book

Index 12

အပိုင်း(၁၂)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖

----------------

သတိုးတေဇဆိုသူက ပြောရင်ပြောတဲ့အတိုင်းလုပ်
တဲ့သူဆိုတာ သူကျိန်းသေသိသည်။ ပျားအုံကိုတုတ်
နှင့်မထိုးတာအကောင်းဆုံးပင်...။ ဒါပေမဲ့အခွင့်အရေး
တစ်ခုကို သူစွန့်လွှတ်ရတော့မည်။ အခွင့်အရေးဆိုတာ
အသက်ရှင်နေသ၍ လုပ်ယူဖန်တီးလို့ရတဲ့အရာပဲ
မဟုတ်လား...။

"သွားမှာပါ ဒါဟာကျွန်တော်ခင်ဗျားကိုကြောက်တယ်လို့
တော့မထင်လိုက်နဲ့ ကျွန်တော်ရန်မများချင်ဘူး လိပ်ပြာ
နဲ့နောက်နေ့မှပဲ စကားပြောတော့မယ် bye see you "

သူပြောပြီးသည်နှင့် နေရာမှလည့်ထွက်သွားကာ
ကားဘီးကိုညာခြေဖြင့် မာန်ပါပါကန်လိုက်ပြီး ကားထဲ
ဝင်ကာမောင်းထွက်သွားသည်။

"လာ လိုက်ခဲ့ "

လိပ်ပြာနေရာမှာတင် တောင့်တောင့်ကြီးရပ်နေစဉ်
လိပ်ပြာကိုလက်မောင်းမှတစ်ယောက်ယောက်က ဆွဲခေါ်သွားတာကိုပဲသိသည်။ ဘယ်သူဘယ်ဝါ
ဆိုတာကိုတော့မသိပေ...။ ရုတ်တရက်လိပ်ပြာ
ဘေးနား ယောက်ျားတစ်ယောက်ကပ်လာသည့်
အတွက်လန့်သွားရကာ...

"ရှင်ဘယ်သူ....ဘယ်သူလဲ အား...ခေါင်းကလည်း
ကိုက်လိုက်တာ "

သူမလမ်းအလယ်တွင် တောင့်တောင့်ကြီးရပ်နေတဲ့
အတွက် သူဆွဲခေါ်လာရသည့်အပြင် သူမသေမှာဆိုး
လို့ ခါးပတ်ပတ်ပေးနေတာကို ဘာတွေပြောနေမှန်း
မသိတဲ့အတွက် သူစိတ်အချဉ်ပေါက်သွားရသည်။

သူဘယ်သူလည်း ဆိုတာမေးနေတုန်းပင်ကားက
မောင်းထွက်သွားသည်မို့ ခေါင်းထဲမှာနောက်ကျိကာ
ရင်ဘက်ထဲမှာပါ ပူဆင်းလာသည်။

"ရှင် ဘယ်ကိုမောင်းနေတာလဲ ကားရပ် ကားရပ်ပေး"

သူမကသူ့ကိုပြောရင်း သူ့ခန္ဓာကိုယ်ကိုပါလှုပ်ရမ်း
လာသည့်အတွက် သူမကိုလှည့်ကြည့်ကာ...

"မင်းအိမ်ကိုလိုက်ပို့ပေးမလို့ မူးနေရင်လည်းငြိမ်ငြိမ်
ထိုင်နေ ဘယ်လောက်တောင်သောက်ထားလဲ
မသိဘူး..."

"ဟင့်အင်း ကျွန်မမမူးပါဘူး အား...ရင်ထဲကပူနေတာ
ရေ ရေသောက်ချင်တာ် ရေတိုက်ပါ..."

သူမကဘေးကနေ တဂျီဂျိအော်နေသည့်အတွက်
အနောက်မှ ရေသန့်ဘူးကိုယူကာ သူမကိုပေးလိုက်သည်။

ရင်ထဲမှာ မီးစကိုထိုးသကဲ့သို့ ပူလောင်နေသည့်အတွက်
ရေကိုအငမ်းမရသောက်ကာ ကိုယ်ပေါ်သို့ရေများ ဖိတ်
တစ်ဝက်စင်တစ်ဝက်ဖြင့် တစ်ဘူးလုံးကုန်သည်အထိ
သောက်လိုက်သော်လည်း ရင်ထဲကအပူကိုမငြိမ်းနိုင်...။

"အား...ပူလိုက်တာ ရေပေးပါ "

ရေကိုသာ တစ်ဆာဆာတောင်းနေသည့်သူမကိုကြည့်
လိုက်ချိန် သူမတစ်ကိုယ်လုံးကိုပါ ပွတ်သပ်နေသည့်အတွက် သူသတိတစ်ချက်ဝင်လာချိန် ကားကို ကျွိခနဲ
မြည်အောင်ရပ်လိုက်သည်။

"ဟင် ရောက်ပြီလား "

သူမက ကားတံခါးဖွင်ကာ ဆင်းမည်ပြုသောကြောင့်
လက်တစ်ဖက်ကို အချိန်မီလှမ်းဆွဲလိုက်ချိန်သူမ
ကိုယ်တစ်ခြမ်း သူ့ဘက်သို့ပါလာရသည်။

သူမလက်တစ်ဖက်က သူ့အကျီကော်လံကိုလှမ်းဆွဲ
လိုက်ချိန် သူတို့နှစ်ယောက်မျက်နှာချင်းဆိုင်အနေ
အထားသို့ရောက်သွားသည်။ သူမလက်သွယ်သွယ်
က သူ့ပါးပြင်ကိုအုပ်မိုးလာပြီး...

"ချောလိုက်တာ ငါဒီမျက်နှာကိုရင်းရင်းနှီးနှီးမြင်ဘူးပါတယ် "

သူဒီစကားကို မိန်းကလေးတော်တော်များများဆီက
ကြားဖူးခဲ့ပေမဲ့ ဒီလိုမျိုးဆေးမိထားတဲ့သူတစ်ယောက်
ဆီက ကြားရလိမ့်မယ်လို့ မထင်ထားခဲ့ပေ....မမျှော်လင့်
ထားတဲ့စကားတစ်ခွန်းက သူ့ကိုတစ်ကယ်တမ်းကျေနပ်
စေခဲ့သည်။
မျက်နှာနှစ်ခုနီးကပ်သွားချိန် သူမကသူ့မျက်နှာနား
တဖြည်းဖြည်းနီးကပ်လာချိန် သူမျက်နှာတစ်ဖက်လွှဲ
၍ သူမကိုတစ်ဖက်သို့တွန်းလိုက်သည်။

အား...ရင်ထဲမှာပူလိုက်တာ ငါဘာဖြစ်နေတာလဲ
နောက်ပြီး ငါ့စိတ်ထဲမှာ ဘာလို့တစ်ခုခုလိုနေသလို
ခံစားနေရတာလဲ... မဖြစ်ဘူး၊ ငါအသိစိတ်လွတ်သွားလို့မဖြစ်ဘူး...။

သူမက ကားတံခါးကိုလှမ်းဖွင့်နေသည်မို့သူမကို
တားရန် သူမလက်ကိုအသာဆွဲယူလိုက်ပြီးခေါင်းလေးကိုထိန်းကာ သူမနှုတ်ခမ်းလေးကိုဖိကပ်လိုက်
သည်။ သူ့ဘက်က ဖိကပ်ရုံသက်သက်ပေမဲ့ဆေးအရှိုန်ကပြနေသည်မို့ သူမဘက်က မပီမပြင်နမ်း
လာခဲ့၏။ သူမဆီမှ ကြာပန်းရနံ့သင်းသင်းလေး
ကို သူဒုတိယအကြိမ်ခံစားလိုက်ရချိန် သူသတိများ
လွတ်သွားခဲ့ရသည်။

သူမရဲ့ ဦးခေါင်းကိုထိန်းညှိပြီး သူ့ဘက်ကဦးဆောင်
ကာနမ်းလာတော့ သူမရဲ့လက်သွယ်သွယ်များက
သူ့လည်ပင်းတွင်ယှက်နွယ်လာခဲ့သည်။ သူမဆီမှ
ညည်းသံသဲ့သဲ့ကြားရချိန် သူသတိဝင်လာကာ
သူမနှုတ်ခမ်းမှ ဖယ်ခွာလိုက်သော်လည်း သူမရဲ့ လက်
သွယ်သွယ်တွေကတော့ သူ့လည်တိုင်မှမဖယ်ခွာခဲ့ပေ။

သူမရဲ့ စတော်ဘယ်ရီလိုမွှေးပျံ့ပြီး ချိုမြနေတဲ့နှုတ်ခမ်း
တွေကို သူဒီထက်ပိုပြီးပိုင်ဆိုင်ချင်တာပေါ့...၊
ဒါပေမဲ့ ပိုင်ဆိုင်ချင်စိတ်များလာလေ ပိုပြီးလောဘတက်
လာလေမဟုတ်လား...၊ ယောက်ျားတစ်ယောက်နှင့်
မိန်းကလေးတစ်ယောက်အတူရှိနေချိန်ကြီးမားလှပါ
ပြီဆိုသော တံတိုင်းကြီးတောင် ပါးလွှာသောအဝတ်
တစ်ထည် အသွင်ပြောင်းလဲသွားနိုင်တယ်မဟုတ်လား...။

သူလည်းအ သွေးနဲ့အသားနဲ့လူပဲ....ဒါပေမဲ့သူမဘက်
ကအသိစိတ်လွတ်နေချိန် သူဘာကိုမှမပိုင်ဆိုင်ချင်ပါ...၊
သူဒီအချိန်မှာ သူမအနမ်းများသာမက ဘဝတစ်ခုလုံး
ကိုပါ ပိုင်ဆိုင်လို့ရပေမဲ့ သူမအပေါ်စိတ်နှင့်တောင်
မပြစ်မှားမိဘူးဆိုတာ သူသစ္စာဆိုဝံ့ပါသည်။
ဒါပေမဲ့ သူမကိုနမ်းနေချိန် သူမကိုမမုန်းဘူးဆိုတာ
သေချာတယ်...။

လူးလိမ့်နေသော သူမရဲ့ဇာက်ပိုးကိုသူလက်ဝါးဇောင်း
ဖြင့် အုပ်လိုက်ချိန် သူ့ရင်ခွင်ထဲသို့ပျော့ဖပ်ကာဝင်သွား
ရသည်။ သူ့ရင်ခွင်ထဲမှာမေ့မျောနေတဲ့သူမမျက်နှာ
ပေါ်မှ ဆံပင်တစ်ချို့ကို ဖယ်ရှားပေးလိုက်ပြီး တမေ့
တမောကြည့်နေမိသည်။

သူမအပေါ်မှာ မကောင်းတဲ့စိတ်တစိုးတစိမှမရှိပေမဲ့
သူမကိုတော့ သူ့လက်တွေနဲ့တင်းကျပ်စွာဖက်ထား
မိတာဘာကြောင့်များလဲ...၊ သူမဆီမှအဆတ်အပြက်
မြည်နေသောဖုန်းသံကြောင့် သူစိတ်မရှည်စွာကိုင်
လိုက်စဉ်...။

°°°°°°°°°°°°°°°

လိပ်ပြာနှာခေါင်းထဲသို့ ထူးဆန်းသည့်အမွှေးရနံ့တစ်ခု
ဝင်လာသည့်အတွက် မျက်လုံးများကိုအားယူကာ
ဖွင့်ကြည့်လိုက်သည်။ ခေါင်းတစ်ခုလုံးကိုမီးစဖြင့်ထိုး
ထားသကဲ့သို့ နာကျင်ကိုက်ခဲကာတဒုတ်ဒုတ်တိုးနေ
သည့် နာထင်ကိုလက်ဖြင့်ဖိကာ လိပ်ပြာ ထထိုင်လိုက်သည်။

လိပ်ပြာရဲ့ ရှေ့တည့်တည့်တွင် ရှပ်အကျီအဖြူ ဝတ်ထား
သောယောက်ျားတစ်ယောက်ကို ကျောခိုင်းလျက်သား
တွေ့လိုက်ရသည်။ သူဘယ်သူလဲ... ဟင် ဘေးဘီကိုဝေ့
ကြည့်လိုက်တော့ ဒါလိပ်ပြာအခန်းမှမဟုက်ပဲ ...၊
ဒါရင်းနှီးနေတဲ့ရုံးခန်းပဲ ဟုတ်တယ် လိပ်ပြာ
စိတ်ဝိညာဉ်များပင် လွင့်စင်သွားသလိုခံစားလိုက်ရ
သည်။ ဒါဆိုသူ သူ... လိပ်ပြာစိတ်ထဲတွေးနေဆဲပင်
သူကနောက်လှည့်လာသည်။

"ရှင် ရှင် လိပ်ပြာကို ဘာလို့ဒီခေါ်လာတာလဲ နောက်ပြီး
ညကဘာတွေဖြစ်ခဲ့လို့လဲ...လိပ်ပြာ လိပ်ပြာကိုရော
ဘာလုပ်လိုက်သေးလဲ..."

သူမက သူ့ကို လက်ညှိုးထိုးမတက်ပြောလာသည့်
အတွက် သူစချင်သွားသည်။

"မိန်းကလေးနဲ့ယောက်ျားလေးနှစ်ယောက်တစ်ခန်း
ထဲအတူရှိနေရင် ဘာလုပ်ကြမလဲ မင်းစဉ်းစားလေ၊
နောက်ပြီး မင်းငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ ငါက
မင်းသူဋ္ဌေးဆိုတာမမေ့နဲ့ဥိီး "

"ဒီထက်ရိုင်းတဲ့နာမည်တောင်ခေါ်ရဦးမှာ အလုပ်ထဲ
မှာသာလေးစားသမှုနဲ့ခေါ်ပေမဲ့ အခုကအလုပ်ချိန်
လည်းမဟုက်သလို ဘာလေးစားသမှုနဲ့မှမခေါ်နိုင်ဘူး"

"ဘာ မင်းဘာပြောလိုက်တယ် မင်းစိတ်ထဲထင်ရာ
မြင်ရာတွေလျှောက်ပြောမနေနဲ့ "

သူကပြောရင်းနဲ့ လိပ်ပြာနားတစ်လှမ်းခြင်းတိုးလာ
သည်မို့ လိပ်ပြာနောက်ဆုတ်သွားရင်းက...

"ဒီမှာ ကျွန်မအသားကိုထိဖို့မကြိုးစားနဲ့နော် ညက
ဘာတွေဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ မသိပေမဲ့
လိပ်ပြာသတိရှိနေတဲ့အချိန် လိပ်ပြာအသားကို
နည်းနည်းတောင်ထိလို့ရမယ်မထင်နဲ့ "


သူမက သူ့ကိုယ်သူကာကွယ်တဲ့အနေဖြင့်အကျီ
ရင်စေ့ကို တင်းတင်းဆုပ်ကိုင်ထားသောကြောင့်
သူရယ်ချင်သွားသည်။

"ကျွန်မအနားကို မလာနဲ့နော် "

မဖြစ်ဘူး...အခုမနက်တောင်ရောက်နေပြီ ညက
လိပ်ပြာအိမ်ပြန်မလာတာ ဖေဖေတို့သိရင်စိတ်ပူနေ
တော့မှာပဲ မဖြစ်ဘူး အိမ်ပြန်ရမယ် ...။

သူမက ရုတ်တရက်သူ့ဆီမှလှည့်ထွက်ကာတံခါးဆီ
သို့လက်လှမ်းနေသည့်အတွက် သူမလက်တစ်ဖက်
ကိုသူခပ်မြန်မြန်ပင် လှမ်းဆွဲထားလိုက်သည်။

"အ ရှင်ဘာလုပ်တာလဲ လွှတ် လိပ်ပြာအိမ်ပြန်မယ် "

လိပ်ပြာရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ထားသော
ကြောင့် ကျန်လက်တစ်ဖက်ဖြင့် သူ့လက်ကိုဆွဲဖြုတ်
သော်လည်းအချည်းနှီးသာ...။

"မင်းကိုဘယ်သူကပြန်ခိုင်းလို့လဲ မပြန်ရတော့ဘူး "

" ဟင့်အင်း ပြန်မှာလွှတ် လွှတ်ပါ "

လိပ်ပြာရုန်းနေရင်းနှင့်ပင် ဘာကြောင့်မှန်းမသိ
မျက်ဝန်းထဲတွင် မျက်ရည်များကရစ်သီးလာရသည်။
သူကစချင်ဇောနှင့်ပြောနေပေမဲ့ သူမကိုကြည့်လိုက်
ချိန် သူစိတ်မကောင်းဖြစ်သွားရသည်။


"ကောင်းပြီ မင်းအိမ်ပြန်လို့ရတယ်၊ ဒါပေမဲ့မင်းပြန်လာ
ပြီးအလုပ်ဆင်းရမယ် မဟုက်ရင်ဒီအကြောင်းကို
မင်းအိမ်ကိုအသိပေးရလိမ့်မယ်...."

"ဟင့်အင်း ရှင်နဲ့လိပ်ပြာဘာမှဖြစ်ခဲ့တာမှမဟုတ်တာ
ဟုတ်တယ်မလားဟင် ဘာမှမဖြစ်ခဲ့ဘူးမလား "

သူမမေးနေရင်းနှင့်ပင် မျက်ရည်ဥကလေးက ပါးပြင်
ပေါ်သို့ လှိမ့်ဆင်းသွားချိန် သူခဏ မင်သက်သွားရင်းက...

"မင်းပြန်လာရင်ငါပြောပြမယ် အခုတော့မပြောပြနိုင်သေးဘူး..."

"လိပ်ပြာပြန်လာခဲ့ပါ့မယ် အိမ်ခဏပြန်ချင်ရုံပါ "

သူမက ကတိပေးသလိုပြောလိုက်ရင်း လှည့်ထွက်
သွားချိန် သူ့ရင်ထဲတွင်ဘာကြောင့်မှန်းမသိဟာသွား
ရသည်။ သူမကိုဒီလိုဖြစ်သွားဖို့မမျှော်လင့်ထားပေမဲ့
အခုလိုဖြစ်သွားချိန် သူမသူ့ဆီကိုပြန်မလာတော့ဘူးလို့ ဘာကြောင့်ထင်နေရတာလဲ....နောက်ပြီးသူကရော ဘာလို့ သူမထွက်သွားမှာကိုမကြိုက်သလိုဖြစ်
နေရတာလဲ...။

သူ့စိတ်ထဲတွင်ဇဝေဇဝါများဖြစ်ကာ ဆိုဖာပေါ်သို့ အား
ယူ၍ပစ်လဲလိုက်သည်။

" ဟူး "

°°°°°°°°°°°°

လိပ်ပြာအိမ်ထဲသို့ စိုးရိမ်စိတ်ဖြင့်လှမ်းဝင်လိုက်စဉ်
ဧည့်ခန်းတွင် လူစုံတက်စုံ ထိုင်နေကြတာကိုတွေ့
သောကြောင့် လိပ်ပြာလန့်သွားကာခြေလှမ်းများ
တိခနဲ ရပ်သွားရသည်။

"အိန်ဂျယ်...."

မေမေခေါ်သံကြောင့် လိပ်ပြာဆတ်ခနဲတုန်ယင်
သွားသည်။

" မေမေ..."

"အိန်ဂျယ် ဒီမှာလာထိုင်ပါဦး "

မေမေက သူ့နားတွင်ထိုင်ရန်ညွှန်ပြသောကြောင့်
လိပ်ပြာခေါင်းလေးငုံ့ကာ ဝင်ထိုင်လိုက်သည်။

"ဟို လိပ်ပြာမနေ့ညက အလုပ်လုပ်နေရင်းနဲ့အိပ်ပျော်သွားလို့ ဒီမနက်မှပြန်လာဖြစ်တာပါ ဟို ဖုန်းအားကလည်း..."

"အိန်ဂျယ် ဖြည်းဖြည်းပြောပါ သမီးကိုဘယ်သူမှရိုက်
စစ်မနေပါဘူး၊ နောက်ပြီးမေမေတို့မနေ့ညကတည်းကသိပြီးပါပြီ "

လိပ်ပြာကိုရိုက်စစ်နေတာမဟုတ်ပေမဲ့ လိပ်ပြာမလုံတာမို့ မမေးခင်ကတည်းကပြောနေစဉ်မှာပဲ မေမေ့ရဲ့
'သိပြီးပြီ' ဆိုတဲ့စကားကြောင့်လိပ်ပြာအံ့သြသွားရသည်။

"ရှင်! ဘယ်လိုသိတာလဲ "

"သမီးကိုပြန်မပြောဘူးလား "

"ဟုတ်ကဲ့ လိပ်ပြာလည်းပြန်ချင်ဇောနဲ့မို့ပါ "

"မနေ့ညက သမီးဖုန်းကိုဆက်တိုက်ခေါ်နေတာမကိုင်
လို့ အတော်ကြာတဲ့အထိခေါ်မှလာကိုင်ပြီးယာက်ျား
တစ်ယောက်အသံကြားတော့ မေမေဖြင့်လန့်သွား
တာပဲ၊ တော်သေးတာပေါ့ သမီးသူဋ္ဌေးဖြစ်နေလို့ "

"နောက်ပြီးသူဘာပြောသေးလဲဟင်..."

"သမီးတို့မနက်ဖြန်အစည်းအဝေးရှိလို့ hotel က
ဝန်ထမ်းတွေနဲ့ အလုပ်လုပ်နေလို့ပြန်မလာဖြစ်တဲ့
အကြောင်း၊ နောက်သမီးကတခြားရောက်နေတဲ့
အကြောင်း သေသေချာချာရှင်းပြတာ... ရည်ရည်မွန်မွန်ပဲ သမီးသူဋ္ဌေးက..."

"ဟင် မဖြစ်နိုင်တာ " ဟု တီးတိုးသာ ရေရွတ်လိုက်မိသည်။

"ကဲ ကဲ အပေါ်တက်ပြီးနားလိုက်ဦး၊ ဒါနဲ့စိုင်းရော မယ်လေးရောဖုန်းဆက်သေးတယ် သမီးဖုန်းကိုဆက်လို့မရလို့တဲ့ "

"ဟုတ်ကဲ့ လိပ်ပြာပြန်ဆက်လိုက်ပါ့မယ် မေမေ လိပ်ပြာအပေါ်တက်လိုက်ဦးမယ်နော် "

"အေး အေး "

ညကသူတို့လည်း ဖုန်းဆက်လို့မရလို့တော်တော်
စိတ်ပူသွားမှာပဲ၊ လိပ်ပြာပြန်ဆက်လိုက်ဦးမှပါ...။

"မယ် အင်း လိပ်ပြာပါ "

"ဟုတ်တယ် ညကအလုပ်မှာဖုန်းအားကလည်းမရှိ
တော့လို့ အိမ်တောင်မဆက်ဖြစ်ဘူး... မယ်တို့လည်း စိတ်ပူနေမှာပဲထင်လို့ ပြန်ဆက်လိုက်တာ "

"အင်း အခုပြန်သွားရဦးမှာ ဒါပဲနော် "

"နောက်မှပဲဖုန်းဆက်လိုက်မယ် "

"စိုင်းဆီဆက်လိုက်ဦးမှပါ "

"ဟာ ဖုန်းလည်းမကိုင်ဘူး ဘယ်သွားနေတာလဲ၊ နောက်မှပဲပြန်ဆက်လိုက်မယ် "

မဖြစ်သေးပါဘူး... ဒီကိစ္စကိုတိတိကျကျသိရမှစိတ်အေး
ရမှာပါ...hotel ပြန်သွားမှပဲ နမို့ဆိုဘာတွေထပ်ဖြစ်ဦးမှာလဲမသိဘူး....လိပ်ပြာလည်းအဝတ်စားလဲကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။

"အိန်ဂျယ် အခုမှပြန်ရောက်တာလေ ဘယ်သွားဦးမလို့လဲ "

"ဟို လိပ်ပြာအလုပ်ပြန်သွားရဦးမှာမို့လို့ပါ မေမေ
လိပ်ပြာသွားတော့မယ်နော် "

လိပ်ပြာလည်းမေမေကို အမြန်ပြောကာထွက်လာခဲ့သည်။ အိန်ဂျယ်ကိုကြည့်ရတာတစ်ခုခုပဲလောလောလောလောနဲ့ ထွက်သွားလိုက်တာ မနက်စာတောင်စားမသွားဘူး...ဒီအလုပ်စလုပ်တည်းက အိမ်မှာ
နေရတယ်လို့တောင်မရှိဘူး...။

အိမ်မှအထွက် ဖုန်းသံကြားလို့ ထုတ်ကြည့်လိုက်တော့...

"ဟဲလို စိုင်းပြော "

"အေး ဟုတ်တယ် မနေ့ညကအလုပ်လုပ်နေရင်း
ဟိုမှာပဲအိပ်ပျော်သွားတာ နောက်ပြီးဖုန်းအားလည်း
ကုန်သွားလို့ ဘယ်သူ့ကိုမှမဆက်ဖြစ်တော့တာ "

"ဟင့်အင်း မလာနဲ့လိပ်ပြာအခုအလုပ်သွားမလို့ "

"လာမကြိုပါနဲ့ ရတယ် "

"ပြောမရလည်း သဘောပဲ ဒါပဲ "

ဆိုင်ကယ်ဖြူလေးက ဖုန်မှုန့်လုံးတွေကြား ဝှီးခနဲနေအောင် မောင်းထွက်သွား၍ လီဗာတစ်ချက်ဆွဲလိုက်တိုင်း စိတ်ကစောလာရသည်။

°°°°°°°°°°°°°°

"သခင်လေး club မှာ ဖြစ်တဲ့ကိစ္စကိုဘယ်သူလုပ်တာလဲ
ဆိုတာ ကျွန်တော်တို့စုံစမ်းလို့မရသေးပါဘူး၊ နောက်ပြီး
ကျွန်တော်တို့ဖမ်းထားတဲ့သူကလည်း ဘာမှပြောဖို့စိတ်ကူးမရှိပုံပါပဲ "

"သူ့နောက်ကြောင်းရာဇဝင်ကို စုံစမ်းလိုက် သူ့မှာတန်ဖိုး
ထားဂရုစိုက်ရမဲ့သူတော့ရှိမှာပဲ အဲဒါနဲ့ဆိုသူဘာခံနိုင်ဦးမှာလဲ..."

"ဟုတ်ကဲ့ပါသခင်လေး ကျွန်တော့်ကိုခွင့်ပြုပါဦး "

" ကောင်းပြီ "

အဂ္ဂ ထွက်သွားပြီး သူဆိုဖာပေါ်တွင် မျက်စိမှိတ်ကာ
ထိုင်နေစဉ် သူ့စိတ်ထဲတွင်မနေ့ညကအကြောင်း
များ ထင်ထင်ရှားရှားပေါ်လာသည်။ ကြာပန်းရနံ့
သင်းသင်းလေး၊ စတော်ဘယ်ရီလိုချိုမြနေတဲ့ နှုတ်ခမ်း
ဖူးဖူးလေးရယ် သူတွေးနေစဉ်မှာပင်သူ့ခေါင်းထဲသို့
သတိတစ်ချို့ ဝင်လာသည်။

"ဟင့်အင်း ငါမင်းကိုမုန်းတယ် ဟုတ်တယ် "

သူ့ခေါင်းထဲသို့ အသိတစ်ချို့ဝင်လာချိန် သူခေါင်းကို
ခပ်ဆတ်ဆတ်ခါပစ်လိုက်သည်။ ' အပြင်မှာဘယ်သူရှိလဲ ' မရဏမေးလိုက်သည်နှင့်အပြင်မှ ဝန်ထမ်း
တစ်ယောက်ဝင်လာသည်။
"အခုထိ ပန်းလိပ်ပြာမလာသေးဘူးလား "

"ဟုတ်ကဲ့ မလာသေးပါဘူး သူဋ္ဌေး "

"လာရင် အထဲလွှတ်လိုက် "

သူမကျိန်းသေပြန်လာမယ်ဆိုတာ သူသေချာပေါက်ပြောရဲသည်။

"မပန်းလိပ်ပြာ အစ်မကိုသူဋ္ဌေးခေါ်နေတယ် "

" ခုပဲသွားလိုက်ပါ့မယ် "

လိပ်ပြာရောက်ရောက်ချင်းမှာပဲ အခေါ်တော်လွှတ်ခံရ
သည့်အတွက် ရုံးခန်းသို့ လေးပင်စွာလျှောက်လာ
ခဲ့သည်။

"ဒေါက် ဒေါက် "

" ဝင်ခဲ့ "

°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°

အပိုင်း(၁၃) ဆက်ရန် >>>

#Ruby Linn


rate now: