book

Index 25

အပိုင်း (၂၅)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်

                                 (or)

              အချစ်များဖြင့်ဖန်ဆင်းမည် 💖



-----------------


"လိပ်ပြာကိုအဲ့လိုမလုပ်ပါနဲ့၊ လိပ်ပြာမကြိုက်ဘူး...လွှတ်ပါ အမြင်မသင့်တော်ပါဘူး အို "


လိပ်ပြာကိုဖက်ထားတဲ့ သူ့လက်တွေက 

မလျော့သွားတဲ့အပြင် ပိုတိုးလို့ဖက်ကာ

သူ့ရင်ဘက်နှင့်ဆွဲကပ်လိုက်သည်။

သူ့ရင်ဘက်ကို လိပ်ပြာလက်နှစ်ဖက်ဖြင့်

တွန်းထားလို့သာ နမို့ဆို လိပ်ပြာတို့

နှစ်ယောက်ကြား ခြားခံနယ်မရှိအောင်

ထိကပ်သွားရလိမ့်မည်။ ရင်ထဲလည်းနွေးလို့။ အေးစက်စက် သူ့အထိအတွေ့က သူမကို ကြက်သီးဖြာထစေခဲ့လျက်...။ 


"မလွှတ်ပေးဘူး...မင်းလိုက်မှာလား

 မလိုက်ဘူးလား၊ တခြားလျှောက်တွေးမနေနဲ့ ကိုယ်ကမင်းကို ထမင်းလိုက်ကျွေးရုံတင်ပါ မလိုက်ရင်တော့..."


နီးကပ်လာပြီဖြစ်သော သူ့မျက်နှာကြောင့် 

လိပ်ပြာ ဆတ်ခနဲဆို မျက်နှာလွှဲပစ်လိုက်ပြီး 

အားကုန်သုံးကာ သူ့ရင်ဘက်ကို လက်

နှစ်ဖက်ဖြင့်တွန်းထုတ်ပစ်လိုက်၏။ ထို့နောက် လက်ကလေးပိုက်၍ လိပ်ပြာသူနဲ့ခပ်ဝေးဝေးတွင်သွားရပ်ကာ...


"လိပ်ပြာကိုမိုးမချုပ်စေရပါဘူးလို့ ကတိ

 ပေးရင် လိုက်ခဲ့မယ် "


"ဟက် ဒီလိုမှပေါ့ လာသွားရအောင် "


သူမက သူ့ရုပ်သေးရုပ်တစ်ရုပ်မဟုတ်ဘူးဆိုတာ တစ်နေ့ကျရင် ရှင်သိအောင်လုပ်ပြမယ်

ကြည့်နေ...သူများစိတ်မချမ်းသာရသလို

ရှင်လည်း စိတ်ချမ်းသာရမှာမဟုတ်ဘူး...။ 

ဟွန်း...ရှေ့ကနေထွက်သွားသောသူ့ကိုလိပ်ပြာနောက်ကနေ မေတ္တာပို့နေမိသည်။ 


စားသောက်ဆိုင်က တော်တော်နဲ့မရောက်

လိပ်ပြာကားပေါ်မှာ အဲကွန်းနဲ့ထိုင်နေရင်း

စိတ်ပူလာကာ ချွေးစေးများထွက်လာရသည်။

ကားရပ်သွားချိန် သူကကားပေါ်မှ ဆင်းလာ

ကာ အထဲသို့လှမ်းဝင်ရန် ခြေလှမ်းပြင်ပြီးမှ 

လိပ်ပြာဘက်ပြန်လှည့်ကာ...


" လာလေ...ဘာလုပ်နေတာလဲ "


ကားပေါ်မှဆင်းလိုက်ပြီး လိပ်ပြာခေါင်းပေါ်

တွင် မီးဆိုင်းများဖြင့် အလှဆင်ထားသော

ဆိုင်းဘုတ်ကို မော့ကြည့်လိုက်တော့...


" Golden Rose " ဆိုတဲ့ခမ်းနားတဲ့ဆိုင်းဘုတ်ကိုတွေ့လိုက်ရ၏။ 


အထဲသို့လှမ်းဝင်လိုက်ချိန် တချို့ စားပွဲများက လူသူကျဲ၍ တချို့ စားပွဲများက လူမရှိသလောက်နည်းနေသည်။ အထဲသို့ဆက်ဝင်သွားပြီး အပြင်ကလှမ်းကြည့်ရင် တွေ့နေရသော ထိပ်ဆုံးဝိုင်းတွင် ဝင်ထိုင်လိုက်ပြီးချက်ချင်းဆိုသလို ဘယ်ကရောက်လာမှန်းမသိသည့် waiter ကောင်လေးကရောက်လာသည်။ 


" မင်းဘာမှာမလဲခင်ဗျ..."


" ရပါတယ် ဦးသတိုးကြိုက်တာမှာပါ "


" ကောင်းပြီလေ "


ခဏအတွင်း waiter ကောင်လေးက ဟင်းပွဲ

တွေကို လင်ဗန်းထဲထည့်လာပြီး လိပ်ပြာတို့ရှေ့ သယ်လာသည်။


" အိုး...ဟင်းတွေကလည်းများလိုက်တာ 

ဒါကိုကုန်အောင်ဘယ်လိုစားရပါ့မလဲ...။


" မကုန်လည်းကိစ္စမရှိပါဘူး...ကုန်သလောက်ပဲစားပေါ့ "


ဟယ် လိပ်ပြာစိတ်ထဲပြောနေတာ သူဘယ်လိုလုပ်သိသွားတာပါလိမ့်...။


"မထူးဆန်းပါဘူး မင်းကဟင်းပွဲတွေကို 

တအံ့တသြကြည့်နေရာက နှမြောတဿ

အကြည့်တွေအဖြစ် ပြောင်းသွားလို့လေ...

ဒီဘက်ကကိုယ်ကြိုက်တဲ့ဟင်း ဟိုဘက်က

အများကြိုက်မယ်ထင်တဲ့ဟင်း မှာလိုက်တာ၊ 

သြော် ကိုယ့်ဟင်းလည်း ယူစားလို့ရတယ်နော် အားမနာနဲ့ စားလေ..."


လိပ်ပြာက ထမင်းကိုတစ်ဇွန်းနှစ်ဇွန်းခပ်စား

လိုက်ပြီး...


"လိပ်ပြာကိုပြောစရာရှိတယ်မလား...

 ဘာပြောမလို့လဲ..."


"ဟုတ်တယ် အစကတော့ပြောမလို့ပဲ

အခုတော့မပြောချင်တော့ဘူး...ရော့ "


သူကငါးဟင်းကို အရိုးထွင်နေပြီးထွင်ပြီး

သော ငါးဟင်းကို လိပ်ပြာပန်းကန်းထဲသို့

ထည့်ပေးသည်။


"ရပါတယ် ကျေးဇူးပါ "


လိပ်ပြာကသာ ဆာဆာနဲ့ထမင်းနှင့်ဟင်းကို 

ရောကာ တစ်လုတ်ပြီးတစ်လုတ်စားနေပေမဲ့ 

သူကတော့ လိပ်ပြာစားနေတာကို တစိုက်

မတ်မတ်မျက်တောင်တောင်မခတ်တော့သလိုမျိုး ကြည့်နေ၏။ 


" အဟွတ် အဟွတ် "


လိပ်ပြာဘေးနားက ရေဖန်ခွက်ကိုယူကာ

တစ်ငုံသောက်လိုက်ပြီး သူ့ကိုမျက်လွှာပင့်

ကြည့်လိုက်ချိန် သူ့အကြည့်စူးစူးတွေနဲ့တွေ့

တော့ လိပ်ပြာရေသီးသွားရသည်။ 


"ဖြည်းဖြည်း ဘယ်လိုဖြစ်တာလဲ ရေသောက်တာ သီးအောင်သောက်ရသလား..."


"အဟွတ် အဟွတ် အမလေး..."


သူကမ်းပေးတဲ့တစ်ရှူးကိုယူကာ လိပ်ပြာ

နှုတ်ခမ်းကိုသုတ်လိုက်ပြီး သူ့ကိုအမိအရ

ပြောလိုက်သည်။ 


"ဘယ်သူက ဒီလိုကိုယ့်ဒုက္ခကိုယ်ရှာပြီး 

 သီးချင်မှာလဲ၊ သူ့ကြောင့်သီးရတာကို သူကပဲပြောရတယ်ရှိသေး..."


" ကိုယ့်ကြောင့် !!! "


သူကြည့်နေလို့သီးတဲ့ဟာကို လိပ်ပြာကို

မသိသလိုမေးလာတော့ မကျေမနပ်ဖြစ်

သွားကာ...


"ဒါဆိုလိပ်ပြာကို ဘာလို့တစ်ချိန်လုံးကြည့်

 နေတာလဲ...."


"သြော် ဒါ့ကြောင့်လား...sorry ကိုယ်ဒီနေ့

 အလုပ်မှာပင်ပန်းလာလို့ "


"ဦးသတိုးပင်ပန်းတာနဲ့ လိပ်ပြာနဲ့ဘာဆိုင်လို့လဲ"


"ကိုယ်ကတော့ဆိုင်တယ် လိပ်ပြာကို

ဒီလိုမျိုးအချိန်အကြာကြီးကြည့်နေချင်ခဲ့တာ အခုလိုမျိုးကြည့်လိုက်ရတော့ အမောပြေပြီး ပင်ပန်းတာတောင်ဘယ်ရောက်မှန်းမသိတော့ဘူး..."


သူ့ပြုမူပြောဆိုပုံတွေ ဘာလို့ရုတ်ချည်း

ပြောင်းလဲသွားရတာလဲ...၊ ပျော့ပြောင်း

သလိုနဲ့နူးညံ့သွားရတာဘာကြောင့်လဲ...။

သူများတွေပြောသလို အချစ်ကပြုပြင်

ပြောင်းလဲပေးလိုက်တာများလား...

မဖြစ်နိုင်တာ...။


"ဘာလဲ ကိုယ်ရုတ်တရက်ပြောင်းလဲ

သွားတာကိုမယုံနိုင်ဖြစ်နေတာလား...

ကိုယ်လည်းလိပ်ပြာလိုပဲ အစတုန်းက

အံ့သြမိတယ်သိလား... "


"ဟို လိပ်ပြာဝပြီပြန်ရအောင်လေ၊ hotel

ကိုဝင်ရဦးမှာဆိုတော့ အိမ်ပြန်ရင်နောက်ကျ

နေမှာစိုးလို့..."


"Hotel ! ကိုယ်မင်းကိုတစ်ခါတည်းအိမ်ပြန်

 လိုက်ပို့ပေးမှာ "


"ဟင့်အင်း ရတယ်လိပ်ပြာဆိုင်ကယ်နဲ့ပဲ

 ပြန်မယ်၊ နောက်ပြီးစိုင်းလာကြိုပေးမှာ "


"နေပါဦး တစိုင်းစိုင်းနဲ့မဟုတ်ရင်လည်း 

တဆိုင်ကယ်တည်းဆိုင်ကယ်နေတာပဲ

အဲ့ဆိုင်ကယ်ကိုဘာလို့အဲ့လောက်

တမ်းတမ်းစွဲဖြစ်နေရတာလဲ..."


"တမ်းတမ်းစွဲဖြစ်နေရမှာပေါ့၊ လိပ်ပြာမှာ 

အဲ့ဆိုင်ကယ်တစ်စီးပဲရှိတာလေ၊ နောက်ပြီး

အဲဒီဆိုင်ကယ်ကိုလိပ်ပြာဖေဖေကလိပ်ပြာကို အမှတ်တရလက်ဆောင်အဖြစ်ပေးခဲ့တာ "


" ဟွန်း..."


'အမှတ်တရလက်ဆောင်အဖြစ်ပေးခဲ့တာ'

တဲ့လား...။ 

 

ဒီတစ်ခါ သူ့အပြုံးကတစ်ခုခုကိုသတိရ၍

နာကျင်ကြေကွဲစွာပြုံးလိုက်သည့် အပြုံးပင်၊ 

လိပ်ပြာစကားများမှားပြောမိပြီလား...။

သူမအဖေက လက်ဆောင်ပေးတယ်ဆိုတဲ့

စကားကြောင့် အတိတ်ကအမှတ်တရ

တစ်ခုကိုသတိရသွားသည်။ 


"မျက်လုံးမှိတ်ထားနော် "


" ရပြီ ရပြီ ဖွင့်ကြည့် "


"ရေး...ဒါသားကြိုက်တဲ့ကားလေးပဲ ရေး...

 အဲဒါကြောင့်ဖေဖေကိုချစ်တာ "


အဖေမွေးနေ့လက်ဆောင်ပေးတဲ့ ကားရုပ်

လေးကို လေပေါ်တွင်မြှောက်ပျံကာ

ဧည့်ခန်းတွင် နှစ်ပတ်သုံးပတ်ပတ်ပြေးနေသော ကလေးတစ်ယောက်။ 


"သားကြိုက်ရဲ့လား...အဖေ့ဆီလာပါဦး..."


"ဟုတ်ကဲ့ သားကြိုက်တယ်၊ သားကြီးလာရင် ဒီလိုမျိုးကားတွေအများကြီးကိုလုပ်ပြီးလူတွေအများကြီးကိုပြန်ရောင်းမှာ သိလား..."


"Wow သားရဲ့ရည်မှန်းချက်က ကြီးလှချည်လား... အေးပါသားက အခုမှငယ်ငယ်လေးပဲရှိသေးတာ သားကြီးလာရင်ဖြစ်ရမှာပေါ့ဟုတ်ပြီလား"


"ဟုတ်ကဲ့ ဒါမှသားဖေဖေကွ မွ "


အဟွန်း ဒါတွေဟာအခုတော့နားထောင်လို့

ကောင်းတဲ့ပုံပြင်တစ်ပုဒ်ပေါ့....။


°°°°°°°°°°°°


"ဟိုလေ လိပ်ပြာစကားပြောမှားသွားရင်

 တောင်းပန်ပါတယ်နော် "


"ဘာလဲ ကိုယ့်ရုပ်ကအဲ့လောက်တောင်

 သိသာနေလို့လား..."


" အဲ နည်းနည်းပါ "


" ဟက် "


အခုမှပဲ သူ့ဆီကကြည်လင်တဲ့အပြုံးကို

ပြန်မြင်ရတော့တယ်...၊ လိပ်ပြာကရော

သူပြုံးနေတာကိုကြည့်ပြီး ဘာလို့လိုက်

ပြုံးချင်နေရတာလဲ...။ နောက်ပြီး

သူမျက်နှာပျက်သွားရင် ဘာလို့ လိပ်ပြာ စိတ်ထဲမှာလည်းတစ်မျိုးကြီးဖြစ်သွား

ရတာလဲ...။ 


"သြော် ဒါနဲ့ မင်းခြေထောက်ရောကောင်း

သွားပြီလား..."


" ကောင်းသွားပါပြီ "


"မင်းကို ကိုယ်အိမ်ပြန်လိုက်ပို့ပေးမယ်

 မင်းဆိုင်ကယ်ကိုတော့ လုံခြုံရေးကို

 သွားကြည့်ခိုင်းပြီး အထဲသွင်းထားဖို့

 ပြောလိုက်မယ် စိတ်မပူနဲ့ "


" ဟို "


" bill ရှင်းမယ် "


လိပ်ပြာငြင်းပေမဲ့ သူ့ကားပေါ်လိုက်ခဲ့ရ

ပြန်သည်။ မလိုက်ချင်ဘဲလိုက်ခဲ့ရပေမဲ့ 

လိပ်ပြာစိတ်တွေ ထူးထူးခြားခြားကြည်လင်

နေခဲ့သည်။ သူ့မျက်နှာကိုလည်းအကြောင်းမဲ့ခိုးခိုးကြည့်ချင်နေမိ၏။ 


လိပ်ပြာမသိမသာလေးခိုးကြည့်လိုက်တော့...


" ဘာကြည့်တာလဲ..."


" မကြည့်ပါဘူး..."


"မိန်းကလေးတစ်ယောက်ကယောက်ျားလေးတစ်ယောက်ကို ဘာအကြောင်းပြချက်မှမရှိဘဲကြည့်မှာမဟုတ်ဘူး...ကြည့်ချင်တဲ့

ဆန္ဒရှိလို့ကြည့်တာပဲဖြစ်ရမယ်...၊ ဧကန္ဒ

 ကြည့်ချင်ရတဲ့ဆန္ဒက သူ့အပေါ်ခံစားချက်

 တစ်ခုခုရှိလို့များလား..."


" မဟုတ်ပါဘူး... "


" ဝန်ခံပြီပေါ့ "


" ဘာကိုဝန်ခံရမှာလဲ..."


" ကျွိ "


"ဟာ ကားပျက်သွားတာလား..."


"ဖြစ်ချင်တာတွေပြောမနေနဲ့၊ တမင်ရပ်လိုက်တာ "


" ရော့ "


" ဟင် ဘာလဲ "


" ဖွင့်ကြည့်လေ "


" မဖွင့်ကြည့်ပါဘူး...ဘာလို့ဖွင့်ကြည့်ရမှာလဲ"


လိပ်ပြာရှေ့လေးထောင့်ဘူးလေးတစ်ဘူးကို

ထိုးပေးပြီး ဖွင့်ကြည့်ခိုင်းနေသည်။ လိပ်ပြာ

လည်း စိတ်မဝင်စားသည့်အတွက် တစ်ဖက်

လှည့်ကာ မသိချင်ယောင်ဆောင်နေမိ၏။ 


" လိပ်ပြာ "


သူ့ထံမှ နူးနူးညံ့ခေါ်သံကြားလိုက်သော

ကြောင့် လိပ်ပြာဆတ်ခနဲလှည့်ကြည့်လိုက်စဉ် ပလက်တီနမ်ကြိုးလေးတွေကို တစ်ချောင်းနဲ့တစ်ချောင်းယှက်နွယ်ထားပြီး အသဲပုံလော့ကပ်သီးလေးနဲ့အတူ မီးရောင်အောက်မှာတောက်ပစွာ တဖျတ်ဖျတ်လက်နေသည်။ 


"ကိုယ်မင်းကိုလက်ဆောင်ပေးတာ၊ ဒီလက်ဆောင်မှာ ဘာမျှော်လင့်ချက်ဘာအနှောင်အဖွဲ့မှမပါဘူး၊ 

စိတ်ချလက်ချဝတ်နိုင်ပါတယ်..."


သူ့လက်ထဲက ဆွဲကြိုးလေးကို တွေခနဲ

တစ်ချက်ကြည့်ပြီး မျက်နှာလွှဲကာ...


"မယူပါရစေနဲ့ ဘယ်ယောက်ျားလေးပေးတဲ့

ပစ္စည်းကိုမှမယူဖို့ လိပ်ပြာသန္နိဋ္ဌာန်ချထားလို့ပါ"


"ဘာလဲ မင်းလည်ပင်းကဆွဲကြိုးကတော့

 ချွင်းချက်ပေါ့ဟုတ်လား..."


"ဟင် ဒီဆွဲကြိုးက လိပ်ပြာမွေးနေ့တုန်းက

လိပ်ပြာသူငယ်ချင်းမွေ့နေ့လက်ဆောင်ပေးထားတာပါ...ဟုတ်ပါတယ် လိပ်ပြာ

ပြောတဲ့အထဲမှာသူမပါပါဘူး..."


" ဟွန်း..."


သူကခနဲ့တဲ့တဲ့ပြုံးလိုက်ပြီး...


"ဟိုကောင်ပေးထားတာမို့လား..."


"သူ့မှာနာမည်ရှိပါတယ်၊ စိုင်းပါ ဟုတ်တယ်

 စိုင်းပေးထားတာ "


"မင်းတို့က သူငယ်ချင်းခေါင်းစဉ်တပ်ပြီး အထိမခံရွှေပန်းကန်ဖြစ်နေကြပါလား..."


"ဒီမှာ စကားပြောတာကြည့်ပြောပါ၊ လိပ်ပြာ

 ရဲ့ သိက္ခာကိုလာပြီးမထိပါးပါနဲ့၊ သူမှမဟုတ်ဘူး လိပ်ပြာရဲ့ဘယ်သူငယ်ချင်းမဆိုကိုတန်ဖိုးထားတယ် ချစ်ခင်တယ်...သူတို့လည်းလိပ်ပြာနဲ့ထပ်တူထပ်မျှပဲ..."


"ကောင်းပြီလေ ဒီအချိန်မှာမင်းအပေါ် ဘာမှ

ဝင်မစွက်ဖက်ပါဘူး...ဒါပေမဲ့ မင်းယုံလိုက်

တစ်နေ့ကျရင် မင်းဆန္ဒအလျောက် ဘယ်သူ့တိုက်တွန်းမှုမှမပါဘဲ ဆွဲလာမဲ့အချိန်ကို ကိုယ်စောင့်နေမယ်..."


"ဦးသတိုးကို ရယ်စရာပြောတက်လိမ့်မယ်လို့ထင်မထားဘူး...ဒါပေမဲ့ မရယ်ရတာဆိုးတယ်၊ လိပ်ပြာအိမ်ပြန်ချင်ပြီ အိမ်ကိုမြန်မြန်လိုက်ပို့ပေးပါ..."


"ဟုတ်ပါပြီ ကိုယ့်စကားကိုအချိန်ကသက်သေပြသွားမှာပါ  "


ကားမှန်ကိုချလိုက်ပြီး ထိုင်ခုံကိုခပ်လျော

လျောမီကာ အပြင်ဘက်ကိုလှမ်းကြည့်

နေမိသည်။ ထိုအချိန် Coffee ဆိုင်တစ်ဆိုင်

ရှေ့တွင် စုံတွဲတစ်တွဲစကားများနေတာကို

တွေ့လိုက်ရသည်။


"ဒါမြတ်လေး မြတ်လေးမှမြတ်လေးအစစ်ပဲ 

သူဘေးကကောင်လေးက မဟုတ်မှ စိုင်းဝဏ္ဏများလား... "


လိပ်ပြာ သူတို့နှစ်ယောက်ကိုမြင်ကွင်းမှ 

ပျောက်ကွယ်သွားသည့်တိုင် သမင်လည်ပြန်

ကြည့်နေမိသည်။ ဘယ်လိုဖြစ်ရတာလဲ

လမ်းမအလယ်မှာ ပြဿနာတစ်ခုခုတက်နေ

တာပဲဖြစ်ရမယ် ဟူး...။


ဒီလိုနဲ့ လိပ်ပြာအိမ်ရှေ့ရောက်လာခဲ့သည်။


"ဟို ဦးသတိုးအိမ်ထဲဝင်ပါဦးလား..."


လိပ်ပြာကားပေါ်မှဆင်းလာပြီး ဦးသတိုးကို

ဟန်ဆောင်ပန်ဆောင်ဝတ်ကျေတန်းကျေ

ခေါ်လိုက်ပါသည်။ သူကခဏတွေနေပြီးမှ

ကားတံခါးဖွင့်ကာ ဆင်းလာတော့ လိပ်ပြာ

အံ့အားသင့်သွားရသည်။


"ဘာလဲ ကိုယ့်ကိုတာဝန်ကျေရုံခေါ်ခဲ့တာလား "


"သြော် မဟုတ်ပါဘူး၊ ဦးသတိုးကအလုပ်များတဲ့သူမဟုတ်လား... လာလေအထဲဝင်ပါ "


အမှန်အတိုင်းပြောရရင် လိပ်ပြာလန့်နေမိပါသည်။ လိပ်ပြာအကြောင်းတွေကို ဘာတွေမဟုတ်တာ ပြောဦးမလဲမသိဘူး...၊ လိပ်ပြာခပ်လန့်လန့်နှင့်ပင် အိမ်ထဲခေါ်လာခဲ့သည်။


"ဒီမှာထိုင်ပါ ဖေဖေ မေမေ... ဒီမှာဧည့်သည်

 ပါလာလို့ "


"အေးအေး လာပြီ..."


အိမ်ထဲမှအသံများနှင့်အတူ အလျှိုအလျှိုထွက်လာကြသည်။


°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°♥•°


အပိုင်း(၂၆) ဆက်ရန် >>>


#Ruby Linn


rate now: