book

Index 13

အပိုင်း (၁၃)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖

----------------

"သူဋ္ဌေး လိပ်ပြာရောက်ပါပြီ "

"ဟွန်း သူဋ္ဌေး အခုတော့သူဋ္ဌေးတဲ့လား ဘယ်လိုဖြစ်တာလဲ "

"ဒါကအလုပ်ခွင်မှာပါ လိပ်ပြာအလုပ်နဲ့ကိုယ်ရေးကိုယ်
တာကိုမရောထွေးတက်ပါဘူး ဟိုလိပ်ပြာတို့မနေ့ည
ကဘာမှမဖြစ်ခဲ့ဘူးမလားဟင် "

"မင်းကဒီအကြောင်းပဲ ထပ်ခါတလဲလဲမေးပြီးသိချင်
နေတာ အမှန်တရားကိုလက်မခံနိုင်မှာစိုးလို့မလား"

"ဟင့်အင်း ဒါဆိုမနေ့ညက မဖြစ်နိုင်ဘူး "

"မဖြစ်နိုင်ဘူး ဘာလို့လဲ "

သူကပြောရင်း လိပ်ပြာရှေ့ တိုးလာသည့်အတွက်
လိပ်ပြာနောက်သို့ဆုတ်လိုက်ပြီး...

"ရှင် ရှေ့မတိုးလာနဲ့နော် "

" ဟက် "

သူမပြောလိုက်သောစကားကြောင့် သူသွားတန်းများ
ပေါ်အောင်ရယ်မိသွားသည်။
သူမလည်း သူရုတ်တရက်ရယ်လိုက်တာကိုမင်သက်
ပြီး ကြည့်နေမိစဉ် သူ့မျက်နှာကလိပ်ပြာမျက်နှာနှင့်နီး
ကပ်နေပြီဖြစ်သောကြောင့် ဖျတ်ခနဲဆိုသလို မျက်နှာလွှဲလိုက်ပြီး လိပ်ပြာလက်နှစ်ဖက်နှင့် တွန်းလွှတ်လိုက်၏။

"ကောင်းပြီ ငါပြောတာကိုမင်းသေချာနားထောင်
မင်းမနေ့ကဝိုင်သောက်ခဲ့တယ်မလား ဝိုင်ထဲမှာ
ဘာတွေထည့်ထားလဲ မင်းသိလား နောက်ပြီး
အဲ့နောက်ပိုင်းကိစ္စတွေကိုရောမှတ်မိလား..."

"ဟင့်အင်း လိပ်ပြာဝိုင်တစ်ငုံပဲသောက်မိတာပါ၊
နောက်ပြီးမင်းထက်အာကာနဲ့စကားများကြတယ်
အဲ့နောက်ပိုင်းကိစ္စတွေကို လိပ်ပြာမမှတ်မိတော့ဘူး "

"မင်းသောက်မဲ့ ဝိုင်ခွက်ထဲမှာဆေးခတ်ထားတယ်
အဲ့ဒါကြောင့် ဘာမှမမှတ်မိတော့တာ "

"ဆေးခတ်ထားတယ် ဘယ်သူကများ... သူဋ္ဌေးခေါ်လို့
လိပ်ပြာလိုက်ခဲ့ရတာပါ ဘယ်သူနဲ့မှလဲမသိပါဘူး
ဘယ်လိုဖြစ်လို့များ..."

"မင်းကငါ့ကိုစွပ်စွဲနေတာလား..."

"လိပ်ပြာအဲ့လိုမျိုးပြောတာမဟုတ်ပါဘူး အဲ့ဒါနဲ့ပဲ
လိပ်ပြာကိုဒီခေါ်လာတယ်ပေါ့ "

"ငါကမင်းကို အဲ့ပုံစံနဲ့မင်းအိမ်ကိုခေါ်သွားရမယ်ပေါ့ "

"ဘာပဲဖြစ်ဖြစ် လိပ်ပြာ ဂဃနဏ မမေးဘဲသူဋ္ဌေးကို
စွပ်စွဲမိရင်တောင်းပန်ပါတယ်... လိပ်ပြာသိချင်တာ
လည်း သိရပြီဆိုတော့ ခွင့်ပြုပါဦး သူဋ္ဌေး "

" နေဦး "

"မင်းငါ့ကိုသူဋ္ဌေးလို့ခေါ်လိုက် ရှင်နဲ့ကျွန်မနဲ့သုံးလိုက်နဲ့ မင်းကစိတ်တော့မှန်ပါတယ်နော်၊ ဆေးသောက်ဖို့တော့မလိုဘူးမလား..."

"လိပ်ပြာ အဲ့အတွက်လည်းတောင်းပန်ပါတယ် "

"ကောင်းပြီ မင်းငါ့ကိုသူဋ္ဌေးလို့ခေါ်မယ့်အစား
တခြားနာမည်ပြောင်းခေါ်သင့်တယ် "

"တခြားနာမည် လိပ်ပြာ သူဋ္ဌေးကိုတစ်ကယ်လေးစားသမှုနဲ့ခေါ်တာပါ "

"ငါကပြောင်းခေါ်ဆို မင်းပြောင်းခေါ်လိုက်လေ "

"ဟို လိပ်ပြာဘယ်လိုခေါ်ရမလဲမသိဘူး... နောက်ပြီး
လိပ်ပြာ သူဋ္ဌေးလို့ခေါ်တာနှုတ်ကျိုးနေလို့ပါ "

" မင်းကိုခေါ်ဆိုရင်ခေါ်လိုက်လေ "

သူကပြောရင်း လိပ်ပြားနားတိုးလာသည့်အတွက်
လိပ်ပြာရင်ထဲကြောက်သလို စိတ်လှုပ်ရှားသလို
ဖြစ်ကာ ဘေးသို့ရှောင်ထွက်လိုက်သည်။

" ဦးစိတ်ပုတ် "

" ဘာပြောလိုက်တာ "

လိပ်ပြာက ကိုယ်ကြားရရုံသာပြောလိုက်ပေမဲ့ သူက
ကြားဖြစ်အောင်ကြားလိုက်သေးသည်။

"ဟို ဟို ဦးသတိုး ဦးသတိုး လို့ ပြောလိုက်တာပါ"

လိပ်ပြာလည်း ကြောက်လန့်တကြား ပါးစပ်ထဲတွေ့ရာပြောလိုက်မိသည်။

"မင်းသဘောပဲ "

"ဒါဆို လိပ်ပြာကို "

"နေဦး ငါစကားပြောလို့မပြီးခင် မင်းဖြတ်မပြောနဲ့ "

"ဟုတ်ကဲ့ "

"အပြင်မှာရှိတဲ့ စားပွဲတစ်လုံးကိုအထဲယူခဲ့ ဒီနေ့က
စပြီး ဒီအခန်းထဲမှာမင်းအလုပ်လုပ်ရမယ်၊ ငါပြောတာကြားလား "

"ဟုတ်ကဲ့ သူဋ္ဌေး အဲ ဦးသတိုး"

"ကြားရင် သွားလေ "

လိပ်ပြာလည်း နားမလည်ခြင်းများစွာဖြင့်ပင် သူခိုင်းတဲ့
အတိုင်းလုပ်နေရသည်။

" ဟား...ဟား..."

သူမရဲ့ ပြောပုံဆိုပုံ အမူအရာတွေကြောင့်သူမရှေ့မှာရယ်ချင်သော်လည်း သူတင်းခံထားကာ အခုမှပဲ
ကျယ်ကျယ်ပြုပြုရယ်မိတော့သည်။

ကိုယ်ကမကြည့်ပါဘဲ တစ်ယောက်ယောက်က ကိုယ့်
ကိုကြည့်နေတယ်လို့ မသိစိတ်ကခံစားနေမိတာ
လိပ်ပြာတစ်ယောက်တည်း မဟုတ်ဘူးလို့ထင်သည်။

အခုလည်း ဦးစိတ်ပုတ်ရဲ့မျက်စောင်းထိုးတွင် ထိုင်နေ
ရသောကြောင့် လိပ်ပြာကိုဘေးတစောင်းအနေအထား
ဖြင့် မြင်နေနိုင်သည်။ နောက်ပြီးလိပ်ပြာကိုမျက်စိဒေါက်
ထောက်ကြည့်နေတယ်လို့ ဘာကြောင့်ထင်နေရတာလဲ...
လိပ်ပြာလည်းစားပွဲခုံပေါ်ရှိ စာရင်းတွေကိုသာ ခေါင်း
မဖော်တမ်းကြည့်နေလိုက်သည်။

" ပန်းလိပ်ပြာ "

" ဟင် "

" ဒီကိုလာဦ "

"ဟုတ်ကဲ့ "

"မင်းကို မနေ့ကခိုင်းထားတဲ့ စာရင်းတွေအခုလိုချင်တယ် "

"ခဏလေး "

" ဒီမှာပါ "

"ရော့ ဒီစာရင်းတွေ ကိုက်မကိုက်စစ်ထား"

စာရင်းတွေဆိုပြီး လိပ်ပြာလက်ထဲအထပ်လိုက်ပုံ
ပေးသောကြောင့် လိပ်ပြာ အင့်ခနဲတောင်အသံ
ထွက်သွားရသည်။ ဒါတွေကိုဒီနေ့အပြိီး စစ်ရမှာလားမသိဘူး...။

"ဟို သူ အဲ sorry ဦးသတိုး လိပ်ပြာဒိီစာရင်းတွေကို
ဒီနေ့အပြီးစစ်ရမှာလား..."

"မင်းပြီးအောင်စစ်နိုင်ရင်စစ်ပေါ့"

"ဟုတ် "

သူက ပြီးအောင်စစ်နိုင်ရင်စစ်ပေါ့ တဲ့လား။ပြောတာ
လွယ်လိုက်တာ.... လိပ်ပြာပြောနေကျစကားတောင်
လေသံပျော့သွားရသည်။



သူမက 'ဟုတ်ကဲ့ ' 'ဟုတ်ကဲ့ ' နဲ့ပြောစကားနားထောင်
သလိုနဲ့ တစ်ခါခါသူ့ကိုရွဲ့နေသလိုပင် ခံစားရသည်။

" အား...ခေါင်းကိုက်လိုက်တာ "

လိပ်ပြာ တစ်နေကုန်အလုပ်ထဲတွင် စိတ်နှစ်ပြီးလုပ်
နေသည့်အတွက် ခေါင်းများကထိုး၍ကိုက်လာရသည်။
သက်သာလိုသက်သာငြား စားပွဲခုံပေါ်လက်တင်ကာ
လက်ပေါ်မျက်နှာအပ်၍ မှောက်အိပ်လိုက်သည်။

"အလုပ်ဖြင့် ခါးညောင်းအောင်လုပ်မယ်မရှိသေးဘူး
အိပ်တာကစပြီ၊ အကုန်လုံးပဲ... အလုပ်ကျနည်းနည်း
လုပ်ပြီး အချောင်ခိုဖို့ပဲစဉ်းစားနေကြတယ်"

"ဒေါက် ဒေါက် "

လိပ်ပြာခုံပေါ်ကို လက်ဆစ်ဖြင့်ခေါက်သံကြားသော
ကြောင့် ဖျတ်ခနဲဆိုမော့ကြည့်လိုက်သည်။နည်းနည်း
အိပ်ပျော်သွားလို့လားမသိ၊ ခေါင်းကိုက်တာသက်
သာသလောက်ရှိသွားသည်။

"ဟုတ်ကဲ့ပြောပါ ဦးသတိုး "

"မင်းအလုပ်တွေပြီးပြီလား "

"အဲ တစ်ဝက်လောက်တော့ပြီးသွားပါပြီ လိပ်ပြာခေါင်း
နည်းနည်းကိုက်လို့ မှောက်အိပ်မိတာပါ တောင်းပန်ပါတယ် "

"တော်ပြီ ဆင်ခြေချည်းပဲ မင်းဘာမှမစားရသေးဘူး
မလား သွားစားလိုက် တော်ကြာဟိုဟာဖြစ်တယ်
ဒီဟာဖြစ်တယ်လို့ ပြောနေဦးမယ် "

"လိပ်ပြာမပြောပါဘူး ဟိုလိပ်ပြာဒီနားမှာပဲသွားစား
မှာပါ၊ လိပ်ပြာကိုခိုင်းစရာရှိရင်ခေါ်လိုက်ပါ "

သူကခေါင်းဆတ်ပြသောကြောင့် လိပ်ပြာလည်း
အလိုက်တသိ ထွက်သွားလိုက်သည်။

°°°°°°°°°°°°°

" တောက် "

