💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
------------------
"သြော် မေမေကသမီးကိုစိုင်းနဲ့အတူလာ
တယ်ထင်တာ "
"ဟုတ်တယ် လိပ်ပြာအစကစိုင်းနဲ့လာ
မလို့ပဲ ဦးသတိုးကလိုက်ပို့မယ်ဆိုလို့
စိုင်းကိုတောင်ဖုန်းမဆက်ရသေးဘူး..."
ဒိီလိုနဲ့ဧည့်ခန်းထဲကထိုင်ခုံတွင်တဖြည်းဖြည်းလူပြည့်သွားသည်။
"ဖေဖေ... သူကလိပ်ပြာတို့ hotel ကသူဋ္ဌေး
ဦးသတိုးတေဇ ပါ "
"ဟုတ်ကဲ့ ကျွန်တော် သတိုးတေဇပါခင်ဗျာ "
"အေးကွယ်...အန်ကယ်ကတော့ သမီးရဲ့
အဖေဦးသူရပါ၊ မောင်ရင်ကလူငယ်ပဲရှိသေးတာပဲ၊ ဒီလို hotel ကိုဦးစီးနေတာဆိုတော့ တော်ရုံအရည်အချင်းမဟုတ်တာသေချာတယ်"
"အန်ကယ်မြှောက်ပြောမှန်း ကျွန်တော်
သိပါတယ်၊ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းကို
ကျွန်တော် ၁၆ နှစ် အရွယ်တည်းကစလုပ်
ခဲ့တာ "
"အန်ကယ်ကမြှောက်ပြောတာမဟုတ်ပါဘူး
အရှိတိုင်းအမြင်အတိုင်းပဲပြောတက်တယ်၊
၁၆ နှစ်သားအရွယ်ဆိုတာ မိဘရင်ခွင်ထဲမှာချွဲ လို့ကောင်းတုန်းအရွယ် အပျော်အပါးမက်တတ်တဲ့အရွယ်လေးတွေမလား..."
အိမ်သားတွေနဲ့ မိတ်ဆက်ပေးပြီးစကားကောင်းနေတာမို့ လိပ်ပြာအိမ်အပြင်ထွက်ကာအခြေအနေလှမ်းပြောရန် ဘစိုင်းဆီဖုန်းဆက်လိုက်သည်။
"ဟဲလို အင်း "
"လိပ်ပြာအိမ်ပြန်ရောက်နေပြီ၊ အဲဒါစိုင်း
စိတ်ပူနေမှာစိုးလို့၊ ဖုန်းလှမ်းဆက်လိုက်တာ "
"....."
"ဟုတ်တယ် သူပဲလိုက်ပို့တာအားနာလိုက်တာ စိုင်းရယ်... "
"....."
"အင်း...သိပ်လည်းစိတ်မပူပါနဲ့ အဆိုးကြီး
လည်းမဟုတ်ပါဘူး..."
"....."
"အင်း အင်း ဒါပဲနော် "
လိပ်ပြာစိုင်းနဲ့ဖုန်းပြောပြီး အိမ်ထဲဝင်လာ
သည်အထိ ဖေဖေတို့ကစကားပြောတာ
မပြက်ကြသေး...။
"အန်ကယ့်သမီးက ရှက်ပျာရှက်ပျာနဲ့ဆိုတော့ အမှားသေးသေးလေးတွေဆို မောင်ရင်ပဲဆုံးမပေးပြီး ခွင့်လွှတ်ပေးစေချင်ပါတယ် "
"ရပါတယ် ကျွန်တော်ကလည်းညှိညှိနှိုင်းနှိုင်းနဲ့အလုပ်လုပ်တာဆိုတော့ သိပ်ပြဿနာ
မရှိပါဘူး... "
"ဒါနဲ့ ညစာမစားရသေးရင်တစ်ခါတည်း
စားသွားပါလား..."
"မစားတော့ပါဘူး အလုပ်လေးရှိသေးလို့
ကျွန်တော့်ကိုပြန်ခွင့်ပြုပါဦး..."
"ကောင်းပါပြီ နောက်လည်းလမ်းကြုံရင်ပဲ
ဖြစ်ဖြစ်ဝင်နိုင်ထွက်နိုင်ပါတယ် "
" ဟုတ်ကဲ့ဗျ "
"အိန်ဂျယ် မောင်သတိုးကိုလိုက်ပို့ပေး
လိုက်ဦးလေ "
"ဟုတ်ကဲ့ မေမေ "
ဟွန်း... သူများမိဘတွေနဲ့ကျတော့လေပေး
တည့်နေလိုက်တာများ...။
" ဟိတ် အဖြေပေးဖို့မေ့ချင်ယောင်ဆောင်မနေနဲ့နော် စဉ်းစားထား..."
"အဖြေ ဘာအဖြေလဲ "
"ဘာလဲ ကိုယ်နောက်ထပ်ပြောတာကို
ကြားချင်သေးလို့လား...ကိုယ်ထပ်ခါထပ်ခါ
မပြောဘူးလို့ပြောထားတယ်နော် "
သူကပြောပြီးတာနဲ့ ကားကိုမောင်းထွက်သွားသောကြောင့် လိပ်ပြာမှာသာဆွေ့ဆွေ့ခုန်၍ကျန်ရစ်ခဲ့ရသည်။
"အောင်မာ... ငါကပဲကြားချင်လို့ဖြစ်ရမယ်
သူဘာပြောသွားတယ်ဆိုတာတောင်
ဒီကဖြင့်မသိဘဲနဲ့ ဟွန်း..."
"သမီးဘာတွေတစ်ယောက်ထဲပြောလာ
တာလဲ..."
"ဟဲ ဟဲ ဘာမှမဟုတ်ပါဘူးဖေဖေ... ဒါနဲ့ဖေဖေခြံမှာအဆင်ပြေရဲ့လား...မနှစ်ကထက်အထွက်ကောင်းရဲ့လား..."
"မဆိုးပါဘူးသမီးရဲ့၊ အသင့်အတင့်ပါပဲ "
" သြော် ဟုတ်ကဲ့ "
"ကိုသူရရေ... ခြံကဖုန်းဆက်တယ် "
" အေး လာပြီ "
ဖေဖေက ဖုန်းလာတယ်ဆိုပြိီးထသွားကာ
မေမေကလိပ်ပြာဆီ လျှောက်လာပြီးလိပ်ပြာနားတွင်ဝင်ထိုင်ပါသည်။
"မောင်သတိုးကလူငယ်လုပ်ငန်းရှင်တစ်ယောက်ပီပီ စကားပြောတာလည်းပါးနပ်တယ်...၊ လူရည်လည်တယ် နောက်ပြီးရည်မွန်တယ် ထက်မြတ်တယ် မဆိုးပါဘူး...စိတ်ချရပါတယ်"
လိပ်ပြာက မသိမသာမျက်မှောင်ကြုတ်သွား
ရင်းက...
"မေမေကလည်း ဘာကိုစိတ်ချရတာလဲ၊
ချီးကျူးလိုက်တာလည်းမိုးကိုမွှန်လို့ "
"အမှန်တကယ်တော်တဲ့လူဆိုရင်တော့ ချီးကျူးသင့်ရင်ချီးကျူးရမှာပဲ၊ သူ့ကိုကြည့်ရတာဆိုးသွမ်းပြီးမိုက်ရူးရဲဆန်တတ်တဲ့ အထဲမှာတော့မပါဘူး...ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲမေမေ "
"သူ့မျက်လုံးတွေကိုကြည့်ရတာ တစ်ခုခုကို
သိသိသာသာ ဖုံးကွယ်ထားသလိုပဲ၊ တစ်ခါတစ်ခါ ဝမ်းနည်းနေတဲ့အရိပ်အယောင်တွေ
သူ့မျက်လုံးထဲမှာတွေ့ရတယ်...၊ အသက်ငယ်ပေမယ့် ကိစ္စတစ်ခုကိုမလုပ်ခင် ချင့်ချိန်စဉ်းစားတတ်တဲ့အထဲမှာပါတယ်...၊ အဲဒါကြောင့် စိတ်ချရတယ်လို့ပြောတာ ဒါပေမဲ့လူတစ်ယောက်ကိုဖုံးကွယ်ပြီး လွှမ်းမိုးထားချင်တဲ့မသိစိတ်ကရှိသေးတယ်မလား...၊ သူ့မှာအဲ့စိတ်တွေကိုလည်း တွေ့နေရပြန်တယ်..."
"လိပ်ပြာနားကိုမလည်တော့ဘူး...မေမေ "
"သမီးပိုပြီးရင့်ကျက်လာတဲ့တစ်နေ့သိလာ
ပါလိမ့်မယ် "
"လိပ်ပြာကတော့မေမေ့လိုမထင်ပါဘူး...
သူစိတ်ထင်ရာသူဆန္ဒရှိတဲ့ဟာကို တဇွတ်ထိုးလုပ်တတ်တဲ့သူ ဇီဇာကြောင်တဲ့သူ အပြစ်မရှိအပြစ်ရှာပြီးပြောတတ်တဲ့သူလို့ပဲသိထားတယ်"
"ဟင်း...သမီးကိုမေမေပြောထားတယ်လေ၊
လူတစ်ယောက်ကိုကိုယ့်ခံစားချက်အတိုင်း
မဆုံးဖြတ်ရဘူးလို့၊ နောက်အပေါ်ယံအရေပြား ဟန်ပန်အမူအရာ သူ့အကျင့်စရိုက်ကိုအကဲခတ်ကြည့်ရုံနဲ့ သူ့အတွင်းစိတ်ကို မသိနိုင်ဘူးလို့လေ "
ဟုတ်ပါတယ်၊ လိပ်ပြာမေမေ့ကို ယှဉ်မပြော
နိုင်ပါဘူး...။ ဒါပေမဲ့ လိပ်ပြာမြင်တွေ့နေရတဲ့
အရာတွေက လိပ်ပြာကိုလှည့်စားနေတယ်
လို့တော့မထင်ဘူး...။
"ဒါနဲ့ သားစိုင်းတစ်ယောက်ကို ဒီရက်ပိုင်း
မတွေ့မိပါလား..."
"အင်း...ဒီရက်ပိုင်းစိုင်းပျောက်နေတယ်
ဟိုတစ်ခါသူတို့ခြံမှာတွေ့တာနောက်ဆုံးပဲ "
"အိန်ဂျယ် စိုင်းကိုဘယ်လိုမြင်လဲ "
"အဟင်း...စိုင်းကလိပ်ပြာသူငယ်ချင်းလေ၊
အားကိုးရပြီးယုံကြည်လို့ရတဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်လို့မြင်တာပေါ့၊
မေမေကလည်းအထူးအဆန်းလုပ်လို့ "
" ဒီထက်မပိုဘူးပေါ့ "
" အင်းလေ ဘာဖြစ်လို့လဲဟင် "
"သူ့ဘက်ကပိုလာရင်ရော... "
မေမေပြောလိုက်တဲ့ မေးခွန်းမျိုးကိုလိပ်ပြာ
ယောင်လိုတောင်မတွေးဖူးသည်မို့ ခဏ
ငြိမ်သက်ကာ ဦးနှောက်ကိုအလုပ်ပေးနေရသည်။
"မေမေရယ်... လိပ်ပြာဦးနှောက်ကိုမစားပါနဲ့၊ မေမေဘာပြောချင်တာလဲ၊ လိုရင်းကိုပြောနိုင်ပါတယ်..."
"ဟွန်း ထင်သားပဲ "
"သမီးကကာယကံရှင်ဖြစ်ပေမယ့် ဘေးကနေကြည့်နေရတဲ့သူက အကုန်လုံးကိုမြင်
နေရတယ်၊ ဘယ်သူကဘာစိတ်ရှိတယ်
ဘယ်သူကတော့ဘယ်လိုစိတ်ထားတယ်
ဆိုပြီးတော့ပေါ့ "
မေမေပြောတာတွေကို လိပ်ပြာအခုထိ
နားမလည်သေးပါ၊ မေမေပြောလာမယ့်
စကားတွေကိုသာ အာရုံစိုက်ပြီးနားထောင်
နေရသည်။
"မေမေတို့က သမီးနဲ့သားစိုင်းကိုငယ်ငယ်တည်းက အတူတူယှဉ်ပြီးမြင်လာခဲ့ကြတာ၊
အရမ်းလည်းလိုက်ဖက်တယ်၊ သမီးရဲ့သည်းညည်းလည်းခံနိုင်တယ်...၊ ဒါကိုမေမေတို့ဘက်ကချည်းပဲ သဘောတူကြတာမဟုတ်ဘူး...၊ သမီးကို သားစိုင်းတို့ဘက်ကလည်း သဘောတူကြတယ်၊ အဲဒါကြောင့် သမီးသဘောဆန္ဒကိုမေးနေတာ "
နောက်ဆုံးမှ မေမေပြောလာတဲ့စကားလုံး
တွေရဲ့ရည်ရွယ်ချက်ကိုသိတော့တယ်...၊
မေမေကလိပ်ပြာကို စိုင်းနဲ့သဘောတူနေ
တာကိုး...။
"ဟင့် ဘာလဲ မေမေကလိပ်ပြာကို မချစ်
တော့ဘူလား၊ သူများလက်ထဲကိုပေးချင်
နေပြီလား..."
"မဟုတ်ရပါဘူးတော် သားသမီးတွေအချိန်တန်လို့ အတောင်အလက်စုံရင် ပျံသန်းသွားကြမှာပဲလေ...၊ မိဘတွေဘက်ကသင့်တော်တဲ့သူတွေ့တော့လည်း စိတ်အေးရတာပေါ့၊ မတော်တရော်ထက်စာရင်ကိုယ့်သိတဲ့လူနဲ့က စိတ်ချစွာယုံကြည်ပြီးထားခဲ့လို့ရတယ်မဟုတ်လား...၊ မေမေမှာက သမီးလေးတစ်ယောက်ပဲ မွေးထားတာလေညီအကိုမောင်နှမဆိုတာလည်းမရှိဘူး...၊ မေမေတို့မသေခင် စိတ်ချသွားချင်လို့ပါ၊ ဒါနဲ့ သမီးမှာချစ်သူရည်းစားတွေများ ရှိနေပြီလား..."
"မေမေကလည်း ဘယ်ကသာရှိရမှာလဲ "
မေမေ့စကားတွေက လိပ်ပြာရင်ထဲကို
တစ်ဆင့်ပြီးတစ်ဆင့်တိုးဝင်လာကာ
လိပ်ပြာကြက်သီးများပင်ထလာပြီး
ဝမ်းနည်းသွားရပါသည်။ မိဘမေတ္တာဟာ
လိပ်ပြာတို့သိတာထက်ပင် ပိုပြီးနက်ရှိုင်းပါလား...၊ မေမေ့ရင်ခွင်ထဲကို တိုးဝင်ကာ မေမေ့ရင်ဘက်ကို ခေါင်းလေးမှီလိုက်ပြီး...
"လိပ်ပြာ စိုင်းကို သူငယ်ချင်းထက်မပိုဘူး၊
နောက်ပြီး လိပ်ပြာမှာချစ်သူရည်းစားလည်း
မရှိသေးပါဘူး... လိပ်ပြာမစဉ်းစားချင်သေးဘူးဆိုပိုမှန်လိမ့်မယ်...၊ ချစ်သူထားတယ်ဆိုတာအပြောကလွယ်ပေမယ့် တစ်ကယ့်တစ်ကယ်တမ်းကျတော့ အပြောလောက်မလွယ်ပါဘူးမေမေ "
" ဒါဆိုမောင်သတိုးကိုရော "
" ရှင်! "
မေမေ့ရင်ခွင်ထဲမှ ထွက်လိုက်ကာ မေမေ့
မျက်နှာကို အံ့အားသင့်စွာကြည့်လိုက်မိသည်။
"ဟို လိပ်ပြာနားမလည်ဘူး..."
"သူ့ကိုဘယ်လိုသဘောထားလဲလို့မေးတာ"
" .... "
"သမီးမဖြေတတ်တော့ဘူလား..."
"ဘာမဖြေတတ်စရာရှိလို့လဲ လိပ်ပြာပြောပြီး
ပြီလေ "
"ကဲ ဟုတ်ပါပြီ၊ နားလိုက်ဦး..."
"ဟုတ်ကဲ့ "
မေမေရဲ့ စကားတွေက တစ်ခုခုကိုရည်ညွှန်း
နေတယ်ဆိုတာကျိန်းသေတယ်...၊ ခက်တာက မေမေ့လောက် လိပ်ပြာဉာဏ်မမီတာစိုးတယ်...။
°°°°°°°°°°°
မရဏစံအိမ် 🕍
ရှည်လျားလှတဲ့ညတစ်ညမှာ အလင်းရောင်
မှိန်ဖျော့ဖျော့သာ ထွန်းထားသည့် အခန်း၏
အလယ် ပလက်ကုလားထိုင်ပေါ်တွင်မျက်လုံးမှိတ်ကာခြေဆင်းပြီးလှဲနေတဲ့ လူတစ်ယောက်...။
သူ့စိတ်ထဲတွင် ဘာတွေတွေးနေတယ်ဆိုတာ
မသိပေမယ့် ခါတိုင်းနဲ့မတူ သူ့မျက်နှာကကြည်လင်စွာ ပြုံးယောင်သန်းနေသည်။
"ဒေါက် ဒေါက် "
"ဒေါက် ဒေါက် "
" ဝင်ခဲ့ "
"သခင်လေးအနှောင့်အယှက်ဖြစ်သွားလား "
" ရတယ် အရေးကြီးလို့လား..."
"သခင်လေးကိုလုပ်ကြံခိုင်းတဲ့သူဘယ်သူ
ဆိုတာသိရပါပြီ..."
ဆင်းထားတဲ့ခြေထောက်ကို ပြန်ရုတ်ကာ
မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း...
"မင်းထက်အာကာ မလား..."
"သခင်လေးသိနေတယ် "
"သိနေတယ်ဆိုတာထက် သေချာသလောက်ရှိတာပါ...၊ လုပ်ချင်ကိုင်ချင်စိတ်ရှိပေမယ့် လုပ်ပုံကိုင်ပုံကမဟုတ်တော့ လုပ်လိုက်တဲ့အရာတိုင်းက မသေသပ်ဘဲ ခြေရာလက်ရာတွေကျန်ခဲ့တာပေါ့ "
"သခင်လေးဘယ်တုန်းကတည်းကသိတာလဲ..."
"ဘယ်တုန်းကလဲ...အဲ့ညကပဲလို့ပြောရင်
တစ်ဖက်ကိုနိမ်ရာကျနေမလား... အဟက် "
"ကျွန်တော်တို့ဖမ်းမိထားတဲ့ တစ်ယောက်ပြောတာကတော့ သခင်လေးကို မှတ်လောက်ရုံပဲလုပ်ဖို့ပြောခဲ့တာပါ၊ သေနတ်နဲ့ပစ်ခဲ့တာက သူတို့ဘာသာအမိန့်မရဘဲနဲ့လုပ်ခဲ့တာလို့ပြောပါတယ်..."
"အဲဒါကြောင့်သူတို့က အနောက်ကနေလိုက်ရုံပဲလိုက်ခဲ့တာလေ၊ နောက်ပြီး သူတို့ကားထဲမှာပါလာတဲ့ နောက်ထပ်လူတစ်ယောက်ကို
မထိရဘူးလို့လည်း အမိန့်ရထားတယ်ဆိုတာ
သေချာတယ်...သူတို့ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုခုရှိလို့သာ ပစ်မိန့်မပေးဘဲပစ်ခဲ့တာဖြစ်ရမယ်..."
"အဲဒါတော့သေချာပါတယ် သခင်လေး...
ဒါနဲ့ သူတို့ကိုဘာဆက်လုပ်ရမလဲ...၊ ဒီလောက်အထိလုပ်ရဲတာ တော်ရုံသတ္တိတော့မဟုတ်ဘူး...၊ နောက်ကျရင်
အန္တရာယ်ပေးမလာနိုင်ဘူးလို့ မပြောနိုင်ဘူး
မဟုတ်လား..."
အဂ္ဂစကားအဆုံး သတိုးတေဇ အသာမတ်တပ်ရပ်လိုက်ရင်း ခဏတွေဝေငြိမ်သက်သွားတော့၏။
°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°♥•°
အပိုင်း(၂၇) ဆက်ရန် >>>
#Ruby Linn
ဇာတ်တစ်ဝက်ရောက်ပါပြီ။ မန့်လေးတွေ ပေးခဲ့ကြပါဦးနော်🥀😊😘