book

Index 21

အပိုင်း (၂၁)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်

                                (or)

            အချစ်များဖြင့်ဖန်ဆင်းမည် 💖



-----------------


" အား..."


"ဖြည်းဖြည်း...ခြေထောက်မှာအနာနဲ့လေ "


ထော့နဲ့ထော့နဲ့နှင့် သူလိုက်ပြရာနေရာသို့

ရောက်လာခဲ့သည်။


"မင်းအရင်တက် မင်းကိုပင့်တင်ပေးမယ်"


" ဖြစ်ပါ့မလား...လိပ်ပြာကြောက်တယ် "


"ဖြစ်တယ်လုပ် တက် "


"နွယ်ကြိုးကိုလှမ်းလို့မှမမီတာ ဘယ်လိုလုပ်

 တက်မလဲ "


" ကဲ ရော့လှမ်းဖမ်းတက် "


လိပ်ပြာရဲ့ ဒူးကနေကိုင်မြှောက်တင်ပေး

လိုက်သည်မို့ ကြိုးစကိုဖမ်းမိသွားသည်။


" တက် "


" ရလား..."


" အင်း..."


မြေသားအထစ်တွေကို အားနှင့်နင်းတက်ကာ အထိတ်တလန့်ကြားက

ကံကောင်းစွာနှင့်ပင် အပေါ်သို့ရောက်သွား

သည်။


"တက်ခဲ့လေဦးသတိုး..ဘာလုပ်နေတာလဲ

 မြန်မြန် "


ဒီကြိုးရဲ့အလေးချိန်ဟာ သူမခန္ဓာကိုယ်ကို

သာ လက်ခံနိုင်ပေမဲ့ သူ့အလေးချိန်ကိုတော့

ခံနိုင်ဖို့မသေချာပေ...၊ ဒါပေမဲ့ မကြိုးစားဘဲနဲ့ ဘာလို့လက်လျှော့ရမှာလဲ...နွယ်ကြိုးကို

လှမ်းဆွဲကာ သတိုးတေဇ အပေါ်သို့တက်လာသည်။


" ဗြိီး "


အပေါ်သို့ရောက်ခါနီးတွင် ကြိုးရဲ့တစ်ဝက်

လောက်က ပျက်ထွက်သွား၏။ 


"ဟင် ဦးသတိုးကြိုးပျက်တော့မယ် "


" မင်းငါ့ကိုလက်လှမ်းပေး "


" အင်း.."


" ဗြီး "


ကြိုးပျက်သွားချိန် ကမ်းပေးလာတဲ့သူမ

လက်ကို ဖမ်းယူလိုက်ပြီး အရှိန်ဖြင့်အပေါ်

သို့တက်လာသည်။


ရုတ်တရက် တွန်းဝင်လာတဲ့ ဦးသတိုးကြောင့် သူမ ဟန်ချက်ပျက်ကာ အလဲလဲအပြိုပြိုဖြင့် မြေကြီးပေါ်သို့​ကျကာနှစ်ယောက်သား ထပ်လျက်သားအနေအထားသို့ ရောက်သွားလေတော့သည်။

ကော့ညွှတ်နေတဲ့ မျက်တောင်များကြားက

တောက်ပနေတဲ့မျက်လုံးများဖြင့် အောက်က

နေသူ့ကိုကြည့်နေတဲ့သူမ...။ အကြည့်တွေက တဖြည်းဖြည်းအောက်သို့ ဆင်းသွားချိန်

ခပ်ဟဟပွင့်နေတဲ့ နှုတ်ခမ်းဖူးလေးများကြောင့် သူအခိုက်အတန့်အသိစိတ်လွတ်သွားရ၏။ 


လိပ်ပြာရဲ့မျက်နှာကို မျက်တောင်မခတ်ဘဲ

စေ့စေ့ကြည့်နေသည့်အတွက် မျက်နှာတွေ

နီရဲထူပူလာသလို ခံစားလာရသ​ဖြင့် မျက်နှာလွှဲလိုက်ရင်း... 


" ဟို ဦးသတိုးလိပ်ပြာပိနေပြီ ဖယ်ပေး

 ပါဦး လေးလိုက်တာ... "


"အမ် sorry "


သူမပြောလိုက်မှ သူသတိထားမိသွားပြီး

သူမကိုယ်ပေါ်မှ ဖယ်လိုက်ကာ သူ့ခန္ဓာကိုယ်

ပေါ်မှ အမှိုက်များကို တစ်ချက်နှစ်ချက်ခါ၍

ဖယ်လိုက်ပြီး သူမထံ လက်ကမ်းပေးလိုက်သည်။


လိပ်ပြာလည်း ခြေထောက်နာနေသူမို့

လိပ်ပြာရှေ့မှ သူ့လက်ကိုကိုင်ကာ

မတ်တပ်ရပ်လိုက်သည်။


" အ"


"နာနေသေးလား..."


"အင်း.."


"ဒီနားလျှောက်ကြည့်ရအောင် လာကိုယ့်

 လက်ကိုကိုင်လျှောက် "


" ဟင် "


 "ကိုယ်" တဲ့လား၊ လိပ်ပြာတိုးတိုးသာ ရေရွတ်ပြီး သူခေါ်ရာဖြည်းဖြည်းသာလျှောက်လာခဲ့သည်။


"ဟော ဟိုမှာ လိပ်ပြာပိုက်ဆံအိတ်နဲ့တူတယ်"


"အားလည်းမရှိတော့ဘူး..."


အိတ်ကိုဖွင့်ကြည့်လိုက်ပြီး ဖုန်းကိုထုတ်ကြည့်လိုက်တော့အားကမရှိတော့ပေ...။ အနည်းငယ် စိတ်ဓာတ်ကျသွား၏။ 


"ထားလိုက်တော့ ရှေ့ဆက်လျှောက်ရအောင် "


တစ်ခါမှ နူးနူးညံ့ညံ့မပြောတတ်တဲ့သူ့ဆီက

အခုလိုမျိုး နူးနူးညံ့ညံ့အပြုအမူတွေနဲ့ပြောဆိုခြင်းခံနေရတာ ဘာကြောင့်ပါလိမ့်။ ဆေးမှားသောက်မိတာပဲလား...တစ်မျိုးပဲလိပ်ပြာရင်ထဲမှာ ဘာလို့ ကြည်နူးနေသလိုခံစားနေရတာပါလိမ့်။


" ရွတ် ရွတ် "


" ရှူး !!! သတိထား... လူရှိတယ် "


လူသံကြားသောကြောင့် သစ်ပင်ကြိီးတစ်ပင်ကွယ်၍ ချောင်းကြည့်လိုက်၏။ ထို့နောက် တိုးထွက်လာသော လူပုံရိပ်ကြောင့် သူ သေချာပိုင်နင်စွာ ခေါ်ရင်း ရှေ့ထွက်လာခဲ့လိုက်သည်။ 


" အဂ္ဂ "


"သခင်လေး "


" ဟူး...တော်သေးတာပေါ့ "


 ဟု လိပ်ပြာရေရွတ်လိုက်ကာ အသာလျှောက်လာခဲ့လိုက်သည်။ 


"သခင်လေး ကျွန်တော်နောက်ကျသွားလို့

 တောင်းပန်ပါတယ် "


" မင်းမှာကားပါလာတယ်မလား..."


"ဟုတ်ကဲ့ ဒါပေမဲ့ ဒီတောရဲ့အပြင်မှာထားခဲ့

 ရတယ် အထဲဝင်လို့မရလို့ "


"ဒါဆိုလမ်းလျှောက်သွားရမှာပေါ့ "


"သခင်လေးဒဏ်ရာရထားတာပဲ "


"ငါ့ဒဏ်ရာကဘာမှမဖြစ်ဘူး...သူ့ခြေထောက်ကသာ ဒဏ်ရာရထားလို့ကောင်းကောင်း

 လျှောက်နိုင်မှာမဟုတ်ဘူး..."


လိပ်ပြာခြေထောက်ကို တစ်ချက်ကြည့်ရင်း သတိုးတေဇ ပြောလိုက်သည်။


"ကျွန်တော်ဘာလုပ်ပေးရမလဲသခင်လေး... 

 သခင်လေးပြောထားတဲ့အတိုင်း ကျွန်တော်တို့လူတွေခေါ်မလာပါဘူး..."


"နောက်ကလိုက်တဲ့ကောင်တွေကိုရော

 မိထားလား "


"ဟုတ်ကဲ့ နှစ်ကောင်မိထားပါတယ် ဂိုထောင်

 ထဲမှာထည့်ထားတယ်၊ သခင်လေးတို့ကား

 ကိုတွေ့တာနဲ့ချက်ချင်းလိုက်ရှာနေလို့ 

 ဘာမှတော့မမေးရသေးဘူး..."


" ကောင်းပြီ "


အဂ္ဂနားကပ်ကာ ထိုသို့ နှစ်ကိုယ်ကြားပြောလိုက်ပြီးမှ ကိုယ်ချင်းအနည်းငယ်ခွာလိုက်ပြီး...


"မင်းရှေ့ကသွားနှင့်၊ ငါတို့နောက်ကလိုက်ခဲ့မယ် "


" ဟုတ်ကဲ့ "


အဂ္ဂလည်း ခပ်မှန်မှန်လေးလျှောက်ကာ

သူတို့ရှေ့မှဦးဆောင်သွားသည်။


"ကဲလာ ဒီလိုပုံနဲ့ဆိုအပြင်ကိုတော်တော်နဲ့

 ရောက်မှာမဟုတ်သလို မင်းအနာလည်း

 ပိုဆိုးလာလိမ့်မယ်..."


သူက လိပ်ပြာရှေ့မှာ ကျောပေးထိုင်ချပြီး

သူ့ကျောပေါ်တက်ရန် ပြောနေသည်။ လိပ်ပြာ ခေါင်းတစ်ချက်ကုပ်ကာ မျက်နှာလေးအမ်းသွား၏။ 


"ဘာလုပ်နေတာလဲ မြန်မြန်တက်လေ 

 မတက်ရင်မင်းကိုထားခဲ့မှာ "


"ဟွန့် ဒုံရင်းကဒုံရင်းပဲ "


"မင်းဘာပြောလိုက်တာ "


သူက လိပ်ပြာကို လှည့်ကြည့်ပြီးပြောနေတာမို့...


" တက်မယ်လို့ "


လိပ်ပြာရိသဲ့သဲ့ဖြင့် ပြန်ဖြေကာ သူ့ကျောပေါ် တက်လိုက်သည်။ အမှန်အတိုင်းပြောရရင် စိုင်းအပါအဝင် ဘယ်သူစိမ်းယောက်ျားလေးရဲ့ ကျောပေါ်မှလိုက်မစီးခဲ့ဖူးချေ။ ဒီလိုမျိုး စီးရလိမ့်မယ်လို့လည်း မထင်ထားခဲ့တာအမှန်ပင်...။


ဦးစိတ်ပုတ်ကြီးရဲ့ အကာအကွယ်မဲ့နေတဲ့

ကျောပြင်နဲ့ လိပ်ပြာရဲ့ရင်ဘက်နဲ့ကို ခြားခံနယ်ပါးပါးလေးကသာ ခြားထားသောကြောင့် နွေးထွေးသလိုခံစားရပါသည်။ နောက်ပြီး

ရယ်လည်းရယ်ချင်သည်။ မသိရင် drama ထဲက မင်းသားနဲ့မင်းသမီးလိုလို...ဒါပေမဲ့ လိပ်ပြာ

ကြောက်မိပါ၏။ ဘယ်အချိန်စိတ်ထဖောက်

ပြီး လိပ်ပြာကိုပစ်ချထားခဲ့မှန်းမသိတာမို့ 

ငြိမ်ငြိမ်လေးသာလိုက်ပါလာခဲ့သည်။ အို ရင်ထဲက တလှပ်လှပ်...။ ရှေ့ကိုသာ မျှော်၍ကြည့်နေရင်း သူ့ပခုံးကိုသိုင်းဖက် အကျီကို ကျစ်ကျစ်ဆုပ်၍ လိုက်ပါလာသော ပန်းလိပ်ပြာ၏ မျက်နှာလေးက ပြုံးစိစိဖြင့်။ 


တော်သေးတာပေါ့၊ သူ့ကားမှာ GPS တပ်

ထားလို့၊ သူဒီလိုဖြစ်မယ်မှန်းသိလို့ ငါးစာ

ချကျွေးထားတာလေ ငါးကလာမဟပ်ဘဲ

နေပါတော့မလား...ဒီတစ်ခါဘယ်သူ

လုပ်လဲဆိုတာ သိအောင်လုပ်ရမယ်...။


အဂ္ဂက ကားနားတွင်စောင့်နေကာ

သူတို့အလာကိုစောင့်နေသည်။ 

မြင်လိုက်ရတဲ့မြင်ကွင်းက သူ့ကို

ခဏငြိမ်သက်သွားစေပြီး ကြောင်

ကြည့်နေမိ၏။ 


"အဂ္ဂ မင်းဘာကြောင်ကြည့်နေတာလဲ

 တံခါးဖွင့်လေ "


" ဗျာ "


တံခါးဖွင့်ဆိုတဲ့အသံကြောင့် ကား

နောက်ခန်းတံခါးကို အလျှင်အမြန်

ဖွင့်ပေးလိုက်သည်။

ကြောင်တောင်တောင်ဖြစ်နေတဲ့အဂ္ဂကို

ကြည့်ပြီး သူ့ကိုကျော်ကာ ရှေ့ခန်းတံခါးကို

ဆွဲဖွင့်လိုက်ပြီး ဝင်ထိုင်လိုက်၏။ 

ဒီတော့မှ အဂ္ဂလည်းပျာပျာသလဲဖြင့်

မောင်းသူနေရာတွင် ဝင်ထိုင်လိုက်မိသည်။


လိပ်ပြာလည်း အသင့်ဖွင့်ထားတဲ့ကား

နောက်ခန်းထဲဝင်ထိုင်လိုက်ပြီးသည်နှင့် 

ငြိမ့်ခနဲဆို ကားကမောင်းထွက်သွားသည်။


"အဂ္ဂ "


" ဗျာ "


" မင်းဘာဖြစ်နေတာလဲ "


"ကျွန်တော်ဘာမှမဖြစ်ပါဘူး..."


"ကားကို မင်းအိမ်ပြန်ပို့လိုက်ပြီလား..."


" ဟုတ်ကဲ့ ကျွန်တော်တွေ့တွေ့ချင်း အိမ်

 ကိုပို့လိုက်ပါပြီ "


" အင်း "


အဂ္ဂအံ့သြနေတယ်ဆိုတာ သူသိတာပေါ့၊ 

သူလည်းအံ့သြနေမိတယ်...ဘာကြောင့်

များသူဒီလိုလုပ်မိပါလိမ့်...နောက်ကြည့်

မှန်ထဲက သူမကိုကြည့်လိုက်တော့ သူ့

ခြေထောက်ကအနာကိုကြည့်နေသည်။


"အား...အနာကသွေးတွေထွက်နေတာပဲ

 စပ်လိုက်တာ "


" အဂ္ဂ ဆေးရုံကိုမောင်း "


"ဗျာ ဟုတ်ကဲ့ "


"မင်းတဗျာဗျာနဲ့ "


"တောင်းပန်ပါတယ် သခင်လေး "


ဟုက်ပါ့ ဦးသတိုးပြောမှ ကိုအဂ္ဂကိုကြည့်ရ

တာတစ်မျိုးပဲ...မဟုတ်မှလိပ်ပြာကို

ဦးသတိုးက ကျောပိုးလာလို့များလား...၊ 

အင်းလေ သူ့လုပ်ရပ်ကြောင့် လိပ်ပြာ

တောင်အံ့သြသွားတယ်...အခုကျတော့

လည်းနှလုံးသားနဲ့လူကြီးပေါ့...ဒါပေမဲ့

မကျေနပ်တာက ဘာကြောင့်များလိပ်ပြာ

ကိုမုန်းနေရတာပါလိမ့်။ သူတစ်ခုခုကို

မကျေနပ်လို့များလား ဒါမှမဟုတ် အထင်လွှဲ

စရာတစ်ခုခုများမြင်သွားလို့လား...။ 

ဘာလို့ဆို လိပ်ပြာကမှ အဲ့ကိစ္စကိုမသိတာ 

ငါကရော ဘာလို့ကိုယ့်ဘာသာမေးပြီး

ကိုယ့်ဘာသာဖြေနေရတာပါလိမ့်...။ 

မသိရင် သူ့ဘက်က ကာကွယ်ပေးနေသလိုပဲ...။


" ကျွိ "


ဆေးရုံရှေ့တွင် ကားရပ်လိုက်ပြီး အဂ္ဂက

ဆင်းလာသည်။ ကားနောက်ခန်းတံခါး

ကိုဖွင့်ကာ လိပ်ပြာကိုတွဲကူပေးပါသည်။


"ဦးသတိုး မဆင်းဘူးလား..."


"မင်းဘာသာသေချာပြလိုက် "


"လာ မပန်းလိပ်ပြာ "


တစ်ကယ်ဆို သူပါလိုက်ပြသင့်တာ

မဟုတ်လား...သူ့ဒဏ်ရာလည်း မနည်း

ဘူးလေ...။


လိပ်ပြာကိုဆေးပြပေးပြီး အိမ်ရှေ့ထိလိုက်ပို့

ပေးပါသည်။


" ဦးသတိုး ဝင်ပါဦး..."


"မဝင်တော့ဘူး၊ မင်းမနက်ဖြန်အလုပ်မလာ

 ချင်မလာနဲ့ သက်သာမှလာခဲ့၊ အဂ္ဂမောင်းတော့"


သူကပြောပြီးသည်နှင့် မောင်းထွက်သွားသည်။ 

လိပ်ပြာပြောတာတောင် မစောင့်တော့ဘူး... ဘာလို့မှန်းမသိ စိတ်ထဲတစ်မျိုး ဖြစ်သွားရ၏။ လိပ်ပြာလည်းထော့နဲ့ထော့နဲ့နှင့်ပင်အိမ်ထဲဝင်လာခဲ့သည်။


"ဒီခြေထောက်ပဲ ခဏခဏဖြစ်နေတယ်

 ငါ့ကိုကကံဆိုးတာ "


" အိန်ဂျယ် "


အိမ်ပေါက်ဝရောက်သည်နှင့် မေမေ့အသံကို

အရင်ဆုံးကြားရပြီး လူကိုပြီးမှတွေ့ရသည်။


"ဟဲ့ ဟဲ့ ခြေထောက်က ဘာဖြစ်လာရပြန်တာလဲ"


"ဆူမယ်မကြံသေးဘူး... ဒဏ်ရာလေးနဲ့ဖြစ်လာပြီ

 ကဲ မနေ့ကအကြောင်းလေးပြောပါဥိီး..."


မေမေ့ရဲ့ စကားသံထဲတွင် ဒေါသသံမပါ

ကရုဏာသံနှင့်သာပြောနေပါသည်။ လိပ်ပြာ

ဘယ်လိုပြောရမလဲ...အမှန်အတိုင်းပြောရ

မှာလား...လိပ်ပြာနားထဲတွင် အခုထိသေနတ်သံများကိုကြားနေရသေးသည်။


သေချာတယ် လိပ်ပြာအမှန်အတိုင်းပြောရင်

လိပ်ပြာကို အလုပ်ဆက်လုပ်ခွင့်ပေးတော့မှာမဟုတ်ဘူး...။


"လာခဲ့အိမ်ထဲဝင် မိအိန်ဂျယ်ပြောဆိုတော့

 မပြောဘူး...ငါ့မှာလေ အဖော်တစ်ယောက်

 ပါတယ်လို့ ညကဖုန်းထဲမှာသိရတော့စိတ်အေးသွားရပေမဲ့ ပြန်လာချိန်ပြန်မလာတော့

 ဘယ်လောက်စိတ်ပူသွားရလဲသိလား..."


"ဟုတ်သားပဲ အိန်ဂျယ်ဘယ်လိုဖြစ်လို့

 ပြန်မလာဖြစ်တာလဲ၊ အကျိုးအကြောင်းလဲ

 မသိရပါလား..."


တီလေးစကားသံကြားမှ လိပ်ပြာပြောဖို့

သတိရကာ... 


"ဟို လိပ်ပြာတို့ လမ်းမှာကားပျက်သွားလို့

 မနက်ကျမှပြန်လာခဲ့ကြတာ "


"အဲ့ခြေထောက်ကဒဏ်ရာကရော "


"အဲ အဲ့ဒါက ချော်လဲလို့ခြေထောက်ကို

 နည်းနည်းခြစ်မိသွားတာပါ၊ ဆရာဝန်နဲ့

ပြလာပြီးပါပြီ၊ အရမ်းကြီးလည်းမစိုးရိမ်ပါနဲ့

 ဒါနဲ့ဖေဖေရော..."


" အပေါ်ထပ်မှာ အခုထိဆင်းမလာသေးဘူး...

 အေး ကြည့်လည်းလုပ်ပေါ့အေ၊ ညည်းတို့အလုပ်ကလည်း ပိုက်ဆံလေးမတ်လောက်စရာပေးပြီး ခိုင်းလိုက်တာများနေ့မနားညမအားနဲ့ဟေ ပြောမပြောချင်ပါဘူး..."


တစ်ကယ်လည်းဟုတ်နေတော့ လိပ်ပြာ

ငြိမ်ကာ ဇက်ပု၍ တိတ်ဆိတ်နေမိသည်။


" ကဲ ကဲ သွားနားတော့ "


" ဟုတ်ကဲ့ "


လိပ်ပြာလည်းထော့နဲ့ထော့နဲ့နှင့် လှေကား

ပေါ်သို့တက်ကာ အခန်းဆီလျှောက်လာ

ခဲ့သည်။ ဆေးထည့်ထားပြီး ပတ်တီးစည်းပေးလိုက်သဖြင့် အရင်လိုမနာတော့ပေမယ့် နည်းနည်းတော့ စပ်ဖျင်းဖျင်းဖြစ်နေ၏။ ကိုက်တော့မကိုက်ပါ။ လိပ်ပြာအခန်းထဲဝင်ပြီး မှန်တင်ခုံရှေ့စားပွဲတွင် အသာထိုင်လိုက်သည်။


" ဟင် နံလိုက်တာ၊ ဘာနံ့ကြီးလဲမသိဘူး..."


ဘေးဘီကိုဝေ့ကာ အနံ့ခံကြည့်လိုက်တော့

အဓိကတရားခံက လိပ်ပြာပင်...။


"အား...တစ်ကိုယ်လုံးချဉ်စုတ်နေတာပဲ

 ရေသွားချိုးဦးမှ "


ခုတင်ဘေးစားပွဲပေါ်တွင် ဖုန်းကိုတင်ကာ

အားသွင်းထားလိုက်ပြီး အဝတ်စားချွတ်ကာ

တဘက်ကိုရင်လျား၍ ရေချိုးခန်းထဲဝင်လာ

ခဲ့သည်။ ခြေထောက်ကိုရေမစိုအောင် ချိုးရ

သည်မို့ စိတ်ရှိလက်ရှိမချိုးရဘဲ ခန္ဓာကိုယ်ကို ရေစွတ်ရုံချိုးလိုက်ပြီး ပြန်ထွက်လာခဲ့၏။ 


ဗီရိုရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး ပေါ့ပေါ့ပါးပါးဝတ်ရလွယ်သည့် ချည်သားအပြာနုရောင် ဂါဝန်ဒူးအုပ်ပါးပါးလေးကို ခေါင်းတွင်စွတ်ချလိုက်ပြီး ခုတင်ဘက်သို့ ပြန်လျှောက်လာခဲ့သည်။ 


"ဟီး ဟီး မနက်ဖြန်အလုပ်သွားစရာ

 မလိုဘူးဆိုတော့ free ပေါ့"


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°♥♥•°


အပိုင်း(၂၂) ဆက်ရန် >>>


#Ruby Linn


rate now: