book

Index 22

အပိုင်း (၂၂)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်

                                (or)

            အချစ်များဖြင့်ဖန်ဆင်းမည် 💖


----------------


"ဟီး ဟီး မနက်ဖြန်အလုပ်သွားစရာမလိုဘူး

 ဆိုတော့ free ပဲပေါ့၊ နေဦးမြတ်လေးဆီ

 ဖုန်းဆက်ဦးမှပဲ..."


အားသွင်းကြိုးကို ဆွဲဖြုတ်လိုက်ပြီးမြတ်လေးဆီ ဖုန်းခေါ်လိုက်၏။ 


" ဟဲလို မြတ်လေးလား..."


"ဟဲ့ ရှင့်အသံကဘာဖြစ်နေတာလဲပြောပါဦး"


လိပ်ပြာက ကလိမ်ညဏ်ဖြင့် အသံကိုတမင်

ဖျော့ကာ ပြောလိုက်သည်မို့ မြတ်လေးအသံ

ကစိုးရိမ်သွားဟန်တူသည်။


"လိပ်ပြာလေချော်လဲပြီး ခြေထောက်မှာ

 ဒဏ်ရာရထားလို့..."


"တစ်ကယ်ပြောနေတာလား..."


"အင်း...တစ်ကယ်ပေါ့ "


"ဟဲ့ ဖြစ်ရမယ်လိပ်ပြာရယ်... အခုရော

 ဘယ်လိုနေသေးလဲ၊ ဒဏ်ရာကများလား 

 ဆေးရောလိမ်းထားရဲ့လား..."


"မေးမနေနဲ့ နင်အခုအလုပ်မှာမလား..."


" ဟုတ်တယ် "


"ဒါဆိုညနေကျမှပဲ ကျုပ်ဆီလာခဲ့တော့ဒါပဲ "


"အင်း အင်း ညနေကျမှပဲငါလာခဲ့မယ် "


လိပ်ပြာတို့ဆီက ဖုန်းလာလိုက်ရင် အမြဲ

မထိတ်သာမလန့်သာချည်းပဲ...အရွယ်

ကဖြင့် ယောက်ျားယူလို့ရနေပြီ အခုထိ

ချော်လဲနေတုန်း...လိပ်ပြာတစ်ယောက်

နဲ့တော့စိတ်ညစ်တယ်...။ 


မြတ်လေးနဲ့ ဖုန်းပြောပြီး ဖုန်းအားမပြည့်သေးတာမို့ အားပြန်သွင်းလိုက်သည်။ မနေ့ညက ကောင်းကောင်းမအိပ်ရလို့လားမသိ အိပ်ချင်လာသောကြောင့် ခုတင်ပေါ်လှဲကာတစ်ရေးအိပ်ရန် ပြင်လိုက်သည်။ ပင်ပန်းနေလို့ပဲလား...

ဒါမှမဟုတ် ပြတင်းပေါက်တံခါးကနေ ခပ်သဲ့သဲ့တိုက်ခတ်လာတဲ့ လေနုအေးကြောင့်လားမသိ တစ်ခဏအတွင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။


°°°°°°°°°°°°°°


မရဏစံအိမ်🕍


"သခင်လေး ကျွန်တော်ဆရာဝန်ခေါ်လိုက်

 ရမလား..."


" ခေါ်လိုက် "


ချောက်ထဲကနေ လွတ်အောင်သာ လုံးပန်း

နေရတာမို့ တဆစ်ဆစ်ကိုက်နေတဲ့ သူ့ဒဏ်ရာကိုမမှုခဲ့ပေ...။ အခုစိတ်လျော့လိုက်လို့လားမသိ ကျောဘက်ကဒဏ်ရာက မခံမရပ်နိုင်အောင်ကိုက်လာသည်။


"ဒဏ်ရာကိုဂရုစိုက်ပါ တော်သေးတာပေါ့

 သွေးထွက်မလွန်လို့ ဒဏ်ရာကိုရေမစိုစေပါနဲ့၊ ကျွန်တော်ဆေးတွေပေးထားခဲ့ပါတယ် 

သောက်ဖြစ်အောင်သောက်ပါ၊ တစ်ခုခုဆို

အချိန်မရွေးခေါ်နိုင်ပါတယ် ဒါဆိုခွင့်ပြုပါဦး..."


ဦးထွန်းရွှေက သူငယ်ငယ်တည်းကတစ်မိသားစုလုံးကို ကြည့်ရှုစောက်ရှောက်လာတဲ့ family doctot တစ်ယောက်ဖြစ်သည်။ တိုက်ပွဲတွေမှာ သေနက်ဒဏ်ရာရလာတိုင်းလည်း ဦးထွန်းရွှေကသာထုတ်ပေး၍ ကုသပေးရသည်။ ဒဏ်ရာရလာတိုင်း ဆေးသောက်ဆေးလိမ်းမလုပ်သည့်အတွက် တစ်ကိုယ်လုံး အမာရွတ်တွေကြီးသာ ကျန်ခဲ့၏။ 


"ပန်းလိပ်ပြာ ခြေထောက်ဘယ်လိုလဲ "


"အရိုးကိုတော့ထိမသွားပါဘူး...ဒဏ်ရာက

 မနက်လို့တော်သေးတယ်လို့ပြောပါတယ်၊ 

 ပြီးတော့ တစ်ပတ်လောက်နားနေဖို့ မှာလိုက်

 ပါသေးတယ် "


" ဖမ်းမိထားတဲ့နှစ်ယောက်ကို မင်းပဲစစ်မေးလိုက် "


" ဟုတ်ကဲ့ "


" သွားတော့ "


အဂ္ဂလည်း သခင်လေးနားရန် အလိုက်တသိ

ထွက်သွားလိုက်သည်။ သခင်လေးရဲ့စိတ်ထဲမှာ နူးညံ့ကြင်နာမှုတွေ ကုန်ဆုံးသွားပြီလို့ထင်နေတာ၊ ဒါပေမဲ့ သခင်လေးရဲ့မသိစိတ်ထဲမှာ ကိန်းအောင်းနေမှန်းမသိခဲ့ဘူး...ဘာပဲဖြစ်ဖြစ် အဲ့စိတ်ထားလေးတစ်ခုကနေ အချစ်ဖြစ်လာပြီး သခင်လေးရဲ့ အမုန်းတွေကို ပျက်ပြယ်သွားအောင်လုပ်ပေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်...။


သူပင်ပန်းနေပြီ...။ စိတ်ကောလူပါ တစ်ကယ့်ကိုပင်ပန်းနေပြီ...။ ရုပ်တည်ကြီးနဲ့နေနေမိတာ ခံစားချက်မဲ့နေသလိုဖြစ်နေတာ သူ့ရင်ထဲမှာ အမုန်းတရားတွေ ကိန်းအောင်းနေတာသူမောလှပါပြီ...။ ခုတင်ပေါ် အသာလှဲကာ

အိပ်လို့ရလိုရငြား မျက်စိကိုမှိတ်၍ နဖူးပေါ်

လက်တင်ထားလိုက်သည်။


°°°°°°°°°°°°°°°


" ချလပ် "


တံခါးဖွင့်သံနှင့်အတူ မြတ်လေးရဲ့ကိုယ်သင်းရနံ့ကို ရလိုက်သောကြောင့် အိပ်ရာကနေနိုးသွားသော်လည်း မြတ်လေးကိုစချင်သောကြောင့် သူမ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။


"ဟယ် ဒီအချိန်ကြီးအိပ်နေတယ်၊ ဖျားတော့မှာပဲ"


" အိန်ဂျယ် မိအိန်ဂျယ်...ထ ထတော့အိပ်ပုတ်ကြီး"


" အင်း..."


ရင်ဘက်ပေါ်ကစောင်ကို ခပ်တင်းတင်းဆွဲကာခြုံလိုက်၏။ 


" ကြည့်စမ်းမိန်းမ "


"အား...ဟား...ဟား...မလုပ်နဲ့၊ ထပြီ ဟား...ဟ "


မြတ်လေးက လိပ်ပြာကို ကလိထိုးနေသော

ကြောင့် ဆက်၍ ဟန်ဆောင်မနေနိုင်တော့ဘဲ

ထလာရသည်။


"ကဲ ဒဏ်ရာပြပါဦး၊ တော်တော်များလား..."


"ပတ်တီးစည်းထားတယ် ပြလို့မရဘူး...

 မများပါဘူး...နည်းလည်းမနည်းဘူး..."


အလုပ်က ပြန်လာလာချင်း အဝတ်အစား

တောင်မလဲဘဲ အမောတကောဖြင့် လိပ်ပြာဆိီပြေးလာတဲ့ မြတ်လေးကို လိပ်ပြာ မစရက်တော့ပါ...။ 


"နင်ဟာလေ ဖြစ်လိုက်မှဖြင့် ခြေထောက်ချည်းပဲ၊ အခုလည်းသက်သာနေပြီဆိုတော့ငါပြန်တော့မယ် နောက်နေ့မှလာခဲ့မယ် ဟုတ်ပြီလား..."


"အင်း လိုက်မပို့တော့ဘူးနော် "


"ထော့နဲ့ကလိုက်ပို့ချင်နေသေးတယ် 

 ကောင်းကောင်းနေခဲ့ "


" အင်းပါ ကင်းမြှီးကောက်ထောင်နေမယ် "


မြတ်လေးပြန်သွားတော့ လိပ်ပြာလည်း ညစာစားပြီး အခန်းထဲသို့ပြန်ဝင်လာခဲ့သည်။


"ဆေးသောက်ဦးမှပါ "


ခုတင်ဘေးစားပွဲပေါ်တွင် တင်ထားသော

ဆေးထုပ်ကိုယူကာ နှာခေါင်းကိုလက်မ

လက်ညှိုးဖြင့် ပိတ်ကာ ရေဖြင့် မျှောချလိုက်

သည်။


"အား...ခါးလိုက်တာ "


ခြေရင်းတွင် ခေါက်ထားသောစောင်ကို ဆွဲယူကာ ခုတင်ပေါ်တွင် လှဲလိုက်ပြီး စောင်ကို

ရင်ဘက်နားထိယူ၍ ခြုံလိုက်၏။ 

ညနေစောင်းမှ အိပ်ထားတာမို့ တော်တော်နဲ့

အိပ်လို့မရ...။ ခေါင်းထဲတွင် အတွေးများက

ပြေးလွှားနေသည်။


မနေ့တုန်းက အဖြစ်အပျက်တစ်ခုချင်းဆီဟာ အတွေးထဲကနေတစ်ဆင့် မျက်လုံးထဲသူ့အလိုလိုမြင်ယောင်လာသည်။ ရုတ်တရက် စိတ်လှုပ်ရှားလာရာ စောင်ကိုခေါင်းမြှီးခြုံလိုက်၏။ 


" ဟီး ဟာ ငါဘာတွေတွေးနေမိပါလိမ့်..."


စောင်ကို ခေါင်းပေါ်မှဖယ်လိုက်ကာ ရင်ဘက်နားတွင်ထားလိုက်သည်။ ငါ့မျက်နှာတွေ ပူနေသလိုခံစားနေရပါလား...။ ဟာ မသိတော့ဘူး...

စာအုပ်ဖတ်တာပဲကောင်းတယ်...။


ခုတင်ပေါ်မှထလိုက်ပြီး စာကြည့်စားပွဲတွင် 

ထိုင်ကာ မြတ်လေးမွေးနေ့လက်ဆောင်ပေး

ထားသည့် စာအုပ်ကိုစဖတ်နေလိုက်သည်။


°°°°°°°°°°°


" တီ တီ တီ..."


အလန့်တကြားဖြင့် နိုးစက်သံကိုပိတ်ကာ

အိပ်နေရာမှထထိုင်လိုက်ပြီး...


" အင်း..ငါအလုပ်သွားရဦးမှာပဲ "


စောင်ကိုကိုယ်ပေါ် မှဖယ်ခွာလိုက်ချိန် 

ခြေထောက်ကနာလာသည်မို့ ဖျက်ခနဲ

သတိရသွားသည်။


"အ ဒီနေ့အလုပ်နားထားတာပဲ ငါကလည်း..."


ကိုယ့်ခေါင်းကို ပြန်ရိုက်ကာ သတိပေးလိုက်ပြီး စောင်ကြားထဲပြန်ဝင်နေကာ ကွေးနေလိုက်သည်။


တစ်နေ့တစ်နေ့မုန့်စားလိုက် စာဖတ်လိုက် 

TV ကြည့်လိုက်ဖြင့် အချိန်တွေက ကုန်မှန်း

မသိကုန်လာခဲ့သည်။ ဘာအလုပ်မှမရှိဘဲ 

နေ့တိုင်းအိမ်ထဲမှာပဲ နေနေတော့ ပျင်းရိလာသည်။

ကြာလောရင် စိတ်လေလာနိုင်သည်။ 

အလုပ်မယ်မယ်ရရ လုပ်နေတာက

တစ်နည်းအားဖြင့် ထိုလူရဲ့တန်ဖိုးကိုပြ

တာပါပဲ...။


လိပ်ပြာ TV ကြည့်နေပေမဲ့ လိပ်ပြာရဲ့စိတ်

တွေကတော့ hotel ဆီကိုသာ ရောက်

နေသည်။ ဒီအချိန် hotel မှာဘာတွေ

လုပ်နေကြမလဲ...။ ဦးသတိုးကတော့

သူခိုင်းစရာ လူတစ်ယောက်လျော့

သွားတဲ့အတွက် လိပ်ပြာကိုသတိရ

နေမလား...​။ ဒါမှမဟုတ် သူမုန်းတဲ့သူ

တစ်ယောက်မရှိတော့ဘူးဆိုပြီး ပျော်နေ

မလား...။


" အိန်ဂျယ် "


" အမေ့ "


"ဟဲ မေမေဘာဖြစ်လို့လဲ"


"ညည်းဘာတွေစဉ်းစားနေတာလဲ TVကြီး

 ဖွင့်ထားပြီးတော့ "


"ဟိုလေ လိပ်ပြာခြေထောက်လည်းကောင်း

 နေပြီဆိုတော့ အလုပ်ပြန်လုပ်ချင်လာလို့ပါ"


"မနက်ဖြန်ပဲတနင်္ဂနွေဖြစ်နေပြီလေ၊ 

 ပျင်းနေရင်လည်း မယ်လေးတို့နဲ့သွားတွေ့

 ပါလား..."


"ဟုတ်သားပဲ လိပ်ပြာမေ့နေတာ ဟီး...

 အဲဒါကြောင့်ချစ်ရတာ မွ "


"ဟုတ်တယ် မယ့်ဆီကိုဖုန်းဆက်ရမယ် "


"ဒါပေမဲ့ ဒိီအချိန်မယ်ကအလုပ်မှာဆိုတော့ 

 စိုင်းဆီပဲဆက်လိုက်ပါတော့မယ် "


"ဟဲလိုစိုင်း...နင်အားလား..."


"အင်း..အားတယ်လည်းမဟုတ်ပါဘူး...

 ဧကန္တ လိပ်ပြာတို့ပျင်းနေပြီနဲ့တူတယ် "


" အင်း..."


 "ဒါဆို မနက်ဖြန်ကျရင် ငါ့ခြံထဲလိုက်လည်

 ပါလား..."


"အင်း မုန့်ကောမပါဘူးလား..." 


" ပါတာပေါ့ "


" တစ်ကယ် "


"အေးပါ မယ်ကလည်း ငါ့ခြံကိုလိုက်လည်ချင်နေတာနဲ့အတော်ပဲ..."


"ဟုတ်လား...ဒါဆိုမနက်ဖြန်ကျရင် အိမ်

 လာခေါ်လေ မြတ်လေးကိုတော့ နင်ပဲ

 ပြောလိုက်တော့၊ လိပ်ပြာမယ့်ကိုပြော

 လိုက်မယ် "


" OK "


စိုင်းနှင့်ဖုန်းပြောပြီး မယ်ကိုလှမ်းအကြောင်း

ကြားလိုက်သည်။


"ဟီး ဟီး...မနက်ဖြန်တော့ အပြက်ကဲမယ် "


လိပ်ပြာအကြံနဲ့ လိပ်ပြာပျော်နေမိသည်။

အပြင်မသွားရတာလည်း ကြာပြီမဟုတ်လား...။


°°°°°°°°°°°°


သူလည်း hotel မသွားတာ တစ်ပတ်လောက်ရှိပြီ၊ အနာသက်သာတာကို စောင့်ရင်း hotel သွားဖို့လည်း စိတ်မပါတာမို့ အိမ်ထဲမှာပဲအောင်းနေခဲ့ခြင်းပင်။ အိမ်ထဲမှာ နားနေတဲ့အတောအတွင်း သူမကိုတစ်ခါတစ်ခါသတိရမိတယ်ဆိုတာကို

တော့ဝန်ခံရမည်။ တစ်ရက်မှာ တစ်ခါလောက် တော့ Bar nightclub တို့ကိုအလုပ်ကိစ္စနဲ့ သွားတိုင်း သူတို့မှာရှိတဲ့ဟာတွေကို ဖျစ်ညှစ်ပြီး ဆွဲဆောင်နေတဲ့သူတွေကိုတွေ့ရပြန်တော့ သူမကိုပိုလို့သတိရလာပြန်တယ်...။ သူမဟာ

သူသောက်နေကျ ဆေးလိပ်တစ်လိပ်လို စွဲနေပြီဆိုတာကိုတော့ သူသတိမထားခဲ့မိပါဘူး...။


°°°°°°°°°


ဂျင်းပဲန်ပြာလေးနဲ့ မိုးပြာရောင်ချည်သား

အကျီလက်ရှည်ကို ဝတ်လိုက်ပြီး ဆံပင်

ကို မြင့်မြင့်ထုံးလိုက်ကာ လိပ်ပြာရဲ့ ပြင်ဆင်

မှုက perfect ဖြစ်သွားပြီဟု ထင်သည်။  ဘေးလွယ်အိတ်ကို စလွယ်သိုင်းလိုက်ပြီးလက်တစ်ဖက်က ဖုန်းကိုကိုင်ကာကျန်လက်တစ်ဖက်ကဖိနပ်စင်က adidas အားကစားဖိနပ်ကိုကိုင်လျက် အောက်ထပ်သို့ဆင်းလာခဲ့သည်။


"ဟယ်ရောက်နေကြပြီလား...လိပ်ပြာကို

 တော့ လာမခေါ်ကြဘူး..."


"တို့တွေလည်း အခုမှရောက်တာ၊ လာသွား

 ကြမယ် "


" လိပ်ပြာငါ့နောက်ကလိုက်ခဲ့ ဆိုင်ကယ်

 မောင်းမနေနဲ့တော့"


"ဘစိုင်း နင်ရေမွှေးပြင်းပြင်းတွေ စွတ်မလာ

 ပါဘူးနော် "


"မစွတ်ပါဘူးဟာ ပြောလို့ကိုမဆုံးတော့ဘူး... လာ တက် "


မြတ်လေးနှင့်မယ်ကတစ်စီး လိပ်ပြာတို့က

တစ်စီးထွက်လာခဲ့ကြသည်။ ခြံထဲရောက်

ရင်စားဖို့ မုန့်ဆိုင်တစ်ဆိုင်တွင် ရပ်ကာ မုန့်

ဆင်းဝယ်ကြသည်။


" အဂ္ဂ ကားရပ်လိုက် "


မွန်းကြပ်နေတဲ့စိတ်တွေကို ထွက်ပေါက်ပေးရန် အပြင်သို့ထွက်လာခဲ့ရာမှ မြင်လိုက်ရတဲ့မြင်ကွင်းက သူ့စိတ်ဒေါသကို ပိုဆွနေသလိုပင်...။ 

နှစ်ယောက်ထဲ အတူဆိုင်ကယ်စီးလာပြီး

ဆိုင်ထဲဝင်သွားပုံ၊ ပြုံးပျော်ကာ ပြန်ထွက်လာပုံ တို့ကို အစအဆုံးမြင်တွေ့လိုက်ရသည်။


"အဂ္ဂ ကားပြန်ကွေ့ စံအိမ်ပြန်မယ် "


သူတို့နှစ်ယောက်ကို အတူတွေ့တာ ဘာလို့

သူ့မှာ စိတ်ဆိုးဒေါသတွေဖြစ်နေမိပါလိမ့်...။


အိမ်ပြန်ရောက်တော့ အိပ်ခန်းထဲတန်းဝင်

လာပြီး သူ့ဘာသာနေနေသော ထိုင်ခုံကို

ခြေထောက်ဖြင့် ကန်လိုက်ပြီး ခုတင်ပေါ်

သို့ဝုန်းခနဲထိုင်ချလိုက်သည်။


"ဟွန်း...နှစ်ယောက်သား ပြုံးလို့ပျော်လို့ 

 ဟိုကောင့်ဆိုင်ကယ်နောက်မှာ လိုက်လာ

 တာ ရင်ခွင်ထဲဝင်တော့မယ် တောက် "


ငါဘယ်လိုဖြစ်သွားတာပါလိမ့်။ မိနစ်ပိုင်း

အတွင်း ကိုယ့်စိတ်ကိုယ်တောင် မထိန်းချုပ်

နိုင်တော့ပါလား...။


°°°°°°°°°°°°


ပျံ့လွင့်နေတဲ့စိတ်ကို ထိန်းချုပ်ကုစားရန် 

ဘေးတွင်ရှိသော ဆေးလိပ်ကို တစ်လိပ်

ပြီးတစ်လိပ် မီးညှိကာ သောက်နေသော်

လည်း သူ့ကိုသူလိမ်ညာလို့မှမရနိုင်တာ။ 

သူမရဲ့ ဥပေက္ခာပြုမူ စွန့်ခွာမှုတို့ကို သူ

မခံစားနိုင်။ ဒါဟာ သူ့အတွက် ဝှက်ဖဲတစ်

ချက်ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။

အမုန်းဆိုတာ တစ်ချိန်မှာ အချစ်ဖြစ်

သွားခဲ့မယ်လို့ သူဘယ်တော့မှမတွက်ဆ

မိခဲ့ပါ...။ သူတွေးရင်းတွေးရင်း သူမကိုချစ်နေမိပြီဆိုတာ တစ်စိမ့်စိမ့်သဘောပေါက်လာသည်။


အချစ်ဆိုတာဘာလဲ...။ နှလုံးသားက မခံစားတတ်လောက်အောင် မာကျောနေခဲ့ပြီ

ကျင့်သားရနေပေမဲ့ တမ်းတနေဆဲ...။ 

တစ်ယောက်မကောင်းတာနဲ့ အကုန်လုံး

မကောင်းတာမဟုတ်မှန်း ဦးနှောက်က

သိပေမဲ့ နှလုံးသားကလ က်မခံတာအမှား

လား...​။ မှားမှန်းသိရင် ပြန်ပြင်လို့ရပေမဲ့ 

တစ်ခုတည်းသောအမှားဖြစ်တဲ့ ကိုယ့်

ဘဝကိုအလင်းပေးတဲ့ ပန်းလေးတစ်ပွင့်ကို

ချစ်မိတဲ့အမှားကို ပြန်ပြင်မှာမဟုတ်သလို 

မင်းကိုမုန်းသလောက် ချစ်တာကိုလည်း

ဝန်ခံမှာမဟုတ်ဘူး...။


သူမုန်းသော မိန်းမတစ်ယောက်ရဲ့ ခြေရင်း၊ 

အချစ်ဆိုတဲ့အရာရဲ့ ခြေရင်းမှာ သူဘယ်

တော့မှ ဝပ်ဆင်းခယမည်မဟုတ်...။ 

ဒီအချိန် သူအလုပ်သင့်ဆုံးအရာတစ်ခုက 

သူမနဲ့ ဝေးဝေးနေဖို့ဟု သူဆုံးဖြတ်ချက်ချ

လိုက်သည်။ ဒီဆုံးဖြတ်ချက်ဟာ မှားယွင်း

နေတယ်ဆိုတာ သူနောက်ကျမှသိလာခဲ့

ရတာပါ...။


°°°°°°°°°°°°°°


" ခြံကြီးကအကျယ်ကြီးပဲနော်..."


"အင်း...ဟုတ်တယ် "


"မယ်တော့မပြန်ချင်တော့ဘူး..."


"မယ်မပြန်ချင်ရင် မယ့်ကိုထားခဲ့မယ်၊ 

 လိပ်ပြာတို့ကပြန်မှာ ဒီမှာခြင်ကိုက်တယ်

 မယ်ရဲ့ "


"ဟာ လိပ်ပြာကတော့နောက်ပြီ ဟင်း..."


ခပ်လှမ်းလှမ်းကပင် လိပ်ပြာတို့ကို ငေး

ကြည့်နေတဲ့ သူတစ်ယောက်ရှိပါတယ်...။ 

သူကတော့စိုင်းပင်...။


မိန်းကလေးအများစုနဲ့ ရင်းနှီးသိကျွမ်းဖူး

ပေမဲ့ ဘဝမှာပထမဆုံးသိခဲ့တာ ပထမဆုံး

စကားပြောခဲ့တာ ပထမဆုံးနဲ့နောက်ဆုံး

အချစ်ဟာလည်း မင်းပါအိန်ဂျယ်...။ 

သူငယ်ချင်းအဆင့်ထက် မပိုနိုင်မှန်းသိပေမဲ့ 

မခြွေရက်မခူးရက် ပန်းလေးတစ်ပွင့်လို 

မြတ်နိုးရသူမို့ ကိုယ့်ရင်ထဲက ဘုရင်မဟာ

မင်းပါ...။ ​မင်းအတွက်ဆို အရာရာပေးဆပ်

မဲ့သူပါ...။


စိုင်းရဲ့ကျယ်ဝန်းလှတဲ့ လိမ္မော်ခြံကြီးနဲ့

ကော်ဖီခြံတို့ကို လှည့်ပတ်ကြည့်ရှုပြီး 

လိပ်ပြာတို့ပြန်လာခဲ့ကြသည်။ အမှန်

ပြောရရင် လိပ်ပြာတို့မပြန်ချင်သေးပါ။ 

ခြံက လိပ်ပြာတို့ အိမ်နဲ့အလှမ်းဝေးတာမို့ 

စောစောသာပြန်လာခဲ့ကြခြင်းဖြစ်သည်။ 

အပြန်မှာတော့ စိုင်းကမယ့်ကို လိုက်ပို့

ပေးရသည်မို့ လိပ်ပြာကမြတ်လေးနဲ့ပဲ

ပြန်လာခဲ့တော့သည်။


°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°♥•°


အပိုင်း(၂၃) ဆက်ရန် >>>


#Ruby Linn


rate now: