book

Index 27

အပိုင်း (၂၇)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်

                                 (or)

            အချစ်များဖြင့်ဖန်ဆင်းမည် 💖


----------------- 


"ငါဘယ်သူ့ကိုမှအထင်လည်းမကြီးသလို

 အထင်လည်းမသေးဘူး...သူကသူ့ကိုယ်

 သူကျားမှတ်ပြီး အစွယ်ထုတ်ပြနေတာကို

 ငါကနဂါးပါဆိုပြီး အမောက်ထောင်ပြနေမဲ့

 သူထဲမှာမပါဘူး...၊ ငါကပေါ်တင်လုပ်မှာ

 သူ့အတွက်ခံနိုင်ရည်ရှိအောင်ဆုတောင်း

 ပေးလိုက်တယ်..."


"သြော် ဒါနဲ့သခင်လေး မင်းထက်အာကာက

 ဦးမင်းထက်ရဲ့ တစ်ဦးတည်းသောသားလို့

 သိရပါတယ်... "


"ဦးမင်းထက်ရဲ့သား မင်းသူ့အခြေအနေ 

 စောင့်ကြည့်နေတယ်မလား ဘာထူးလဲ "


"ထူးတယ်ဆိုတာထက်ငြိမ်နေပြီး တစ်ခုခုကိုကြံနေတဲ့ပုံပေါ်ပါတယ် "


"ပေါ်ပေါ်ထင်ထင်မြင်သာတဲ့နေရာမှာရှိနေတဲ့

 သားကောင်ထက် မမြင်ရဘဲ ပုန်းလျှိုးကွယ်လျှိုးလုပ်နေတဲ့သားကောင်ကို ပိုသတိထားရမယ် "


သခင်လေးမှာ အဖက်ဖက်ကအန္တရာယ်တွေ

ဝိုင်းနေပေမဲ့ တစ်ချက်ကလေးမှအပြုံးပျက်

တယ်ဆိုတာမရှိခဲ့ပါဘူး...၊ မိမိအသွေးအသားနဲ့ အလုပ်အကိုင်တွေကိုလာမထိပါးသ၍ ရန်မပြုတတ်တဲ့သခင်လေးက သူပိုင်ဆိုင်တဲ့အရာတစ်ခုခုကို လာထိပါးပြီဆိုလျှင်လည်း သူမတူအောင်ကြောက်ဖို့ကောင်းတတ်ပါသည်။


" သွားလို့ရပြီ "


သူအဂ္ဂကိုကျောခိုင်းလိုက်သည့်တိုင် အဂ္ဂက

နေရာမှမရွေ့သေးသည့်အတွက် အဂ္ဂဘက်

ပြန်လှည့်လာကာ...


"ဘာပြောစရာကျန်သေးလို့လဲ "


"ဟို ဟိုလကုန်တော့မယ်ဆိုတော့ သခင်လေး

 ကိုသတိပေးချင်လို့ပါ "


"အဲဒါဘာဖြစ်လဲ..."


လကုန်တာအထူးအဆန်းမဟုက်ဘဲ အဂ္ဂ 

ပြောလာသည်မှာ နောက်ကွယ်မှာအကြောင်းတစ်ခုခုရှိမှန်းသူသိသည်။ အဲ့နောက်ကွယ်ကအကြောင်းကိုသူသိပေမဲ့ အဂ္ဂကိုကိုယ်တိုင်ပြောစေချင်သောကြောင့် သူပြန်မေးလိုက်ခြင်းပင်။ 


"ဟို ဗညားကိုနယ်စပ်မှာ တစ်လနေဖို့ပြောထားတာ အဲဒါလကုန်တော့မှာဆိုတော့သခင်လေးမေ့နေမှာစိုးလို့ ပြောလိုက်တာပါ"


" ဟွန်း..."


သူနှုတ်ခမ်းလှုပ်ရုံပြုံးလိုက်ပြီးမှ...


"ကောင်းပြီ ဗညားကိုပြန်ခေါ်ချင်ခေါ်လိုက် "


"ဟုတ်ကဲ့ ဟုတ်ကဲ့ပါသခင်လေး "


အဂ္ဂထွက်သွားပြီးနောက် သူခပ်သဲ့သဲ့

ပြုံးကာ ရေချိုးခန်းထဲဝင်သွားသည်။ 

အဂ္ဂလည်း တစ်ယောက်ထဲအလုပ်တွေ

သိမ်းကျုံးလုပ်နေရတာဆိုတော့ သူ့သူငယ်ချင်းလိုဖြစ်နေတဲ့ဗညားကို

သတိရနေမှာပေါ့...။ 


"ဒါနဲ့ ၁လ ပြည့်တော့မှာလား...ဒါဆို

 တစ်ချက်ခုတ်နှစ်ချက်ပြက်အာင်

 လုပ်ရမှာပေါ့ ..."


°°°°°°°°°°°°°°°°°°°°


လိပ်ပြာဘယ်ဘက်လက်ပေါ်ကနာရီကို

ငုံ့ကြည့်လိုက်တော့ ၉း၀၀ ထိုးနေပြီ...။ 


" ဟာသွားပြီ အိပ်ရာထနောက်ကျတာနဲ့

 ကားလမ်းတွေပိတ်တာနဲ့ ငါတော့ကော

 ခံရတော့မှာပဲ..."


" ဒေါက် ဒေါက် "


"ဝင်ခဲ့ "


" ဟူး..."


လိပ်ပြာပုခုံးပေါ်က ဘေးလွယ်အိတ်ကို

ကုလားထိုင်လက်တန်းပေါ်ချိတ်ထား

လိုက်ပြီး စားပွဲပေါ်တွင်ရှိသောစာအုပ်

တွေကိုအသာလှန်ရင်း ဦးစိတ်ပုတ်ကို

မသိမသာခိုးကြည့်လိုက်သည်။

တော်သေးတာပေါ့ငါ့ကိုမဆူလို့...။ 


" လိပ်ပြာ "


"ရှင် "


" ဒီနားလာဦး "


" ဟုတ်ကဲ့ "


သွားပြီ ငါပါးစပ်တောင်မစိရသေးဘူး

အဆူခံရတော့မယ်...။ 


"မနက်ဖြန်ညနေကျရင် hotel ရဲ့ ၁လ ပြည့်

 ဧည့်ခံပွဲလုပ်မယ်၊ လိုအပ်တာရှိတာ

 မင်းပဲပြင်ဆင်လိုက်ပါ "


" ရှင် "


" ဘာမရှင်းတာရှိလို့လဲ "


"သြော် မရှိပါဘူး၊ မနက်ဖြန်ညနေနော် "


"မင်းတစ်ယောက်ထဲနိုင်မှာမဟုတ်ဘူး

 ဝန်ထမ်းတွေယူသုံးနိုင်တယ်...မေးစရာ

 ရှိရင်အဂ္ဂကိုပဲမေးလိုက် "


" ဟုတ်ကဲ့ "


" ရပြီ ဒါနဲ့ ..."


လိပ်ပြာသူ့ကိုကြည့်နေရင်းနှင့်ပင် သူက

ထိုင်ခုံမှထလာကာ လိပ်ပြာရှေ့ရောက်

လာပြီး လိပ်ပြာရဲ့ဘေးတစ်ဖက်တစ်ချက်

တွင်ရှိသောစားပွဲခုံကို လက်ထောက်ကာ 

လိပ်ပြာမျက်နှာကိုစေ့စေ့ကြည့်နေသည်။

သူ့အကြည့်အောက်မှာ လိပ်ပြာကျောက်ရုပ်

လေးလိုတောင့်တောင့်လေးဖြစ်သွားရသည်။


"မျက်တောင်တောင်မခတ်တော့ဘူး 

 ကိုယ်ကအဲ့လောက်တောင်ချောလား..."


" ဟင် "


သူ့ရဲ့စကားသံက လိပ်ပြာကိုအိပ်မက်က

နိုးလိုက်သလို လှုပ်လှုပ်ရှားရှားဖြစ်သွားရင်း...


" ဖယ်ပါ "


သူ့လက်နှစ်ဖက်ကြား လိပ်ပြာခန္ဓာကိုယ်

လေးရောက်နေသည့်အတွက် လက်နှစ်ဖက်

ဖြင့်တွန်းထုတ်သော်လည်းမရ...။ 


"ကိုယ်မေးတာဖြေဦးလေ"


"လိပ်ပြာကိုအဲ့လိုမလုပ်ပါနဲ့လို့ ပြောထား

 တယ်လေ ဖယ်ပေးပါ "


လိပ်ပြာရဲ့ စကားမဆုံးမီ အသံတွေကတုန်ရီ

ကာ စကားလုံးအဖျားများ တိမ်ဝင်သွားရသည်။ သူမမျက်နှာကချက်ချင်းပင်ပြိုတော့မည့် ကောင်းကင်လို ပြောင်းလဲသွားသော

ကြောင့် ထောက်ထားသောလက်ကို

ရုတ်လိုက်ပြီး ကိုယ်ချင်းခွာကာ... 


" sorry ပါ ကိုယ်ဒီလိုလုပ်ဖို့မရည်ရွယ်ပါဘူး

 ကိုယ်စိတ်မထိန်းနိုင်လို့ဖြစ်သွားတာပါ၊ 

 သွားလို့ရပြီ "


သူ့စကားသံအဆုံး လိပ်ပြာချာခနဲလှည့်ထွက်လာခဲ့သည်။ နှလုံးခုန်မြန်လာကာအသက်ရှူပင်ကျပ်လာရ၏။ ရင်ဘက်ကိုဖိကာ ပြတင်းပေါက်ရှိရာသို့လျှောက်လာလိုက်သည်။

ဘာဖြစ်လို့ဒီလောက်ရုပ်ပျက်ဆင်းပျက်

ဖြစ်သွားရတာပါလိမ့်...၊ ပန်းလိပ်ပြာဆိုတာ

လွယ်လွယ်ကူကူခြွေလို့ရတဲ့ပန်းလေး

တစ်ပွင့်မဟုတ်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်၊ ကိုယ့်ကိုယ်ကိုယ်မှတန်ဖိုးမထားရင် တခြားဘယ်သူကရောတန်ဖိုးထားမှာလဲ...။


ပြတင်းပေါက်တံခါးအပြင်ဘက်ကို

ခေါင်းပြူထွက်ကာ သဘာဝမှပေးတဲ့

လေကို ပါးစပ်အားကျယ်ကျယ်ဖွင့်ကာ

ရှိုက်ယူနေသည်။ ဒီကိစ္စဟာ မေးခွန်း

တစ်ခုမဟုတ်သလို ပုစ္ဆာတစ်ပုဒ်လည်း

မဟုတ်တဲ့အတွက် လိပ်ပြာအဖြေ

ထုတ်နေစရာမလိုပါ...။ 


"အစ်မလိပ်ပြာအဆင်ပြေရဲ့လား..."


"သြော် အင်း..."


"သူဋ္ဌေးကစာရင်းစာရွတ်လာပေးခိုင်း

 လိုက်လို့ပါ နောက်ပြီး ညီမကိုလည်း

 အစ်မကိုကူညီပေးဖို့ မှာလိုက်ပါသေးတယ် "


"ဒါဆို အဆင်ပြေတာပေါ့၊ သွားရအောင် "


"အင်း..."


သူ့ကိုဆူလေမလားလို့စိတ်ပူနေတဲ့ သူမ

ပုံစံလေးကိုကြည့်ရင်း အသည်းယားလာ

ကာ သူသတိလက်လွတ်သူမအပေါ်

ပြုမူလိုက်မိသည်။ သူမစိတ်ဆန္ဒမပါဘဲ

ဘာမှမလုပ်ချင်ပါ သူတက်နိုင်သမျှရှောင်

ဖို့ကြိုးစားနေဆဲ ဖြစ်သွားခြင်းပင်။ 


"အမလေး ခါးနာလိုက်တာ "


"အစ်မလိပ်ပြာတစ်ချိန်လုံးကုန်းကွပြီး 

 အလုပ်လုပ်နေတာ ခါးနာပြီပေါ့၊ ဒါနဲ့

 မပြန်သေးဘူးလား...သူများတွေ

 ပြန်ကုန်ပြီ "


"အင်း ပြန်တော့မှာ ညီမအရင်ပြန်နှင့်နော် 

 ဒါလေးတွေသိမ်းလိုက်ဦးမယ် "


ရှုပ်ပွနေတဲ့ပစ္စည်းတွေကိုသိမ်းပြီး hotel

ရှေ့ထွက်လာခဲ့သည်။ မျှော်လင့်မထား

တဲ့အရာတစ်ခုက သွက်လက်နေတဲ့

လိပ်ပြာခြေလှမ်းတွေကို တိခနဲဆိုသလို

ရပ်တန့်သွားစေသည်။ 


"တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ "


မမြင်ရတာကြာသွားပေမဲ့ သူ့ပုံစံသူ့အပြုအမူတွေက အရင်အတိုင်းတစ်စက်ကလေးမှမပြောင်းလဲခဲ့ပေ...။ 


"လိပ်ပြာကတော့ဝမ်းမသာပါဘူး..."


"ဒါပေမဲ့ ဝမ်းမနည်းဘူးမလား...မတွေ့ရတာကြာလို့လားမသိဘူး ပို့လို့တောင်လှလာတယ်"


လိပ်ပြာကို ခေါင်းအစခြေအဆုံးတစ်ချက်

ကြည့်လိုက်ပြီး မချိုမချဉ်ပြုံး၍ပြောလာသည်။ လိပ်ပြာသူနဲ့တုပြီးပြောမနေတော့...။ 


"Sorry ပါ hotel ကပိတ်သွားပြီဆိုတော့ 

 မန်နေဂျာတစ်ယောက်အနေနဲ့ ဝန်ဆောင်မှု

 မပေးနိုင်တော့တာဝမ်းနည်းပါတယ်...

 သွားခွင့်ပြုပါဦး..."


" နပေါဦး "


သူကလိပ်ပြာရဲ့ရှေ့ကနေလက်ဆန့်ကာ

တားလိုက်သည်။


" ဟူး..."


"လိပ်ပြာ ကိုယ်စောင့်နေပါလို့ပြောနေတာကို

ကိုယ့်စကားကိုနားမထောင်ဘူးကွာ "


"ဟင် ဦးသတိုးဘာလို့ "


လိပ်ပြာလက်တစ်ဖက်ကို ဖျတ်ခနဲဆွဲလိုက်

ပြီး သူကရှေ့ကနေဦးဆောင်ကာသွားသည်။


"ဘာလဲ ဒီလောက်တောင်ဖြစ်ထားတာ

 မမှတ်သေးဘူးလား...သူတို့နှစ်ယောက်

 ကရောရိုးရဲ့လား...မမှတ်သေးရင်လည်း

 မှတ်သွားအောင်လုပ်ပေးရတာပေါ့ တောက် "

 

မင်းထက်အာကာကတော့ အလကားရသည့်လေကို အကျိုးရှိအောင် အသုံးချကာ ရပ်၍ကြိမ်းဝါးနေတော့၏။ သူ့မျက်လုံးတွေကလည်း ရဲရဲတောက်လျက်။ 


"ဦးသတိုး... လိပ်ပြာလက်ကိုလွှတ်လို့ရပြီ "


သူ့လက်ထဲမှလိပ်ပြာလက်ကိုရုန်းကာ

ပြောလိုက်သည်။


"ကိုယ့်ကိုအပြစ်မြင်နေတာလား...ကျေးဇူး

 မတင်ဘဲနဲ့လေ "


"ဟွန်း ဘာလဲကျေးဇူးတင်ခံချင်လို့ကူညီ

 ခဲ့တာလား...၊ ဒါဆိုလည်းကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ လိပ်ပြာအကူအညီမတောင်းခဲ့ဘူးနော် "


"ကိုယ်ကလည်းကျေးဇူးတင်ခံချင်လိုကူညီ

 ခဲ့တာမဟုတ်ပါဘူး...မိန်းကလေးတွေပဲ

 တစ်ခုခုဆိုကျေးဇူးတွေစွတ်တင်နေတာလေ "


"အဲ့အထဲမှာလိပ်ပြာမပါပါဘူး၊ နောက်ကျ

 နေပြီဆိုတော့သွားခွင့်ပြုပါဦး..."


" နေဦး "


"မင်းကဒီလိုမျိုးယောက်ျားလေးတွေအနား

 မှာရှိနေရတာကြိုက်တာမလား...ကိုယ်ကပဲ

 မှားသွားတာပါ "


"ဒီမှာ စကားပြောရင် ခနဲ့သလို ရန်စသလို 

 မပြောရင်ကောင်းမယ်၊ လိပ်ပြာငယ်ငယ်

 ကတည်းက ကိုယ့်ပြဿနာကိုယ်ရှင်း

 နိုင်အောင် မိဘတွေကသင်ကြားပေးပြီးသားပါ၊ ဒီကိစ္စမှာလည်း ကိုယ့်ဘာသာဖြေရှင်းနိုင်ပါတယ် "


"မင်းက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲ

 နေတာပဲ၊ သတိတော့ထားနော် ကိုယ်

 ဆုတ်ကိုင်ထားတဲ့ဓားကမတော်ရင်

 ကိုယ့်ကိုယ်ကိုယ်ပြန်ထိုးမိနိုင်တယ်နော်..."


"စိတ်ပူပေးတာကျေးဇူးပါ နောက်တစ်ခေါက်သွားခွင့်ပြုပါဦး..."


လိပ်ပြာလည်း ဦးသတိုးကိုနှုတ်ဆက်ကာ

ထွက်လာခဲ့လိုက်သည်။ ဒီနေ့မှအိမ်ကို

ပြန်တဲ့လမ်းကလည်းကြာလိုက်တာ 

ကားတွေကလည်းပိတ် လူကလည်း

ချွေးတွေထွက် စိတ်ကလည်းတို ဟူး...။ 


" ဟာ "


" ကျွိ "


ကိုယ့်လမ်းကိုယ်သွားနေတုန်း လိပ်ပြာရှေ့

ကားတစ်စီးကပိတ်ရပ်လာသည့်အတွက် 

အလန့်တကြားအော်လိုက်ရင်း ဆိုင်ကယ်

ကိုအလျှင်အမြန်ဘရိတ်အုပ်လိုက်ရသည်။ 


"ကြည့်စမ်း ကားကိုဘယ်လိုမောင်းနေတာလဲ

 မသိဘူး....လန့်လိုက်တာ..."


ထိုအချိန်ကားပေါ်မှ ရှူးဖိနပ်အနက်ရောင်

ဝတ်ဆင်ထားသော လူတစ်ယောက် ဆင်း

လာ၏။ လိပ်ပြာလည်းထိုလူ့ကိုအပြက်

ပြောမယ်ဆိုပြီး ဆိုင်ကယ်ဒေါက်ထောက်ကာဆင်းလာလိုက်သည်။ 


" လိပ်ပြာ "


ဒီအသံဒီအသံကိုကြားဖူးပါတယ်...၊ 

ဘယ်မှာကြားဖူးတာပါလိမ့်...၊ လိပ်ပြာ

အရှေ့ ကလူကမျက်မှန်ချွတ်လိုက်တော့မှ 

ထိုလူ့မျက်နှာကိုမှတ်မိသွားပေမဲ့...


"ကိုယ့်ကိုမမှတ်မိဘူးလား..."


"အင်း ဟို သီ သီဟ..."


"ဒါဆိုလည်း ဒုတိယအကြိမ်မိတ်ဆက်ပါရစေ ကိုယ့်နာမည်သီဟမင်းဒင်ပါ "


"သြော် ဟုတ်တယ် ဟုတ်တယ်မှတ်မိပြီ၊ 

 ဒါနဲ့ ဘာလို့လိပ်ပြာဆိုင်ကယ်ရှေ့ ပိတ်ရပ်

 လိုက်တာလဲ၊ မတော်လို့တိုက်မိသွားရင်

 ဘယ်လိုလုပ်မလဲ... "


"လိပ်ပြာကတော်ပြီးသားပါ "


"ဟွန်း ဘာလို့ရပ်လိုက်တာလဲလို့မေးတာ

 မဖြေသေးဘူးနော် "


"လိပ်ပြာကို အဝေးကနေလှမ်းတွေ့လိုက်

 လို့ ကားရပ်ခိုင်းလိုက်တာ အချိန်ရလား...

 အေးဆေးစကားပြောရအောင်လေ

 အခုဟာကလမ်းမကြီးမှာဆိုတော့ "


"ဟို အားတော့နာပါတယ် လိပ်ပြာအိမ်ပြန်

 နောက်ကျလို့မရလို့ပါ၊ နောက်မှပေါ့ "


"ကောင်းပါပြီဗျာ ဒါဆိုကိုယ့်ရဲ့လိပ်စာကတ်

 ယူသွားလေနော် ရော့ "


"လိပ်ပြာမှာ ကတ်မရှိတော့ယူမထားတော့

 ပါဘူး...၊ လိပ်ပြာတို့အိမ်သိနေတာပဲလမ်းကြုံရင်ဝင်လည်နိုင်ပါတယ်၊ ခုတော့သွားလိုက်ပါဦးမယ် "


"အင်းလေ လိပ်ပြာကပညာသားပါပါ

 ငြင်းလိုက်တော့ ကိုယ်ကဘာပြောရ

 တော့မှာလဲ၊ ဟုတ်ပါပြီ လိပ်ပြာအိမ်ကို

 တမင်လာလည်ပါ့မယ် "


"ဟုတ်ကဲ့ လိပ်ပြာတို့ကြိုဆိုနေမှာပါ "


သူမဆိုင်ကယ်မောင်းပြီး မြင်ကွင်းမှ

ပျောက်ကွယ်သွားသည့်တိုင် သူကြည့်

နေမိသည်။ 


"ဟွန်း မင်းကတော်ရုံချဉ်းကပ်ရလွယ်တဲ့ 

 မိန်းကလေးမဟုတ်ပါလား ကိုယ်ကလည်း

 အဲ့လိုခက်ခဲတဲ့အရာကိုမှ တန်ဖိုးထားတာ 

 နောက်မှတွေ့မယ် my girlfriend "


°°°°°°°°°

 

"အာ စိတ်ညစ်လိုက်တာဘာတွေမှန်းကိုမသိဘူး ဟိုကတစ်မျိုးဒီကတစ်မျိုးနဲ့ "


"မိအိန်ဂျယ် ဘာတွေပွစိပွစိပြောလာတာလဲ "


" ဘာမှမဟုက်ပါဘူး...ဒီအတိုင်းစိတ်ညစ်

 လို့ပြောလာတာပါမေမေရာ...ဒါနဲ့ တစ်အိမ်လုံးတိတ်ဆိတ်နေလို့ပါလား...ဘယ်သွားနေ 

 ကြတာလဲဟင် "


"မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေကြတာလေ "


"ဟင် ဘာလို့ဒီအချိန်ကြီး ညည်းအန်တီလေး

 ဒီည flight နဲ့ပြန်လာမှာတဲ့၊ အဲဒါကြောင့်ချက်ပြုတ်နေကြတာ "


"တစ်ကယ် အဲ့လောက်မြန်မြန်ရောက်လာ

 လိမ့်မယ်လို့မထင်ဘူး ဟီး ဒါနဲ့ဘယ်မှာ

 တည်းမှာလဲဟင် "


"သူ့ယောက်ျားအိမ်မှာပေါ့ "


"ဟုတ်လား...အင်း လိပ်ပြာရေသွားချိုးလိုက်ဦးမယ် "


"အေး အေး မြန်မြန်ချိုးနော် အအေးပတ်

 ဦးမယ် "


" ဟုတ် "


လိပ်ပြာရေချိုးပြီး အဝတ်စားလဲကာ ဧည့်ခန်းထဲတွင်တစ်ယောက်ထဲငူငူကြီးထိုင်နေသည်။


"မေမေရေ လိပ်ပြာမြတ်လေးတို့အိမ်ဘက်

 သွားလိုက်ဦးမယ်သိလား..."


မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေသောမေမေ

တို့ကို လှမ်းအော်ကာထွက်လာခဲ့သည်။ 

စိတ်တွေလေးလိုက်တာ ဘာကြောင့်မှန်းမသိ

မကောင်းတဲ့အငွေ့အသက်တစ်ခုခုကို ခံစား

မိနေတယ်...၊ တစ်ခဏတာပျော်ရွှင်မှုက

လိပ်ပြာရဲ့ ရင်ထဲကအပူကိုမငြိမ်းနိုင်ပါဘူး...၊ 

အေးချမ်းနေတဲ့လိပ်ပြာဘဝလေးဟာ 

ဦးသတိုးရောက်မလာခင်အထိ ပုံမှန်အတိုင်း

ပါပဲ...အခုတော့အန္တရာယ်တွေနဲ့ကြုံတွေ့

ရပြီး ကြုံတွေ့ရတိုင်းလည်းထိခိုက်ဒဏ်ရာ

ရတာချည်းပဲ...၊ လိပ်ပြာအတွေးနယ်ချဲ့ရင်း

မြတ်လေးတို့အိမ်ရောက်လာခဲ့သည်။ 


"သမီးအိန်ဂျယ်အိမ်လည်လာတာလား..."


"ဟုတ်ကဲ့အန်တီ မြတ်လေးတစ်ယောက်ရော "


"အင်း...သမီးခဏလောက်ထိုင်ပါဦး၊ အန်တီ

 ပြောစရာရှိလို့ "


"ဟုတ်ကဲ့ အန်တီပြောပါ "


မြတ်လေးမေမေရဲ့ မျက်လုံးတွေထဲမှာစိုးရိမ်မှုနဲ့ ပူပင်သောကတွေရောယှက်နေသည်။


"သမီးမြတ်လေးကောင်လေးအကြောင်း

 သိလားဟင် သိရင်အန်တီကိုပြောပြပါလား..."


" ရှင် "


လိပ်ပြာမျှော်မှန်းမထားတဲ့ စကားကိုကြား

လိုက်ရတော့ အလွန်အံ့အားသင့်သွားရ

ပါသည်။ 


"မြတ်လေးဘာဖြစ်လို့လဲအန်တီ "


"ဒီရက်ပိုင်းမြတ်လေးကြည့်ရတာတစ်မျိုး

 ဖြစ်နေလို့ မေးကြည့်တော့လည်း ရေးရေး

 ရာရာမဖြေဘူး...ဖုန်းပြောရင်လည်းအကြာ

 ကြီးပဲ...ဖုန်းပြောပြီးရင်လည်း မျက်နှာက

 မရွှင်ပြတော့ဘဲ ညှိုးမှိုင်သွားပြန်ရော...၊ 

 အသက်အရွယ်ကလည်းမငယ်တော့ဘူး

 ဆိုတော့ ရည်းစားသနာကိစ္စနဲ့များ ပတ်သက် နေမလားလို့ အရင်းနှီးဆုံးဖြစ်တဲ့သမီးကိုမေးကြည့်တာပါ "


"လိပ်ပြာအမှန်အတိုင်းပြောရရင် လိပ်ပြာ

 သိသလောက်တော့ သူ့ချစ်သူနဲ့ပြက်

 သွားတာကြာပါပြီ...၊ ခုရက်ပိုင်းလိပ်ပြာ

 လည်းကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ 

 မြတ်လေးကိုသတိမထားမိတာတော့

 အမှန်ပဲ...၊ ဒါပေမဲ့စိတ်ချပါအန်တီ မြတ်လေးကတဇွတ်ထိုးနဲ့ မိဘစိတ်ဆင်းရဲမဲ့ကိစ္စ လုပ်မှာမဟုတ်ပါဘူး...၊ သိပ်လည်းမစိုးရိမ်ပါနဲ့ "


"အဲဒါကြောင့်ပဲ အန်တီကစိုးရိမ်တာ၊ သူက

 ကျိတ်ပြီးခံစားနေရင်းက စိတ်ထွက်ပေါက်

 ရှာသွားမှာစိုးလို့ "


"လိပ်ပြာလည်းရှိနေတာပဲ သိပ်လည်းစိတ်ပူ

 မနေပါနဲ့ အန်တီအခုမြတ်လေးဘယ်မှာလဲဟင် "


"အခန်းထဲမှာ ဒီနေ့အလုပ်လည်းမသွားဘူး...

 တစ်ချိန်လုံးအခန်းထဲမှာပဲ အောင်းနေတာချော့ပြီးမေးကြည့်ပါဦးသမီးရယ် "


"ဟုတ်ကဲ့ လိပ်ပြာရှိနေတာပဲ သူ့ကိုသေချာမေးပြီးပြေရာပြေကြောင်းဖျောင်းဖျပေးပါ့မယ်..."


မဟုတ်မှ စိုင်းဝဏ္ဏ မြတ်လေးကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဒုက္ခပေးပြန်ပြီလား။ ကိုယ့်အပူကိုမေ့ကာ ရင်လေးစွာပင် သက်ပြင်းရှည်လေး လေးတွဲကာချလိုက်မိတော့သည်။ 


°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°♥•°


အပိုင်း(၂၈) ဆက်ရန် >>>


#Ruby Linn


rate now: