book

Index 23

အပိုင်း(၂၃)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်

                                (or)

              အချစ်များဖြင့်ဖန်ဆင်းမည် 💖



-----------------


"စိုင်း မယ်မပြန်ချင်သေးဘူး...တစ်နေရာရာ

 မှာ လမ်းလျှောက်ရင်းစကားပြောရအောင် "


"အင်း ဒါဆိုဟိုဘက်နားကပန်းခြံမှာလမ်း

 လျှောက်ရင်း စကားပြောကြတာပေါ့ "


ပန်းခြံလို့ထင်ရတဲ့ နေရာကိုရောက်တော့ 

ဆိုင်ကယ်ကရပ်သွားပြီး မယ်လည်းအလိုက်

သင့်ဆင်းလိုက်သည်။ 


"အထဲဝင်ရအောင်..."


" အင်း..."


ပန်းခြံထဲဝင်သွားသည်နှင့် အလေ့ကျပေါက်

သောအပင်များ စနစ်တကျပြိုးထောင်

ထားသော ပန်းပင်များနှင့် မြတ်ခင်းစိမ်းများ

ကို မြင်ကွင်းတစ်ဆုံးတွေ့ရသည်။

လမ်းလျှောက်လိုက်ချိန် လေနုအေးလေးက 

ကိုယ်ကိုလာပြီး ရိုက်ခတ်တဲ့အရသာက 

ဘယ်အရာနဲ့မှမလဲနိုင်ပါဘူး...။


"မယ်က ဒီလိုမျိုးလမ်းခဏခဏလျှောက်ဖူး

 တယ်နဲ့တူတယ်နော် "


"ဟုတ်တယ် ဒီလိုမျိုးမယ်ခဏခဏလမ်းလျှောက်ဖြစ်တယ်...အဲ့အရသာကဘာနဲ့မှမလဲနိုင်ဖူးလေ...အထူးသဖြင့် လက်ဆက်တဲ့လေထုပေါ့"


"ကျွန်တော်တို့မြို့လေးက သန့်ရှင်းတယ်

 စည်းကမ်းရှိတယ် အေးချမ်းတယ်လေ သြော် ကိုယ့်မြို့မလို့ကိုယ်ပြောတာမဟုတ်ဘူးနော်"


"ဟုတ်ပါပြီ သိပါတယ်၊ လူတိုင်းကိုယ့်မြို့ကိုယ်ချစ်ကြတာပါပဲ၊ နည်းတာနဲ့များတာပဲကွာတယ်...ဒါနဲ့စိုင်းမှာရော ချစ်ရမဲ့သူရှိပြီလား...ဟိုတစ်မျိူးမထင်နဲ့နော် 

 ဒီလိုပဲမေးကြည့်တာပါ "


"ရပါတယ်..အင်း..ဘယ်လိုပြောရမလဲ

 ကျွန်တော့်ဘက်ကသာ တစ်ဖက်သက်

 လို့ပြောလည်းရပါတယ်ဗျာ ဒါပေမဲ့ 

 ကျွန်တော်ကျေနပ်တယ်..."


"ဒါဆို စိုင်းက ကျေနပ်ရောင့်ရဲနိုင်တယ်လို့

 ပြောတာလား..."


"အင်း...အဲလိုပဲပြောရမှာပေါ့ "


" အဟင်း..."


ပြာလဲ့လဲ့ ရေကန်ကျယ်ကြီးကိုတွေ့တော့ 

လမ်းဆက်မလျှောက်ကြဘဲ ရေကန်ဘက်

မျက်နှာမူကာရပ်လိုက်ကြသည်။


"စိုင်းက အချစ်ကိုဘယ်လိုခံယူထားလဲ "


"ဗျာ ဘာကိုပြောချင်တာလဲ..."


"အင်း...စိုင်းအချစ်ကရယူခြင်းလား...

 ဒါမှမဟုတ် ပေးဆပ်ခြင်းလား...မယ့်

 အထင်ပြောရရင် စိုင်းကပေးဆပ်ခြင်းပဲ

 ဖြစ်ရမယ် "


"အဟက် ကျွန်တော့်အချစ်က ရယူခြင်း

 ကင်းတဲ့ပေးဆပ်ခြင်းတွေနဲ့ သူ့ဘက်က

 ဘာတုန့်ပြန်မှုကိုမှ မမျှော်လင့်ဘဲချစ်တဲ့

 အချစ်မျိုးပါ "


"Wow စိုင်းအချစ်ကအရမ်းခမ်းနားတာပဲ 

 ဒါပေမဲ့ မယ်နဲ့တော့မတူဘူး...မယ်က အချစ်မှာ လောဘကြီးသလို အတ္တလည်းကြီးတယ်လို့ပြောလို့ရတယ်... မယ်ချစ်တဲ့သူကမယ့်ကို ပြန်ချစ်တာပဲလိုချင်တယ်... နောက်ပြီး မယ့်ကိုပြန်မချစ်နိုင်ရင်တောင်မယ်ချစ်တဲ့သူပျော်နေတာပဲမြင်ချင်ပါတယ်...မယ်က မျိုသိပ်တက်သူ မဟုတ်တော့ခက်ပြန်ရော..."


"မယ်ကအရာရာပြီးပြည့်စုံသူပါ...မယ်ချစ်တဲ့သူက မယ့်ကိုပြန်ချစ်မှာသေချာတယ်..."


" အဟက် " 


မယ်က သူနဲ့မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး...


"မယ်ချစ်တဲ့သူက အဲ့လိုမျိုးမပြောဘဲ မယ့်ကိုချစ်တယ်လို့ ပြောခဲ့ရင်ကောင်းမှာ "


" ဗျာ... "


"ဟို မယ်လည်းအဲ့လိုပဲဖြစ်ချင်ပါတယ်လို့

 ပြောတာ "


မယ့်ရဲ့ မျက်လုံးတွေထဲမှာ ရဲရင့်ပြတ်သားမှု

တွေ ထက်မြတ်မှုတွေနဲ့အတူ သူ့ကိုညှို့ငင်

နေတဲ့ အရောင်တွေလက်နေတာ တွေ့နေရတယ်။ ချက်ချင်း သူမနဲ့ မျက်နှာလွှဲလိုက်ပြီး...


"ဟို တော်တော်မှောင်နေပြီ၊ ပြန်ရအောင်လေ "


" အင်း...အ "


"မယ်ဘာဖြစ်တာလဲ"


"ခြေထောက်ခေါက်သွားတယ်နဲ့တူတယ် "


"ဒါဆို ဟိုခုံတန်းလျားမှာ ထိုင်ရအောင်

 ကျွန်တော်ကြည့်ပေးမယ် "


ရေကန်ဘေး သစ်သားထိုင်ခုံတွင် မယ့်ကို

ထိုင်စေပြီး စိုင်းကမယ့်ရှေ့မှာ ဒူးထောက်

ထိုင်ချလိုက်ကာ မယ့်ဒေါက်မြင့်ဖိနပ်ကို

ချွတ်လိုက်သည်။


"ရပါတယ် အားနာစရာ မယ့်ဘာသာ

 လုပ်လိုက်ပါ့မယ်..."


"ရတယ် ကျွန်တော်ကြည့်ပေးတတ်ပါ

 တယ်...လိပ်ပြာဆို ဒါမျိုးခဏခဏဖြစ်နေကျ ရှပ်ပြာမလေးလေ ဒီနားလား..."


"အား...ဟုတ်တယ် "


သူကပြောရင်း မယ့်ခြေထောက်ကို ဘယ်

ညာဆွဲလှည့်လိုက်သောကြောင့် မျက်ခနဲ

နာသွားရသည်။


" ရပြီ လမ်းလျှောက်ကြည့်ပါလား..."


"ဟယ် ရပြီကျေးဇူးပါ "


"ရတယ် ပြန်ရအောင်လေ "


" အင်း..."


သူကရှေ့ကလျှောက်နေပေမဲ့ မယ့်ကို

စောင့်၍ ဖြည်းဖြည်းသာလျှောက်ပါသည်။

ဘယ်လိုပါလိမ့် မိန်းမတစ်ယောက်နဲ့နီးနီး

ကပ်ကပ်ရှိနေတာတောင် သူ့မှာဘာခံစား

ရင်ခုန်တဲ့ အမူအယာတစ်ခုမှ မတွေ့ရပါလား...။ 

နောက်ပြီး မိန်းမတစ်ယောက်က အခုလိုမျိုး

သူ့ခံစားချက်တွေပြောနေတာတောင် 

တုတ်တုတ်မျှမလုပ်ဘဲရှိနေတာ ထူးဆန်း

လိုက်တာ...။


°°°°°°°°°°°°°°°


ပထမတစ်ရက် သူမကိုမေ့လျော့ဖို့ သူ

အလုပ်တွေ ဖိလုပ်နေခဲ့တယ်...။ အလုပ်

တွေလုပ်နေတဲ့အချိန် သူမကိုသတိမရ

ပေမဲ့ အလုပ်နဲ့လက်ပျက်သွားပြီဆို ပို

လို့သတိရလာပြန်သည်။ နောက်တစ်

နေ့တွင် သူဘယ်လိုမှမခံစားနိုင်တော့။ 

သူမကိုမေ့ဖို့ ကြိုးစားလေ သူမက သူ့စိတ်

ကို ပိုပြီးလွှမ်းမိုးလာလေဖြစ်သည်။ 

သူကိုယ်သူလည်း မုန်းလာရကာ အံ့သြ

စွာဖြင့် ကိုယ့်ကိုယ်ကိုယ်လက်မြှောက်အရှုံး

ပေးလိုက်ရတော့၏။ သေချာသွား

ပါပြီ။ သူမကို သူမုန်းလို့မရအောင် သိပ်

ချစ်တယ်ဆိုတာ သူသိသိချင်း သူမရှိရာ

ထွက်လာခဲ့သည်။


လိပ်ပြာ အလုပ်ပြန်ဆင်းတာ ၂ ရက်ရှိပြီဖြစ်ပေမဲ့ ဦးသတိုးရဲ့အရိပ်အယောင်ကို 

နည်းနည်းမှတောင်မတွေ့ရပေ...။ ကိုယ့်

မျက်စိရှေ့တွင်ရှိနေတဲ့သူက မျက်စိရှေ့

ကနေ ရုတ်တရက် ပျောက်သွားတော့ 

ဘာလိုနေမှန်းမသိ ဟာတာတာဖြစ်နေ

ရသည်။ အလုပ်သာလုပ်နေရတာ လိပ်ပြာ

စိတ်ထဲမပျော်ရွှင်သလို ခံစားနေရ၏။ 

ဒါပေမဲ့ လိပ်ပြာဦးသတိုးကို ဒီအချိန်မှာ

တွေ့လိုက်ရရင် ဘယ်လိုရင်ဆိုင်ရပါ့မလဲ...

အို မသိတော့ပါဘူး...။


လိပ်ပြာအတွေးထဲ နစ်မျောနေဆဲ တံခါး

ဖွင့်သံမကြားလိုက်ပေမဲ့ လိပ်ပြာနှာခေါင်း

ထဲ ရင်းနှီးနေတဲ့ရနံ့တစ်မျိုးရလိုက်ရာ

နောက်လှည့်ကြည့်လိုက်တော့ နီးကပ်

လွန်းတဲ့အနေအထားကြောင့် အရှိန်မထိန်း

နိုင်ဘဲ နောက်သို့လန်သွားရကာ နွေးထွေး

တဲ့ လက်တစ်ဖက်က လိပ်ပြာခါးကို အသာ

ဖက်ကာ ဝင်ထိန်းပေးလိုက်ခြင်းကို ခံလိုက်

ရသည်။ မမြင်ရတာကြာပြီဖြစ်တဲ့ သူ့မျက်နှာကို အနီးကပ်မြင်လိုက်ရတဲ့အချိန် လိပ်ပြာ ရင်ထဲတလှပ်လှပ်ဖြစ်ကာ ရင်ခုန်သံတွေက တဒုန်းဒုန်းဖြင့် မြည်ဟီးလာသည်။


လိပ်ပြာရဲ့ ရင်ခုန်သံတွေ မြန်လားမမြန်လား

တော့မသိ တစ်ဖက်လူက သေချာနားစိုက်

ထောင်ရင် ကြားရနိုင်တာမို့ ကိုယ့်ရင်ခုန်သံ

ကို ကိုယ်ပြန်ရှက်နေမိပါသည်။ လိပ်ပြာရဲ့

ခါးကိုကိုင်ထားတဲ့ သူ့လက်တွေလည်း

မလွှတ်လိုက်သေးသလို လိပ်ပြာလည်း

မရုန်းမိ...။


" ဒေါက် ဒေါက် "


အတန်ကြာတော့ တံခါးခေါက်သံကြားမှ

လိပ်ပြာတို့နှစ်ယောက် ကိုယ်ချင်းခွာလိုက်

ကြပြီး ရှက်ကိုးရှက်ကန်းဖြင့် လိပ်ပြာမျက်နှာတစ်ခုလုံး နီမြန်းလာကာ ခြေဖျားလက်ဖျားပင်အေးလာရသည်။


"နောက်မှပြန်လာခဲ့"


"လိပ်ပြာ ကိုယ်နဲ့ခဏလိုက်ခဲ့"


" ဟင် "


သူကအပြင်ကို လှမ်းပြောပြီးသည်နှင့်

လိပ်ပြာလက်ကို လှမ်းဆွဲကာ အပြင်

သို့ထွက်သွားသည်။ လိပ်ပြာအခိုက်

အတန့်ကြောင်နနဖြစ်သွားကာ သူဆွဲ

ခေါ်ရာ တကောက်ကောက်ပါလာခဲ့ပြီး 

hotel ဝန်ထမ်းတွေ ဝိုင်းကြည့်တော့မှ

သတိရကာ သူ့လက်ထဲမှ လိပ်ပြာလက်

ကိုရုန်းလိုက်မိသည်။ 


ဘယ်ဆီလို့မပြောဘဲ သူ့သဘောအတိုင်း

မောင်းထွက်လာရာ တစ်နေရာအရောက် 

ကားရပ်သွားတော့ သူကကားပေါ်မှအရင်

ဆင်းသွားသည်။ အပြုအမူတွေ ထူးဆန်း

နေတဲ့ သူ့နောက်ကနေ လိပ်ပြာအလိုက်သင့်

ဆင်းလာခဲ့သည်။ ဘေးဘီကို ဝေ့ကြည့်လိုက်တော့ လိပ်ပြာတစ်ခါမှ မရောက်ဖူးသည့်နေရာတစ်ခုက လှပစွာကြိုဆိုနေသည်။ ပြာလဲ့နေတဲ့ ရေကန်ပြင်ကျယ်ကြီးကို စိမ်းစိုအုပ်မှိုင်းနေသည့် သစ်ပင်တို့က ဝန်းရံထားပြီး တရုတ်စကားပန်းပင်တွေလည်း အစီအရီပေါက်နေသလို မြေပြင်ပေါ်တွင်တရုတ်စကားပန်းပွင့်များ ဖွေးဖွေးလှုပ်နေတာကိုမြင်တော့ ကြည်နူးစိတ်ဖြင့် လိပ်ပြာ ပြုံးလိုက်မိလေသည်။ 


"လိပ်ပြာ "


" ဟင် "


သူပြောလိုက်တဲ့စကားတစ်ခွန်းက လိပ်ပြာ

ကိုယ့်နားကိုတောင် မယုံချင်ဖြစ်သွားရသည်။ လူအများက လိပ်ပြာဆိုတဲ့နာမည်ကိုခေါ်ချင်လို့ပဲဖြစ်စေ ဒီအတိုင်းလွယ်လွယ်ခေါ်လိုက်ရတာပဲဖြစ်စေ ခေါ်နေကျပေမဲ့ သူကတော့ ' မင်း 'ဆိုတဲ့ စကားလုံးကို လိပ်ပြာနားယဉ်နေအောင်ပြောခဲ့တယ်...။ အခုမှ ' လိပ်ပြာ ' တဲ့လား...။ အံံ့သြဖို့ကောင်းလေစွ။ 

သူက လိပ်ပြာရဲ့မျက်နှာချင်းဆိုင်မှာ ခြေစုံ

ရပ်ပြီး လိပ်ပြာရဲ့မျက်နှာကို ကြည့်နေသည်။


သူ့ရဲ့ မျက်လုံးထဲမှာ အရင်ကလိုစူးရှ

ထက်မြတ်မှုတွေမတွေ့ရ။ ရီဝေနေပြီး 

နူးညံ့ပျော့ပျောင်းနေတဲ့ မျက်လုံးတစ်စုံ

ကို တွေ့လိုက်ရချိန်မှာတော့ လိပ်ပြာ

ပြောစရာစကားများ ပျောက်ရှကာ

သူ့အကြည့်မှာ မင်သက်ခဲ့ရပါတော့သည်။ 


"အခုပြောမဲ့စကားကို လေးလေးနက်နက်

 နဲ့ သေချာစဉ်းစားပြီးမှပြောတာ...မင်းကို

 လည်း သေချာနားထောင်စေချင်ပါတယ် "


လေးလေးနက်နက်နဲ့ သေချာစဉ်းစားပြီးမှ

ပြောတာ...သူဘာပြောမှာမို့လို့လဲ...

ဒီလောက်စဉ်းစားပြီးမှပြောတာဆိုတော့...။ 


"ကိုယ်မင်းကို ချစ်တယ် "


လိပ်ပြာမထင်မှတ်ထားတဲ့ စကားတစ်ခွန်းကို

ကြားလိုက်ရချိန် လိပ်ပြာခန္ဓာကိုယ်လေး

အနောက်သို့ယိုင်သွားရပြီး ခန္ဓာကိုယ်ထဲကို

အပူလိုင်းတစ်ခုဖြတ်သန်းသွားသလို ခံစား

လိုက်ရသည်။ လိပ်ပြာရဲ့ ဘယ်ဘက်

ရင်ဘက်တစ်ခြမ်းဟာလည်း တဒိန်းဒိန်း

ဖြင့် လက်နှင့်မဖိထားရင် အပြင်သို့ခုန်ထွက်

လာမယောင်...။


ဒီစကားလေးတစ်ခွန်းက လိပ်ပြာကို

ဘာလို့ဒီလောက်ရုပ်ပျက်ဆင်းပျက်

ဖြစ်သွားစေရတာလဲ...။ လိပ်ပြာရဲ့

ဦးနှောက်ကို ဆက်တိုက်အလုပ်ပေးနေပြီး 

မညာတမ်းဝန်ခံရရင် လိပ်ပြာရဲ့ နှလုံးခုန်သံက လိပ်ပြာစိတ်လှုပ်ရှားနေတယ်ဆိုတဲ့

အမှန်တရားကိုပြနေသည်။


"ကိုယ့်ဘက်ကပြောပြီးပြီဆိုတော့ မင်း

 ဘက်ကအဖြေပေးဖို့ပဲလိုတော့တယ်..."


အဖြေဆိုတဲ့စကားလုံးက လိပ်ပြာမှတ်ဉာဏ်

ကို ရုန်းကြွလာစေခဲ့သည်။ 


"နူးညံ့မှုတွေမပါဘဲ ကြမ်းတမ်းတဲ့စကားလုံး

 တွေနဲ့ဆက်ဆံခဲ့တယ်...၊ သူများရဲ့သဘော

 ဆန္ဒကို တစ်ခွန်းမှမမေးဘဲ ကိုယ့်သဘော

 ဆန္ဒအတိုင်း လုပ်ခဲ့တဲ့သူက ချစ်တယ်တဲ့လား... အထူးသဖြင့် ' မုန်းလို့ ' လို့ ပြောခဲ့တဲ့သူဆီကပေါ့၊ အဲဒီလူပြောတဲ့စကားကိုလိပ်ပြာက ဘာကိုကြည့်ပြီးယုံရမှာလဲ..."


သူမပြောလိုက်တဲ့ စကားအခွန်းတိုင်းက

သူ့ရင်ဝကို ခြေစုံဖြင့် ကန်လိုက်သလိုပင်။ 

သူဒီစကားကို ပြောခဲ့တာဟာ သူ့ရင်ထဲက

လာတဲ့ အစစ်အမှန်စကားဆိုတာ သူသစ္စာ 

ဆိုရဲပါတယ်...ဒါကိုသူမကသူ့ကို...။ 


သူ့စိတ်ဒေါသတွေကို မျိုသိပ်လိုက်ပြီး 

သူမမျက်နှာကို တည့်တည့်ကြည့်ကာ...


"ဒီမှာ မင်းကိုပြောခဲ့တဲ့စကားတစ်ခွန်းက 

လွယ်လွယ်ကူကူပြောခဲ့တဲ့ စကားမဟုတ်ဘူး

မင်းကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံခဲ့တယ်ဆိုတာလည်းမှန်တယ်...၊ မင်းဆန္ဒမပါဘဲ လုပ်ခိုင်းခဲ့တယ်ဆိုတာလည်းမှန်တယ်...၊ နောက်ဆုံး မင်းကိုမုန်းခဲ့တယ်ဆိုတာလည်းမှန်တယ်...၊ အဲ့လိုပဲကိုယ့်ရင်ထဲကလာတဲ့ မင်းကိုချစ်တယ်ဆိုတဲ့ စကားကလည်းအမှန်ပဲ...မင်းကိုလည်း တခြားမိန်းမတွေလိုပဲ အပြင်ပန်းပုံသဏ္ဍာန်ကြည့်ပြီး ဆုံးဖြတ်တတ်လိမ့်မယ်လို့ကို မထင်ထားခဲ့ဘူး..."


ဟင် အံ့သြလောက်အောင်ပါပဲ၊ သူ့မျက်ဝန်း

တွေက သူပြောနေတဲ့စကားဟာ အမှန်ဆို

တာကို ဝန်ခံနေသလိုပင်...။ လိပ်ပြာဘာပြန်

ပြောရပါ့မလဲ...။ လိပ်ပြာသူ့ကိုချစ်လား...

မချစ်ဘူးလားဆိုတာမသိဘူး...။ လိပ်ပြာ

ကိုယ်တိုင်တောင်မသိပါဘူး...။


"နောက်ပြီး ကိုယ်ဒီစကားပြောဖို့ ဘာတွေနဲ့

အတိုက်အခံလုပ်ခဲ့ရတယ်ဆိုတာရော 

သိရဲ့လား..."


" အတိုက်အခံ "


သူဘာတွေနဲ့ အတိုက်အခံလုပ်ခဲ့ရတာပါလိမ့်။ လိပ်ပြာအထင်ကတော့ မိသားစုမိတ်ဆွေ

အပေါင်းအသင်းတွေနဲ့များလား... ဒါမှမဟုတ် ပတ်ဝန်းကျင်များဖြစ်နေမလား....ဒါမှမဟုတ်...။


"လိပ်ပြာကို ဒီစကားပြောဖို့ ဘာတွေနဲ့

 အတိုက်အခံလုပ်ခဲ့ရတာလဲဟင် "


"အဓိကကတော့ ကိုယ့်ရဲ့စိတ် ကိုယ့်ရဲ့ မာန 

မင်းအပေါ်ထားခဲ့တဲ့ ကိုယ့်ရဲ့အမုန်းတရားတွေနဲ့ အတိုက်အခံလုပ်ခဲ့ရတာ...၊ အဲဒါတွေနဲ့ အတိုက်အခံလုပ်ပြီး သေချာမှ မင်းကိုသိပ်ချစ်တယ်လို့ပြောခဲ့တာ အဲဒါကြောင့် အကြွင်းမဲ့ယုံစေချင်တယ်..."


လိပ်ပြာရဲ့ ထင်မြင်ချက်တွေက တစ်ကယ့်

လက်တွေ့မှာ တက်တက်စင်အောင်လွဲမှား

ခဲ့ပါသည်။ သူပြောလိုက်တဲ့အထဲမှာ သူ့

အတ္တတွေရောမပါဘူးလား...။ လိပ်ပြာသူ့

စကားကိုကြားပြီး အံ့သြလွန်းလို့ ဘာပြန်

ပြောရမှန်းမသိအောင် ဆွံ့အသွားခဲ့ရပါသည်။

သူက အခုထိ သူ့ဆန္ဒတွေ သူ့လိုချင်တပ်မက်မှုတွေကို ရှေ့တန်းတင်နေဆဲပင်...။


လိပ်ပြာ ဘာမှမပြောချင်တော့ မျက်နှာကိုတစ်ဖက်သို့လွှဲလိုက်ပြီး ခဏငြိမ်သက်

သွားပြီးမှ လိပ်ပြာရဲ့ရင်ထဲအသည်းထဲက 

စကားများ ပိတ်ဆို့ထားလို့မရအောင် နင်း

ကန်ထွက်လာသည်။ လိပ်ပြာ သူ့မျက်နှာ

ကို စေ့စေ့ပြန်ကြည့်ပြီး...


"ရှင့်ဘက်ကပြောပြီးပြီဆိုတော့ လိပ်ပြာ

ဘက်ကပြောရသေးတာပေါ့၊ ချစ်သူရည်းစားမဖြစ်ခင်မှာတောင် ကိုယ့်ကိုမကြင်နာမနူးညံ့နိုင်တာ ချစ်သူဘဝမှာဆိုရင် ဒီထက်မဆိုးလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ..."


 "အပြင်ပန်းကြည့်တယ်လို့ ပြောရအောင် 

ရှင့်ဘက်ကဘယ်နှစ်ခါ ရှင့်နှလုံးသားတံခါးကို ဖွင့်လှစ်ပြခဲ့လို့လဲ...၊ ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ဖွင့်ပြောဖို့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးတိုက်ခိုက်နေရရင် အစထဲကမပြောပါနဲ့တော့လား... နောက်ပြီး လိပ်ပြာကို ရှင်လိုချင်တဲ့အဖြေပေးမှာပဲလို့ ကြိုတွက်ထားပြီးသားမလား..."


 " မင်း..."


လိပ်ပြာကို အရင်တုန်းကလိုမျိုး စူးရှတောက်ပတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လာခဲ့ပြန်သည်။

 

"ကိုယ်မင်းကိုဖွင့်ပြောတာ အခုလို မင်းဇဂနာထိုးဖို့မဟုတ်ဘူး...၊ မင်းကျေနပ်လောက်တဲ့အဖြေမျိုးလည်း ကိုယ်မပေးနိုင်ဘူး...၊ ကိုယ်ပြောနိုင်တာ ဒါအကုန်ပဲ၊ 

 မင်းစဉ်းစားပေးဖို့ပဲပြောချင်တယ်..."


လိပ်ပြာအားတင်းကာ ပြောနေရပေမဲ့

လိပ်ပြာရဲ့ အသားတွေက ဘာလို့

တဆတ်ဆတ်တုန်နေမှန်းမသိ...။ 

လိပ်ပြာအသံတွေတောင် နစ်ဝင်သွား

မလိုဖြစ်နေရသည်။


လိပ်ပြာ သက်ပြင်းသဲ့သဲ့ချလိုက်ပြီး 

အသံကိုမတုန်အောင်ထိန်းကာ...


"ကောင်းပါပြီ လိပ်ပြာအခုအဖြေပေး

 နိုင်မယ်မထင်ဘူး...၊ လိပ်ပြာ အချိန်ယူရလိမ့်မယ် နောက်ပြီး လိပ်ပြာကိုတစ်ယောက်

 ထဲနေခွင့်ပေးပါ..."


" မင်းသဘောပါ "


သူထွက်သွားသည်နှင့် လိပ်ပြာခြေထောက်

တွေမခိုင်တော့ မြေပြင်ပေါ် ညွှတ်ခွေကျသွားရသည်။ ဘာဖြစ်တာလဲ...ငါဘာဖြစ်နေတာလဲ။ မောဟိုက်နေတဲ့ ကိုယ့်ရင်ဘက်ကိုအသာဖိပြီး အသက်ကိုမနည်းဝအောင် ရှူနေရသည်။ လူပျိုယောက်ျားတစ်ယောက်က အပျိုမိန်းမတစ်ယောက်ကို ချစ်ရေးဆိုတာဘာစမ်းလို့လဲ...။ ကိုယ့်ကိုမုန်းတယ်လို့ ပြောထားတဲ့လူတစ်ယောက်က ချစ်တယ်လို့ပြောလိုက်လို့လား...။ ဒါမှမဟုတ် လိပ်ပြာမထင်မှတ်ထားတဲ့သူက ချစ်ရေးဆိုလိုက်လို့လားမသိဘူး...။


°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°♥•°


အပိုင်း(၂၄) ဆက်ရန် >>>


#Ruby Linn


rate now: