💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
-------------------
"အပြင်မှာဆိုင်ကယ်သံကြားတယ်၊ မမပြန်လာတာလားမသိဘူး...သွားကြည့်ဦးမှ "
ဒူးလောက်ရှိတဲ့ အဖြူရောင်ဂါဝန်လေးကို
ဝဲသွားအောင်ခါလိုက်ပြီး အိမ်ရှေ့သို့ပြေးထွက်သွားသော ရှပ်ပြာမလေး crystal ။ သွားတုန်းကအကောင်း ပြန်လာတော့မှ သုန်မှုန်လာပြီး ဂါဝန်ကိုဖုတ်ဖတ်ခါလျက်
အိမ်ထဲသို့ပြန်ဝင်လာသည်။
"Crystal သွားတုန်းကအကောင်း ဘာဖြစ်လာတာလဲ "
"ဘယ်သူလဲမသိဘူး crystal ကိုသွားမရအောင်ရှေ့ကနေပိတ်ထားတယ်၊ ဒီမှာလေ
ချော်လဲလို့ပေကုန်ပြီ "
ဂါဝန်အနောက်ဖက်ကိုလှည့်ပြပြီး ပေသွားတဲ့နေရာတွေကို ဆူပုတ်ပုတ်နဲ့ပြနေတဲ့ crystal...။
"သြော် သားစိုင်းပါလား၊ လာ တစ်ယောက်ထဲလား..."
" ဟုတ်ကဲ့ "
"ဟွန်း သူပေါ့ crystal ကိုချော်လဲအောင်လုပ်တာ"
"ဟို ကျွန်တော့ရှေ့မှာပိတ်ရပ်နေတော့ ဘယ်သွားရမှန်းမသိရှောင်ရင်းတိမ်းရင်းနဲ့ချော်လဲသွားတာပါ၊ ကျွန်တော့်အပြစ်လည်းပါပါတယ်...တောင်းပန်ပါတယ် "
"ရပါတယ် သားအပြစ်ချည်းပဲမဟုတ်ပါဘူး...၊ သူ့အစ်မထင်လို့စရင်းနဲ့မတော်လို့ဖြစ်သွားတာနေမှာ..."
" အမေ့ !!! "
သူမကို မားက လှမ်းဆိတ်ခြင်းပင်။
"ဟုတ်သား လာထိုင်ဦး အန်တီမိတ်ဆက်ပေးမယ်"
Crystal ခုံရှည်ကြီးတွင်တစ်ယောက်ထဲ
ထိုင်နေတဲ့အတွက် မားတို့နားသွားထိုင်
ကာနေရာရွေ့ပေးလိုက်သည်။
"ဒီအန်တီက အန်တီရဲ့အစ်မဒေါ်စံပယ်ဖြူတဲ့
Bangkok မှာနေကြတာလေ၊ ဒီကိုအလည်ပြန်လာတာ တစ်ရက်နှစ်ရက်ပဲရှိသေးတယ်၊
သူလေးကတော့ အန်တီ့တူမချောလေး
Crystal တဲ့ "
"ဟုတ်ကဲ့ ကျွန်တော့နာမည်က အယ်လ်စိုင်းဇော်ပါ၊ လိပ်ပြာသူငယ်ချင်းပါခင်ဗျာ "
အန်တီစံပယ်ဖြူက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်ပြကာပြုံးပြပါသည်။
"Hello nice to meet you. Thls is crystal "
Crystal ကနှုတ်ဆက်ရင်း လက်ကမ်းပေး
လိုက်တော့ ထိုလူကပြုံးပြရင်းလက်ဆွဲနှုတ်ဆက်လာသည်။ ထိုသူရဲ့အပြင်ပန်းပုံသဏ္ဍာန်ကိုကြည့်လိုက်တော့ မျက်ခုံးကကောင်းကောင်း နှာတံပေါ်ပေါ်လေးကိုင်းသဏ္ဍာန်အနီရောင်နှုတ်ခမ်းနှင့် အသားရည်ရယ် အညိုရောင်မျက်လုံးကို
ကြည့်ပြီး ကပြားမှန်းပြောနိုင်တယ်...၊ နောက်ပြီး အတွင်းစိတ်ကတော့ဖြူစင်ပြီးရိုးသားဖော်ရွေမယ့်ပုံပါ...၊ ဒါမဲ့သူ့ကြည့်ရတာ crystal နဲ့စကားပြောတာ ဘာလို့ရှိန်နေတဲ့ပုံပေါ်နေတာလဲ...။
အို ဘာပဲဖြစ်ဖြစ်အဖေတူအမေကွဲအစ်ကိုထက်တော့သာပါသေးတယ်...၊ ရပါတယ် crystal အကြိုက်ပုံစံနဲ့တူတူပဲ ဟီး အားကိုးချင်စရာကြီးပါ...။
Crystal စိတ်ထဲမှာ ခုမှစတွေ့ဖူးတဲ့သူ့ကိုအမွှန်းတင်နေမိသည်။
"ဒါနဲ့ you လက်ထဲကဘာကြီးလဲဟင် "
"သြော် စကားပြောနေတာနဲ့မေ့တော့မလို့
မေမေတို့မန္တလေးကအပြန် အန်တီတို့အတွက် ထိုးမုန့်လက်ဆောင်ဝယ်လာခဲ့တာ၊ အဲဒါမေမေမအားလို့ကျွန်တော်ယူလာခဲ့တာ "
"Excuse me ထုံး မုန့် ... What will you say ? "
"ဟင် အာ မဟုတ်ဘူး ထိုးမုန့် ထိုးမုန့် "
" ဟင် "
"အဲ့လိုပဲသားရေ... တူမလေးကမြန်မာလို
ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပေမယ့်
တချို့ စကားလုံးတွေကျမရင်းနှီးဘူးလေ "
"ဟုတ်လား မြန်မာလိုပြောတတ်တာနဲ့တင်
ချီးကျူးထိုက်ပါတယ်၊ ကိုယ့်နိုင်ငံမှာမနေပေမဲ့ ကိုယ့်မြန်မာစကားကိုတတ်ထားတော့
အရေးကြုံတဲ့အခါ ကူညီနိုင်တဲ့အပြင် လူမျိုးမပျောက်တော့ဘူးပေါ့ "
"ဒါဆိုကျွန်တော်ပြန်လိုက်ပါဦးမယ်အန်တီ
မေမေ့ကိုဘာမှာလိုက်ဦးမလဲ "
" မမှာတော့ပါဘူးကွယ် အားရင်လာခဲ့မယ်ဆိုတာသာပြောလိုက်ပါ "
" ဟုတ်ကဲ့ "
"နေဦးလေ crystal ဆိုင်ကယ်လိုက်စီးချင်လို့ "
"Crystal !!! "
" မားကလည်း..."
"လိုက်စီးလို့ရတယ်မလားဟင် "
မားတားနေတဲ့ကြားက crystal အရဲစွန့်ကာ
မေးလိုက်သော်လည်း...
" အဲ..."
"ကျွန်တော်အလုပ်ဆက်သွားရဦးမှာမို့လို့ပါ
နမို့ဆိုလိပ်ပြာဆိီခေါ်သွားပေးပါတယ်..."
"Crystal... "
"ရပါတယ် သားအလုပ်လည်းရှိသေးတာဆိုတော့မနှောင့်ယှက်တော့ပါဘူး..."
" ဟင့် "
" ခွင့်ပြုပါဦး "
မားဝင်ပြောလိုက်တာကြောင့် crystal ပြောဖို့အချိန်တောင်မရလိုက်...။
ဘာလဲဟ ကိုယ့်မြန်မာယဉ်ကျေးမှုကို
မေ့နေတာလား...မသိတာလား...။
ဒါမှမဟုတ် သိသိကြီးနဲ့တိုင်းတပါး
ယဉ်ကျေးမှုကိုခုံမင်ပြီး လိုက်တုနေတာ
လားဘာလဲကွာ...။ ဒါနဲ့လိပ်ပြာကဘာလို့
သူ့မှာညီမရှိတဲ့အကြောင်း မပြောထား
တာလဲ...၊ စကားမစပ်မိတော့ သူလည်း
ပြောဖို့မေ့နေတာဖြစ်ပါလိမ့်မယ်...။
သူလည်းအလုပ်ကိစ္စနဲ့ ကော်ဖီခြံရှိရာ
မောင်းလာခဲ့သည်။
°°°°°°°°°°
တစ်နေကုန်ပြင်ဆင်ပြီးညနေစောင်းတော့
လူကဖလပ်ပြနေပြီ... ။
"ဟူး ဘယ်လိုလဲအဆင်ပြေတယ်မလား
ဘယ်လိုမြင်လဲပြောကြပါဦး...."
လိပ်ပြာက ညစာစားပွဲခုံတွေနဲ့ အပြင်အဆင်
တွေရဲ့ အလယ်မှာရပ်နေပြီး လိပ်ပြာလိုပဲ
လိပ်ပြာဘေးနားမှာ ဝိုင်းကူညီနေတဲ့ ဝန်ထမ်းကောင်မလေးတွေလည်း ရပ်နေရာ သူတို့ရဲ့သဘောကိုမေးနေသည်။
"လှပါတယ် အစ်မလိပ်ပြာရဲ့၊ ဘယ်သူတွေပြင်ဆင်ထားတာမှတ်လို့ "
"ဟား...ကိုယ့်ငါးချဉ်ကိုယ်ချဉ်တော့မယ်ပေါ့ "
"မဟုတ်ပါဘူး တစ်ကယ်လည်းအပင်ပန်းခံ
ပြီးလုပ်ခဲ့ကြတာပဲလေ...."
"အင်း သူဋ္ဌေးကလည်းအခုထိမလာသေးဘူး
အလုပ်ပြီးလို့အိမ်ပြန်ရေချိုးမလားလို့...၊
တစ်ကိုယ်လုံးနံစော်ပြီးမလှုပ်ချင်တော့ဘူး..."
"ဟုတ်ပါ့ လိပ်ပြာဆိုတစ်နေ့လုံးချွေးတွေနဲ့ပဲ
ရေချိုးနေရတာအခုထိပဲ..."
" ဟုတ်တယ် ဟုတ်တယ် "
"အစ်မလိပ်ပြာ သူဋ္ဌေးခေါ်နေတယ် "
"ဟင် အင်း ဒါဆိုညီမတို့အိမ်ပြန်ချင်ပြန်နှင့်ကြတော့နော်၊ လိပ်ပြာသူဋ္ဌေးကိုပြောလိုက်မယ် ဟုတ်ပြီလား..."
"ဟုတ်ကဲ့ ရှဲရှဲပါ "
"စောစောပြန်လာခဲ့ကြနော်"
" Yes "
"ဟွန်း ဘာတွေမှာတမ်းခြွေပြီးစိတ်တိုင်းမကျဖြစ်ဦးမလဲမသိဘူး..."
လိပ်ပြာစိတ်တထင့်ထင့်ဖြင့် ရုံးခန်းရှိရာ
လျှောက်လာခဲ့သည်။
" ချလပ် "
" အမေ့ "
လိပ်ပြာတံခါးဆွဲဖွင့်ဖွင့်ချင်း သူ့မျက်နှာကြီးကို အနီးကပ်မြင်လိုက်ရတဲ့အတွက် လန့်သွားကာ အာမေဋိတ်အသံတောင်ထွက်သွား
ရသည်။
"ကြာလို့လိုက်လာမလို့ "
"လိပ်ပြာ ကောင်မလေးတွေနဲ့စကားပြော
နေလို့ပါ "
လိပ်ပြာတို့စကားပြောရင်း အခန်းပြင်ထွက်
လာကြသည်။
"ရေချိုးပြီးအဝတ်စားသွားလဲချည် "
"ဟုတ်ကဲ့ ဒါဆိုလိပ်ပြာအိမ်ပြန်တော့မယ်"
"မင်းကိုဘယ်သူကပြန်ခိုင်းသေးလို့လဲ
ဒီမှာပဲရေချိုးပြီးအဝတ်စားလဲလိုက် အခန်းထဲမှာမင်းအတွက်အကျီထားထားတယ်..."
" ဘယ်လို !!! "
"ငါစကားကိုနှစ်ခါမပြောတတ်ဘူး "
"ရပါတယ် လိပ်ပြာကသူတစ်ပါးအပေါ်ကျးဇူးကျွေးအတင်ခံတတ်သူမဟုတ်လို့ အိမ်ပဲပြန်လိုက်ပါ့မယ်...ပြီးတော့ ခေါင်းထဲမှာလည်း ငြီးစီစီနဲ့မို့ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူလိုက်ရင် ပိုကာင်းသွားမယ်ထင်လို့ပါ "
"ကောင်းပြီလေ အခု ၄နာရီ ဆိုတော့ ၅ နာရီ
အရောက်ပြန်လာခဲ့ "
သူကလက်ပတ်နာရီကိုငုံ့ကြည့်ရင်း လိပ်ပြာကိုအထက်စီးကပြောလိုက်သည်။
"ဟုတ်ကဲ့ "
လိပ်ပြာဘေးလွယ်အိတ်ရဲ့ လက်ကိုင်ကြိုးကို ခပ်တင်းတင်းဆွဲကိုင်ကာ hotel ထဲမှ
ထွက်လာခဲ့သည်။
"မင်းကတော်တော်ခေါင်းမာပြီးအကြောတင်းတဲ့မိန်းကလေးပဲ၊ နောက်ပြီးမင်းကငါမဖြေရှင်းရသေးတဲ့ ပဟေဠိတစ်ခုလည်းဖြစ်တယ်...၊
မင်းကိုငါနားလည်သလိုလိုနဲ့ တစ်ကယ်တမ်းကျနားမလည်သေးပါလား..."
°°°°°°°°°°°°°
"မေမေ မေမေရေ တီလေး လိပ်ပြာပြန်ရောက်ပြီ"
"အေး လာပြီဟေ့ လာပြီ "
မေမေကလက်ခုစုတ်လေးကို လက်မှာကိုင်
ကာကပျာကယာထွက်လာပါသည်။
"ဟဲ့ ဘာဖြစ်လို့လဲ အော်ကြီးဟစ်ကျယ်နဲ့ "
"ဟဲ ဟဲ လိပ်ပြာပြန်လာပြိီလို့ အကြောင်းကြားတာပါ "
"ညည်းအေ အလန့်တကြား ဒါနဲ့အစောကြီးပဲမလား...ဘယ်နှနာရီရှိပြီလဲ "
"ဟုတ်တယ်မေမေရေ စောတယ်၊ ဒါမဲ့ပြန်သွားရဦးမှာ လိပ်ပြာပြောထားတယ်လေ ဒီနေ့ည hotel မှာ dinner ပွဲရှိတယ်လို့...အဲဒါပြင်ဆင်ပေးပြီးလို့ ရေမိုးချိုးရအောင်ပြန်လာတာ "
ဧည့်ခန်းထဲမှ ခုံရှည်တွင်ဝင်ထိုင်လိုက်ပြီး
မေမေ့ကိုအကျိုးအကြောင်းရှင်းပြနေသည်။
"ဟွန်း အိမ်ပြန်နောက်ကျမယ်ဆိုတာရော
မပါဘူးလား"
"မေမေကလည်း... "
"မေမေကမလဲဘူး ဘေးကကြည့်နေတော့
အကုန်မြင်နေရတယ်...၊ ကိုယ့်ကိုယ်ကိုယ်
မိန်းကလေးဆိုတာလည်းမမေ့နဲ့ မိန်းမတန်ဖိုးလည်းမကျစေနဲ့. အလုပ်ကိုအလုပ်နဲ့တူအောင်ပဲလုပ်နော်...၊ လူဆိုတာအမြဲဘေးနားကနေအမြဲသတိပေးနေမှ သတိတစ်ချက်လွတ်သွားတာနဲ့ အမှားတွေ့တက်တယ်၊ အဲဒါကြောင့်သတိပေးနေရတာ မေမေဆူနေတာမဟုတ်ဘူးနော် "
"လိပ်ပြာနားလည်းလည်တယ် သိလည်းသိပါတယ်...လိပ်ပြာကမေမေ့သမီးပဲဟာကို လိပ်ပြာရေသွားချိုးလိုက်ဦးမယ်နော်
အချိန်မီပြန်သွားရမှာမို့လို့ "
" ပြီးရော ပြီးရော "
လိပ်ပြာရေမိုးချိုးပြီး ဘာဝတ်ရမှန်းမသိတာမို့ ဗီရိုရှေ့တွင်အချိန်အတော်ကြာရပ်နေမိသည်။ အဝတ်စားတွေများပြားလှပေမယ့် တစ်ကယ့်တစ်ကယ်တမ်းအပြင်သွားရင် ဘာဝတ်ရမှန်းမသိတာမို့ ဟိုဟိုဒီဒီရှာနေဆဲ...၊ ဗီရိုထဲမှအဝတ်အစားတချိုလည်း ခုတင်ပေါ်သို့ရောက်နေပြီ၊ အခုထိဘာဝတ်ရမှန်းမသိ ခုတင်ဘက်သို့လျှောက်သွားကာ ခုတင်ပေါ်တင်ထားသောအကျီတချို့ကိုရှာဖွေနေသည်။
"ဟာ ဘာဝတ်ရမှန်းမသိဘူး ငါကအဲ့လိုပွဲမျိုးတွေမှမတက်ဘူးတာ tv ထဲမှာတော့ ဂါဝန်လှလှလေးတွေဝတ်ကြတာပဲ "
"ဟူး ငါ့မှာကဂါဝန်ဆိုလို့ အိမ်နေရင်းဝတ်ပဲရှိတယ်..."
အဝတ်စားတွေလှန်လျောကြည့်ပေမဲ့ ဂါဝန်တွေအစား ဘောင်းဘီနဲ့အကျီတွေသာပြည့်နေသည်။
နောက်ဆုံးလိပ်ပြာကြိုက်သည့် အနက်ရောင်
စတိုင်ပဲန်ဘောင်းဘီကျပ်နှင့် အောက်ခံအဖြူရောင်ပေါ်မှ နက်ပြာရောင်ကုတ်အကျီ
ကိုထပ်ဝတ်လိုက်သည်။ မိတ်ကပ်ပါးပါးလေးကိုခြယ်သပြီး နှုတ်ခမ်းကိုပန်းနုရောင်တင်အပြီးမှာ လိပ်ပြာပြင်ဆင်မှုကအဆုံးသတ်သွားသည်။
ထုံးစံအတိုင်း adida shoes ဖိနပ်နှင့် ဘေးလွယ်အိတ်ကိုယူကာ ကမန်းကတန်းအောက်
ထပ်သို့ဆင်းလာခဲ့တော့၏။
"အိန်ဂျယ်ထမင်းနည်းနည်းလောက်စားသွား
ပါလား၊ ဟိုမှာအလုပ်နဲ့ကောင်းကောင်းစားရမှာမဟုတ်ဘူး... "
"မစားတော့ပါဘူး နောက်ကျရင်မိန်းမလိုမိန်းမရနဲ့ပြောနေဦးမယ်..."
"ဒါဖြင့် သားစိုင်းကိုခေါ်သွားပါလား...အိမ်ပြန်နောက်ကျရင်လည်းစိတ်ချရတာပေါ့ "
"အင်း ဟုတ်သား စိုင်းကိုခေါ်သွားရမယ် "
ဒီလိုနဲ့ စိုင်းနဲ့အတူ hotel သို့ပြန်လာခဲ့သည်။
" လိပ်ပြာ "
" ဟင် "
" နင့်ပုံစံက dinner သွားမှာရောဟုတ်ရဲ့လား "
"အင်းလေ နေပါဦး ငါ့ပုံစံကဘာဖြစ်နေလို့လဲ "
ဘစိုင်းပြောလိုက်မှပဲ လိပ်ပြာကိုယ့်ကိုယ်ကိုယ်ပြန်ငုံ့ကြည့်ကာ ရုတ်ချည်း တစ်ခုခုလိုနေသလိုခံစားလိုက်ရသည်။
"မသိပါဘူး...ငါ့ဆိုင်ကယ်ပေါ်ကနေ CEO
တစ်ယောက်များဆင်းလာတာလားလို့ ..."
"ဟား ဟား ချီးကျူးတယ်လို့ပဲသဘောထားလိုက်တော့မယ် "
"ကဲ လိပ်ပြာသွားပြီ "
" နေဦး..."
" ဟင် "
"ပြန်မယ်ဆိုရင်ကြိုပြီးဖုန်းဆက်လိုက် "
"Ok "
စိုင်းကနားနားမှာ ဖုန်းဆက်သလိုလေးလုပ်ပြတော့ လိပ်ပြာကလက်ညှိုးနှင့်
လက်မကိုဝိုင်းကာ ထောင်ပြလိုက်သည်။
ရိပ်ခနဲဆိုသလို သူမကိုမြင်လိုက်ရသည်။
ခါတိုင်းလိုဟိုကောင်နဲ့ယှဉ်တွဲပြီးပေါ့။
နေပါဦး ဘယ်လိုကြီးဝတ်လာတာလဲ...။ ပွဲတွေမတက်ဖူးဘူးလား...၊ သတိုးတေဇ စိတ်ထဲမှာပြောရင်း သူမကိုတစ်ချက်ကြည့်ရင်းခေါင်းခါမိသည်။
°°°°°°°
ပွဲကျင်းပရာနေရာသို့မသွားဘဲ hotel ထဲသို့ ပန်းလိပ်ပြာ ဝင်လာခဲ့၏။
"အစ်မသော်တာ လှလို့ပလို့ပါလား၊ ဒါနဲ့
ပွဲမစသေးဘူးမလားဟင် "
"စတော့မယ်လိပ်ပြာရဲ့ လိပ်ပြာလောက်မလှပါဘူးနော်၊ ဘာလဲ တမင်သက်သက်ကွဲပြားအောင်လို့ ဒီ fashion ကိုရွေးဝတ်လာတာလား "
" မဟုတ်ပါဘူးနော် အစ်မသော်တာတို့ကတော့ "
" လိပ်ပြာ "
" ရှင် "
"ကိုယ့်နောက်လိုက်ခဲ့ "
"သြော် ဟုတ်ကဲ့ "
"သွားလိုက်ဦးမယ်နော် "
အားတုံ့အားနာဖြင့် ရယ်ကျဲကျဲပြောကာ ထွက်လာခဲ့ရသည်။ ဘယ်လိုလူမှန်း တကယ်မသိတာပါ။
"မင်းပုံစံကဘယ်လိုဖြစ်လာတာလဲ၊ တမင်ရွဲ့ဝတ်လာတာလား..."
" ဟင် မဟုတ်ပါဘူး... ဘာဖြစ်လို့လဲ "
သူနဲ့ဆို လိပ်ပြာကို အဲ့လိုပြောတာသုံးယောက်ရှိသွားပြီ။ တစ်ကယ်ပဲလိပ်ပြာမှားဝတ်လာမိပြီလား...။
"မင်းကိုယ့်ကိုယ်ကိုယ် ဒီ hotel ရဲ့မန်နေဂျာမှန်းသိအောင်ကြော်ငြာနေတာလား၊ ဒါဆိုရင်မင်းနေရာမှားလာပြီနော် "
"အဲလိုမဟုတ်ပါဘူး လိပ်ပြာပေါ့ပေါ့ပါးပါးပဲ
ရွေးဝတ်လာတာပါ မကြိုက်ဘူးဆိုရင်လည်းပြန်လဲဖို့အချိန်ကမရှိတော့ ဒီအတိုင်း..."
"အခန်းထဲမှာမင်းအတွက် အဝတ်အိတ်ထားပေးထားတယ်... ပွဲကစနေပြီ မင်းကိုစောင့်ဖို့အချိန်မရှိဘူး မြန်မြန်လဲပြီးလိုက်လာခဲ့ "
" ဦးသတိုး.... "
လိပ်ပြာခေါ်နေပေမဲ့ သူကလိပ်ပြာအသံကို
မကြားသလိုမျိုး ထွက်သွားသည်။ မျက်မှောင်လေးကုပ်၍ လိပ်ပြာအခန်းထဲကိုဝင်လိုက်ချိန် ဆိုဖာပေါ်တွင်တင်ထားသော အဝတ်အိတ်ကိုတွေ့လိုက်ရသည်။
ဆိုဖာရှိရာလျှောက်သွားကာ အဝတ်အိတ်ကို
ဖွင့်ကြည့်ရင်း ထုတ်ကြည့်လိုက်တော့နီညိုရောင်လက်ပြတ်ဂါဝန်ဖားဖားလေးက လိပ်ပြာကိုကြိုဆိုနေ၏။ အဝတ်အိတ်ထဲမှဂါဝန်ကို အပြင်သို့သေချာထုတ်ကြည့်ကာ....
"ဟယ် ဂါဝန်လေးကလှလိုက်တာ၊ လက်ပြတ်ပေမယ့် ရင်ဘက်ကတအားဟိုက်မနေဘူးပဲ၊ နောက်ပြီးခါးမှာလည်းဖဲပြားလေးနဲ့ဆိုတော့ ပိုလို့တောင်လှသွားသေးတယ်...ဒါပေမဲ့ သူများပေးတာမဝတ်ချင်ပါဘူး...ခဏငှားတာဆိုတော့လည်း ဝတ်ရမှာပေါ့ အကျီပြန်လဲဖို့ကလည်း အချိန်ကမရှိတော့ဘူးလေ..."
ဒါနဲ့ လိပ်ပြာအမြင်မမှားဘူးဆိုရင် သူဝတ်ထားတဲ့ suit ကလည်း နီညိုရောင်ပဲမလား...၊ လိပ်ပြာစိတ်ထင်တာပဲဖြစ်မှာပါလေ အကျီကဇစ်ဆွဲမလို့ တော်တော်နှင့်ဝတ်လို့မပြီး...ဝတ်လို့ပြီးသွားတော့လည်း ဆံပင်ကဖရိုဖရဲနဲ့မို့ မြင့်မြင့်လေးထုံးကာ အပြင်သို့ကပျာကယာထွက်လာခဲ့သည်။
လူကဘာမှမလုပ်ရသေးဘူး ချွေးတွေကရွဲစိုနေပြီ၊ တော်သေးတာပေါ့ ဂါဝန်ကရှည်လို့ နမို့ဆို ဖိနပ်ကပြဿနာဖြစ်နေဦမယ်။ adidas ဖိနပ်နှင့်ဂါဝန်တိုဆို လူဟားစရာဖြစ်တော့မယ်လေ၊ အဟက် ...။ တော်တော်ကပ်စေးနည်းပြီး စေ့စပ်သေချာမှုမရှိတဲ့သူပဲ ဒီဖိနပ့လေးတောင် မစီစဉ်ပေးနိုင်ဘူး...။
အင်းလေ အဲဒါကြောင့်ဂါဝန်ရှည်ပဲဝတ်ခိုင်းတာနဲ့တူတယ်...
လိပ်ပြာသူ့ကို စိတ်ထဲကနေပြောနေတာ သူဘယ်နှစ်ခါချော်လဲပြီး လျှာခလုတ်တိုက်နေမလဲမသိ....။ အဟိ...။
ပွဲကအခုမှစပေမယ့် လူတော်တော်များများက ပွဲထဲရောက်နေပြီဖြစ်သည်။ ဒါတောင်အရေးကြီးဧည့်သည်တွေကို ဖိတ်ထားတာမို့ လူမများတာ၊ ပွဲထဲမှလူများကို ကျော်လွှားကာ သူမကိုကြည့်လိုက်တော့ သူစီစဉ်ပေးထားသည့် နီညိုရောင်ဂါဝန်ဝတ်ထားတဲ့ နတ်သမီးလေးတစ်ပါးက ပွဲခင်းထဲသက်ဆင်းလာနေ၏။ အထူးတလည် ခြယ်သထားခြင်းမရှိပါဘဲ ဘာလို့အဲ့လောက်တောင်လှပြီး ကျက်သရေရှိနေရတာလဲကွာ...။
အဲဒါကပဲ သူမရဲ့ဆွဲဆောင်မှုတစ်ခုဖြစ်နေတာဖြစ်ရမယ်...၊ ဒီညမင်းအတွက် ကိုယ့်မှာ
အထူး surprise ရှိတယ်...၊ မင်းအံ့အားသင့်
သွားစေရမယ်ဆိုတာ ကိုယ်လောင်းရဲတယ် လိပ်ပြာ... ။
°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°♥•°
အပိုင်း(၃၁) ဆက်ရန် >>>
#Ruby Linn