book

Index 35

အပိုင်း (၃၅)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်

                               (or)

            အချစ်များဖြင့်ဖန်ဆင်းမည် 💖


----------------


"ကဲ အခုအားလုံးမျှော်နေကြတဲ့ ဒီလေလံပွဲရဲ့

နောက်ဆုံးဖြစ်တဲ့ တန်ဖိုးကြီးကျောက်မျက်ရတနာတစ်ခုကို လေလံတင်တော့မှာဖြစ်ပါတယ် "


ဟု ပွဲကြေညာသူပြောပြီးတာနဲ့ စင်အနောက်မှ မော်ဒယ်ကောင်မလေးက တဖျတ်ဖျတ်လက်ကာ အရှိအဝါတောက်ပဝင့်ထည်နေတဲ့ 

ကျောက်စိမ်းတုံးကိုထည့်ထားသည့်ဗူးကို 

စင်အလယ်သို့ယူဆောင်လာသည်။

ပွဲကိုစိတ်မဝင်စားတဲ့သူများလှုပ်လှုပ်ရှားရှား

ဖြစ်နေတဲ့ သူတွေရဲ့မျက်လုံးတွေကစင်ပေါ်တွင် ရပ်နေတဲ့မော်ဒယ်မိန်းကလေးရဲ့လက်ထဲက ကျောက်စိမ်းတုံးကြီးကို အကြည့်ရောက်သွားကာငြိမ်သက်သွားကြသည်။ 


သူလည်းပဲ ခါးကိုမတ်လိုက်ရင်း ကျောက်စိမ်းတုံးကို သေချာကြည့်နေကာ စခေါ်မဲ့စျေးကို အာရုံစိုက်ကာနားထောင်နေသည်။


"ဟုတ်ကဲ့ပါ အားလုံးပဲစိတ်ဝင်တစားဖြစ်နေကြတဲ့ ဒီကျောက်စိမ်းတုံးကို အခုပဲသိန်း ၈၀၀ နဲ့ စဖွင့်လိုက်ပါပြီဗျာ "


" သိန်း ၁၀၀၀ "


"ဟုတ်ကဲ့ သိန်း ၁၀၀၀ ပါခင်ဗျာ နောက်ထပ် "


" သိန်း ၁၅၀၀ "


တဖြည်းဖြည်းစျေးခေါ်လာခဲ့တာ သိန်း ၂၀၀၀ ထိစျေးခေါ်ပြီးတဲ့နောက် ရုတ်တရက်ဆိုသလို ရပ်တန့်သွားကာ စျေးခေါ်မဲ့သူမရှိဖြစ်သွားရသည်။


"စျေးထပ်ခေါ်မဲ့သူမရှိတော့ရင်တော့ သိန်း ၂၀၀၀ တစ်ကြိမ် သိန်း ၂၀၀၀ နှစ်ကြိမ်...."


"သိန်း ၂၅၀၀ "


လေလံပွဲပိတ်ခါနီးလေး အနောက်ဘက်ကနေ လူတစ်ယောက်က စျေးပိုပေးကာလေလံပွဲကိုဆက်လာသောကြောင့် ပွဲထဲမှလူတွေရဲ့အကြည့်က စျေးခေါ်လိုက်တဲ့သူဆီသို့ပြောင်းသွားသည်။ သူလည်းသိချင်ဇောဖြင့် အနောက်ကိုလှည့်ကြည့်လိုက်တော့ သူမျှော်လင့်ထားသည့်အတိုင်း သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းမင်းဒင်က သူ့ကိုမချိုမချဉ်အကြည့်နှင့်ကြည့်နေသည်။ 


"အခုဆိုပွဲကအတော်လေးစိတ်ဝင်စားဖို့

 ကောင်းလာပါပြီ ဘယ်သူစျေးပိုပေးဦးမလဲ

 စျေးပိုပေးဖို့မရှိတော့ရင်...."


သတိုးသည် သူ့လက်ထဲမှ နံပါတ်ပြားကိုကိုင်မြှောက်လိုက်ရင်း... 


" သိန်း ၃၀၀၀ "


"Diamond company ကစျေးမြှင့်လိုက်ပါပြီ၊ အဲတော့ဘယ်သူစျေးထပ်မြှင့်ဦးမလဲခင်ဗျာ "


" ဟွန်း သတိုးတေဇ အခုမှပိုစိတ်ဝင်စားဖို့ကောင်းတဲ့ဟာကိုပြပေးမယ် "


" စျေးမြှင့်မဲ့သူ ...."


"သိန်း ၃၅၀၀ "


"ဟုတ်ပါပြီ အခုဆိုရင်သိန်း ၃၅၀၀ ထိတိုးပေးလိုက်ပါပြီ ဒီကသူဋ္ဌေးစျေးမြှင့်ဦးမလာခင်ဗျာ "


သူ့ကိုကြည့်ကာမေးလာတဲ့ ပွဲကြေညာသူကို 

ပုခုံးတစ်ချက်သာတွန့်ပြလိုက်သည်။ 

 

"သိန်း ၃၅၀၀ တစ်ကြိမ် "


သူ့လက်ထဲမှဖုန်းတုန်ခါလာသောကြောင့် 

ခလုတ်ကိုနှိပ်ကာ ဖုန်းပြောလိုက်သည်။ 


"....."


ဖုန်းပြောပြီးသည်နှင့် အောင်နိုင်သူအပြုံးဖြင့် ပြုံးကာ ခါးကိုဆတ်ခနဲဆွဲမတ်လိုက်၏။ 


"ကိုကို အဲ့ကျောက်စ်ိမ်းတုံးကို မလိုချင်တော့ဘူးလားဟင် စျေးထပ်မမြှင့်တော့ဘူးလား..."


ဘေးနားကနေ ဆူညံပူညံလုပ်နေတဲ့ မိုးထက်မြင့်ကို သူလျစ်လျူရှူကာ ပွဲပြီးဖို့ကိုပဲကျေနပ်ပီတိဖြစ်စွာ ထိုင်စောင့်နေလိုက်သည်။ 


"သိန်း ၃၅၀၀ သုံးကြိမ် "


" တိန် တိန် တိန် "


ပွဲကြေညာသူက လက်ထဲမှ တူလေးကိုအသံ

မြည်အောင် သုံးချက်တီးလိုက်တာနဲ့ ကျောက်စိမ်းတုံးဟာ သီဟမင်းဒင်အပိုင်ဖြစ်သွားသည်။ 


ပွဲထဲမှ ဧည့်ပရိတ်သက်များရဲ့လက်ခုပ်သံများနှင့်အတူ လေလံပွဲက အောင်မြင်စွာပြီးဆုံးသွားသည်။ ဘေးနားကမိုးထက်ကတော့ မျက်မှောင်ကြုတ် ဆူပုတ်ကာသူနှင့်အတူ ပွဲခန်းမထဲမှလိုက်ထွက်လာသည်။ 


"ကိုကို မပြန်သေးဘူးလား "


" အင်း "


"ဒါဆိုလည်းပြီးရော မိုးပြန်တော့မယ် "


သူ,မပြန်သေးဘဲ ခန်းမရှေ့တွင်ရပ်နေသည့်အတွက် မိုးထက်ကမျက်နှာကြီးဆူပုတ်ကာ ခြေစောင့်ထွက်သွားသည်။ 


လေလံပွဲရှုံးနိမ့်သူတစ်ယောက်ရဲ့မျက်နှာမှာ 

အပြုံးပန်းတွေဝေဆာနေတာကို တခြားသူ

တွေမြင်ရင် သူ့ကိုတစ်ခုခုပဲလို့ပြောကြပါလိမ့်မည်။ သူကတော့ ကိုယ့်အကြောင်းနဲ့ကိုယ်ဆိုတော့ သူတို့ကိုအရေးမလုပ်နိုင်...၊ ထိုအချိန် မင်းဒင်တစ်ယောက် ခန်းမထဲမှ သူ့လူယုံနဲ့အတူ ထွက်လာသည်။ သူ့ကိုမမြင်လို့ပဲလား မမြင်ချင်ယောင်ဆောင်သွားတာလားတော့မသိ သူ့အရှေ့မှအဖြတ်...


"Congratulation ပါ မင်းဒင် "


သတိုးတေဇအကြောင်း သူသိတာပေါ့၊ သူ့ကို ခနဲ့စကားပြောဖို့စောင့်နေမယ်ဆိုတာ...။ နောက်ခိုင်းပြီးမှပြန်လှည့်လာရင်း...


"Oh! long time no see "


"မတွေ့ရတာကြာပေမဲ့ ဘာမှမပြောင်းလဲသွားပါလား...မင်းဒင် "


"ဟွန်း အဲ့စကားကမင်းအတွက်ဆိုပိုမှန်လိမ့်မယ်၊ ငါနဲ့ယှဉ်တိုင်းအမြဲတမ်းအနိုင်ရမှကျေနပ်တဲ့သူက အခုသဘောတွေစွတ်ကောင်းနေပါလား..."


"ငါကမယှဉ်ပြိုင်ပါဘူး...မင်းတစ်ယောက်ထဲဆိုတော့ ပျင်းနေမှာစိုးလို့ အတူလိုက်ကစားပေးရုံပါ အခုကံတရားက မင်းကိုမျက်နှာသာပေးလို့နေပါလိမ့်မယ်ကွာ...မင်းပစ္စည်းကိုသေချာဂရုစိုက်နော် "


သူကပြောပြီးတာနဲ့ လှည့်ထွက်ပြီးမှပြန်လှည့်လာကာ...


"မင်းဒင် ဝေးဝေးစဉ်းစားမနေနဲ့ မင်းရူးသွားဦးမယ်၊ ငါကတန်ဖိုးကြီးလို့ဒီအတိုင်းပြောလိုက်တာ အဟက် "


"ဝမ်းသာပါတယ် မင်းဘယ်လိုစိတ်နဲ့ပဲဖြစ်ဖြစ်ငါ့ကိုစိတ်ပူပေးလို့ "


"Ok see you "


သတိုးတေဇအောင်နိုင်သူအပြုံးဖြင့် နေရာမှ

လှည့်ထွက်ခဲ့တော့သည်။ သူသိသည်

မင်းဒင်တစ်ယောက်အတွေးတွေထဲချာချာ

လည်ပြီး ပိတ်မိနေဦးမယ်ဆိုတာ...။ 


" တောက် အခုချက်ချင်းအိမ်ပြန်မယ် "


ရှိုင်းလည်း အလိုက်တသိဖြင့် ကားပါကင်မှ

ကားကိုသွားထုတ်လာခဲ့သည်။ သတိုးတေဇ 

ကိုနိုင်ပြီဆိုပြီးပျော်နေတာ... သတိုးတေဇကို

လွယ်လွယ်အနိုင်ယူလို့မရဘူးဆိုတာ အခုထိ

သူမယုံနိုင်သေး...၊ မင်းဘာလှည့်စားမှုတွေသုံးလိုက်ပြန်ပြီလဲ...။ 


"လှည့်စားမှုလို့မပြောရဘူး အဂ္ဂ လှည့်ကွက်လို့ပြောရတယ် "


"ဟုတ်တယ်သခင်လေး ကျွန်တော်လည်းအံ့သြနေတာ နောက်ပြီးသိလည်းသိချင်တယ်...သခင်လေးခိုင်းလို့သာလုပ်ခဲ့ရတာ  အခုထိရေရေရာရာကိုမသိသေးဘူး...ဦးမိုးထက်ကိုဘယ်လိုပုံစံနဲ့စည်းရုံးလိုက်လို့ သူကလက်ခံပြီး အဲ့ကျောက်စိမ်းတုံးကို သခင်လေးကိုပေးလိုက်တာလဲလို့ "


"ဒါလား...ဒါကတော့ "


°°°°°°°°


^ လွန်ခဲ့သောနှစ်ရက်ခန့် ^


"မောင်သတိုးတေဇလာမယ်ဆိုလို့ အန်ကယ်ဘယ်မှမသွားဘဲစောင့်နေတာ...အလုပ်ကိစ္စနဲ့လား ဒါမှမဟုတ်တခြားကိစ္စရှိလို့လား..."


" အလုပ်ကိစ္စရယ်လို့တော့မဟုတ်ပါဘူး...

အကူအညီတောင်းစရာရှိလို့ဆိုရင်ပိုမှန်လိမ့်မယ်ဗျ "


 "ကဲ ပြောပါဦး ထူးထူးခြားခြား "


"ကျွန်တော်အရင်ရက်တွေတုန်းက တစ်စုံတစ်ယောက်ကိုလက်ဆောင်ပေးဖို့ဘာပေးရမှန်းမသိဖြစ်နေတယ်...ဒါနဲ့ကျွန်တော်လှည့်ပတ်ရှာရင်း ကျောက်စိမ်းတုံးတစ်တုံးကိုသွားတွေ့တယ်ဗျ၊ အဲ့ကျောက်စိမ်းတုံးကပိုင်ရှင်ရှိပြီးသားလို့သိရတယ်လေ၊  ကျွန်တော်ဘယ်လောက်ကံဆိုးလဲဗျာ...အခုလည်းကံကောင်းမလားလို့ အန်ကယ့်ဆီမှာရှိတဲ့ပစ္စည်းကို အဖိုးအခနဲ့ပြန်ရောင်းနိုင်မလားလို့အကူအညီလာတောင်းတာပါ "


"သြော် ကျောက်စိမ်းတုံးလား...အဲ့ပစ္စည်းကို

အန်ကယ်လေလံတင်မှာလေ မောင်သတိုးတေဇဆီကိုလည်းဖိတ်စာပို့ခိုင်းထားတယ်၊ ဖိတ်စာရောက်တယ်မလား..."


"ရောက်ပါတယ် ယှဉ်ပြိုင်ပြီးယူရတာထက် 

ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဟာမရှိဘူးဆိုပေမယ့် ကျွန်တော်ပိုင်တဲ့အရာကို ကျွန်တော်တစ်ဦးတည်းပြိုင်ဖက်မရှိပိုင်ဆိုင်ချင်လို့ပါ "


"အေး ဘယ်လိုပြောရမလဲ အန်ကယ်ကဆုံးဖြတ်ပြီးသွားပြီ ဆုံးဖြတ်ပြီးတဲ့ကိစ္စတစ်ခုကိုပြန်ပြင်ရိုးထုံးစံမရှိပေမယ့် အခုလိုတစ်ကူးတကအကူအညီတောင်းလာတော့ မိတ်ဖြစ်ဆွေဖြစ်အနေနဲ့ အပေးအယူတစ်ခုလောက်လုပ်ရင်မကောင်းဘူးလား "


"အပေးအယူ...."


သူမျက်ခုံးတစ်ချက်ပင့်လိုက်ရင်း...


" အပေးအယူကမျှတနေရင် ဘာမလုပ်စရာ

 ရှိလဲဗျာ "


ခြေချိတ်ထိုင်နေရာက သတိုးတေဇ ခြေထောက်ပြင်ထိုင်၍ ပြုံးစစဖြင့် ဦးမိုးထက်မျက်လုံးအား သူတည့်တည့်ကြည့်လျက် စကားဆက်လိုက်၏။ 


"ဒါဆို ကျွန်တော့ဘက်ကအရင်တောင်းဆို

 ပါရစေ "


"ကောင်းပါပြီ "


"ကျွန်တော် တန်ဖိုးဖြတ်တာမဟုက်ပါဘူး 

သိန်း၁၅၀၀ ပေးပါ့မယ်၊ နောက်တစ်ခုက

အဲ့လေလံတင်မဲ့နေရာမှာ ကျွန်တော့်ပစ္စည်း ကို အစားထိုးပြီးလေလံတင်ချင်ပါတယ် "


"မောင်သတိုးတေဇပစ္စည်းကြောင့် အန်ကယ့်ကို "


"အန်ကယ့်ကိုမထိခိုက်စေရပါဘူး..."


"မောင်သတိုးတေဇက သေချာစီစဉ်ထားတာပဲ ကောင်းပြီလေ မောင်သတိုးတေဇကပေးပြီးပြီဆိုတော့ အန်ကယ့်ဘက်ကပြန်ယူရမှာပေါ့၊ သိပ်အများကြီးမဟုတ်ပါဘူး...၊ အန်ကယ့်နာမည်အောက်မှာ လေလံတင်မဲ့ပစ္စည်းက အန်ကယ်နဲ့လည်းဆိုင်တယ်မဟုတ်လား

အဲ့တော့ ရလာမဲ့အကျိုးအမြတ်ကို တစ်ဝက်စီခွဲယူကြတာပေါ့ "


" မျှတရဲ့လား..."


"မျှတပါတယ် ဒါဆိုကိစ္စပြီးပြီလို့မှတ်လိုက်တော့မယ်နော် "


သတိုးတေဇ က မတ်တပ်ရပ်လိုက်သည့်အတွက် ဦးမိုးထက်လည်း အလိုက်သင့်ထရပ်ကာ သူကလက်ကမ်းပေးတော့ ဦးမိုးထက်လည်း လက်ဆွဲနှုတ်ဆက်ကာ Royal City ကုမ္ပဏီမှထွက်လာခဲ့သည်။ 


"ဒါဆိုရင် ဒီပွဲမှာဦးမိုးထက်က အချီကြီးရလိုက်တာပေါ့ "


"မင်းထင်လို့ပါ မင်းမမြင်တာရှိသေးတယ်...

ဒီပွဲမှာ ငါကအောင်နိုင်သူပဲ ဘာလို့လဲဆို 

ငါလိုချင်တဲ့ပစ္စည်းလည်းရတယ် မင်းဒင်ရဲ့စိတ်ကိုလည်းရခဲ့တယ်လေ "


"အချီကြီးဆိုပေမဲ့ ငါးလိုချင်လို့ငါးစာချကျွေးတဲ့သဘောပါ ဦးမိုးထက်ဆီကပြန်ယူမဲ့ဟာနဲ့နှိုင်းယှဉ်ရင် ပါမွှားလောက်ပဲရှိပါတယ် "


"ကျွန်တော်တို့လေလံတင်လိုက်တဲ့ပစ္စည်းရဲ့ တန်ဖိုးကရောသခင်လေး... "


"ပိုမှန်ကျောက်စိမ်းတစ်လုံးရဲ့အရည်အသွေး တစ်ဝက်လောက်ပဲလျော့ထားတာပါ၊ ငါညစ်တာမဟုတ်ဘူးနော် ​ဉာဏ်လျှင်သူစားစတမ်းပဲလေ "


သူနဲ့ အဂ္ဂတို့ စကားပြောလာကြပြီး ကားကို

မောင်းနှင်လာသည်။ 


°°°°°°°°


လိပ်ပြာတို့ညီအစ်မနှစ်ယောက် တစ်ဆိုင်ဝင်

တစ်ဆိုင်ထွက်နဲ့ ခြေတိုအောင်ပတ်လာပြိီးမှ

 အမောတကောဖြင့် နာရီကြည့်လိုက်တော့ 

နေ့လည်တောင်ရောက်နေပြီမို့ နီးစပ်ရာဆိုင်တစ်ဆိုင်မှာ ဝင်စားပြိီးဆိုင်ထဲမှအထွက် ...


"မမ မေမေစားဖို့ crystal မာလာရှမ်းကော

 ပါဆယ်ဆွဲလိုက်ဦးမယ်...ဒီမှာစောင့်နေနော်

 ခဏပဲ "


" အင်း မလိုက်တော့ဘူး "


ဆိုင်ရှေ့လမ်းမဘေးမှာရပ်စောင့်နေရင်း 

တိုက်တိုက်ဆိုင်ဆိုင်အရှေ့ဆိုင်မှထွက်လာတဲ့စိုင်းရဲ့ညီဝမ်းကွဲလင်းမြတ်နဲ့ တွေ့ပါလေရော...။ 


"အမလိပ်ပြာဘာရပ်လုပ်နေတာလဲ "


"ဟဲ့ လင်းမြတ်ပျောက်နေတာတောင်ကြာပြီ 

ဘာလာလုပ်တာလဲ "


"ဒီလိုပါပဲ ဟိုဟိုဒီဒီခြေဆန့်နေတာ ဒါနဲ့

အစ်မကရော "


"ညီမလေးနဲ့မုန့်ဝင်စားတာ "


"သြော် ညီမ ဘယ်ကညီမလဲ..."


"Bangkok ကလာလည်တာ " 


"မိတ်ဆက်ပေးဦးနော် "


"အေးပါ နှာခေါင်းရဲ့၊ ငါ့ညီမကအခုမှအသက်ပြည့်ခါစနော် "


"အစ်မကလည်း...အစ်မကိုအကူအညီတောင်းစရာရှိလို့ကြုံတုန်းလေးကုသိုလ်လုပ်သွားပါဦး "


လင်းမြတ်ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှခွေရှိသည်အထိ ခန့်မှန်းနိုင်လောက်အောင် အတွင်းကျကျသိနေတာမို့ သူစကားစလိုက်တော့ သူမ အတပ်သိကာ နှုတ်ခမ်းလေး သိသာစွာ မဲ့ကျသွားတော့ လင်းမြတ်က ဇတ်ပုပြကာ သနားစဖွယ် ပြုံးပြလာ၏။ 


°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°♥•°


အပိုင်း(၃၆) ဆက်ရန် >>>


#Ruby Linn


rate now: