book

Index 39

အပိုင်း (၃၉)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖အမုန်းရန်များပျက်ပြယ်သော်

                                (or)

             အချစ်များဖြင့်ဖန်ဆင်းမည် 💖


---------------


မရဏစံအိမ် 🕍


သူအပြင်သွားရန်နှစ်ဖက်ပွင့်လှေကားကနေ

ခပ်မှန်မှန်ဆင်းလာခဲ့သည်။ ထိုအချိန်

အောက်ထပ်တွင်စကားပြောသံသဲ့သဲ့ကို

ကြားလိုက်ရ၏။ လှေကားထစ်တစ်ဝက်

လောက်ကနေ အောက်ကိုငုံ့ကြည့်လိုက်တော့

သူ့ဖခင်နဲ့နောက်မိန်းမစကားပြောနေကြတာပင်။ ဘာပြောနေတာလဲဆိုတာသိရအောင် လှေကားအကွယ်ကနေ နားစိုက်ထောင်နေလိုက်သည်။ 


"ဖြူရယ်မသွားလို့မရဘူးလား..."


"ဖြူလည်းမသွားချင်ပါဘူး သမီးကျောင်းကိစ္စကရှိနေသေးတယ်လေ "


" ကိုကြီးလည်းလိုက်ချင်ပါတယ်..."


" ရပါတယ် ဖြူတို့ပြောထားတဲ့အစီစဉ်အတိုင်းပဲပေါ့ စိတ်ချပါသူ့ဘာသာသူအဆင်ပြေသွားပါလိမ့်မယ် "


"ဟုတ်ပါပြီ ကိုကြီးလည်းအဲလိုပဲမျော်လင့်ပါတယ်"


သူတို့တွေဘာကိုစီစဉ်ထားတာလဲ...အခန်းထဲမှာမဟုတ်ဘဲ ဒီလိုမျိုးသူလာမဲ့အချိန်မှအံကိုက်ပြောတာဘာသဘောလဲ....သွေးရိုးသားရိုးမှဟုတ်ရဲ့လား။


°°°°°°°


"သူဋ္ဌေးလေး ဒီကျောက်စိမ်းတုံးကိစ္စကိုဘယ်လိုလုပ်မလဲ..."


"ရှိုင်း ငါမေ့ထားတဲ့ကိစ္စကိုမင်းလာအစဖော်နေတာပဲ "


" အဲလိုမဟုတ်ပါဘူး ဆုံးရှုံးသွားတဲ့ငွေအတွက်ပါ "


"ဒီတစ်ခါကိစ္စက သူတော်လို့ခံလိုက်ရတာမဟုတ်ဘူး ငါညံ့လို့ငါခံရတာ ထင်းခွေမကြုံရေခတ်တော့ကြုံဦးမှာပဲ...."


"သူဋ္ဌေးလေး ဦးမိုထက်ကတွေ့ချင်လို့ပါတဲ့ "


" အထဲလွှတ်လိုက် "


" ရှိုင်းသွားတော့ "


"ထိုင်ပါဦး ဦးမိုးထက် "


ဧည့်ခန်းထဲက ဆိုဖာတွင်မျက်နှာချင်းဆိုင်ထိုင်ပြီး ဘယ်ခြေပေါ်ညာခြေချိတ်လျက်စားပွဲပေါ်မှကော်ဖီခွက်ကို လှမ်းယူလိုက်ရင်း...


" အကြောင်းကိစ္စရှိလို့လား "


" ဆိုပါတော့ "


" ပြောပါဦး "


"ဟိုတလောက သတိုးတေဇလုပ်တဲ့အရေးကြီးတဲ့လူတွေပဲရွေးဖိတ်တဲ့ပွဲမှာ ကိစ္စအကြီးကြီးဖြစ်သွားတယ်ဆိုတာသိလား..."


" ဘာကိစ်စလဲ "


"ဒီကိစ္စကို သူဋ္ဌေးလေးမသိတာမယုံနိုင်စရာဘဲ..."


"စကားပုလ္လင်ခံပြီးရှည်ရှည်ဝေးဝေးပြောမနေနဲ့ လိုရင်းပြော "


"လိုရင်းဆိုရင်တော့ အခုသတိုးတေဇမှာ

အားနည်းချက်ရှိနေပြီ အဲ့အားနည်းချက်ကိုကိုင်ပြီးသူ့ကိုအလဲထိုးရမယ်...အဲ့ပွဲမှာ

မိန်းကလေးတစ်ယောက်နဲ့ပတ်သက်ပြီး 

ဖြစ်သွားတာ သူတော်တော်ကြွေနေတဲ့ပုံပဲ၊ 

ဘာပဲဖြစ်ဖြစ်အားနည်းတဲ့မိန်းကလေးတစ်ယောက်ဟာ ယောက်ျားတစ်ယောက်ကို

ထိုးနှက်တဲ့နေရာမှာတော့ လက်နက်ဖြစ်သွားရတာပါပဲ... အဟွန်း "


"ဘယ်သူလဲ အဲ့မိန်းကလေးနာမည် ပြီးတော့

တစ်ကယ့်အားနည်းချက်ရောဟုတ်ရဲ့လား 

လုပ်ဇာတ်မဖြစ်နိုင်ဘူးလား..."


"လုံးဝမဖြစ်နိုင်ဘူး...ဘာလို့ဆို သူ့ပါးကိုချပြီး ထွက်သွားတဲ့မိန်းကလေးနောက် ခခယယနဲ့လိုက်ပြီးတောင်းပန်စရာမှမလိုတာ... ဒါနဲ့ ဘာပါလိမ့် ဒီမိန်းကလေးနာမည်က ပန်းတော့ပါတယ် "


ပန်း...မဖြစ်နိုင်ပါဘူး ပန်းပါတဲ့နာမည်တွေမှ

အများကြီး သူထင်သလိုမဖြစ်နိုင်ပါဘူး...။ 


"ပန်း....ဟို ပန်း လိပ်...ပန်းလိပ်ပြာ ဟုတ်တယ် "


ပန်းလိပ်ပြာ ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့

ကော်ဖီခွက်ကိုင်ထားတဲ့ သူ့လက်တွေမသိမသာတုန်ယင်သွားသည်။ 


"သူဋ္ဌေးလေး သူ့ကိုသိလို့လား...."


"......"


" သူဋ္ဌေးလေး..."


" ဒါပဲမလား "


" ဟုတ်ပါတယ် "


"ဒါဆိုအလုပ်လေးရှိသေးလို့ "


" ကောင်းပါပြီ ခွင့်ပြုပါဦး "


ဦးမိုးထက်ထွက်သွားသည်နှင့် ရှိုင်းကိုသူခေါ်လိုက်သည်။


"သတိုးတေဇနဲ့ပန်းလိပ်ပြာဘယ်လိုပတ်သက်လဲ အသေးစိတ်သိချင်တယ် အမြန်ဆုံး "


"ဟုတ်ကဲ့ပါ သူဋ္ဌေးလေး "


သူ့လက်ထဲမှ ကော်ဖီခွက်ကိုစားပွဲပေါ်သို့ 

ခွက်ခနဲ အသံမြည်အောင်တင်လိုက်သည်။ 


"မင်းငါ့ဆီကဘာပဲလိုချင်လိုချင် ငါပေးနိုင်တယ် ပန်းလိပ်ပြာကလွဲလို့ ငါ့ဘဝမှာပထမဆုံးငါ့နှလုံးသားကို လှုပ်ခတ်စေတဲ့မိန်းကလေးကို ငါပဲပိုင်ဆိုင်ရမယ်၊ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် စောင့်ကြည့်နေလိုက် "


သူ့စကားတွေကို သူ့လုပ်ရပ်တွေက တစ်နေ့တော့ သက်သေပြသွားပါလိမ့်မည်။


°°°°°°°°°°°°

 

"ဒေါက် ဒေါက် "


" ဝင်ခဲ့ "


" သားအလုပ်မှာအဆင်ပြေရဲ့လား..."


"ဘာကိစ္စရှိလို့လဲ"


"အဖေ သားဆန္ဒကိုမေးချင်လို့ပါ "


"......"


" သတိုးတေဇစံအိမ်မှာ လူမနေတာလည်းကြာပြီ အဲဒီတော့ အဲ့အိမ်ကိုရောင်းလိုက်ရင်ရော..."


" ဘာပြောတယ် ကျွန်တော်နားကြားမှားတာ

တော့မဟုတ်ပါဘူးနော် "


"မဟုတ်ပါဘူး အဖေရောင်းချင်နေတာကြာပါပြီ၊ မပြောဖြစ်တာပဲရှိတယ်....ဖြူကလည်းအဖေ့ဆန္ဒနဲ့တူတူပဲလေ၊ အဲဒါသားဆန္ဒကိုမေးကြည့်တာ"


"ကျွန်တော့်ဆန္ဒက အရေးကြီးလို့လာမေးတာပေါ့၊ ကိုယ့်မှာဦးနှောက်ရှိရင်တခြားသူပြောတဲ့စကားကို ဘာမှနားယောင်နေစရာမလိုဘူး...အဲ့အိမ်ကို ကျွန်တော်ပိုင်တယ် မရောင်းနိုင်ဘူး...ကျွန်တော်ဒီထက်ပိုပြီးမပြောမိခင်သွားပါတော့ "


"အဖေကသားဆန္ဒကိုအလေးနက်ထားလို့မေးတာပါ...သားဆန္ဒကသာ အရေးကြီးတာပါ သားသဘောပါကွယ် "


ဦးဘုန်းတေဇအခန်းထဲမှထွက်ရန် တံခါးလက်ကိုင်ကိုလက်လှမ်းပြီးမှ ပြန်လှည့်လာကာ...


"ဒါနဲ့ သားပွဲမှာဖြစ်ခဲ့တဲ့ကိစ္စကို သားဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ....အဖေစုံစမ်းရသလောက်တော့မိန်းမကောင်းလေးပါ သူ့မိဘတွေကလည်းမျိုးရိုးသန့်ထဲကပဲ...သားကောင်မလေးကို သားတစ်ကယ်ချစ်မြတ်နိုးရင် အချိန်ဆွဲမနေဘဲ မြန်မြန်

လက်ထပ်သင့်တယ်လို့ထင်တယ်...မိန်းကလေးဘက်ကိုလည်း ကြည့်ပေးရမယ်လေ သားအတွက်ပြောတာပါ "


"......"


သူ့အဖေထွက်သွားတော့မှ ဝရန်တာတံခါးကို

အသာဖွင့်ကာ အပြင်ထွက်မတ်တပ်ရပ်နေမိသည်။


သူ့အဖေစိတ်ထဲဘာတွေတွေးနေတာလဲ...

ဘာတွေလုပ်နေတာလဲ....သူ့အဖေရဲ့စိတ်ကိုသူနားမလည်တော့ဘူး၊ သူ့အတွက်ပြောနေတာလား သူ့ကိုအချိုသက်နေတာလား....ဒါပေမဲ့ တစ်ခါမှမရတော့ဘူးလို့တွေးထားခဲ့တဲ့ သူ့အဖေရဲ့ မေတ္တာ

ကို ဒီနေ့ရခဲ့တယ်ထင်တယ်....သူ့အဖေပြောခဲ့တဲ့စကားတွေထဲမှာ နောက်ဆုံးပြောခဲ့တဲ့စကားကမှန်တယ်လို့ထင်တယ်၊ ဖြစ်သွားတဲ့ကိစ္စက လူသိရှင်ကြားလေ လက်မထပ်ချင်သေးရင်တောင် အရင်ဆုံးစေ့စပ်ထားသင့်တယ်လို့သူလည်းထင်တယ်။ 


°°°°°°°


"ကို လိပ်ပြာကိုဘယ်ခေါ်လာတာလဲဟင် "


"လိပ်ပြာကို အဂ္ဂခေါ်လာခဲ့ဖူးတဲ့အိမ်ကို ကိုယ်အခုခေါ်လာတာလေ "


"သြော် ဘာလုပ်ဖို့လဲဟင် hotel မှာအလုပ်တွေရှိသေးတယ်မလား "


"ဟိုရောက်ရင်သိမှာပေါ့ အလုပ်တွေအရမ်းလုပ်ချင်နေတယ်ဟုတ်လား...လုပ်ရမယ် "


" ကိုနော် "


" လိပ်ပြာနော် "


" မဟုတ်ဘူး baby "


" ဟွန်း "


မနိုင်ပါဘူးသူ့ကို လိပ်ပြာကိုတစ်ခါတစ်ခါ

ချစ်စနိုးနဲ့ baby လို့လဲခေါ်တတ်သေးတယ်

အဲ့အသုံးအနှုန်းကို လိပ်ပြာအခုထိနားမယှဉ်

သေးတဲ့အပြင် သူ့ကို ကိုလို့ လိပ်ပြာကိုအကျပ်ကိုင်ပြီး ခေါ်ခိုင်းတုန်းကဆို လိပ်ပြာမှာ ဘုမသိဘမသိနဲ့ခေါ်ခဲ့ရတာ၊ ပြီးမှကိုယ်

ဘာသာပြန်ရှက်ပြီး ပါးစပ်မရဲတော့တဲ့အပြင် အသည်းတယားယားနဲ့....။ 


°°°°°°°°°°°°


အဲ့နေ့ကို လိပ်ပြာအခုထိမှတ်မိနေသေးတယ်....


" လိပ်ပြာ "


" လိပ်ပြာ " 


" ဘာလဲ ဦးသတိုးလိပ်ပြာအနားမှာရှိနေတာပဲ ပြောပါလား ဒီမှာစားရင်းတွေကိုက်မကိုက်စစ်နေတယ်မတွေ့ဘူးလား...."


"လိပ်ပြာ ကိုယ့်ကိုကြည့် "


" No "


" လိပ်ပြာ "


သူကစိတ်မရှည်တော့သည့်သဘောဖြင့် 

သူ့ထိုင်ခုံမှထလာကာ လိပ်ပြာရှေ့မတ်တပ်

ရပ်လိုက်ပြီး ခေါင်းငုံ့ကာစာရင်းစစ်နေတဲ့

လိပ်ပြာကို မေးစေ့မှသူ့လက်ဖြင့်ဆွဲပင့်ကာ

မော့စေသည်။ 


" ကဲပြော စာရင်းတွေမှားရင်ဦးသတိုးကြောင့်နော်"


"လိပ်ပြာ ကိုယ့်စကားကိုယ်မေ့နေပြီလား...."


"ဟင် ဘာစကားလဲ "


"အလုပ်နဲ့ကိုယ်ရေးကိုယ်တာကိုမရောထွေး

 ပါဘူးဆို "


" အင်းလေ "


"ဒါဆိုကိုယ့်ကို ဘာလို့ဦးသတိုးလို့ခေါ်နေသေးတာလဲ"


"သြော် ဒါလား အခုလည်းအလုပ်ထဲမှာပဲလေ ပြီးတော့ဦးသတိုးပဲ အဲလိုခေါ်ဆို ဘာဖြစ်ရပြန်တာလဲ"


"ကိုယ့်ချစ်သူက ကိုယ့်ကိုဦးတပ်ပြီးခေါ်တာ

ကောင်းလား "


"ကောင်းပါတယ် ရိုသေတာပေါ့ "


"မကောင်းဘူး ကိုလို့ပဲခေါ်ရမယ် "


"ဟာ  ပစ္စည်းစာရင်းတွေအတိအကျပေးပါဆို ပြီးခဲ့တဲ့လတုန်းကဟာကျန်ခဲ့ပြီ "


"ခဏလေးနော် ဦးသတိုးလိပ်ပြာပြန်လာခဲ့မယ် ပြီးမှဆက်ပြော "


ထိုင်ခုံမှထကာတံခါးဆီသွားဖို့အပြင် လိပ်ပြာကိုသွားလို့မရအောင် နောက်ပါးဆီမှသိုင်းဖက်လာသည်။ တွန့်ခနဲဖြစ်သွား၍ အသာရုန်းဖို့ကြိုးစားရင်း... 


" လိပ်ပြာမကြိုက်ဘူးနော် သူများမြင်သွားရင်လည်းမကောင်းဘူး..."


"ဒါဆိုခေါ်လေ မခေါ်ရင်ဒီအတိုင်းပဲနေရမယ်

 ကိုယ့်အတွက်ကပိုတောင်ကောင်းသေး "


" ဟာ "


သူကလိပ်ပြာကို ပုခုံးမှဆွဲလှည့်ကာမျက်နှာချင်းဆိုင်စေပြီး....


"ကိုယ့်ကိုချစ်တယ်မလား..."


" အင်း "


"ဒါဆိုဘာလို့ခေါ်ဖို့ဝန်လေးနေတာလဲ "


"ဟို လိပ်ပြာမခေါ်ရဲလို့ပါ "


"ခေါ်မှာလားမခေါ်ဘူးလား "


လိပ်ပြာမျက်နှာနား တရိပ်ရိပ်တိုးလာပြီဖြစ်တဲ့သူ့မျက်နှာကြောင့် လိပ်ပြာမျက်လုံးစုံမှိတ်ကာ...


" ခေါ်မယ် "


ပြီးမှမျက်လုံးပြန်ဖွင့်လိုက်ပြီး...


" ကို "


လို့ခေါ်လိုက်တော့ သူ့မျက်နှာမှာကျေနပ်ပီတိဖြစ်နေတဲ့အပြုံးကိုမြင်လိုက်ရသည်။ လူလည်... လည်တာမှ ပန်ကန်ရှုံးတဲ့ ဂျင်ပေါ်က ထုံးစက်လေးပါလေ။ 


°°°°°°°°


"ကဲ ရောက်ပြီ လိပ်ပြာ "


" ရှင် "


"ဘာတွေစဉ်းစားနေတာလဲ "


"မဟုတ်ပါဘူး "


"လာ ဆင်းမယ် "


လိပ်ပြာကားပေါ်မှ ဆင်းလိုက်ပြီးခြေစုံရပ်လိုက်ချိန် ကိုကလိပ်ပြာရှေ့ သူ့လက်တစ်ဖက်ကမ်းလာသည်။

လိပ်ပြာသူကမ်းပေးလာတဲ့လက်ကို ရဲဝင့်စွာ

လှမ်းကိုင်လိုက်ပြီးနောက် နှစ်ယောက်သား

အိမ်ထဲဝင်လာကြသည်။ လိပ်ပြာအိမ်ထဲသို့

ခြေထောက်ချလိုက်ချင်း ကြမ်းပြင်ပေါ်မှဖုန်တွေက လိပ်ပြာခြေဖဝါးပေါ်ကပ်ပါလာသည်။ 


အိမ်ကလူမနေတာကြလို့ မပျက်စီးပေမဲ့

သန့်ရှင်းရေးမလုပ်တာကြာပြီမို့ ကြမ်းပြင်

ဆိုဖာပေါ်နှ င့်စားပွဲခုံပေါ်တွင်ဖုန်များအလိပ်

လိုက်တက်နေသည်။ 


"လိပ်ပြာ ရေသောက်ချင်တယ် "


"ဒီကနေတည့်တည့်သွားပြီး ဘယ်ဘက်ချိုးလိုက် အဲ့မှာမီးဖိုချောင်ရှိတယ်...အဲ့ထဲကရေခဲသေတ္တာကိုဖွင့်ပြီး ယူသောက်လိုက်နော် "


" အင်း "


လိပ်ပြာရေခဲသေတ္တာကို ဖွင့်လိုက်တာနဲ့

အသီးအရွက်မျိုးစုံ အသားငါးမျိုးစုံနှင့် 

အသင့်စားမုန့်မျိုးစုံကိုတွေ့ရသည်။ 


" ဘယ်သူထည့်ထားတာပါလိမ့် "


လိပ်ပြာရေသောက်ပြီးထွက်လာတော့ ကိုက

အကျီလက်ရှည်ကို တံတောင်ဆစ်နားထိ

ခေါက်တင်ကာ ဆိုဖာတွေကိုသန့်ရှင်းရေး

လုပ်နေသည်။ 


" လိပ်ပြာလည်းကူမှာပေါ့ "


လို့ ပြောကာ ကို့ဆီလျှောက်လာစဉ် သူကလိပ်ပြာဘက်လှည့်ကာ သူ့လက်ထဲမှစားပွဲခင်းကိုဖုန်ခါလိုက်သ​ဖြင့်... 


"ဟာ လိပ်ပြာကိုဖုန်တွေပေကုန်ပြီ "


"ဟုတ်လား ပေအောင်လုပ်တာပေမှာပေါ့ "


"ရတယ်လေ "


လိပ်ပြာလည်းဘေးနားမှာရှိတဲ့ခေါင်းအုံးကို

ယူကာ သူ့ကျောကုန်းကိုအသံမြည်အောင်

ထုလိုက်၏။ လိပ်ပြာတို့နှစ်ယောက်လုံး 

ဖုန်တွေနဲ့ပေလူးကာ ချွေးများချက်ချင်းစိုရွှဲ

သွားသည်။ လိပ်ပြာတို့နှစ်ယောက်တံမြတ်စည်းလှည်း ကြမ်းတိုက် လိုက်ကာစတွေအသစ်လဲဖြင့် တစ်အိမ်လုံးသန့်ရှင်းသွားသောအခါ ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ်ထိုင်လိုက်ကြသည်။ 

တစ်ယောက်အနားလည်း တစ်ယောက်မကပ်ကြတော့ချေ။ 


"လိပ်ပြာ ကိုယ့်အခန်းထဲမှာရေချိုးလိုက်ပါလား ကားထဲမှာအဝတ်အပိုပါတယ် "


"ရေမချိုးလို့မရဘူးလား "


" ဘာဖြစ်လို့လဲ ညစ်ပတ်လေး "


"ဘာမှမဖြစ်ပါဘူး "


"ဘာမှမဖြစ်ရင် ချိုးလေ ကိုယ့်ကိုမယုံလို့လား"


"မဟုတ်ပါဘူး "


"တစ်နေ့လုံးနေရမှာ ချိုးလိုက်နော် "


" အင်းပါ "


"ကိုယ်ကားထဲမှာအကျီသွားယူပေးမယ်  ခဏလေး ရေချိုးရင် တံခါးလော့မချနဲ့နော် "


" ဟင် "


လိပ်ပြာ T-shirt အကျီတစ်ထည်နှင့်ဘောင်းဘီတိုကိုယူကာ အပေါ်သို့တက်လာသည်။ 


လိပ်ပြာရေချိုးခန်းထဲဝင်တော့ ထုံးစံအတိုင်း

တံခါးလော့ခ်ချချင်သည်။ 


"သူကဘာလို့လော့မချဖို့ပြောလိုက်တာလဲ မသိဘူး ဘာပဲဖြစ်ဖြစ်ဒီအတိုင်းတော့မချိုးနိုင်ဘူး လော့ခ်ချမှရမယ်..."


ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီး လိပ်ပြာလော့ခ်ချလိုက်သည်။ နာရီဝက်လောက်ရေချိုးပြီး အဝတ်စား

လဲပြီးတော့ အဲမှာစတွေ့တော့တာပဲ....တံခါးကဖွင့်လို့မရ။ ကိုယ်လုံးနဲ့တွန်းဖွင့်ကြည့်တယ်၊ ထုကြည့်တယ် ဘယ်လိုမှဖွင့်လိုမရပေ။ ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်ကာ တံခါးကိုအသံမြည်အောင်ထုနေမိသည်။ နောက်ပြီး ကိုယ်တစ်ခါမှမရောက်ဖူးတဲ့အိမ်ထဲမှာ လိပ်ပြာတစ်ယောက်ထဲ

ဟိုဟိုဒီဒီတွေးရင်း ကြောက်လာမိသည်။ 


"ကြာလိုက်တာ ဖျားတော့မှာပဲ သွားသတိပေးဦးမှ "


သူမကိုစိတ်မချတာနဲ့ သူအပေါ်ထပ်သို့တက်

လာခဲ့သည်။ လိပ်ပြာနာရီဝက်လောက်ကြာ ထုနေပေ မဲ့အောက်ထပ်မှာရှိတဲ့ကိုကမကြား...၊ 

လက်တွေလည်းထုရပါများလို့ နာလှပြီ။ ဘာပဲဖြစ်ဖြစ် ကိုလိပ်ပြာကိုပစ်ထားမှာမဟုတ်ပါဘူး...လာကြည့်ဦးမှာပါလေ။ 


သူပြောတဲ့အတိုင်း အခန်းတံခါးကိုလော့ခ်မချဘဲ ဟထားသောကြောင့်ဝင်လာခဲ့သည်။ 


"လိပ်ပြာ မြန်မြန်ရေချိုး "


" ကို "


" ဟင် "


သူမသင်္ကာလို့ တံခါးကိုဆွဲဖွင့်ကြည့်တော့ အထဲမှလော့ခ်ချထားသည်။ 


" လိပ်ပြာ "


"ကို လုပ်ပါဦး တံခါးကဖွင့်လို့မရတော့ဘူး "


"လိပ်ပြာတံခါးနဲ့ဝေးဝေးနေ "


" အင်း "


သူ့ကိုယ်လုံးနဲ့တွန်းဖွင့်ကြည့်သော်လည်းမရ။ 

နောက်ဆုံးဘေးနားမှာရှိတဲ့ ထိုင်ခုံကိုယူကာ 

ရေချိုးခန်းတံခါးကို အသားကုန်ဆောင့်တွန်း

လိုက်တော့မှ တံခါးကပွင့်သွားရသည်။ 


တံခါးပွင့်သွားပြီးပြီးချင်း ဇီးရွက်လောက်သာရှိတော့တဲ့ သူမမျက်နှာကိုတွေ့လိုက်ရသည်။ သူမကသူ့ဆီပြေးလာကာ သူ့ရင်ခွင်ထဲသို့ ကလေးတစ်ယောက်လိုတိုးဝေ့လာသည်။ သူ့လက်ထဲမှထိုင်ခုံကိုအောက်ချလိုက်ပြီး သူ့ရင်ခွင်ထဲမှသူ့ကလေးလေးကိုတင်းကျပ်စွာဖက်ထားလိုက်သည်။ သူ့စကားနားမထောင်လို့လဲမဆူအား၊ သက်ပြင်းသာချမိ၏။ 


"ဘာလို့အခုမှလာတာလဲ သူများကိုပစ်ထားတယ်"


"ဟောဗျာ အခုလာတယ်လေ ရေချိုးတာကြာလို့လာပြောတာ ပြီးတော့ဘာလို့လော့ခ်ချထားတာလဲ"


လိပ်ပြာသူ့ရင်ခွင်ထဲမှထွက်လိုက်ပြီး...


"ရေချိုးတာလော့ခ်မချလို့မှမရတာ အကျိုး အကြောင်းလည်းမပြောဘဲနဲ့ "


"ဟွန်း လိပ်ပြာကကိုယ့်ကိုယုံမယ်ထင်လို့လေ၊ ဒီအခန်းတွေကလူမနေတာကြာတော့ သံချေးတွေတက်နေပြီ ပိတ်လို့သာလွယ်ချင်လွယ်မယ် ပြန်ဖွင့်ဖို့ကျမလွယ်ဘူးလေ "


သူမကိုခေါင်းအစခြေအဆုံးကြည့်လိုက်တော့မှ ၅ နှစ်အရွယ်ကလေးကို လူကြီးဝတ်စုံပေးဝတ်ထားသလို ခန္ဓာကိုယ်ပျောက်နေပြီး ချစ်စရာလေး၊ သူအသည်းတွေယားလိုက်တာ... ဒါကြောင့်ပြောကြတာ ချစ်လွန်းလို့ငုံထားလိုရရင် အာခံတွင်း

ထဲမှာထည့်ပြီး ငုံထားချင်တယ်လို့လေ...။ 


°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°♥•°


အပိုင်း(၄၀) ဆက်ရန် >>>


#Ruby Linn


rate now: