book

Index 17

အပိုင်း (၁၇)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်

                                (or)

            အချစ်များဖြင့်ဖန်ဆင်းမည် 💖

----------------


မနေ့ညက ဆေးသောက်ပြီး စောစောအိပ်

လိုက်လို့လားမသိ ဒီနေ့မနက်ခေါင်းကြည်လင်ပြီး လန်းဆန်းစွာ နိုးထလာခဲ့သည်။ ထိုအချိန်

မစဉ်းစားဘဲ ခေါင်းထဲဝင်လာသော ဖြစ်ရပ်

တစ်ခုကြောင့် ရုတ်တရက်ခေါင်းကိုက်လာ

သလိုပင်၊ ဖီးလိမ်းပြင်ဆင်ပြီး သူမအောက်

သို့ဆင်းလာခဲ့သည်။ 


"အိန်ဂျယ် နေကောင်းသွားပြီလား...၊ မေမေက အစောကြီးနိုးမယ်လို့တောင်မထင်ဘူး..."


"ဟုတ်ကဲ့ နေကောင်းသွားပါပြီ၊ လိပ်ပြာ

 အလုပ်သွားလိုက်ဦးမယ်မေမေ "


"အလုပ်သွားမလို့လား...ဒီနေ့တစ်ရက်လောက်တော့နားလိုက်ပါလား၊ အရှင်းပျောက်သွားအောင်"


"ရပါတယ် ဖေဖေခြံထဲမသွားသေးတာလား..."


 ချွဲနွဲ့ ကာ ရင်ခွင်ထဲဝင်လာတဲ့သမီးလေးကို 

 မေတ္တာတွေ လွှမ်းခြုံထားတဲ့ ရင်ခွင်နှင့်အတူ နွေးထွေးလှတဲ့လက်တွေက တင်းကျပ်စွာ ဖက်ထားလိုက်သည်။


"အင်းပေါ့ သမီးလေးနေမကောင်းဘူးလို့

 သမီးမေမေက ဖေဖေ့ကိုပြောလို့လေ...၊ 

 ညတုန်းက လာကြည့်သေးတယ် သမီး

 လေးကအိမ်နေတာနဲ့ ဖေဖေပြန်ထွက်လာ

 ခဲ့တာ...."


"ဟုတ်လား...ကျေးဇူးပါဖေဖေ၊ ဖေဖေနဲ့မေမေရဲ့ မေတ္တာတွေကြောင့် သမီးနေကောင်းသွားပါပြီ၊ hotel မှာအရေးတကြီးလုပ်စရာရှိလို့သွားရမှာမို့လို့ပါ "


 "ကဲ တားလို့လဲရမှာမဟုတ်ပါဘူး...ဒါပေမဲ့

 နေမကောင်းဘူးလို့ထင်ရင် ချက်ချင်းပြန်လာခဲ့နော်..."


" ဟုတ်ကဲ့ရှင့် "


"ဟဲတော် အတော်ပဲ သားစိုင်းပါလား...."


"ဟုတ်ကဲ့ အန်ကယ်လည်းရှိနေတာပဲ၊ 

 လိပ်ပြာကိုလာကြည့်တာပါ..."


"နေကောင်းသွားပါပြီ ဒါနဲ့စိုင်းအားလား...

 လိပ်ပြာကိုအလုပ်လိုက်ပို့ပေးပါလား..."


"လိပ်ပြာဖြစ်ရဲ့လား..."


"ရပါတယ် သိပ်ဖြစ် "


"ကဲ တွေ့လား... မင်းသူငယ်ချင်းခေါင်းမာတာ အန်တီတို့လည်းနားခိုင်းတာကို မနားဘူး..."


" မေမေကလည်း..."


"ဂရုစိုက်သွားကြဦးနော် "


"ဟုက်ကဲ့ "


ပြိုင်တူအော်ရင်းအိမ်ထဲမှထွက်လာခဲ့ကြသည်။ 


°°°°°°°°°°


လူပုံရိပ်တွေ အော်သံတွေ ငိုကြွေးသံတွေ

ဖန်ခွက်ကွဲသံတွေ နောက် မျက်ရည်တွေနဲ့

လူတစ်ယောက်စကားပြောနေသည်။ သူ့

ရင်ထဲ ဘယ်လောက်တောင် ခံစားနေလိုက်မလဲ။ 


"အား....မဟုတ်ဘူး.... ဟင့်အင်း...

 မထားခဲ့ပါနဲ့.... "


အလန့်တကြားဖြင့် အိမ်မက်မှနိုးလာချိန်

တစ်ကိုယ်လုံး ချွေးစီးများထွက်ကာ မော

ဟိုက်နေသည်။ သတိုးတေဇ သူ့မျက်နှာကိုလက်ခုံဖြင့် ပွတ်ကြည့်တော့ မျက်ရည်များကစိုရွှဲနေသည်။


အခုတလော ဒီအိမ်မက်ဆိုးဒီအဖြစ်အပျက်

ဆိုးကြီးကို မကြာခဏမက်နေတာ ရက်စိပ်

လာပြီ။ ရက်စိပ်လာတာနဲ့အမျှ အိမ်မက်က

နိုးလာတိုင်း ဒီရင်ဘက်ကြီးတစ်ခုလုံးက ဟာ

ကျန်နေခဲ့ပြီး နှလုံးသားတစ်ခုလုံး စုပ်ညှစ် 

ထားသလို မောဟိုက်နေရသည်။ ဒီအဖြစ်

အပျက်ဆိုးကြီးထဲကနေ လွတ်မြောက်ချင်

လို့ ရုန်းထွက်တိုင်း ပိုပြီးနစ်ဝင်သွားလေ

ဖြစ်သည်။ ဘယ်သူကများ ဒိီအဖြစ်ဆိုးကြီး

ထဲကနေ ဆွဲထုတ်ပေးနိုင်မလဲ...။ 


°°°°°°°°°°°°


ဒီနေ့ hotel ကိုထွက်လာခဲ့စဉ် စိတ်တွေက

ပျံ့လွင့်နေသည်။ လူတစ်ကိုယ်လုံး ထိုင်းမှိုင်း

ကာ အသိစိတ်ကင်းလွတ်ချင်နေသလို ခံစား

ရသည်။ 


လိပ်ပြာဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ

ချပြီး hotel ထဲသို့ လှမ်းဝင်လာခဲ့သည်။ 


"လိပ်ပြာ နေကောင်းရဲ့လား..."


"ဟုတ်ကဲ့အစ်မ သူဋ္ဌေးရောက်ပြီလား..."


"အင်း ခုနကမှရောက်တာ "


"ဒေါက် ဒေါက် "


" ဝင်ခဲ့ "


"ဟို ဦးသတိုး လိပ်ပြာပြောစရာရှိလို့ပါ "


"အင်း အတော်ပဲ ငါလည်းအခုပဲမင်းကိုမေး

 တော့မလို့၊ အစည်းအဝေးလုပ်မယ် အားလုံးပြင်ဆင်ထားလိုက် "


" ရှင်! "


"မကြားလိုက်ဘူးလား..."


"သြော် ဟုတ်ကဲ့အစည်းအဝေး..."


"ဟုက်တယ် သွားတော့ "


ပြောမယ်ဆိုပြီး တန်းစီထားတဲ့လိပ်ပြာစကားလုံးများ သူ့စကားလုံးအောက်တွင် ပျောက်ရှသွားရသည်။


"အစ်မသော်တာ ဝန်ထမ်းတွေကိုအစည်းအဝေးရှိတယ်လို့ပြောပေးပါ၊ အခုနော် နောက်ပြီး အစ်မလည်း

 အစည်းအဝေးခန်းထဲကိုလာခဲ့နော်..."


"အစ်မ ပြောလိုက်မယ်နော် "


အစည်းအဝေးခန်းထဲသို့ သွားကာ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ဦးသတိုးကိုသွားအကြောင်းကြားလိုက်သည်။ 


" ထိုင်ကြပါ "


ဦးသတိုး အခန်းထဲသို့ ဝင်လာသည့်အတွက်

အကုန်လုံး မတ်တပ်ရပ်ကာ အရိုအသေပေး

ကြသည့်အတွက် လက်ကာပြပြီးထိုင်ရန်

ပြောလိုက်သည်။


"အခုအစည်းအဝေးခေါ်တဲ့ကိစ္စကတော့ 

ဟိုတစ်ခါ hotel မှာ ဖြစ်သွားတဲ့ကိစ္စအတွက်

ပဲ...အားလုံးပဲမှတ်မိကြမယ်ထင်တယ်၊ 

ပြောချင်တာက ကိုယ့်တာဝန်ကိုယ်အပြည့်

ယူပြီး ကိုယ့်ရဲ့ ကိုယ်ကျင့်တရားနဲ့ hotel ရဲ့

ဂုဏ်သိက္ခာကို ထိန်းသိမ်းစေချင်ပါတယ်...

ကိုယ့်တာဝန်ကို ကျေပွန်အောင်လုပ်ရင်

ဘယ်အရာကိုမှ မကြောက်ပဲရဲရဲဝံ့ဝံ့ရင်

ဆိုင်ဖြေရှင်းနိုင်မှာပါ၊ ဘာအခက်အခဲ

ရှိရှိ ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်၊ 

လုပ်ပေးနိုင်တဲ့ကိစ္စဆို လုပ်ပေးမှာပါ၊ 

ကဲ ဒီလောက်ပါပဲ ပန်းလိပ်ပြာ... ပန်းလိပ်ပြာ "


" ရှင်! "


လိပ်ပြာ ဘေးကတစ်ယောက်ရဲ့ လက်တို့မှု

ကြောင့် အလန့်တကြားထူးလိုက်မိသည်။


"ဘာပြောစရာရှိသေးလဲ..."


"ဟို မရှိတော့ပါဘူး...သူဋ္ဌေးပြောသွားတာ

 အားလုံးပြည့်စုံပါတယ်..."


"ဒါဆို အစည်းအဝေးပြီးပြီ၊ ကိုယ့်နေရာကိုယ်ပြန်လို့ရပြီ "


ဦးသတိုးက အရင်ဆုံးထွက်သွားသည်မို့

လိပ်ပြာလည်း အားလုံးကို တစ်ချက်ဝေ့ကြည့်ကာ နှုတ်ဆက်ထွက်လာခဲ့သည်။


လိပ်ပြာသိချင်နေတဲ့ မေးခွန်းတစ်ခွန်းအတွက် အဖြေကို မေးရဦးမှာမို့ ဦးစိတ်ပုတ်ကြီးအားမဲ့အချိန်ကိုသာ ချောင်းနေမိသည်။အလုပ်စားပွဲရှေ့တွင် ရပ်နေပေမဲ့ ဘယ်ကစပြောရမှန်းမသိဖြစ်နေစဉ်...


"သခင်လေး... ကျွန်တော်အဂ္ဂပါ ဝင်ခဲ့မယ်နော်"


"ဟို ကျွန်တော်ပြောစရာရှိလို့ပါ..."


ကိုအဂ္ဂက ပြောစရာရှိလို့ဆိုပြီး လိပ်ပြာကို

တစ်ချက်ကြည့်ကာ ပြောလိုက်သောကြောင့်

သူမပခုံးတစ်ချက်တွန့်သွားရသည်။ 


"ဟို လိပ်ပြာအပြင်မှာ လုပ်စရာရှိတာသွား

 လုပ်လိုက်ဦးမယ်..."


ဦးစိတ်ပုတ်က ခေါင်းဆတ်ပြကာ ခွင့်ပြု

လိုက်သည့်အတွက် အခန်းတံခါးဖွင့်ကာ

အပြင်သို့ထွက်သွားလိုက်၏။ 


"သခင်လေး... Thai ကပို့လာတဲ့ပစ္စည်းတွေ

ဆိပ်ကမ်းကို ခုထိရောက်မလာလို့ပါ "


 " ဘာပြောလိုက်တာ "


ဆတ်ခနဲဆို ထိုင်ရာမှထကာ အံကြိတ်သံ

ဖြင့်ပြောလိုက်သည်။ 


"ဟုတ်ပါတယ် သခင်လေးနယ်စပ်ကနေဖြတ်လာတဲ့တစ်လျှောက် တစ်နေရာမှာပြက်ကျန်ခဲ့လားဆိုတာ ကျွန်တော်တို့လူတွေကိုစုံစမ်းခိုင်းထားပါတယ်..."


"Thai က ပို့လိုက်တာဆို တန်ဖိုးကနည်းတာ

 မဟုတ်ဘူး...၊ ထောင်ဂဏန်းပဲသေချာပေါက် နေ့မကူးဘဲရှာတွေ့မှဖြစ်မယ်၊  တစ်ယောက်ယောက်လက်ချက်ဖြစ်ကြည့်လိုက်စမ်း..."


ဒေါသအရိပ်အယောင် ဖုံးလွှမ်းနေတဲ့ မျက်နှာဖြင့် ပြောလိုက်ပြီး နဖူးပေါ်မှဆံပင်တွေကို ဆတ်ခနဲ ပင့်တင်ကာ နေရာမှထွက်သွားသည်။


ဟင် သူဘယ်သွားတာလဲ...အဲဒါလဲ

 ကောင်းတာပဲ၊ မျက်စိရှေ့မှာမရှိတော့

 အပြစ်မရှိအပြစ်ရှာတဲ့ရန်က လွတ်တာ

 ပေါ့၊ လူတစ်ယောက်ရဲ့ အမုန်းကိုခံရတဲ့

 သူက သေချာတာကတော့ မကြာခင်မှာပဲ

 လူဆယ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို

 ရရှိတော့မှာပါပဲ...လူတစ်ယောက်ရဲ့

 အမုန်းက တော်တော်ခံရခတ်

 ပါလား မသိခဲ့ရင်တော့ တော်တာပေါ့၊ 

 ဟူး....ခေါင်းထဲက ထုတ်လိုက်တာပဲကောင်းပါတယ်...နမို့ဆိုခေါင်းလေးတာပဲအဖက်တင်တယ်...။ 


တစ်ယောက်တည်း ရေရွတ်ရင်း ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက် ဖျောင်းဖျလိုက်ဖြစ်နေသော ပန်းလိပ်ပြာ အရူးလေးလို ဖြစ်နေပါတော့သည်။ 


°°°°°°°°°°°°°°°°


လိပ်ပြာလည်း ဂိုထောင်ထဲတွင်ရှိသော

ဆိုင်ကယ်လေးကို ထုတ်ယူကာ ထွက်

လာခဲ့သည်။ ဒီနေ့တော့ ဘာစိတ်ညစ်

စရာမှမရှိဘဲ ပေါ့ပါးလွတ်လပ်နေပါသည်။


" ဒုတ် "


"ဟယ် ဘာဖြစ်သွားတာလဲမသိဘူး..."


လမ်းဘေးတစ်နေရာတွင် ဆိုင်ကယ်က

ဒုတ်ခနဲဆို မြည်ကာ ထိုးရပ်သွားသော

ကြောင့် လိပ်ပြာဆင်းကြည့်လိုက်သည်။


"ဟာ ဆီပျက်သွားတာပဲ "


"ဟုတ်တာပေါ့ ဂိုထောင်ထဲမှာ နှစ်ရက်လောက်အောင်းနေရတော့ ကလေးလေးဗိုက်ဆာပြီပေါ့၊ အဲဒါမှ

 ပြဿနာပဲ ဒီနေရာရောက်မှပျက်သွားရတယ်လို့ လူကခပ်ပြက်ပြက်ရယ်..."


လိပ်ပြာလည်း ထိုနေရာနှင့်ဝေးနိုင်သမျှဝေး

ရန် မြန်မြန်ပင်ဆိုင်ကယ်ကို တွန်းလာခဲ့သည်။ 


ထိုအချိန် ဘယ်ကမှန်းမသိတဲ့ လူတစ်စုက

လိပ်ပြာနား ရစ်သီရစ်သီလုပ်နေသည်မို့

ထိတ်သွားရကာ ဖုန်းကိုအလျှင်အမြန်ပင်

နှိပ်လိုက်သည်။


"ဟာ ကျစ် ဖုန်းဘေလ်က အရေးထဲ

 ဘာလို့ကုန်သွားရတာလဲ "


"မဖြစ်ဘူး ဟန်ဆောင်ပန်ဆောင်တော့

 ဆက်ပြရမယ် "


"ဟဲလို အင်း စောင့်နေတယ်လာခဲ့နော်

 မြန်မြန်...အင်း"


"ဟိတ် ကောင်မလေးဘယ်ကိုဆက်နေတာလဲ ကိုယ်တို့ကူညီပေးမှာပေါ့ "


"ရပါတယ် ကျွန်မဖုန်းဆက်ထားတယ်

 အခုပဲလာခဲ့မယ်တဲ့ ကျေးဇူးပါပဲ..."


လိပ်ပြာလည်း ခပ်ပြက်ပြက်ပြောပြီး

ချာခနဲလှည့်ထွက်လိုက်စဉ်...


"အား... လွှတ်...ဘာလုပ်တာလဲ လာကြပါဦး..."


ထိုလူက လိပ်ပြာလက်ကို ခပ်ကြမ်းကြမ်း

ဆုပ်ဖမ်းထားလိုက်သောကြောင့် လိပ်ပြာ

လက်အောင့်သွားရသည်။ လိပ်ပြာလက်

ကို ဆောင့်ရုန်းပစ်သော်လည်းမရ...။ 


"ကောင်းမလေး မင်းငယ်ပါသေးတယ်

 မင်းဖုန်းစုတ်ကြီးနဲ့ ဘယ်သူ့ကိုခေါ်နေတာ

 လဲ ငါတို့ကိုကလေးတွေများမှတ်နေလား...."


ထိုလူကိုင်ထားတဲ့ လိပ်ပြာလက်က နာကျင်

လာရသည်။ တွန်းထိုးကာ ဆောင်းရုန်းသော်

လည်း အချည်းနှီးသာ...။


" ကယ်ကြပါဦး..."


"အော်မနေနဲ့ အစ်ကိုကြီးတို့နဲ့ခဏလိုက်ခဲ့ပါ

 ပြန်လိုက်ပို့ပေးမှာပေါ့ "


လိပ်ပြာဘဝမှာ တစ်မျိုးမဟုတ်တစ်မျိုး

ပြဿနာတွေနဲ့ကြုံနေရပါလား...။

လောကကြီးရယ် လိပ်ပြာကိုဒီလောက်ပဲ

စမ်းသပ်ပါတော့...။ 


ပြောင်လက်နေသော အနက်ရောင်ကား

တစ်စီးက လိပ်ပြာတို့ရှိရာ လမ်းသွယ်ထဲ

သို့ချိုးဝင်လာသည်။ 


" ရှေ့မှာ ဘာဖြစ်နေတာလဲ "


အနက်ရောင် လေးထောင့်နေကာမျက်မှန်ကြီးကို တပ်ဆင်ထားသော လူတစ်ယောက်က မောင်းသူနေရာတွင်ရှိသော သူကိုလှမ်းမေးလိုက်ခြင်းပင်။ 


" အရှေ့မှာ မိန်းကလေးတစ်ယောက်နဲ့

 ပြဿနာဖြစ်နေကြတာပါ သူဋ္ဌေး..."


သူ့ကိုအရှေ့မှာရှိနေတဲ့ အရာတစ်ခုက

ညှို့ ငင်ဆွဲခေါ်နေသလိုမျိုး ခံစားနေရတယ်

ဘာကြောင့်များပါလိမ့်။ 


" ကားရပ်လိုက် "


လိပ်ပြာတို့ရှေ့တွင် အနက်ရောင်ပြောင်ရွှဲ

နေတဲ့ ကားကြီးတစ်စိီးက ထိုးရပ်သွားသည့်

အတွက် အားတက်သွားကာ...


" ကူညီကြပါဦး...ဒီမှာလိပ်ပြာကို နှောင့်ယှက်နေလို့ပါ "


လိပ်ပြာ ကားဆီကြည့်လိုက်တဲ့အချိန် ကား

နောက်ခန်းမှ တံခါးပွင့်လာကာ အနက်ရောင်

ရှူးဖိနပ်စီးထားပြီး နေကာမျက်မှန်တပ်ထား

သည့် လူတစ်ယောက်ဆင်းလာသည်။ 


တစ်ကိုယ်လုံး အနက်ရောင်တွေချည်းဝတ်ဆင်ထားပြီး ဖြူဖွေးသော အသားရည်ရှိသူမှန်းသိသာသည်။ ရှည်လျားသောအရပ်ကြောင့် လိပ်ပြာခေါင်းမော့ကြည့်လိုက်ပြီး...


"လိပ်ပြာကို ကူညီပါနော်...ဖယ် "


လိပ်ပြာကို ဖမ်းချုပ်ထားသောသူက ကားပေါ်မှ ဆင်းလာသူဆီ အကြည့်ရောက်နေတာမို့ သူမအလျှင်အမြန်ရုန်းကာထွက်လာခဲ့သည်။ 


"ဟ ဘာလဲ hero ဝင်လုပ်မလို့လား..."


ထိုလူက ဖုန်းကိုလက်ဖြင့်နှိပ်ရုံရှိသေး 

ခုနက လူတစ်စုက အလျှိုအလျှိုထွက်

သွားကြသည်။ 


"ဟို ကျေးဇူးတင်ပါတယ် ကူညီပေးတဲ့

 အတွက် "


နူးညံပျော့ပျောင်းလှသော သူမရဲ့အသံ၊ 

ဖြူစင်ဝင်းမွတ်နေတဲ့သူမရဲ့မျက်နှာလေး

က ဆေးရောင်တွေကြောင့် တင့်တယ်

လှပနေတာမဟုတ်ဘဲ နဂိုရှိရင်းစွဲလေးက

ပင် တင့်တယ်လှပနေခြင်း...၊ မိန်းကလေး

တော်တော်များများနှင့် တွေ့ဖူးကြုံဖူးပေမဲ့

ဒီလိုပကတိအဖြူထည်မိန်းကလေးကို

တော့ သူ့ဘဝတွင် သူပထမဆုံးတွေ့ဖူးခြင်းပင်...။ 


ဘာကြောင့်များ အခုမှဒီမိန်းကလေးကို

တွေ့ရပါလိမ့်...၊ လှတာထက် သူမမှာ

ဆွဲဆောင်မှုတစ်မျိုး ပိုင်ဆိုင်ထားတယ်

ဆိုပိုမှန်လိမ့်မည်။


ထိုလူက လိပ်ပြာကို ခေါင်းအစခြေအဆုံးကြည့်နေသည့်အတွက် အိုးတုံ့အန်းတမ်းဖြစ်သွားရပြီး...


" ဟိုလေ "


သူမအသံကြားတော့မှ သတိပြန်လည်လာရင်းက...


"ကိုယ် ဘာကူညီပေးရမလဲ ကြည့်ရတာဆိုင်ကယ်ပျက်နေတယ်နဲ့တူတယ် ဟုတ်လား "


ထိုလူက လိပ်ပြာကိုမကြည့်ဘဲ ဆိုင်ကယ်ကို

တစ်ချက်ကြည့်ပြီးမှ လိပ်ပြာဘက်လှည့်ကြည့်ကာပြောသည်။ 


"ဟုတ်ပါတယ် လိပ်ပြာဆိုင်ကယ်ဆီကုန်သွားလို့ပါ "


"ဒါဆို ဒီလိုလုပ် ကိုယ့်ကိုယုံတယ်ဆိုရင်ပေါ့၊ 

 ကိုယ့်ကားနဲ့လိုက်ခဲ့လေ နောက်ပြီးဆိုင်ကယ်ပါတစ်ခါတည်းယူသွားလို့ရတယ် ဒီက

 ဆုံးဖြတ်ပါ "


ဒီနေရာမှာ ကြာကြာဆက်နေရင် လိပ်ပြာအဖို့ အန္တရယ်ရှိလာနိုင်တယ်...၊ သူ့ပုံစံကြည့်ရတာလည်း ယုံကြည့်ရမဲ့ပုံလို့ထင်ပါတယ်...လိပ်ပြာရဲ့ကံက အဲ့လောက်ကြီးမဆိုးနိုင်လောက်တော့ပါဘူး...လိပ်ပြာလည်းကံကိုယုံပြီး ထိုလူ့ကားထဲလိုက်လာခဲ့သည်။


လိပ်ပြာရဲ့ ဆိုင်ကယ်ကသေးတော့ ကား

နောက်ဖုံးနဲ့အတော်ပင်၊ ကားနောက်ခန်း

တွင် သူနဲ့ဘေးချင်းယှဉ်ရက်ထိုင်နေရသည့်

အတွက် အနေရခက်ကာ ကားတံခါးဘေး

တွင်ကပ်နေလိုက်သည်။ ဦးသတိုးနဲ့သာ

အတူလိုက်စီးဖူးပေမဲ့ ဒီလိုမျိုးသူစိမ်း

တစ်ယောက်နှင့်အတူ လိုက်မစီးဖူးပေ။


"ဘယ်ကိုမောင်းပေးရမလဲ "


"(      )ကိုမောင်းပေးပါ "


"ဒါနဲ့ ဘယ်သူ လိပ်ပြာ "


"သြော် လိပ်ပြာနာမည်ကပန်းလိပ်ပြာပါ "


"ကိုယ့်နာမည်က သီဟမင်းဒင်ပါ "


"ဟုတ်ကဲ့ အခုလိုအခြေအနေမျိုးနဲ့ဆုံတွေ့

 ခဲ့ရပေမဲ့ တွေ့ရတာဝမ်းသာပါတယ် "


သူမဆီက ထူးဆန်းပြီးမွှေးပျံ့တဲ့ရနံ့တစ်မျိုးကိုရနေရသည်။ ကယ်မီကယ်လ်တွေနဲ့ရောစပ်ထားတဲ့ ရေမွှေးနံ့မျိုးလည်းမဟုတ်၊ သဘာဝကိုယ်သင်းနံ့လို ပန်းနံ့သင်းသင်းလေးက သူ့နှာသီးထိပ်နားတွင်ကျီစယ်နေသည်။ 

ကားရပ်သွားတော့သူမက ကားပေါ်မှအရင်

ဆင်းသွားသည်။


သူမထွက်သွားသည်နှင့် သင်းပျံ့နေသော

ပန်းရနံ့တစ်မျိုးပါပါသွားပြီး သူ့နှလုံးသား

ကိုပါ အစစ်ယူသွားသေးသည်။


" ရှိုင်း ဆိုင်ကယ်ချပေးလိုက် "


သီဟမင်းဒင်ဆိုသူက ပြောလိုက်သော

ကြောင့် ရှိုင်းဆိုသူက ဆိုင်ကယ်ချပေးသည်။


"ကျေးဇူးပါပဲနော် ကိုသီဟမင်းဒင် ဟို

 အိမ်ထဲဝင်ပါဦးလား..."


သူလည်း မစဉ်းစားတော့ဘဲ ကားတံခါးဖွင့်ကာဆင်းလာခဲ့သည်။ 


"သူဋ္ဌေး ကျွန်တော်တို့ချိန်းထားတာနောက်ကျနေဦးမယ် အခုနေသွားမှဖြစ်မယ်ထင်တယ် "


အလိုက်ကမ်းဆိုးမသိသော ရှိုင်းကြောင့်

မျက်စိမျက်နှာပျက်ကာ...


"အလုပ်လေးရှိသေးလို့ နောက်မှပေါ့ "


"ဟုတ်ကဲ့ အချိန်မရွေးပါပဲ "


သီဟမင်းဒင်ဆိုသူက ကားထဲဝင်သွားပြီးမှ

လိပ်ပြာဘက်ပြန်လှည့်လာကာ...


"အကြွေးတင်သွားပြီနော် "


ဟု ပြောပြီးမောင်းထွက်သွားသည်။ 


" ဘာသဘောပါလိမ့် "


လိပ်ပြာလည်း နားမလည်ဟန်ဖြင့် ခေါင်းကုပ်ကာ ဆိုင်ကယ်ကိုတွန်း၍ အိမ်ထဲဝင်လာခဲ့တော့သည်။ 


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°♥♥•°


အပိုင်း(၁၈) ဆက်ရန်>>>


#Ruby Linn


rate now: