💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
------------------
"သခင်လေး အခြေအနေကောင်းတယ်နဲ့တူတယ်နော် သခင်လေးစိတ်ထဲမှာပန်းတွေပွင့်နေတယ်မလား...."
"အာ ဗိုက်ဆာတယ်စားဖို့တစ်ခုခုသွားပြင်လိုက်"
"Yes boss "
သခင်လေးပျော်နေတာမြင်ရတော့ သူတို့ပါထပ်တူပျော်ရွှင်ရသည်။ သူတို့သုံးယောက်ကနှစ်ကိုယ့်တစ်စိတ်ပါ အဲ သုံးကိုယ်တစ်စိတ်...။
"သခင်လေး ဗညားရော "
"စားဖို့တစ်ခုခုသွားပြင်ခိုင်းလိုက်တယ်
ဘာဖြစ်လို့လဲ "
" ဘာမှမဖြစ်ပါဘူး မတွေ့လို့ "
" ဟွန်း "
" သခင်လေး "
"ဘာလဲ "
"သခင်လေး ဘာလို့ရယ်တာလဲဆိုတာသိတယ်နော်"
" သိရင်ပြီးရောကွာ "
" သခင်လေးစိတ်မဆိုးရင် ကျွန်တော်တစ်ခုလောက်မေးချင်လို့ "
"မင်းပြောမှ ငါစိတ်ဆိုးသင့်မဆိုးသင့်ဆုံးဖြတ်ရမှာပေါ့ ပြောဘာပြောမှာလဲ "
"မပန်းလိပ်ပြာကို သခင်လေးအကုန်ပြောပြလိုက်တာလား...."
" ဟုတ်တယ် "
"ဒါဆိုကျွန်တော်တို့ဟိုကိစ္စတွေပါ "
"အကုန်လုံးပြောပြလိုက်တယ်...ငါသူ့ကို နှလုံးသားတစ်ခုလုံးနဲ့ ရွေးချယ်ခဲ့တာပြီးတော့ အချစ်နဲ့လက်ထပ်ခြင်းကို မခွဲခြားထားတဲ့အတွက်ပြောပြလိုက်တာ...ငါမပြောပြဘဲထိန်ချန်ထားခဲ့တဲ့ကိစ္စတစ်ခုဟာ တခြားသူပြောမှသိရမဲ့အဖြစ်မျိုး...အဲ့အမှားတစ်ခုကိုထောက်ပြပြီး တစ်ယောက်ယောက်ကြားဝင်လာမဲ့အဖြစ်မျိုး ငါအဖြစ်မခံနိုင်ဘူး...."
"ဒါဆိုသူ့ဘက်ကရော အဲ့ကိစ္စကိုဘာပြောလဲ"
"သူမကတော့ အဲ့ကိစ္စကိုသတိထားမိဟန်
မပေါ်ပါဘူး "
"သခင်လေး ကျွန်တော်ပြင်ပြီးပြီ၊ ဒါနဲ့သခင်လေးမရဏစံအိမ်ကိုမပြန်ဘူးလား "
"မင်းအလုပ်ကအဲ့မှာကျန်ခဲ့လို့လား..."
"ဟုတ်ကဲ့ ကျွန်တော်သခင်ကြီးကို စောင့်ကြည့်ရဦးမယ်လေ "
"အဲဒါဆိုမင်းပြန်လို့ရပြီ "
"ဗျာ သခင်လေး ဟို "
ပြောပြီးသားစကားကို ပြန်မပြင်တတ်သော
သခင်လေးနှင့် သူ့ရဲ့ လျှာရှည်တဲ့ကောင်းမှု
ကြောင့် ညတွင်းချင်းမရဏစံအိမ်သို့ပြန်
သွားခဲ့ရသည်။
°°°°°°°°°°°°
မနက်စောစောဝီရိယရှေ့စောကာ အလုပ်သွားရန်ပြင်ဆင်နေသော လိပ်ပြာသည် မှန်ရှေ့တွင် အကြာကြီးထိုင်နေပြီး မှန်ထဲမှလိပ်ပြာကိုပြန်ကြည့်
နေမိသည်။ လိပ်ပြာအလှပြင်ထားတာလွန်
များသွားပြီလား...အို မသိတော့ပာဘူး...ခါးထိရှည်ပြီး ဖြောင့်စင်းနေတဲ့ဆံပင်ကို ဘီးဖြင့်သေချာဖြီးသင်ကာ စပရိန်ခေါင်းစည်းကြိုးဖြင့် မလျော့မတင်းစည်းနှောင်လိုက်သည်။ နောက်ဆုံး
ပန်းနုရောင်နှုတ်ခမ်းနီကို လိပ်ပြာရဲ့အသည်းပုံနှုတ်ခမ်းပေါ်တင်ပြီးတာနဲ့ ထိုင်ခုံမှထကာ ဘေးနားတွင်ရှိသော လွယ်အိတ်ကိုကောက်ယူလိုက်သည်။ လိပ်ပြာရင်တွေအရမ်းခုန်နေကာ အာခေါင်တွေတောင်ခြောက်လာသလိုပင်။ ခုတင်ဘေးစားပွဲခုံပေါ်တွင်ရှိသော ရေသန့်ဗူးကိုဖွင့်ကာ တစ်ငုံလောက်သောက်လိုက်ပြီး
အောက်ထပ်သို့ဆင်းလာခဲ့၏။
" အိန်ဂျယ် "
" ရှင် "
"ညည်းအဖေခြံထဲမှာမူးလဲလို့တဲ့ ဖုန်းဆက်လာတယ် "
" ဟင် "
"မေမေအခုလိုက်သွားမလို့ သမီးလိုက်ခဲ့"
" ဟုတ်ကဲ့ ဟုတ်ကဲ့ "
လိပ်ပြာတို့ခြံထဲလိုက်သွားတော့ ဖေဖေက
ခြံထဲတွင်ဆောက်ထားသော အိမ်သေးလေး
ထဲတွင်လှဲနေသည်။ ဘေးနားတွင်အလုပ်သမားသုံးလေးယောက်က ဖေဖေ့ကိုနှိပ်နယ်ပေးနေကြသည်။
" ဖေဖေ သက်သာရဲ့လား ဘယ်လိုနေသေးလဲ "
"အေးသက်သာပါတယ် သမီးတို့တော်တော်လန့်သွားမှာပဲ "
"သမီးတို့ကအရေးမဟုတ်ပါဘူး ဖေဖေဘာဖြစ်တာလဲဟင် ဆေးရောပြပြီးပြီလား..."
"ကျန်းမာရေးဆရာမလေးနဲ့ပြပြီးပြီ အားနည်းလို့မူးလဲသွားတာတဲ့ ဟိုဟာဒီဟာမဟုတ်ပါဘူး "
"ကိုသူရရယ် ကျွန်မဖြင့်လန့်လိုက်တာ "
"အေးပါ ငါညကအိပ်ရေးပျက်ထားတာရယ်
မနက်အစောကြီးခြံထဲဆင်းပြီးအလုပ်လုပ်လိုက်တာရယ် ပေါင်းပြီးဖြစ်သွားတာပါ "
"ဒါနဲ့ သမီးအလုပ်မသွားရတော့ဘူးပေါ့ "
"ရပါတယ် လိပ်ပြာဖုန်းဆက်အကြောင်းကြားလိုက်ပါ့မယ် "
ဖုန်းဆက်လိုက်မယ်လို့ပြောလိုက်တာနဲ့
တစ်ပြိုင်နက်ဖုန်းသံကထမြည်လာသည်။
"ဖေဖေ လိပ်ပြာဖုန်းသွားပြောလိုက်ဦးမယ် "
" အေး အေး "
လိပ်ပြာအိမ်ရှေ့ထွက်လိုက်ပြီး ဖုန်းခလုတ်ကိုနှိပ်လိုက်ပြီး...
" ဟဲလို "
" ဟဲလို "
ဒါဒုတိယမြောက်အကြိမ် သူ့ရဲ့အသံကိုဖုန်းထဲကကြားလိုက်ရခြင်းပါ...အရင်တစ်ခါကလိုမာကြောခတ်ထန်မနေဘဲ ပျော့ပျောင်းညင်သာနေသည်။
" လိပ်ပြာအလုပ်မလာသေးဘူးလား..."
"ဟုတ်တယ် လိပ်ပြာဖေဖေခြံထဲမှာမူးလဲလို့
လိပ်ပြာဒီနေ့လာနိုင်မှာမဟုတ်တော့ဘူး..."
"အန်ကယ် သက်သာရဲ့လား "
"သက်သာသွားပါပြီ အားနည်းလို့မူးလဲသွားတဲ့သဘောပါ "
"ဒါဆို မနက်ဖြန်အလုပ်လာဖို့အဆင်ပြေရဲ့လား"
"အင်း သိပ်မသေချာဘူး ဖေဖေ့ကျန်းမာရေးအပေါ်မှာမူတည်တယ် "
လိပ်ပြာတို့နှစ်ယောက်ဖုန်းကိုအတန်ကြာကိုင်ထားကြပေမဲ့ စကားတစ်ခွန်းမှမပြောကြဘဲ တိတ်ဆိတ်နေသည်။ ပြီးမှ...
" ဒါပဲနော် "
" ဖုန်းချလိုက်တော့လေ "
လို့ ပြိုင်တူပြောမိကြသည်။
" အင်း "
"ဟုတ်ကဲ့ " ဆိုပြီး ထပ်တူကျမိပြန်သည်။
လိပ်ပြာဖုန်းချပြီးအိမ်ထဲပြန်ဝင်လာသည်။
"လိပ်ပြာအလုပ်ကဖုန်းဆက်တာပါ ခွင့်ယူလိုက်ပြီ"
" အေး အေး "
ဖေဖေ့ကို taxi ကားဖြင့် ပြန်ခေါ်လာပြီး ဖေဖေ့အနားတွင် တစ်နေကုန်နေရင်း လိုအပ်တာတွေလုပ်ပေးနေသည်။ နံနက်စောစောထပြီး ဖေဖေ့ကိုမုန့်ကျွေးဆေးတိုက်ပြီးတော့လည်း ဖေဖေ့ကိုနှိပ်နယ်ပေးသည်။
" သမီး "
" ရှင် ဖေဖေ "
"ဖေဖေသက်သာနေပါပြီ သမီးအလုပ်သွားတော့လေ အလုပ်မသွားတာ ၁ပတ်လောက်ရှိပြီမဟုတ်လား..."
"ဟုတ်ကဲ့ ဖေဖေသက်သာရင်လိပ်ပြာဒီနေ့သွားလိုက်ပါ့မယ် "
" အေးအေး သွား "
°°°°°°°°°
လိပ်ပြာဒီနေ့အလုပ်ပြန်သွားရတဲ့ခံစားချက်ဟာ ဟိုးအရင်တုန်းက အလုပ်စဆင်းတဲ့ပထမဆုံးရက်လိုမျိုး ရင်ခုန်စိတ်လှုပ်ရှားနေသည်။ လိပ်ပြာ hotel ထဲဝင်လာတော့ထုံးစံအတိုင်း အစ်မသော်တာက လက်ပြကာနှုတ်ဆက်သည်။
"လိပ်ပြာတို့များမတွေ့ရတာကြာလို့လားမသိ
လှလာလိုက်တာ "
"ဟုတ်လား အဟင်း ကျေးဇူးပါ "
"အစ်မသော်တာကတော့ အရင်အတိုင်းပဲဘာမှမပြောင်းလဲဘူး...ဒါနဲ့ဒီမှာအဆင်ပြေရဲ့ လား "
"ပြေပါ့ ဒါနဲ့ထူးဆန်းတာတစ်ခုပြောရဦးမယ် "
" အင်း "
"လင်မယားနှစ်ယောက်လေ family ခန်းငှားပြီး သူတို့အခန်းကခုတင်ကသေးလို့ မခိုင်လို့ဆိုပြီးကြီးတဲ့ဟာနဲ့လဲခိုင်းတယ်လေ "
" ဟင် ဟုတ်လား "
သူရုံးခန်းထဲမဝင်သေးဘဲ reception ရှေ့မှာ
လေပေါနေတဲ့ သူမကိုစချင်တာနဲ့ သူမနားလျှောက်သွားကာ အနားကပ်၍ ခါးလေးကိုင်းရင်း...
" လိပ်ပြာ "
" ရှင် "
လိပ်ပြာနားကပ်နေမှန်းမသိတော့ လိပ်ပြာ
နောက်လှည့်ကြည့်လိုက်စဉ် ရုတ်တရက်
သူ့မျက်နှာကိုအနီးကပ်မြင်လိုက်ရသော
ကြောင့်လန့်သွားရသည်။ အနောက်သို့
လှန်သွားတော့မဲ့ လိပ်ပြာကိုယ်လေးကို
လက်မောင်းကနေထိန်းကိုင်ပေးတဲ့သူ့ကို
ကြည့်ရင်း သတိပြန်ဝင်ကာ အနောက်သို့
နည်းနည်းဆုတ်လိုက်မိသည်။
အစ်မသော်တာကတော့ ပါးစပ်အဟောင်းသားဖြင့် အံ့သြမှင်သက်ကာကြည့်နေသည်။ လိပ်ပြာတို့နှစ်ယောက်အချိန်အတန်ကြာရပ်ကြည့်နေပြီးမှ သူမ နှုတ်ခမ်းလေးဖိကိုက်လျက် ရုံးခန်းထဲဝင်သွားသော သူ့နောက် ရှက်ကိုးရှက်ကန်းဟန်ဖြင့် လျှောက်လိုက်သွားမိ၏။
" လိပ်ပြာ "
" ရှင် "
"ကိုယ့်ကိုအဖြေပေးမယ်ဆိုတာလေ "
"ဦးသတိုး... လိပ်ပြာဆီက ကလေးမုန့်ဖိုးတောင်းသလိုတောင်းမနေပါနဲ့ လိပ်ပြာသိချင်တာတစ်ခုက လိပ်ပြာအဖြေပေးပြီးနောက်ပိုင်း ဦးသတိုးဘာတွေပြောင်းလဲသွားမှာလဲဟင် "
"လိပ်ပြာက ကိုယ့်ကိုဘယ်လိုအဖြေပေးမယ်မှန်းမသိဘဲ ကိုယ်ကဘာကိုပြောင်းလဲရမှာလဲ "
"ဒီလိုလေ လိပ်ပြာပြောချင်တာက ချစ်သူမဖြစ်ခင်နဲ့ချစ်သူဖြစ်ပြီးမှာ ကွာခြားသလိုလက်မထပ်ခင်နဲ့လက်ထပ်ပြီးသွားတဲ့အခါ ပြောင်းလဲမှုမျိုးပေါ့ ၊ လိပ်ပြာကြောက်တယ် လိပ်ပြာချစ်တဲ့သူက လိပ်ပြာလက်ထပ်မဲ့သူပဲဖြစ်ရမယ်လို့ခံယူထားတယ်"
"သြော် ဒါလား ကိုယ်လည်းအတူတူပါပဲ...
ကိုယ်လိပ်ပြာကိုချစ်တယ် ချစ်သလောက်လည်းတန်ဖိုးထားတယ်....တန်ဖိုးထားသလောက်ဘဝလက်တွဲဖော်အဖြစ် ယုံယုံကြည်ကြည်နဲ့ရွေးချယ်ခဲ့တာပါ ကိုယ့်ကိုယုံတယ်မလား "
" ယုံရဲ့လား "
" အင်း "
"ဟာ တကယ် "
" အင်းဆို "
"ဒါဆို ကိုယ့်ကို "
" အင်း "
"ပါးစပ်ကပြောလေကွာ ကိုယ်ရင်တွေခုန်လိုက်တာ ကိုင်ကြည့်ပါလား "
ဟု ဆိုပြီး လိပ်ပြာလက်တစ်ဖက်ကို ဆွဲယူကာ သူ့ဘယ်ဘက်ရင်ဘက်ပေါ်တင်လိုက်ပြီး
လိပ်ပြာလက်ပေါ်မှသူ့လက်ကိုထပ်၍ အုပ်ကိုင်ထားသည်။ လိပ်ပြာမှရင်ခုန်နေသလားလို့ သူ့ရင်ခုန်သံတွေလည်း လိပ်ပြာလိုပင် တဒိန်းဒိန်းဖြင့်ခုန်ပေါက်နေလေရဲ့။
"တွေ့လား..."
လိပ်ပြာလက်ကို သူ့ရင်ဘက်ပေါ်မှဖယ်လိုက်ကာ ခေါင်းလေးမသိမသာငုံ့သွားရင်း...
"လိပ်ပြာကို ဦးသတိုးဘယ်လိုသဘောထားလဲပြန်ပြောပါလား "
"ကိုယ်လား ကိုယ်လိပ်ပြာကိုချစ်တယ်လိပ်ပြာကရော"
" ချစ်ပါတယ် "
လို့ပြောလိုက်တာနဲ့ လိပ်ပြာကိုသူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။
လိပ်ပြာသူ့ရင်ခွင်ထဲမှ အလျှင်အမြန်ရုန်းထွက်ကာ ...
"ဟွန်း လက်ရဲဇက်ရဲနဲ့နော် "
"ကိုယ်လိပ်ပြာကိုချစ်တယ်ဆိုတဲ့အကြောင်းပြနိုင်မဲ့ ဘယ်အရာမဆို လုပ်ပြသွားပြီး ကိုယ်လိပ်ပြာကိုအမြဲချစ်နေမှာပါ အဲဒါယုံ "
"ရွှေမန်းတင်မောင်ကြားသွားရင် ထိုင်ငိုရလောက်တယ်နော် "
" လိပ်ပြာနော် "
"အနာဂတ်ကိုလိပ်ပြာတို့မပိုင်ပါဘူး...
အနာဂတ်မှာလိပ်ပြာတို့နှစ်ယောက် "
"တော်ပြီ လိပ်ပြာဒီနေ့ပဲအဖြေပေး ဒီနေ့ပဲလက်ထပ်လိုက်ရင်မကောင်းဘူးလား "
"ဦးသတိုး လိပ်ပြာပြောတာကိုသဘောမပေါက်ဘူးထင်တယ် လက်ထပ်တာလက်မထပ်တာကိုပြောနေတာမဟုတ်ဘူး... လက်ထပ်ပြီးရင် ပြောင်းလဲသွားမဲ့အရာတွေကိုပြောနေတာ "
" မှ "
" ဟာ "
လိပ်ပြာပါးကို သူ့နှာခေါင်းနစ်ဝင်သွားသည်အထိနမ်းလိုက်ပြီး...
"ကိုယ် ကုမ္ပဏီခဏသွားလိုက်ဦးမယ်ပြန်လာခဲ့မယ်စောင့်နေ "
လိပ်ပြာစကားကိုနားထောင်ရဲ့လားမသိ သူ
ပြောချင်ရာပြောပြီးထွက်သွားသည်။
ထွက်သွားတဲ့သူ့ကျောပြင်လေးကိုငေးကြည့်
ရင်း လိပ်ပြာရင်ခုန်နေကာ ထူးထူးဆန်းဆန်း
ရင်မောနေရသည်။
ဒါပေမဲ့လိပ်ပြာတို့ချစ်သူစဖြစ်တဲ့အချိန်
နေ့ရက်တွေကစလို့ လိပ်ပြာကိုသူ့ရဲ့အချစ်တွေအချိန်တွေပုံအောပေးကာ ဂရုစိုက်ကြင်နာပါသည်။ ဒီလိုဆိုတော့လည်း ဘဝကြီးဟာ ပန်းတွေဖြန့်ခင်းထားတဲ့လမ်းပေါ်လျှောက်နေရသလိုပါပဲလား...။ နောင်အနာဂတ်ကိုမတွေးဘဲ အချစ်မှာနစ်မြှုပ်သွားသည်အထိ အချစ်ရဲ့ဆွဲငင်အားကကြီးမားလွန်းလှသည်။
ပစ္စပ္ပုန်ကိုပဲကောင်းအောင်လုပ်ပြီး ဂရုစိုက်
ကြတာပါ...။ ဘယ်သူကရောအနာဂတ်ကို
တွေးပြီး မလာသေးတဲ့အန္တရာယ်ကိုထိုင်စောင့်နေကြလို့လဲ....။
°°°°°°°°°°°°
လိပ်ပြာအိမ်ရှေ့တွင် ဆိုင်ကယ်ရပ်ထားပြီး
အိမ်ထဲအဝင်အိမ်ထဲကနေချိုင့်တစ်လုံးနဲ့
ထွက်လာတဲ့ မြတ်လေးကိုတွေ့လိုက်ရသည်။
" မြတ်လေး ပြန်တော့မလို့လား..."
" အင်း အသုပ်လာပို့တာ အလုပ်လေးရှိသေးလို့ ဒါနဲ့အိမ်ပြန်နောက်ကျတယ်နော် "
"ဟုတ်တယ် လာ လာ အိမ်ရှေ့ကထိုင်ခုံမှာ
စကားခဏပြောရအောင် "
လိပ်ပြာတို့နှစ်ယောက် အိမ်ရှေ့ကခုံမှာ အတူ
ထိုင်လိုက်ကြသည်။
"အိန်ဂျယ် နင့်မျက်နှာကမှိုရထားတဲ့ရုပ်နဲ့
ပျော်စရာတစ်ခုခုများရှိလို့လား..."
" အင်း "
" ငါ့လည်းပြောပါဦး "
"လိပ်ပြာလေ လိပ်ပြာမှာချစ်သူရှိနေပြီ "
ကလေးလေးသဖွယ် ပျော်ရွှင်ခုန်ပေါက်မတက် စိတ်စောကာ ပြောချလိုက်မိသည်။
"ဟုတ်လား ဘယ်တုန်းကလဲ သူကဘယ်သူလဲ"
"ခဏလေး လိပ်ပြာဒီနေ့ပဲအဖြေပြန်ပေးလိုက်တာ တခြားသူမဟုတ်ဘူး နင်သိတဲ့သူပဲ "
"ငါသိတယ် "
ဒါဆိုစိုင်းများလားမသိဘူး...စိုင်းဆိုရင်ဒီထက်မြန်မြန်ငါသိရမှာပေါ့...မဟုတ်မှ ...။
" ဦးသတိုးတေဇ "
" ဟေ !!! "
" ဟုတ်တယ် သူလိပ်ပြာကို proposed လုပ်
ထားတာကြာပြီ "
" သနားပါတယ် "
"ဟင် ဘယ်သူလဲ "
" စိုင်းပေါ့ "
" စိုင်း !!! "
"ဟုတ်တယ် စိုင်းနင့်အပေါ်မှာမရိုးသားဘူး
သူငယ်ချင်းအဆင့်ထက်ပိုတယ်ဆိုတာ
ငါသိသလိုနင်လည်းရိပ်မိမှာပါ "
"ငါမရိပ်မိဘူးဆိုရင်နင်ယုံမလား..."
"အေးပေါ့ နင်သဘောထားတဲ့အတိုင်းကြည့်ရင်တော့ ဘယ်သိမလဲ...ငါသွားတော့မယ် "
" မြတ်လေး "
မြတ်လေးကို လိပ်ပြာခေါ်နေပေမဲ့ မြတ်လေးကနည်းနည်းတောင် ပြန်လှည့်မကြည့်...။
မြတ်လေးက စိုင်းနဲ့ပဲလိပ်ပြာကိုသဘောတူတယ်ဆိုတာလိပ်ပြာသိပါတယ်...နားလည်ပေးနိုင်တယ်၊ လိပ်ပြာမှသူငယ်ချင်းသံယောဇဉ်ကိုတစ်ဆင့်တိုးလို့မရတာ...စိုင်းကို လက်ခံပေးလို့မှမရတာ၊ လိပ်ပြာစိုင်းကိုနားလည်ပေးနိုင်တယ်...တစ်ခါ
တစ်ခါ စိုင်းမျက်ဝန်းတွေကကြင်နာသလိုလိုနဲ့ အချစ်မျက်ဝန်းတွေဖြစ်သွားတတ်တာလိပ်ပြာတွေ့နေရတယ်။ ဒါကိုလိပ်ပြာစိတ်ကထင်နေတာပဲ အမြင်မှားတာပဲလို့ယူဆခဲ့တာ...။
အချစ်ဆိုတာဘာလဲလို့မေးကြတယ်...
လိပ်ပြာအချစ်ကိုနက်နက်နဲနဲတွေးလိုက်ရင်
အဓိပ္ပာယ်ဖွင့်လို့မရတော့ဘူး....အချစ်ဟာ
မှန်တစ်ချပ်လိုပဲလို့ပြောရမလား...ကိုယ်
ပြောင်းရင်သူပါပြောင်းတယ် အချစ်ဟာ
လေလို့ပြောရမလား ကိုယ်ပြောင်းလဲချင်သလိုပြောင်းလဲလို့မရ လိုချင်လို့ဖမ်းဆုပ်ထားလို့လဲမရ...ကဗျာဆန်ဆန်အချစ်ဟာဘောပင်တစ်ချောင်းလို့ပြောရမလား...ကိုယ်တွေးလိုက်တဲ့
စိတ်ကူးတိုင်း လက်ထဲကဘောပင်က
ကိုယ်လုပ်ချင်တာကိုယ်ဖြစ်ချင်တဲ့အရာတွေကို မှင်ကနေတစ်ဆင့်လုပ်ပေးနိုင်သလိုပေါ့...။
ထူးဆန်းတာတစ်ခုက အချစ်ကိုဘယ်အရာနဲ့မှချည်နှောင်ထားလို့မရဘူး.... ဒါပေမဲ့သူငယ်ချင်းကိုတော့ ကြိုးတစ်ချောင်းနဲ့ချည်နှောင်လို့ရတယ်၊
အဲ့ကြိုးတစ်ချောင်းထဲမှာ အမျှင်သုံးမျှင်ပါတယ်...
သံယောဇဉ် ၅၂၈ ဆိုတဲ့ မေတ္တာ၊ ပေးဆပ်မှုတွေပေါ့၊ အဲ့ကြိုးရဲ့ ပထမဆုံးအမျှင်ဖြစ်တဲ့သံယောဇဉ်အမျှင်လေး ပြက်သွားတာနဲ့သူငယ်ချင်းဆိုတာအဓိပ္ပာယ်မရှိတော့ဘူး...ဒါပေမဲ့ ၅၂၈ ဆိုတဲ့
မေတ္တာနဲ့ မေးထူးခေါ်ပြောတော့ လုပ်လို့ရသေးတယ်၊ ဘာပဲဖြစ်ဖြစ်ဒါဟာသူငယ်ချင်းအစစ်မဟုတ်ကြောင်း
ပြတာပါပဲ....သံယောဇဉ်ဆိုတဲ့အမျှင်လေးကိုခိုင်မြဲအာင်မတည်ဆောက်ခဲ့လို့လေ။
အချစ် အချစ်ကိုတော့နားလည်မှု၊ ယုံကြည်မှု၊ သစ္စာတရားဆိုတဲ့ သံကွန်ချာနဲ့အုပ်ထားတယ်၊ အဲဒီသံကွန်ချာတွေဟာအကြင်လင်မယား ဇနီးမောင်နှံတွေအတွက်လည်း အကျုံးဝင်မယ်လို့ထင်တယ်... အတော်အတန်နားလည်မှု ကွဲလွဲရုံနဲ့အချစ်ဟာ ပျက်စီးမသွားပေမဲ့ နောက်ဆုံး
သစ္စာတရားဆိုတဲ့ သံကွန်ချာပျက်စီးသွားရင်တော့ လမ်းတွေ့ရင်တောင် နှုတ်ဆက်ဖို့ဝေး...သူ့အရိပ်တောင်မမြင်ချင်ကြတော့တဲ့အထိ ဖြစ်သွားတက်ကြတယ်။
ဒါ အချစ်နဲ့သူငယ်ချင်းကြားကကွာခြားချက်ပါပဲ။
အချစ်ဟာ နူးညံ့သလောက်ကြမ်းတမ်းတယ်
ပျော့ပျောင်းသလိုလဲမာကြောတယ်...။
ရိုးရှင်းသလောက်လည်း မာယာများတယ်
နောက်ပြီး အချစ်ဟာကဗျာဆန်သလောက်
ကြောက်ဖို့ကောင်းလောက်အောင်လည်း
လှည့်စားတက်ပါတယ်....။
°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°♥•°
အပိုင်း(၃၉) ဆက်ရန် >>>
#Ruby Linn