💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
-----------------
"လိပ်ပြာ လုပ်ပါဦး လုပ်ပါဦး.... "
"ဘာဖြစ်တာလဲ မသော်တာ လိပ်ပြာကို
ဖြည်းဖြည်းပြောပါ... "
လိပ်ပြာ hotel သို့ရောက်ရောက်ချင်း မသော်တာက အလောတကြီးအကူအညီတောင်းလာသည့်
အတွက် လိပ်ပြာရင်ထဲထိတ်သွားရသည်။
"ဒီလို မနေ့ညက checkout လုပ်သွားတဲ့ဧည့်သည်တစ်ယောက်က သူတည်းခဲ့တဲ့အခန်းထဲမှာ တန်ဖိုးကြီးနာရီတစ်လုံး ကျန်ခဲ့လို့တဲ့၊ အစ်မတို့လည်းရှာ
ပြီးပြီမတွေ့ဘူး...၊ ဒီလိုတစ်ခါမှ
မဖြစ်ဘူးတော့ ရုတ်တရက်ဘာလုပ်ရမှန်းမသိဘူး... လိပ်ပြာရယ်... "
"အစ်မသော်တာ စိတ်အေးအေးထား...အခုသူတို့ဘယ်မှာလဲ..."
"သူတည်းခဲ့တဲ့ အခန်းထဲမှာပဲ နောက်တစ်ခေါက်သွားရှာကြည့်နေတယ်..."
"အမ cctv ကိုရောစစ်ပြီးပြီလား..."
"စစ်ပြီးပြီမတွေ့ဘူး..."
" ဒါဆိုတစ်ခုခုတော့မှားနေပြီ "
အစ်မသော်တာကို ကြည့်ရတာ စိတ်လှုပ်ရှားနေပြီး ကြောက်နေသည့်အတွက်ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချရဲတဲ့ပုံမပေါ်ဘူး...။
"လာ အစ်မသော်တာ လိပ်ပြာတို့ cctv ကိုနောက်တစ်ခေါက် သေချာသွားအောင် စစ်ကြည့်တာပေါ့"
" အင်း "
လိပ်ပြာတို့နှစ်ယောက် အခြေအနေအမှန်ကိုသိရအောင် cctv အခန်းထဲသို့ လျှောက်လာခဲ့သည်။
"အစ်ကို ဒီနား အင်း ဒိီနားမှာရပ်လိုက် "
"တွေ့လား...သူ့မျက်မှန်ကျန်ခဲ့လို့ အပြင်ရောက်နေပြီးမှ နောက်တစ်ခေါက်ပြန်လာယူတာ၊ အဲ့နေရာမှာ သူ့ရဲ့တန်ဖိုးကြီးနာရီဆို နေ့တောင်အကူးခံမှာမဟုက်ဘူး...နောက်ပြီးနာရီဗူးနဲ့တူတာဆိုလို့ ဆေးဘူးတောင်မတွေ့ဘူး..."
" ဒါဆို..."
" ဟုတ်တယ် နာရီက အစထဲကမရှိတာပဲဖြစ်
ရမယ်..."
" ဟင် ဘယ်လိုလုပ်မလဲ လိပ်ပြာ "
"အစ်မ သွားရအောင် "
" တစ်ယောက်လောက် နာရီပျောက်သွားတဲ့
customer ကို reception ခေါ်လာခဲ့လိုက်ပါ "
"မတွေ့ဘူး... မင်းတို့တာဝန်ယူရမယ်တစ်ယောက်ယောက်က ခိုးသွားတာပဲဖြစ်ရမယ် "
ထိုလူရဲ့ အသံက အရင်ဆုံးဧည့်ခန်းထဲသို့ ပျံ့လွင့်လာပြီးမှ လူကရောက်လာသည်။လိပ်ပြာ ထိုလူ့ကို တစ်ချက်ကြည့်လိုက်တော့ နဖူးကမောက်မောက် မျက်လုံးကဇီးကွက်တောင်အဖေခေါ်
ရလောက်တယ်။ အသားညိုညို ခပ်ဝဝနဲ့လူ
တစ်ယောက်ကို တွေ့လိုက်ရသည်။ ဂုတ်သရေရှိ အထက်တန်းစားလူတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာမျိုး အရိပ်အမြွတ်တောင်မတွေ့ရပေ...။
"မင်္ဂလာပါ ကျွန်မကဒီ hotel ရဲ့အထွေထွေ
မန်နေဂျာ ပန်းလိပ်ပြာပါ၊ လိပ်ပြာဒီပြဿနာ
ကိုအဆင်ပြေအောင် ဖြေရှင်းပေးပါ့မယ် "
သတိုးတေဇ hotel အတွင်းသို့ ဝင်လာစဉ်
reception တွင် ရုတ်ရုတ်သဲသဲမို့ သူသွား
ကြည့်ရန် ခြေလှမ်းပြင်လိုက်စဉ် သူမက
customer နဲ့တူသောလူတစ်ယောက်
ကို ရှင်းပြနေဟန်တူသောကြောင့် မြင်ကွင်း
ကို ရှင်းရှင်းလင်းလင်းမြင်ရသော ထောင့်
တစ်နေရာတွင် ရပ်ကာ နားထောင်နေလိုက်သည်။
"ကောင်းပြီ မင်းရှင်းနိုင်ရင်ရှင်း မရှင်းနိုင်ရင်
မင်းလျော်ရမယ် "
"ဟုတ်ကဲ့ လူကြီးမင်းရဲ့နာရီက ဘယ်လောက်ပေးပြီးဝယ်ရပါသလဲ..."
"နာရီက ၁၀ သိန်းအထက်မှာရှိတယ် "
"ဟုတ်ကဲ့ နာရီပျောက်တာကို လူကြီးမင်းက
ဘယ်အချိန်မှာစသိတာလဲ..."
"နာရီထုတ်ဝတ်ကြည့်မယ်ဆိုတော့ နာရီကမရှိတော့ဘူး အဲဒါနဲ့ hotel မှာကျန်ခဲ့မှာပဲဆိုပြီးလာရှာကြည့်တာ "
"ဒါဆိုရင် လူကြီးမင်းက လူကြီးမင်းရဲ့တန်ဖိုးကြီးနာရီကို အမြဲဝတ်ထားလေ့ရှိတာလား..."
"အမြဲတော့မဟုတ်ဘူး...မင်းကတော်တော်စကားများတာပဲ၊ ငါ့ကိုတရားခံစစ်သလိုစစ်နေတယ်ဆိုတာ မင်းကိုယ်မင်းသိရဲ့လား "
"ဟုတ်ကဲ့ လူကြီးမင်းနာရီတစ်ကယ်ရှိရင်ပြန်
ရမှာပါ..."
" မင်းဘာပြောလိုက်တယ် "
"လူကြီးမင်းက လူကြီးမင်းရဲ့ ပစ္စည်းကိုတန်ဖိုးကြီးမှန်းသိလို့ တန်ဖိုးထားရင်ဒီလိုမျိုး hotel မှာကျန်ခဲ့မှာတောင်မဟုတ်ဘူး..."
" မင်း... "
"ခဏလေး လိပ်ပြာဆက်ပြောပါရစေ "
"ဘာလို့လဲဆိုတော့ လူကြီးမင်းကမျက်မှန်တစ်လက်ကိုတောင် တန်ဖိုးထားလို့လေ...
တစ်ကယ်တမ်းပျောက်တာဆိုရင်တော့
တမင်သက်သက်ထားခဲ့တာပဲဖြစ်ရမယ်၊
cctv တွေအကုန်လုံးက သက်သေပြနေပါတယ် "
"မင်းပြောနေတာတွေကို ငါနားမလည်ဘူး
ငါမင်းကိုအသေရေဖျက်မှုနဲ့တရားစွဲလို့ရတယ်နော်"
"လိပ်ပြာ..."
