book

Index 14

အပိုင်း (၁၄)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖

---------------

သူမကိုကြည့်ရတာ စိတ်လှုပ်ရှားမှုမပြယ်သေးသဖြင့်
အနားတွင်ရှိသော ရေတကောင်းမှ ရေများဖန်ခွက်ထဲ
သို့ထည့်ကာ သူမဆီသို့ကမ်းပေးလိုက်သည်။

လိပ်ပြာ ရှေ့တည့်တည့်သို့ ရေဖန်ခွက်ကမ်းပေးလာ
သည့်အတွက် မော့မကြည့်ဘဲနဲ့ ရေဖန်ခွက်ထဲက
ရေကို အကုန်သောက်လိုက်ပြီး...

" ကျေးဇူးပါ "

သူမက ဘာကိုကျေးဇူးတင်မှန်းမသိပေမဲ့ သူ
ကျေနပ်မိသည်။ သူမစိတ်လှုပ်ရှားသလို သူလည်း
စိတ်မလှုပ်ရှားဘူးဆို လိမ်ရာကြလိမ့်မည်။ဒါပေမဲ့
စိတ်လှုပ်ရှားအောင်လုပ်ရတာက လွယ်တာလား
စိတ်မလှုပ်ရှားအောင် ထိန်းရတာက ခက်တာလား...
သူ့အတွက်တော့ စိတ်မလှုပ်ရှားအောင်ထိန်းနေရတာကအခက်ဆုံးပင်...။

"မင်းကိုငါ အိမ်ပြန်လိုက်ပို့ပေးမယ်...လာ"

"ဟို လိပ်ပြာ "

လိပ်ပြာ စကားမဆုံးမီ သူကရှေ့သို့ဦးဆောင်သွား
နေပြီဖြစ်သည်။ ဒီနေ့ ကိစ္စတွေအများကြီးဖြစ်ပြီးတာတောင် သူ့မျက်နှာပေါ်တွင်ဘာမှမဖြစ်သလို
ပင်နေနိုင်သည်။ လိပ်ပြာလည်းငြင်းမရတာနဲ့
သူ့ကားပေါ်တွင် လိုက်ပါလာခဲ့ရသည်။

တစ်လမ်းလုံး တိတ်ဆိတ်စွာလာပါလာပြိီး လိပ်ပြာ
အိမ်ရှေ့အရောက်တွင် ကားလေးကညင်သာစွာ
ထိုးရပ်သွားသည်။ လိပ်ပြာအတွေးလွန်နေ၍
ကားရပ်လိုက်မှန်း ရုတ်တရက်မသိလိုက်ကာ
တစ်အောင့်ကြာမှ ကပျာကယာ ဘေးလွယ်အိတ်
ကိုလွယ်၍ ကားတံခါးတွန်းဖွင့်ကာ အိမ်ထဲသို့
ဝင်ရန်ပြင်လိုက်သည်။

" နေဦး "

" မင်းအိမ်ထဲကို ဟန်ဆောင်ပြီးတောင်မခေါ်
တော့ဘူးလား..."

လိပ်ပြာအိမ်ထဲဝင်ဖို့ ခြေလှမ်းပြင်စဉ်သူကခေါ်လာ
သည်မို့ နောက်လှည့်ကာ...

"ဟုတ်သားပဲ အိမ်ထဲဝင်ပါဦးလား..."

လိပ်ပြာက အိမ်ထဲဝင်ဖို့ပြောတော့လည်း သူကအိမ်ထဲသို့
တစ်ချက်သာငဲ့ကြည့်ပြီး ...

" မဝင်တော့ဘူး " တဲ့။

ထူးဆန်းစွာပင် အမြဲလင်းထိန်နေသည့်လိပ်ပြာ
အိမ်ကလေးက ဒီနေ့ညမှောင်မိုက်၍နေသည်မို့ လိပ်ပြာလည်းအံ့သြနေရင်းက အိမ်ထဲသို့လှမ်း
ဝင်လာခဲ့သည်။

"ဖေဖေ ဖေဖေ မေမေ..."

"ဘယ်ရောက်ကုန်ကြတာလဲ...ဘယ်သူမှမရှိ
ကြဘူးလား..."

လိပ်ပြာလည်း ဖုန်းမီးကိုဖွင့်ကာ မီးခလုတ်ရှိရာသို့
တရွေ့ရွေ့လျှောက်လာခဲ့သည်။ လိပ်ပြာမီးခလုတ်
မနှိပ်မီ တစ်အိမ်လုံးလင်းထိန်သွားပြီး...

"Happy Birthday to you .....Happy Birthdayto you.... "

လိပ်ပြာလေ အံ့သြလွန်းလို့ဘာပြောရမယ်မှန်းမသိ
လက်ထဲမှာကိုင်ထားတဲ့ဖုန်းကို လွတ်မကျသွားအောင်
သာ တင်းတင်းဆုပ်ကိုင်ထားမိသည်။ မွေးနေ့ကိတ်မုန့်ကို မယ်ကကိုင်လျက် လိပ်ပြာသူငယ်ချင်းများနှင့်
ဖေဖေတို့က လိပ်ပြာဆီလျှောက်လာနေသည်။

လိပ်ပြာပျော်လိုက်တာ...ဒီအပျော်ဟာ ဘယ်အပျော်နဲ့မှမတူ အရောင်တွေမပါ ရယူပေးဆပ်မှုတွေမပါ၊
ဟိုး ရင်ထဲကပီတိတွေနဲ့ လှိုက်လှိုက်လှဲလှဲဝမ်းသာ
ခြင်းမျိုးပါ။ လိပ်ပြာကိုယ်တိုင်တောင်မမှတ်မိတဲ့
လိပ်ပြာရဲ့ (၂၄) နှစ်ပြည့်မွေးနေ့ကို ဒီလိုမျိူးအားလုံး
ကမှတ်မိပြီး သတိတရလုပ်ပေးတဲ့အတွက်ရင်ထဲက
ကျေးဇူးတင်မိပါတယ်...။

"ဟိတ် အိန်ဂျယ်နောက်မှပဲတွေးတော့ အခုတော့
မယ်ကိုင်ထားရတာလေးနေပြီ၊ မွေးနေ့ဆုတောင်း
ရအောင် "

လိပ်ပြာအတွေးထဲနစ်နေစဉ် မြတ်လေးသတိပေးလို့
လိပ်ပြာမျက်ဝန်းထဲက မျက်ရည်များကိုမမြင်စေရန်
မျက်နှာကိုမော့ကာ မျက်တောင်တစ်ချက်နှစ်ချက်
ခက်၍ အလှဆုံးပြုံးလိုက်ပြီး သူတို့ကိုကြည့်လိုက်သည်။

"Happy Birthday to you... Happy Birthday...
Happy Birthday... Happy Birthday....
Dear ပန်းလိပ်ပြာ.... "

" Wow...."

" လိပ်ပြာဆုတောင်းဦးလေ..."

လိပ်ပြာဖယောင်းတိုင်မီးမှုတ်ရန် ပြင်လိုက်စဉ်
မယ့်စကားကြောင့် လိပ်ပြာလက်နှစ်ဖက်ကိုပူးကာ လက်ချောင်းများကိုယှက်နွယ်၍ မျက်ဝန်း
အစုံကိုမှိတ်လိုက်သည်။

လိပ်ပြာမျက်ဝန်းများမှိတ်လိုက်ချိန် အမြဲပြုံးနေ၍
အေးချမ်းပြီး အပူအပင်ကင်းသော မျက်နှာလေးကို မျက်တောင်မခတ်ကြည့်နေမိသည်။

"ဘဝမှာကြုံတွေ့လာမဲ့အခက်အခဲတွေကို
ရင်ဆိုင်နိုင်မဲ့ခွန်အားရှိရပါလို၏၊ နောက်
လိပ်ပြာချစ်တဲ့သူတွေနဲ့ တစ်သက်လုံး
မခွဲဘဲ အတူနေနိုင်ရပါလို၏ "

လိပ်ပြာလည်းဆုတောင်းပြီး မျက်ဝန်းနှစ်ဖက်ကို
ပြန်ဖွင့်လိုက်ကာ ကိတ်မုန့်ပေါ်မှဖယောင်းတိုင်
မီးကိုမှုတ်လိုက်သည်။

" ယေး..."

လိပ်ပြာကို ဘယ်လောက်ထိငေးကြည့်နေမိမှန်းမသိ မြတ်လေးသူ့ကိုတတောင်ဖြင့်တွတ်လိုက်မှပဲ သတိဝင်လာရသည်။

"ဟဲ့ ဟို ကကိတ်မုန့်တောင်ခွဲတော့မယ်မျက်တောင်
လေးဘာလေးခတ်ပါဦ..."

" အေးပါ "

"ကဲ ကဲ ကိတ်မုန့်ခွဲမယ်..."

မြတ်လေးရဲ့ဆော်သြမှုကြောင့် လိပ်ပြာရှေ့တွင်ရှိသော စတော်ဘယ်ရီသီးများများဖြင့်လုပ်ထားပြီး ခရင်မ်နည်းသည့် နောက်ပြီးလိပ်ပြာကြိုက်သည့်
ကိတ်မုန့်ကို မြတ်လေးလှမ်းပေးသည့် ကိတ်မုန့်လှီးဓား
ဖြင့် တြိဂံပုံစံလှီးလိုက်သည်။

"ကဲ ပထမဆုံးအနေနဲ့ ဖေဖေ့ကို အရင်ကျွေးမယ် အာ "

နောက်ဆုံးလောက်တွင် ရပ်နေသော လ်ိပ်ပြာဖေဖေ့ကို ပထမဆုံးအနေနဲ ခွံ့ကျွေးလိုက်သည်။

"နောက်ပြီး မေမေ...."

"လိပ်ပြာကိုပြန်ခွံကျွေးပါဦး..."

"ကဲ ဟုက်ပါပြီး မေမေ့သမီးအလိမ္မာလေးအတွက်
စတော်ဘယ်ရီများများ...."

လိပ်ပြာပျော်နေတာကို မြင်ရတော့ကျွန်တော်
တို့လည်း ထပ်တူထပ်မျှပျော်ရွှင်ရသည်။
သူငယ်ချင်းသုံးယောက် ဘယ်သူ့မွေးနေ့ပဲ
ဖြစ်ဖြစ် မွေးနေ့ရောက်တိုင်းသတိတရနှင့်
လုပ်ပေးဖြစ်တာက ထုံးစံတစ်ခုလိုပင်ဖြစ်နေသည်။

"နောက်တစ်ယောက်က မြတ်လေး..."

"ဟင် ဟာ အိန်ဂျယ်စုတ် ငါဒီမှာပါးစပ်ဟထားတယ်လေ..."

"သူငယ်ချင်းလေးကလည်း မယ့်ကိုအရင်ကျွေးလိုက်တာကို စိတ်မကောင်းမဖြစ်နဲ့နော်... "

မြတ်လေးကို ကျွေးမလိုလိုနဲ့ မယ့်ဆီဇွန်းကလှည့်သွားသောကြောင့် မြတ်လေးကစိတ်ကောက်
နေဟန် ချစ်စဖွယ်နှုတ်ခမ်းလေးဆူပုတ်ပြနေသည်။

"ကဲပါ ချစ်သူငယ်ချင်းလေးကလည်း ချစ်သူငယ်ချင်း
အတွက်အကြီးကြီးတစ်လုပ် အာ..."

"မွေးနေ့ရှင်မို့လို့နော် နမို့ဆို ဟွန်း...."

"အင်း အင်းပါ "

"ကဲ နောက်ဆုံးနဲ့အကြီးဆုံး စိုင်းအတွက်ပါးစပ်ဟ..."

"အင့် "

"ဟာ !!!"

လိပ်ပြာကစိုင်းကိုခွံ့ကျွေးနေရင်း တစ်ဖက်မှ
မြတ်လေးက လိပ်ပြာမျက်နှာကို ခရင်မ်ဖြင့်
သုတ်လာသောကြောင့် လိပ်ပြာရုတ်တရက်
အငိုက်မိသွားရသည်။

"မြတ်လေး...အေး တွေ့မယ် ရော့ အင်းဟယ် "

"ဟား....ဟား...."

ဒီလိုနဲ့လိပ်ပြာက မြတ်လေးကိုသုတ်လိုက်
စိုင်းကလိပ်ပြာကို သုတ်လိုက်၊ မယ်ကလိပ်ပြာ
ကိုသုတ်လိုက်နှင့် ဧည့်ခန်းတွင်ပတ်ပြေးနေကာ
ဆူညံနေကြသည်။




"ကလေးတို့ ဘာမှမစားရသေးဘူးမလား
လာဒီမှာပြင်ပြီးပြီ လာစားကြ..."

" ယေး ဟေး ဟေး "

"စောင့်ဦး ...."

မေမေ့ရဲ့သတိပေးမှုကြောင့် ဗိုက်ဆာတာကိုမေ့နေသော လိပ်ပြာတို့သူငယ်ချင်းတစ်စုကလေး
တွေလိုပင် ထမင်းစားခန်းသို့ပြေးဝင်သွားကြသည်။

°°°°°°°°°°°°

မရဏစံအိမ်🕍

ဂိုထောင်ထဲတွင် ဖမ်းထားသောကျားကြီးရှိရာ သူတို့လျှောက်လာခဲ့သည်။

" ကျွိ "

မှောင်မိုက်နေသော အခန်းထဲတံခါးဖွင့်လိုက်သော
ကြောင့် အလင်းရောင်သဲ့သဲ့နှင့်အတူ အနက်ရောင်
ရှူးဖိနပ်စီးထားသော လူနှစ်ယောက်လှမ်းဝင်လာသည်။ ဂိုထောင်၏အလယ်ခုံတစ်လုံးတွင် လက်နောက်ပြန်ချုပ်ထားသော လူတစ်ယောက်တဖြည်းဖြည်းခေါင်းမော့လာသည်။

"မင်းမှာဘာမှပြောဖို့စိတ်ကူးမရှိဘူးဆို....နောက်
ဆုံးအနေနဲ့မေးမယ် ဘယ်သူခိုင်းတာလဲ "

" မသိဘူး "

သူထင်ထားသည့်အတိုင်း သူကဘာမှဂရုမစိုက်သလိုပြောလာတော့ နှုတ်ခမ်းတစ်ဖက်ကိုတွန့်ကွေးလျက်...

"ကောင်းပြီ အဂ္ဂပေး "

အဂ္ဂလည်း သူ့ဘောင်းဘီအိတ်ထဲမှ ဖုန်းကိုထုတ်ယူလိုက်ပြိီး သခင်လေးထံကမ်းပေးလိုက်သည်။

"ဒီမှာ ဘယ်သူလဲကြည့်လိုက်ပါဦး
"

ဖုန်း screen ပေါ်တွင် ပေါ်လာသောပုံကြောင့်
ကျားကြီးဆိုသူ မျက်စိမျက်နှာပျက်သွားသဖြင့် သူဝှက်ဖဲလှန်မိပြီဖြစ်ကြောင်း သိလိုက်သည်။

ချက်ချင်းပျက်သွားသောမျက်နှာကိုပြန်တည်လိုက်ပြီး...

"သူကဘယ်သူလဲ သူ့ကိုမသိဘူး..."

"ဘာတွေကိုတင်းခံထားချင်ရတာလဲ ရတယ်၊
အဂ္ဂ ကောင်မလေးကိုခေါ်လာခဲ့ မလိုက်ရင်
လိုက်တဲ့နည်းကိုသုံးပြီးခေါ်လာခဲ့ "

"ဟုတ်ကဲ့ သခင်လေး "

အဂ္ဂကျောခိုင်းပြီး လှည့်ထွက်သွားသည့်တိုင် သူ့ဆီမှဘာအသံမှထွက်မလာခဲ့...။

" နေဦး "

"မင်းတို့နဲ့ ဘာမှမပတ်သက်တဲ့ သူ့ကိုဒုက္ခမပေးပါနဲ့... ဒီလိုသူများအားနည်းချက်ကိုအသုံးချတာက သမာသမတ်ရှိသူတွေရဲ့အလုပ်မဟုက်ဘူး...၊
မင်းတစ်နေ့ ဝဋ်လည်လိမ့်မယ်... "

"ဒုက္ခပေးတယ် ဝဋ်လည်မယ် သမာသမတ်...
အဲ့ဒါဘာကိုပြောတာလဲ ကျုပ်မသင်ခဲ့ရဘူး...၊
ဘယ်သူကအရင်ဒုက္ခပေးတာလဲ ခင်ဗျားကို
ကျုပ်အေးအေးဆေးဆေးမေးနေသားပဲ
အခုပြောမှာလား...."

"ငါမသိတာတစ်ကယ်ပါ ငါ့ကိုခိုင်းတဲ့သူက
မျက်နှာဖုံးဝတ်ထားတော့ ဘယ်သူမှန်းမသိဘူး၊
ဒါပေမဲ့ သူရဲ့လက်ဖျံမှာနဂါးပုံ tattoo တော့
တွေ့တယ် "

"နဂါးပုံ tattoo နဂါးပုံ ဆိုရင်မင်းဒင်တို့အဖွဲ့ပဲ
ဖြစ်ရမယ် သခင်လေး "

"အဂ္ဂ မင်းထင်ရာစွတ်မပြောနဲ့ အထင်မှားစေချင်လို့မျက်နှာဖုံးတော့ စွတ်ထားပြီး tattoo ကိုတော့
ဖုံးမထားဘူး တစ်ခုခုပဲ "

"သခင်လေးပြောသလိုလည်း ဖြစ်နိုင်ပါတယ် "

"မင်းပြောသလို မဖြစ်နိုင်ဘူးလို့လည်းငါမငြင်းဘူး၊
တစ်ကယ်လို့သာဟုတ်ခဲ့ရင် ငါ့စိတ်ကိုလာစွနေတာ၊ တစ်ခါ နှစ်ခါ မကတော့ဘူး... သူစနေတာ
ငါ့စိတ်အပြင် သူ့သေမင်းဆိုတာသူသိသင့်တယ်..."

"မင်းတို့အဲ့ကောင်မလေးကိုဘာမှမလုပ်ပါနဲ့ "

"ဘာမှမလုပ်ပါဘူး ဒါပေမဲ့ ခင်ဗျားသူများ
ခိုင်းတဲ့အတိုင်း လုပ်သင့်မလုပ်သင့် ဦးနှောက်နဲ့
စဉ်းစားပေါ့၊ အခွင့်အရေးဆိုတာဘယ်တော့မှ နှစ်ခါမလာတတ်ဘူး...."

"သခင်လေး ဒါဆိုသူ့ကိုဘာလုပ်လိုက်ရမလဲ..."

"လွှတ်ပေးလိုက် သူနဲ့ရန်ငြိုးမှမရှိဘဲ ကျုပ်သတိ
ပေးပြီးပြီနော် နောက်တစ်ခါဆိုအလင်းရောင်
မြင်ရတော့မှာမဟုတ်ဘူး..."

"ကောင်းပြီ "

မင်းဒင် မင်းဒင် မင်းငါ့ဆီကဘာလိုချင်တာလဲ...
စည်းစိဥစ္စာ မင်းမှာငါ့ထက်မနည်းတဲ့စည်းစိမ်ဥစ္စာ
တွေလည်းရှိနေတာပဲ၊ အာဏာပါဝါ... ဒါလည်း
မင်းမှာရှိနေတာပဲ ဘာအငြိုးနဲ့များငယ်ငယ်
ကတည်းက လိုက်နှောင့်ယှက်နေရတာလဲ...။

°°°°°°°°

"ကဲ ထည့်စားကြနော် အားမနာနဲ့ အန်တီကသမီးတို့သားတို့အကြိုက် အများကြိီးချက်ထားတာ
ကုန်အောင်စားရမယ်နော် "

"ဝါးမွှေးနေတာပဲ အန်တီရယ်အားနာလိုက်တာ..."

"အားမနာနဲ့ များများစား... "

" ဟုတ်ကဲ့ "

"မယ် ဒါကမယ့်အကြိုက် ရှမ်းမျှစ်ချဉ် ဒါလေးက
မြတ်လေးအကြိုက်ငါးပိထောင်း၊ ရော့
ကြက်ပေါင်းရှမ်းသုပ်က စိုင်းအတွက် တို့ဟူးနွေးလည်းပါတာပဲ ထမင်းတော့မြိန်ပြီ...ဟီး..."

"ကဲ ထမင်းစားပြီးပြီဆိုတော့ အချိုတည်းဖို့
ဧည့်ခန်းမှာပြင်ထားတယ်နော် ကလေးတ်ို့...."

"ရပါတယ် "

" စားကောင်းကြရဲ့လား..."

"ဟုတ်ကဲ့ အကုန်လုံးကမြတ်လေးအကြိုက်ပဲ
သိလား ငစိုင်းဆိုတာလေစားလိုက်တာများ
ခေါင်းကိုမဖော်တော့ဘူး "

"အေးအေး စားကောင်းရင်ပြိီးရော စကားပြော
ကြဦး..."

"ဟိတ် ဒီမှာကြည့် လိပ်ပြာအတွက်မွေးနေ့
လက်ဆောင်ပါတယ်... "

" ဟင် "

မယ့်လက်ထဲတွင်ရှိသော လေးထောင့်ဗူးလေး
ကို လိပ်ပြာလက်ထဲသို့ထည့်ပေးလိုက်သည်။

"မယ်ရယ် အားနာစရာကြီး... "

"ဘာလဲ မယူဘူးပေါ့ "

မြတ်လေးကသိသိရက်နှင့် လိပ်ပြာကိုလှမ်းစလိုက်သေးသည်။

"ဟင့်အင်း စေတနာနဲ့ပေးတဲ့ဟာကိုယူမှာပေါ့
အခုဖွင့်ကြည့်လို့ရမလားဟင်..."

"အင်း ရတာပေါ့ ဖွင့်ကြည့်လေ "

"ဟယ် လှလိုက်တာနော် နာရီလေးကလိပ်ပြာ
ကြိုက်တယ် "

လေးထောင့်ဗူးလေးကို ဖွင့်ကြည့်လိုက်တော့
အဖြူရောင် Dior တံဆိပ် လက်ပတ်နာရီ
တစ်လုံးကိုတွေ့လိုက်ရသည်။

"မယ်ရယ်... စျေးကြီးမှာပေါ့လိပ်ပြာအတွက်က
ဒါတွေမလိုပါဘူးနော် "



"တန်ဖိုးကအဓိကမဟုက်ပါဘူး...ရင်ထဲကလာတဲ့
စေတနာကသာအရေးကြီးတာပါ နောက်ပြီး
မိန်းကလေးတော်တော်များများက နာရီကို
အဆင်တန်ဆာတစ်ခုအနေနဲ့သာ ဝတ်လေ့ရှိ
ပြီး ကြိုက်နှစ်သက်လို့ဝတ်ကြတာရှားတယ်၊
လိပ်ပြာအခုလိုကြိုက်တယ်ပြောလို့ဝမ်းသာ
လိုက်တာ...."

"ဟုတ်ပါ့ နာရီလေးကလှလိုက်တာ သူတန်ဖိုး
ထားနှစ်သက်ပြီဆိုလေ တယုတယနဲ့ကိုသိမ်း
ထားတတ်တာ မယ်ရဲ့၊ ကဲ ကျွန်မရဲ့လက်ဆောင်
ကိုလည်း ရှင်ကြိုက်လိမ့်မယ်ထင်ပါတယ်..."

"မျက်စိမှိတ်ထား မျက်စိမှိတ်ထား...."

မြတ်လေးမျက်စိမှိတ်ခိုင်းသောကြောင့်လိပ်ပြာ
မျက်စိအသာမှိတ်ပေးလိုက်ပါသည်။လိပ်ပြာ
လက်ထဲ လေးထောင့်ပုံရှည်ရှည်လေးကိုလာ
ထည့်ပေးသောကြောင့် ချက်ချင်းပင်စာအုပ်
မှန်းသိလိုက်ပြီး မျက်လုံးပါတစ်ခါတည်းဖွင့်
ကြည့်လိုက်သည်။

"ဟယ် ဒါဆရာမဂျူးရဲ့ မိန်းမတစ်ယောက်ရဲ့
ဖွင့်ဟဝန်ခံချက် စာအုပ်ပဲ....လာပါဦး အင့်..."

လိပ်ပြာလည်းဝမ်းသားလွန်းလို့ မြတ်လေးကို
အနားခေါ်ကာ အားရပါးရဖက်ပစ်လိုက်သည်။

"သိတာပေါ့ သူဝယ်မယ်သာပြောတာမဝယ်ရ
သေးမှန်းသိတာပေါ့၊ အဲ့ဒါကြောင့် တွန့်ဆုတ်မနေဘဲဝယ်လိုက်တာ..."

"ကျေးဇူးပါ ချစ်သူငယ်ချင်း "

"စိုင်းကရော အိန်ဂျယ်ကိုဘာလက်ဆောင်ပေးမှာလဲ ငါ့လိုပဲစာအုပ်ပဲမလာ...."

" ဒီမှာ.... "

"နေဦး အိန်ဂျယ်မျက်လုံးမှိတ် "

" မှိတ်ပြီ မှိတ်ပြီ... "

"ဟယ် ဆွဲကြိုးလေးတော့ လှလိုက်တာ တစ်ခါတည်းဆွဲပေးလိုက်လေ "

"ဟင် ဆွဲပေးရမှာလား...."

" အေးပေါ့ "

မြတ်လေးနှင့် စိုင်းရဲ့ ခပ်အုပ်အုပ်ပြောနေသောအသံကို သဲ့သဲ့ကြားရသောကြောင့်...

"မျက်လုံးဖွင့်လို့ရပြီလား..."

"No ခဏလေး..."

စိုင်းအသံနှင့်အတူ လိပ်ပြာလည်ပင်းပေါ်သို့
ခပ်အေးအေးအရာတစ်ခု တင်လိုက်တာကို
ခံစားလိုက်ရသည်။ လ်ိပ်ပြာတွန့်သွားကာ
မျက်လုံးဖွင့်လိုက်ပြီး လက်ကလည်ပင်းကို
ပါတစ်ပြိုင်နက်စမ်းလိုက်မိသည်။

"လှလိုက်တာ... လိပ်ပြာလော့ကတ်သီးလေးနဲ့ "

လိပ်ပြာလော့ကတ်သီးလေးနဲ့ ပလက်တီနမ်
ဆွဲကြိုးပါးပါးမျှင်မျှင်လေးက တစ်မျိုးချစ်ဖို့
ကောင်းနေသည်။

"ဟုက်ပါ့ လှလိုက်တာ၊ ငါ့မွေးနေ့တုန်းကတော့
အဲ့လောက်လှတာမပေးဘူး...မြတ်လေးက
ငစိုင်းကို စာအုပ်လက်ဆောင်ပေးမယ်ထင်တာ"

" ဟုတ်တယ် လိပ်ပြာရောပဲ "

"စာအုပ်ကလိပ်ပြာမွေးနေ့မှမဟုက်ပါဘူး...
ခါတိုင်းလိုချင်တိုင်းရှာပြီး ဝယ်ပေးနေတာပဲ
အခုကအမှတ်တရဖြစ်အောင်လို့ပါ..."

"အဟင်း....သဘောကျတယ် လိပ်ပြာဒီနှစ်
မွေးနေ့ကို ဘယ်တော့မှမေ့မှာမဟုတ်တော့ဘူး...
နောက်ပြီးလက်ဆောင်တွေကို တန်ဖိုးထားပြီး
ဝတ်ပါ့မယ်၊ နောက်လိပ်ပြာကလဲ့ကြရင် ဘာလက်ဆောင်ပေးရမလဲ အခုတည်းကခေါင်းခဲနေပြီ..."

"လိပ်ပြာရေ စကားကောင်းနေတုန်းဖြတ်ပြောရဦးမယ်၊ နောက်ကျနေပြီဆိုတော့မယ်ပြန်တော့မယ်နော်..."

"ဟုတ်သားပဲ ဒါဆိုစိုင်းကပဲ မယ့်ကိုလိုက်ပို့ပေးလိုက်ပါနော် "

"အင်း...အန်တီတို့ကို နှုတ်ဆက်သွားတယ်လို့
ပြောပေးနော် သွားတော့မယ် "

"အင်း bye "

" မြတ်လေးပြန်တော့မယ် "

" အင်းကျေးဇူးနော်..."

အားလုံးပြန်သွားပြီး ပန်းလိပ်ပြာမှာတော့ ကြည်နူးပီတိများဖြင့် ကျန်ခဲ့ကာ မွတ်သိပ်နေလေတော့သည်။

°°°°°°°°°°°

" ဟူး "

အိပ်မယ်ဆိုပြိီး ခုတင်ပေါ်တွင် သတိုးတေဇ လှဲနေပေမဲ့
တစ်ကယ်တမ်း အိပ်လို့မရဘဲ ဟိုလိမ့်ဒီလိမ့်
၍နေသည််။ ဒီနေ့ဖြစ်ပျက်တဲ့အဖြစ်ပျက်တွေကမြန်ဆန်ပြီး မျက်လှည့်တစ်ခုလိုဖြစ်နေဆဲပင်။
သူဘာလုပ်ရမလဲ....၊ မျက်လုံးမှိတ်လိုက်တိုင်းပေါ်ပေါ်လာတဲ့ ဒီပုံရိပ်...ဘာပဲဖြစ်နေနေ အမှန်တရားကို ခေါင်းငုံ့ပြီးလက်ခံမှာမဟုတ်ဘူး...
သူအိပ်ပျော်အောင်ကြိုးစားပြီး အိပ်နေပေမဲ့
ဒီညအဖို့ အိပ်ပျော်တော့မှာမဟုတ်မှန်း သူ
လက်ခံရမည်။

°°°°°°°°°°°°°°°°°°

လိပ်ပြာ တစ်နေကုန်စိတ်ဆောင်၍ လုပ်လာ
ခဲ့သမျှ စိတ်လျော့လိုက်တဲ့အခါ လူကတုတ်
တုတ်တောင်လှုပ်၍မရတော့ပေ...၊
ယိုင်နဲ့သော ခြေလှမ်းများဖြင့် အခန်းတံခါးကို
တွန်းဖွင့်ကာ အလှပြင်စားပွဲရှိရာသို့လျှောက်လာခဲ့သည်။ စားပွဲခုံပေါ်တွင် မရေးဖြစ်တာကြာပြီဖြစ်သော ဒိုင်ယာရီစာအုပ်လေးက အထီးကျန်စွာတည်ရှိနေသည်။

လိပ်ပြာဒိုင်ယာရီရေးချင်စိတ်ပေါ်လာတာမို့
စာအုပ်ကိုဖွင့်လိုက်ပြီး ဒီနေ့ဒိတ်ကိုတပ်လိုက်
သည်။ လိပ်ပြာရဲ့ ရင်ထဲအသည်းထဲမှာ
စကားလုံးတွေ မရေမတွက်နိုင်အောင်ရှိနေ
ပေမဲ့ တစ်ကယ်တမ်းလက်တွေ့မှာတော့
လိပ်ပြာရဲ့ ရင်ထဲကစကားလုံးတွေကို
ရင်ထဲကနေတစ်ဆင့် ဘောပင်ဆီသို့
မကူးပြောင်းနိုင်ဘဲ ဒိုင်ယာရီစာအုပ်ထဲတွင်
ဗလာဖြစ်နေ၏။

လိပ်ပြာဒိုင်ယာရီစာအုပ်ကိုပိတ်ကာ သူမရှေ့တွင်ရှိသော ဘဲဥပုံ မှန်တွင်ပေါ်နေသည့်
လိပ်ပြာပုံရိပ်ကိုကြည့်နေမိသည်။ လိပ်ပြာ
ရဲ့ မျက်လုံး မျက်ခုံး ပါးပြင်တို့ကိုလက်ဖြင့်
တို့ထိနေပြီး နှုတ်ခမ်းသို့လက်ကရောက်သွားချိန် လိပ်ပြာရှက်ရွံသွားရကာ မျက်နှာတစ်ခုလုံးနီမြန်းသွားရပြီး ချက်ချင်းပင် ထိုင်နေရာမှထရပ်လိုက်သည်။

"အို... လိပ်ပြာ နင်ဘာတွေစဉ်းစားနေတာလဲ...."

နင်အခုဖြစ်နေတာက သစ်ရွက်လှုပ်တာကိုပင် စိတ်လှုပ်ရှာတက်သော မြီးကောင်ပေါက်မလေးတစ်ယောက်လိုပင်...၊ လိပ်ပြာ မှန်ထဲသို့ကြည့်လိုက်ချိန် ဒါကသစ်ရွက်လှုပ်တာကိုပင်စိတ်လှုပ်ရှားတက်သော မြီးကောင်ပေါက်မလေးမဟုတ်ဘဲ
အချစ်ကိုမယုံကြည်ရဲတဲ့ မယုံကြည်ဘူးဆိုတဲ့
'ပန်းလိပ်ပြာ 'ပင်။

လိပ်ပြာ ဆတ်ခနဲဆို မှန်ရှေ့မှ လှည့်ထွက်ကာ ခုတင်ဘက်သို့လျှောက်သွားပြီးအသာအယာ
လှဲအိပ်လိုက်၏။ ဒီနေု့ဖြစ်ခဲ့တဲ့ကိစ္စတွေကို
ဘယ်သူမှားတယ်၊ မှန်တယ်လို့မသုံးသပ်ချင်
ပေမဲ့ ဒီဖြစ်ရပ်တစ်ခုလုံးမှာ လိပ်ပြာကသာ
အမှားအများဆုံးလုပ်မိသူဖြစ်သည်။ ဒီဝိုင်ကိုသောက်ရင်အသိစိတ်ပျောက်မယ်... အသိစိတ်ပျောက်ရင် အမှားလုပ်မိမယ်ဆိုတာမေ့လျော့နေခဲ့သလား...။

မိန်းမတစ်ယောက်ဆိုတာ ဖက်နဲ့တူတယ်လို့
ပြောကြတယ်။ ဖက်ပေါ်ဆူးကျလည်း ဖက်
ပေါက် ဆူးပေါ်ဖက်ကျလည်း ဖက်ပဲပေါက်
ရမှာလေ... လိပ်ပြာဖက် မဖြစ်ချင်ဘူး...
ဘယ်သူမှလည်း ဖက်လိုအဖြစ်မျိုးဖြစ်ချင်ကြမယ်မထင်ပါဘူး...၊ မနေ့ညကသာလိပ်ပြာတို့နှစ်ယောက် မှားခဲ့ကြရင်ဆိုတဲ့အတွေးက လိပ်ပြာကိုအကြီးအကျယ်တုန်လှုပ်ခြောက်ခြားစေပါသည်။ သေချာတာတစ်ခုကတော့ လိပ်ပြာမီးနဲ့မဆော့မိအောင် မိီးကိုဝေးဝေးက ရှောင်သင့်ကြောင်းသင်ခန်းစာရခဲ့ပါသည်။

°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°

အပိုင်း(၁၅) ဆက်ရန် >>>

#Ruby Linn



rate now: