book

Index 20

အပိုင်း(၂၀)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်

                                 (or)

            အချစ်များဖြင့်ဖန်ဆင်းမည် 💖

-----------------


" ဒိုင်း... "


" ဟင် !!! "


အနောက်မှ သေနက်ပစ်လိုက်သံကြားတော့ 

လိပ်ပြာကြောက်ကြောက်လန့်လန့်ဖြင့် ခေါင်းဝပ်လိုက်သည်။ ချက်ချင်း မျက်လုံးတွေ ပြာတက်လာပြီး ကိုယ့်နားတောင်ကိုယ်မယုံချင်တော့၊ သေနက်သံကြားသဖြင့် သူပါအံ့သြသွားရသည်။ သူ့ထိုင်ခုံနောက်ဖက်တွင် အသင့်စောင်ထားသော သေနတ်ရှိသော်လည်း သူမကတုန်တုန်ရီရီဖြင့် ကြောက်နေသောကြောင့် သူထုတ်မပစ်တော့ပေ...။ 


နောက်ပြီး သူမဒီအကြောင်းတွေကို သိလို့

မဖြစ်ဘူးဆိုတဲ့စိတ်က သူ့ကိုလွှမ်းမိုးထား

သည်။ ထိုအချိန် အနောက်မှ အနက်ရောင်

ကားက ထပ်ကြပ်မကွာလိုက်လာသလို

ရှေ့တွင်လည်း ကားတစ်စီးက ပိတ်ဆို့ကာ

တားဆီးနေသောကြောင့် သူခဏတွေဝေ

ပြီးမှ အရှိန်ကိုအမြင့်ဆုံးထိတင်ကာ ရှေ့ 

တည့်တည့်မှ ကားကိုဖြတ်တိုက်သွားကာ

မောင်းထွက်သွားသည်။


" ဒိုင်း "


" ဒိုင်း "


သေနတ်သံကလည်း အဆတ်မပြက်။ 


"ဒုတ် ဒုတ် "


"ဟာ !!! သွားပြီ လာမြန်မြန်ဆင်း..."


အနောက်မှ ကားဘီးကိုသေနက်ဖြင့် ပစ်

လိုက်သောကြောင့် ရှေ့ဘီးနှင့်နောက်ဘီး

ပေါက်သွားရကာ ထိုးရပ်သွား၏။ 

လိပ်ပြာလည်း ရင်တထိတ်ထိတ်ဖြင့် 

ဘေးနားက လွယ်အိတ်ကိုဆွဲယူကာ 

သူခေါ်ရာနောက်လိုက်လာခဲ့သည်။


" အ !!! "


" ရလား..."


" အင်း..."


အရေးထဲ လိပ်ပြာဘောင်းဘီနဲ့သစ်ကိုင်းနဲ့

က ညှိသွားပြီး ချော်လဲသွားရကာ လက်ကမ်းလာသောကြောင့် ဦသတိုးရဲ့လက်ကိုကိုင်ပြီး အရှေ့ကိုသာတစိုက်မတ်မတ်ပြေးလာခဲ့ကြသည်။


"ဦးသတိုး သူတို့ကဘယ်သူတွေလဲ 

 ဘာလို့လိပ်ပြာတို့နောက်လိုက်နေကြ

 တာလဲဟင် "


"ဒီလောက်ဖြစ်နေတာတောင် မင်းက

 စကားပြောနိုင်သေးတယ်နော် "


"ဟာ ဒါလိပ်ပြာနဲ့မပတ်သက်တာလိပ်ပြာ

 ပြောရဲတယ် "


"ငါနဲ့လည်းမပတ်သက်ဘူးဆိုတာပြောရဲတယ် "


"ဟာဒါဆို သူတို့က..."


"ရှူး နောက်မှပြော၊ သူတို့ကမင်းအမျိုးတွေ

 မဟုတ်ဘူး...မြန်မြန်ပြေး..."


" ဒိုင်း! "


လိပ်ပြာတို့ အသက်လုပြေးနေရသော်လည်း

နောက်ပါးဆီမှ သေနတ်သံများကို တရစပ်

ကြားနေရသည်။


 " ဒိုင်း "


"အား..."


" ရှူး "


နီးကပ်လာပြီဖြစ်သော ခြေသံနှင့်အတူ

ကျည်တစ်တောင့်က လိပ်ပြာတို့ဆီ

ဦးတည်လာသည့်အတွက် ဦးသတိုးက

လိပ်ပြာရဲ့ခန္ဓာကိုယ်လေးကိုဆွဲလှည့်ပြီး 

ရှောင်လိုက်ချိန် ချောက်နက်ထဲသို့ ခြေချော်

၍နှစ်ယောက်စလုံးကျသွားရတော့သည်။ 


အရှိန်ဖြင့်ကျသွားသောကြောင့် လိပ်ပြာ

အလန့်တကြားအော်လိုက်စဉ် သူ့ရဲ့ 

လက်ဖဝါးနွေးနွေးက လိပ်ပြာရဲ့အေးစက်

နေတဲ့ နှုတ်ခမ်းပေါ်သို့ကျရောက်လာသည်။

လိပ်ပြာရဲ့မျက်လုံးကို သေချာကြည့်ပြီး

အသံမထွက်ရန် သူက ခေါင်းခါပြသည်။


"ဟိတ် တွေ့သေးလား..."


"မတွေ့တော့ဘူး...ချောက်ထဲကျသွားတယ်

 နဲ့တူတယ် မင်းကိုမပစ်ပါနဲ့လို့ပြောနေတာကို "


" ရှပ်ထိသွားတာပါ "


"သူတို့သေရင်မင်းကြောင့်၊ အပြစ်ပေးရင်မင်းပဲခံ "


"ဒါဆိုလည်း မနက်ကြရင်တစ်ခေါက်ထပ်လာရှာကြတာပေါ့ အခုသွားကြမယ် " 


အပေါ်မှ ကြားနေရတဲ့အသံများတဖြည်းဖြည်း ပျောက်ကွယ်သွား၏။ နီးကပ်လွန်းတဲ့

အနေအထား စူးရှထက်မြတ်ပြီး တောက်ပ

နေသော အကြည့်စူးစူးတွေကို လိပ်ပြာဘယ်

လောက်ကြာကြာကြည့်မိနေလဲမသိ၊ 

လိပ်ပြာလက်တစ်ဖက် စိုထိုင်းထိုင်းအရာ

တစ်ခုကို စမ်းမိတော့မှ သတိရကာ ကိုယ်ချင်းခွာလိုက်မိသည်။


ဒီရနံ့ ဘယ်အချိန်ပဲဖြစ်ဖြစ် မပြောင်းလဲဘဲ

ရနေတဲ့သူမရဲ့ရနံ့၊ တစ်နည်းအားဖြင့် သူ့

ကိုဆွဲဆောင်နိုင်လွန်းတဲ့ အဲ့ဒီရနံ့.... သူမ

မျက်နှာကို အချိန်အကြာကြီး စီးမိုးကြည့်

နေမိစဉ် သူမကလှုပ်ရှားလာသည့်အတွက် 

သူမနှုတ်ခမ်းပေါ်မှ သူ့လက်ကိုရုတ်လိုက်သည်။


ဝိုင်းစက်နေသော လမင်းကြီးအောက်

လိပ်ပြာတို့ တစ်ယောက်ကိုတစ်ယောက် 

မပီမပြင်သာမြင်တွေ့ရသည်။ အကြည့်ချင်း

ခွာလိုက်တော့မှ ရှက်ကိုးရှက်ကန်းဖြင့်

ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်ကာ 

စိုစွတ်နေသောလက်ကို ငုံ့ကြည့်လိုက်တော့

ရဲရဲနီနေသောသွေးများကို တွေ့လိုက်ရ၏။ 


"ဟင် ဦးသတိုး သွေးတွေ "


" ပြပါဦး..."


လိပ်ပြာက ပြောပြောဆိုဆိုဖြင့် သူ့အကျီကို

လှည့်ပတ်ကြည့်လိုက်တော့ အကျီတစ်ခြမ်း

လုံးနီးပါး သွေးများဖြင့်စိုရွှဲနေသည်။ 


"ဘာမှမဖြစ်ဘူး...ရှပ်ထိသွားရုံပဲ "


သူက ဘာမှမဖြစ်သလိုပြောကာ လိပ်ပြာ

လက်ထဲမှ သူ့ကိုယ်လုံးကိုရုန်းထွက်လိုက်သည်။ သွေးမြင်ရင် ပျို့တက်လာကာ အန်ချင်သလို ဖြစ်တက်သော ကိုယ့်အကျင့်ကိုယ်ပင်မေ့ကာ 

စိတ်ပူတဲ့ဇောဖြင့် သူ့အကျီအောက်ကဒဏ်ရာကို သူမကြည့်ချင်နေမိသည်။


"ဟို ဦးသတိုးအကျီချွတ်လိုက်ပါလားဟင် 

 ဒဏ်ရာကိုကြည့်ရအောင် "


" ရတယ် "


"မရပါဘူး...ချွတ် "


သူမကအပြောထက် အရင်လက်က သူ့

အကျီပေါ်ရောက်နေပြီမို့ သူ့အကျီကို

အလိုက်သင့်ချွတ်ပေးလိုက်ရသည်။


"ဟာ ကျောဘက်ကိုထိသွားတာပဲ..."


နီရဲနေတဲ့သူ့ကျောပြင်ကို လိပ်ပြာတစ်ချက်

ကြည့်ပြီး မျက်နှာလွှဲကာပြောလိုက်သည်။


"ရေလည်းမရှိဘူး...ဘယ်လိုလုပ်ရပါ့ "


" ဗြီး "


လိပ်ပြာက ဟိုဟိုဒီဒီကြည့်ကာပြောလိုက်ပြီး

သူချွတ်လိုက်တဲ့ အကျီအဖြူကို တစ်ဝက်

လောက်ဖြဲလိုက်သည်။ ကျန်တစ်ဝက်ကို

သူ့ကျောပေါ်မှ သွေးတွေကို သုတ်ပေးလိုက်

ပြီး ကျန်တစ်ဝက်ဖြင့် ဒဏ်ရာကိုစည်းနှောင်

လိုက်သည်။ 


သူမပြုလုပ်နေပုံက သူ့ကို အသက်ရှူမှားစေ

လောက်အောင်ပါပဲ...သူမဝင်သက်ထွက်သက်များက သူ့မျက်နှာကို တစ်ချက်တစ်ချက်လာရောက်ထိခတ်နေသည်။ သူ့ကိုဒီလိုမျိုးဂရုစိုက်မဲ့သူ မရှိခဲ့ပါ၊ ဒီလိုဂရုစိုက်မှုတွေနဲ့ဝေးကွာနေခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ...

ဂရုစိုက်မှုဆိုတာဘာလဲလို့ သူမက သူ့ကို

သတိပေးနေသလိုပင်...။ 


သူ့ကျောပြင်ဖြူဖြူပေါ်တွင်

ဒဏ်ရာတွေက အကြီးအသေးမျိုးစုံဖြင့် 

မြင်မကောင်းအောင် နေရာယူထားသည်။ 

ဘယ်လိုကြောင့်များ ကျောပြင်တစ်ခုလုံးမှာ

ဒဏ်ရာတွေက မြင်ရက်စရာမရှိအောင်ရှိနေ

ရတာလဲ ? တော်တော်ရန်များတဲ့လူပဲ ဖြစ်ရမယ်၊ 

အဲဒါကြောင့် ဘယ်ကမှန်းမသိတဲ့ သူတွေရဲ့

သေနတ်နဲ့လိုက်ပစ်တာကိုခံရတာပေါ့...။


°°°°°°°°°°

 

" ဟူး..."


" ပြီးပြီလား...."


"ရှင် !!! ဟုတ်ကဲ့ "


လိပ်ပြာ သူ့ဒဏ်ရာကိုစည်းနှောင်ပြီးပြီမို့ 

သူနှင့် ခပ်လှမ်းလှမ်းတွင် ငြိမ်သက်ကာ ထိုင်

နေလိုက်သည်။ 


သူရဲ့နောက်နားတွင် ဒူးနှစ်ဖက်ပိုက်ကာ ငြိမ်သက်နေသောသူမကို စောင်းငဲ့

ကြည့်နေမိ၏။ နေပါဦး...သူပျော်ရမှာမလာ...၊ သူမစိတ်ညစ်နေတာလေ သူမစိတ်ညစ်အောင် အမျိုးမျိုးလုပ်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲ

အခုလို သူမစိတ်ညစ်နေတာကိုမြင်ရတာ

သူကျေနပ်ပြီးပျော်ရွှင်နေရမှာလေ...၊ ဒါဆိုရင် သူက သူများမျက်ရည်ပေါက်ကြီးငယ်ကျမှ အသက်ရှင်ရသူနဲ့ ဘာကွာတော့မလဲ။  ဟာ...။ 


အတွေးစများကို ဖြတ်လိုက်ပြီး သူမဘက်လှည့်ကာ...


" မင်းမှာဖုန်းပါလာလား..."


" ရှင် !!! "


လိပ်ပြာလန့်သွားရသည်။ သေချာတာတစ်ခု

ကတော့ သူ့အသံကြောင့် လန့်သွားခြင်းမဟုတ်၊ တိတ်ဆိတ်မှုကို လန့်သွားရခြင်းသာဖြစ်သည်။ 


လိပ်ပြာရဲ့ ဘေးဘီကိုကြည့်လိုက်တော့ပိုက်ဆံအိတ်ကရှိမနေ၊ ဟာ...ချောက်ထဲမကျခင်တုန်းက အပေါ်မှာသစ်ကိုင်းနဲ့ညှိပြီးကျန်နေခဲ့ပြီနဲ့တူတယ်...။


"ဟင့်အင်း ကားပေါ်ကဆင်းတာ့ ယူလာတယ်၊ အခုပါမလာဘူး...အပေါ်မှာကျန်ခဲ့ပြီနဲ့တူတယ် "


"ငါ့ဖုန်းက ကားပေါ်မှာကျန်ခဲ့တယ်၊ ဒီညတော့ဒီမှာပဲအိပ်ရတော့မယ်...မနက်ကျမှအခြေအနေကြည့်ပြီး အပေါ်ပြန်တက်ကြတာပေါ့...အဂ္ဂလာခေါ်လိမ့်မယ်၊ မင်းစိတ်ချလက်ချအိပ် "


သူက စိတ်ချလက်ချအိပ်တဲ့လား...၊

ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ်ကျောလုံလုံနဲ့အိပ်နိုင်မှာလဲ...၊ သူက လိပ်ပြာကို ဘာမှမလုပ်ဘူးလို့ မပြောနိုင်ပေမဲ့

သူ့ကိုယ်ကျင့်တရားကို ဘာကြောင့်မှန်းမသိ

ယုံနေမိသည်။


သူ့ကို စွေကြည့်လိုက်တော့ ချမ်းလို့လားမသိ

ကြက်သီးမွေးညှင်းများပင်ထကာ လက်ကလေးပိုက်လျက်သားနဲ့တွေ့ရသည်။လိပ်ပြာက ထိန်ထိန်သာနေတဲ့ လမင်းကြီးကိုမော့ကြည့်ကာ ဒီအချိန်မှာ ထမင်းဆီစမ်းနဲ့ရွှေလင်ဗန်းလည်းမလိုချင်ပါ၊ စောင်လေးတစ်ထည်သာပေးပါ လို့ဆုတောင်းလိုက်မိသည်။ 


ညဉ့်နက်လာသည်နှင့်အမျှ ပိုပိုအေးလာသည်။ တောခွေးတွေရဲ့ အူသံကိုလည်းအဆတ်မပြက်ကြားနေရ၏။ လိပ်ပြာရဲ့ဘေးဘက်ကိုလည်း တစ်ချက်တစ်ချက်ကြည့်နေရသေးသည်။ 

လရဲ့အလင်းရောင်ရှိလို့သာ တော်တော့သည်။ လမင်းကြီးကအလင်းရောင်ပေးသည့်အပြင် အေးချမ်းလုံခြုံမှုကိုပါတစ်ပြိုင်တည်းပေးနေသည်။ တရွတ်ရွတ်ဆိုမြွေလား ကင်းလားဆိုပြီး လှည့်ပတ်ကြည့်ရတာလည်းအမော...။ 

ခွေးဟောင်သံကြားလျှင် အပေါ်ကိုမော့ကြည့်ရတာလည်းလည်ပင်းတစ်ညောင်းဖြင့်  မျက်လုံးများ ငိုက်မြည်းလာကာ မျက်ခွံများစင်းကျနေသော်လည်း စိတ်ကိုတင်းကာယောင်လည်လည်ဖြင့် 

မျက်လုံးကလယ်ကလယ်ဖြစ်နေရသည်။


သူမကြောက်နေရှာမှာပေါ့၊ ဘယ်လောက်ပဲ

ရဲရင့်တယ် စိတ်ဓာတ်ခိုင်မာပါတယ် ပြောပြော သဘာဝဘေးဒဏ်နဲ့ မမြင်နိုင်တဲ့အန္တရာယ်ကိုတော့ ကြောက်ကြမှာပဲလေ...။


" ရော့ "


" ဟင် "


လိပ်ပြာဘေးနား လာထိုင်ကာ သူ့ညာဖက်လက်ကိုဖြန့်ကာ ကမ်းပေးတော့ လိပ်ပြာကြောင်နနဖြင့် သူ့လက်ကိုတစ်လှည့် သူ့မျက်နှာကိုတစ်လှည့် ကြည့်နေမိသည်။


"ငါ့လက်ကိုကိုင်ထားရင် အနည်းဆုံး မင်းအကြောက်တော့ပြေမှာပါ၊ မင်းကိုဘာမှမလုပ်ဘူး...လုပ်ချင်ရင် မင်းဆေးမိတုန်းကတည်းက လုပ်လို့ရတယ် ရှည်ရှည်ဝေးဝေးပြောမနေတော့ဘူး...မင်းသဘောပဲ "


သူမက စဉ်းစားနေဟန်ဖြင့် ခဏငြိမ်သက်နေပြီးမှ မရဲတရဲဖြင့် သူ့လက်ပေါ်အေးစက်နေတဲ့သူမရဲ့ လက်တွေနဲ့ လာထိတွေ့သည်။


"မင်းကိုကိုက်မစားဘူး..."


သူကပြောပြောဆိုဆို လိပ်ပြာလက်ကိုဆုပ်ညှစ်လိုက်ပြီး သူ့ပေါင်ပေါ်တင်လိုက်သည်။ နောက်ထပ်ပြောလာသည်က...


"မင်းစိတ်ချလက်ချအိပ် ငါစောင့်ပေးမယ် " တဲ့။ အမျိုးမျိုး တယ်လည်းတက်နိုင်တဲ့သူပါလား...၊ 

မသိရင်ရူးနေတယ်လို့ပြောကြဦးမယ်၊ သူ့ရဲ့နွေးထွေးတဲ့လက်တွေကြောင့်လား...

ဒါမှမဟုတ် သူ့ရဲ့ ကိုယ်ကျင့်သိက္ခာကြောင့်လား...၊ 

နှစ်မျိုးစလုံးကြောင့်ပဲလားမသိ ပင်ပန်းနွမ်းနယ်နေတဲ့ လိပ်ပြာမျက်လုံးများမှိတ်သွားပြီး မိနစ်ပိုင်းအတွင်း လိပ်ပြာအိပ်ပျော်သွားသည်။


°°°°°°°°°°


တစ်ခဏအတွင်း စိတ်ချလက်ချအိပ်ပျော်

သွားတဲ့အတွက် သူတစ်ချက်ပြုံးလိုက်ပြီး

သူမကိုငုံ့ကြည့်နေမိသည်။


"အင်း...ချမ်းတယ် "


ညည်းသံနှင့်အတူ သူမက သူ့လက်မောင်းကို

ဆွဲကိုင်ထားရင်း ရင်ခွင်ထဲသို့တိုးဝင်လာသည်။

အခိုက်အတန့် သူဘာလုပ်ရမှန်းမသိဖြစ်

ကာ သူမကိုယ်လုံးလေးကို အလိုက်သင့်

ပြန်ဖက်ထားလိုက်သည်။


ငါကကျား အသားစားတဲ့ကျားမဟုတ်ပေမဲ့

ဘယ်ကျားမှ ဥပုသ်မစောင့်ကြဘူးဆိုတာ

လည်း လူတိုင်းသိတယ်...၊ ဒါပေမယ့် အခု

လိုမျိုး မင်းကို တခြားယောက်ျားနဲ့ မပတ်သက်စေချင်ဘူး... နောက်ပြီး ရင်ခွင်ထဲရှိဖို့နေနေသာသာ နီးနီးကပ်ကပ်တောင်နေခွင့်မရှိဘူး... ကိုယ်လောဘများကြီးနေမိပြီလား၊ ဒါမှမဟုတ်...။ 

ကိုယ့်ခေါင်းကို တစ်ချက်နှစ်ချက် ဆတ်ခနဲခါယမ်းလိုက်ပြီး ခေါင်းထဲမှ အတွေးများကိုထုတ်ပစ်လိုက်သည်။


ဘုရားပေးထားတဲ့အတိုင်း ပင်ကိုယ်အလှတရားများဖြင့် လှချင်တိုင်းလှနေတဲ့ မင်းကိုမတို့ထိပါဘဲ ဘယ်လိုနည်းနဲ့ ပိုင်ဆိုင်အောင်လုပ်ရပါ့မလဲ...။ 

သူမရဲ့မျက်နှာအစိတ်အပိုင်းတွေကို 

တစ်ခုချင်း လက်ဖြင့် ထိကြည့်နေမိသည်။ 

နေပါဦး...သူမလည်ပင်းမှာ ဆွဲထားတဲ့

လည်ဆွဲကို သူအရင်တုန်းကမတွေ့ဖူးပါဘူး...၊ တအောင့်ကြာတော့ သူလည်း သူမနှင့် ခေါင်းချင်းဆိုင်ကာ အိပ်ပျော်သွားသည်။


°°°°°°°°°°°°


မနက်ခင်းတေးသံသာဖြစ်သည့် ကျေးငှက်

တို့ရဲ့ အသံကြောင့် သူဖျတ်ခနဲ လန့်နိုးသွား

ပြီး သူ့ဘေးနားကိုကြည့်လိုက်တော့ သူမ

လေးက သူ့ရင်ခွင်ထဲမှာ မနေ့ညကအတိုင်း 

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲပင်...၊ 

မင်းကို မနိုးချင်ပေမဲ့ ငါတို့မှာအန္တရာယ်တွေက ပတ်လည်ဝိုင်းနေတော့ ဒီနေရာက

အမြန်ဆုံးသွားမှဖြစ်မယ်...။


"ပန်းလိပ်ပြာ ပန်းလိပ်ပြာ... "


" ထ ထ"


" ဟင် "


အိပ်မှုန်စုံမွှားဖြင့် မျက်လုံးကလေးပွတ်ကာ

နိုးလာချိန် လိပ်ပြာကိုယ်လုံးလေးက သူ့

ရင်ခွင်ထဲမှာမို့ အနောက်သို့ခန္ဓာကိုယ်လေး

ရို့ကာဆုတ်သွားရသည်။ 


"ဟို မိုးလင်းပြီလား...သြော် ဒါနဲ့ ဦးသတိုး

 ဒဏ်ရာဘယ်လိုနေသေးလဲဟင် "


"ဘာမှမဖြစ်ဘူး...လာ အပေါ်တက်ဖို့လုပ်ရအောင်"


" အင်း..."


" အ !!! "


လိပ်ပြာဆတ်ခနဲ ထလိုက်စဉ် ညာခြေထောက်က စူးခနဲနာသွားရကာ မြေပြင်သို့ ဖင်ထိုင်ရက်ပြုတ်ကျသွားရ၏။ 


" ဘာဖြစ်တာလဲ...."


သူက လိပ်ပြာရှေ့ ဒူးတစ်ဖက်ထောက်ကာ

မေးလာသည်။


"လိပ်ပြာခြေထောက်နာလို့ပါ..."


" ပြစမ်း "


ချက်ချင်းဆိုသလို လိပ်ပြာရဲ့ဘောင်းဘီကို

စုတ်ဖြဲလိုက်ပြီး ဒဏ်ရာကိုကြည့်ပါသည်။ 


"ဆူးစူးထားတာပဲ...ဒီမှာတစ်ချောင်းကျန်

 သေးတယ်..."


" ဟင် စူးက ဘယ်ကဘယ်လိုစူးရတာလဲ"


" အား...နာတယ် မကိုင်နဲ့ "


"မကိုင်လို့ရမလား...နှုတ်ပစ်ရမှာလေ "


"ဟင့်အင်း...နာတယ် မနှုတ်ပါနဲ့ "


"ဘာမှမဖြစ်ဘူး...ပုရွက်ဆိတ်ကိုက်သလောက်ပဲနာမှာ ဟိုဘက်လှည့်နေ "


"ဟင့် ဟင့် "


"လုပ်မနေနဲ့ မျက်ရည်လည်းမထွက်ဘဲနဲ့

 လှည့်မကြည့်နဲ့နော် "


"ဟင့် ဖြည်းဖြည်းလုပ်နော် "


လိပ်ပြာ သူ့လက်မောင်းကိုတင်းတင်းဆုပ်ကိုင်ကာ တစ်ဖက်လှည့်နေလိုက်သည်။


" ပြီးပြီ သေးသေးလေးပါ ဒီမှာတွေ့လား "


တစ်ကယ်လည်းဟုတ်ပါတယ်၊ စူးသေးသေး

လေးပါ... လိပ်ပြာသူနဲ့လေပေါနေလို့လား

မသိ ဆွဲနှုတ်လိုက်မှန်းတောင်မသိရဘဲ နာလည်းမနာလိုက်ပါ။ 


" သွေးတွေ "


"ဘာမှမဖြစ်ဘူး...ဒီမှာပြီးသွားပြီ "


သူကပြောပြောဆိုဆိုဖြင့် သူ့ဒဏ်ရာကိုစည်း

ထားသည့် အကျီစကိုဖြဲကာ လိပ်ပြာရဲ့ဒဏ်ရာပေါ်စည်းနှောင်ပေးလိုက်ပါသည်။


"အပေါ်တက်ဖို့ သွားကြည့်လိုက်ဦးမယ်

 ဒီမှာနေခဲ့ "


သူထွက်သွားပြိီးသည့်နောက် ရုတ်ချည်း မျက်ရည်ဥများ ရစ်သီလာကာ ပါးပြင်ပေါ်စီးကျလာတော့မဲ့ မျက်ရည်ဥများကို လက်ခုံဖြင့် လိပ်ပြာ ဖိသုတ်လိုက်သည်။ တအောင့်ကြာတော့ သူပြန်ရောက်လာပြီး...


"ကံကောင်းလို့ အပေါ်ကိုတက်ဖို့ နွယ်ကြိုး

 တစ်ချောင်းတော့တွေ့တယ်၊ မင်းခန္ဓာကိုယ်

 နဲ့ဆိုအတော်ပဲ လာ..."


" အား..."


°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°♥♥•°


အပိုင်း(၂၁) ဆက်ရန် >>>


#Ruby Linn


rate now: