💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
------------------
"ဒီကိစ္စကို အခုထိတိတိကျကျမသိရသေး
ဘူးလား..."
"ဟုတ်ပါတယ် အခုထိစုံစမ်းနေဆဲပါ "
" ring ring ring... "
ထိုအချိန် အဂ္ဂ ဖုန်းဝင်လာသောကြောင့် သူ့
သခင်လေးကို တစ်ချက်ကြည့်ကာ ဖုန်းကိုင်
လိုက်သည်။
" ဟဲလို "
" အေး "
"OK"
ဖုန်းချလိုက်ပြီး သတိုးတေဇ ဘက်ပြန်လှည့်ကာ...
"သခင်လေး ဝမ်းသာစရာသတင်းပါ
ဗညားဆီက..."
"Thai ဘက်က တင်သွင်းလာတဲ့ပစ္စည်းတွေကို နယ်စပ်ဘက်က ရေထဲမှာလွင့်ပစ်ခဲ့တယ်လို့ သိရပါတယ်၊ နောက်ပြီး သင်္ဘောကအဲ့နေရာကနေလှည့်ပြန်သွားတယ်လို့ပြောပါတယ် "
"အဲ့ဒါလား...ဝမ်းသာစရာက "
"မဟုတ်ပါဘူး...ရေထဲကို ၃ ပုံ ၁ ပုံပဲကျသွား
တာပါ ကျန်တဲ့၂ ပုံကိုဆယ်မိထားတယ်လို့
ပြောပါတယ် "
"ဟွန်း..."
သူ နှုတ်ခမ်းတစ်ဖက်တွန့်ကွေးလိုက်ပြီး...
"ဒါနဲ့ ဘာကြောင့်လုပ်တာလဲ၊ မိတ်ပျက်ချင်လို့လား၊
လုပ်တဲ့သူကိုရောသိပြီးပြီလား..."
"Thai ဘက်ကမသိဘူးနဲ့တူတယ်၊ ကျွန်တော်
တို့လည်းစုံစမ်းနေပါတယ် "
" တောက် "
" ဒုတ် "
ဒေါသကြောင့် သတိလက်လွတ်ဖြင့် ကားဘီးကိုခြေထောက်ဖြင့် ဆောင့်ကန်လိုက်သည်။
"အဂ္ဂ ပစ္စည်းတွေကို ပျောက်နေသလိုပဲထား
လိုက် ဘယ်သူတွေကမူပျက်ပြီး ပျော်နေသလဲဆိုတာကြည့်ကြတာပေါ့ "
"စိတ်ချသခင်လေး ကျွန်တော်စီစဉ်လိုက်ပါ့မယ် "
မင်းတို့ စထားတဲ့ဇာတ်ကို အဆုံးမသတ်နိုင်ရင် ငါကိုယ်တိုင်သေချာအဆုံးသတ်ပေးရတာပေါ့...။
°°°°°°°°°°°
"ဟယ် မြတ်လေး ငါ့ဆီအလည်လာတာလား..."
"အေးပေါ့ တွေ့ချင်တဲ့သူကလာရတာပေါ့ "
"အဲ့လိုမခနဲ့ပါနဲ့ ဒီကအမြဲသတိရနေတာပါ
ဒါနဲ့တစ်ယောက်တည်းလား...မေမေရော တွေ့မိလား "
" ခုနမှအန်တီကဖုန်းလာလို့
ဖုန်းသွားပြောတယ် "
"သြော်... "
"ဒါနဲ့ ကားသံကြားလိုက်ပါတယ်နော် you
သူဋ္ဌေးလိုက်ပို့တာလား...ဆိုင်ကယ်ရော..."
"ဘယ်ကသာ ပြောရရင်အရှည်ကြီးပဲ၊ အခန်းထဲသွားပြောရအောင် ခဏမေမေ့ကိုသွားနှုတ်ဆက်လိုက်ဦးမယ် "
"ကဲ လာ သွားရအောင် "
လိပ်ပြာတို့နှစ်ယောက်အပေါ်ထပ်သို့ ချီတက်
လာခဲ့ကြသည်။
"ဝါး အိန်ဂျယ်တို့အခန်းကတော့ မရောက်တာကြာပေမဲ့ ဘယ်တော့မှပြောင်းလဲမသွားဘူးနော် လူကတော့မပြောတတ်ဘူး..."
"အံမယ် ညည်းနော် ကျုပ်ရောအခန်းရော
မပြောင်းလဲပါဘူး...ရှင့်စကားဘယ်ရောက်
လည်းရှင်သိရဲ့လား..."
"ကဲပါကွာ တို့ကစတာပါ၊ ခုနကတို့မေးတာ
ဖြေပါဦး..."
လိပ်ပြာတို့နှစ်ယောက်က တစ်ခါတလေ
လွတ်လွတ်လပ်လပ်စကားပြောတတ်သေးသည်။
"လိပ်ပြာလည်း အဲဒါပဲပြောချင်နေတာ...ဒီအတောအတွင်းအဖြစ်အပျက်တွေကအများကြီးဖြစ်သွားတယ် ဘယ်ကစပြီးပြောရမှန်းမသိတော့ဘူး"
"ဒါဆို ကျုပ်ပဲပြောတော့မယ်၊ ခုနကရှင့်ကို
ကားနဲ့လိုက်ပို့တဲ့နေရာကနေစပြော "
"OK လိပ်ပြာ ဒီနေ့အလုပ်က ပြန်လာတော့
လိပ်ပြာရဲ့အဟာရပြက်နေတဲ့ဆိုင်ကယ်က
ထိုးရပ်သွားတော့တာပဲ အဲ့ဒါကိုချောင်းနေတဲ့ အခွင့်အရေးသမားတွေက နှောင့်ယှက်
တော့တာပေါ့ "
" အဲ့ဒါနဲ့ပဲ ကယ်တင်ရှင်ပေါ်လာတယ်ပေါ့ "
"အင်း ...အဲ့လိုပဲပြောရမှာပေါ့ သူကူညီလို့
ကံကောင်းသွားတယ်ပြောရမယ် အခုပဲသူလိုက်ပို့ပေးတာ သူ့နာမည်က သီဟမင်းဒင် တဲ့ "
" အသက်ကြီးကြီးလား..."
"အဲ့လောက်တော့မရှိဘူးထင်တယ်ဟ၊
အသက် ၃၀ မပြည့်သေးဘူးလို့တော့
ထင်တာပဲ..."
" ထင်တာပဲလား..."
"အေး အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့သေချာတောင်မကြည့်မိလိုက်ပါဘူး..."
"သေချာမကြည့်မိလိုက်လို့ဘဲ ရှင့်ပြောစရာ
အများကြီးကဒါပဲလား..."
"ဘယ်ဟုတ်လိမ့်မလဲ အခုပြောမဲ့စကားကို
ကြားရင် ရှင်သွေးတက်သွားမလားပဲ "
"ဟင် တစ်ကယ် "
"အင်း...လိပ်ပြာပြောမဲ့စကားကို မြတ်လေး
စိတ်ဝင်စားရင်ပေါ့ "
လိပ်ပြာကမြတ်လေးကို လှမ်းပြောလိုက်ရင်း
အဝတ်အစားလဲလိုက်သည်။
မြတ်လေးလာရင် စကားပြောနေတာနဲ့ပဲ
ရေကတော်တော်နဲ့ချိုးဖြစ်မှာမဟုတ်...
ချွေးတွေနဲ့ ကပ်စေးစေးဖြစ်နေသည်မို့
ပေါ့ပေါ့ပါးပါးရှပ်အကျီနဲ့ ဘောင်းဘီပွပွ
ဝတ်လိုက်သည်။
"ကဲ ပြောတော့လေ "
"ပြောပါ့မယ် ရှင်သိရင် အနည်းဆုံးတော့
အံ့သြမှာသေချာတယ် "
"အမလေးဟယ် စျေးကိုင်လိုက်တာနော်
နားတောင်မထောင်ချင်တော့ဘူး..."
"လိပ်ပြာ ရဲ့ သူဋ္ဌေးနာမည်က ဦးသတိုးတေဇတဲ့၊ မြတ်လေးကိုမပြောရသေးဘူးနော် "
" အင်း..."
"သူပေးလာတဲ့ အလုပ်တွေကို အလုပ်တွေ
လို့ကိုမသက်မှတ်ပဲ အကောင်းဆုံးလုပ်
ခဲ့တာပါ လိပ်ပြာအချောင်မခိုတတ်ဘူး
ဆိုတာရှင်လည်းသိမှာပါ သူကတော့
လိပ်ပြာဘာလုပ်လုပ်အကောင်းမြင်တယ်
လို့ကိုမရှိဘူး...အမြဲအပြစ်ရှာနေတာပဲ
အဲ့ဒါဘာကြောင့်လို့ထင်လဲ မြတ်လေး..."
"အင်း..ဇီဇာကြောင်လို့နေမှာပေါ့ "
"NO လုံးဝမဟုတ်ဘူး သူကဘာပြောတယ်
မှတ်လဲ "
" ဟင် ဘာပြောလဲ "
မြတ်လေးက စိတ်ဝင်စားသည့်သဘောဖြင့်
လိပ်ပြာကိုစူးစိုက်ကြည့်နေသည်။
"မုန်းလို့ မုန်းလို့ " တဲ့
"ဟေ ဘယ်လို "
မြတ်လေးကပြောရင်း သက်ပြင်းသဲ့သဲ့
ချလိုက်ပြီးမှ...
"နင်နဲ့ရန်ငြိုးရှိလို့လား..."
"ဘယ်ကသာ ရန်ငြိုးရှိရမှာလဲ ငါ့အကြောင်း
သိရဲ့သားနဲ့... "
"ဒါဆို သူ့ဘက်က တစ်ဖက်သက်ဘာတွေ
အငြိုးထားနေမှန်းမှမသိနိုင်တာ..."
" အေးလေဟယ် မသိတော့ပါဘူး..."
လိပ်ပြာကခုတင်ပေါ်လှဲချလိုက်ပြီး လေအေးလေးနဲ့ပြောလိုက်သည်။
"လိပ်ပြာ ငါသိပြီ...လူတွေကတစ်ယောက်တစ်မျိုးစီနဲ့ရူးနေကြတာမလား...သူလည်းအဲ့ဒါပဲနေမှာပေါ့"
"ဟား...ဟား..."
မြတ်လေးက သူ့ခေါင်းသူလက်ညှိုးထိုးပြရင်း ပြောနေတာမို့
လိပ်ပြာတို့နှစ်ယောက်လုံး အားရပါးရ ရယ်လိုက်ကြသည်။ တစ်နေကုန် ပင်ပန်းလာသမျှ မြတ်လေးနှင့် စကားခဏပြောလိုက်တာနဲ့ အမောပြေသွား
ရသည်။
ဒါကြောင့် ၁၅၀၀ အချစ်ထက် ၅၂၈ မေတ္တာက
ပိုပြီးခိုင်မြဲတယ်၊ သစ္စာရှိတယ်၊ ခိုင်မြဲတယ်လို့ပြောကြတာကို...။
"သြော် ဒါနဲ့ ဟိုမင်း...မင်းဘယ်သူ သူရော
အိန်ဂျယ်ကိုနှောင့်ယှက်သေးလား..."
"ဟူး...မပြောချင်တော့ပါဘူး အခုရက်ပိုင်းသူပျောက်နေတယ် ရှေ့ရက်တွေတုန်းက သူ့
ကြောင့် သူဋ္ဌေးနဲ့ခဏခဏပြဿနာတက်
တယ်လေ ဘယ်လောက်ပြောပြောအမှတ်
မရှိပါဘူး..."
မြတ်လေးက ထိုင်လျက်ကနေ လိပ်ပြာဘေးနားလှဲချလိုက်ပြီး...
"အိန်ဂျယ် သတိတော့ထားနော်၊ သူနဲ့စတွေ့တဲ့နေ့တုန်းက သူဋ္ဌေးသားပုံစံနဲ့ ဘာအလုပ်မှ
မယ်မယ်ရရလုပ်မဲ့ပုံမပေါ်ဘူး...နောက်ပြီး
ငါပိုက်ဆံရှိတယ်ဆိုပြီး ဘာလုပ်လုပ်ရတယ်
စည်းတွေဘောင်တွေနားမလည်ဘူး ငါ
လိုချင်တာရအောင်ယူမယ်ဆိုတဲ့ အထဲမှာ
ပါမှန်းကြည့်လိုက်တာနဲ့သိတယ်...၊
ထောင့်မကျိုးပုံမကျနဲ့ပါ ဒါနဲ့သူ့နာမည်က "
"မင်းထက်အာကာလေ စိတ်ချပါသူ့အကြောင်းကို လိပ်ပြာလည်းကြည့်လိုက်တာနဲ့သိပါတယ်၊
သူ့အကြောင်းပြောရရင် ကုန်မှာတောင်မဟုတ်ဘူး၊ ဟိုတစ်ခါကလည်းကံကောင်းလို့ ကားတင်ပြေး
ပြီလို့တောင်အောက်မေ့တာ..."
"ဟုတ်လား...အဲဒါကြောင့် လူဆိုးလူကောင်း
ဆိုပြီး ဂျိုပေါက်နေမှခွဲလို့ရတာမဟုတ်ဘူး
လူတစ်ယောက်ရဲ့ရုပ်ဆင်းသွင်ပြင်ရူပ
လက္ခဏာကိုကြည့်လိုက်တာနဲ့ ခွဲခြားလို့
ရတဲ့သူတွေလည်းရှိပါတယ်လို့ "
" ဟုတ်ပါပြီ ဆရာမကြီးရယ်..."
လိပ်ပြာက မြတ်လေးကို မင်းထက်အာကာ
အကြောင်းပြောပြဖူးသည်မို့ မြတ်လေးက
တွေ့ဖူးချင်တာနဲ့ တစ်ခါပြဖူးတာကြောင့် လူကိုတော့တွေ့ဖူးပေမဲ့ နာမည်ကိုတော့ မရင်းနှီးဘူးဖြစ်နေသည်။
"ဒါနဲ့ အိန်ဂျယ်အလုပ်မှာရော အဆင်ပြေရဲ့လား "
"အဆင်မပြေတာရှိရင်တောင် အလုပ်ထွက်ချင်တိုင်းထွက်လို့ရတာမှမဟုတ်တာ "
"ဘာ ဘယ်လို "
မြတ်လေးက ပက်လက်အနေအထားမှ ဝမ်းလျားမှောက်လိုက်ပြီး လက်တစ်ဖက်ထောက်ကာ လိပ်ပြာကိုမေးလိုက်သည်။
" ဟုတ်တယ် "
"ဘာဖြစ်လို့ "
"သူကလိပ်ပြာကို ချည်ပြီးတုတ်ပြီးတော့မှ
အလုပ်ခန့်တယ်လို့ပြောလို့ရတယ်၊ နင်ပဲ
စဉ်းစားကြည့် ၁လကို ၃ သိန်းပေးပြီး
အလုပ်ခန့်တယ်...ဒါပေမဲ့အကြောင်း
တစ်စုံတစ်ရာကြောင့် တစ်နှစ်အတွင်း
အလုပ်ထွက်ခဲ့ရင် အဲ့တစ်နှစ်စာပြန်လျော်
ရမယ်တဲ့ "
"ဟေ နင်ကယုတ်တီမရှိတဲ့ကိစ္စကို လက်ခံခဲ့
တာပဲလား...."
လိပ်ပြာက လှဲနေရာမှထထိုင်လိုက်ပြီး...
"နင်ပဲအပြောကောင်း...သူကအလုပ်
ခန့်ပြီးမှ ချည်ပြီးတုတ်ပြီးပြောတာလေ
အဲ့တော့ငါကဘာသွားလုပ်လို့ရမှာလဲ..."
"ဒီကိစ္စကို အန်တီတို့ရောသိရဲ့လား...
နင့်ပုံစံကြည့်ရတာ သိမဲ့ပုံလည်းမပေါ်ပါဘူး...
ဘာပဲဖြစ်ဖြစ် နင်မလုပ်ချင်တော့ဘူး စိတ်မပါတော့ဘူးဆိုရ င်ငါတို့ကိုလည်းပြောပေါ့
ငါအပြစ်လည်းမကင်းပါဘူး..."
"မဟုတ်တာ "
"ဒါနဲ့ ဒီကိစ္စကိုစိုင်းရောသိရဲ့လား..."
" ဟင့်အင်း..."
"ငါလည်း ရင်လေးပါတယ်၊ သူနဲ့သာအဆင်
မပြေတာပါ ကျန်တာအကုန်အဆင်ပြေတယ်၊ ရှင်နဲ့စကားပြောရတာလေ တစ်ကယ်ရင်ထဲပေါ့သွားတာပဲ ရှင်ရောအဆင်ပြေတယ်မလား "
မြတ်လေးက ခဏငြိမ်သက်နေပြီးမှ...
" ဟင်း...တော်ပါပြီ ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ နောက်မှပဲရင်ဖွင့်တော့မယ် သွားပြီ "
"ဟယ် နေပါဦး...စကားပြောလို့တောင်မဝ
သေးဘူးပြန်ဖို့ကစပြီ "
"မဟုတ်ဘူး...အိမ်မှာအလုပ်လေးတွေကျန်သေးလို့ နမို့ဆိုကျုပ်အကြောင်းမသိတာကျနေတာပဲ "
"ဟုက်ပါပြီ အလျှောက်ကောင်းတော့လည်း
အထောင်းသက်သာသွားတာပေါ့ လာ
အိမ်ပေါက်ဝအထိလိုက်ပို့ပေးမယ် "
°°°°°°°°°°°°°°°°
မြတ်လေးကို အပေါက်ဝအထိ လိုက်ပို့ပေးပြီးအိမ်ထဲပြန်အဝင်...
"အိန်ဂျယ် မြတ်လေးပြန်သွားပြီလား..."
"ဟုတ်ကဲ့မေမေ အခုပဲအပေါက်ဝအထိလိုက်
ပို့ပေးလိုက်တာ...ဒါနဲ့တီလေးရော အခုတလောမတွေ့ပါလား..ဘယ်သွားနေတာလဲဟင် "
"ဟုတ်ပါ့ တိုးတိုးတိတ်တိတ်နဲ့ ဘာတွေလုပ်
နေမှန်းမသိပါဘူး..."
မေမေနဲ့စကားပြောရင်း ဧည့်ခန်းထဲသို့ဝင်လာခဲ့သည်။
"သမီးကိုမေမေပြောရဦးမယ် ခုနကပဲဘန်ကောက်က သမီးအန်တီလေးဖုန်းဆက်လာတယ် "
"ဘန်ကောက်က အန်တီစံပယ်မလားဟင် "
"တော်သေးတာပေါ့ သမီးမှတ်မိသေးလို့
မတွေ့ဖြစ်ကြတာ ၁၀ နှစ်ကျော်နေပြီလေ "
"ဟုတ်တယ်နော် crystal လေးတောင် လိပ်ပြာကိုမှတ်မိပါ့မလားမသိဘူးနော် မေမေ "
"အေးလေ သူတို့အလုပ်ကလည်း ဟိုမှာဆိုတော့ မအားလပ်ကြတာနေမှာ ဒါပေမဲ့ ဒီလကုန်ရင် ဒီကိုအလည်သဘောနဲ့ပြန်လာကြမယ်ပြောတယ်"
"ဟုတ်လား လိပ်ပြာလည်း crystal လေးကို
သတိရနေတာနဲ့အတော်ပဲ၊ ဒါနဲ့အန်တီလေးတို့ဒီမှာနေမှာမဟုတ်လားဟင် "
"အဲဒါတော့ မေမေလည်းသေချာမသိဘူး...
ဒီမြို့မှာစံပယ့်ယောက်ျားအိမ်ရှိတယ်လို့
တော့ပြောတာပဲ..."
" သြော်..."
"စကားကောင်းနေလိုက်တာ သွားရေသွားချိုးချည် ချွေးစော်နံတယ် "
"မေမေကလည်း မွ "
လိပ်ပြာမေမေ့ပါးကို တစ်ချက်နမ်းလိုက်ပြီး
အပေါ်ထပ်သို့တက်လာခဲ့သည်။
အန်တီလေးက အိမ်ထောင်မကျခင်ကတည်းကဘန်ကောက်မှာနေလာတာလေ...စက်ပစ္စည်း
ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ရင်းပေါ့၊ အခုတော့ အဲ့စက်ပစ္စည်းကုမ္ပဏီက အန်တီလေးအပိုင်ဖြစ်လာခဲ့ပြီး ဖုန်းအရောင်းဆိုင်အကြီးကြီးတစ်ခုကိုပါပိုင်ဆိုင်နေပြီလို့သိရတယ်...crystal လေး
လည်း အဲ့မှာပဲမွေးခဲ့ပေမဲ့ crystal လေးကမြန်မာစကားကို ကောင်းကောင်းပြောတတ်တယ်။
အန်တီလေးကြောင့်လို့ပဲပြောရမလား...၊
အန်တီလေးယောက်ျားကလည်း မြန်မာ
လူမျိုးပဲလို့သိရတယ်...အန်တီလေး
ယောက်ျားကို မမြင်ဖူးတဲ့အပြင် နာမည်
တောင်မကြားဖူးဘူးဆိုင်ရင် ထူးဆန်းနေ
မလား...လိပ်ပြာ ၅ နှစ် သမီးတုန်းက
တစ်ကြိမ် ၁၀ နှစ်သမီးတုန်းကတစ်ကြိမ်သာ
တွေ့ဖူးခဲ့ပေမဲ့ လိပ်ပြာအန်တီလေးကိုချစ်တယ်၊ အန်တီလေးလည်းလိပ်ပြာကိုအရမ်းချစ်တယ်လေ
ကိုယ့်မိသားစုတွေနဲ့ ပြန်စုံစည်းရမှာမို့လိပ်ပြာပျော်နေမိပါသည်။ သြော် မေမေ့ရဲ့အစ်မဒေါ်စံပယ်ဖြူကို လိပ်ပြာကချစ်စနိုးနဲ့အန်တီလေးကိုခေါ်ပါတယ်...
လူတိုင်းလူတိုင်းဟာ နောင်အနာဂတ်မှာ
ဘယ်လိုကြုံတွေ့ရမယ်ဆိုတာ မသိကြဘဲ
ကိုယ့်အတွေးနဲ့ကိုယ် ပျော်နေကြတာထုံးစံပါ။
°°°°°°°°°°°
"သခင်လေး..."
" ပြော "
"ပြင်ဦးလွင်က ခြံပိုင်ရှင်က ခုနကပဲဖုန်းဆက်လာပါတယ် မြေကွက်ကိစ္စကိုအဆင်ပြေရင်သခင်လေးနဲ့ ဒိီနေ့ဆွေးနွေးချင်ပါတယ်လို့ပြောပါတယ်...၊ မနက်ဖြန်ကစပြီးအရေးကြီးကိစ္စအတွက် တစ်လလောက်ခရီးသွားရမှာမို့လို့ပါ အခုလို
အနီးကပ်မှပြောရတဲ့အတွက်လည်းတောင်းပန်
ပါတယ်လို့ပြောခိုင်းလိုက်ပါတယ် "
"အခုပဲနေ့လည်ရောက်နေပြီ ဟိုရောက်ရင်
ညနေစောင်းမှာသေချာတယ်..."
"သခင်လေး...ကျွန်တော်ပဲသွားလိုက်ရမလား..."
"နေဦး ငါသွားလိုက်မယ် တစ်ခုခုထူးခြားမှာ
သေချာတယ်...ဟိုရောက်ရင်ဖုန်းဆက်လိုက်မယ်"
"သခင်လေး... တစ်ယောက်ထဲဖြစ်ရဲ့လား..."
"တစ်ယောက်ထဲလို့ဘယ်သူပြောလဲ
ပန်းလိပ်ပြာ ကိုပါခေါ်သွားမှာ "
" ဗျာ "
"သူ့ကိုသွားခေါ်လိုက် "
အဂ္ဂ က ခဏငြိမ်သက်နေပြီးမှ...
" ဟုတ်ကဲ့ "
"ဒီအသုပ်ကရှယ်ပဲ ဘယ်ကဝယ်လာတာလဲ "
လိပ်ပြာရှေ့တွင်ရှိသော တို့ဟူးသုပ်ကို တစ်ဇွန်းခပ်စားကာ သူမပြောလိုက်သည်။
"အစ်မ ဒါကညီမတို့လမ်းထိပ်ကဝယ်လာတာ "
"ဟုတ်လား...စားကောင်းလိုက်တာနည်းနည်းထပ်စားမယ်နော် "
" ဟုတ် ရပါတယ်စားပါ "
"မပန်းလိပ်ပြာ သခင်လေးခေါ်နေတယ် "
"ဟုတ် လာခဲ့မယ် "
ဦးသတိုးခေါ်နေတယ် ပြောတဲ့အတွက် စားလက်စဇွန်းကိုချထားခဲ့ပြီး ရုံးခန်းထဲဝင်လာခဲ့သည်။
"လိပ်ပြာကိုခေါ်တယ်ဆိုလို့ပါ "
"ဟုတ်တယ် မင်းငါနဲ့ပြင်ဦးလွင်လိုက်ရမယ် "
"ဟင် အခုလားဟင် "
"အခု အလုပ်ပြီးရင်ပြီးတဲ့အချိန်ပြန်လာမယ်၊
သွားမယ် "
လုပ်လိုက်ရင် သူဋ္ဌေးဆိုပြီး သူဖြစ်ချင်တဲ့အတိုင်း သူများဆန္ဒမမေးမြန်းဘဲ လုပ်ချင်ရာလုပ်တက်တဲ့အကျင့်ဟာ ဘယ်သူ့ဆီကအမွေရခဲ့တာပါလိမ့်။
"ငါဒရိုင်ဘာမဟုက်ဘူး ရှေ့မှာလာထိုင် "
"ဟုတ်ကဲ့ "
လိပ်ပြာက ကားနောက်ခန်းတံခါးကို ဖွင့်နေစဉ် သူ့အသံကြားလာသည့်အတွက် လက်တွန့်သွားကာ ကားတံခါးကို ပြန်ပိတ်လိုက်ပြီးရှေ့ခန်းတွင်ဝင်ထိုင်လိုက်သည်။ ကားလေးကတဖြည်းဖြည်း မြို့အလွန်ရောက်လာခဲ့ပြီ။ နေ့လည်တုန်းက
ထမင်းတစ်လုပ်နှစ်လုပ်ပဲ စားခဲ့တာမို့ ဗိုက်ကတဂွိဂွိနှင့်ဆန္ဒပြနေသည်။
မြို့အလွန်ကျော်လာခဲ့တာမို့ စားသောက်ဆိုင် ထမင်းဆိုင်တွေကိုမတွေ့ရတော့ဘဲ မြတ်ခင်းပြင်စိမ်းစိမ်းနဲ့ ပြာလဲ့နေတဲ့ကောင်းကင်ကြီးကိုသာမြင်တွေ့နေရသည်။ စိတ်အာရုံပြောင်းလိုပြောင်းငြား မျက်စိမှိတ်ကာလိုက်ပါလာခဲ့သည်။
လိပ်ပြာရဲ့ အိမ်မက်ထဲမှာတော့ ကြက်ပေါင်ကြီး ပုဇွန်ထုပ်ကြီးများကို မြိန်ရေယှက်ရေစားနေရ၏။ ဘယ်လောက်ကောင်းလိုက်သလဲ...။
သူမကို တစ်ချက်ငဲ့ကြည့်လိုက်စဉ် သူအမြင်
မမှားဘူးဆိုရင် သူမအိပ်နေရင်းနဲ့ပြုံးနေတာ
သေချာတယ်...ဘာပဲဖြစ်ဖြစ်သူ့ဆီမှာအလုပ်လုပ်နေတဲ့ ကာလအတွင်း သူမပြုံးတာတစ်ခါမှ မမြင်ဖူးတာအမှန်ပင်၊ ဘာတွေများအိမ်မက်မက်ပြီး ပြုံးနေတာပါလိမ့်...။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°♥♥•°
အပိုင်း(၁၉) ဆက်ရန် >>>
#Ruby Linn