💖 အမုန်းရန်များပျက်ပျယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
---------------
အောက်ထပ်သို့ဆင်းလာသည်နှင့် ရှမ်းခေါက်ဆွဲအနံ့လေးက မွှေးလို့နေသည်။
" ဝါးမွှေးနေတာပဲ အပြက်ဆွဲပြီဟေ့ "
" အိန်ဂျယ် ပြောတော့ မနက်အစောကြီးနိုးနေတာဆို ဘာလို့နောက်ကျနေတာလဲ "
" စောပါတယ် ဘစိုင်းနဲ့ဖုန်းပြောနေလို့ပါမေမေရဲ့၊ အိန်ဂျယ်ဆိုတဲ့ နာမည်ကို မခေါ်ပါနဲ့ပြောတာလဲ မရပါလား...
သမီးရဲ့ ပန်းလိပ်ပြာဆိုတဲ့နာမည်လှလှလေးတော့ပျက်ပါပြီ "
" အိန်ဂျယ်ဆိုတဲ့နာမည်လည်းလှပါတယ် အိမ်မှာပဲကျယ်တာကိုး "
" အပြင်မှာမကျယ်ခြင်ပါဘူးနော် ဒါနဲ့ဖေဖေရော စိုက်ခင်း
ထဲသွားပြီလား"
" သွားပြီ နောက်ကျနေဦးမယ် မြန်မြန်စား စကားပဲများနေတယ် "
မေမေအားပြုံးပြရင်း ခေါင်းမဖော်တမ်းစားကာ မေမေတို့
အားနှုတ်ဆက်ပြီး ခြံထဲဆင်းလာခဲ့သည်။
လိပ်ပြာတို့နေထိုင်သည့် နှစ်ထပ်တိုက်အိမ်လေးသည် ဖေဖေ မေမေ တီလေး ကြီးခင် လိပ်ပြာတို့အဖို့ကျယ်ဝန်းလှပါသည်။ ကလောမြို့နယ်တွင်တည်ရှိပြီး မြို့နဲ့တော့အလှမ်းဝေးလှပါသည်။ အရင်တုန်းကရာဘာခြံကြီးဖြစ်တာမို့ ကျယ်ဝန်းလှသည်။
လိပ်ပြာတို့မိသားစုက ပန်းစိုက်ရတာနှစ်သက်တာမို့ ခြံထဲတွင်ပန်းပေါင်းစုံစိုက်ပျိုးထားသည်။ အများဆုံးကတော့ နှင်းဆီပန်း စံပယ်ပန်း သစ်ခွပန်းမျိုးစုံစိုက်ပျိုးထားသည်။
ပန်းပင်များဘေးတွင် လိပ်ပြာရဲ့စီးတော်ယာဉ်ကြီးက အသင့်စောင့်နေ၏။ စီးတော်ယာဉ်ကြီးဆိုသည်မှာ
လိပ်ပြာ ၁၀ တန်းအောင်းတော့ ဂုဏ်ထူး ၂ ဘာသာပါ
သောကြောင့် ဂုဏ်ပြုလက်ဆောင်ပေးထားခြင်းဖြစ်သည်။
အဖြူရောင်ကြိုက်သည့် လိပ်ပြာအတွက် ဆိုင်ကယ်အဖြူရောင်လေးက လိပ်ပြာအနှစ်သက်ဆုံးပင်။ လိပ်ပြာအသက် ၂၄ ပြည့်တော့မည်ဖြစ်ပေမဲ့ ဆိုင်ကယ်မလဲဘဲ
ဖေဖေပေးထားသည့် ဆိုင်ကယ်ကိုသာ ဆက်စီးနေခြင်းဖြစ်သည်။
ဆိုင်ရှေ့အရောက်တွင် လက်ကနာရီကိုကြည့်လိုက်တော့ ၈ နာရီကျော်နေပြီမို့ အမြန်ပင်ဆိုင်ထဲဝင်လိုက်ပါ၏။
ဆိုင်ထဲဝင်သည်နှင့် ဆိုင်ပိုင်ရှင်အန်တီနွယ်ကိုတွေ့လိုက်ရသည်။
" ဟဲ...အန်တီနွယ် အစောကြီးရောက်နေတာလား၊ လိပ်ပြာလေ ဟို ကားလမ်းတွေကလည်းပိတ် ဆိုင်ကယ်တွေကလည်းရှုပ်ယှက်ခတ်နေတော့ နည်းနည်းနောက်ကျသွားတာပါ..."
အန်တီနွယ်အား ရယ်ကျဲကျဲပြောကာ သူမ ခေါင်းကုပ်နေလိုက်သည်။
" အဟွန်း ၅မိနစ် ၁၀ မိနစ် ပဲနောက်ကျတာပါလို့ ပြောမလို့မလား..."
" ဟဲ ဟဲ ဒီတစ်ခါတည်းပါနော် "
လက်လေးတစ်ချောင်းထောင်ကာ ချစ်စဖွယ်အမူအရာ လုပ်နေတော့သည်။
" ဟုက်ပါပြီး အဝတ်အစားသွားလဲပြီး ဝိုင်း ၃ ကိုဘာမှာမလဲသွားမေးလိုက်ဦး "
" Yes boss "
အန်တီနွယ်အားပြောရင်း အဝတ်လဲခန်းထဲသို့ဝင်သွားလိုက်သည်။ အန်တီနွယ်က ကျောင်းတစ်ဖက်နှင့်အလုပ်လုပ်နေသူတွေအတွက် အဆင်ပြေစေရန်မနက်နဲ့ ညကိုဝန်ထမ်းများခွဲထားခြင်းဖြစ်သည်။ အန်တီနွယ်ကသဘောကောင်းတော့ လူတိုင်းအပေါ်စေတနာရှိ၏။ လိပ်ပြာကမနက်ပိုင်းအလုပ်ဆင်းတော့ ညနေပိုင်းမသဇင်က အလုပ်ဆင်းသည်။ အထူးသဖြင့်လိပ်ပြာအပေါ် တူမလေးတစ်ယောက်လိုပင်ဂရုစိုက်သည်။
°°°°°°°°°°°°°°°°°
ကားမောင်းလာသည့်တစ်လျှောက်လုံး သတိုးတေဇ တိတ်ဆိတ်ကာ လိုက်ပါလာသည်။ သခင်လေးသည် အေးစက်မာကျောကာ
ခက်ထန်သည်ဟုထင်ရသော်လည်း အတွင်းစိတ်ခံစားချက်မှာ ဘယ်လောက်တောင်နာကျင်ခံစားနေရမလဲဆိုတာ သူသာအသိဆုံးပင်။
ကုမ္ပဏီ သို့အရောက်တွင် ရုံးဝန်ထမ်းများတန်းစီကာ
ခေါင်းငုံ့နှုတ်ဆက်နေသော်လည်း အရေးမစိုက် သူရုံးခန်းထဲသို့တန်းဝင်လာခဲ့သည်။ နောက်ပါးဆီမှ ဝန်းထမ်းမလေးများ၏ တီးတိုးစကားသံများကို သဲ့သဲ့ ကြားနေရသည်။
" ဟယ် ငါတ်ို့သူဋ္ဌေးက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ဦးစီးနေ
တာနော်၊ ချောလိုက်တာဟယ် အမြဲအပြုံးအရယ်မရှိတာကလွဲရင်ပေါ့ "
" ဟယ် ကြားသွားမှဖြင့်၊ ကိုယ့်အလုပ်ကိုယ်မလုပ်ဘူး "
အခန်းထဲဝင်သွားသည်နှင့် ရှယ်ယာဝင်အသစ်ဦးထွန်းနိုင်းက မတ်တပ်ရပ်ကာ သူ့အားကြိုဆိုနေသည်။
" အစည်းဝေးခန်းထဲသွားရအောင် "
ဟု ပြောပြီးသည်နှင့် အစည်းဝေးခန်းထဲသို့လှမ်းဝင်လိုက်သည်။
" အားလုံးပဲမိတ်ဆက်ပေးရဦးမယ် ဒါကရှယ်ယာဝင်အသစ်ဦးထွန်းနိုင်ပါ၊ နောက်တစ်ခု ကုမ္ပဏီ project ပေါက်ကြားမှုနဲ့ပတ်သက်ပြီး ဘယ်သူလုပ်တယ်လို့မပြောချင်ဘူး... အဲ့တော့ကိုယ့်ဘာသာ ဝန်ခံ ဝန်မခံရင် ပြင်းထန်တဲ့အပြစ်ကိုပေးရလိမ့်မယ်"
မရဏ ပြောပြီးသည်နှင့် တိတ်ဆိတ်သွားကာ မည်သူတစ်ဦးတစ်ယောက်မျှ အသံထွက်မလာပေ။ တစ်အောင့်ကြာပြီးနောက် စားပွဲခုံပေါ်သို့ တစ်ချက်လက်ဝါးဖြင့်ရိုက်ကာပြောခိုင်းလိုက်သည်။
" ဘယ်သူမှ မပြောကြဘူးဆိုတော့ ကျွန်တော်က လိမ်တာပေါ့ အဂ္ဂ "
သူ့ရှေ့တွင်ရှိနေသူများအား တစ်ချက်ကြည့်ကာ အဂ္ဂအားလှမ်းခေါ်လိုက်သည်။
" သက်သေတွေပြလိုက် ဦးမင်းထက် ခင်ဗျား ဘာပြောဦးမလဲ "
" ဟို ကျွန်တော် မှားမှန်းသိပါပြီ "
" အလုပ်ထွက်လိုက် နောက်ဘယ်တော့မှပတ်သက်ဖို့မကြိုးစားနဲ့ "
" ကျွန်တော်တောင်းပန်... "
" အစည်းဝေးပြီးပါပြီ "
ဦးမင်းထက်ပြောလို့မပြီးခင် ဖြတ်ပြောလိုက်ဖြင်းဖြစ်သည်။
ရှင်းပြခွင့်တောင်နည်းနည်းမှမပေးဘဲ လူအများရှေ့မှာ
ငါ့ကိုအရှက်ခွဲတယ်...။
" အေး မိုးကောင်းတုန်းရွာထားဦးပေါ့ကွာ ငါမှတ်ထားမယ် မင်းငါ့ကိုပြန်ပေးဆပ်ဖို့သာပြင်ထား"
အငြိုးကြီးစွာ ဦးမင်းထက်နိုင်သည် စိတ်ထဲကနေ မရဏအား ကြိမ်းဝါးနေသည်။
"အဂ္ဂ ဆောက်လက်စ ဟိုတယ်ကို သွားကြည့်မယ်"
"ဟုက်ကဲ့ပါ သခင်လေး"
ထို့နောက် ဆောက်လက်စ Diamond hotel သို့မောင်းလာခဲ့သည်။
°°°°°°°°°°°°°°°°°°°°°°°°
နေ့လည် 12:00 နာရီထိုးခါနီးပြီးမို့ ဆိုင်အပြင်ကိုလှမ်း
ကြည့်လိုက်တော့ အချိန်မှန်သော ဘစိုင်းက BMW
ဆိုင်ကယ်ပေါ်တွင်အသင့်စောင့်နေကာ ဆိုင်ထဲသိုဝေ့
ဝဲကြည့်နေသည်။
" အချိန်မှန်တဲ့ မော်တော်ဘုတ်ကြီးကတော့ လာပါပြီ "
အန်တီနွယ်က အတီပေါက်နဲ့နောက်လိုက်သေးသည်။
" ထမင်းအတူတူ စားမယ်ဆိုပြီးချိန်ထားလို့ပါ "
" အခုတော့ထမင်းစားမယ်ပေါ့ ခါတိုင်းလည်းအကြောင်း
အမျိုးမျိုးပြပြီး လာနေတာပဲဟာ "
"အန်တီနွယ်တော့လုပ်ပြီ"
" ဟုတ်ပါပြီ နက်ဖြန်နောက်မကျစေနဲ့နော် "
" ဟုတ်ကဲ့ပါ အန်တီနွယ်ရယ် နောက်မကျစေရဘူး ဟုက်ပြီလား....ပြောရဦးမယ် မေ့တော့မလို့ လိပ်ပြာ နက်ဖြန်ကစပြီး ခွင့်လိုချင်လို့ ၃ ရက် ၄ ရက်လောက် နော် "
" မပြောမဆိုနဲ့ ချက်ချင်းကြီးလား "
" လိပ်ပြာသူငယ်ချင်း ရန်ကုန်ကလာမှာမို့လို့ပါအန်တီနွယ်နော် နော်လို့ "
" ပြီးရော ဟင်းနော် "
အန်တီနွယ့်ကို နှုတ်ဆက်ပြီး ဆိုင်ပြင်သို့ထွက်လာခဲ့သည်။
" ဘစိုင်းအစောကြီးပဲ ဆိုင်ထဲကဝင်စောင့်ရောပေါ့ စား
နေကျဆိုင်ပဲမလား သွားရအောင်လေ "
လိပ်ပြာတို့လည်းစားနေကြဆိုင်ဖြစ်သည့်
ရှမ်းရွှေစားသောက်ဆိုင်သို့ထွက်လာလိုက်သည်။ ဆိုင်ရှင်နဲ့ ရင်းနှီးနေပြီမို့ စားနေကြအတိုင်းသာမှာလိုက်သည်။
" ဘစိုင်းငါနင့်ကို ပြောရဦးမယ်၊ ငါပြောပြနေကျလေ... မယ်
ဆိုတာ နက်ဖြန်လာမယ် ကလောကိုသိလား"
" မယ်... မယ်ဆိုတာ "
" ဟာ…ဟိုတစ်ခါငါပြောပြတဲ့ ဖုန်းထဲမှာခင်
တဲ့သူငယ်ချင်း အင်ဂျင်နီယာလေ သင်းယုမယ်ဆိုတာ "
"သြော်…အဲ့ဒီတော့"
" အဲ့ဒီတာ့…ငါတို့အိမ်မှာနေမှာ ဒါကြောင့်အနည်းဆုံး
၂ရက် ၃ရက်လောက်ခွင့်ယူမလို့၊ နောက်ပြီးတော့ငါတို့
နဲ့အသက်တူတူပဲ နင်နဲ့လည်းမိတ်ဆက်ပေးဦးမှာ "
" မိတ်ဆက်ပေးရင်လည်းရိုးရိုးလုပ်ပါ မိလိပ်ပြာရယ် ငါသိ
နေတယ်နော် "
လိပ်ပြာအကြောင်းကိုသိနေ၍ တခါတည်းပြောနေခြင်းသာ။ လိပ်ပြာဆိုသည်မှာ တခြားနေရာတွေမှာသာရင့်ကျက်ပြီး လူကြီးတစ်ယောက်လိုဦးဆောင်နိုင်ပေမဲ့ အချစ်ရေးနဲ့ပက်သက်လာ
ရင်တော့ ကကြီးတစ်လုံးတောင်မသိတဲ့ကလေးတစ်ယောက်သာသာမို့ ဝမ်းနည်းရမှာလား ဝမ်းသာရမှာလားမသိပေမဲ့ သူငယ်ချင်းသံယောဇဉ်ကို အရောင်ဆိုးဖို့အလှမ်းဝေးလှသည်။
" ဖျောက် "
"ထလေ သွားရအောင်"
လိပ်ပြာက သူ့မျက်နှာရှေ့မှ လက်ဖျောက်တီးတော့မှ အသိဝင်ကာအတွေးလွှင့်စင်သွားတော့သည်။
" သွားရအောင် "
" အင်းသွားမယ်လေ "
ထမင်းစားပြီးလို့ junction city သို့ထွက်လာခဲ့သည်။
" ဘစိုင်း ဆိုင်ရှေ့ထိလိုက်မပို့နဲ့တော့"
"အင်း အဲ့ဒါဆို ငါသွားပြီနော်"
အသိအမှက်ပြုသည့်အနေဖြင့် ခေါင်းတစ်ချက်ညိမ့်ကာ
လက်ပြနှုတ်ဆက်လိုက်သည်။
သူငယ်ချင်းဖြစ်ပေမဲ့ အများသူငါရှေ့မှာနှစ်ယောက်တည်းသွားလာနေတာ မသင့်တော်ပေ။ ပတ်ဝန်းကျင်က မပြောလာခင် ဆင်ခြင်တာအကောင်းဆုံးပင်။
duty ချိန်ပြီပြီမို့ အဝတ်စားလဲကာထွက်လာခဲ့သည်။
" သြော် မေ့တော့မလို့ခွင့်ယူရဦးမှာပဲ "
မန်နေဂျာအမဆီ သွားကာ ခွင့်ယူပြီးနောက် ဘေးလွယ်အိတ်လွယ်ကာ ဆိုင်ကယ်ရှိရာဆီသို့လျှောက်လာလိုက်သည်။
ဆိုင်ကယ်ပေါ်တွင် နှင်းဆီပန်းအနီ🌹ရောင်တစ်ပွင့်က ထုံးစံအတိုင်းနေရာယူထား၏။ ဘေးဘီကိုဝေ့ကြည့်တော့ တွေ့ပါပြီ ပြိုင်ကားအနီရောင်ပေါ်တွင်လက်
တစ်ဖက်က စတီယာတိုင်ပေါ်တင်လျက် ကျန်လက်တစ်ဖက်က အကောင်းစားဟုထင်ရသော ဆေးလိပ်ကိုခဲလျက်...
"တောက်"
စိတ်တိုတိုနဲ့တောက်ခေါက်ကာ အမှိုတ်ပုံးထဲသို့နှင်းဆီပန်းကို လွှင့်ပစ်လိုက်၏။
တစ်ဖက်မှကားတံခါးဖွင့်ကာ မင်းသားရှုံးလောက်အောင်ပြင်ဆင်ထားလျက် သူမဆီသို့ဦးတည်လာနေပြီ။
" မင်းကအမြဲတမ်းလှနေတော့တာပဲ ငါ့ကိုဆွဲဆောင်နိုင်
လွန်းတယ်လိပ်ပြာ..."
" နင်ကများရာရာစစ ငါ့နာမည်ကိုခေါ်ရဲတယ် ငါ့လမ်းငါသွားပါရစေ မနှောင့်ယှက်ပါနဲ့ ယဉ်ယဉ်ကျေးကျေးပြောနေတာပါ "
" ကြိုက်တယ် အဲ့ဒါမျိုးကိုမှကြိုက်တာ "
" ပြဿနာပဲ ငါ့ရှေ့ကဖယ်နော် မဖယ်ရင် လုံခြုံရေးခေါ်လိုက်မယ် ဘာမှတ်နေလဲ"
" ဟား ဟား ... မင်းကိုကိုယ်ထိလက်ရောက်စော်ကားနေလို့လား၊ လူပျို အပျို မကြိုက်ရဘူးလို့ ဘယ်ဥပဒေမှမထုတ်ထားဘူး သိလား "
" ဒီမှာ နင်နဲ့အချန်ဖြုန်းဖို့ ငါ့မှာစိတ်ကူးမရှိသလို မိဘ လုပ်စာထိုင်စားပြီး ဘာအလုပ်အကိုင်မှမရှိတဲ့သူတစ်ယောက်ကို
ရှင်းပြနေလဲအပိုပဲဆိုတာ ငါသိတယ်၊ ဒီလောက်ပြောနေတာ ရှက်တတ်ရက်လဲသေလို့ရတယ် "
လိပ်ပြာလည်း စကားကုန် ပြောပြီးသည်နှင့်ဆိုင်ကယ်ကိုမောင်းကာ ထွက်လာခဲ့တော့၏။
" မင်းကမလွယ်ကျောပဲ မင်းထက်အာကာ ဆိုတဲ့ငါကလည်းအဲ့တာမျိုးကိုမှကြိုက်တာ "
လမ်းမှာကြက်ကြော်ဆိုင်သို့ဝင်ကာ ကြီးခင်မှာသည့်
ကြက်ကြော်ဝင်ဝယ်လိုက်၏။ ဆိုက်ကယ်ရပ်စရာနေ
ရာမရှိ၍ ဆိုင်နှင့်ခပ်လှမ်းလှမ်းတွင် ရပ်ထားခဲ့ရသည်။
ကြက်ကြော်ဝယ်ပြီး ဆိုင်ထဲမှအထွက် မိုးများတဖွဲဖွဲရွာလာတော့သည်။ အိတ်ထဲမှပါလာသော ထီးအဖြူရောင်ကိုထုတ်ကာဆောင်းလိုက်သော်လည်း ထီးဆောင်းလား မဆောင်းလားဆိုတာ မေးစရာမလို သံချေးပင် ကိုက်နေသောကြောင့်
တော်တော်နှင့်ဖွင့်မရပေ။
အဂ္ဂမောင်းလာသောကားသည် မြို့ထဲသို့အရောက် ကားလမ်းများပိတ်နေ၍ တော်တော်နှင့်မရောက်ဘဲ အရေးထဲမီးပွင့်ကမိနေသောကြောင့် ကားမှန်ချကာ အပြင်သို့လှမ်းကြည့်လိုက်ချန် မိုးများဖွဲဖွဲရွာနေ၏။
ဘေးဘီကိုဝေ့ကြည့်လိုက်တော့ မိန်းကလေးတစ်ယောက် ခါးလောက်ရှိမည်ဖြစ်သော ဆံပင်ကို မြင့်မြင်စီးနှောင်ကာ ရှပ်အကျီဖြူ နဲ့ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး
ခေါင်းပေါ်တွင်မိုးစက်မိုးပေါက်များ ကျနေတာကိုပင် မမူ့ဘဲ ထီးကိုအတင်းဖွင့်ေ ပုံမှာ သူ့မျက်လုံးထဲမှာ သဘာဝဆန်လှသည်။
မိုးရေစက်လေးများ နဖူးပေါ်သို့စီးကျချိန် လက်ဖမိုးဖြင့်လှမ်းသုတ်လိုက်စဥ် ဖြူဖွေး၍သွယ်လျသောမျက်နှာလေးက ရှင်းလျက် တစ်မျိုးဆွဲဆောင်မှုရှိနေပြန်ရာ သူငေးမော့မိလျက် ဖြစ်မှန်းမသိဖြစ်သွား၏။
ထီးကို အားယူကာဖွင့်သော်လည်းမရ။
" ဟာ ဒီမိုးကလည်း ဘယ်တော့မှတိတ်မယ်မသိဘူး ဒီထီးနဲ့တော့ခက်ပြီ "
လိပ်ပြာစိတ်ညစ်ညစ်ဖြင့် ပါးစပ်မှ ပွစိပွစိရေရွက်ကာ ထီးကိုဆက်ဖွင့်နေဆဲ...။
ထီးဖွင့်မရလို့ပါးစပ်မှ ပွစိပွစိပြောနေပုံမှာ အပြစ်ကင်းစင်သည့် ကလေးတစ်ယောက်ပမာ ကြည့်နေရင်းနဲ့ပင်
ရှည်လျားပြီး ကော့ညွှတ်သော မျက်ဝန်းတစ်စုံက သူ့ကြည့်နေစဥ် ဖျတ်ခနဲပိတ်သွားကာ ပါးစပ်မှတစ်ခုခုကို ရေရွတ်လိုက်သလို
မျက်လုံးများပြန်ဖွင့်လိုက်ချိန် ထပွင့်လာသောထီးကြောင့် ပန်းနုရောင်နှုတ်ခမ်းမှ သွားတန်းများပေါ်သည်အထိ ပြုံးရယ်လာသောကြောင့် သူဆွံ့အသွားခဲ့ရပြန်သည်။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°♥♥•°
အပိုင်း(၃) ဆက်ရန် >>>
#Ruby Linn