book

Index 3

အပိုင်း (၃)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖

---------------

" သခင်လေး... သခင်လေး "

အဂ္ဂခေါ်သံပင်မကြားရလောက်အောင် အခုမှတွေ့ဖူးသည့်မိန်းကလေးတစ်ယောက်က ဆွဲဆောင်ထားနိုင်တာ
တခြားသူတွေကြားရင် ဟာသတစ်ခုများဖြစ်နေမလား။

" ဘာလဲ "

"သခင်လေး ဘာကိုကြည့်ပြီးပြုံးနေတာလဲ"

"ပြုံးတယ် မပြုံးပါဘူး"

"သခင်လေးကလည်း ပြုံးလိုက်ရဲ့သားနဲ့"

ကိုယ့်ကိုယ့်ကိုယ်ပင် သတိလက်လွှက်ကာ ပြုံးလိုက်မိမှန်းမသိ...

သခင်လေးပြုံးတာကို မြင်ရခဲပေမဲ့ ပြုံးလိုက်ရင်လည်း
ယောက်ျားချင်းပင် ငေးယူရလောက်အောင်ခံညားလှသူ
ဖြစ်သည်။ မြင်ရခဲသောအပြုံးကို ဖန်ဆင်း ပေးသော
ဘယ်သူ့ကိုမဆို ကျေးဇူးတင်ရမည်။ဖန်ဆင်းရှင်ကိုလည်း တွေ့ဖူးချင်ပါသည်။

ကားလေးထွက်သွားသည်နှင့် ဘေးတွင်ရှိသော laptop
ကိုယူကာ သူသတင်းကြည့်နေလိုက်၏။

°°°°°°°°°°

အလုပ်ကိစ္စများပြီးသည်နှင့် အိမ်သို့ပြန်လာခဲ့သည်။
လိပ်ပြာရဲ့အိမ်ပြန်ချိန်သည် နေ့တိုင်းည ၆ နာရီပင်ဖြစ်သည်။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ဖေဖေ မေမေ တီလေးနှင့်ကြီးခင်တို့ဝိုင်းဖွဲ့ကာ အခါးရည်သောက် လက်ဖက်သုပ်စားကာ စကားပြောနေကြ၏။

ထိုအခိုက်အတန့်သည် လိပ်ပြာအဖို့ တစ်နေကုန်ပင်ပန်းထားသမျှ ပျားရည်တစ်စက်ကို သောက်လိုက်ရသလိုပင်
အမောပြေသွားစေပါသည်။

"အိန်ဂျယ်....ပြန်လာပြီလား"

မေမေက ချိုသာသောအသံဖြင့်နှုတ်ဆက်သည်။
စီးလာသည့် အားကစားဖိနပ်ကို ချွတ်ရင်း...

"ဟုက်ကဲ့...ကြီးခင်ကတော့ နောက်တစ်နာရီမှပြန်လာမယ်ပြောတယ် ဖေဖေ..."

မေမေ ကိုပြောပြီးသည်နှင့် ဖေဖေလို့ ခေါ် ကာ ရင်ခွင်ထဲသို့ ကလေးတစ်ယောက်လိုပြေးဝင်သွားသည်။
တစ်နေကုန်မတွေ့ရဘဲ ညဘက်ပြန်လာမှသာ တွေ့ရသည်မို့ အလွမ်းသယ်နေခြင်းဖြစ်သည်။

"သမီးလေး... ပင်ပန်းလာပြီလား အလုပ်မှာရောအဆင်ပြေရဲ့လား၊ အဆင်မပြေရင်ဖေဖေ့ကိုပြောနော် "

"ပြေပါတယ် ဖေဖေရဲ့၊ ဖေဖေရဲ့သစ်သီးခြံရောအဆင်ပြေရဲ့လား လိပ်ပြာကူပေးရမလား လိပ်ပြာကိုပြောနော် ဖေဖေ"

"သမီးအခုလိုပြောတာနဲ့တင် ကျေနပ်နေပါပြီ မနက်ကျရင်ရောအစောကြီးသွားရဦးမှာမလား"

"နက်ဖြန်ကနေစပြီး ၂ရက် ၃ရက် လောက် ခွင့်ယူထားတယ် ရန်ကုန်က​ ​သမီးသူငယ်ချင်းလာမှာမို့လို့ဖေဖေ"

"ဟုတ်လား...ဒါဆိုသမီးသွားနားတော့လေ"

"ဟုက်ကဲ့"

"ဒါနဲ့ အိန်ဂျယ် ညနေတုန်းက မြတ်လေးလာသွားတယ်
သမီးတို့နှစ်ယောက်မတွေ့ဖြစ်ကြဘူးလား"

"ဟုက်ကဲ့ ဒီရက်ပိုင်း မတွေ့ဖြစ်ဘူးမေမေ နောက်နေ့မှ
သွားတွေ့လိုက်မယ် သမီးနားတော့မယ်နော်"

"အေးအေး...ပြီးရင်ထမင်းဆင်းစားဦးနော်"

"ဟုက်ကဲ့ သမီးမဆာသေးလို့ပါ"

မေမေ အားပြောပြီး အပေါ်ထပ်သို့တက်လာခဲ့သည်။

လွယ်အိတ်အားပစ်ချပြီး ခုတင်ပေါ်သို့ပက်လက်လှန်လိုက်၏။

"ဟူး...ပင်ပန်းလိုက်တာနော်"

မယ့်ဆီဖုန်းဆက်ပြီး အခြေနေမေးဦးမှပဲ... အတွေးဖြင့် လွယ်အိတ်ထဲမှ ဖုန်းကိုထုတ်ယူကာ မယ့်ဆီဖုန်းဆက်လိုက်သည်။

"ဟဲလို.....မယ်လား လိပ်ပြာပါ"

"လာဖြစ်တယ်မဟုက်လား ဘာနဲ့လာမှာလဲ "

"လေယာဉ်နဲ့ဆိုတော့ မပင်ပန်းတော့ဘူပေါ့"

"အားမနာပါနဲ့ ရောက်တုန်းရောက်ခိုက်မို့ ကလောအလှ
ကိုလိုက်ပြချင်လို့ပါ"

"ဟုက်ပါပြီး ရောက်ရင်ဖုန်းဆက်လိုက်နော် bye bye"

မယ်နဲ့ဖုန်းပြောပြီးသည်နှင့် ရေမိုးချိုးကာ ညအိပ်ဝတ်စုံ
ဝတ်ပြီး ခုတင်ပေါ်တွင် ခြေပစ်လက်ပစ်လဲလျောင်းလိုက်သည်။ တစ်နေ့တစ်နေ့အချိန်ကုန်မြန်ပေမဲ့ ညတာကတော့ရှည်လျားလွန်းလှသည်။ ဒီညတော့ အိမ်မက်လှလှမက်ပါစေ ဆုတောင်းလိုက်သေး၏။

°°°°°°°

ဆောက်လက်စ hotel ကိုကြည့်ပြီးသည်နှင့် စံအိမ်သို့ပြန်လာခဲ့သည်။

"ring...ring.....ring"

ဖုန်းသံကြား၍သောက်လက်စ ဆေးလိပ်ကို တစ်ချက်ရှိုက်ကာ ခုတင်ဘက်သို့ သူလျှောက်လာ၏။ ဖုန်းကိုကောက်ကိုင်လိုက်ချိန် contact ထဲမှာပေါ်လာတဲ့နာမည်
ဦးဘုန်းတေဇ....
ချက်ချင်းဆိုသလို ဒေါသကြောင့်မျက်နှာ
ကြီးတစ်ခုလုံး ရဲတက်လာကာ ဆက်တိုက် ခေါ်နေသောကြောင့် မကိုင်မချင်း အသိမရှိဘဲ ခေါ် နေဦးမှာမလို့
ကိုင်လိုက်သည်။

"သားလေး အဖေပါ နေကောင်းရဲ့လား"

'အဖေ' 'သား' ဟုဆိုလာသောစကားကြောင့် ရင်ထဲတွင်အပူလိုင်းကြီး ဖြတ်စီးသွားသည်။စကားတစ်ခွန်းမှမပြောဘဲ ဆက်၍သာနားထောင်နေမိသည်။

"သား...သတိုးတေဇ နက်ဖြန်သားမွေးနေ့နော် အဖေ
ဘာလက်ဆောင်ပေးရမလဲ ယောက်ျား ဘယ်သူနဲ့ပြော ရှူး..."

တစ်ဖက်မှ သူမကြားချင်တဲ့အသံထွက်လာသည့်အတွက် ဖုန်းကို ခုတင်ပေါ်သို့ပစ်ပေါက်လိုက်သည်။

တစ်ဖက်မှ သူ့ဇနီးကိုတားသော်လည်း မမီတော့မှန်းသိလိုက်သည်။

"ဟဲလို...သား သား "

ခေါ်နေသော်လည်း ပြန်မဖြေသောကြောင့် သူ့သားဒေါသထွက်နေပြီဆိုတာ သွားမကြည့်ဘဲနဲ့တင်သိသည်။

နှုတ်ခမ်းတစ်ဖက်တွန့်ကွေးလျက်...

"ဟက်...ဘာတဲ့ သား လက်ဆောင်တဲ့လား ၁၆ နှစ်ကတည်းက ထားခဲ့ပြီး နောက်မိန်းမနောက်လိုက်သွားတာ
သူ့အသက် ၂၆ နှစ်ပြည့်မှ လက်ဆောင်တဲ့လား...၊ ဝမ်းသာရမလို ထိုင်ပဲကန်တော့ရမလို၊ ကျွန်တော့်အတွက်တော့ ရီစရာ မကောင်းဆုံးဟာသတစ်ခုပဲ"

ဒီအသံ၊ဒီစကား နားခါးတယ်... နားထဲကို သံရည်ပူလောင်းချလိုက်သလိုဘဲ ...

"မုန်းတယ်...မုန်းတယ်... အဖေ ဆိုတဲ့သူကိုလည်းမုန်းတယ်... အမေဖြစ်တဲ့သူကိုလည်းမုန်းတယ် အကုန်လုံးကိုယ့်လောဘကိုပဲ ကြည့်တယ် ဘာလို့မွေးထားသေးလဲ အား..."

"ဒုန်း"

" ခွမ်း"

အခန်းထဲမှ ဆူညံသံ ဖန်ခွက်ကွဲသံများ ပွက်လောရိုက်
နေသော်လည်း မည်သူမျှဝင်မကြည့်ရဲပေ။အရဲစွန့်ပြီး
ဝင်ကြည့်ဖူးသည့် အဂ္ဂ သည်လည်း မရဏ (death)
လက်ချက်ဖြင့် ခေါင်းကွဲပြီး ပေါက်ပြဲဒဏ်ရာများရကာ အ
ပြစ်ပေးခြင်းကို ခံရဖူး၏။

ဒီတစ်ခါလည်းအရဲစွန့်ပြီး ဝင်ကြည့်ရန်ကြိုးစားသော်လည်း အထဲမှလော့ခ်ချထားသည့်အတွက် ဘာလုပ်လို့ဘာ
ကိုင်ရမှန်းမသိဖြစ်နေသည်။

မနက်မိုးသောက်အလင်းရောက်ချိန် ကျေးငှက်တို့တီတီတာတာ မြူးထူးနေခိုက် မနေ့ညက ဆူပူဝုန်းဒိုင်း
ကြဲနေသောအခန်းသည် ယနေ့မနက် သူမဟုတ်သလိုပင် တိတ်ဆိတ်ငြိမ်သက်လျက်...

"ဒေါက် ဒေါက်"

တံခါးခေါက်သော်လည်း ပွင့်မလာသောကြောင့် အသံပေးကာ ဝင်လာခဲ့လိုက်သည်။

ပုလင်းကွဲတွေ ဖန်ခွက်ကွဲစတွေ ခန်းဝင်ပစ္စည်းများ ဟိုတစ်စ ဒီတစ်စနဲ့ ပြန့်ကျဲလျက် မြင်ကွင်းအဆုံးတွင် အမွှေးစိမ်းများအနည်းငယ်ရှိသော ခြေထောက်တစ်စုံ
ကိုတွေ့လိုက်ရသည်။ မော့ကြည့်လိုက်တော့ မနေ့က ဘာမှမဖြစ်ထားသလိုပင်။ အမြဲရှင်းသန့်နေသည့် မျက်နှာကတော့ ခါတိုင်းလိုပင် ဖြစ်၏။

သူ့သခင်လေးက ဘယ်လောက်ပဲဒေါသထွက်ထွက်
စိတ်ဆိုးဆိုး သူ့ကိုယ်သူ ဘယ်တော့မှထိခိုက်နာကျင်အောင်လုပ်မဲ့သူ မဟုက်မှန်းသူသိသည့်အတွက်စိတ်တော့ချသည်။

"အတော်ပဲ ငါမင်းကိုခေါ်တော့မလို့၊ ဒီညလက်နက်ရောင်းဝယ်ရေးကိစ္စရှိတယ်၊ ပြင်ထားလိုက် ဖောက်သည်မို့မိတ်မပျက်စေနဲ့ "

"ဟုက်ကဲ့ပါ သခင်လေး ကျွန်တော်အမှားအယွင်းမရှိ
အောင်လုပ်လိုက်ပါ့မယ် မနက်စာပြင်ခိုင်းထားရမလား"

ကောင်းပြီဟု ခေါင်းညိမ့်ကာ ထွက်သွားရန်လက်ကာပြလိုက်ပြီး ပေါ့ပါးသည့် အနက်ရောင်ဆွယ်တာကို အပေါ်မှထပ်ဝတ်ကာ အနက်ရောင်ဘောင်းဘီကို ဝတ်လိုက်ပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။

°°°°°°°°°°°°°°°°°°°°°°°°°°°


>>> မနက် 7 နာရီ<<<

မီးဖိုချောင်ထဲတွင် ဟင်းချက်သံ စကားပြောသံများဆူညံလျက်ရှိသည်။

"အိန်ဂျယ် မနက်အစောကြီး ဝီရိယကောင်းနေပါလား"

တီလေးစကားသံကြောင့် ငရုတ်သီး ထောင်းနေရင်း
တီလေးဘက်သို့လှည့်ကာ ...

"သြော် တီလေးကလည်း အလုပ်လည်းမသွားရဘူး
ဧည့်သည်လည်းလာမှာဆိုတော့ ကူချက်ပေးမလို့ပါ"

"ဧည့်သည်လာမှပေါ့ ဟုတ်လား"

"မအားလို့ပါနော်.. နို့မို့ဆိုချက်ပါတယ်"

"ကဲ...လုပ်စရာရှိတာသာသွားလုပ်ပါ ထူးထူးဆန်းဆန်းတွေမလုပ်ပါနဲ့"

မေမေ့စကားကြောင့် သူမသွားလေးဗြဲကာ မီးဖိုချောင်မှထွက်လာခဲ့သည်။ တနင်္ဂနွေနေ့ဆိုတော့ မြတ်လေး
တို့ရုံးပိတ်တာပဲ သွားဦးမှပါ...။

"မေမေရေ လိပ်ပြာ မြတ်လေးတို့အိမ်သွားလိုက်ဦးမယ် သိလား"

မေမေ့ကိုလှမ်းပြောရင်း ဆိုင်ကယ်သော့ကိုပါတစ်ပါတည်းယူလိုက်သည်။

"အိန်ဂျယ်...ဧည့်သည်သွားကြိုရမှာလည်းမေ့နေဦးမယ်နော်"

"ဟုက်ကဲ့ပါ"

လိပ်ပြာတို့နှစ်ယောက်က မတွေ့ရင်လည်း တစ်လကိုးသတင်း၊ တွေ့မိရင်လည်းထမင်းမေ့ ဟင်းမေ့ပြောတတ်ကြသည်မို့ မေမေကသတိပေးလိုက်ခြင်းဖြစ်သည်။

လိပ်ပြာတို့အိမ်တစ်ဖက်လမ်းရှိ မြတ်လေးတို့အိမ်သို့မောင်းလာခဲ့၏။

"မြတ်လေး...မြတ်လေး ဒေါ်မြတ်လေးဟန်ရှိပါသလားရှင့်"

အိမ်ပေါက်ဝမှ တကြော်ကြော် ခေါ်လာသောကြောင့် မြတ်လေးတစ်ယောက်ဒေါပွတော့မည်ဆိုတာ အလိုလို
ပင်သိနေသည်။

"ဟာ...အိန်ဂျယ်ရယ် အော်ကြီးဟစ်ကျယ် ဘွားဘွား
အိပ်နေတယ် အိမ်ထဲလာ"

"sorry ပါဟယ် ငါကစချင်ဇောနဲ့မို့ပါ၊ နေမကောင်းလို့လား"

"နည်းနည်းပါ"

"ဒါနဲ့ အန်တီရော..."

"ဟင်းချက်နေတယ် အေးဆေးနေမှာမလား ထိုင်ဦး
ပြောစရာတွေ အများကြီးပဲ၊ မနက်စာရော စားပြီးပြီလား"

"ဟီး လာချင်ဇောနဲ့ မစားရသေးဘူး"

"ရှမ်းခေါက်ဆွဲကျွေးမယ် ခဏနေဥိီး... သွားယူလိုက်ဦးမယ်"

"ကဲရပြီ စားပါရှင့်"

"အကြာကြီးနေလို့တော့မရဘူး ရန်ကုန်က ဧည့်သည်လာမယ်လို့ပြောထားတယ်လေ မှတ်မိလား..."

"ဟို...ဘာလဲ မယ်တော့ပါတယ်မလား "

"အင်း သင်းယုမယ်တဲ့"

"ဒါနဲ့ နင်ပြောစရာရှိတယ်ဆိုပြောလေ မဟုတ်မှ စိုင်းဝဏ္ဏ
ကိစ္စမလား"

"ဗေဒင်ဟောစား နင်ဘယ်လိုသိလဲ "

"မဟုက်မှပါဆို နင်မှာသူ့အပြင်အခြားပြောစရာများရှိလို့လား ကဲပြောပါဦး"

"ဘာဖြစ်ရမှာလဲ ငါ့ကိုတစ်နေလုံးရစ်နေတာလေ မနက်ဖက်မအားလို့ ဖုန်းမဆက်မိရင်လည်း နောက်နေ့ထိ ပြောလို့ကိုမဆုံးတော့ဘူ... ရုံးအလုပ်လုပ်တော့ အတိုတော့
ဝတ်ရတာပေါ့၊ ဒါကိုသူလည်းသိတယ်... တမင်သက်သက်ကိုရစ်နေတာ အပြစ်မရှိအပြစ်လိုက်ရှာနေတာ အဆိုးဆုံးကတော့သူဌေးနဲ့သမုတ်တာပဲ ငါဘာလုပ်ရမလဲ
အကြံဉာဏ်ပေးပါဦး "

" အင်း... "

°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°

အပိုင်း(၄) ဆက်ရန် >>>

#Ruby Linn


rate now: