book

Index 32

အပိုင်း (၃၂)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်

                                 (or)

             အချစ်များဖြင့်ဖန်ဆင်းမည်💖

------------------


သူမကိုနေရာအနှံ့လိုက်ရှာပေမဲ့မတွေ့၊ 

ဒီအချိန်အတောအတွင်းသူမဘယ်ကိုများ

ထွက်သွားပါလိမ့်...။ သူမထွက်သွားခါနီး

သူ့ကိုကြည့်သွားတဲ့အကြည့်တွေထဲမှာ 

အမုန်းတွေ နာကြည်းမှုတွေ ရွံရှာမှုတွေ

တွေ့နေရတဲ့အတွက် သွေးပူနေတုန်းသူမကို

သူရှင်းပြရမည်။ သူမသူ့ကိုမုန်းသွားမှာကို

ကြောက်သည်။ အစကသူ့ကိုအထင်ပဲလွဲနေတာ အခုသူ့ကိုမုန်းသွားရင် သူရင်ကွဲရလိမ့်မည်။ ရေတံခွန်နားကလာသော 

အလင်းရောင်ကြောင့် မလှမ်းမကမ်းတွင်

နီညိုရောင်ဂါဝန်ကိုမကာ တလှုပ်လှုပ်နဲ့

ပြေးနေသောသူမကို တွေ့လိုက်ရသောကြောင့် သူမနောက်အမီပြေးလိုက်သွား၏။ 


အနားရောက်တော့ သူမမှန်းပိုသေချာ

သွားကာ သူမထက်ရှေ့ကိုကြိုရောက်အောင်သွားလိုက်ပြီး အရှေ့မှပိတ်ရပ်ကာ 

တားဆီးလိုက်သည်။ လိပ်ပြာရှေ့မှပုံရိပ်တစ်ခုက တားဆီးလိုက်သောကြောင့် ပြေးနေရာမှရပ်တန့်ကာ ခေါင်းမော့ကြည့်လိုက်စဥ်... 


"လိပ်ပြာ ကိုယ်ရှင်းပြမယ် လိပ်ပြာမင်းထင်သလိုမဟုတ်ဘူး..."


"လိပ်ပြာဘာမှမပြောချင်ဘူး လိပ်ပြာကိုသွားခွင့်ပေးပါ ကျေးဇူးပြုပြီး..."


"မဟုတ်ဘူး... ဒီကိစ္စကိုအခုရှင်းရမှ လိပ်ပြာ စိတ်အေးအေးထားပြီး ကိုယ်ပြောတာကို

ခဏလောက်ပဲ ခဏလေးပဲဖြစ်ဖြစ်နားထောင်ပေးပါ "


" ဟင့်အင်း ဟင့်အင်း "


လိပ်ပြာသူ့ကိုကျော်ကာထွက်သွားမည်အလုပ် သူကလိပ်ပြာလက်ကို ဆောင့်ဆွဲလိုက်ပြီး သူနှင့်မျက်နှာချင်းဆိုင်စေသည်။ လိပ်ပြာလက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားသောကြောင့်ရုန်းမရ...အားအင်များကလည်း လိပ်ပြာထင်ထားတာထက်လျော့နည်းလာသည်။


"ကိုယ်လိပ်ပြာကိုအပျော်သက်သက်ဆော့ကစားချင်တဲ့ရည်ရွယ်ချက်မရှိခဲ့ပါဘူး..."


လိပ်ပြာမျက်ဝန်းထဲမျက်ရည်ဥများရစ်သီ

လာကာ သူ့ရှေ့မှာမျက်ရည်မကျမိအောင် 

နှုတ်ခမ်းကိုသွားဖြင့်ဖိကိုက်ကာ ထိန်းနေလျက်သားနှင့် လိပ်ပြာညာဘက်မျက်ဝန်းမှမျက်ရည်ဥကလေး ပါးပြင်ပေါ်သို့ ဖြုတ်ခနဲဆို ကြွေကျတဲ့အချိန် ဆက်ခနဲဆိုမျက်နှာလွှဲလိုက်သည်။ သူကလိပ်ပြာပါးပြင်ကိုဖွဖွအုပ်ကိုင်ကာ မျက်ရည်များကို တယုတယသုတ်ပေးနေပေမယ့် 

လိပ်ပြာစိတ်ထဲမှာတော့သူ့ကိုရွံကြောက်မိ

နေသည်။ 


သူ့လက်ထဲမှလိပ်ပြာမျက်နှာကိုရုန်းထွက်

လိုက်ပြီး...


"တောင်းပန်ပါတယ် လိပ်ပြာဘာဆိုဘာမှမကြားချင်တော့လို့ပါ နောက်ပြီးရှင်ဘာပြောပြော လိပ်ပြာရဲ့ကျသွားတဲ့ဂုဏ်သိက္ခာနဲ့တန်ဖိုးက ပြန်တက်လာပြီး နဂိုအတိုင်းပြန်ဖြစ်လာတော့မှာမှမဟုတ်တာ "


"ကိုယ်မင်းကိုချစ်တယ် မင်းဒီထက်ပိုပြီးပြောစေချင်ရင်လည်းပြောပါ့မယ် ချစ်တယ်

ချစ်ပါတယ်...မင်းကိုချစ်တယ်လို့ပြောလိုက်တိုင်း မင်းရှေ့မှာဒူးထောက်ပြီး အရှုံးပေးနေတယ်ဆိုတာသိထားပါ "


သူ့ပါးစပ်က ချစ်တယ်လို့တဖွဖွပြောနေပေမယ့် လိပ်ပြာကတော့ သူလိမ်နေတယ်လို့ပဲ 

တစ်ထစ်ချယုံကြည်နေမိသည်။ လိပ်ပြာရဲ့

နှလုံးခုန်သံများကလည်း စက္ကန့်နှင့်အမျှ 

မြန်ဆန်စွာခုန်ပေါက်နေပါသည်။ 


လိပ်ပြာရဲ့ နှလုံးခုန်သံကိုမသိကျိုးကျွံပြုကာ 

စိတ်မလှုပ်ရှားသလို ဟန်ဆောင်ရင်း သူ့မျက်နှာကို တွေဝေမှုမရှိ စူးရှစွာကြည့်လိုက်ကာ...


" မယုံဘူး "


"ဘာ မင်းဘာစကားပြောလိုက်တယ် "


"မယုံဘူးလို့ ရှင်ဘယ်လိုပဲလီဆယ်ပြီးပြောပြော "


" မင်း "


" အ "


လိပ်ပြာလက်နှစ်ဖက်ကိုကိုင်ထားတဲ့ သူ့

လက်တွေရဲ့တင်းကျပ်စွာ ဆုပ်ကိုင်လိုက်

ခြင်းခံရသောကြောင့် လိပ်ပြာလက်ကောက်ဝတ်များ ကျဥ်ခနဲ နာကျင်သွားရ၏။ 


သူမပြောလိုက်တဲ့စကားတွေက သူ့အသည်း

နှလုံးကိုဓားဖြင့်အစိတ်စိတ်အမွှာမွှာဖြစ်အောင်မွှန်းနေသလိုပင်...၊ သူ့ကိုစော်ကားလို့ရချင်ရမယ် သူ့အသည်းနှလုံးကိုစော်ကားဖို့တော့ သူမကိုအခွင့်အရေးပေးမထားမိ။ ဒါကိုသူမကစော်ကားလာသည်။ သူမခါးကို

သူနှင့်ပိုနီးစပ်အောင် ဆွဲယူကာ သူမနှုတ်ခမ်းကို ပြင်းပြစွာ ခပ်ကြမ်းကြမ်း ထပ်မံနမ်းရှိုက်လိုက်သည်။ 


" အွန်း...အွန်း "


ဒီတစ်ခါသူ့အနမ်းတွေကကြမ်းတမ်းသည်။

လိပ်ပြာနှုတ်ခမ်းများ ထူပူဖိန်းရှိန်းလာသောကြောင့် သူ့ရင်ဘက်ကိုလက်သီးဆုပ်ဖြင့်

ထုရိုက်နေပေမဲ့အရာမဝင်...။ 


သူ့ရင်ဘက်ကိုအားကုန်တွန်းကာ လိပ်ပြာ

နှုတ်ခမ်းမှခွာစေပြီး...


" ဖြောင်း " ခနဲမြည်အောင်သူ့ပါးကို တွေဝေမှုမရှိ နောက်ထပ်တစ်ကြိမ်ထပ်ရိုက်လိုက်သည်။ အရိုက်ခံလိုက်ရတဲ့သူတော့ ဘယ်လိုနေမှန်းမသိ လိပ်ပြာလက်ဖဝါးတစ်ခုလုံး ပူထူကာ စပ်ဖျင်းဖျင်းဖြစ်သွားရသည်။ လည်ထွက်သွားတဲ့ သူ့ပါးပြင်နီနီရဲရဲကို လက်ဝါးဖြင့်အုပ်ကိုင်ကာ သူမကိုဒေါသထွက် အမျက်ရှနေသော ကျားနာတစ်ကောင်ပမာကြည့်လိုက်သည်။ 


သူ့ရဲ့ ကြောက်စရာကောင်းသော မျက်ဝန်း

တစ်စုံနှင့်စုံလိုက်ချိန် သူ့ပါးကိုရိုက်လိုက်မိ

တာ အမှားကြီးမှားသွားပြီမှန်းသိလိုက်ရသည်။ ဒီအမှားဟာလိပ်ပြာတစ်ယောက်ထဲမှားခဲ့တဲ့အမှားလား...။ ဒါပေမဲ့ ပြန်ပြင်လို့မှမရတော့တာ သေချာတာတစ်ခုကတော့

နောက်ဆုံးဒီအကျိုးဆက်ကိုခံရမှာက

လိပ်ပြာပင်...။ လိပ်ပြာရဲ့ ခါးကိုတင်းကျပ်စွာ ဆွဲဖက်ကာ လည်ဂုတ်ကိုသူ့လက်ဖဝါးဖြင့်အုပ်ကိုင်ရင်း လိပ်ပြာနှုတ်ခမ်းကိုအလွှတ်မပေးတော့ဘဲ အနမ်းကြမ်းများပေးနေသည်။ 


သူ့ရင်ဘက်ကိုအားကုန်တွန်းသော်လည်းမရ 

လိပ်ပြာဘဝက ကျားခံတွင်းဝမှာရောက်နေတဲ့ လိပ်ပြာလေးတစ်ကောင်ပမာ...။ 

သူ့နှုတ်ခမ်းတွေကို ဆွဲခွာသော်လည်း အချည်းနှီးသာ။ လိပ်ပြာနှုတ်ခမ်းကို  တင်းတင်းစေ့ပိတ်ထားသောကြောင့် သူ့လျှာဖြင့်လိပ်ပြာနှုတ်ခမ်းကိုဖွင့်နေ၏။ 

ဒီလိုမလုပ်ပါနဲ့ လိပ်ပြာရှင့်ကိုမုန်းမိလိမ့်မယ်

ကျေးဇူးပြုပြီးရပ်ပါတော့...။ လိပ်ပြာကိုဘယ်သူမှမကယ်နိုင်တော့ဘူလား...။ လိပ်ပြာစိတ်ထဲမှာ အကြိမ်ကြိမ်အော်ဟစ်ပြီးအကူအညီတောင်းနေပေမယ့် အရေးနိမ့်ခဲ့လျက် သူခေါ်ဆောင်ရာနောက်ကိုသာ...။ 


သူမကိုဒီလိုမလုပ်ချင်ပါဘူး...သူမရှေ့မှာဆို 

အကြိမ်ကြိမ်ကျရှုံးနေတာ သူအသိဆုံးပါ။ 

သူမအပေါ်သူ့ရဲ့ တပ်မက်လိုချင်တဲ့စိတ်ဆန္ဒ

တွေကိုလည်း ထိန်းချုပ်ရတာခဏခဏပါ။ 

ဒါပေမဲ့ ဒီတစ်ကြိမ်တော့သူမအလိုကိုမလိုက်

နိုင်ဘူး... သူဒီလိုလုပ်မိလို့ဘယ်တော့မှ

နောင်တရမှာလဲမဟုတ်ဘူး...၊ အရာအားလုံးဟာ သူမကိုချစ်တယ်ဆိုတဲ့စိတ်တစ်ခုတည်း

ကြောင့်ပါ...။


ထိုမြင်ကွင်းကိုအစအဆုံးကြည့်နေတဲ့ တစ်ဦးတည်းသော သူက မိုးထက်မြင့်။ 


"ကောင်မ နင်ကငါ့လူကို ဘာတွေနဲ့မြူဆွယ်ဖျားယောင်းထားလို့ ကိုကိုကဘာလို့နင်မှနင်ပဲဖြစ်နေရတာလဲ... စိတ်ချ ငါ့ကိုကို ကို

နင့်ဆီကပြန်လုယူပြမယ်...စောင့်ကြည့်နေ 

မိုးထက်မြင့်က အပြောမဟုတ်ဘူး

လက်တွေ့ဆိုတာ ကိုကိုငါ့ဆီရောက်လာတဲ့တစ်နေ့သိလာလိမ့်မယ်..."


သူမကလက်သီးကို ကျစ်ကျစ်ဆုပ်ကာ 

စားတော့မလိုဝါးတော့မလို မီးတောက်နေတဲ့

မျက်လုံးတွေနဲ့အတန်ကြာ ရပ်ကြည့်နေပြီးမှ 

လှည့်ထွက်သွားသည်။ 


Dinner ပွဲတွင်ပွဲရဲ့ အရေးပါတဲ့သူမရှိတဲ့အတွက် ဆူပူကာလှုပ်လှုပ်ရှားရှားဖြစ်နေသည်။


"အားလုံးပဲစိတ်မပူကြပါနဲ့ ကျွန်တော်ကပဲ

တောင်းပန်ပါတယ် ဒါ့ကြောင့်ဟင်းပွဲများကို

ဆက်ပြီးသုံးဆောင်ကြပါ မကြာခင်သားရောက်လာပါလိမ့်မယ်...အေးဆေးသုံးဆောင်ကြပါ "


"အဂ္ဂ သခင်ကြီးကတော့သခင်လေးမရှိတုန်းအမှတ်တွေဝင်ယူနေပြီ "


"အဲဒါအကြောင်းမဟုတ်ဘူး သခင်လေးအဆင်ပြေရဲ့လားမသိဘူး..."


"ပြေမှာပါ သခင်လေးအဆင်ပြေမှာပါဒါပေမဲ့ သခင်လေးဒီလိုလုပ်လိမ့်မယ်လို့မထင်ထားတာအမှန်ပဲ ကြည့်ရတာသခင်လေးက အဲ့မိန်းကလေးကိုတော်တော်ကြွေပြီးချစ်နေတာဖြစ်ရမယ်...နောက်ပြီးသူလေးကအတော်လှတာနော် "


"မင်းပါးစပ်ကိုပိတ်ထားလို့မရဘူးလား... ဒီမှာပြဿနာဖြစ်နေရတဲ့အထဲ မင်းငြိမ်ငြိမ်နေ "


" ငါကလည်းသိပါတယ်ကွာ "


°°°°°°°°°


လိပ်ပြာရဲ့ နှုတ်ခမ်းကိုအချိန်အတော်ကြာ

စုပ်ယူနမ်းရှိုက်နေသည့်အတွက် ထူပူကျိန်းစပ်လာကာ အသက်ရှူရခက်၍ မောဟိုက်လာပြီး ဒေါသများထိန်းမရ

ဖြစ်၍ သူ့နှုတ်ခမ်းကို လိပ်ပြာရှေ့သွားဖြင့်

အသားကုန်ဖိကိုက်ပစ်လိုက်တော့မှ 

ခွာပေးသည်။ လိပ်ပြာရဲ့ အသားတွေ

တဆတ်ဆတ်တုန်ယင်ကာ မောဟိုက်နေပြီးနှလုံးသားတစ်ခုလုံးနာကျင်နေသည်။

သူနမ်းထားသောလိပ်ပြာရဲ့နှုတ်ခမ်းကို ရွံသောကြောင့် လက်ခုံဖြင့်ဖိသုတ်နေမိတော့သည်။ 


သူကနှုတ်ခမ်းထောင့်မှာပေနေတဲ့သွေးတွေ

ကို လက်မဖြင့်ဖိဆွဲကာ ပါးစပ်ထဲထည့်လိုက်ပြီးမှ...


"အဟက် မင်းပေးလိုက်တဲ့ဒဏ်ရာက ကိုယ့်အတွက် ကမ္ဘာပေါ်မှာအချိုဆုံးပဲ၊ မင်းရဲ့ သွေးရောပဲ သိလား...."


" လဲသေလိုက် "


လှည့်အထွက်သူကလိပ်ပြာညာဘက်လက်

ကိုလှမ်းဆွဲကာ လိပ်ပြာကျောပြင်နဲ့သူ့ရင်ဘက်ကိုကပ်ထားစေပြီး လိပ်ပြာလက်တွေကို အနောက်မှတင်းကျပ်စွာသိုင်းဖက်၍ ပွေ့ဖက်ချုပ်နှောင်ထားပြန်၏။ 

လိပ်ပြာဝမ်းနည်းလာရကာ မျက်ဝန်းထဲမှ

မျက်ရည်များက တာကျိုးသလိုစီးဆင်းလာရပြန်သည်။ ငိုသံပါသော တိုးလျလျအသံဖြင့်... 


"လွှတ် လွှတ် "


သူ့ရဲ့ လက်ပေါ် သူမမျက်ရည်များက မိုးရွာချလိုက်သလိုစိုစွတ်သွားရသည်။ သူ မရည်ရွယ်ခဲ့ပါ၊ သူမသူ့ကြောင့်မျက်ရည်ကျမှာကိုမလိုလားပါ၊ သူစိတ်မကောင်းဖြစ်သွားရသည်။ 


"ကိုယ်တောင်းပန်ပါတယ် ဒီလိုဖြစ်ဖိုမရည်ရွယ်ခဲ့တာမှန်သောစကားပါ၊ မင်းခွင့်မလွှတ်နိုင်ရင်တောင် ကိုယ်အနူးအညွှတ်တောင်းပန်ပါတယ် "


သူမရဲ့ ဆံပင်တွေကြား သူ့နှာခေါင်းတိုးဝင်ကာနမ်းရှိုက်နေမိသည်။ သူမကိုယ်လေး သူ့လက်ထဲထွန့်ထွန့်လူး ရုန်းကန်နေ၏။ လိပ်ပြာရဲ့ နှလုံးသားကို အနာပေးလိုက် ဆေးပေးလိုက်နှင့် ကြာလာရင် လိပ်ပြာနှလုံးသားကထုံလာပြီး ဘာမှလက်ခံနိုင်

မှာမဟုတ်သလို ဘာမှလည်းပြန်ပေးနိုင်မှာ

မဟုတ်တော့ဘူး...လိပ်ပြာရဲ့ ခြေထောက်တွေမတ်တပ်ရပ်ဖို့အားမရှိတော့... သေချာပါတယ်... သူသာလိပ်ပြာကိုဖက်ထားရာမှ လွှတ်ပေးလိုက်ရင် မြေပြင်ပေါ်မှာပုံလျက်သားကျသွားနိုင်သည်။ 


"ကိုယ်ပြောတာကိုယုံပေးပါ ခုနကကိစ္စက

ကိုယ်တမင်လုပ်လိုက်တာမဟုတ်ပါဘူး 

ကိုယ်မင်းကိုချစ်တယ်ဆိုတဲ့အကြောင်း 

အားလုံးကိုတရားဝင်အသိပေးကြေညာဖို့ ဒီပွဲကိုကိုယ်စီစဉ်လိုက်တာပါ အခုတော့ "


"အခုတော့ ရှင့်စိတ်ကူးနဲ့လက်တွေ့ညီမညီဆိုတာ ဒီပွဲကိုလာကြတဲ့ဧည့်သည်တွေကသက်သေပါပဲ "


" ကိုယ်... "


"တော်ပါတော့ ဘာမှမကြားချင်တော့ဘူး

ကျွန်မအိမ်ပြန်ချင်တယ် သွားခွင့်ပြုပါ "


ပန်းလိပ်ပြာ ဆက်မရုန်းတော့ဘဲ အချိုသက်သလိုမျိုး ပြောလိုက်တော့ သူ့လက်တွေကကိုယ်ပေါ်မှ ရုတ်မသွားပေမယ့် သူမလည်တိုင်တစ်ဝိုက်မှာတော့ သူမှုတ်ထုတ်လိုက်သည့် လေငွေ့နွေးလေးတွေ လာရောက်ထိခတ် ကြည်စယ်နေ၏။ 


°°°°°°°°


Hotel အဝင်ဝမှာ ဆိုင်ကယ်ကိုရပ်မထား

ခဲ့တော့ဘဲ အယ်လ်စိုင်းဇော်တစ်ယောက် လိပ်ပြာရှိမယ့် ပွဲကျင်းပရာနေရာသို့ 

မောင်းလာခဲ့သည်။ hotel ဝန်းထဲက ရေဗန်း

ကိုအဖြတ် ခပ်လှမ်းလှမ်းမှ လိပ်ပြာလို့ထင်ရ

တဲ့တစ်ယောက်ကို ဂါဝန်နှင့်တွေ့လိုက်ရ၏။ 

သေချာကြည့်လိုက်တော့မှ တစ်ယောက်ထဲ

ဟုတ်ပုံမရ အနောက်မှတစ်ယောက်ယောက်ကသိုင်းဖက်ကာ ချုပ်နှောင်ထားသလိုပင်...။ အနီးနားရောက်တော့မှ လိပ်ပြာဟုပိုသေချာသွားကာ ဆိုင်ကယ်ကိုရပ်လိုက်ပြီး လိပ်ပြာထံခပ်သွက်သွက်လျှောက်သွားလိုက်သည်။ 


" စိုင်း !!! "


လိပ်ပြာဆီခပ်မြန်မြန်လျှောက်လာနေသော

စိုင်းကို အားကိုးတကြီးခေါ်လိုက်မိသည်။ ထိုစဉ် အနားရောက်လာသော စိုင်းက လိပ်ပြာကိုချုပ်ထားတဲ့လက်တွေကို

ဆွဲဖြုတ်လိုက်ပြီး သတိုးတေဇမျက်နှာပေါ် 

လက်သီးတစ်ချက်ပင့်ထိုးလိုက်သည်။လိပ်ပြာကိုဖမ်းချုပ်ထားတဲ့ သူ့လက်တွေ

ဖယ်လိုက်တာနဲ့ လိပ်ပြာဒူးများ ခွေညွှတ်ကာ 

အောက်သို့ပျော့ခွေကျသွားရတော့သည်။ 


ရုတ်တရက် အလစ်မှာ သူအငိုက်မိသွားရခြင်းက သူ့ပါးတစ်ခြမ်းပေးလိုက်ရ၏။ သူ့ပါးဇောင်ကိုလျှာဖြင့်ထိုးကာ စိုင်းကိုဘုကြည့်ကြည့်လိုက်

သည်။ လိပ်ပြာရဲ့ သူဋ္ဌေးဆိုသူလုပ်ပုံကအချိုးမပြေတာကြောင့် အကျီကော်လံစကိုကိုင်ကာ နောက်တစ်ချက်ထိုးဖို့လက်ရွယ်လိုက်စဉ်...


"စိုင်းမလုပ်နဲ့တော့ သူရိုင်းစိုင်းတိုင်း နင်မရိုင်းနဲ့၊ စိုင်း... လိပ်ပြာပြောတာနားထောင်ပါ "


"ထိုးလေ နောက်တစ်ချက်ထိုးကြည့်လိုက်စမ်း "


သူ့ကိုခနဲ့သလို ပြောလာသော်လည်း လိပ်ပြာ

မျက်နှာကြောင့် ကိုင်ထားတဲ့သတိုးရဲ့ကော်လံစကိုလွှတ်ပေးလိုက်ပြီး လိပ်ပြာဆီလှည့်ထွက်သွားကာ လိပ်ပြာရှေ့ သူမုဆိုးဒူးထောက်ထိုင်လိုက်ပြီး...


"လိပ်ပြာ အဆင်ပြေရဲ့လား ဘာဖြစ်သွားသေးလဲ"


"ရတယ် လိပ်ပြာကိုဒီကနေအမြန်ဆုံးခေါ်သွားပေးပါနော် ခေါ်သွားပေးပါ "


"အင်းပါ အင်းပါ "


"နေဦး မင်းလက်သီးတစ်ချက်အတွက် ငါလက်သီးတစ်ချက်ကိုအလျော်မတောင်းဘူး 

မင်းပြန်ပေးဆပ်ရမှာက မင်းရဲ့အသည်းနှလုံးတစ်ခုဆိုတာမှတ်သွားလိုက် "


" စိုင်း !!! "


ဟန့်တားသံလေးကြောင့် တစ်ဖန်အကြည့်လွှဲကာ တုန်ရီနေတဲ့ လိပ်ပြာခန္ဓာကိုယ်လေးကိုဆွဲထူမလျက် စိုင်းက ဆိုင်ကယ်ရှိရာတွဲကူသွားသည်။ လိပ်ပြာကိုမချီ

ကာ ဆိုင်ကယ်ပေါ်တင်ပြီးသည်နှင့်တစ်ပြိုင်နက် ထိုနေရာမှအမြန်ဆုံးမောင်းထွက်လာခဲ့တော့၏။


"တောက် ဟာကွာ "


သူ့လုပ်ရပ်တွေကို သူကိုယ်တိုင်တောင်နားမလည်တော့။ သူ့ခေါင်းကဆံပင်တွေထဲ

လက်ဆယ်ချောင်းလုံးထိုးထည့်ကာ ဆွဲဆုပ်ပြီးဖွပစ်လိုက်သည်။


" တောက်! "


"အဂ္ဂ အခုချက်ချင်းငါ့ဆီကားယူလာခဲ့ "


ဘောင်းဘီအိတ်ထဲတွင်ရှိသောဖုန်းကို 

ထုတ်ယူပြီး အဂ္ဂဆီလှမ်းဆက်လိုက်သည်။

ကားရောက်လာသည်နှင့် မောင်းသူနေရာတွင်ထိုင်ကာ ကားကိုအရှိန်မြှင့်၍ မောင်းထွက်သွားသည်။ ဗညားကလည်းမပြေးရုံတမယ်အနောက်မှလိုက်လာနေ၏။ 


"အဂ္ဂ သခင်လေးကဘယ်သွားတာလဲ 

 ပွဲကရောဘယ်လိုလုပ်မလဲ..."


"ဘယ်သွားမယ်လို့မင်းထင်လဲ ပွဲကတော့သခင်ကြိီးကြည့်လုပ်လိမ့်မယ်၊ အခုချိန်မှာသခင်လေးကိုတစ်ယောက်ထဲပေးနေလိုက်ပါ "


" ဒါပေမဲ့ "


"မင်းစိတ်ပူတာငါသိတယ် ငါလည်းစိတ်ပူတာပဲ သခင်လေးကသူ့ကိုသူထိခိုက်အောင်လုပ်မှာမဟုတ်ဘူးဆိုတာ မင်းလည်းအသိပဲ...အချိန်လိုနေတာပါ ဒီအတိုင်းခဏလောက်လွှတ်ပေးထားလိုက် "


"ပြီးရောလေ အခုငါတို့ကဘာလုပ်ရမှာလဲ "


"သခင်ကြီးဘာဆက်လုပ်မလဲစောင့်ကြည့်

 ကြတာပေါ့ "


"OK လေ "


သူတို့နှစ်ယောက် dinner ပွဲထဲသို့ပြန်ဝင်

သွားကြသည်။ 


ဘယ်အချိန်ရှိနေမှန်းမသိပေမယ့် လမ်းမကြီးတွေထက်မှာ လူတွေရှင်းစပြုနေပြီ။ လူတစ်ယောက်မှာ အမှားလုပ်မိတဲ့အခါပဲဖြစ်ဖြစ် ပြဿနာတစ်စုံတစ်ရာကိုဖြေရှင်းလို့မရအောင်ခက်ခဲနေရင်ပဲဖြစ်ဖြစ် စိတ်ညစ်ညစ်နဲ့အရက်သောက်တတ်ကြတယ်...။ အရက်သောက်လိုက်လို့ အမှားကအမှန်ပြန်ဖြစ်လာမှာမဟုတ်သလို 

ပြဿနာကလည်းပြေလည်သွားမှာမဟုတ်ဘူးဆိုတာသူသိတယ်...၊ အဲဒါတွေကိုသူသိပေမယ့် အခုချိန်မှာဆင်ခြင်ပြီးလိုက်နာကျင့်ကြံနေမှာ

မဟုတ်ဘူး...။ နောက်လူတွေနဲ့လည်း စကား

မပြောချင်သလို လူတွေရှိတဲ့နေရာလည်း

မသွားချင်ဘူး...၊ ကိုယ့်ဘာသာတစ်ယောက်ထဲ သီးသန့်ကမ္ဘာလေးမှာ ဘာအပူအပင်မှမရှိဘဲနေချင်မိတယ်...၊ တခဏတာအတွင်းမှာပဲ သူ့စိတ်တွေဟာ နေ့ခင်းဘက်မှာမက်တဲ့

အိပ်မက်လို ဂယောက်ဂယက်ဖြစ်နေမိပြန်တယ်။ နောက်ဆုံးကားလေးရဲ့ ဦးတည်ရာကတော့ 'သတိုးတေဇစံအိမ်' သို့သာ...။ 


လိပ်ပြာကိုယ်ပေါ်မှဂါဝန်ကြောင့် ဘေးတစောင်းသာလိုက်ပါလာပြီး စိုင်းပုခုံးကိုကိုင်ထားတဲ့လိပ်ပြာလက်တွေက မသိမသာတုန်ရီနေသည်။ 

တစ်နေရာအရောက်တွင် ဆိုင်ကယ်ကထိုးရပ်သွားပြီး စိုင်းကလိပ်ပြာဘက်လှည့်ကာမေးလာသည်က... 


" လိပ်ပြာအဆင်ပြေရဲ့လား..."


" ဟင့်အင်း "


ဟု သူမဆိုလိုက်ပြီး ဆိုင်ကယ်ပေါ်မှအသာဆင်းလိုက်၏။ 


"ငါနင့်ကိုစိတ်ပူနေခဲ့တာ အဲဒါကြောင့်ပဲ

လိပ်ပြာဖုန်းဆက်တာကိုစောင့်မနေဘဲ 

ထွက်လာခဲ့တာအတော်ဖြစ်သွားတာပေါ့၊ 

ဘာဖြစ်တာလဲ ငါ့ကိုပြောပြပဦး...နောက်ပြီး

သူလိပ်ပြာကိုဘာလုပ်လိုက်သေးလဲ လိပ်ပြာ "


လိပ်ပြာစိုင်းကိုမျက်နှာချင်းမဆိုင်ဘဲ ဘေးတစောင်းရပ်နေသည့်အပြင် စိုင်းမေးတဲ့မေးခွန်းတွေကိုလည်းတစ်ခုမှပြန်မဖြေ၊ လိပ်ပြာစိတ်လှုပ်ရှားမှုတွေမပြယ်သေးတာအခုထိပင်...။ အသက်ကို

ခပ်ပြင်းပြင်းရှူကာ သက်ပြင်းချလိုက်ပြီးမှ...


"စိုင်း ငါလေနင့်မျက်စိထဲမှာတန်ဖိုးမဲ့တဲ့

မိန်းကလေးတစ်ယောက်ဖြစ်နေလား...

အညှာလွယ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်နေလား....ဖြေပါဦး  "


လိပ်ပြာရဲ့ အသံတွေက ပထမတုန်းက

တည်ငြိမ်သလောက် နောက်ပိုင်းမှာဒေါသသံများပါလာသည်။ 


လိပ်ပြာစိုင်းကို မျက်နှာချင်းဆိုင်ကြည့်လိုက်တော့ လိပ်ပြာတစ်ခါမှမတွေ့ဘူးတဲ့ စိုင်းရဲ့မျက်ဝန်းတွေထဲမှာ စိုးရိမ်မှု အံ့အားသင့်မှုတွေနဲ့ သနားကရုဏာသက်မှုတွေကိုတွေ့လိုက်ရသည်။ ထို့ကြောင့် သူမရဲ့ ရဲတက်နေပြီး နွေးထွေးနေဆဲ နှုတ်ခမ်းနှစ်လွှာကိုလှစ်ဟ၍... 


"စိုင်း... ငါဘယ်နေရာများသနားစရာကောင်းနေလို့လဲဟင် နင်အဲ့လိုကြည့်တာ "


စိုင်းက ပျာပျာသလဲခေါင်းခါလိုက်ရင်း...


"မဟုတ်ဘူး လိပ်ပြာထင်သလိုမျိုးမဟုတ်ဘူး လိပ်ပြာမေးတာကိုဖြေမှာပါ အရင်ဆုံးငါတစ်ခုပြောချင်တာက ငါငယ်ငယ်လေးတည်းကသိလာတဲ့ လိပ်ပြာဆိုတာ အမှားတစ်ခုကိုလွယ်လွယ်မလုပ်တတ်တဲ့အပြင် မျက်ရည်လည်းအလွယ်တကူမကျတတ်ဘူးဆိုတာပါ "


စိုင်းပြောလိုက်မှ လိပ်ပြာရဲ့မျက်ဝန်းတွေထဲ

ခိုကပ်နေတဲ့မျက်ရည်စတွေကို လက်ခုံဖြင့်

ဖိသုတ်လိုက်မိသည်။ 


"အခုလိပ်ပြာမေးတာကိုဖြေမယ် တန်ဖိုးဆိုတာတန်ဖိုးထားတတ်တဲ့သူရဲ့ လက်ထဲမှာသာတန်ဖိုးရှိတာပါ၊ လိပ်ပြာဆိုတာ ငါ့အတွက်တော့ တန်ဖိုးဖြတ်မရတဲ့မိန်းကလေးပါ၊ လိပ်ပြာဟာတန်ဖိုးရှိတဲ့မိန်းကလေးမှန်းငါသိသလို တခြားသူတွေလည်းသိကြမှာပါ 

တခြားသူတွေထက် ကိုယ့်ကိုယ်ကိုယ်ပို

ယုံကြည်လိမ့်မယ်လို့ထင်တယ်၊ 

လိပ်ပြာအညှာလွယ်လားမလွယ်လားတော့မသိဘူး အခုချိန်ထိလိပ်ပြာနားတစ်ယောက်မှကပ်လို့မရလို့ အပျိုကြီးဖြစ်တော့မှာတော့သိတယ် "


စိုင်းစကားတွေကလိပ်ပြာကို အားပေးသလို

ရှိတာကြောင့် အနည်းငယ်ပြုံးချင်လာသည်။ ပြီးတော့ အနည်းငယ် စိတ်သက်သာရာရလာသလို ခံစားမိလာ၏။ 


"အခုငါမေးတာဖြေဦးလေ ဘာဖြစ်ခဲ့တာလဲ

နောက်ပြီးလိပ်ပြာနဲ့ဟိုသူဋ္ဌေးနဲ့ကဘယ်လိုပတ်သက်မှုမျိုးလဲ တစ်မျိုးတော့မထင်နဲ့နော် "


ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည့် လေထုတွေ​က ရင်ထဲထိ အေးစက်ကာ လှိုက်ခနဲ တုန်ရီသွားသလိုပင်။ ရုတ်ချည်း ပြန့်ဆန့်နေသည့် မျက်ခုံးတန်းနှစ်ခုက တွန့်ကြေမယောင်ဖြစ်နေကြပြီး ခန္ဓာကိုယ်ကို ရှေ့တည့်တည့်လှည့်လိုက်တော့ အရှေ့မှဖြတ်တိုက်လာသော လေကြမ်းကြမ်းတစ်ချက်က သူမကို လွင့်ထွက်သွားမတက်။ ဘေးက မျက်ဝန်းတစ်စုံကတော့ ညောင်းရမှန်းမသိအောင် သူမဆီမှာ တဝဲလည်လည်သာ။ 

°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°•°♥•°


အပိုင်း(၃၃) ဆက်ရန် >>>


#Ruby Linn


rate now: