💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
-------------------
စကားပြောနေရာမှစကားစဖြတ်ကာလှည့်
ထွက်ဖို့ပြင်လိုက်စဉ် သူသွားမဲ့လမ်းကြောင်း
တည့်တည့်မှတစ်စုံတစ်ရာကသူ့ထံတရွေ့
ရွေ့လျှောက်လာသည်။ သူ့ထံလျှောက်လာ
သောသူကို ဒေါသမီးများနှင့်အတူအံ့သြတကြီးကြည့်နေမိ၏။ သူကြည့်နေစဉ် ထိုသူက
မျက်နှာချင်းဆိုင်သို့ရောက်လာချိန် ညာဘက်လက်ကိုတင်းကျပ်စွာဆုပ်မိလျက်သားဖြစ်သွားသည်။
"သားဘာလဲ အဖေကမဖိတ်ထားတဲ့ဧည့်သည်မို့လို့ အံ့သြနေတာလားသားရဲ့၊ သားကမဖိတ်ပေမဲ့ကိုယ့်သားရဲ့ပွဲကို ဘယ်လျစ်လျူရှူလို့ရမလဲ ဝမ်းသာအားရနဲ့လာဂုဏ်ပြုပေးရမှာပေါ့ congratulation ပါသား "
သူ့မျက်စိရှေ့ကမ်းပေးလာတဲ့ သူ့အဖေ
လက်ကိုမမြင်ချင်ယောင်ဆောင်ကာ...
"မလိုပါဘူး တစ်ခုမှာထားရဦးမယ်ကျွန်တော့်ပွဲက ဦးဘုန်းတေဇရဲ့ရုပ်ရှင်ရိုက်ကွင်းမဟုတ်ဘူးဆိုတာသိထားရင်အကောင်းဆုံးပဲ..."
သူပြောနေရင်းဘေးကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။
"သားရယ် အဖေကသားရဲ့အဖေပါ သားစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ပါ့မလား အဖေ့မိသားစုကိုအဖေအိမ်မှာပဲထားခဲ့တယ် ကဲ ဒီကိစ္စတွေထားလိုက်ပါလေ...အဖေ့မိတ်ဆွေနဲ့မိတ်ဆက်ပေးရဦးမယ်...သူတို့ကသားနဲ့ မိတ်ဆက်ချင်နေတာ လာပါသားရဲ့ လာပါ "
ဘာမပြောညာမပြောနဲ့ သူ့လက်ကိုဆွဲကာ
ဘယ်ကမှန်းမသိတဲ့အသိမိတ်ဆွေဆီခေါ်
သွားနေသည်။
"မင်္ဂလာပါ "
"သြော် ဟုတ်ကဲ့ဦးဘုန်းတေဇပါလား..
ဘယ်နေ့ကရောက်လဲ မတွေ့ရတာနှစ်အတော်ရှိပြီမလား...ဒီပွဲမှာဦးဘုန်းတေဇကို
တွေ့ရမှာမဟုတ်ဘူးလို့တောင်ပြောနေကြတာ "
ဘာလဲ ဘာတွေစတန့်ထွင်ထားပြန်တာလဲ၊ သေချာတာတစ်ခုကတော့အကြီးကြီးစီစဉ်ပြီးမှဒီပွဲကိုလာခဲ့တာပဲဖြစ်ရမည်။ မဟုတ်ရင် ဘာကိစ္စကြောင့်မြန်မာပြည်ပြန်လာစရာလိုလို့လဲ...ဒယ်ဒီဘာတွေကြံနေလဲဆိုတာ သူသိအောင်လုပ်ရမည်။
"ဒါကကျွန်တော့သားလေ သတိုးတေဇ ပေါ့၊
နာမည်နဲ့ကျော်ကြားမှုကိုသာကြားဖူးကြမှာ
လူကိုတော့မြင်ရခဲတယ်မလား..."
"ဟုတ်တယ် တချို့တွေဆိုလူမြင်ဖူးဖို့နေနေသာသာ နာမည်တောင်ကြားဖူးကြတာမဟုတ်ဘူး... ဒါပေမဲ့ မောင်သတိုးတေဇရဲ့
အရည်အချင်းနဲ့ကျော်ကြားမှုကတော့
လူတွေရဲ့အနောက်မှာပုန်းလျှိုးကွယ်လျှိုးဖြစ်မနေပါဘူး..."
ဟွန်း... ဘယ်သူများလဲလို့ Royal City ရဲ့
ကုမ္ပဏီပိုင်ရှင်ဦးမိုးထက်ကိုး...၊ သူကလည်း
အလာကြီးပါလား...။ ကိုယ့်အရိပ်တောင်လျော့တွက်လို့မရဘူးဆိုတာမှန်နေတာပဲ...။
တစ်နေ့ကြရင် ဦးမိုးထက်ဆီကအကျိုးအမြတ်ရလာနိုင်မလားဆိုတာ မပြောနိုင်တဲ့အတွက် သူရေလိုက်သင့်ငါးလိုက်သင့်တော့ဆက်ဆံရမှာပဲ...။
"ဘာပဲဖြစ်ဖြစ် Royal City ရဲ့ ကုမ္ပဏီဥဣဋ္ဌသူဋ္ဌေးရဲ့ချီးကျူးတာကိုမခံယူဝံ့ပါဘူး..."
"ဟား ဟား မောင်းသတိုးတေဇက တော်တော်နိမ့်ချတတ်တာပဲ...ဒါနဲ့ အန်ကယ့်ကို RoyalCity ရဲ့ ဥဣဋ္ဌမှန်းသိတယ်ပေါ့ "
"သိတာပေါ့ဗျာ ကျွန်တော်ဒိီလုပ်ငန်းထဲစဝင်ကတည်းက Royal City ဆိုတာနာမည်တစ်လုံးနဲ့နေလာခဲ့တာပဲ...၊ နှစ်တွေပြောင်းလာလို့အောင်မြင်တဲ့ကုမ္ပဏီတွေဘယ်လောက်ပဲမရေတွက်နိုင်အောင် ပေါ်လာပေါ်လာ Royal City ကတော့နည်းနည်းလေးတောင် အခြေယိုင်နဲ့မသွားဘဲ အခုချိန်ထိနေလာနိုင်တာ ရာစုနှစ်တစ်ခုရှိသွားခဲ့ပြီမဟုတ်လား..."
"Wow မောင်သတိုးတေဇက အချိန်နဲ့နေရာကိုလိုက်ပြီးပြောတတ်ဆိုတတ်တာပဲ...ဒါ့ကြောင့်လည်း ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့စီးပွားရေးလောကမှာ နေရာတစ်နေရာရလာခဲ့တာလည်း မထူးဆန်းတော့ပါဘူး...နောက်လည်းအချိန်ရရင် ဒီလိုမျိုးမဟုတ်ဘဲအလုပ်ကိစ္စတွေပါဆွေးနွေးရဖို့မျှော်လင့်ပါတယ်..."
"ဟုတ်ကဲ့ ကျွန်တော့ဘက်ကလည်း welcome ပါခင်ဗျာ "
"ဒါနဲ့မိတ်ဆက်ပေးရဦးမယ် သူကအန်ကယ်ရဲ့တစ်ဦးတည်းသောသမီး မိုးထက်မြင့် တဲ့၊
တလောကပဲ စင်ကာပူမှာကျောင်းသွားတက်ပြီးပြန်လာတာ "
" သြော် "
မိုးထက်မြင့်ကို သူတစ်ချက်မျှသာကြည့်ပြီး
သြော် တစ်လုံးထဲပြောလိုက်သည်။
"မိုးက ဒယ်ဒီ့လုပ်ငန်းတွေကို စိတ်မဝင်စားတော့ မိုးဝါသနာပါတဲ့ designer သင်တန်းကို စင်ကာပူမှာသွားတက်ခဲ့တာလေ "
သူ့ကိုရွှန်းရွှန်းစားစားကြည့်ပြီး ပြောနေသော
မိုးဆိုတဲ့မိန်းကလေးကို မျက်လုံးဝေ့ကာကြည့်လိုက်တော့ ဝတ်ပုံကအနောက်တိုင်းစတိုင်ပြောပုံကအပေါ်ကမဆင်းစိတ်ပျက်ဖို့ကောင်းလိုက်တာ...။ မိုးဆိုတဲ့သူကိုကြည့်နေရင်းနှင့်ပင် သူမက သူ့လက်မောင်းကိုလက်လာချိတ်ကာ...
"ကိုကို ဒါပဲနော် မိုးကိုအပြင်မှာတွေ့ရင်ခေါ်ရမယ် မခေါ်ရင်မိုးကစိတ်ဆိုးမှာ "
ဘယ်လိုမိန်းကလေးပါလိမ့်...အနောက်တိုင်း
အပြုအမူတွေကျင့်ကြံတာများလို့ ယဉ်ကျေးမှုကိုမေ့နေတဲ့အပြင် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားရမှန်းမသိတော့ပါလား...။
ဦးမိုးထက်ဘက်ကို လှည့်ကြည့်လိုက်ရင်း
ဆုံးမပဲ့ပြင်မဲ့သူမရှိတော့ပိုဆိုးတာပေါ့...။ သူ့လက်ကိုချိတ်လာတဲ့ မိုးဆိုတဲ့မိန်းမရဲ့လက်ကိုဆွဲဖြုတ်သော်လည်းမရ။ ရှေ့ရေးကိုမျှော်တွေးလိုက်လို့သာ သူအပြက်မပြောတာ ဒီလိုမိန်းကလေးတွေဆို နှုတ်ဆက်ဖို့မပြောနဲ့မျက်နှာချင်းဆိုင်ဖို့ဆိုတာဝေးရော...။ ဘာလို့ဆို ဒီလိုမိန်းကလေးတွေကို သူသိပ်ရွံပြီးမုန်းတာလေ...။
လိပ်ပြာခပ်လှမ်းလှမ်းကနေကြည့်လိုက်တော့ မိန်းကလေးတစ်ယောက်နဲ့ လက်ချင်းချိတ်ကာ စကားပြောနေသည့်အတွက် သူ့ဆီသွားမယ့်ခြေလှမ်းများ ရပ်တန့်သွားကာ အနောက်သို့ပြန်လှည့်လာပြီး အစ်မသော်တာရှိရာလျှောက်သွားလိုက်သည်။
သူစကားပြောနေရင်း သူမကိုဝေ့ဝဲကာ
ရှာလိုက်တော့ သူမနောက်ကျောကို
အမှတ်တမဲ့တွေ့လိုက်ရ၏။
"ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦး..."
" ကောင်းပါပြီ "
လျှောက်လမ်းအတိုင်းလျှောက်သွားပြီး
အနီရောင်နှင်းဆီပန်းတွေနဲ့ အလှဆင်ထားသည့်စတိတ်စင်ပေါ်သို့ သတိုးတေဇ ဖြည်းဖြည်းချင်းလှမ်းတက်သွားသည်။
"ကြွရောက်လာတဲ့ဧည့်ပရိသတ်များခင်ဗျာ
မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းလေးဖြစ်ပါစေလို့ ပထမဦးစွာနှုတ်ခွန်းဆက်သလိုက်ပါတယ်၊ အခုဒီ hotel ကိုဖွင့်လှစ်ခဲ့တာတစ်လပြည့်ခဲ့ပါပြီ၊ နောင်နှစ်ပေါင်းများစွာအထိ အထွန့်ရှည်ကြာတည်တံ့အောင်ကြိုးစားသွားမှာပါ၊ ဒီလောက်ပါပဲ အခုချိန်ကစပြီးကိုယ်နှစ်သက်ရာယူပြီးသုံးဆောင်နိုင်ပါပြီ "
စင်ပေါ်မှာအဖွင့်အမှာစကားပြောပြီးတာနဲ့
စင်အောက်ပြန်ဆင်းလာပြီး သူမရှိရာမျက်လုံးကရှာနေမိပြန်ပါသည်။ ဟောတွေ့ပါပြီ သူမကသူ့ကိုသတိတောင်မရဘဲ ပြုံးပျော်ပြီးစကားတွေပြောနေလို့။ ပျော်ထားပါ မကြာခင်မှာ ကိုယ်မင်းကိုအံ့အားသင့်စရာလက်ဆောင်တစ်ခုပေးတော့မှာလေ....။
" သား...."
"ဘာပြောစရာကျန်သေးလို့လဲ "
"ဟိုအဖေတစ်ခုပြောချင်လို့ သားကိုမိုးထက်မြင့်နဲ့နေရာချထားပေးချင်တယ်...အခုချိန်မှာ ဒီစကားပြောဖို့စောသေးတယ်ဆိုတာသိပါတယ်၊ ဒါပေမဲ့ ပြောထားသင့်တယ်ထင်လို့ပါ သားလည်းအချိန်ယူပြီး စဉ်းစားလို့ရတာပေါ့၊ သမီးလေးကချစ်စရာလေးပါ "
"ကျွန်တော်စိတ်မဝင်စားဘူး...ကျွန်တော်တစ်ခါတည်းပြောထားမယ် ကျွန်တော့်ဘဝကို ဘာတစ်ခုမှဝင်မစွက်ဖက်ပါနဲ့၊ နောက်ပြီး
ကျွန်တော်မရိုင်းချင်ဘူး..."
"သားသဘောပါ အဖေကသားနဲ့သင့်တော်မယ်ထင်လို့ပါ "
" တော်ပြီဗျာ "
"အေးပါ အဖေဟိုဘက်သွားလိုက်ဦးမယ် "
ဦးသတိုး ခုနကစကားပြောနေတဲ့ဦးလေးက
ဘယ်သူလဲမသိဘူး...။ စီးပွားရေးလောက
ကနဲ့လည်းမတူဘူး ထားလိုက်ပါလေ ငါ့
အကြောင်းမှမပါတာ။ ဗိုက်ဟောင်းလောင်းနဲ့ဟိုပြေးဒီပြေးနဲ့မို့ ဗိုက်ကတဂွီဂွီနဲ့မြည်နေပြီ။ ဘူဖေးမှာတစ်ခုခုသွားစားရန် ဆုံးဖြတ်လိုက်သည်။
°°°°°°°°°
"သခင်လေး ကျွန်တော့ကိုခေါ်တယ်ဆိုလို့ပါ "
"ဒီပွဲကိုဘယ်လိုလုပ်ဦးဘုန်းတေဇကသိသွားပြီးရောက်လာတာလဲ...."
သူ့အဖေ့ကို အဖေလို့မသက်မှတ်တာ ကြာခဲ့ပြီမို့ နောက်ဆုံးလက်ကျန် အသက်ကြီးသူကို လေးစားသမှုလေးထားပြီး နာမည်ရှေ့က ဦးတပ်ခေါ်လိုက်ခြင်းသာ။
" ဗျာ ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်မသိလိုက်ဘူး... "
"မသိတာမလိုချင်ဘူး...မသိသေးတာဆိုရင်
သိအောင်လုပ် သူ့ထက်ခြေတစ်လှမ်းသာနေမှရမယ် "
"ဟုတ်ကဲ့ ဟိုသခင်လေးကျွန်တော်တစ်ခုသိချင်လို့ပါ "
" ဘာလဲ "
"ဟိုနေ့ကပြောတဲ့ သခင်လေးရဲ့ surprise ဆိုတာ မပန်းလိပ်ပြာနဲ့များ ပတ်သက်နေမလားလို့ပါ "
"မင်းဘယ်လိုထင်လဲ "
"ကျွန်တော်ကသခင်လေးလောက် ဉာဏ်မကောင်ပေမယ့် ကျွန်တော်ထင်တာကဒီပွဲမှာ မပန်းလိပ်ပြာကို ပွဲထုတ်မယ်ထင်ပါတယ် "
"ဟွန်း မဆိုးပါဘူး..."
သူမကိုကြည့်နေရင်း အဂ္ဂကိုသူပြောလိုက်သည်။ နောက်သူမထံ သူ့ခြေလှမ်းများကတစ်လှမ်းချင်းလှမ်းသွားနေသည်။ အဂ္ဂကအနောက်မှာ ပြုံးစိစိဖြင့် တစ်ယောက်ထဲကျန်နေခဲ့၏။ သခင်လေးဆန္ဒတွေပြည့်ဝပြီးပျော်ရွှင်တဲ့ဘဝကို .သခင်လေးချစ်တဲ့သူနဲ့လျှောက်လှမ်းနိုင်ပါစေ....။
"ကိုကို "
" ကျစ် "
"မိုးမှာလိုက်ရှာလိုက်ရတာ ကိုကိုကဒီရောက်နေတာကိုး... အတော်ပဲမိုးလည်းဗိုက်ဆာနေတာ မိုးနဲ့အတူစားမယ်မလားဟင် "
"Sorry မင်းအတွက်အချိန်မရှိလို့ "
သူ့လက်ကိုအမိအရတွယ်ကပ်ထားတဲ့
လက်တွေကိုဒီတစ်ခါပြက်ပြက်သားသား
ဖယ်ချလိုက်သည်။ သူ့ကိုကျောပေးထား
ပြီး စားစရာတွေရွေးနေတဲ့သူမကိုခေါ်လိုက်၏။
" လိပ်ပြာ "
" ရှင် !!! "
" ကိုယ်နဲ့ခဏလိုက်ခဲ့ "
" ဟင် "
ဒီမိန်းကလေးကဘယ်သူလဲ...။ ဘယ်သူမို့လို့
ကိုကိုကအချိန်ပေးပြီး အရေးတယူပြောနေရတာလဲ...။ ပုံစံကတော့တော်ရုံအသိုင်းအဝိုင်းထဲကဟုတ်မယ်မထင်ဘူး...။
"ဟို ဘာဖြစ်လို့လဲဟင် "
" လိုက်ခဲ့ "
"Hello မိုးနာမည်က မိုးထက်မြင့်ပါ၊ ဒီကတစ်ယောက်က..."
သူ့ကိုလည်းမသိပါဘဲ သူ့နာမည်ကိုမိတ်ဆက်ပြီး လိပ်ပြာတို့ကြားထဲဝင်လာသောကြောင့် လိပ်ပြာကြောင်သွားရသည်။ ရဲလွန်းသော ထိုမိန်းကလေးကိုသူကျောခိုင်းပြိီးမှပြန်လှည့်လာကာ...
"သြော်လိပ်ပြာနာမည်က ပန်းလိပ်ပြာပါ "
"တစ်ယောက်ထဲလား အဖော်မပါဘူးလား..."
"ဟို လိပ်ပြာက ဒီ hotel ရဲ့ မန်နေဂျာပါ "
"Oh my god! မန်နေဂျာ... တို့ကမင်းကို
စီးပွားရေးလောကထဲကပဲထင်လို့စကားပြောနေတာ၊ လက်စသတ်တော့မင်းက ဒီ hotel ရဲ့ဝန်ထမ်းအဆင့်ကို၊ ဒါတောင်ကိုကိုက မင်းကိုအဖက်လုပ်ပြီး စကားပြောနေတာအံ့သြတယ်..."
မိုးထက်မြင့်ဆိုတဲ့ မိန်းမပြောလိုက်တဲ့
စကားက လိပ်ပြာရဲ့သိက္ခာနဲ့မာနကိုတိုက်ရိုက်လာထိနေသည်။ သူ့ဘာသာ ဘာကြီးပဲဖြစ်နေဖြစ်နေ လိပ်ပြာကိုဘလိုင်းကြီးလာစော်ကားတာကိုတော့ခေါင်းငုံ့မခံနိုင်...။
နောက်ပြီး ထိုမိန်းမရဲ့အသံကပိုမှန်ထက်ပိုပြိီး ကျယ်နေသည့်အတွက် ပွဲထဲကဧည့်သည်တွေကလည်း လိပ်ပြာတို့ကိုကွက်ကြည့်ကွက်ကြည့်လုပ်နေပြီကော...။ နေပါဦး
လိပ်ပြာကိုမတူသလိုမတန်သလိုပြောနေ
ရအောင် သူကရောဘယ်လောက်
အဆင့်အတန်းရှိနေလို့လဲ...။ ဒီလိုလူမျိုးကို
စကားထဲထည့်ပြီး ပြန်ပြောဖို့စကားလုံး
ရှာမရအောင်ဖြစ်သွားရသည်။ ဒီလိုလူမျိုးကိုတုပြီး ပြန်မပြောသင့်ပေမယ့် လူအများရှေ့မှာကျသွားတဲ့လိပ်ပြာရဲ့သိက္ခာနဲ့မာနကို
ပြန်ဆည်ရမည်မဟုတ်လား...။
"ဒီမှာ လူတိုင်းလူတိုင်းမှာ သူတို့ရဲ့တန်ဖိုးဆိုတာရှိတယ် တောက်ပတာချင်းမတူပေမယ့် ကိုယ်စီတန်ဖိုးတစ်ခုရှိကြတာပဲ၊ စိန်ကောင်းတစ်ပွင့်ဆိုတာ ထင်သာမြင်သာတဲ့နေရာမှာ တန်ဖိုးမဲ့စွာရှိနေတဲ့အရာမဟုတ်ဘူး...ဟိုးနွံနက်ထဲကိုဆင်းပြီး ရှာဖွေမှတွေ့ရတဲ့အရာမျိုးပါ၊ နောက်ပြီး စိန်ကောင်းမှန်ရင်နွံထဲမှာကြာကြာမနစ်ဘူးလို့လဲ လိပ်ပြာဖေဖေကဆုံးမသင်ကြားထားပါတယ် "
"ဟိုး နေပါဦး you ပြောတဲ့စကားတွေက
မိုး IQ ထက်နိမ့်နေလို့ sorry ပါ "
" အာ ဒီမှာ "
" လိပ်ပြာ "
သူကလိပ်ပြာကိုဟန့်တားလိုက်တဲ့အတွက်
လိပ်ပြာပါးစပ်မှ ထွက်ကျလာတော့မယ့်စကားများကို မျိုချပြီးသားဖြစ်သွားရ၏။
"မမိုးထက်မြင့်... ဧည့်သည်ဆိုတာဧည့်သည်
နေရာမှာပဲနေတာပိုကြည့်ကောင်းပါတယ်၊
အခုလိုမျိုးဝင်စွက်ဖက်တာ ပတ်ဝန်းကျင်ကမြင်ရင်လည်းမသင့်တော်ပါဘူး...."
ဟု သတိုးတေဇပြောရင်း ဘေးဘီကိုဝေ့ကြည့်လိုက်တော့ ပွဲကြည့်ပရိသက်အပါအဝင် မလှမ်းမကမ်းကနေ သူ့ဒယ်ဒီကပါကျေနပ်နေတဲ့မျက်နှာဘေးဖြင့် သူတို့ကိုကြည့်နေသည်။ ဒါဒယ်ဒီဖြစ်ချင်တဲ့
ရည်ရွယ်ချက်လား...။ ဒါဆိုရင် ဒယ်ဒီရဲ့ဆန္ဒကိုဖြစ်ခွင့်ပေးမှာမဟုတ်ဘူး...။
"ကိုကိုကလည်း မိုးကဒီအတိုင်းပဲပြောလိုက်တာပါ မိုးအမြင်မတော်တာရှိရင်ပြောလိုမရဘူးလားဟင်...၊ သူကဘာအရေးပါလို့လဲ
သူကဘာမို့လို့လဲ..."
လိပ်ပြာဒေါသထွက်လွန်းလို့ နားထဲကနေတောင်မီးခိုးငွေ့တွေထွက်နေသလိုပင်။ ဒါကိုလူတွေမြင်နိုင်ရင် ဘယ်လောက်ကောင်းမလဲ အခုတော့ လိပ်ပြာအသားတွေတဆတ်ဆတ်တုန်လာသလိုပင်။
" ရှင် အွန်း..."
သူကလိပ်ပြာလက်ကိုသူ့ရင်ဘက်နှင့်နီးကပ်
အောင် ဆောင့်ဆွဲလိုက်ပြီး လိပ်ပြာရဲ့နှုတ်ခမ်းပါးလှပ်လှပ်တစ်စုံကို
သူ့နှုတ်ခမ်းဖြင့်ဖိကပ်ကာ ပိတ်လိုက်သောကြောင့် မျက်လုံးလေးပြူးကျယ်လျက် အွန်းခနဲတောင်အသံထွက်သွားရ၏။
လိပ်ပြာနှလုံးခုန်သံများမြန်ဆန်လာကာ ပခုံးလေးတလှုပ်လှုပ်ဖြင့်။ သူ့အပြုအမူတွေကြောင့် လိပ်ပြာနှလုံးသွေးများ
ပြောင်းပြန်စီးဆင်းသွားသလို ခံစားလိုက်
ရသည်။ လက်ဖျားခြေဖျားများအေးစက်
ကာ လူသေကောင်လိုမျိုးဖြစ်သွားရ၏။
လိပ်ပြာခဏတုန်လှုပ်သွားပြီး ချက်ချင်း
သတိပြန်ဝင်ကာ သူ့ရင်ဘက်ကိုလက်နှစ်ဖက်ဖြင့် တွန်းထုတ်ပေမယ့် သူ့နှုတ်ခမ်းများက လိပ်ပြာနှုတ်ခမ်းမှမဖယ်ခွာသည့်အပြင်
ပိုလို့တောင်စုပ်ယူနမ်းရှိုက်လာသလိုပင်။ တစ်လွှာချင်းနမ်းရှိုက်နေသည်မှာ ကြမ်းတမ်းလာခဲ့လျက်။ သူ့ရင်ဘက်ကိုတွန်းနေတဲ့ လိပ်ပြာရဲ့လက်တွေ ရုတ်တရက် အားယုတ်သွားရသည့်အပြင် လိပ်ပြာရဲ့ ဦးနှောက်က သူ့ကိုပြန်ခုခံရန်စက္ကန့်မလပ်သတင်းပို့နေသည်။ ရင်တလှပ်လှပ်ဖြင့် ရမ်းကားသလို လူ့ပတ်ဝန်းကျင်မှာ ခပ်ရိုင်းရိုင်းအနမ်းခံရသည့်အဖြစ်က အလွန်ပင် ခံရခက်လေစွ။
သူမက သူ့ကိုခါးခါးသီးသီးငြင်းဆန်ကာ
ရုန်းကန်နေသည့်အတွက် စတော်ဘယ်ရီလို
မွှေးပျံ့ပြီး သူစွဲလမ်းရတဲ့ သူမနှုတ်ခမ်းကိုလွှတ်ပေးလိုက်တာနဲ့တစ်ပြိုင်နက်...
" ဖြန်း "
သူမလက်ဖဝါးနုနုလေးက သူ့ပါးပြင်ပေါ်
ဖျတ်ခနဲကျရောက်လာပြီး ထူပူသွားကာ
တစ်ဖက်သို့လည်ထွက်သွားရသည်။
လိပ်ပြာနှုတ်ခမ်းကိုဖယ်ခွာလိုက်ချိန် သူ့ပါးကိုတအားလက်လွှဲ၍ ရိုက်ချလိုက်ရာ ဖြန်းခနဲတောင်မြည်သွားရသည်။
လိပ်ပြာဘေးပတ်ဝန်းကျင်ကိုစောင်းငဲ့ကြည့်
လိုက်တော့ သူတို့တွေရဲ့ မျက်ဝန်းတွေထဲ
တန်ဖိုးမဲ့သော အထင်မြင်သေးသော
ရွံရှာသော အောက်တန်းကျသောအကြည့်
မျိုးတွေနဲ့ လိပ်ပြာကိုကြည့်နေတာကို တွေ့
လိုက်ရသည်။ လိပ်ပြာကို သူလူပုံအလယ်မှာ
စော်ကားလိုက်တာပဲ...၊ ဒါသက်သက်
လိပ်ပြာရဲ့ သိက္ခာကိုချနင်းလိုက်တာ...။
နောက်ပြီး ဒီအနမ်းဟာလိပ်ပြာရဲ့ ဘဝမှာ
ပထမဆုံးအနမ်း ပထမဆုံးအနမ်းကို ဒီလို
လူပုံအလယ် ကိုယ်မချစ်မနှစ်သက်သူရဲ့
လက်ထဲမှာနင်းခြေခံလိုက်ရပြီ။
ဒီလိုအကြည့် ဒီလိုပတ်ဝန်းကျင်အောက်မှာ
တစ်မိနစ်တစ်စက္ကန့်တောင်မနေလို၊
လိပ်ပြာသူတို့ရှေ့မှ ချာခနဲလှည့်ထွက်လာ
ခဲ့၏။
သူဒီလိုအခြေအနေမျိုးဖြစ်ဖို့ မမျှော်လင့်ထားပါ၊ ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ စိတ်မကူးခဲ့ဘူးပါ၊ ဒါမှန်သောသစ္စာစကား...သူ့ရဲ့ တဒင်ကအရွဲ့တိုက်လိုစိတ်က သူမအပေါ်ဆိုးရွားစွာအကျိုးသက်ရောက်သွားခဲ့ရသည်။ သူ့ကိုမျက်လုံးပြူးကာ ကြည့်နေတဲ့လူတွေဘက်ကိုလှည့်လိုက်ရင်း....
"ဟို သူမကကျွန်တော့ချစ်သူပါ၊ ဒီပွဲမှာအကုန်လုံးကို မိတ်ဆက်ပေးမယ်လို့ ကျွန်တော်စီစဉ်ထားတာ ဒီကိစ္စကို
သူမ မသိတဲ့အတွက် ရှက်ပြီးထွက်သွား
တာပါ... ၊ ဒါဆို ကျွန်တော့်ချစ်သူကိုလိုက်
ချော့လိုက်ဦးမယ်နော် "
တွန့်ကြေလိပ်တက်သွားသည့် သူ့ကုတ်အကျီကို ပြန့်စန့်သွားအောင် ပြန်ဆွဲချလိုက်ပြီး မျက်နှာပူလျက် နီရဲသောမျက်နှာကို အောက်ငုံ့ကာ နေရာမှ လျှောက်ထွက်လာခဲ့တော့သည်။
လိပ်ပြာခြေဖျားထိရှည်တဲ့ ဂါဝန်ကိုအနားစ
ကနေဆွဲမကာ ခြေဦးတည့်ရာထွက်ပြေး
လာလို့ပဲလားမသိ။ hotel ထဲကနေ တော်
တော်နဲ့ထွက်လို့မရ။ မြတ်ခင်းစိမ်းစိမ်းရဲ့
ဘေးတစ်ဖက်တစ်ချက်ရှိ လမ်းသွယ်သွယ်အတိုင်း မနားတမ်းဆက်ပြေးနေမိသည်။
လိပ်ပြာရဲ့ ပါးပြင်ပေါ်မျက်ရည်များက
အဆက်မပြတ်စီးဆင်းလာရာ တစ်ဖက်က
ဂါဝန်စကိုမကာပြေးနေစဉ် ကျန်တစ်ဖက်မှ
လက်ခုံဖြင့် မျက်ရည်များကိုဖိသုတ်နေ
သော်လည်း မျက်ရည်များကတားဆီးမရ၊
ဒီအချိန်မှာ လိပ်ပြာအဖြစ်ချင်ဆုံးက ဒီနေရာမှခပ်မြန်မြန်ထွက်သွားချင်တာပင်...။
°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°♥•°
အပိုင်း(၃၂) ဆက်ရန် >>>
#Ruby Linn