" ခွမ်း "

" ဝုန်း "

မင်းထက်အာကာတစ်ယောက် အခန်းထဲတွင်
ဝုန်းဒုန်းကြဲနေသည်။

" သူဋ္ဌေး သူဋ္ဌေး "

"ပြော ဘာဖြစ်တာလဲ"

"ဟို သခင်လေးအခန်းထဲမှာသောင်းကျန်းနေလို့ပါ "

"သောင်းကျန်းတယ် ဘာဖြစ်လို့လဲ မင်းတို့သွားမကြည့်ဘူးလား"

"ကျွန်တော်တို့လည်းမသိပါဘူး မနက်ထဲကအခန်း
တံခါးပိတ်ထားတာပါ "

"ဒီသားတစ်ယောက်နဲ့တော့ မိမနိုင် ဖမနိုင်ကိုဖြစ်နေ
တော့တာပဲ ငယ်ငယ်တည်းက အမေသေသွားလို့
အလိုလိုက်ထားခဲ့တာ အခုတော့သားဆိုးတစ်ယောက်
ဖြစ်နေပြီလား...."

"ဒေါက် ဒေါက် "

"သား အဖေပါတံခါးဖွင့်စမ်း "

"တံခါးဖွင့်လို့ပြောနေတယ် "

"ဟေ့ အပြင်မှာဘယ်သူရှိလဲ သော့ယူလာခဲ့စမ်း "

" ချလပ် "

တံခါးဖွင့်သံနှင့်အတူ အထဲဝင်လာတော့ သူတွေ့လိုက်
ရတဲ့မြင်ကွင်းက သူ့ကိုဆွံ့အသွားရသည်။

"မင်း ဒါဘယ်လိုပုံစံဖြစ်နေတာလဲ ပြောစမ်း အရက်
ပုလင်းတွေလည်းပွရပြီး မင်းပုံစံကလည်းစုတ်ချင်
စရာတောင်မရှိပါလား..."

မင်းထက်အာကာသည် လက်ထဲကဖန်ခွက်ကို
ဘေးသို့လွှတ်ပစ်လိုက်ပြီး ထိုင်နေရာမှထရပ်လိုက်သည်။

"သူ ကျွန်တော့်ကိစ္စတွေမှာဝင်ရှုပ်နေပြီ၊ ကျွန်တော်
လုံးဝမကျေနပ်ဘူး တစ်ခုခုပြန်လုပ်ရမှကို ကျေနပ်နိုင်မယ် "

"ဦးမင်းထက်ရဲ့သား မင်းထက်အာကာကိုဘယ်သူက
ဒီလိုပုံစံဖြစ်အောင်လုပ်လိုက်တာလဲ ပြောစမ်း "

" သတိုးတေဇ "

"မင်းငါ့ကိုရှင်းရှင်းပြောစမ်း "

"ကျွန်တော်ကြိုက်နေတဲ့ ကောင်မလေးကိုရအောင်
ကြိုးစားနေတဲ့အချိန်မှာ သူက လူတက်ကြီးလိုလို
သူတော်ကောင်းလိုလိုနဲ့ ဝင်ပြီးဖျက်လိုဖျက်ဆီးလုပ်
နေတာ "

သူကပြောရင်း ဘေးနားကစားပွဲခုံကိုခြေထောက်
ဖြင့် ကန်ကြောက်လိုက်သည်။

"သတိုးတေဇ သူကသူ့ကိစ္စကလွဲလို့ ဘာကိုမှ
အလေးထား ဂရုစိုက်တက်တဲ့သူမဟုက်ဘူး၊
အခုသူအလေးထား ဂရုစိုက်ရမယ့်သူတွေ့နေ
ပြီလား...သူဘယ်သူလဲဘယ်လောက်ထိ
အရေးပါလဲဆိုတာစုံစမ်းရမယ် "

"မင်းကငါတို့နှစ်ယောက်လုံးအတွက် ဂြိုဟ်ဆိုးပဲ
စိတ်ချသား ဒီကိစ္စမှာ အဖေမင်းကိုအပြည့်အဝ
ကူညီအားပေးတယ်၊မင်းကြိုက်တဲ့ကောင်မလေး
ကိုရအောင် ကြိုးစား အဖေကူညီနိုင်မဲ့ကိစ္စဆိုကူညီ
မယ် ကဲ ဘာမှစိတ်ညစ်မနေနဲ့ အရင်အတိုင်းပဲနေ
သွား ရေသွားချိုး..."

"ဟုတ်ကဲ့ အဖေ "

ဦးမင်းထက်လည်း သူ့သားအခန်းမှထွက်လာခဲ့သည်။
ဟွန်း သတိုးတေဇ မင်းရဲ့အားနည်းချက်ကိုမဖုံးကွယ်
ထားနိုင်ရင် မင်းရဲ့ကျဆုံးခန်းကတဖြည်းဖြည်းနဲ့ မင်းဆီ
ကျရောက်လာမှာ ငါမြင်ယောင်နေသေးတယ်....။

°°°°°°°°°°°°°

"ဒေါက် ဒေါက် "

"သခင်လေး ကျွန်တော် အဂ္ဂပါ "

" ဝင်ခဲ့ "

"သခင်လေးကျွန်တော် ကျားကြီးရဲ့အကြောင်းကို
စုံစမ်းပြီးသိရပါပြီ "

"ကျားကြီး ဘယ်သူ... "

အဂ္ဂ ပြောလိုက်တဲ့နာမည်ကို ထူးဆန်းသလိုဖြစ်ကာ
ပြန်မေးလိုက်သည်။

"သြော် ကျွန်တော်ပြောချင်ဇောများသွားလို့ပါ ကျွန်တော်
တို့ဖမ်းထားတဲ့ သူရဲ့နာမည်က ကျားကြီးပါ သူ့ရဲ့
မိသားစုတွေကတော့ မရှိကြတော့ပါဘူး၊ သူက
တစ်ကောင်ကြွက်ပါ၊ ဒါပေမဲ့ မေတ္တာရိပ်မြုံဆိုတဲ့
မိဘမဲ့ဂေဟာကိုတော့ ခဏခဏသွားပြီး အဲ့က
မိန်းကလေးတစ်ယောက်နဲ့ တော်တော်လေးရင်းနှီး
တယ်လို့သိရပါတယ် သခင်လေး "

"ဒါဆို သူ့ဝှက်ဖဲကိုသိရပြီပေါ့ ငါကိုယ်တိုင်ညကျရင်
သူ့ကိုမေးမယ် နောက်ပြီးအဲ့မိန်းကလေးဓာတ်ပုံ
လိုချင်တယ် "

"ဟုတ်ကဲ့ သခင်လေးလိုအပ်တာရှိရင်ကျွန်တော့်ကို
ခေါ်လိုက်ပါ "

"ခွင့်ပြုပါဦး "

" ဟူး "

သူ့ဘဝတွင် သူမလုပ်ချင်တဲ့အရာတွေကိုသာ
စိတ်မပါလည်းလုပ်ရ၊ စိတ်ပါလည်းလုပ်ရ
သူ့ဘဝရည်မှန်းချက်ကရောဘာလဲ... သူ့ဘဝ
ပန်းတိုင်ပျောက်နေခဲ့တာကြာပါပြီ၊ သူ့လက်ထဲမှာ
အသက်ပေါင်းများစွာရဲ့ သွေးတွေစွန်းထင်းခဲ့ပြီးပြီ၊
ဒါပေမဲ့ အပြစ်မရှိတဲ့လူတွေရဲ့သွေးတွေတော့
သူ့လက်ထဲမှာ မစွန်းထင်းစေရဘူး...။

°°°°°°°°°°°°°

လိပ်ပြာ အပြင်မှာနေ့လည်စာစားရန် ဆိုင်ကယ်ပေါ်
သို့တက်လိုက်ပြီး စက်နိုးလိုက်သည်။ ဘေးလွယ်အိတ်
ထဲမှ ဖုန်းသံကြားတာကြောင့် စက်သံရပ်ကာ
ဆိုင်ကယ်ပေါ်မှာ ခြေတစ်ဖက်ထောက်အနေ
အထားဖြင့် ဖုန်းကိုင်လိုက်သည်။

"ဟဲလို စိုင်းပြော "

"အေး ဘယ်လို ဘယ်နားမှာ... "

" အင်း လိပ်ပြာ စောင့်နေမယ် လိပ်ပြာလည်း hotelရှေ့မှာပဲ "

စိုင်းက hotel နားရောက်နေပြီဆိုသောကြောင့်
လိပ်ပြာလည်း ဆိုင်ကယ်ပေါ်တွင်စောင့်နေလိုက်သည်။

"စိုင်း ဒီမှာ "

လိပ်ပြာနှင့် မလှမ်းမကမ်းတွင်ရောက်နေပြီဖြစ်သော
စိုင်းကို လိပ်ပြာ ကိုမြင်စေရန် လက်ကာပြကာပြော
လိုက်သည်။

"ဘစိုင်း ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ ကြိုပြီး
ဖုန်းဆက်တာမဟုတ်ဘူး "

" ခုဆက်တယ်လေ "

"ဟေ လိပ်ပြာလည်း အခုနေ့လည်စာသွားစားတော့
မလို့ လွဲသွားရင်ဘယ်လိုလုပ်မလဲ "

"လွဲတော့လည်း နောက်တစ်ခေါက်ထပ်စားလိုက်ပေါ့ "

"ပြောတော့လွယ်တယ် ကဲနေပူတယ် သွားရအောင် "

"အင်း ရှေ့ကသွား "

ပြတင်းပေါက်တံခါးကနေ အဖြစ်အပျက်အလုံးစုံကို
ကြည့်နေသော သူတစ်ယောက် ခန်းဆီးလိုက်ကာ
ကို တင်းတင်းဆုပ်ကိုင်ထားကာ အမျက်ဒေါသထွက်
နေသော မျက်လုံးဖြင့်စူးစူးရဲရဲကြည့်နေသည်။

"တောက် ကျက်သရေကိုမရှိဘူး "

လိပ်ပြာတို့နှစ်ယောက် စားနေကျဆိုင်မှာပဲစားသောက်
ပြီး hotel သို့စိုင်းက ပြန်လိုက်ပို့ပေးသည်။

"လိပ်ပြာ ငါ့ကိုအထဲပေးမခေါ်တော့ဘူးလား...."

"သြော် ဘာလဲ hotel ထဲလိုက်ကြည့်မလို့လား "

"ဘာ ဘာပြောလိုက်တာ "

"ဟိတ် ဒို့ကရိုးရိုးပြောတာနော် စာတွေးတွေး ကဲ
လိပ်ပြာ အလုပ်ရှိသေးလို့ပါ နောက်မှတွေ့မယ်နော် "

" နှင်တယ်ပေါ့ "

"မဟုတ်ရပါဘူးရှင့် အလိုက်သိဖို့ပြောတာပါ "

"အင်းပါလေ မခေါ်ချင်တော့လည်း နောက်မှတွေ့မယ် "

" Bye Bye "

"ဒေါက် ဒေါက် "

" လိပ်ပြာပါ ဝင်ခဲ့မယ်နော် "

အထဲမှ ပြန်ထူးသံမကြားသောကြောင့် လိပ်ပြာတံခါး
တွန်းဖွင့်ကာဝင်လာခဲ့သည်။
လိပ်ပြာဝင်သွားချိန်တွင် အမြဲ Laptop နှင်မပြက်
အလုပ်လုပ်နေသူက အခုလည်း Laptop ကိုသာ
အကြည့်ရောက်၍ အလုပ်လုပ်နေသည်။အမှန်အတိုင်း
ပြောရရင် ဦးစိတ်ပုတ်ကို ရှေ့တည့်တည့်ကကြည့်ရ
တာထက် ဘေးတိုက်အနေအထားကပို၍ကြည့်
ကောင်းသည်ဟုထင်သည်။

" ပန်းလိပ်ပြာ "

" ဟုတ်ကဲ့ "

"မနက်က မင်းကိုပေးထားတဲ့စာရင်းတွေ ဒီနေ့အပြီး
လိုချင်တယ် မပြီးရင်မပြန်နဲ့ "

" ရှင် ဟုတ် ကဲ့ "

ချက်ချင်းကြီး အပြောင်းအလဲမြန်ချက် ဘာဖြစ်သွား
တာလဲမသိဘူး။ ဘာပဲဖြစ်ဖြစ်ဒီနေ့လည်းနောက်ကျ
ဥိီးမှာပဲ။ အိမ်ကိုဖုန်းဆက်အသိပေးဦးမှပါ၊

"ဟဲလို မေမေ လိပ်ပြာပါ "

"ဟုတ်ကဲ့ အလုပ်မှာပဲ အလုပ်တွေမပြီးသေးလို့
အိမ်ပြန်နောက်ကျမယ်ဆိုတဲ့အကြောင်းအသိပေးတာပါ "

"ဟုတ်ကဲ့ စိတ်မပူပါနဲ့ ဒါပဲနော် "

လိပ်ပြာရဲ့ တစ်နေ့တာကစာရင်းတွေထဲသာတဝဲလည်
လည်ဖြစ်နေရသည်။
ည ၈း၀၀ နာရီထိုးတော့မှာမို့လို့လားမသိ လိပ်ပြာ
ဖင်တကြွကြွဖြစ်နေပြီ၊ အလုပ်ထဲလည်းစိတ်မပါ
တော့....။

သူမမျက်နှာကို ဖျတ်ခနဲကြည့်လိုက်တော့ မျောက်
သံပရာသီး စားထားသည့်အတိုင်း ရှုံ့မဲ့နေသောကြောင့်...

"မင်းစာရင်းတွေပြီးပြီလား "

"ဟုတ်ကဲ့ ပြီးခါနီနေပါပြီ "

သူ့ဘက်က စမေးလာသောကြောင့် လိပ်ပြာအားတက်
သွားကာ လျှင်လျှင်မြန်မြန်ပင်ပြန်ဖြေလိုက်သည်။

"ဒါဆို ပစ္စည်းတွေသိမ်းပြီး ပြန်ချင်ပြန်လိုက်တော့ "

" ဟုတ်ကဲ့ ဦးသတိုး "

လိပ်ပြာ ဝမ်းသာအားရဖြင့် ပြန်ရန်ပြင်ဆင်လိုက်သည်။
ဦးစိတ်ပုတ်ကြီးလည်း လိပ်ပြာနှင့်ရှေ့ဆင့်နောက်ဆင့်
ပင်ထွက်လာခဲ့သည်။

ဓာတ်လှေကားရှေ့တွင်ရပ်ကာ ခလုတ်ကိုသူနှိပ်နိုး
ငါနှိပ်နိုးဖြင့် နောက်ဆုံးလိပ်ပြာကပဲနှိပ်လိုက်သည်။
ဓာတ်လှေကားထဲတွင် လိပ်ပြာတို့နှစ်ယောက်ခပ်
ခွာခွာအနေအထားဖြင့် လိုက်ပါလာသည်။

" ဒုတ် "

3 လွှာအရောက်တွ င်ဓာတ်လှေကားကဒုတ်ခနဲအသံ
နှင့်အတူရပ်သွားပြီး မီးပါပျက်သွားရသည်။

"ဟင် မိီးပျက်သွားတာလား..."

လိပ်ပြာလည်း အလန့်တကြားဖြင့်ဘေးလွယ်အိတ်
ထဲကဖုန်းကိုရှာနေသည်။ ဖြစ်ချင်တော့လက်ထဲမှာ
ပါလာတာကဖုန်းကလွဲလို့ တိုလီမုတ်စများသာ...။

"အား...."

မီးအလင်းရောက်မှိန်မှိန်တောင်မရှိတဲ့မှောင်မိုက်
နေသော ဓာတ်လှေကားထဲတွင် လိပ်ပြာအသက်ရှူကြပ်လာကာ နံရံကိုကျောပေး၍ မှီနေလိုက်သည်။

မရဏလည်း အလင်းရောင်မရှိတော့သည့်အတွက်
ဖုန်းဖလပ်မီးကို ထုတ်ကြည့်လိုက်တော့ ထောင့်နား
တွင် ခွေခွေလေးလဲကျနေသော သူမကိုရင်ဘက်လေး
ဖိထားလျက်တွေ့ရသည်။

"ဟေ့ မင်း မင်းဘာဖြစ်လို့လဲ "

"အသက်.... အသက် ရှူ ကြပ် ...."

ပါးစပ်ဖြင့် အသက်ကိုဝအောင်ရှူနေရသည့်အတွက်
စကားတစ်ခွန်းတောင် မနည်းပြောနေရသည်။
ဖုန်းမီးဖွင့်ထားသော်လည်း လိပ်ပြာရဲ့ အသက်ရှူမဝ
တာကိုမလျော့သွားစေနိုင်....။

သူမက ပါးစပ်လေးခပ်ဟဟပွင့်ကာ အသက်ကိုမနည်း
ရှူနေရသည့်အတွက် သူဘာလုပ်ရမလဲမသိ ခဏ
ကြောင်သွားပြီး သူမကိုယ်လေးကို သူ့ဘက်သို့ဆွဲ၍ သူမခေါင်းလေးကိုထိန်းကာ နှုတ်ခမ်းချင်းထိကပ်လိုက်
သည်။ ဒါဟာသာမန်အနမ်းပေးခြင်းမျိုးမဟုတ်ဘဲ သူ့ပါးစပ်ထဲမှ အောက်ဆီဂျင်တွေကို လေလိုအပ်နေ
သည့် သူမပါးစပ်ထဲသို့ ထည့်ပေးနေခြင်းဖြစ်သည်။

လိပ်ပြာပါးစပ်ထဲသို့ လေများဝင်လာသည့်အတွက်
အသက်ရှူချောင်သွားရသည်။ သို့သော်သူ့အကျီလက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားသော
လိပ်ပြာရဲ့ လက်တွေကတော့ မပြေလျော့သွားခဲ့ပေ....။

သူမအသက်ရှူသံက ခုနကလိုမပြင်းထန်တော့ပေမဲ့
အသက်ရှူသံသဲ့သဲ့ကိုတော့ ကြားနေရဆဲပင်...။
သူမရဲ့ နွေးထွေးပြီးမွှေးပျံ့နေတဲ့ သူမရဲ့ကိုယ်သင်း
နံ့က သူ့ကိုလက်ရှိအခြေအနေကိုတောင် မေ့သွား
အောင် ဆွဲဆောင်ထားနိုင်လွန်းသည်။


မီးပြန်လာ၍ ဓာတ်လှေကားက အောက်ထပ်သို့ဆင်းသွားသည့်တိုင် သူမနှုတ်ခမ်းကိုလွှတ်ပေးဖို့မေ့နေခဲ့သည်။
ဓာတ်လှေကားပွင်ခါနီးမှ သတိရရင်လွှတ်လိုက်ကာ
တစ်ပြိုင်နက် တံခါးပွင့်သွားသည်နှင့် အပြင်သို့လှမ်း
ထွက်လိုက်သည်။

လိပ်ပြာနှုတ်ခမ်းမှ ဖယ်ခွာလိုက်သည်အထိလိပ်ပြာအသိ
စိတ်များကင်းလွတ်ကာ နေရာမှာတင်ပုံလျက်သား
ကျနေမြဲဖြစ်သည်။ ဓာတ်လှေကားပြန်ပိတ်ခါနီးမို့
အထဲတွင်အသိစိတ်လွတ်ကာ ထိုင်နေသော သူမအား
ဖျတ်ခနဲ ပွေ့ချီလိုက်ပြီး ဧည့်ခန်းဆိုဖာပေါ်သို့တင်ပေးလိုက်၏။

သူလိပ်ပြာကို ပွေ့ချီသွားတာသိပေမဲ့ နည်းနည်းတောင်လှုပ်၍မရခဲ့ပေ...၊ ဘယ်ဘက်ရင်ဘက်ကလည်း တဒုန်းဒုန်းခုန်ကာ အထဲမှာရှိသောအရာများအပြင်သို့ ခုန်ထွက်လာမတက်ခံစားလာရသောကြောင့် လိပ်ပြာအသိစိတ်ဝင်ကာ ရင်ဘက်လေးကိုဖိထားလိုက်သည်။ ဒါပေမဲ့ လိပ်ပြာသူနဲ့မျက်နှာချင်းမဆိုင်လိုသောကြောင့် လိပ်ပြာအကြည့်ကိုအပြင်သို့ပို့ထားလိုက်သည်။ ပြီးတော့ ဒါ သူမရဲ့ ပထမဆုံး အကြင်နာပင်...။

°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°

အပိုင်း(၁၄) ဆက်ရန် >>>

#Ruby Linn


rate now: