book

Index 16

အပိုင်း(၁၆)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်

                                 (or)

             အချစ်များဖြင့်ဖန်ဆင်းမည် 💖


-------------------


" ပန်းလိပ်ပြာ ပန်းလိပ်ပြာ... "


သူမလဲကျခါနီး သူ့လက်အစုံဖြင့် ထိန်းပေးလိုက်ပြီး သူမကိုခေါ်နေသော်လည်း ဘာတုန့်ပြန်သံမှမကြားရပေ...၊ ဘေးနားကဆိုဖာပေါ်သို့ချပေးလိုက်ပြီး သူမနဖူးကိုစမ်းကြည့်လိုက်တော့

မီးသွေးခဲကိုကိုင်ထားရသည့်အတိုင်းချစ်ခြစ်ခြစ်တောက်ပူနေ၏။ 


" မင်းကပျော့လိုက်တာ "


" အဂ္ဂ!... "


"ဘာခိုင်းမလို့လဲ သခင်လေး "


" doctor ခေါ်လိုက် "


" ဗျာ ဟုတ်ကဲ့ "


သခင်လေးဆီ အကြည့်ရောက်နေတော့

ဘေးဘီကို ဝေ့မကြည့်မိလိုက်...ဆိုဖာ

ပေါ်တွင်အိပ်နေသော ပန်းလိပ်ပြာကို

တွေ့တော့မှ သဘောပေါက်သွားရသည်။


အဂ္ဂ ထွက်သွားတော့မှ သူမနဖူးကိုနောက်

တစ်ကြိမ်စမ်းလိုက်ရင်း...


"ကိုယ်တွေပူခြစ်နေတာပဲ မင်းကငါထင်ထား

တာထက်တောင် ပိုပျော့နေပါလား... "


နဖူးပေါ်ဟိုတစ်စဒီတစ်စကျနေသည့် ဆံပင်

တွေကိုသပ်ပေးပြီး စကားတွေပြောနေမိသည်။


" ချလပ် "


တံခါးဖွင့်သံကြားတော့ သူမခေါင်းပေါ်မှလက်ကိုအလျှင်အမြန်ဖယ်လိုက်ပြီး ဆတ်ခနဲသူထရပ်လိုက်သည်။


"အပူက ၁၀၆ တောင်ရှိတာပဲ ကျွန်တော်ဆေးထိုးပေးခဲ့မယ်၊ ရေပတ်တိုက်ပေးပါအပူကျအောင် "


"ဒါဆို ခွင့်ပြုပါဦး "


" ကောင်းပါပြီ "


"အဂ္ဂ အပြင်ကတစ်ယောက်လွှတ်ပြီးရေပတ်

 တိုက်ခိုင်းလိုက်၊ နောက်ပြီးတစ်ခါတည်းအဝတ်ပါလဲခိုင်းလိုက် "


"ဟုတ်ကဲ့ပါ သခင်လေး "


အဂ္ဂ ကိုပြောပြီးသည်နှင့် သူလည်းအခန်းပြင်သို့ထွက်လာခဲ့သည်။


သူပြန်ဝင်လာတဲ့အချိန် သူမကဆိုဖာပေါ်တွင် သူထားခဲ့သည့်အတိုင်း ခွေခွေလေးအိပ်နေ၏။ သူလည်း လုပ်လက်စအလုပ်တွေကိုဆက်လုပ်နေလိုက်သည်။


" အင်း လွှတ်! "


ညည်းသံတစ်ချို့ သူမဆီမှကြားနေရသည်။

သူမရဲ့ လက်တွေကို တစ်ယောက်ယောက်က

ချုပ်ထားလို့ ရုန်းနေသလိုမျိုးရုန်းနေပြီးပါးစပ်မှလည်း ပလုံးပထွေးအသံများထွက်လာသည်။ 

သူလည်းစိတ်မရှည်တာနဲ့ သူမအနားသွားကာ ပုတ်နိုးလိုက်ပြီး...


"ဟေ့ သတိထားဦး ပန်းလိပ်ပြာ "


လိပ်ပြာကို တစ်ယောက်ယောက်ကပုတ်ပြီး

နိုးနေသလိုခံစားရသည့်အတွက် မျက်လုံး

ကိုအားယူကာ ဖွင့်ကြည့်လိုက်တော့...


" ဟင် ဦးသတိုး ..."


လိပ်ပြာက ဆိုဖာပေါ်တွင် အိပ်နေဟန်ရှိသည့်အတွက်လန့်သွားရပြီး...


"ဟို လိပ်ပြာဘယ်လိုဖြစ်ပြီး..."


"မင်းနေမကောင်းဖြစ်ပြီး မေ့လဲသွားလို့

doctor ခေါ်ပြီးဆေးထိုးထားတယ်၊ 

အဲဒါကြောင့် ဆိုဖာပေါ်မှာအိပ်ခိုင်းထား

တာ..."


" ဟုတ်လား...ကျေးဇူးတင်ပါတယ်... "


" အား..."


လိပ်ပြာနဖူးလေးကို စမ်းကြည့်လိုက်တော့

ကိုယ်နွေးနွေးလေး ကျန်နေသေးတာကို

ခံစားလိုက်ရသည်။

ခေါင်းထဲမှာ ငြီးစီစီကြီးဖြစ်နေသည့်အတွက်

ခေါင်းလေးကို လက်ကလေးဖြင့်ကိုင်ကာ

အလုပ်စားပွဲသို့ လျှောက်လာခဲ့သည်။


"အလုပ်ဆင်းခါလည်းနီးနေပြီဆိုတော့

မင်းပြန်ချင်ပြန်လို့ရတယ် "


"ရပါတယ် လိပ်ပြာလုပ်နိုင်ပါသေးတယ်..."


"မင်းလုပ်နိုင်တာကိစ္စမရှိဘူး...တော်ကြာ

 ဖျားနေတာကို အကြောင်းပြပြီး မနက်ဖြန်

 အလုပ်မလာမှာစိုးလို့ပြောတာ "


သူပြောလိုက်တဲ့ စကားတစ်ခွန်းက ပြီးပြီးရောပြောလိုက်ပေမဲ့ လိပ်ပြာရဲ့ ကိုယ်ကျင့်တရားနဲ့ သစ္စာတရားကို စော်ကားလိုက်သလိုခံစားလိုက်ရသည်။ 


"အဲ့လိုမဟုတ်ပါဘူး...လိပ်ပြာမထနိုင်လို့

 အိပ်ရာထဲလဲနေရင်တောင် အလုပ်ကို

 ရောက်အောင်လာခဲ့မှာပါ...ဦးသတိုးပြော

 သလိုပဲ ဒီနေ့ရုံးစောစောဆင်းလိုက်ပါ့မယ် "


 သူမက သူ့ကို ရဲရဲဝံ့ဝံ့နှင့် တစ်လုံးမကျန် ပြန်

 ပြောပြီးထွက်သွားသည်။ 


သူလည်း ဆုံလည်ကုလားထိုင်တွင် ထိုင်ချ

လိုက်ပြီး မျက်လုံးမှိတ်ကာငြိမ်နေလိုက်သည်။


"သခင်လေး ကျွန်တော်အဂ္ဂပါ..."


" ဘာကိစ်စလဲ "


"သခင်လေးကြည့်ရတာ ပင်ပန်းနေတယ်လို့

 ထင်လို့ပါ၊ ကျွန်တော်ဘာကူညီပေးရမလဲ "


" မလိုဘူး ရတယ် "


ထို့ကြောင့် အဂ္ဂ နှုတ်ဆိတ်နေလိုက်သည်။ ဘယ်လိုပဲ နှုတ်ကလိမ်ညာစေကာမှု သတိုးတေဇရဲ့ အမှုအယာကို ကြည့်ရုံဖြင့် စိတ်နွမ်းလူပန်းနေတာ အထင်းသားမြင်သာပါသည်။


°°°°°°°°°°°° 


"လိပ်ပြာပြန်တော့မလို့လား အိမ်ပြန်ရောက်ရင် နွေးနွေးထွေးထွေးနေဦးနော် "


"ဟုတ်ကဲ့ သြော် ဒါနဲ့အစ်မ လိပ်ပြာဆိုင်ကယ်ဘယ်မှာထားလဲမသိဘူး...တွေ့မိသေးလား...."


"ဟင့်အင်း အစ်မမတွေ့မိဘူး...လုံခြုံရေးကို

 တစ်ချက်သွားမေးကြည့်လိုက်ပါလား..."


" အင်းအစ်မ လိပ်ပြာသွားမေးကြည့်လိုက်ဦးမယ်..."


 လိပ်ပြာလည်း အပေါက်ဝ security ရှိရာသို့

 ထွက်လာခဲ့သည်။


"ဦးလေး လိပ်ပြာဆိုင်ကယ်ကို ဘယ်နားမှာ

 များတွေ့မိသေးလဲဟင် "


 ဦးလေးကတစ်ချက်စဉ်းစားဟန်ပြုပြီးမှ...


 "အွန်း...ဆိုင်ကယ် အဖြူရောင်လေးကိုပြော

 တာလား မသိဘူး..."


" အင်း ဟုတ်တယ် "


"ဦးလေး အလုပ်လာတုန်းကတော့ တွေ့လိုက်

 သလိုပဲ "


"ဟုတ်လား...ဘယ်နားမှာလဲဟင် "


"ဂိုထောင်ထဲမှာ ဦးလေးအပြင်ကပဲ လှမ်းမြင်လိုက်တာ သော့ခတ်ထားတယ် "


"ဒါဆို သော့ကဘယ်သူ့ဆီမှာလဲဟင် "


" သူဋ္ဌေးဆီမှာနဲ့တူတယ် "


"ဟုတ်ကဲ့ ကျေးဇူးပဲနော် "


လိပ်ပြာရုံးခန်းထဲသို့ နောက်တစ်ခေါက်ထပ်ဝင်ရဦးမည်။ ဒါပေမဲ့ ဘာလို့များစိတ်ထဲမှာလေးနေသလို ခံစားနေရတာလဲမသိဘူး...။ 


"ကျွန်တော်တစ်ခုလောက်ပြောချင်ပါတယ်

သခင်လေး ခွင့်ပြုမယ်ဆိုရင် "


" ပြော "


" မပန်းလိပ်ပြာ အကြောင်းပါ "


လိပ်ပြာတံခါးခေါက်ဖို့ လက်လှမ်းလိုက်စဉ်

လိပ်ပြာနာမည်ကြားလိုက်ရသောကြောင့် 

လက်တွန့်သွားရ၏။ သူများအကြောင်း

ဆို ဒီလိုနားထောင်မိမှာမဟုတ်ပေမဲ့ လိပ်ပြာ

နှင့်ပက်သက်နေတယ်လို့ထင်တဲ့အတွက်

သိချင်ဇောနှင့် နားထောင်မိလိုက်သည်။


ပန်းလိပ်ပြာ လို့ပြောလိုက်တဲ့အတွက်

အဂ္ဂ ကိုတစ်ချက်ကြည့်လိုက်ပြီးမှ သတိုးတေဇ ကျောခိုင်းသွားသည်။


"သခင်လေး မပန်းလိပ်ပြာကိုဘာကြောင့်

 အခုလိုလုပ်နေရတာလဲ ကျွန်တော်နားမလည်လို့ပါ "


သတိုးတေဇ အဂ္ဂကို ဖျတ်ခနဲအကြည့်စူးစူး

ဖြင့် လှည့်ကြည့်လိုက်ပြီး...


" မင်းကဘာကိုပြောချင်တာလဲ "


"သခင်လေးက သာမန်မိန်းကလေးတစ်ယောက်ဆို စကားပြောဖို့နေနေသာသာ လှည့်တောင်ကြည့်တဲ့သူမျိုးမဟုတ်ဘူး... အခုမပန်းလိပ်ပြာနဲ့..."


" တော်တော့ "


"ကျွန်တော် သခင်လေးကို စိုးရိမ်လို့မေးမိ

 တာပါ၊ စိတ်အနှောင့်အယှက်ဖြစ်သွားရင်

 တောင်းပန်ပါတယ်  သခင်လေး... "


သူဟန့်တားသလို အော်လိုက်တဲ့အသံကြောင့် လိပ်ပြာလန့်သွားကာ လှည့်ထွက်ဖို့ခြေလှမ်းပြင်လိုက်စဉ် ထပ်၍ပီပီပြင်ပြင်ကြားလိုက်ရသောအသံကြောင့် ခြေလှမ်းများ ရပ်တန့်သွား၏။ 


"ငါသူ့ကို အခုလိုတွေလုပ်နေတဲ့အတွက် 

 အကြောင်းပြချက်လိုမယ်ဆိုရင် တစ်ခုပဲ

 ရှိတယ် ' မုန်းလို့ ' ' မုန်းလို့ ' လို့ မင်း

 မှတ်ထားလိုက် "


" မုန်းလို့ "


 အဲ့စကားကလိပ်ပြာနားထဲ ပဲ့တင်ထပ်နေသည်။


" ချလပ် "


တံခါးကိုဖွင့်လိုက်ချိန် ရုတ်တရက် သူမကို

တွေ့လိုက်ရသောကြောင့် သူအံ့သြသွားခဲ့

ရသည်။

လိပ်ပြာ ဦးသတိုးကိုတွေ့လိုက်သည်နှင့် 

ဘာ့ကြောင့်မှန်းမသိ မျက်နှာချင်းမဆိုင်

လိုသောကြောင့် နေရာမှချာခနဲလှည့်

ထွက်လာခဲ့သည်။


အပြင်ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင်ပင်

စိုင်းနဲ့တွေ့လိုက်ရသည်။


"လိပ်ပြာ...အတော်ပဲ အခုပဲလိပ်ပြာဆီဖုန်းဆက်တော့မလို့၊ စိတ်ပူလို့ဆေးလာပေးတာ "


" လိပ်ပြာ "


" ဟင် "


" ဘာကြောင်ကြည့်နေတာလဲ "


"သြော် နေမကောင်းတာနဲ့ အလုပ်စောစော

 ဆင်းလာခဲ့လိုက်တာ "


" သြော် ဒါနဲ့လိပ်ပြာ ဆိုင်ကယ်ရော..."


"ဟင် ဟို ဂိုထောင်ထဲမှာမယူရသေးဘူး..."


"လိပ်ပြာ အဆင်ပြေရဲ့လား..."


" အင်း...သွားရအောင်..."


"နေဦး... လိပ်ပြာသူကဘယ်သူလဲ..."


 သူတို​ြနှစ်ယောက်ကို ထိုလူက

 ခပ်စိမ်းစိမ်းကြည့်နေသောကြောင့်

လိပ်ပြာကိုမေးလိုက်ခြင်းပင်...။


လိပ်ပြာအနောက်ကိုကြည့်ပြီး ပြောနေ

သောကြောင့် လှည့်ကြည့်လိုက်ချိန် ခပ်စူးစူးအကြည့်များကြောင့် အရောင်လက်နေသောမျက်ဝန်းတစ်စုံနှင့်အတူ ဦးသတိုးတေဇ ကိုတွေ့လိုက်ရပါ၏။ သူမတို့ကို တစ်ချက်သာလှမ်းကြည့်ပြီး သူကအသင့်ဖွင့်ထားသော ကားထဲသို့လှမ်းဝင်သွားသည်။ 


"သြော် လိပ်ပြာသူဋ္ဌေးပါ၊ သွားရအောင် "


" အင်း တက် "


တစ်လမ်းလုံး အေးစက်တည်ငြိမ်စွာလိုက်ပါ

လာခဲ့ပေမဲ့ လိပ်ပြာရဲ့ဦးနှောက်ကိုတော့

အနားမပေးခဲ့ချေ။ လိပ်ပြာတို့ အိမ်ရှေ့နားတွင် ဆိုင်ကယ်ကရပ်သွားသည့်အတွက် 

ဖြည်းညင်းစွာဆင်းလိုက်ပြီး အိမ်ထဲသို့လှမ်း

ဝင်သွားသည်။ အိမ်ထဲဝင်ဝင်ချင်း အိမ်အပေါ်ထပ်သို့ဦးတည်ကာ လျှောက်သွားလိုက်သည်။ 


"အိန်ဂျယ် ဒီနေ့အစောကြီးပါလား...."


" အိန်ဂျယ်.... "


" ဟင်..!!!"


" မေမေ "


" လာပါဦး "


ဧည့်ခန်းထဲတွင်ထိုင်ပြီး TV ကြည့်နေသော

မေမေက လှမ်းခေါ်တော့မှ သတိရကာ

ဧည့်ခန်းထဲသို့လှမ်းဝင်လိုက်သည်။ 

အနောက်မှ စိုင်းလည်းအသာဝင်လာခဲ့သည်။


"အိန်ဂျယ် သမီးဘယ်လိုဖြစ်တာလဲ၊ နေမကောင်းတဲ့ပုံပဲ..."


"ဟုတ်တယ် မေမေလိပ်ပြာနေမကောင်းလို့၊ 

 အလုပ်စောစောဆင်းလာတာ hotel ရှေ့ မှာ

စိုင်းနဲ့တွေ့ပြီး တစ်ခါတည်းလိုက်လာခဲ့တာ..."


"မနက်အလုပ်သွားတုန်းကတော့ အကောင်း

 ကြိီးပါ ဘယ်လိုဖြစ်ရတာလဲ ...."


"လိပ်ပြာ မနက်တုန်းက အလုပ်ကိစ္စနဲ့အပြင်

 သွားရင်းကမိုးမိသွားလို့ပါ၊ နောက်ပြီးလိပ်ပြာဆေးထိုးခဲ့ပြီးပါပြီး မစိုးရိမ်ပါနဲ့မေမေ..."


"အေးပါကွယ်...သားစိုင်းကိုလည်း အန်တီ

 ကျေးဇူးတင်ပါတယ် "


"ရပါတယ်အန်တီ ကျွန်တော်လည်း လိပ်ပြာ

 ကိုဆေးသွားပေးရင်းနဲ့ ပြန်မယ်ဆိုလို့ တစ်ခါတည်းခေါ်လာခဲ့တာပါ..."


"ဟို လိပ်ပြာသွားနားလိုက်ဦးမယ်၊ ဘစိုင်း

 အားနာလိုက်တာ... နောက်မှပဲအေးဆေး

 စကားပြောကြတာပေါ့ "


"ရပါတယ် သွားနားချည်၊ နွေးနွေးထွေးထွေး

 နေဦးနော် "


"ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး..."


" အေးကွယ် နောက်လည်းလာခဲ့ဦးပေါ့ "


" ဟုတ်ကဲ့ "


 လိပ်ပြာအခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး

 ခုတင်ဘက်သို့ ဖြည်းညှင်းစွာလျှောက်

 သွားပြီး ခုတင်ပေါ်သို့လှဲချလိုက်သည်။

 hotel မှာတုန်းကတော့ သက်သာသလို

 ရှိပေမဲ့ ဆိုင်ကယ်စီးလာတော့ လေစိမ်း

 တိုက်လို့လားမသိ ချမ်းစိမ့်ကာ အဖျားတက်

 လာသလို ခံစားရသည့်အတွက် ခြေရင်း

 တွင်ခေါက်ထားသောမွေးပွစောင်ကို 

 ဆွဲခြုံကာ မျက်လုံးကိုမှိတ်ထားလိုက်သည်။ 


 မျက်လုံးမှိတ်ထားသော်လည်း နားထဲတွင်

 ကြားနေရသောအသံတစ်ခု ' မုန်းလို့ '...။ 

 ဒီအသံတစ်ခုတည်းက နားထဲမှာပဲ့တင်

 ထပ်နေသည်။ ဘာလို့လဲ...ဘာလို့လဲ

 သိချင်နေမိတယ်...။ နောက်ဆုံးမျက်လုံး

 ဖွင့်ကြည့်လိုက်ပြီး မျက်နှာချင်းဆိုင်က

 မျက်နှာကြက်ကို ကြည့်နေလိုက်သည်။ 

 ဘာလို့လဲ သူမုန်းတဲ့သူတစ်ယောက်ကို

 ဘာလို့အလုပ်ခန့်ထားတာလဲ...။ 

 မုန်းလို့ ဆိုတဲ့အကြောင်းပြချက်တစ်ခု

 တည်းကြောင့်ဆိုရင် သူက အရူးပဲ...။ 

 သူနဲ့ဘာရန်ငြိုးရန်စရှိလို့လဲ... မရှိပါဘဲ

 ဒီလိုအမုန်းစိတ်တစ်ခုတည်းကြောင့် 

 လုပ်နေတာဆိုရင် သူဟာကလေးစိတ်

 မကုန်သေးတာသေချာတယ်.... ။ သို့သော် သူမရင်ဘက်ထဲက တစ်နေရာကရော ဘာကိစ္စအောင့်မျက်နေရဘိသနည်း...။ 


" ဒေါက် ဒေါက် "


တံခါးခေါက်သံကြောင့် လိပ်ပြာအတွေးများ

ပျောက်ပျက်သွားသည်။


" မေမေ "


"အိန်ဂျယ် ဘယ်လိုနေသေးလဲ သက်သာရဲ့လား "


" မေမေ "


ရင်ခွင်ထဲသို့ ဖက်တွယ်လာသော သမီးလေး

ကို နွေးထွေးတဲ့လက်တွေနဲ့ ကြိုဆိုပြီး ဖက်

ထားလိုက်သည်။


"ကြည့်စမ်းပါဦး ကိုယ်တွေပူခြစ်နေတာပဲ

 တော်သေးတာပေါ့ မေမေလာလို့ ..."


" လာဆေးသောက်ရအောင်..."


"ဟင့်အင်း ဆေးမသောက်ချင်ဘူး...

 ကောင်းသွားမှာပါ "


"အိန်ဂျယ် လိမ်မာရဲ့သားနဲ့နော်၊ သောက်လိုက်ပါ ဒါမှအဖျားပျောက်သွားမှာ လိမ်မာတယ်..."


လိပ်ပြာကဆေးထိုးရမှာ မကြောက်ပေမဲ့

ဆေးသောက်ရမှာတော့ အသေကြောက်

သည်။ ဆေးကို ကြိတ်ပြီးသောက်သောက် ရေနဲ့ပဲမျောချပြီးသောက်သောက် အကုန်လုံးပြန်အန်ထွက်တတ်တာ လိပ်ပြာငယ်ငယ်ကတည်းကပင်...။ 


"မေမေရယ် လိပ်ပြာဆေးထိုးပြီးပြီးပဲချွေးထွက်သွားရင်ကောင်းသွားမှာပါ၊ လိပ်ပြာစောင်ခြုံပြီးအိပ်လိုက်မယ် မေမေဘယ်မှမသွားနဲ့နော် လိပ်ပြာအ်ိပ်ပျော်တော့မှသွားနော်..."


"ကဲ လူဆိုးမလေးပြောမရရင်လည်းအိပ်တော့ နိုးလာလို့မှမသက်သာရင် ဆေးသောက်ရမယ် "


"ဟီး ...ဟီး..."


သမီးလေးက တစ်ဦးတည်းသောသမီးလေးပေမဲ့ သူများတွေလိုချွဲ နွဲ့ ပြီး နေတက်တဲ့သူမျိုးမဟုတ်၊ သူစိတ်အားငယ်နေတဲ့အချိန်ရယ် နေမကောင်းတဲ့အချိန်ရယ်ပဲချွဲ နွဲ့ပြီးကပ်နေတက်တာ...။ 


မျက်လုံးမှိတ်ပြီး အိပ်နေပြီဖြစ်သော သမီးလေးကိုကြည့်နေမိသည်။ ဒီရက်ပိုင်းအတွင်းဘယ်လောက်တောင်ပင်ပန်းလိုက်မလဲမသိ  ပြည့်ပြည့်ဖောင်းဖောင်း မျက်နှာလေးကပိန်သွားလိုက်တာ...၊ နေမကောင်းတဲ့အပြင်စိတ်ညစ်စရာတစ်ခုခုရှိတာသေချာတယ်...၊ စိတ်ညစ်စရာဆိုမျိုသိပ်ထားတက်ပြီး ပျော်ရွှင်စရာဆိုဝေမျှတက်တာသူဆိုတာ သိတာပေါ့...၊ ဘာပြဿနာပဲရှိရှိ ပြည်လည်အောင်ဖြေရှင်းနိုင်မယ်ဆိုတာ မေမေယုံပါတယ်...။ 


°°°°°°°°°°°°°°°


" စိုင်း..."


အလုပ်ကိစ္စပြီးလို့ coffee ဆိုင်ထဲဝင်မယ်အလုပ် စိုင်းကိုလှမ်းတွေ့လိုက်သောကြောင့်ခေါ်လိုက်သည်။

သူ့နာမည်ခေါ်သံကြားလို့ ဘေးဘီကိုဝေ့

ကြည့်လိုက်တော့ ဂျင်းဘောင်းဘီအပြာ

လေးနဲ့ ရှပ်အကျီအဖြူနှင့် ရှင်းသန့်နေသော

မယ့်ကိုတွေ့လိုက်ရသည်။ မယ်ရှိရာသို့

အရှိန်လျော့၍ မောင်းလာပြီး ဘေးနား

ရောက်တော့အသာရပ်လိုက်သည်။ 


" မယ်ပါလား..." 


"အင်း စိုင်းဘယ်ကပြန်လာတာလဲ "


"သြော် လိပ်ပြာတို့အိမ်ကပါ ဒါနဲ့

 မယ်ကရော "


"မယ်ကအလုပ်ကိစ္စပြီးသွားလို့ coffee

 သောက်ချင်တာနဲ့ လှည့်ဝင်လာခဲ့တာ..."


"အချိန်ရရဲ့လား..  အချိန်ရရင်အထဲဝင်ပြီး

 စကားပြောရအောင်လေ "


" ရပါတယ် "


"ဒါနဲ့ ခုနကလိပ်ပြာတို့အိမ်က ပြန်လာတာ

 လို့ပြောတယ်နော်၊ လိပ်ပြာနဲ့နေ့တိုင်းတွေ့

 ဖြစ်လား..."


"အဲ နေ့တိုင်းတော့မဟုတ်ပါဘူး သူ့အလိုဆို

 အားမှတွေ့ဖြစ်မှာ ကျွန်တော်ကသာကြုံရင်

 ဝင်တွေ့ ဖြစ်တဲ့သဘောပါ၊ ဒါနဲ့လိပ်ပြာ

 နေသိပ်မကောင်းလို့ အိမ်ပြန်လိုက်ပို့ပေးတာ..."


"ဟယ် တော်တော်ဖြစ်တာလားဟင်၊ မယ်လည်း အလုပ်ပိနေတာနဲ့ဖုန်းတောင်မဆက်မိဘူး..."


"နည်းနည်းဖျားရုံလောက်ပါ မိုးမိသွားတာလဲ

 ပါတာပေါ့..."


"စကားကောင်းနေတာနဲ့ ဘာသောက်မလဲမှာလေ "


" black coffee ပဲပေးပါ "


"ဒါဆို black coffee နှစ်ခွက်ပေးပါ "


သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းသံယောစဉ်ကနည်းမှမနည်းတာ...၊ လိပ်ပြာဘက်ကအရောင်တွေမပါဘဲ ဖြူဖြူစင်စင်သံယောစဉ်ပဲဆိုတာ မယ်တို့မိန်းမချင်းမို့သိပေမဲ့ စိုင်းဘက်ကတော့ အရောင်တစ်ချို့ရောစပ်နေမှန်း ဘေးကကြည့်နေရတဲ့သူကသိသည်။ 


ဒီသံယောစဉ်ကို မယ်မနာလိုဖြစ်မိပါသည်။

ကောင်းသောမနာလိုခြင်းပါ၊ ဒါပေမဲ့ နောင်

တစ်ချိန် ဘာဖြစ်လာမလဲဆိုတာဘယ်သူမှ

ကြိုမသိနိုင်ပေ...။


"မယ်ဘာတွေစဉ်းစားနေတာလဲ "


"ဟင်း ...ဒီလိုပါပဲ "


ကိုယ့်အတွေးတွေကို ကိုယ့်ဘာသာ

သဘောကျပြီးရယ်မိသွားသည်။


"ဒါနဲ့ မယ်အလုပ်ရောအဆင်ပြေရဲ့လား..."


"အင်း တော်တော်ပြီးနေပါပြီ၊ အဆိုးဘက်က

 ကြည့်ရင် မယ်ပြန်ဖို့ရက်တောင်နီးနေပြီလို့

 ပြောလို့ရတယ်၊ ဒါနဲ့ စိုင်းရဲ့ ကော်ဖီဆိုင်ကိုရောမယ့်ကို မဖိတ်တော့ဘူးလား...."


"ဖိတ်ပါတယ်ဗျာ ကျွန်တော်စကားမစပ်မိ

 လို့မပြောမိတာပါ၊ လိပ်ပြာတို့အားတဲ့

 တစ်နေ့သွားကြည့်ကြတာပေါ့၊ အချိန်ပို

 ရင် ကျွန်တော့်အိမ်ကိုပါ အလည်ခေါ်ချင်

 ပါသေးတယ်...."


လိပ်ပြာတို့အားရင်တဲ့လား...။ 


"ရှက်ရှက်နဲ့ပြောပြီးပြီပဲ အခုလိုဖိတ်လာ

 တော့ ဝမ်းသာအားရနဲ့လက်ခံရမှာပေါ့..."


"အားနာလိုက်တာဗျာ"


"မဟုတ်တာပဲ မယ်ကစလိုက်တဲ့သဘောပါ၊ 

 အချိန်လည်းလင့်နေပြီမယ်ပြန်လိုက်တော့မယ် "


"မယ်ကအလုပ်ပြန်သွားဦးမှာလား...."


"ဟင့်အင်း hotel ပဲပြန်တော့မယ်..."


"ဘာနဲ့ ပြန်မှာလဲ "


"Taxi ငှါးပြီးပဲ ပြန်လိုက်မယ်လေ"


"ဒါဆိုကျွန်တော် လိုက်ပို့ပါရစေ"


"ဒါဆို ကျေးဇူးပါပဲ ..."


စိုင်းပြန်သွားတာကိုကြည့်ပြီးမှ မယ်လည်း

အပေါ်သို့တက်လာခဲ့သည်။ အမှန်တကယ်

မယ်အလုပ်ကိုပြန်သွားရမှာ၊ ဘာလို့လဲဆို 

မယ်အလုပ်မှာ ကာထားခဲ့လို့လေ...။ မယ့်ကို

ကုမ္ပဏီက ကားတစ်စီးပေးထားပြီးသားပါ။ 

ဒါပေမဲ့ မယ်ဆိုင်ကယ်လိုက်စီးချင်လို့ စိုင်းကို တမင်ညာလိုက်သလိုဖြစ်သွားသည်။


အခန်း password ဖြစ်တဲ့ (      )ကို

ရိုက်နှိပ်လိုက်ပြီးအခန်းထဲသို့ဝင်လာ

ခဲ့သည်။ ဝရန်တာတံခါးကို တွန်းဖွင့်

လိုက်ပြီး လက်ရန်းဘောင်ပေါ်လက်

နှစ်ဖက်ထောက်ထားပြီး ဘေးဘီကိုဝေ့

ကြည့်လိုက်ချိန် ပတ်ဝန်းကျင်ကရှင်းလင်း

လှပါသည်။ ကားသံများ ဆိုင်ကယ်အသံ

များကိုသာ သဲ့သဲ့ကြားနေရ၏။ 

လေတစ်ချက် ဝေ့အတိုက်တွင် မစည်းနှောင်

ဘဲချထားသော ဆံပင်တချို့ လေထဲ

လွင့်ပါသွားချိန် shampoo နံ့သင်းသင်း

လေးကိုခံစားလိုက်ရသည်။ 


ထိုအချိန် အတွေးများက တစ်စတစ်စ

ဝင်ရောက်လာသည်​။ သူနဲ့စကား

ပြောရတာ လွတ်လပ်ပေါ့ပါးတယ်လို့

ခံစားရတယ်။ အထူးသဖြင့်နွေးထွေးမှု

တစ်ခုကိုပေါ့၊ ဒါကိုသူသိနိုင်ပါ့မလား...။ 

မျှော်လင့်ချက်ကြီးကြီးမားမားထားတာ

ကောင်းပေမဲ့ မျှော်လင့်ချက်ကြီးကြီး

မားမားထားလေပိုခံစားရလေပင်...၊ 

မယ်ထပ်ပြီးမခံစားချင်တော့ဘူး... 

တစ်စုံတစ်ခုကိုကြောက်နေမိသည်။


°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°♥♥•°


အပိုင်း(၁၇) ဆက်ရန် >>>


#Ruby Linn


rate now: