💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
-----------------
လိပ်ပြာ hotel ကိုပြန်လာတော့ ရုံးခန်း
ထဲမှာဦးသတိုးရှိမနေတော့...။ လိပ်ပြာ
လည်း ဒီအချိန်မှာ ဦးသတိုးနဲ့မတွေ့ချင်ပါ၊
လိပ်ပြာစိတ်ဖြောင့်ဖြောင့်နဲ့အလုပ်လုပ်
ချင်သည်။ ဒါပေမဲ့ hotel ဝန်ထမ်းတွေ
ရဲ့ကွက်ကြည့်ကွက်ကြည့်ကိုခံနေရ၏။
မကြားတကြားဖြင့် တီးတိုးပြောသံများ
ကိုကြားနေရသည်။ လိပ်ပြာဘာအမှား
များလုပ်မိလို့လဲ...၊ လူတွေလူတွေ သူများ
ကိစ္စဆိုရင် တစ်စိတ်ကိုတစ်အိတ် လုပ်ချင်
ကြတယ်၊ ကိုယ့်မျက်ချေးကိုကျမမြင်နိုင်ကြပါလား...။
ဟုက်ပါတယ် သူအတ္တကြီးခဲ့ပါတယ်...၊
သူ့ဆန္ဒကိုသာ ရှေ့တန်းတင်ခဲ့မိပါတယ်။
သူမမှာလည်း ကိုယ်ပိုင်ဆန္ဒနဲ့လုပ်ပိုင်ခွင့်
ရှိတာကိုသူမေ့နေခဲ့တယ်...။ ကိုယ်ချစ်တဲ့
သူက ကိုယ့်ကိုအထင်အမြင်သေးပြီး
အမြင်မှားနေတာ အတော်ခံရခက်ပါလား...။
သူမကိုပိုင်ဆိုင်ချင်တယ်ဆိုပေမဲ့ သူမ
ဘက်က သူ့ကိုလိုလိုလားလားလက်ခံ
လာတော့မှသာ သူယူမှာပါ...။ ပိုင်ရှင်က
မပေးချင်တဲ့အရာကို သူအတင်းအကျပ်
ယူမှာမဟုက်ဘူး...။
°°°°°°°°°
လိပ်ပြာအိပ်ခန်းထဲဝင်လာပြီး ခုတင်ခြေရင်း
တွင် ငုတ်တုတ်ကလေး သတိလက်လွတ်
ထိုင်နေမိသည်။ ငါဘာတွေလိုက်ပြီး အဖြေ
ရှာနေတာလဲ...။ အဓိကက သူ့ကိုချစ်လား
မချစ်ဘူးလားလို့ အဖြေပေးရုံပဲလေ...။
သူ့ကိုအပြစ်မြင်နေတယ်မလား...၊
အမြင်မကြည်ဘူးမလား...။ ကိုယ့်အပေါ်
နိုင်လိုမင်းထက်ပြုတာကို မကြိုက်ဘူးမလား...။ ဒါဆိုရှင်းနေတာပဲလေ သူ့ကိုမချစ်ဘူးပေါ့။ ဒါမဲ့ ဒီစကားကို ဘာလို့သူ့ရှေ့မှာမပြောခဲ့တာလဲ...။ ဘာလို့ဒီစကားပြောဖို့ဝန်လေးနေရတာလဲ...။ သူများကိုညာနေတာထက် ကိုယ့်ကိုယ်ကိုယ်ညာနေတာက ပိုပင်ပန်းတယ်လို့ပြောကြတယ်...။ အဲ့စကားကမှန်နေမလား လိပ်ပြာ ဘာလို့ပင်ပန်းနေတယ်လို့ခံစားနေရတာလဲ...၊ ဟာ...။
" အိန်ဂျယ်..."
" မေမေ "
"ဟော သမီးအဲ့မှာဘာထိုင်လုပ်နေတာလဲ..."
"ဟင် ဟိုမေမေ လိပ်ပြာ..."
" ကဲ လာထထ "
ကြမ်းပြင်ပေါ်မှာထိုင်နေသော လိပ်ပြာကို
မေမေက လက်မောင်းအရင်းကနေ ဆွဲထူမ
ကာ ခုတင်ပေါ်ထိုင်စေသည်။
"သမီးဘာတွေခံစားနေရလဲ ဘာအခက်အခဲ
တွေရှိလဲ မေမေ့ကိုပြော ဘာမှကွယ်ဝှက်
နေစရာမလိုဘူးနော် "
" လိပ်ပြာဘာမှမဖြစ်ပါဘူး..."
"မေမေသိတာပေါ့ မေမေလည်းငယ်ရာက
ကြီးလာတာပဲလေ၊ သမီးဘာတွေဖြစ်နေတယ်ဆိုတာ မေမေနည်းနည်းတော့ရိပ်စားမိပါတယ်"
မေမေ့စကားကြောင့် လိပ်ပြာဘာပြန်ပြော
ရမှန်းမသိ ဆွံ့အသွားခဲ့ရာ ခဏငြိမ်သက်နေပြီးမှ...
"အလုပ်မှာ သဘောထားမတိုက်ဆိုင်တာ
လေးတွေရှိလို့ပါမေမေ "
" ဟင်း...ဒါဆိုတစ်ယောက်နဲ့တစ်ယောက်
ညှိညှိနှိုင်းနှိုင်းလုပ်ရမှာပေါ့၊ အသွင်မတူရင်
အိမ်သူမဖြစ်ဘူးဆိုတဲ့စကားက ချစ်သူ
ရည်းစားလင်မယားတွေကိုပဲ ရည်ရွယ်ပြီး
ပြောခဲ့တာမှမဟုက်တာ၊ မိတ်ဆွေသင်္ဂဟ
အပေါင်းအသင်းတွေကိုပါ ရည်ညွှန်းတာလေ၊ တခြားမကြည့်နဲ့ ကိုယ့်ရဲ့လက်ချောင်းတွေတောင်မှ အတိုအရှည်ညီလို့လား...
မညီပါဘူးဆိုပြီး စိတ်တိုင်းမကျတဲ့သူရှိလား၊ စိတ်တိုင်းမကျလို့ဆိုပြီး လိုက်ညှိပစ်ရင်တောင် နောက်ဆုံးကိုယ့်လက်ပဲဆုံးရှုံးရ
မှာမဟုတ်လား..."
"ကိုယ့်ဘက်ကကြည့်တော့ လက်ဖမိုး
သူ့ဘက်ကကြည့်တော့ လက်ဖဝါးလေ၊
အဲဒါကို သမီးက သူ့ကိုလက်ဖမိုးပါလို့ ပြောစေချင်တာလား...၊ သူကလက်ဖဝါးပါလို့ပြောနေတာကိုလေ၊ အဲဒီလိုလဲ
မကြိုက်ပြန်ဘူးမလား...၊ လူတိုင်းက
အဲလိုပဲ လိမ်ရင်လည်းလိမ်လို့ အမှန်အတိုင်းပြောရင်လည်း အမှန်အတိုင်းပြောလို့ဆိုပြီး စိတ်တိုင်းမကျကြဘူးမလား...၊ မေမေ့သမီးလေးက ဒီလိုထိုင်းမှိုင်းမနေသင့်ဘူး၊
သွား ရေသွားချိုးတော့ ပြီးရင်ထမင်းစားကြမယ် လိမ်မာတယ် သွား..."
"ဟုတ်ကဲ့ကျေးဇူးပါမေမေ၊ မေမေကလိပ်ပြာအတွက် လမ်းပြကြယ်ဆိုလည်းဟုတ်တယ် စံပြအမေဆိုလည်းဟုတ်တယ်..."
"ကိုယ့်သမီးက ကိုယ့်အမေကိုပြန်ပြီး ချီးကျူးရတယ်လို့ မေမေသွားပြီ၊ ရေချိူးလိုက်ဦးနော်"
" ဟုတ်ကဲ့ "
လိပ်ပြာခုတင်ပေါ်မှ ဆက်ခနဲထလိုက်ပြီး...
" ဟုတ်တယ် ကိုယ့်ဘက်ကလက်ဖမိုး
လို့မြင်ပြီး သူ့ဘက်ကျလက်ဖဝါးမြင်တယ်
လို့ပြောနေတာကို ကိုယ်ကသူ့ကိုအတင်း
အကျပ်လက်ဖမိုးမြင်တယ်လို့ပြောခိုင်း
ရမှာလား...ဟင့်အင်းလက်ဖမိုးက
လက်ဖဝါးဖြစ်မှမလာနိုင်တာ...၊ အဲဒါကိုပဲ
သူမြင်တာကိုမပြောဘဲ ကိုယ်မြင်တာကို
မျက်နှာလုပ်ပြီးလိုက်ပြောမဲ့လူနဲ့လည်း
မတွေ့ချင်ပါဘူး...အမှန်အတိုင်းပေါ့...၊
ဒါပေမဲ့ အမှန်တရားကနည်းနည်းတော့
ခါးတယ် နားဝင်တော့မချိုဘူး..."
လိပ်ပြာစိတ်ကိုညစ်ထွေးနေအောင်
မထားတော့ပါ...။ ဒီနေရာမှာတင် ရပ်တန့်
နေအောင်မထားတော့ပါ။ နောင်လာမဲ့
အကောင်းအဆိုးတွေရှိသေးတယ်မလား၊
လိပ်ပြာရေချိုးခန်းထဲဝင်ကာ ရေချိုးအဝတ်စားလဲ၍ ထမင်းစားရန်အောက်ထပ်သို့ဆင်းလာခဲ့သည်။
ဒီနေ့မနက် အလုပ်သို့လာစဉ် သူ့ကို
တွေ့ရလိမ့်မယ်လို့ မထင်ထားသည့်တိုင် ရုံးခန်းမှာသူ့ကိုမတွေ့ရတော့လည်း ဟာတာတာတစ်ခုခုလိုနေသလို...။
"အို ငါ့စိတ်ကလည်း အမျိုးမျိုးပြောင်းလဲ
နေတော့တာပါလား..."
"အစ်မလိပ်ပြာ ဒီစာချုပ်ကို သူဋ္ဌေးလက်မှတ်ထိုးမှရမှာ သူဋ္ဌေးကလည်းမရှိဘူး...၊ ဖုန်းဆက်ပေးပါလားဟင် ဒိီထဲကစာရင်းတွေအတိုင်း ဒီနေ့ဝယ်ရမှာမို့လို့ပါ..."
" ခဏနော် "
အင်းလေ အခုကိစ္စက အလုပ်ကိစ္စဆိုတော့
စာအုပ်တွေကိုလှန်လျောရှာပြီး သူ့ဖုန်းနံပါတ်ဟုထင်ရသည့် နံပါတ်တစ်ခုကိုရိုက်နှိပ်ကာဆက်လိုက်သည်။
" တူ တူ တူ..."
"မကိုင်ဘူး...နောက်တစ်ခေါက်ထပ်ဆက်
ကြည့်လိုက်မယ် "
"တူ တူ တူ..."
"ဟဲလို ဟဲလို လိပ်ပြာပါ "
အချိန်အတော်ကြာမှ ဖုန်းကိုင်ပြီးဘာမှလည်းမဖြေ...။ ထို့ကြောင့်...
" ဟဲလို ..."
" ပြောဘာကိစ္စလဲ "
ဘုဂလန့်ပြောလာတဲ့ သူ့စကားကြောင့်
လိပ်ပြာမျက်မှောင်ကြုတ်သွားရသည်။
လိပ်ပြာက အကြောင်းကိစ္စမရှိရင် ဖုန်းဆက်မဲ့သူမှမဟုက်တာ...။
"ဦးသတိုးလက်မှတ်လိုနေလို့ပါ၊ လက်မှတ်
ရမှပစ္စည်းတွေဝယ်ရမှာမို့လို့ "
"ကိုယ်မအားဘူး...လက်မှတ်တစ်ခုအတွက်နဲ့
မလာနိုင်ဘူး၊ မင်းကြည့်လုပ်လိုက် "
" ဟဲလို "
ပြောပြီးတာနဲ့ဖုန်းချသွားသောကြောင့်
လိပ်ပြာစိတ်အချဉ်ပေါက်သွားရသည်။
"လိပ်ပြာကိုတစ်ချက်ပြကြည့်၊ သူဋ္ဌေးက
လာနိုင်မှာမဟုတ်ဘူး...၊ လိပ်ပြာပဲလက်မှတ်ထိုးပေးလိုက်မယ်နော် ရော့ "
"ဟုတ်ကဲ့ ကျေးဇူးပါ "
" ရပါတယ် "
ဝန်ထမ်းမိန်းကလေးထွက်သွားသည်နှင့်
လိပ်ပြာလည်း ရှေ့ဆင့်နောက်ဆင့်ထွက်
လာခဲ့သည်။
"ဟဲ့ ခုနကသူဋ္ဌေးကိုဖုန်းဆက်ခိုင်းတော့
သူဋ္ဌေးကို ဦးသတိုးတဲ့၊ ငါနဲ့လည်းပြောရော
သူဋ္ဌေးဖြစ်သွားရောတစ်ခုခုပဲ..."
"ညည်းအေ သူတို့ဘာသာဘယ်လိုခေါ်ခေါ်
ပေါ့..သူဋ္ဌေးခွင့်ပြုလို့ခေါ်တာလည်းဖြစ်ချင်
ဖြစ်မှာပေါ့ "
"ဟုတ်ပါ့မလား..."
"ဟဲ့ ဟဲ့ ရှူး...ဟိုမှာ "
လိပ်ပြာလာတော့မှပဲ ငရုတ်သီးစပ်သလို
ရှူးရှူးရှဲရှဲတွေဖြစ်ကုန်ကြတော့တယ်...။
သူများအတင်းကို ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ မျက်နှာကွယ်တာနဲ့
ပြောကြတော့တာပဲ...။ ဘယ်လိုလူတွေ
ပါလိမ့် ကိုယ့်အလုပ်ကိုကျကောင်းကောင်း
မလုပ်ကြဘူး...။
သူမကတော့ သူ့ကိုတစ်မျိုးထင်တော့မှာပဲ၊
သူ,မအားတာတစ်ကယ်ပါ၊ စကားကိုဖွဲ့နွဲ့
မပြောတတ်တာလည်း သူ့အကျင့်လိုဖြစ်နေပြီ၊ နယ်စပ်မှာအလုပ်ကိစ္စနဲ့ရောက်နေတာ
ဒါကိုဘယ်လိုပြောရမလဲ...။ ဖြစ်ပြီးတဲ့ကိစ္စ
တွေကို ဒီအတိုင်းထားလိုက်လို့မှမရတာ၊
တစ်ချို့လူတွေကို ငြိမ်နေလို့မှမရတာ၊
နဂါးမှန်းသိအောင် အမောက်ထောင်ပြမှ
ရမယ်...။
လိပ်ပြာဖုန်းသံကြားလို့ ထုတ်ကြည့်လိုက်တော့ စိုင်းဆီကဖြစ်နေသည်။
"ဟဲလို စိုင်းပြော "
"အလုပ်ဆင်းတော့မှာမလား..."
" အင်း အခုပဲပြန်တော့မလို့ "
"ဟုတ်လား...ဒါဆိုတူတူပြန်ရအောင်လေ "
"စိုင်းကဘယ်မှာမို့လို့လဲ "
"Hotel ရှေ့မှာပါဗျာ..."
"တကယ် စိုင်းတို့ကတော့လုပ်ပြီ...
ဟုတ်ပြီထွက်လာခဲ့မယ် "
ဆိုင်ကယ်သော့ကိုယူကာ hotel ရှေ့ထွက်
လာခဲ့သည်။ စိုင်းကိုတွေ့လိုက်တာမို့ လက်ပြ
ကာနှုတ်ဆက်ပြီး ဆိုင်ကယ်ကို စိုင်းရှိရာတွန်းလာလိုက်သည်။
နယ်စပ်ကနေအပြန် သူမမျက်နှာလေးကို
အမောပြေကြည့်ချင်တာမို့ hotel ကိုဝင်ခဲ့
ပေမဲ့ အမောမပြေခဲ့...။ သူမဘေးနားတွင်
အမြဲမျော့လိုတွယ်ကပ်နေတဲ့ကောင်ကို
ယှဉ်တွဲကာမြင်လိုက်ရသောကြောင့်ဖြစ်
သည်။
"ပစ္စည်းတွေစုံပြီလား..."
"အင်း စုံပြီ "
"သွားရအောင် "
" အင်း..."
" ကျွိ "
လိပ်ပြာတို့ဆိုင်ကယ်ရှေ့ ကားတစ်စီးက
ပိတ်ရပ်လာရာ ချက်ချင်းဆိုသလို အချိန်မီ
ဘရိတ်အုပ်လိုက်ရသည်။ ဘယ်သူလဲ...
ဘာလို့အဲလိုမျိုးအရှေ့မှာလာရပ်ရတာလဲလို့
ကောမလို့ ကားထဲကို လှမ်းအကြည့် ကားတံခါးဖွင့်ကာ မှုန်ကုပ်ကုပ်ဖြင့်ဆင်းလာသူက...
"ဦးသတိုး လိပ်ပြာအလုပ်ဆင်းချိန်ရောက်ပြီဆိုတော့ ပြန်တော့မလို့ပါ "
"သြော် သူက လိပ်ပြာသူငယ်ချင်း
အယ်လ်စိုင်းဇော် ပါ "
" တွေ့ရတာဝမ်းသာပါတယ် "
စိုင်းကသာ လက်ကမ်းပေး၍ နှုတ်ဆက်နေ
ပေမဲ့ သူကအဖက်မလုပ်တဲ့အပြင် လှည့်
တောင်မကြည့်တော့ လိပ်ပြာအားနာသွား
ရပါသည်။ နောက်ဆုံးလိပ်ပြာကပင်...
"ဒါဆိုခွင့်ပြုပါဦး "
"ငါအလုပ်ကိစ္စရှိလို့လာခဲ့တာ၊ မင်းပြန်လို့
မရသေးဘူး...."
လိပ်ပြာလှည့်ထွက်ဖို့ ခြေလှမ်းပြင်လိုက်စဉ်
သူ့စကားကြောင့် ရပ်တန့်သွားကာ ပြန်လှည့်
လာပြီး...
"မနက်ဖြန်မှလုပ်လို့မရဘူးလား..."
" မရဘူးလိုက်ခဲ့ "
" အ "
"ဒီမှာခင်ဗျ အေးအေးဆေးဆေးပြောလို့ရပါတယ်၊ အခုလိပ်ပြာလက်နာသွားပြီ
ကျွန်တော်နဲ့တော့မဆိုင်ပါဘူး...အမြင်
မတော်လို့ပါ "
သူက လိပ်ပြာကိုကိုင်ထားတဲ့လက်ကို
လွှတ်လိုက်ပြီး စိုင်းပြောတာကိုအရေး
မစိုက်ဘဲ လိပ်ပြာကိုတည့်တည့်ကြည့်ကာ...
" လိုက်ခဲ့ "
"ဟို လိပ်ပြာငြင်းနေတာလဲမဟုတ်ပါဘူး...
ဖြစ်နိုင်ရင်ဆိုပြီးပြောတာပါ၊ ကဲ စိုင်းလည်း
ပြန်တော့နော် လိပ်ပြာဘာသာပဲပြန်လိုက်ပါ့မယ်"
တစ်ကယ်တော့ သူဒီလိုသူ့ဆန္ဒအတိုင်း
မလုပ်သင့်...။ စိုင်းနဲ့အချင်းမများစေချင်
လို့သာ စကားအပိုမပြောတော့ချင်းဖြစ်သည်။
" လိပ်ပြာပြန်မယ်ဆို ဖုန်းဆက်လိုက်လေ
ငါလာခေါ်မယ် "
" အင်း အဲဒါဆိုအိမ်ကိုစိုင်းပဲဖုန်းဆက်ပေးနော်"
" အင်း သွားပြီ "
ဒီလူကဘယ်လိုလူပါလိမ့်...လိပ်ပြာကို
သူ့အရုပ်များမှတ်နေလားမသိ ပြောပုံဆိုပုံက
အထက်စီးဆန်လိုက်တာ...။
လိပ်ပြာစိတ်မပါလက်မပါနဲ့ hotel အတွင်း
သို့ပြန်ဝင်လာခဲ့သည်။ ဟွန်း...ဒါလား
သူ့အချစ်က စိတ်ပျက်စရာ...။
လိပ်ပြာ သူ့စာပွဲရှေ့မှာထိုင်နေတာ ၁၀ မိနစ်
လောက်ရှိနေပေမဲ့ သူ့ဆီကဘာစကားမှ
မကြားရ၊ သူပြောတဲ့အလုပ်ဆိုတာရော
ဘယ်မှာလဲ...လိပ်ပြာကိုသာထိုင်ကြည့်
နေသည်။ နောက်တော့ လိပ်ပြာမျက်နှာပူ
လာကာ လိပ်ပြာကပင်စကားစလိုက်၏။
" ဦးသတိုးဘာမှလုပ်စရာမရှိရင်လည်း
လိပ်ပြာပြန်မယ် "
လိပ်ပြာလှည့်ထွက်ဖို့ပြင်လိုက်စဉ် လိပ်ပြာ
လက်တစ်ဖက်ကို ဆတ်ခနဲဆုပ်ကိုင်ခံ
လိုက်ရသည်။
" လိပ်ပြာ နေဦး "
အခုတော့ သူမဟုက်တဲ့အတိုင်း သူ့အသံက
ပျားသကာလိုချိုနေလိုက်တာများ...၊ လိပ်ပြာလက်ကို ဆောင့်ရုန်းသော်လည်းရုန်းမရ...။
"ပြန်ထိုင်ပါ ကိုယ်ပြောစရာရှိတယ်၊ မဟုတ်ရင် ပြန်လွှတ်ပေးမှာမဟုတ်ဘူးနော် "
ပြောရင်ပြောတဲ့အတိုင်း လုပ်တက်တဲ့အကျင့်ကြောင့် လိပ်ပြာဘာသာပြန်ထိုင်လိုက်သည်။
"လိပ်ပြာအလုပ်ကိစ္စဆိုလို့ ဒီနေရာမှာရှိနေ
တာပါ...ပြောစရာရှိရင်လည်း မြန်မြန်ပြော
စေချင်ပါတယ်..."
" ဟွန်း..."
သူကလှောင်သလို ရယ်လိုက်တာမျိုးမဟုတ်ဘဲ သူ့အပြုံးထဲတွင် ကြည်နူးပျော်ရွှင်မှုများတွေ့နေရသည်။
" သူငယ်ချင်းဆိုတာ ဘယ်သူ့ဘက်ကလဲ..."
" ရှင်!!! ဘာကိုပြောချင်တာလဲ "
" နှစ်ယောက်စလုံးဘက်ကတော့ မဟုတ်ဘူးမလား...မင်းကသူငယ်ချင်းလို့ပြောတော့"
" လိပ်ပြာတို့က ခုတွေ့ခုသူငယ်ချင်းဖြစ်လာတာမဟုတ်ဘူး...ဟိုးငယ်ငယ်လေးကတည်းက ခင်လာတဲ့အချစ်ဆုံးသူငယ်ချင်းမျိုးပါ ဘာဖြစ်လို့လဲ..."
" အဟက် "
သူဒီတစ်ခါပြုံးလိုက်တာက သေချာသည်
ခုနကအပြုံးနဲ့မတူဘဲ လှောင်ပြုံးပြုံးလိုက်ခြင်းသာ။
"ကိုယ်နဲ့ခဏလောက်အပြင်လိုက်ခဲ့ပါ "
"ဟင့်အင်း...လိပ်ပြာငြင်းပါရစေ၊ မိုးချုပ်
တော့မယ် အခုလိုမျိုး သူစိမ်းယောက်ျား
တစ်ယောက်နဲ့..."
သူကထိုင်ခုံပေါ်ထိုင်နေရာမှ ဆတ်ခနဲထကာ
လိပ်ပြာနားလျှောက်လာပြီး စားပွဲခုံပေါ်လက်ထောက်တင်ရင်း လိပ်ပြာကိုအပေါ်မှ အုပ်မိုးကြည့်နေသည့်အတွက် လိပ်ပြာပြောမဲ့စကားများ လည်ချောင်းထဲစို့နင့်သွားရသည်။ သူ့မျက်နှာကို အခိုက်အတန့်မော့ကြည့်နေပြီးမှ နီးကပ်လာတဲ့သူ့မျက်နှာကြောင့်
လိပ်ပြာ ဆတ်ခနဲမတ်တပ်ရပ်လိုက်စဉ်
နောက်က ခုံနဲ့တိုက်မိကာ အရှိန်မထိန်းနိုင်ဘဲ
နောက်သို့လှန်သွားရတော့သည်။
လျှင်မြန်တဲ့အရှိန်နဲ့ သူမလက်တစ်ဖက်ကို
ဖျတ်ခနဲဆိုသလို သူ့ရင်ဘက်နှင့်နီးကပ်အောင်ဆွဲယူလိုက်၏။ ရုတ်တရက် ဆောင့်ဆွဲလိုက်ခြင်းကြောင့် သူ့ရင်ဘက်နှင့်နီးကပ်သွားရပြီး တစ်ချိန်တည်းမှာပဲ သူ့လက်တစ်ဖက်က လိပ်ပြာခါးပေါ်လာတင်လိုက်ချိန် လိပ်ပြာတွန့်သွားကာခါးမတ်သွားရသည်။ ပြီးတော့ အဆတ်မပြက်မြည်နေသည့် ရင်ခုန်သံသဲ့သဲ့။ တဖြည်းဖြည်း ကျယ်လောင်လာ၏။ ရှက်ရွံသလို မျက်နှာလေး ဗြုန်းခနဲ နီးမြန်းလာသဖြင့် လိပ်ပြာ
ခါးပေါ်မှ သူ့လက်ကိုဆွဲဖြုတ်ရင်း...
"လိပ်ပြာကိုအဲလိုမလုပ်ပါနဲ့ လိပ်ပြာမကြိုက်
ဘူး...၊ လွှတ်ပါ အမြင်မသင့်တော်ပါဘူး... အို "
°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°♥•°
အပိုင်း(၂၅) ဆက်ရန် >>>
#Ruby Linn