"ဘာမှမဖြစ်ဘူးအစ်မ လိပ်ပြာရှင်းနိုင်ပါတယ်..."
အစ်မသောတာကလိပ်ပြာကိုစိုးရိမ်တကြီးဖြင့် လှမ်းတားသည်။
"သည်းခံပါ လိပ်ပြာတို့ hotel မှာရှိတဲ့ cctvတွေက
အပျက်တွေမဟုတ်ပါဘူး...၊ လူကြီးမင်းမကျေနပ်ရင် cctv သွားကြည့်လို့
ရပါတယ်...အဲ့ဒါမှမကျေနပ်သေးရင်လုံခြုံရေးခေါ်လိုက်လို့ရပါတယ်..."
" မင်း...."
"ဝန်ခံလိုက်ပါ အမှုပိုမကြီးသွားအောင် လူကြီးမင်းနာရီက တစ်ကယ်ရောရှိရဲ့ လား..."
"မင်းငါသည်းခံနေလို့ အကောင်းအောက်မေ့နေလား လွန်လာပြီနော် "
ထိုလူကလိပ်ပြာကို လက်ညှိုးငေါက်ငေါက်ထိုးကာ လိပ်ပြာနားတိုးလာသည့်အတွက်လိပ်ပြာလန့်သွားပြီး နောက်သို့ဆုတ်လိုက်ချိန် လိပ်ပြာနှင့်ရင်းနှီးနေ
သော ရင်ဘက်တစ်စုံအား တိုက်မိသွားသည်။
တော်သေးတာပေါ့၊ အချန်မှီသူဝင်လာလို့ ဒီလိုဖြစ်မယ်မှန်းသူသိတယ်လေ...။
"ဒီက စိတ်တိုင်းကျ ကျေနပ်မယ်လို့ထင်ပါတယ် ကိုယ့်ဘာသာအလိုက်တသိအေးအေးဆေးဆေး ထွက်သွားရင် အကောင်းဆုံးပဲ..."
" တောက် "
လိပ်ပြာလည်း အမှန်တရားကို သိလို့သာရဲရဲဝံ့ဝံ့ပြောရဲပေမဲ့ ယောကျာ်းတစ်ယောက်နှင့်ယှဉ်ပြိုင်ပြောရဲလောက်တဲ့အထိ သတ္တိကသိပ်မကောင်းပေ...၊
သူကပြတ်ပြတ်သားသားပြောပြီး ဓာတ်လှေကားဘက်
သို့ လျှောက်သွားသောကြောင့် လိပ်ပြာလည်း အစ်မသော်တာကို နှုတ်ဆက်ကာရှေ့ ဆင့်နောက်ဆင့်လိုက်သွားသည်။
"ဟိုသူဋ္ဌေး ခုနက... "
"ငါအကုန်တွေ့ပြီးပြီ..."
" ဟုတ်ကဲ့ "
" ငါခဏနေအပြင်သွားမယ် မင်းကားဘေးနားကနေသွားစောင့်နေ ခဏနေလာခဲ့မယ် "
" ဟုတ်ကဲ့ "
လိပ်ပြာလည်း သူအလာကို ကားနားကစောင့်ရန် reception ကိုအဖြတ်...
"လိပ်ပြာ အစ်မလိပ်ပြာဆီလာတော့မလို့ဘဲ "
"ဟုတ် ဘာဖြစ်လို့လဲ အစ်မသော်တာ "
"လိပ်ပြာကို ဧည့်သည်တစ်ယောက်ကတွေ့ချင်လို့တဲ့ သူကားထဲမှာစောင့်နေမယ်လို့ပြောတယ်"
"ဘယ်သူလဲ အစ်မသော်တာသိလား..."
"အစ်မတော့မသိဘူး...ခပ်သန့်သန့်ရုပ်ဖြောင့်ဖြောင့်
နဲ့မော်ဒယ်မင်းသားလိုလို သူဋ္ဌေးသားလိုပဲ
သွားတွေ့လိုက်ဦး ဒါနဲ့လိပ်ပြာဘယ်သွားမလို့လဲ"
"သြော် သူဋ္ဌေးခိုင်းထားလို့ပါ သွားလိုက်ဦးမယ် "
"အင်း အင်း "
ဘယ်သူပါလိမ့် သူ့ဆီလာတွေ့ခိုင်းတယ်ဆိုတော့ လိပ်ပြာထင်တဲ့သူမဖြစ်ပါစေနဲ့လို့ဆုတောင်းပါတယ်...၊
လိပ်ပြာလည်း ကားပါကင်ရှိရာ မြေအောက်ခန်းသို့ဆင်းလာခဲ့သည်။
" ဟင် "
ပြိုင်ကားအနီရောင်ကို တွေ့တာနဲ့ လိပ်ပြာလည်းလှည့်ထွက်ဖို့ ခြေလှမ်းပြင်လိုက်စဉ်...
" နပေါဦး "
"လိပ်ပြာ ကျွန်တော်စကားခဏလောက်ပြောရုံလေးပါ၊ ကျွန်တော့်ကိုအချိန်လေးနည်းနည်းလောက်ပေးလို့ရမလား..."
သူနှင့်မျက်နှာချင်းဆိုင်အနေအထားသို့လှည့်လိုက်ပြီး...
"အလုပ်ချိန်မို့ လိပ်ပြာလိုက်လို့မရလိုပါ၊ အခုလည်းသူဋ္ဌေးအလာကိုစောင့်နေတာ ခွင့်ပြုပါဦး "
ထိုအချိန် သတိုးတေဇ ကားပါကင်ရှိရာလျှောက်လာနေသည်ကို သူတွေ့လိုက်သောကြောင့် လိပ်ပြာ
လက်ကိုအလျှင်အမြန်ဆွဲလိုက်ပြီး ကားတံခါးကို
ဖွင့်လိုက်ကာ အထဲသို့တွန်းထည့်ရန်ပြင်လိုက်စဉ်...
"လွှတ် ဘာလုပ်တာလဲ "
" ဖြောင်း "
လိပ်ပြာလက်ကို အတင်းဆွဲကာ ကားထဲသို့တွန်းထည့်ဟန်ပြင်နေသောကြောင့် သူ့မျက်နှာပေါ်သို့အရှိန်ဖြင့် ခပ်ကကြမ်းကြမ်းရိုက်ချလိုက်သည်။
ရိုက်ခံရတဲ့သူတော့ ဘယ်လိုဖြစ်သွားမယ်မသိ၊ လိပ်ပြာလက်တော့စပ်ဖျဉ်းဖျဉ်းဖြစ်သွားရသည်။
အငိုက်မိသွားသလို မျက်နှာတစ်ခုလုံးထူပူသွားပေမဲ့ သူ,မမှုနိုင် သူမကိုအတင်း အဓမ္မကားထဲသို့ထည့်ကာ အမြန်မောင်းထွက်သွားသည်။
"အခုရပ် နင်ငါ့ကိုဘယ်လို မိန်းမစားထင်နေလဲ၊ အခုရပ်လို့ပြောနေတယ်နော်..."
လိပ်ပြာကို သူဒီလိုလုပ်လိမ့်မယ်လို့ထင်မထားမိတာတော့အမှန်ပင်...၊ သူ့လက်မောင်းကိုထုရိုက်ကာ ဒေါသံသံဖြင့်ပြောနေမိသည်။
"လိပ်ပြာ ကျွန်တော် မင်းကိုကားတင်ပြေးနေတာမဟုတ်ဘူး၊ ငြိမ်ငြိမ်လေးနေပေးပါကျွန်တော်စိတ်ပြောင်းအောင်မလုပ်ပါနဲ့၊ ဒီနားကကော်ဖီဆိုင်မှာစကားခဏပြောရုံလေးပါ..."
သူ့ကားပေါ်တောင် ရောက်နေပြီမဟုတ်လား၊
ကိုယ်ဘာလုပ်လုပ် သူ့ဘက်ကသာ အသာကြီးမို့ လိပ်ပြာငြိမ်နေလိုက်ပြီး ကားရပ်သွားမဲ့အချိန်ကို စောင့်နေလိုက်သည်။
" ကျွိ "
လိပ်ပြာတစ်ခါမှ မရောက်ဘူးသည့်ဆိုင်တစ်ဆိုင်အရှေ့တွင် ကားလေးကထိုး ရပ်သွားသည်နှင့် လိပ်ပြာအလျှင်အမြန်ပင် ဆင်းလိုက်ပြီး ဆိုင်ထဲသို့မဝင်ဘဲ လမ်းမကြီးအတိုင်းဆက်လျှောက်သွားသည်။
"လိပ်ပြာ ခဏလေး အထဲဝင်ပြီး စကားပြော
ရုံလေးပါ၊ လမ်းမအလယ်မှာ ကျွန်တော်ကြမ်းကြမ်းတမ်းတမ်းလည်း မလုပ်ချင်ပါဘူး...၊ ပြန်လိုက်ပို့ပေးမှာပါ လာ..."
သူက လိပ်ပြာကိုဖျောင်းဖျပြီး ဆိုင်ထဲသို့လျှောက်သွားပြီးမှ လိပ်ပြာဘက်ပြန်လှည့်ကြည့်ကာ...
" လိပ်ပြာ ခဏလေးပါ "
" ဟွန်း "
မထူးတော့ပါဘူး... ဒီအထိတောင်ရောက်လာပြီးမှပဲ ဒီတစ်ခါတော့ သူပြောတာချည်းပဲမဟုတ်ဘဲ လိပ်ပြာပြောတာပါနားထောင်ရမည်။ နောက်ပြီး
ဘာလို့ သူဒီလိုတွေလုပ်နေရတာလဲ ဆိုတာသိရမှဖြစ်မည်။
သတိုးတေဇ လည်း သူတို့နှစ်ယောက်ဆိုင်ထဲ
ဝင်သွားတာကို တွေ့လိုက်သောကြောင့် ဆိုင်
ရှေ့ကားရပ်ထားပြီး သူပါလိုက်ဝင်သွား၏။
ဆိုင်ရဲ့ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်ကြပြီး သူကလိပ်ပြာရှေ့တွင် ထိုင်သည်။
" 5 မိနစ် တစ်ယောက် 5 မိနစ်စီ ပြောကြတာ
ပေါ့၊ ရှင်အရင်စပြော "
"ကျွန်တော် လိပ်ပြာကိုချစ်တယ် အရမ်းချစ်တာပါ၊
လိပ်ပြာအချစ်ကိုရဖို့ဘာမဆိုကြိုးစားမယ်ကျွန်တော့်အချစ်ကိုလည်းလက်ခံပေးပါ၊ အခုလိုလုပ်ရတာကလည်း လိပ်ပြာကိုချစ်လို့ပါ "
"5 မိနစ်မပြည့်သေးဘူး ဘာပြောချင်သေးလဲ "
"ဟို လိပ်ပြာကျွန်တော့်ကို ဘာမကြိုက်တာ
ရှိလို့လဲပြောပါ..."
"ကောင်းပြီ ကျွန်မဘက်ကလည်း ရှင်းရှင်းပဲ
ပြောမယ်၊ ရှင့်ကိုလုံးဝမချစ်ဘူး...ရှင်ဖြစ်နေလို့ကို မချစ်တာ၊ နောက်ပြီးမနှောင့်ယှက်ပါနဲ့ သူများတွေလို ကြိုးရှည်ရှည်နဲ့လှန်ထားမဲ့သူလည်းမဟုက်ဘူး...၊ ရှင်ကိုမို့လို့ကိုမကြိုက်တာ၊ အဲ့ဒါကြောင့် ဘာမှမကြိုးစားပါနဲ့ ဘာလို့ဆို ရှင်ကနောက်တစ်ယောက်ဖြစ်လာနိုင်မှာမဟုတ်လို့ပဲ ရှင်းပါတယ်နော်..."
"လိပ်ပြာ... "
" လွှတ် "
"ကျွန်မ အရှင်းဆုံးပြောပြီးပြီ၊ ရှင်နားမလည်ဘူးလား နောက်ကလိုက်မလာနဲ့ "
"အဲ့ လက်ကိုလွှတ်လိုက် "
"ဟင် ဦးသတိုး !!!"
နှစ်ကိုကြားရုံသာ သူ့နာမည်ကိုခေါ်လိုက်ပြီး
လိပ်ပြာ အားကိုးတကြီးကြည့်လိုက်သည်။
°°°°°°°°°°°
"ဟာ ခင်ဗျားဒါဘာလုပ်တာလဲ "
လိပ်ပြာကိုသူ့ရှေ့မှ ဆွဲခေါ်သွားသောကြောင့်
သူလှမ်းတားလိုက်သည်။
"ငါနှစ်ခါမပြောဘူး မင်းလိုက်မလာနဲ့ "
မင်းထက်အာကာကို လှည့်ပြောလိုက်ပြီးလိပ်ပြာကိုဆွဲခေါ်သွားကာ သူမထပ်ကြပ်မကွာလိုက်ပါသွားရသည်။
"အ ဦးသတိုး လိပ်ပြာလက်နာနေပြီ၊ လွှတ်ပါဦး "
" တက် "
လိပ်ပြာကိုကားထဲဝင်စေပြိီး သူပါကားပေါ်တက်ကာ မောင်းထွက်သွားသည်။
"ဦးသတိုး လိပ်ပြာတောင်းပန်ပါတယ်၊ အလုပ်ချိန်မှာ အပြင်ခဏထွက်သွားမိတဲ့အတွက် "
" မင်းငြင်းခဲ့လား..."
" ရှင်! "
"မင်းသူ့ကို မလိုက်ပါဘူးလို့ငြင်းခဲ့လား... ငါလာတာတွေ့တော့မှ မင်းသူနဲ့လိုက်သွားတာ
ဘာသဘောလဲ "
"လိပ်ပြာ သဘောနဲ့လိပ်ပြာ လိုက်သွားတာမဟုတ်ပါဘူး...
နောက်ပြီး ဦးသတိုးရှိနေမှန်းမသိလို့ပါ၊ သူ့ကိုလာဖို့ လိပ်ပြာခေါ်ခဲ့တာလည်းမဟုတ်သလို လိပ်ပြာလည်းလိုလိုလားလားနဲ့လိုက်သွားချင်လို့..."
" ကျွိ "
" ဟင် "
" ဆင်းတော့ "
" ရှင်! "
"ဆင်းတော့ မင်းဘာသာ hotel ပြန်လာခဲ့ "
လိပ်ပြာလည်း အံ့သြမှုများနှင့်အတူ ကား
ပေါ်မှဆင်းလာခဲ့သည်။ ကားပေါ်မှဆင်း
ဆင်းခြင်း လိပ်ပြာကို ဆီးကြိုနေသူများက
မိုးစက် မိုးပေါက်များပင်ဖြစ်သည်။
သူ ရုတ်တရက်ဒေါသထွက်ကာ မထင်မှတ်ဘဲ သူမအပေါ်ပုံချလိုက်မိပြီဖြစ်ကြောင် းသူသိလိုက်ရတဲ့အချိန် ဘေးဘီကိုဝေ့ကြည့်လိုက်တော့ မိုးများကတဖွဲဖွဲရွာနေသည်။
သူမ ဒီအချိန်မိုးရွာထဲမှာတစ်ယောက်ထဲဆိုတဲ့အသိက သူမရှိရာကားပြန်လှည့်စေခဲ့၏။
မိုးစက်များက တစ်စက်ဆို မပြောပြလောက်
ပေမဲ့ မိုးစက်ပေါင်းများစွာကြောင့် လိပ်ပြာ
ကိုယ်လေးရွှဲသွားရသည်။
ဘေးလွယ်အိတ်ကို ခေါင်းပေါ်တင်ကာ ဖြတ်
သွားဖြတ်လာကားများကို တားသော်လည်း
လိပ်ပြာကို ရှိတယ်လို့တောင်ထင်ရဲ့လားမသိ၊ ဒီအတိုင်းကျော်သွားကြသည်။ ကားဘီးတွေက ချိုင့်ခွက်ထဲသို့ကျသွားကာ ချိုင့်ခွက်ထဲမှ ရွှံ့နောက်ရေများ လိပ်ပြာတစ်ကိုယ်လုံးစိုရွှဲသွားရပြန်သည်။
"ဟိုမှာ လိပ်ပြာတစ်ယောက်တည်းမိုးရွာထဲမှာအဆောင်းလည်းမပါဘူး၊ ဘာရပ်လုပ်နေတာပါလိမ့် "
" ကျွိ "
" စိုင်း "
အတော်ပဲ စိုင်းကိုတွေ့လိုက်ရတာ လိပ်ပြာအဖို့ ရေငတ်နေတဲ့အချိန် ရေတွင်းထဲကျသွားသလို ခံစားလိုက်ရသည်။
"လိပ်ပြာတစ်ယောက်ထဲ မိုးရေထဲမှာ ဘာဖြစ်လို့လဲ၊ ဆိုင်ကယ်ရောမပါဘူးလား..."
"လိပ်ပြာနောက်မှပဲ ပြောပြတော့မယ်၊ အခုတော့ hotel ကိုလိုက်ပို့ပေးပါ "
" အင်းတက်လေ "
သူမတို့နှင့် မလှမ်းမကမ်းအရောက်တွင် မြင်လိုက်ရသော မြင်ကွင်းက သူ့ကို ဒေါသပိုထွက်စေခဲ့သည်။
သူ့ကိုကမှားတာ သူမကိုဆို ကူညီချင်တဲ့ယောက်ျားများများရယ်ဆိုတာ သူမေ့နေခဲ့တာ၊ ချက်ချင်းပင်
မျက်နှာလွှဲ၍ စတီယာလက်ကိုင်ကိုလှည့်ကာ
မောင်းထွက်သွားသည်။
"လိပ်ပြာ hotel မှာ အရေးကြီးကိစ္စရှိလို့လား...၊
အဝတ်စားလဲပြီး ဆေးသောက်ထားဦးနော်ဖျားနေဦးမယ်"
"အင်းပါ ကျေးဇူးပဲနော်၊ နောက်မှတွေ့မယ်..."
စိုင်းကိုနှုတ်ဆက်ပြီး လိပ်ပြာလည်း hotel တွင်းသို့ဝင်လာခဲ့သည်။
"လိပ်ပြာ ရေတွေစိုရွှဲနေပါလား၊ မိုးမိလာတာလား "
"ဟုက်တယ် အစ်မသော်တာ၊ လိပ်ပြာကိုယူနီဖောင်းတစ်စုံလောက်ပေးပါလားဟင် "
"အင်း ရော့ အနောက်မှာသွားလဲလိုက်နော် "
" ဟုတ်ကဲ့ "
"ဟက်ချိုး ဟက်ချိုး... "
"လိပ်ပြာ ဆေးသောက်ထားလိုက်ဦး၊ ဖျားနေဦးမယ်"
"အဲ လိပ်ပြာဆီမှာမရှိဘူး အစ်မဆီမှာရှိရင်ပေးပါလား"
"ခဏနော် အစ်မတခြားတစ်ယောက်ဆီမှာရှိလား
မေးပေးမယ်၊ ရှိရင်အစ်မလာပေးမယ်နော် "
"ဒါဆို လိပ်ပြာအထဲဝင်တော့မယ်နော် "
" အင်း "
အခန်းတံခါးစေ့ထားတာမို့ လိပ်ပြာလည်းအလိုက်သင့်ဝင်လာခဲ့သည်။
"ဟက်ချိုး...."
လူမလာခင် အသံကအရင်ကြားနေရသည်မို့
သူမမှန်းသိလိုက်သော်လည်း မသိချင်ယောင်ဆောင်နေလိုက်သည်။
"ဟို ဦးသတိုး လိပ်ပြာကို ခုနကဘာခိုင်းမလို့လဲ "
သူ့ဘက်မှ ဘာတုန့်ပြန်မှုမှမရသလို လိပ်ပြာကိုသူ့ရှေ့မှာရှိနေတယ်လို့တောင် ထင်ရဲ့လားမသိ။
" ဟက်ချိုး ဟက်ချိုး "
အဲကွန်းကြောင့်လား...မိုးမိလာလို့လားမသိ
ရုတ်တရက်ချမ်းစိမ့်လာရသည်။ လက်လေး
နှစ်ဖက်ကိုအလိုလိုပိုက်မိလျက်သားဖြစ်သွား
ပြီး သူ့ရှေ့တွင်ပျော့ခွေချင်လာသည်။
"မလိုတော့ဘူး အခန်းတွေကိုတစ်ချက်သွား
စစ်လိုက် " "
"လိပ်ပြာ သွားစစ်လိုက်ပါ့မယ် "
လိပ်ပြာလည်း မူးနောက်မူးနောက်နှင့် အပြင်
သို့ထွက်လာခဲ့သည်။
"လိပ်ပြာ အတော်ပဲ အစ်မလည်းအခုပဲဆေး
လာပေးမလို့ "
"ဟုတ်ကဲ့ အစ်မကျေးဇူးပဲနော် "
"ဒါနဲ့ လိပ်ပြာဘယ်သွားမလို့လဲ "
"အခန်းတွေကို တစ်ချက်သွားစစ်ကြည့်မလို့ပါ "
"ရရဲ့လား လိပ်ပြာမျက်နှာကြည့်ရတာချက်ချင်းဖျော့တော့သွားတာပဲ..."
"ရပါတယ် အစ်မ..."
လိပ်ပြာအခန်းတွေကို လိုက်စစ်လာတာ ၄ လွှာအရောက်တွင် လူကမိုက်ခနဲဖြစ်သွားကာ နံရံထောင့်နားတွင် အသာမှီနေလိုက်သည်။
"အားတင်းထား လိပ်ပြာ အားတင်းထား
၁ လွှာပဲလိုတော့တယ် "
နောက်ဆုံး ၅ လွှာအရောက်တွင် လိပ်ပြာ
တစ်ကိုယ်လုံးထူပူကာ ချွေးများပင် စို့လာရ
သော်လည်း လူကနုံးနေတုန်းအသားတွေ
ကပူနေတုန်းပင်...။
လိပ်ပြာခပ်ဖြည်းဖြည်းပင် ရုံးခန်းထဲသို့လှမ်းဝင်လာသည်။ လိပ်ပြာမြင်နေရတဲ့ပုံရိပ်
တွေက ဘယ်ဟာကအစစ်မှန်းမသိ နှစ်ထပ်
တွေချည်းမြင်နေရသည်။ လူကတင်းထား
ပေမဲ့ စိတ်ကမခိုင်တော့ ခြေထောက်အစုံက
ညွှတ်ခွေကျကာလှဲပြိုသွားရသည်။
အေးစက်နေတဲ့ ကြမ်းပြင်ပေါ်သို့မကျဘဲ
နွေးထွေးတဲ့ ရင်ဘက်တစ်ခုနှင့် လက်အစုံ
ရဲ့ ထွေးပွေ့ခြင်းကိုခံလိုက်ရပြီး ကမ္ဘာကြီး
နှင့် ခေတ္တခဏ အဆက်အသွယ်ပျက်သွား
ရတော့သည်။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°♥♥•°
အပိုင်း(၁၆) ဆက်ရန် >>>
#Ruby Linn