💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
------------------
မရဏစံအိမ် 🕍
လျှောက်လမ်းဘက်ကိုကျောခိုင်းကာဧည့်ခန်းထဲတွင် ဘယ်ခြေပေါ်ညာခြေချိတ်၍ black ကော်ဖီသောက်နေသော သတိုးတေဇသည်...
" သခင်လေး "
အနောက်မှအမောတကောဖြင့်ခေါ်လိုက်တဲ့
အသံကို ရင်းနှီးသောကြောင့် လှည့်ကြည့်လိုက်ချိန်...
" သခင်လေး "
" ဗညား..."
နာမည်ကိုလည်းခေါ်ထိုင်ရာမှမတ်တပ်ထရပ်လိုက်ရာ သူ့ခန္ဓာကိုယ်နောက်သို့ယိုင်သွားရလောက်သည်အထိ အဖက်ခံလိုက်ရသည်။
သူ့ကိုယ်လုံးကို တင်းကျပ်စွာဖတ်ထားသော
ဗညားလက်တွေကိုဆွဲဖြုတ်ရင်း...
"ဗညား... ငါမင်းအဖေလည်းမဟုတ်သလို
မင်းရည်းစားလည်းမဟုတ်ဘူး သတိလည်းထားဦး၊ မင်းကြည့်ရတာ လူကောင်းတွေနဲ့
မတွေ့တာကြာတော့ နည်းနည်းလွတ်သွား
တယ်နဲ့တူတယ်..."
"ဟဲ ဟဲ ကျွန်တော်ကသခင်လေးကို
လွမ်းနေလို့ပါ "
"မင်းပြော ငါ့ကိုမဟုတ်ဘဲ အဂ္ဂကိုသတိရနေတာမလား..."
"ဘယ်ကသာ သူ့ကိုသတိရရမှာလဲ၊ ဖုန်းလေး
တောင်တစ်ချက်ဆက်ဖို့သတိမရတဲ့ဟာ
အလကားကောင် "
"ဘာ မင်းတို့ဖုန်းလှိုင်းတွေကိုလည်းငါဆက်တဲ့အချိန်ဖွင့်ထားလို့ အရင်ပြောလိုက်ဦး
ခွေးကောင် "
"အား...နာတယ် မင်းကလည်းကွာ စိတ်ထိန်းဦးမှာပေါ့၊ ငါကအခုမှပြန်ရောက်တာလေ"
အဂ္ဂကဗညားဆီ ခုန်အုပ်ကာ ဗညားလည်ပင်းကို သူ့ညာလက်ဖြင့် ဖျစ်ညှစ်နေသောကြောင့် ဗညားမှာတောင်းပန်နေရသည်။
" နားလိုက်ဦး ပင်ပန်းနေရောပေါ့ "
"ဟုတ်ကဲ့ သခင်လေး ဒါဆိုမနက်ကျမှပဲ
ပြောစရာရှိတာပြောတာပေါ့ "
" အင်း..."
ဗညားတို့ထွက်သွားသည်နှင့် သူလည်း
လှေကားပေါ်သို့တက်လာခဲ့သည်။
အဂ္ဂက တည်ငြိမ်ရင့်ကျက်သလောက်
ဗညားကတော့ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်နေတက်သူပင်...။ သူရဲ့ ပေါ့ပျက်သလိုနေမှုက အလုပ်မှာထိခိုက်မှုမရှိသောကြောင့်သူလည်း မသိချင်ယောင်ဆောင်သင့်သည့်အခါလည်းဆောင် တစ်ခါတလေသူပါလိုက်ပြီးပျော်ရွှင်ရတဲ့အခါလည်းရှိသည်။
°°°°°°°°°
" သခင်လေး "
အပေါ်သို့တက်နေသည့် လှေကားတစ်ဝက်လောက်အရောက်တွင် အနောက်မှလှမ်းခေါ်သံကြောင့် အရှေ့ကိုလှမ်းနေသည့် ညာခြေထောက်က ရပ်တန့်သွားကာ အောက်တစ်ထစ်သို့ခြေထောက်ကို
ပြန်ချလိုက်ပြီးလှည့်ကြည့်လိုက်သည်။
" ဘာကိစ်စလဲ "
" သခင်လေး အောက်မှာ အောက်မှာ..."
"အောက်မှာဘာဖြစ်လဲ "
" ဟို ဟို... ဟို "
" ဟာ "
တဟိုဟိုနဲ့အထစ်အထစ်ဖြစ်နေသောကြောင့်
သူစိတ်မရှည်ကာ သွက်လက်သောခြေလှမ်း
များဖြင့်ဆင်းလာခဲ့၏။
"Surprise !!! "
မထင်မှတ်ထားတဲ့မြင်ကွင်းနှင့်အတူ
မမျှော်လင့်ထားတဲ့ဖြစ်ရပ်ကြောင့်သွက်လက်နေတဲ့သူ့ခြေလှမ်းများ ရုတ်တရက်ဆိုသလို လေးပင်လာကာ နေရာမှာတင်ရပ်တန့်သွားခဲ့သည်။ ရင်ထဲတွင်မီးတောင်ကြီးတစ်ခုလို ပူလာလိုက် ရေခဲတောင်ကြီးတစ်ခုလိုအေး
လာလိုက်နှင့် လက်တွေကတဆတ်ဆတ်တုန်
လာသောကြောင့် လက်နှစ်ဖက်ကိုကျစ်ကျစ်
ပါအောင်ဆုပ်ထားလိုက်သည်။ သိစိတ်ကနေမုန်းတီးနေပြီး မသိစိတ်ကနေမျှော်လင့်တောင့်တနေရတဲ့ညသူ့ရဲ့တစ်ဦးတည်းသောဖခင်မဟုတ်လား...။
သူဒီအချိန်မှာ သူဖခင်ကိုတွေ့ဖို့ သူ့စိတ်တွေ
အဆင်သင့်မဖြစ်သေးဘူး...။
"Hello my son "
'my son' ဆိုတဲ့စကားသံက သူ့နားထဲသို့
ချော်ရည်တစ်ခုလို စီးဝင်သွားကာ သူမသိ
လိုက်ခင်မှာပင် ခြေထောက်တစ်ဖက်က
ရှေ့တစ်လှမ်းတိုးသွားကာ ကျန်ခြေတစ်ဖက်
မရွေ့သေးခင် သူ့ဖခင်ရဲ့အနောက်မှ သူအင်မတန်ရွံရှာမုန်းတီးရတဲ့ သူ့ဖခင်ရဲ့နောက်မိန်းမနှင့်မယားပါသမီးကိုပါ ပူးတွဲတွေ့လိုက်ရချိန် သူ့ခြေလှမ်းတွေအလိုလိုရပ်ပြီးသားဖြစ်သွားရသည်။
" သားရယ် အဖေလွမ်းလိုက်တာ ..."
မပြောနဲ့ မပြောနဲ့ ဟန်ဆောင်ထားတဲ့မျက်နှာဖုံးတွေနဲ့ သူ့ကိုအရူးလုပ်လို့ရမယ်ထင်နေလား မရဘူး...လုံးဝမရဘူး။ ဘယ်လောက်ပင် မိဘကို လိုချင်လိုချင်ဘယ်လောက်ပင်မေတ္တာကို ငတ်မွတ်နေပါစေ ကျွန်တော့အတွက်တော့
မလွမ်းလောက်တော့ဘူး...။ အနည်းငယ်
ပျက်ယွင်းသွားသောမျက်နှာကို ချက်ချင်း
ပြန်ထိန်းလိုက်ပြီး သွေးအေးရက်စက်တဲ့
မျက်နှာဖုံးကိုတပ်လိုက်ကာ...
"ဒီအိမ်မှာအကြောင်းမကြားထားဘဲ
ရောက်လာတဲ့ဧည့်သည်တွေကို မကြိုဆိုပါဘူး...၊
ဘာလုပ်နေတာလဲ ပြန်ပို့လိုက်တော့လေ "
ဦးဘုန်းတေဇကို တည့်တည့်ကြည့်ပြီး
ခနဲ့သလိုပြောလိုက်ပြီးမှ ကျောခိုင်းကာ
အလုပ်သမားတစ်ယောက်ကို သူ အမိန့်ပေး
လိုက်သည်။ ထိုအလုပ်သမားလည်း
ဘာလုပ်ရမှန်းမသိကာ လှုပ်လှုပ်ရှားရှား
ဖြစ်နေစဉ် အဂ္ဂနှင့်ဗညားရောက်လာပြိီး
ထိုအလုပ်သမားကောင်လေးကို လက်ကာ
ပြကာသွားခိုင်းလိုက်သည်။
"သား အဖေ့အပေါ်အဲ့လောက်တောင်
ပြက်သားနိုင်ပြီလား၊ အဖေကသားကို
သတိရလို့ပြန်လာတာပါ၊ ဒီလိုနှင်ထုတ်
ခံရတာပတ်ဝန်းကျင်ကသိရင် သားကို
ဝိုင်းပြစ်တင်ပြောဆိုကြလိမ့်မယ်၊ သား
ငရဲကြီးမှာစိုးလို့ပြောတာပါ အဖေက
ဘာမှမဖြစ်ပါဘူး ..."
သူမဲ့ပြုံးတစ်ခုကိုဆင်မြန်းလိုက်ပြီး...
"ဟွန်း လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကုမ္ပဏီကို
စတင်ဦးစီးစဉ် လူတွေကပြောကြတယ်
ဒီအရွယ်လေးနဲ့ ဘယ်လိုဦးစီးနိုင်မှာလဲတဲ့၊
ဒီအရွယ်ကလေးတစ်ယောက်မှာ
သူ့မိဘတွေကဘယ်ရောက်နေကြလို့လဲလို့မေးခွန်းထုတ်ခဲ့ကြတယ်...၊ ဒါပေမဲ့
အခုအသက် ၂၀ ကျော်မှာတော့ ဒီကုမ္ပဏီကို
အမွေဆက်ခံမယ့်သူ မရှိသေးဘူးလားလို့
မေးကြပြန်တယ် ...၊ အဲဒါကြောင့် လူတွေရဲ့
စကားကိုအတည်မယူပါနဲ့၊ နောက်ပြီး
ဒီလိုပတ်ဝန်းကျင်နဲ့ အသားကျပြီးသားမလား...၊ အမှန်ကိုပြောတာဆိုတော့
နည်းနည်းတော့နားခါးမယ်နော် ဟက် အဲ့တော့လာရာလမ်းအတိုင်းပြန်ကြွကြပါ "
" နေပါဦးသား... အဖေတစ်ခုလောက်ပြောပါရစေဦး "
သူကျောခိုင်းရန် ခြေလှမ်းပြင်ပြီးမှ ပြန်လှည့်လာခဲ့သည်။
"ကိုကြီး ဖြူတို့ hotel မှာပဲနေကြရင်မကောင်းဘူးလား...သားနဲ့အတိုက်အခံပြောမနေပါနဲ့ "
"ပိတ်ထား...အဲ့ပါးစပ်ကိုပိတ်ထားလိုက်၊
ချိုချိုသာသာပြောနေတော့ ခေါင်းပေါ်တက်ထိုင်ချင်ကြတယ်...၊ ဒီမှာ ဒီအိမ်ပေါ်ခြေချခွင့်ပေးထားတာကို အရင်ဆုံးကျေးဇူးတင်လိုက်ဦး၊ ကိုယ့်အထုတ်ကိုသေချာကိုင်ထားကြဆွဲမချခင် "
ဟွန်း ငါ့အမေကိုများပြောနေလိုက်တာ
အစကတော့ သန့်ပြန့်ခန့်ချောပြီး ချစ်စရာ
ကောင်းတဲ့အစ်ကိုတစ်ယောက်ရတော့မယ်ဆိုပြီးပျော်နေတာ၊ အခုတော့အထင်နဲ့အမြင်နဲ့
တခြားစီပါလား...၊ ရုပ်လေးနဲ့မှမလိုက်
လူကြီးတွေကိုမိုက်ရိုင်းလိုက်တာ...။
"You !!! "
"Crystal သမီးတိတ်တိတ်နေစမ်း "
"ဟာ မား..."
"ကလေးကကလေးလိုနေ မားထပ်မပြောရစေနဲ့ "
မားစကားကြောင့် crystal မားနောက်တွင်
ကုပ်ကုပ်ကလေးရပ်နေရသည်။ နမို့ဆို
အစ်ကိုလည်းမရဘူး crystal ပါးစပ်နဲ့တွေ့
သွားမယ်...။
"သား သတိုးတေဇ "
"အဲ့နာမည်ကိုဆက်ခေါ်နေရင် ကျွန်တော်ထွက်သွားရလိမ့်မယ် ဒီအိမ်မှာနေချင်ကြတယ်မလား..."
"ဟုတ်ပါပြီ ဟုတ်ပါပြီသားရယ်... အဖေမင်းကို ဘယ်လောက်သတိရနေတယ် လွမ်းနေတယ်ဆိုတာ ဒီကောင်းကင်ကြီးနဲ့ပထဝီမြေကြီးအသိဆုံးပါ...၊ မတက်သာမလွှဲသာမရှောင်သာလို့သာ မဖြစ်ချင်တာတွေဖြစ်ခဲ့ရပေမယ့် အဖေစိတ်ချမ်းသာလိမ့်မယ်လို့များထင်နေခဲ့လား...၊ အဖေမှားခဲ့တဲ့အမှားတွေကို ပြန်မပြောချင်ပေမယ့် ပြန်ပြင်လို့မှ
မရတော့တာ...၊ အခုသားအပေါ် အဖေတာဝန်ကျေပါရစေ...၊ သားအိမ်ထောင်ကျတဲ့အခါလည်း မျက်နှာမငယ်စေရပါဘူး... "
"အဟက် ကိုယ့်မှာသမီးတစ်ယောက်ရှိလာတော့ အလိုလိုစာနာတက်သွားပြီပေါ့၊ တာဝန်စကားပြောမဲ့အစား ကျွန်တော့်အမေကိုတောင်းပန်လိုက်ပါဦး၊ တာဝန်ကျေချင်ရင် တစ်ယောက်ထဲလာခဲ့လေ၊ အခုလိုအုပ်လိုက်ချီတက်လာတာဆိုတော့ တစ်ခုခုလိုချင်လို့ ဆန္ဒလာပြတာလား...၊ အလံဖြူပြတာလားဆိုတာ မသဲကွဲတော့ဘူး...၊ ကျွန်တော်ကကျွန်တော့်အမျိုးကိုသာ မတက်သာလို့ ဒီအိမ်မှာထားချင်ထားမယ်
အပိုလိုတွေအတွက် ကျွန်တော့်အိမ်က သာလေရာဇရပ်မဟုတ်တော့ခတ်တယ်..."
"Hey you... "
"Crystal "
" ဟွန်း "
"မနေနိုင်ရင်ဆင်း ဒါပဲပြောချင်တယ် "
"သားကသားအမေကို ခွင့်လွှတ်နိုင်သွားပြီလား...၊ အဲ့ဒါဆို အဖေကိုလည်းခွင့်
မလွှတ်ပေးနိုင်ဘူးလား...၊ သားအဖေ့ကို အိမ်ထောင်မှုမထိန်းသိမ်းနိုင်တဲ့ယောက်ျားတစ်ယောက်လို့ အထင်ခံစေချင်တာလား သားစဉ်းစားကြည့်ပါ...၊ သူတို့မှာမိန်းမသားနှစ်ယောက်ထဲ အဖေ့ကိုအားကိုးပြီးလိုက်လာခဲ့ရတာ...၊ သားဘက်ကခွင့်ပြုစေချင်ပါတယ် အဖေဒီတစ်ခုပဲတောင်းဆိုချင်တာပါ အဖေတောင်းပန်ပါတယ်..."
"တောင်းပန်ပါတယ် တဲ့လား ဟား ဟား..."
ယောက်ျားရမက်ကြီးဖြစ်လျက် ဒီမျက်ရည်
တွေကတော်တော်ကျချင်နေတယ်...၊ ဝေ့တက်လာတဲ့မျက်ရည်တွေကြောင့် သတိုးတေဇ ခေါင်းကို ဆတ်ခနဲမော့ပစ်လိုက်သည်။ မီးတောင်ကြီးတစ်ခုကို မျိုထားရသည့်အတိုင်း ရင်ဘက်ကြီးတစ်ခုလုံး ပူလောင်လာကာ ကြာလာရင် မီးတောက်တွေက အပြင်ကိုလျှံထွက်လာပြီး ရှေ့မှာရှိနေတဲ့လူတွေကိုလောင်ကျွမ်းကုန်တော့မည့်ပုံပင်။ လျှံထွက်လာတော့မယ့် ဒေါသမီးတွေကို မျိုချလိုက်ကာ သူတို့ဘက်ပြန်လှည့်ကာ...
"ကောင်းပြီလေ နေချင်သပဆိုလည်းနေကြပေါ့၊ ဒါပေမဲ့ ဘယ်အရာမှအလကားမရဘူးဆိုတာသိစေချင်တယ် "
"အဖေဝမ်းသာပါတယ် ဒါဆိုအဖေနဂိုတုန်းကနေခဲ့တဲ့အခန်းမှာပဲ... "
"မနေရဘူး...လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက အဲ့အခန်းကိုသော့ပိတ်ထားတာ၊ တခြားကြိုက်တဲ့အခန်းနေလို့ရတယ် "
"ကောင်းပါပြီ good night ပါသား "
"အဂ္ဂ ငါနဲ့အပေါ်လိုက်ခဲ့ "
"ဗျာ ဟုတ်ကဲ့ "
အဂ္ဂကသူတို့နှင့်အတူပါလာသော suitcase
တွေကို အပေါ်ထပ်သယ်ပေးဖို့လုပ်နေတာမို့
သူလှမ်းခေါ်လိုက်သည်။
"ဒါနဲ့ ငါကလွဲလို့ တခြားဘယ်သူ့ဝေယျာဝစ္စကိုမှ လုပ်ပေးစရာမလိုဘူး၊ လုပ်ပေးချင်တဲ့သူ တစ်ခါတည်းအထုပ်ပြင်ပြီးဆင်းဖို့ပြင်ထား..."
ဟု သူပြောပြီးတာနဲ့ အပေါ်ထပ်သို့တက်သွားသည်။
" မင်းဘယ်လိုထင်လဲ "
" ဗျာ "
"သူတို့ဘာကြောင့် အခုမှနောင်တရသလို
လွမ်းဆွတ်သလို အိမ်ပေါ်ထိုးတက်လာကြတာလဲ..."
"ကျွန်တော်သေချာတော့မပြောတက်ဘူး
သခင်ကြီးသတင်းလည်းမကြားရတာ ကြာပြီဆိုတော့ သူတို့မှာဘာအကြံအစည်ရှိလဲမသိပါဘူး...၊ ဒါနဲ့ သခင်လေးသူတို့ကို
ဒီမှာနေခိုင်းတာအကြောင်းရှိလို့လား..."
"ကိုယ့်ရန်သူကိုနောက်ကျောမှာထားတာထက် မျက်စိရှေ့မှာထားတာမကောင်းဘူးလား...၊ နောက်ပြီး သူတို့ဟိုမှာဘာတွေလုပ်ခဲ့ကြလဲ ဘာအကြံအစည်ရှိလဲဆိုတာ
စုံစမ်းအကြောင်းထူးရင်သတင်းပို့ "
"ဟုတ်ကဲ့ပါ သခင်လေး "
"မနက်ဖြန်ညလုပ်မဲ့ dinner မှာ အမှားအယွင်းမရှိစေနဲ့ အရေးကြီးတဲ့လူတွေကိုသာအဓိကထားပြီးဖိတ် "
"စိတ်ချပါသခင်လေး လုံခြုံရေးကအစ
အမှားအယွင်းမရှိစေရပါဘူး... "
"သွားတော့ "
"ခွမ်း "
" ချလပ် "
ဘေးနားမှာရှိသောပန်းအိုးကိုလက်ဖြင့်
ပုတ်ချရိုက်ခွဲလိုက်သောအသံသည် တံခါး
ပိတ်သံနှင့် တစ်ထပ်တည်းကျသွားသည်။
၁၀ နှစ်ကျော်လာခဲ့ပြီ အချိန်တွေသာတရွေ့ရွေ့ပြောင်းလာခဲ့တယ် ရင်ဘက်ထဲကအနာက ကျက်ဖို့မလွယ်သလို မွေးနေ့မှာလက်ဆောင်ပေးထားခဲ့တဲ့ စိတ်ဒဏ်ရာဟာလည်းမကျက်သေးပါဘူး... ။
°°°°°°°°
"ဒေါက် ဒေါက် "
"အင်း ဒါပဲနော် နောက်မှထပ်ဆက်လိုက်မယ် အင်း "
" ချလပ် "
" လိပ်ပြာ "
"မြတ်လေး ခုနကဖုန်းပြောနေတာမလား
ဘယ်သူနဲ့ပြောနေတာလဲ "
"ဟယ် ဘာမှမဟုတ်ပါဘူး၊ ဒါနဲ့ဘာကိစ္စရှိလို့လဲ လာထိုင် "
မြတ်လေးက ရယ်စရာမပါဘဲ ရယ်သွမ်းသွေးကာပြောလျက် လိပ်ပြာ
ကိုခုတင်ပေါ်ထိုင်စေသည်။
"မြတ်လေး ငါနဲ့မတွေ့တာ ၁ ပတ်တောင်မရှိသေးဘူး၊ မျက်နှာကချောင်ကျသွားလိုက်တာ ဘာအဆင်မပြေတာရှိလဲ လိပ်ပြာကိုပြောလေ လိပ်ပြာကူညီမှာပေါ့ "
"အထွေအထူးမရှိပါဘူး အလုပ် အလုပ်မှာ
ပင်ပန်းလို့ပါဟာ "
မြတ်လေးက လိပ်ပြာမျက်နှာကိုမကြည့်ဘဲ
ပြောနေ၏။
"ဒီမှာ နင်နဲ့ငါကဟိုးငယ်ငယ်လေးတည်းက
ခင်လာတာ နင့်စကားကိုယုံမယ်များထင်နေ
လား...၊ ကြည့် ငါ့မျက်လုံးကိုကြည့်ပြီးမှပြော "
"ငါပြောလည်းနင်မကူညီနိုင်ပါဘူး..."
"ဘာ ဘာပြောလိုက်တာ၊ ဒါနင်ငါ့စေတနာကို
စော်ကားလိုက်တာပဲ အဖြေမရှိတဲ့ပုစ္ဆာဆိုတာ မရှိသလို ဘဝမှာအခက်အခဲပြဿနာတွေမကြုံရဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး...၊ ဒါပေမဲ့ ရင်ဆိုင်ဖို့စိတ်ဓာတ်အင်အားတော့ မရှိသလောက်ရှားပါးကြတယ် "
"ကဲပြော မနေ့ကစိုင်းဝဏ္ဏနဲ့ coffee ဆိုင်
တစ်ဆိုင်အရှေ့မှာ စကားများကြတယ်မလား..."
လိပ်ပြာစကားအဆုံး မြတ်လေးကအံ့သြ
ပြီး ထိတ်လန့်နေတဲ့မျက်လုံးတွေနဲ့ လိပ်ပြာ
ကိုကြည့်လာသည်။
"နင်သူနဲ့ပြန်တွဲနေတာလား ဘာလို့လဲ "
"အရှက် အရှက်သိက္ခာကြောင့် "
"ဘယ်လို နင်သူ့ကိုပြန်တွဲချင်တာနဲ့ ဘာမှမဆိုင်တဲ့အရှက်သိက္ခာကို ဆွဲထည့်စရာလိုလို့လား ဟမ် "
" အိန်ဂျယ် !!! "
ဒီတစ်ခါလိပ်ပြာကိုကြည့်လာတဲ့ မြတ်လေးရဲ့မျက်လုံးတွေက ဒေါသအခိုးအငွေ့နဲ့အနာပေါ်တုတ်ကျသလိုမဟုတ်ဘဲ အစွပ်စွဲခံလိုက်ရသလို ခံပြင်းတဲ့အကြည့်မျိုးနဲ့ကြည့်လာသည်။ ထို့ကြောင့်ပင် လိပ်ပြာက...
"Sorry ငါစကားပြောမှားသွားရင်ခွင့်လွှတ်ပါ "
မြတ်လေးက လိပ်ပြာကိုအကြည့်လွှဲလိုက်ပြီး...
"မိန်းကလေးတစ်ယောက်ကို လူပုံအလယ်မှာ သိက္ခာကျအောင်လုပ်မယ်လို့ ကျိန်းထားတာ၊ သူ့ကိုလမ်းခွဲရင် ဘယ်ယောက်ျားလေးမှအနားကပ်လို့မရအောင် ဘယ်ယောက်ျားလေးနဲ့မှ ထပ်ပတ်သက်လို့မရအောင် အရှက်ခွဲမယ်တဲ့၊ သူ့ကိုလမ်းခွဲရင် ကိုယ့်ကိုယ်ကိုယ်သတ်သေမယ် အပြစ်မရှိအပြစ်ရှာပြီးတစ်ဖက်သက်လမ်းခွဲတာ
သူ့အချစ်ကိုစော်ကားတာပဲဆိုပြီး ဘယ်လိုမှ
ရုန်းထွက်လို့မရအောင် အမျိုးမျိုးချည်နှောင်မယ် အမျိုးမျိုးထိုးနှက်မှုတွေကြားမှာ ကိုယ်ကာယပိုင်းမှာအားနည်းတဲ့မိန်းကလေးတစ်ယောက်က
စိတ်ဓာတ်ရေးရာမှာပါ နာလန်မထူနိုင်ရင်သူဘာလုပ်မယ်ထင်လဲဟင် "
"မြတ်လေးရယ်... လိပ်ပြာ လိပ်ပြာတောင်းပန်ပါတယ်၊ ကိစ္စတစ်ခုကိုခြေခြေမြစ်မြစ်မသိဘဲမပြောခဲ့သင့်ဘူး "
မျက်ဝန်းထဲမှာ ရစ်သီလာတဲ့မျက်ရည်တွေကို ထိန်းမထားနိုင်တော့ဘဲငိုချလိုက်ကာ
မြတ်လေးကိုအသာဆွဲဖတ်ရင်း ထပ်တလဲလဲ တောင်းပန်နေမိသည်။
"ဒီကြားထဲ နင်ဘယ်လောက်တောင်ခံစား
နေရမလဲ၊ ဘာလို့ငါ့ကိုမပြောခဲ့တာလဲဟာ "
"အိန်ဂျယ် နင်တောင်းပန်စရာမလိုပါဘူး၊
နင်မမှားဘူး ....ငါကသာမှားခဲ့တာ နင်တားနေတဲ့ကြားက ငါသူ့အချစ်ကိုလက်ခံခဲ့မိတယ် "
"မြတ်လေး နင်လည်းမမှားဘူး..."
မြတ်လေးရဲ့ပုခုံးကိုလက်နှစ်ဖက်ဖြင့် ဆွဲခွာလိုက်ပြိီး အကြည့်ချင်းစုံစေကာ...
"တစ်ကယ်တမ်းမှားခဲ့တာက စိုင်းဝဏ္ဏ
သူကသာနင့်အချစ်ကိုတောင်းခံခဲ့ပြီး
ရခဲ့ပြန်တော့လည်း အဲ့အချစ်ကိုတန်ဖိုးမထားဘဲ တဖြည်းဖြည်းဖဲ့ခြွေနေတာ နင်ကမိန်းကလေးတစ်ယောက်ပီပီ ကိုယ့်ချစ်သူကိုကလေးတစ်ယောက်လို နွဲ့စိုးဆိုးမယ် တစ်ခါတလေအစ်မကြီးတစ်ယောက်လို ခွင့်လွှတ်နားလည်မယ် တစ်ခါတလေကြပြန်တော့လည်း အမေတစ်ယောက်လိုဆုံးမပဲ့ပြင်မယ်၊ အခုဟာက အမေတစ်ယောက်လိုသူ့ကိုချစ်နိုင်မယ်ထင်လို့ သူ့လိုဆိုးသွမ်းတဲ့လူတစ်ယောက်ရဲ့ အချစ်ကို နင်လက်ခံခဲ့တာပေါ့၊ နင်မမှားဘူးမြတ်လေး နင်မမှားဘူး "
မြတ်လေးမျက်ရည်ကျတော့ လိပ်ပြာလည်း
အလိုလိုမျက်ရည်ကျမိလျက်သားဖြစ်သွား
သည်။ တစ်ယောက်တစ်ပြန်မျက်ရည်
သုတ်ပေးရင်း နှစ်သိမ့်ပေးနေကြ၏။
"Sorry ပါဟာ အခုတော့ငါ့အပူတွေကူး
ကုန်ပြီ "
" မဟုတ်တာ တို့တွေကသူငယ်ချင်းလေ
ဒီကိစ္စအတွက်အဖြေရှိမှာပါ နောက်ပြီး
ငါဒီကိစ္စကိုဒီအတိုင်းထားမှာမဟုတ်သလို
နင့်ကိုလည်းတစ်ယောက်ထဲပေးထားမှာ
မဟုတ်ဘူး...၊ အခုတော့နင့်အမေ နင့်ကိုစိတ်ပူနေတာကိုပဲပြောချင်တယ် "
"အမေ ဟုတ်တယ် ငါ့မှာအားကိုးစရာအမေရော နင်ရောအဘွားပါ ရှိနေသေးတာပဲ"
"အားငယ်မနေနဲ့ တိတ်တော့ကလေးလေးကျ
နေတာပဲ ဟင်း..."
မြတ်လေးရဲ့အပူဟာလည်း လိပ်ပြာရဲ့အပူလိုမသေးလှပါဘူး...၊ လူတိုင်းလူတိုင်းကိုယ်စီမှာကိုယ်ပိုင်အပူတွေရှိနေကြတာပဲ...၊ ကိုယ့်အပူကမှပိုပူတယ်လို့မရှိပါဘူး...၊ လူတိုင်းဟာ ကိုယ့်အပူကိုပဲဂရုစိုက်ကာ မြင်တက်ကြလို့ပါ...။
လိပ်ပြာမြတ်လေးနဲ့စကားပြောပြီး အောက်ထပ်ပြန်ဆင်းလာတော့ မြတ်လေးမေမေကလိပ်ပြာကိုအသင့်စောင့်နေသည်။ လိပ်ပြာဘာပြောရမှာလဲ...အမှန်အတိုင်းပြောပြလိုက်ရမလား.... ဒါပေမဲ့ မြတ်လေးမေမေကိုကြည့်ရတာ တော်တော်စိတ်ပူနေပုံပဲ...၊ ဘာပဲဖြစ်ဖြစ် ပြောသင့်တဲ့စကားကိုပြောရမယ့်အချိန်မှာ မှန်ကန်စွာရွေးချယ်ပြောတတ်ဖို့ပါပဲ...။
"သမီး မြတ်လေးအဆင်ပြေရဲ့လား...
သူဘာဖြစ်နေတယ်ဆိုတာကိုတော့ သမီးကို
ပြောပြမှာပါနော် ဟုတ်တယ်မလား "
" ဟုတ်ကဲ့ "
°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°♥•°
အပိုင်း(၂၉) ဆက်ရန် >>>
#Ruby Linn