book

Index 37

အပိုင်း (၃၇)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်

                                (or)

             အချစ်များဖြင့်ဖန်ဆင်းမည် 💖


-------------------


ကိုအဂ္ဂပြောတဲ့စကားတွေကလိပ်ပြာကို

အထူးအဆန်းဖြစ်စေတယ်... လိပ်ပြာ

တစ်ခါမှတွေးမထားခဲ့ဖူးတဲ့နာကျင်မှုတွေ

ကို ငယ်ငယ်လေးနဲ့ခါးစည်းခံနေရပါလား...

လိပ်ပြာမထင်ထားခဲ့မိဘူး...သူ့မှာလည်း

ဒီလိုဖြစ်ရပ်ဆိုးတွေရှိနေလိမ့်မယ်လို့

လိပ်ပြာစာနာမပေးခဲ့မိဘူး...။ 


"လိပ်ပြာကိုယ်တိုင်တောင် အချစ်ဆိုတာဘာလဲ သဲသဲကွဲကွဲမသိသေးပါဘူး...၊ 

တခြားသူကို အချစ်အကြောင်းသင်ပေးဖို့ဆိုတာ ပိုလို့တောင်ဝေးရော...နောက်ပြီး

လိပ်ပြာကဘာကိုတားပေးရမှာလဲဟင် "


"လိုက်ကြည့်ပါ အဲဒါကြောင့်ခဏလေးပဲဖြစ်ဖြစ်လိုက်ခဲ့ပေးပါ "


လိပ်ပြာအပြင်ဘက်ကို ကြည့်လိုက်တော့

မှောင်စပြုလာပြီ။ ဒါပေမဲ့ လိပ်ပြာစိတ်က

မဖြတ်နိုင်...လိပ်ပြာဆုံးဖြတ်ချက်တစ်ခုကို

မြန်ဆန်စွာချလိုက်သည်။ 


ကိုအဂ္ဂခေါ်လာတဲ့တစ်လျှောက်လုံး လိပ်ပြာ

စိုးရိမ်ပူပန်မှုများနှင့် လိုက်ပါလာခဲ့ရသည်။ 

ကားရပ်လိုက်ချိန် လိပ်ပြာကားတံခါးကိုဆွဲ

ဖွင့်ပြီးအသာဆင်းလာခဲ့သည်။ လိပ်ပြာနှင့်

မျက်နှာချင်းဆိုင်တွင်အိုဟောင်းနေပြီဖြစ်သော အိမ်ကြီးတစ်လုံးကိုတွေ့လိုက်ရ၏။  

ကိုအဂ္ဂက အိမ်ထဲဝင်ရန်ပြောသောကြောင့်

လိပ်ပြာအိမ်ထဲဝင်လာခဲ့သည်။ ခြံအကျယ်ကြီးထဲတွင် တည်ဆောက်ထားသော နှစ်ထပ်တိုက်အိမ်ကြီးက သက်တမ်းကြာပြီဖြစ်သော်လည်းမပျက်စီးသေး...။ အိမ်ပေါက်ဝတွင်ဖိနပ်ကိုချွတ်ထားခဲ့ပြီး လိပ်ပြာအိမ်ထဲဝင်လာတော့ အရက်ပုလင်းတွေကြားထဲမှောက်နေသည့် တစ်စုံတစ်ယောက်ကိုတွေ့လိုက်ရသည်။ 


" သူက..."


လိပ်ပြာ ကိုအဂ္ဂကိုကြည့်ကာမေးလိုက်သည်။ 


"ဟုတ်တယ် သခင်လေး "


" ဟင် "


လိပ်ပြာသူ့ဆီကို ဖြည်းဖြည်းချင်းလျှောက်သွားပြီး သူ့ရှေ့မှာခြေစုံရပ်လိုက်ကာ တစ်ချက်ကြည့်လိုက်သည်။ ပြီးမှမုဆိုးဒူးထောက်ထိုင်လိုက်ပြီး သူ့လက်မောင်းကိုအသာထိတွေ့လိုက်တော့

သူဖြည်းညှင်းစွာခေါင်းမော့လာသည်။ ဘုရားရေ

ဒါလိပ်ပြာသိတဲ့ဦးသတိုးမှဟုတ်ရဲ့လား...။ 


ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်ဖြစ်သွား

ရသည်။ တဆတ်ဆတ်တုန်နေတဲ့နှုတ်ခမ်းတွေ၊ အရင်ကလိုစူးရှထက်မြတ်ပြီးတောက်ပနေတဲ့မျက်ဝန်းတွေ မဟုတ်ဘဲ တွေဝေနေပြီးဝမ်းနည်းအားငယ်နေတဲ့မျက်ဝန်းတွေကိုလိပ်ပြာ

အံ့အားသင့်စွာတွေ့လိုက်ရသည်။ 

ဘယ်လိုဖြစ်ရတာပါလိမ့် ဒီလိုပုံစံနဲ့တွေ့ရလိမ့်မယ်လို့ တစ်ခါမှတောင်တွေးမထားမိဘူး...။ 


"လိပ်ပြာ ကိုယ့်ဆီကိုလာတယ် "


လိပ်ပြာကိုယ်တိုင်တောင်မသိလိုက်ဘဲ ပြုံးပြလိုက်မိစဉ် အင့်ခနဲနေအောင်ဆွဲဖက်ခံလိုက်ရသည်။


"ကိုယ်ဝမ်းသာလိုက်တာ ဒါအိမ်မက်လား

ကြည့်စမ်းပါရစေဦး..."


သူကလိပ်ပြာပုခုံးကို လက်နှစ်ဖက်ဖြင့်ဆွဲခွာလိုက်ပြီး လိပ်ပြာရဲ့ လက်မောင်းကို ကိုင်ကြည့်လိုက် မျက်နှာကိုထိတွေ့လိုက်ဖြင့် စမ်းကြည့်နေသည်။ 


ထိုအချိန်သူ့မျက်ဝန်းထောင့်မှ မျက်ရည်များ

ကျလာသည်။ ဟင့်အင်း မကျပါနဲ့ ဦးသတိုးရယ်... မျက်ရည်ကျရင် လိပ်ပြာရင်ထဲတဆစ်ဆစ်နာကျင်လာရလို့ပါ၊ လိပ်ပြာသူ့ပါးပြင်ပေါ်မှ မျက်ရည်တွေကို လက်ဖြင့်သုတ်ပေးနေစဉ် လိပ်ပြာလက်ဖမိုးပေါ်သူ့လက်ကအုပ်မိုး၍ကိုင်လာသည်။ 

ထိုစဉ် အဂ္ဂလည်းအလိုက်သိစွာ အပြင်သို့

ထွက်သွားပေးသည်။ 


"ဦးသတိုး ဘာလို့အရက်တွေသောက်ထားတာလဲ ဦးသတိုးရင်ထဲမှာဘာတွေခံစားနေရလဲဟင်... လိပ်ပြာကိုပြောပြပါလိပ်ပြာနားထောင်ပေးမှာပေါ့ ...ဦးသတိုးခံစားနေရတဲ့ဝေဒနာတွေအရှင်းမပျောက်သွားရင်တောင် နည်းနည်းတော့ပေါ့သွားမှာပါ "


သူ့ပါးပေါ်မှ လိပ်ပြာလက်ကိုယူလိုက်ပြီး 

သူ့ပေါင်ပေါ်တင်ကာ လက်နှစ်ဖက်ဖြင့်

ဖိဆုပ်ထားရင်း သတိုးမျက်နှာလွှဲကာ....


" ကိုယ်ကဘာတွေပြောပြရမှာလဲ "


လိပ်ပြာသူ့မျက်နှာကို ကရုဏာအကြည့်ဖြင့်ကြည့်လျက်... 


"အကုန်လုံးပေါ့ လိပ်ပြာမသိသေးတာတွေရော သိသင့်တာတွေရောပေါ့...လိပ်ပြာကိုမပြောပြချင်ဘူးလားဟင် "


သူမစကားကြောင့် သူအမူးတောင်ပြေသွားသလို သူမကသူမေ့ထားတဲ့မေ့ချင်ယောင်ဆောင်ထားတဲ့ အတိတ်ကိုပြောနေတာပဲ...ဟုတ်ပါတယ် တစ်ကယ်ချစ်တဲ့သူကို ဘာမှဖုံးကွယ်ထားစရာမှမလိုတာ သူမသိသင့်ပါတယ်...။ 


သူလိပ်ပြာမျက်နှာကိုတွေတွေလေးကြည့်ရင်းပြောလာသည်က...


"ကိုယ်ပြောပြပါ့မယ် ကိုယ့်အကြောင်းကိုပြောမယ်ဆို ကိုယ်ငယ်ငယ်အချိန်ကနေစပြောမှရမယ် "


သူပြောလာမဲ့အကြောင်းအရာတွေကိုလိပ်ပြာ အာရုံစိုက်ကာနားစွင့်နေမိသည်။ 


"ကိုယ့်အထုပ်ကိုယ်ဖြည်သလိုဖြစ်ပေမဲ့ 

ကိုယ်ငယ်ငယ်ကအကြောင်းကိုစပြောမှ ပြည့်စုံမှာ လွန်ခဲ့သော ၁၀ နှစ်ကျော် ကိုယ့်အသက် ၁၆ နှစ်မပြည့်ခင် အချိန်တုန်းကပေါ့....

ကလေးတစ်ယောက်ရဲ့ လွတ်လပ်ခွင့်တွေ 

မိဘမေတ္တာကိုအပြည့်အဝရနေတဲ့အချိန်မှာ 

အဲ့ကလေးငယ်အ ဖို့နာကျင်မှုဟာ ဘာမှန်းမသိအောင် အပူအပင်ကင်းလှတဲ့ကလေးတစ်ယောက်ရဲ့ ဘဝကိုရရှိခဲ့ပါတယ်... အဲဒါဟာမုန်တိုင်းမလာခင် လေပြည်ကိုသယ်ဆောင်လာသလိုမျိုးပေါ့ "


"နွေးထွေးပြီးမေတ္တာတရားတွေပြည့်နှက်နေတဲ့မိသားစုလေးဟာ သတိုးတေဇစံအိမ်ကနေ မရဏစံအိမ်သို့ပြောင်းလာခဲ့တဲ့အချိန်ကစပြီး မဖြစ်စလောက်ကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့ စကားများလာကြရာမှနေ့ရှိသ၍ဆူပူကာ တကျက်ကျက်ရန်ဖြစ်စကားများကြတဲ့ဘဝသို့ နေ့ချင်းညချင်းကူးပြောင်းသွားပါတော့တယ်၊ ဗြုန်းစားကြီးကူးပြောင်းသွားခဲ့တဲ့ဒဏ်ကို ခံစားလိုက်ရတဲ့တစ်ဦးတည်းသောသူကတော့ မိဘနှစ်ပါးရန်ဖြစ်တဲ့အလယ်မှာ အမြဲမျက်နှာငယ်လေးဖြင့် ကြည့်နေရတဲ့သူတို့ရဲ့တစ်ဦးတည်းသောသား သတိုးတေဇ ပင်...."


ဘာတွေကများ အေးချမ်းတဲ့သူ့မိသားစုလေးကိုပြိုကွဲအောင် ဖျက်ဆီးလိုက်လဲဆိုတာမမေးသော်လည်း အမြဲတမ်းအဖြေရှာနေခဲ့ပါတယ်...၊ တစ်နေ့မှာမုန်တိုင်းဒဏ်ကိုတောင့်မခံနိုင်တဲ့ ကလေးဟာ လေပွေရဲ့ ရိုက်ခတ်သယ်ဆောင်တဲ့ဒဏ်ကိုပါ ခါးစည်းခံခဲ့ရပါတယ်...ဒီနေ့မှရာသီဥတုကလည်း မသာမယာ ကောင်းကင်ကြီးတစ်ခုလုံး

အုံ့မှိုင်းကာ ပြိုတော့မည့်ဆဲဆဲမို့ အပြင်ထွက် 

မကစားဘဲအိမ်ထဲမှာစာဖတ်နေရသည်။ 

အပြင်ကကားသံကိုကြားသောကြောင့် အဖေပြန်လာပြီအထင်ဖြင့် အိမ်ရှေ့ကိုပြေးထွက်သွားမိသည်။ အဖေကတော့ ခါတိုင်းနှင့်မတူ ဒေါသအပြည့်ဖုံးလွှမ်းနေတဲ့ မျက်နှာဖြင့် အိမ်ထဲသို့ကမူးရှူးထိုးဝင်သွား၏။ ဒီနေ့လည်း ရန်ဖြစ်ဦးမှာပဲဆိုတဲ့ ကလေးတစ်ယောက်ရဲ့စိတ်ထဲမှာ ဘယ်လောက်တောင်စိတ်ဒဏ်ရာရနေမလဲဆိုတာ မည်သူကကိုယ်ချင်းစာပေးနိုင်မှာလဲ...သူ့မိဘတွေရဲ့ အိပ်ခန်းတံခါးကို အသာဟကြည့်လိုက်တော့....။


"ရှင်ဘာစကားတွေလာပြောနေတာလဲ 

 မဟုတ်တမ်းတရားတွေလာမစွပ်စွဲနဲ့နော် "


"မင်းကိုငါကသက်သေမရှိဘဲ စွပ်စွဲတယ်လို့ထင်နေတာလား...ရော့ဒီမှာ "


ဦးဘုန်းတေဇက သူ့မိန်းမဖြစ်တဲ့ ဒေါ်စန္ဒီထိပ်ထားရဲ့ မျက်နှာပေါ်သို့ ဓာတ်ပုံတချို့ပစ်ပေါက်လိုက်သည်။

ဓာတ်ပုံများကြမ်းပြင်ပေါ်သို့ တစ်ပုံစီ ပြန့်ကျဲလာကာ ခပ်လှမ်းလှမ်းမှာချောင်းကြည့်နေသည့် သူ့ခြေထောက်နား ဓာတ်ပုံတစ်ပုံ

လွင့်လာသည့်အတွက် ကောက်ကြည့်မိလိုက်စဉ် ကလေးငယ်မျက်လုံးတွေ ဝေဝါးသွားရသည်။ ဓာတ်ပုံထဲမှာ သူ့အမေကဦးကြီးတစ်ယောက်ကိုဖက်ကာ အိပ်နေတဲ့ပုံဖြစ်သည်။ အလန့်တကြားဖြင့် ဓာတ်ပုံ

ကိုလွှတ်ချလိုက်မိရင်း...


"မဟုတ်ဘူး..."


"ရှင်ဖြစ်နေတာတွေကို ကျွန်မဖြစ်နေသလို

လုပ်လို့ရမယ်ထင်လား...ဒါသက်သက်

ရှင်ယုတ်မာတာ ဒါရှင်ကျွန်မကိုထောက်ချောက်ဆင်တာ "


"မင်းပြောရဲသေးတယ်နော် ရှက်တက်ရင်လဲသေလို့ရတယ် မင်းကိုငါမမြင်ချင်ဘူး...ကွာရှင်းမယ် ပြီးရင်မင်းလင်ငယ်နဲ့သွားနေ မင်းလိုသိက္ခာမရှိတဲ့မိန်းမနဲ့ တစ်မိုးအောက်ထဲမှာမနေနိုင်ဘူး..."


"မနေနိုင်ရင် ရှင်ဆင်းသွားလေ ရှင့်အပြစ်တွေကို ဖုံးဖိချင်လို့ ကျွန်မကိုထောင်ချောက်ဆင်တယ်ဆိုတာ ကျွန်မသိတယ်နော် "


"သား လာ ဒီကိုလာဦး..."


တံခါးနောက်ကွယ်ကနေချောင်းကြည့်နေတဲ့ 

သူ့ကိုမြင်သွားပြီး အဖေကသူ့ဆီလာရန်လှမ်းခေါ်သည်။ 


"ငါ့သားကိုငါပဲစောင့်ရှောက်မယ် မင်းလိုချင်တာယူပြီးဆင်းသွား..." 


"ဘာပြောတယ် ဒါကျွန်မသား ကျွန်မဝမ်းနဲ့လွယ်ပြီးမွေးခဲ့တာ ဆင်းသွားရင်တောင်သားကိုရှင့်လက်ထဲမထားခဲ့နိုင်ဘူး...ရှင့်အကြောင်းသိနေတယ်နော် "


သူ့ဆန္ဒကိုတစ်ခွန်းမှမမေးဘဲ သူ့ကိုအလယ်မှာထားကာ ဟိုဘက်ဒီဘက်လွန်ဆွဲသလိုဆွဲနေကြသည်။ အသည်းထဲကနာကျင်သလား ဆွဲခံရသည့်လက်ကောက်ဝတ်က နာကျင်သလား ဝေခွဲမရတော့ပါ။ 


"သားအမေမေးမယ် အမေနဲ့လိုက်မယ်မလား..."


"မဟုတ်ဘူး အဖေနဲ့ပဲနေခဲ့ရမယ် "


ကျွန်တော်ဘာကိုပဲရွေးချယ်ရွေးချယ် ခံစားရမဲ့သူကကျွန်တော်ပါပဲ...အမေနဲ့နေရင်အဖေစိတ်ဆင်းရဲရမယ် အဖေနဲ့နေရင်အမေစိတ်မကောင်းဖြစ်ပြီးဝမ်းနည်းရမယ်...ဒီလိုနဲ့ ကျွန်တော်လည်းရင်ကွဲပြိီး သေသွားမလားပဲ...။ 


ကျွန်တော်မရွေးချယ်ပါရစေနဲ့ ကျွန်တော်

 အရွယ်ရောက်နေတာမှန်ပေမဲ့ ဆုံးဖြတ်ချက်

 တစ်ခုခုကိုပြက်ပြက်သားသားမချနိုင်သေး

 ပါဘူး... ကျွန်တော်သာအဲ့အချိန်မှာတစ်ယောက်ယောက်ကိုရွေးချယ်ခဲ့ရင် ဒီလိုအဖြစ်မျိုးဖြစ်ပါ့မလား....။ 


"သား မြန်မြန်ဆုံးဖြတ်ပါ "


"ကြီးမြ ကြီးမြ ဘာလုပ်နေတာလဲ လာဦး "


ဖေဖေကကြီးမြကိုလှမ်းခေါ်သောကြောင့် 

ထောင့်တွင်ကုပ်ကုပ်ကလေးရပ်နေသော 

ကြီးမြ သူတို့ရှိရာအခန်းထဲဝင်လာခဲ့သည်။ 


"ကလေးကိုခေါ်သွား...."


"ဘယ်ခေါ်သွားမလို့လဲ ကြီးမြနေဦး ရှင်ကျွန်မကိုလွှတ် သား... လွှတ်စမ်း "


ဖေဖေကမေမေ့ကို အိမ်ရှေ့သို့ဆွဲခေါ်သွားကာ အိမ်အပြင်ကိုနှင်ထုတ်လိုက်ပြီး အထဲမှတံခါးကိုသော့ခတ်လိုက်၏။


"သားအမေ့ဆီပြန်လာပါ....သား....သားလေး"


မေမေထွက်သွားပြီး ၁ ပတ်အကြာ မေမေ ကားတိုက်ပြီး ဆုံးသွားပြီဆိုတဲ့သတင်း ကျွန်တော်တို့ဆီရောက်လာခဲ့သည်။ အဲ့နေ့ကကျွန်တော့အသည်းတွေ အက်ဆစ်နဲ့အပက်ခံလိုက်ရသလို 

ပဲ့ကြွေကုန်ကာ တဆစ်ဆစ်နာကျင်ခံစားရသည်။ နောက်ပြီးဖေဖေနဲ့မေမေရန်ဖြစ်ကြတဲ့နေ့က မှတ်မှတ်ရရ ကျွန်တော့်အသက် ၁၆ နှစ်ပြည့်တဲ့နေ့ပေါ့...။ ကျွန်တော့်မွေးနေ့မှာ ဘာကိတ်မုန့် ဘာဖယောင်းတိုင်မှမရှိသည့်အပြင် မွေးနေ့ကိုအသိအမှတ်ပြုပေးမဲ့သူလည်းမရှိ...အခန်းထဲ

မီးမှောင်ချ၍ ကိုယ့်လက်ကိုယ်ပြန်ကိုက်ကာ

အသံမထွက်အောင်ကြိတ်ငိုခဲ့ရပါသည်။ 


မေမေဟာ ဒီလိုလူမျိုးလားလို့လဲ ထပ်ခါ

တလဲလဲမေးနေမိပါသည်။ ကျွန်တော်

မြင်ခဲ့တဲ့အရာဟာ သက်မဲ့ဓာတ်ပုံလေး

တစ်ပုံပါ ဒါပေမဲ့ ဒီဓာတ်ပုံလေးတစ်ပုံ

ကြောင့် ကျွန်တော်တို့တည်ဆောက်ခဲ့တဲ့

မိသားစုလေးဟာ တစ်ခဏအတွင်းမှာ

အစိတ်စိတ်အမွှာမွှာပြိုကွဲခဲ့ရပါတယ်...။ 

ကျွန်တော်ပထမဆုံးအကြိမ် မုန်းခဲ့တာက

အဲ့ဓာတ်ပုံပါ... ဒုတိယအကြိမ်အမုန်းကို

သင်ပေးခဲ့တာကအမေပါ တတိယအကြိမ်

မုန်းတတ်အောင်သင်ပေးခဲ့တာကတော့ 

ကျွန်တော့ဘဝမှာတစ်ယောက်ထဲကျန်တော့တဲ့ ကျွန်တော့ဆွေမျိုးသွေးသားဖြစ်တဲ့အဖေပင်။ 


နေ့ရှိသ၍ အရက်နဲ့မျက်နှာသစ်ပြီး အိမ်ကို

ညဉ့်နက်မှပြန်လာရင်လည်း ပစ္စည်းအတိုအစလေးတွေပါ ပါလာတတ်တယ်... အရောင်မျိုးစုံရှိတဲ့ နှုတ်ခမ်းနီကတော့မမြင်ချင်အဆုံးပေါ့၊ အမေဆုံးတာတစ်လလောက်အကြာမှာ အဖေကနောက်အိမ်ထောင်ပြုပြီးနိုင်ငံခြားကိုအပြီးထွက်သွားခဲ့တယ်....နှစ်တွေကြာပြီးမှ ဖုန်းနဲ့ပဲအဆက်အသွယ်လုပ်လာခဲ့တယ်...။ 

အခုတော့သူတစ်ယောက်ထဲပေါ့...မဟုတ်ဘူး သူမေ့နေတာ သူမမြင်တာ သူအပါအဝင်လေးယောက်ပေါ့၊ ကြီးမြရယ် ဘေးနားမှာ သူငယ်ငယ်တည်းက ဆော့ဖော်ဆော့ဖက် အဂ္ဂရယ်ဗညားရယ်ရှိနေတယ်...။ 


သူတို့နှစ်ယောက်က သူ့နားမှာမျက်နှာငယ်

လေးဖြင့် မတ်တပ်ရပ်နေကြသည်။ သူ့

အတွက်ဆို ဘာပဲလုပ်ပေးရလုပ်ပေးရပေါ့၊ 

ထူးဆန်းတာတစ်ခုက နောက်နေ့မနက်မှာ

ရှေ့နေတစ်ယောက်ရောက်လာပြီး မေမေ

ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို သူ့နာမည်နဲ့လွှဲခဲ့တယ်ဆိုပြီး ကုမ္ပဏီနဲ့ဘဏ်စာအုပ်တချို့ ကိုသူ့လက်ထဲထည့်ပေးခဲ့တယ်... သိပ်မကြာခင်မှာ မြေအောက်လောကကဆိုသူတွေရောက်လာကြပြန်ရော...သူကမြေအောက်လောကမှာ လစ်လပ်နေတဲ့ဘုရင်နေရာကိုဆက်ခံရမဲ့သူတဲ့...။ အဟက်။ 


အဲ့အချိန်ကစပြီး သူ့ရဲ့မနူးမနပ်ကလေးတစ်ယောက်ဘဝဟာ ရုတ်ချည်းဆိုသလိုကံကြမ္မာကလှည့်စားလိုက်တာ သူ့ကိုယ်သူတောင်မမှတ်မိလောက်တဲ့အထိပြောင်းလဲသွားခဲ့တယ်...၊ လူအမျိုးမျိုး

စိတ်အထွေထွေကိုလည်းတွေ့ခဲ့ရတယ်...

သူ့ကိုလူတိုင်းက တစ်ယောက်တစ်မျိုးစီသင်ပေးခဲ့ပါတယ်...ကောင်းတဲ့အရာတွေရော မကောင်းတဲ့အရာတွေရောပေါ့....သူ့ရဲ့ သင်ဆရာမြင်ဆရာတွေကို ဘယ်တော့မှမမေ့ပါဘူး...သူတို့သင်ပေးလို့ သူလည်းဒီလိုလူဝင်ဆန့်ပြိီး လှည့်စားတတ်တဲ့လူတွေအကြောင်းသိလာခဲ့ရတာ....။


°°°°°°°°°°°


သူ့အတိတ်ကအကြောင်းတွေပြောပြလို့အပြီးမှာတော့ သူမပါးပြင်ပေါ်စီးကျနေတဲ့မျက်ရည်တွေကို အသာအယာသုတ်ပေးနေမိသည်။ 


" မငိုပါနဲ့ "


" ဟင် "


"ကလေးလေးကျနေတာပဲ ဝမ်းနည်းတတ်တာလည်းလွန်ရော "


" သြော် "


လိပ်ပြာတောင်မသိဘဲ လိပ်ပြာပါးပြင်ပေါ်

မျက်ရည်ပူများစီးကျလာသည်။ 


"လိပ်ပြာ အဲ့ကောင်လေးကိုသနားလို့ပါ 

သူ့မှာအသက်ငယ်ငယ်လေးနဲ့ လူကြီးတစ်ယောက်တောင်မခံစားနိုင်တဲ့ဝေဒနာတွေကို မချိမဆံ့ခံစားခဲ့ရတာလေ... "


"အရူးမလေး အဲဒါကိုယ်လေ "


"အင်း သိပါတယ် ဒါနဲ့ဒီအိမ်က "


"ဒီအိမ်က ကိုယ်ငယ်ငယ်လေးထဲကနေလာတဲ့အိမ်ပေါ့၊ ဒါဆိုကိုယ့်ကိုနားလည်ပြီပေါ့နော် "


"အင်း အဲလိုပဲပြောရမှာပေါ့ "


"ကိုယ့်ကိုအဖြေပြန်မပေးချင်ဘူးလားဟင် "


ရုတ်တရက်အဖြေဆိုတဲ့စကားကိုကြားလိုက်

ရသောကြောင့် လိပ်ပြာရှက်သွားကာ ဖျတ်ခနဲဆိုခေါင်းငုံ့လိုက်သည်။ ပါးလေးတွေလည်း ရဲတတ်သွားမှာအမှန်ပင်။ သူက သူမစိတ်ထဲ ရှက်သွေးတို့ ထည့်ပေးခဲ့သည်လေ။ 


"ဟယ် ရှက်သွားတာလား...ကိုယ့်ကိုမချစ်ဖူးလားဟင် ကိုယ့်ကိုစိုးရိမ်လို့လာခဲ့တာမလား "


" အင်း "


"တကယ် ကိုယ့်ကိုချစ်တယ်ပေါ့ "


လိပ်ပြာဆတ်ခနဲခေါင်းပြန်မော့လိုက်ရင်း...


"ဘာလဲ စိုးရိမ်တာကိုပြောတာ ကိုအဂ္ဂကိုကျေးဇူးတင် သူအတင်းတောင်းပန်ပြီး

သူ့သခင်လေးကိုတားပေးပါဆိုလို့လိုက်လာခဲ့တာ သိလား "


" ဟုတ်ပါပြီ အဖြေပေးဆို "


"ပေးမယ် အခုမဟုတ်ဘူး နောက်နေ့မှ

အပြင်မှာမှောင်နေပြီ လိပ်ပြာဖေဖေဆူလိမ့်မယ် ပြန်တော့မယ်နော် "


" မနက်ဖြန်နော် "


" နော်လို့ "


" အင်း "


"လာ ကိုယ်ပြန်လိုက်ပို့ပေးမယ် "


အိမ်ပြန်ရောက်တော့ ခုတင်ပေါ်တွင်ငုတ်တုတ်ကလေးထိုင်နေတဲ့လိပ်ပြာ တစ်ယောက်ထဲ ပြုံးလိုက် ရှက်သွားလိုက် ခေါင်းငုံ့လိုက်ဖြင့် မျိုးစုံကြိုးခုန်နေတော့တာပဲ...ရင်ဘက်ကို လက်နှစ်ဖက်ဖြင့်ဖိကပ်ကာ နားထောင်ကြည့်တော့ တဒိတ်ဒိတ်ဖြင့်တိုးနေသည်။ လိပ်ပြာ

အဖြေပြန်ပေးရတော့မှာလား...လိပ်ပြာမှာ

သေချာတဲ့အဖြေရှိနေပြီလား...လိပ်ပြာမျက်လုံးလေးမှိတ်ကာ အိပ်ရာပေါ်ပက်လက်လှန်လှဲလိုက်သည်။ သူ့ပုံရိပ်များကလိပ်ပြာအာရုံထဲတရိပ်ရိပ်တိုးဝင်လာတော့သည်။ လိပ်ပြာရဲ့နှလုံးခုန်သံများက အတိုင်းအဆမရှိ မြန်ဆန်လာကာ မျက်နှာတွေတောင်ပူလာသလိုခံစားရသည်။ 


တစ်ပြိုင်နက်ထဲမှာပဲ သူ့ရဲ့ဆိုးရွားတဲ့လုပ်ရပ်

များက လိပ်ပြာမျက်လုံးထဲမြင်ယောင်လာ

ပြန်သည်။ အကောင်းနဲ့အဆိုးကြားမှာ

လိပ်ပြာရဲ့ စိတ်ကလွန်ဆွဲနေသည်။

ဒါပေမဲ့လိပ်ပြာသိချင်တဲ့အမှန်တရားကို

သိရပြီလေ...အမှန်ကိုသိရဖို့ကအရေးကြီး

တာပဲမဟုတ်လား အမှန်ကိုလက်ခံနိုင်လား

လက်မခံဘူးလားဆိုတာ ရွေးချယ်ဖို့ပါပဲ...။ 

လိပ်ပြာရဲ့ လက်ကဖုန်းရှိရာလှမ်းလိုက်ပြီး 

လိပ်ပြာနားထောင်နေကျ သီချင်းကိုဖွင့်လိုက်သည်။


🎶 "ငါဟာလမင်းတစ်စင်းဖြစ်ခဲ့ရင် ပိုအားကောင်းသောပင်လယ်ဟာမင်း...🎶


🎶 ဟိုအဝေးဆုံးဝေးနေလည်း🎶 


🎶 ညို့အားဆွဲငင်မူ မလွန်ဆန်နိုင်ခဲ့လို့ 🎶


🎶 ပင်လယ်နဲ့ဒီလမင်းဆုံဆည်းဖို့ဖြစ်လာခဲ့🎶


🎶 ရင်မှာလမင်းရဲ့ဆွဲငင်မူ🎶


🎶 ဒီနှလုံးသားက မလွန်ဆန်နိုင်ခဲ့🎶


🎶 မြတ်နိုးမှုများစွာအတွက်🎶


🎶 ညို့အားကောင်းသူလို့ဆိုချင်နေအုံးမလား...🎶


🎶 ဒီလိုနဲ့ နှောင်ဖွဲ့ရင်း ဆုံဆည်းဖို့ဖြစ်လာခဲ့🎶


🎶 ညို့တတ်သောပင်လယ် ဆွဲငင်သောလမင်း🎶


🎶 တို့နှစ်ဦးဆုံတွေ့ကြတဲ့အခါ ဆွဲငင်သောလမင်းနဲ့🎶


🎶 ညို့တတ်သောပင်လယ်ကြား ဒီရေဆိုတဲ့

 အချစ်တို့ဖြစ်တည်လာ...🎶


°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°♥•°


အပိုင်း(၃၈) ဆက်ရန် >>>


#Ruby Linn


rate now: