှာ
အမှန်ပင်ဖြစ်သည်။ လိပ်ပြာက ရည်းစားမလိုချင်ဘူး
တစ်ယောက်တည်းကိုသာ ချစ်ပြီး အဲ့တစ်ယောက်ထဲကိုပဲ လက်ထပ်မှာ။ အဲဒါလိပ်ပြာရဲ့ ခိုင်မာတဲ့ သံန္နိဋ္ဌာန်ပဲ။

" အံမယ် ရည်းစားရှိမှသိရမှာလား... ငါ့မှာလေ မျက်စိတွေ နားတွေနဲ့ပါနော်၊ နင်တို့ကိုကြည့်ရတာ ငါလေ ချစ်သူအ
သာထား အိမ်ထောင်ပြုဖို့တောင်ကြောက်တယ် သိလား..."

" ယုံပါဘူး ကျမ်းကျွံရင်နှုတ်လို့ရတယ် စကားကျွံရင်နှုတ်
လို့မရဘူးနော် ကြည့်ပြော"

"အဲ အိမ်ထောင်ဆိုမှသတိရတယ် ငါအလုပ်လုပ်တဲ့ coffee ဆိုင်မှာ သီရီနဲ့တွေ့တယ် ပိန်သွားလိုက်တာလေ"

"မင်္ဂလာကိစ္စရော မမေးလိုက်ဘူးလား... ငါတော့ အဲ့ကိစ္စကို အခဲကိုမကြေဘူး၊ တစ်မြို့ထဲနေ တစ်ရေထဲသောက်ပြီး ငါတို့ကိုတော့မဖိတ်ဘူး၊ စားချင်လို့ပြောတာမဟုက်မှန်း အိန်ဂျယ် နင်သိမှာပါ"

"ငါသိပါတယ်...မေးတော့မေးလိုက်သေးတယ်၊ အချိန်မရတာနဲ့ သေချာတောင်မပြောလိုက်ရဘူး...မအားလို့မဖိတ်တာလဲဖြစ်နိုင်တာပဲလေ စိတ်ထဲထားမနေပါနဲ့
ဒါနဲ့ အလုပ်ကိစ္စတွေရောအဆင်ပြေရဲ့လား"

"အင်းပြေတယ်...အိန်ဂျယ်နင်ရော နင့်အချိန်ပိုင်းအလုပ်တွေနဲ့ပြေရဲ့လား နင်လုပ်ချင်တာကိုလုပ်နေရတော့ မ
ပင်ပန်းဘူးမလား"

"အင်းအမှန်အတိုင်းပြောရရင် နည်းနည်းတော့ပင်ပန်းတယ်ဟ "

"ကုမ္ပဏီအလုပ်ရောမလုပ်ချင်ဘူးလား ငါသူဌေးကိုပြော
ပေးမယ်လေ အဲဒါဆိုငါတို့နှစ်ယောက် အမြဲတွေ့လို့ရပြီ"

"လုပ်တော့လုပ်ချင်တယ် အတွေ့အကြုံရတာပေါ့ အခုတော့ မဟုက်ပါဘူး နေ့တိုင်းတွေ့နေရပြီး ကိုယ့်အလုပ်နဲ့
ကိုစကားမပြောရလည်းဖြစ်လား... အခုဆိုတစ်ဝကြီးအေးဆေးပြောရတယ် ဟုတ်ဘူးလား"

"အိမ်မှာတင် မကျယ်တော့ဘူ နေရာတကာမှာကျယ်
နေပြီ မိအိန်ဂျယ်ရဲ့ "

"ဟား...ဟား...ဟား"

"ဟာ..10 :00 နာရီတောင်ခွဲနေပြီ ငါပြန်ပြီးရေမိုးချိုးလိုက်ဦးမယ်"

"ရန်ကုန်က ဧည့်သည်ကိုပဲအရေးလုပ်ပြီး ငါ့ကိုမေ့သွား
လို့ကတော့နော် ဒီမှာတွေ့လား"

မြတ်လေးက အံကြိတ်ကာလက်သီးဆုပ်လေးကို လေပေါ် မြှောက်ပြနေသည့်အတွက် တစ်ချိုးတည်းလစ်ခဲ့ရ
သည်။

အိမ်ပြန်ရောက်သည်နှင့် ရေမိုးချိုးကာ ဂျင်းဘောင်းဘီ နှင့် pullover ကိုဝတ်လိုက်ပြီး ရင်ဘက်တွင်နေကာမျက်
မှန်ကိုချိတ်ကာ အောက်ဆင်းလာခဲ့သည်။

°°°°°°°°°°°°°°°°°

ညရောက်သည်နှင့် သခင်လေးခိုင်းထားသည့်အတိုင်း
လက်နက်များကိုစစ်ဆေးကာ ဝတ်စုံပြည့်ဝတ်ပြီး နောက်ဆုံးအနေဖြင့်အနက်ရောင်မျက်နှာဖုံးစွပ်ကာ နောက်
လိုက် ၅ ယောက်နဲ့အတူ ချိန်းဆိုထားသော နေရာသို့ထွက်လာခဲ့သည်။

ရောင်းသူနှင့်ဝယ်သူနှစ်ဦးစလုံးဟာ မျက်နှာဖုံးဝတ်ထား
သည်မို့ မည်သူမည်ဝါဆိုတာမသိသော်လည်း မရဏ
(death) နာမည်ကြားသည်နှင့် အမှောင်လောကတစ်ခု
လုံး ဖိန့်ဖိန့်တုန်အောင်ကြောက်ရသော သြဇာအာဏာ
အရှိန်အဝါလည်းရှိသည်။

"ring...ring...ring"

ပြတင်းပေါက်ဘက်သို့မျက်နှာမူကာ ဆေးလိပ်သောက်နေရင်း ဖုန်းလာသည်မို့ ခုတင်ဘက်သို့ လျှောက်လာခဲ့သည်။တစ်ဖက်မှပြောလာသည်ကိုစူးစိုက်နားထောင်ရင်း...

"တောက်"

"စောက်သုံးကိုမကျဘူး....လိုက်ဖမ်းမလွတ်စေနဲ့၊
ငါမနက်ဖြန် အဲ့ကောင်သေတာပဲလိုချင်တယ်"

ဒေါသထွက်၍မျက်နှာတစ်ခုလုံးနီမြန်းကာ ဖုန်းကိုလက်ထဲ၌ ကျစ်ကျစ်ပါအောင်ဆုတ်ထားသည်။

°°°°°°°°°°°°°

"အိန်ဂျယ်သွားတော့မလို့လား.....လာထမင်းတော့စားသွားလိုက် တော်ကြာဗိုက်အောင့်နေဦးမယ်"

"မစားတော့ဘူ မေမေ၊ လေယာဉ် ဆိုက်ခါနီးနေမှာစိုးလို့ လွဲသွားရင်မကောင်းဘူးမလား"

📲 "You just want attention..." 📲

ဖုန်းမြည်သံနှင့်အတူ ကောက်ကိုင်လိုက်၍...

"ဟဲလို....မယ်ရောက်ပြီလား"

"စောင့်နေနော် ထွက်လာခဲ့မယ်"

"မေမေ လိပ်ပြာသွားတော့မယ်နော်"

မေမေကိုနှုတ်ဆက်ပြီး ဆိုင်ကယ်ဦးထုပ် ဆောင်းကာထွက်လာခဲ့သည်။

လိပ်ပြာ လေဆိပ်သို့ရောက်တော့ လေယာဉ်ဆိုက်နေပြီမို့ လေယာဉ်ပေါ်မှဆင်းလာသူများလာကြိုသူများနှင့်
ရှုပ်ယှက်ခတ်နေသည်။ မယ်ဘယ်မှာများလဲလွဲပြီလားမသိဘူး...။

အနောက်မှ လိပ်ပြာပခုံးကို ပုတ်လာသောကြောင့် လှည့်ကြည့်လိုက်ချိန် နေကာမျက်မှန်ချွတ်၍ ပြုံးပြနေသော
မိန်းကလေး...။

"ပန်းလိပ်ပြာ......လိပ်ပြာဟုတ်ပါတယ်နော်"

"မယ်...သင်းယုမယ် "

နာမည်ကိုတိုးတိုးသာရေရွတ်ရင်း မိတ်ကပ်ရောင်အကျီလက်ပြက်က ဘောင်းဘီနှင့်
တစ်ဆတ်တည်း ခန္ဓာကိုယ်ကျစ်လျစ်သွယ်လျမှုကြောင့်
ကောက်ကြောင်းကာပေါ်လွင်ကာ ဖြူဝင်းသောအသား
အရည်က ပို၍ပင်ထင်ရှားစေပါသည်။

ပါးဖောင်းဖောင်းလေးနဲ့ အနီရောင်ဆိုးထားသော နှုတ်ခမ်းသားတို့က ခပ်ပါးပါး၊ ကျောထိရှည်သောဆံပင်တို့ကို အဖျားတွင်သာ ကောက်ထားပြီး လက်တစ်ဖက်က suitcase ကိုဆွဲထားသည်မှာ smart ဖြစ်လှသည်။

"ဟိတ်....တို့ကိုမှတ်မိပါတယ်နော်"

မယ်ပြောမှသတိရကာ...

"မှတ်မိပါတယ်မယ်ရဲ့ ... လာသွားရအောင် ဆိုင်ကယ်ပါလာတယ်"

"ဆိုင်ကယ်! မယ်စီးချင်တာနဲ့အတော်ပဲ"

"ဒါဆိုအ်ိမ်ကိုတန်းမောင်းပြီနော်..."

"အင်း "

အိမ်ရောက်တော့ မယ့်လက်ကလေးအား ဆုပ်ကိုင်လျက်...

"မေမေ လိပ်ပြာတို့ပြန်လာပြီ "

"ပြန်လာပြီလား...ဒီမှာလာထိုင် အမောပြေ အအေး
လေးသောက်လိုက်ပါဦး "

မေမေက ဧည့်ခန်းထဲတွင်နေရာချပေးပြီး အသင့်ဖျော်ထားသော သံပုရာရည်ကိုတိုက်သည်။

"မယ်... ဒါကလိပ်ပြာမေမေ ဒေါ်သစ်ခွဖြူ ၊ဒါကတီလေး
ဒေါ်ပုလဲသွယ်၊ ကြီးခင်ကတော့ fashion ဆိုင်ကိုအစောကြီးသွားပြီ၊ ဖေဖေဦးသူရ ကတော့ လိမ္မော်ခြံကိုသွားတယ်မယ်ရဲ့ "

မယ့်အားတစ်ဦးချင်းမိတ်ဆက်ပေးနေသည်။

"အန်တီ မယ့်နာမည်က သင်းယုမယ်ပါ၊ ကိုယ့်သမီး အရင်းတစ်ယောက်လို သဘောထားပြီး အမြင်မတော်တာ ဆိုဆုံးမနိုင်ပါတယ်"

"သမီးက လိမ်မာရေးခြားရှိမဲ့ပုံပါ၊ အိန်ဂျယ်သမီးဘေးက
အခန်းကို မေမေရှင်းထားတယ်၊ လိုက်ပြလိုက်ဦး... သမီး
မယ် အေးဆေးအနားယူဦး ပြီးမှထမင်းစားတာပေါ့"

"ဟုက်ကဲ့ "

မယ်၏ suitcase ကိုဆွဲကာလိပ်ပြာကဦးဆောင်၍ အပေါ် ထပ်သို့ ခေါ်သွားသည်။

"မယ်ရေချိုးချင်ရင်ချိုး အေးဆေးအနားယူဦးပေါ့ ပြီးမှလာခေါ်မယ်နော်"

မယ်အားနှုတ်ဆက်ပြီးအခန်းထဲသို့ ဝင်လာလိုက်သည်။

°°°°°°°°°°°°°°°

"သခင်လေးခိုင်းထားတဲ့ ကိစ္စတွေကျွန်တော်အကုန်လုပ်
ပြီးပါပြီ၊ ဒါပေမဲ့ သူတို့က ပန်းကလေးတွေကိုပါလိုချင်တယ်လို့ပြောပါတယ်..."

ပန်းကလေးတွေဆိုတာ အပျိုစစ်စစ် ၂၀ ကျော်လေးများ
သာဖြစ်သည်။ အထူးသဖြင့် အဖူးအညွှန့်ကလေးများသာဖြစ်သည်။

"စီစဉ်ပေးလိုက် ဘယ်လောက်လိုချင်တာလဲ"

"အယောက် ၃၀ ပါ၊ ကျွန်တော်တို့မှာအဲ့လောက်မရှိပါဘူး"

"စျေးဘယ်လောက်လဲ"

"တစ်ယောက်ကို သိန်း ၅၀၀ ပါ"

"၁၀၀ လိုချင်တယ်လို့ပြောလိုက်၊ သဘောတူရင်ရှာပေး
လိုက်၊ ကိုယ့်လူတွေမပါစေနဲ့"

သခင်လေးကဒီအလုပ်ကို လုပ်နေပေမဲ့ နှလုံးသားမဲ့စွာ
ငွေတစ်မျက်နှာပဲကြည့်တဲ့သူမဟုက်၊ Bar တို့ KTV ၊
Nightclub တို့သခင်လေးပိုင်လုပ်ငန်းထဲမှ မည်သူတစ်
ဦးတစ်ယောက်မျှ အထိပါးခံသူမဟုတ်ပါ၊ သစ္စာမရှိသူတို့၏ သွားရာလမ်းသည်လည်းတစ်လမ်းပင် မရဏ ဆိုတဲ့သေခြင်းတရားပင်ဖြစ်သည်။

"ဟုက်ကဲ့ပါ သခင်လေး... သခင်လေးမျက်နှာလည်းမ
ကောင်းပါလား ဘာများဖြစ်လို့လည်း တစ်ခုခုဖြစ်လို့လား..."

သခင်လေးမျက်နှာသည် မနက်ထဲကပင်သောက်ထား
ဟန်ရှိသောကြောင့်ဖြစ်သည်။သခင်လေးကစိတ်ညစ်စရာရှိမှသာ သောက်တတ်သောကြောင့် သူစိတ်ပူမိတာ
အမှန်ပင်ဖြစ်သည်။

"မလိုဘူး...သွားတော့"

အကြောင်းကိစ္စတစ်ခုခုရှိမှန်းသိပေမဲ့ ဒီအတိုင်းပင် လှည့်ထွက်ခဲ့သည်။

"မနက်မိုးလင်းထဲက ရင်ထဲမှာ ဟာတာတာနဲ့ တစ်ယောက်ယောက်က တစ်စုံတစ်ခုကိုရင်ထဲကဆွဲထုတ်သွားလို့

နင့်နေအောင်နာကျင်ခံစားရသလို၊ ရင်ဘက်တစ်ခုလုံးပူ
လောင်နေသည်။ မေ့နေသောမွေးနေ့ကို သတိပေးလိုက်
သလို၊ အနာဟောင်းကိုဆွပေးလိုက်သလိုနဲ့မနေ့ကဖုန်းဆက်လာခဲ့တာ သွေးရိုးသားရိုးမှဟုက်ရဲ့လား..."

ရင်ဘက်ထဲက အနာကျက်သွားပေမဲ့ အနာရွတ်ကတော့
ကျန်ခဲ့စမြဲပင်မို့ အမာရွတ်ကိုအပ်တစ်ချောင်းထိုးစိုက်လိုက်တိုင်း ဒီရင်ဘက်ထဲမှာမီးမြိုက်လိုက်သလိုပင်၊ အခုလည်းမေ့ပျောက်ငြားသောက်နေသော်လည်း အချည်းနှီးပင်...။

°°°°°°°°°°°°°°°°°°°°°

"ဒေါက်...ဒေါက်"

"မယ်ရေ ပြီးပြီလား.....ထမင်းသွားစားရအောင်လေ"

"ချလပ် "

တံခါးဖွင့်သံနှင့်အတူ T Shirt အကျီနဲ့ဘောင်းဘီပွပွကို
ဝတ်ထားပြီး ဆံပင်ကိုမြင့်မြင့် စည်းနှောင်ထားကာ သဘာဝအလှဖြင့်လှပနေသော မယ့်ကိုတွေ့လိုက်ရသည်။

"အင်းပြီးပြီ သွားရအောင်"

လိပ်ပြာက ဆံပင်နှစ်ဖက်ကို ခွဲစီးထားပြီးအနက်နဲ့အဖြူကိုရောစပ်ထားသည့် စပန့်ဝမ်းဆက်ဒူးအုပ်ကို ဝတ်ဆင်ထားပုံမှာ ကလေးတစ်ယောက်ပမာ အပြစ်ကင်းစင်လှသည်။

"လာသမီးတို့ ဒီမှာလာထိုင် အန်တီကစပါယ်ရှယ်ချက်ထားတာ ကုန်အောင်စားရမယ်နော်"

"အာနာလိုက်တာအန်တီရယ်... မယ် လာရှုပ်သလိုများ
ဖြစ်သွားပြီလားမသိဘူး... "

"မဟုတ်တာ အိန်ဂျယ်ထည့်ပေးလိုက်လေ"

"မယ်... ဒါက ရှမ်းမျှစ်ချဉ်၊ ဒါလေးကကြက်ပေါင်ရှမ်းသုပ်၊
ဒါလေးက ဆတ်သားခြောက် ထည့်စားနော် အားမနာနဲ့"

ပြောပြောဆိုဆိုနဲ့ မယ့်ပန်းကန်ထဲသို့ ဟင်းများထည့်ပေးလိုက်သည်။

"အားမနာပါနဲ့ မယ့်အတွက်တကူးတကကြီး ချက်ပြုတ်ထားတာမဟုတ်ပေမဲ့ စေတနာတွေပါပါတယ်..."

လိပ်ပြာတို့မိသားစုကိုကြည့်ပြီး ရင်းနှီးဖော်ရွေမှန်းသိပါသည်။ အားလည်းကျမိပါသည်။ မိသားစုမရှိတဲ့ မယ့်အဖို့
မိသားစုတစ်ခုရလိုက်သလိုခံစားရပါသည်။

ထမင်းစားပြီးသည်နှင့် အချိုပွဲများနှင့် ဧည့်ခံသေးသည်မို့ မယ့်အဖို့အားနာမိပြန်သည်။

"ဒါနဲ့သမီးမယ်က အလုပ်ကိစ္စနဲ့ဆိုတော့ ကြာကြာနေလို့ရတာပေါ့"

"ဟုက်ကဲ့...အလုပ်ကမဝင်ရသေးပါဘူး မယ်က ၁ ပတ်
လောက်စောပြီးလာခဲ့တာပါ၊ လိပ်ပြာနဲ့လည်းအေးဆေး
တွေ့ရအောင်စောလာခဲ့တာ၊ ကုမ္ပဏီက hotel စီစဉ်ပေးပြီးသားပါ၊ အလုပ်ဝင်ရင် hotel ကနေပြီး သွားမယ်လို့
စဉ်းစားထားပါတယ်"

"မဟုတ်တာပဲ....ဒီမှာလိပ်ပြာလည်းရှိနေတာပဲ ဘာအဆင်မပြေတာရှိလို့လဲ အားမနာနဲ့ပြောနော်"

မေမေက မယ်အားနာမှာစိုးလို့ ပြောနေခြင်းပင် လိပ်ပြာလည်း...

"ဟုတ်သားပဲ လိပ်ပြာကိုမခင်လို့လားဟင် ဒါမှမဟုတ်... "

"မဟုက်ပါဘူး ခင်ပါတယ် ခင်လို့ပဲ လာလည်တာပေါ့
မယ်ကတစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေရတာကြိုက်လို့ပါ...ရန်ကုန်မှာလည်းတစ်ယောက်တည်း
နေခဲ့တာလေ အဲဒါကြောင့်ပါနော် "

လိပ်ပြာပြောလို့မဆုံးမိ ကြားဖြတ်၍ပြောလိုက်ရသည်။
တကယ်ပဲ တစ်ယောက်တည်းနေရတာကိုသဘောကျတာပါ။ မိသားစုနဲ့နေတာများရင်ခွခွာခါနီးကျရင် မယ်ပဲခံစားရမှာလေ၊ မယ်အကျင့်မပျက်ချင်ပါဘူး...။

"ဟုတ်ပါပြီ မယ့်သဘောပါပဲ "

"ကဲ... နှစ်ယောက်စကားပြောကြဦး"

တီလေးက ပြောပြီးသည်နှင့် မီးဖိုခန်းထဲသို့ဝင်သွား၏။ မေမေကလည်း အပေါ်ထပ်သို့တက်သွားသည်။

"မယ်ခြံထဲသွားကြည့်ရအောင် ပန်းတွေအများကြီးစိုက်
ထားတယ်၊ မယ်ကြိုက်မှာသေချာတယ်"

°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°

အပိုင်း(၅) ဆက်ရန် >>>

#Ruby Linn


rate now: