💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
------------------
" မယ်....ကျွန်တော်နည်းနည်းမြန်မြန်မောင်း
မယ်နော် အဲ့ဘက်ကလူပြက်လို့"
"ဟုတ်ကဲ့ ရပါတယ်"
"မယ် စိတ်ချရအောင်ကျွန်တော့်ပခုံးကိုကိုင်ထား
လို့ရတယ်နော် အားမနာပါနဲ့ "
"ဟုတ်ကဲ့"
မယ်လည်းစိတ်ချရအောင် စိုင်းပခုံးပေါ်သို့လက်တင်
ကာ တစ်လမ်းလုံးငြိမ်သက်၍ လိုက်လာခဲ့သည်။
မယ့်၏ hotel မလှမ်းမကမ်းတွင် ရပ်လိုက်ပြီး...
"ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး"
"ဟုက်ကဲ့ ကျေးဇူးပါ လမ်းမှာဂရုစိုက်မောင်း
သွားဦးနော်"
"ဟုတ်ကဲ့ပါ"
မယ်လည်းစိုင်းပြန်သွားတော့မှ hotel ဒုတိယထပ်
မယ့်အခန်းရှိရာသို့တက်လာခဲ့သည်။ မယ့်ဘဝမှာ
တစ်ခုယူရင် တစ်ခုပြန်ပေးရခြင်းမျိုးမဟုတ်တဲ့
ကူညီခြင်းမျိုးကို ပထမဆုံးလက်ခံရရှိခဲ့သည်။
မယ်တစ်နေ့လုံးပျော်ရွှင်ခဲ့ရပါသည်။
°°°°°°°°°°
လိပ်ပြာလည်း ရေချိုးသန့်စင်ပြီးညအိပ်ရာဝင်ဖို့
ပြင်ဆင်လိုက်သည်။
"ဟင် ၈း၀၀ နာရီတောင်ထိုးနေပြီပဲ၊ မယ့်ဆီဖုန်း
ဆက်ဦးမှပါ ပြန်ရောက်ပြီလားမသိဘူး"
"ဟဲလို မယ်ပြန်ရောက်ပြီလား"
"အင်း ခုနကပဲပြန်ရောက်တာ"
"အင်း မိုးချုပ်နေလို့အဆင်ပြေပြေပြန်ရောက်ရဲ့
ရဲ့လားသိချင်လို့ ဖုန်းဆက်လိုက်တာ"
"ဟုတ်လား မယ်တို့လမ်းမှာဆီပျက်သွားလို့
ဖြတ်သွားဖြတ်လာကားတစ်စီးကိုတားပြီးဆီချေး
သေးတယ် ဒါပေမဲ့အဆင်ပြေပါတယ်"
"တော်သေးတာပေါ့ ဒါဆိုမယ်နားလိုက်ဦးနော်
နောက်နေ့မှဖုန်းဆက်လိုက်မယ်"
"အင်း ဒါပဲနော်"
"အန်တီနွယ့်ဆီဆက်ဦးမှပါ တော်ကြာဘဝင်မြင့်
သွားလို့လားလို့ပြောဦးမယ်"
"ဟဲလို အန်တီနွယ် လိပ်ပြာပါ"
"လိပ်ပြာကိုစိတ်ဆိုးနေပြီလားဟင် လိပ်ပြာလည်း
အလုပ်မထွက်ချင်ပါဘူး"
"......."
"မဟုတ်တာ လိပ်ပြာလာခဲ့ဦးမှာပါ အန်တီနွယ့်
ကိုအရမ်းသတိရနေတာ"
"........"
"စိတ်မဆိုးပါနဲ့ လိပ်ပြာတစ်ကယ်ပြောတာပါ
ရုံးပိတ်ရက်ကြရင် ဆက်ဆက်လာခဲ့ပါ့မယ်"
"........."
"ဟုတ်ကဲ့ ဒါပဲနော် တာ့တာ "
လိပ်ပြာဒီနေ့အဖို့ပျော်ရွှင်ခဲ့ရပေမဲ့ မရောက်သေးတဲ့
မနက်ဖြန်ကိုတွေးကာ လိပ်ပြာရင်လေးနေမိသည်။
ဒါဟာမသိစိတ်ကပြောနေတဲ့ လိပ်ပြာအပေါ်
ကျရောက်လာတော့မဲ့ ကံကြမ္မာဆိုးများလား။
ဒီနေ့လိပ်ပြာအိပ်ရာကနိုးလာချိန် အရင်နေ့တွေ
တုန်းကလိုမလန်းဆန်းနေပါ။ လေးလံထိုင်းမှိုင်း
စွာနှင့်ပ င်အလုပ်သွားဖို့ပြင်ဆင်ရပါသည်။
"သခင်လေး ကျွန်တော်သခင်လေးစုံစမ်းခိုင်းထားတဲ့
ကိစ္စတိတိကျကျသိရပါပြီ "
"ဘာတွေသိရပြီလဲ ပြော "
"သခင်လေး သူ့နာမည်က အယ်လ်စိုင်းဇော် ပါ
နောက်ပြီးကော်ဖီခြံတွေ လိမ္မော်ခြံတွေပိုင်ပါတယ်၊
သူ့အဖေကလည်းရှမ်းစော်ဘွားကြီးတစ်ဦးဖြစ်ပြီး
သူ့အဖေပိုင်တဲ့လုပ်ငန်းတွေက Kalaw မှာရော
ရှမ်းပြည်နယ်မှာပါ လက်ညှိုးထိုးမလွဲပါပဲ "
" နောက်ပြီးတော့ရော "
" ဗျာ "
သခင်လေးပြောတာကို ရုတ်တရက်နားမလည်သလိုဖြစ်ပြီးမှ ...
"သြော် သူတို့နှစ်ယောက်ကရိုးရိုးသူငယ်ချင်းပါပဲ
ဒါပေမဲ့ "
"ဟိုကောင့်ဘက်ကတော့ ပိုတယ်မလား"
"ဟုတ်ပါတယ် သခင်လေး "
"ကောင်းပြီ နယ်စပ်ကပို့လာတဲ့ ပစ္စည်းတွေကို မင်းအရင်သွားကြည့်လိုက် ငါနောက်မှလိုက်လာခဲ့မယ်"
"ဟုတ်ကဲ့ပါ သခင်လေး ကျွန်တော်အခုပဲသွားလိုက်ပါ့မယ်"
ဟွန်း... မင်းကလည်းခေသူမဟုက်ပါလား။ဒါပေမဲ့
ငါနဲ့လာမညှိသ၍ ငါကလည်းအမောက်ထောင်ပြမှာမဟုတ်ဘူး...။
°°°°°°°°°°°°°°°°°°°
နောက်ကျနေပြီမို့ hotel အတွင်းသို့အလောတကြီး
ဝင်လာခဲ့သည်။
"ညီမလေး... ညီမလေးကို သူဋ္ဌေးခေါ်နေတာ
ကြာနေပြီ သွားလိုက်ဦးနော်"
"ဟုတ် ခုပဲသွားလိုက်ပါ့မယ်"
ပြဿနာပဲ ငါ့ကိုဘာတွေဆူဦးမလဲမသိဘူး။
reception က အစ်မပြောသောကြောင့်ကပျာကယာ
ပင် သူမရုံးခန်းထဲသို့ဝင်လာခဲ့သည်။
"ဒေါက် ဒေါက် "
"ဝင်ခဲ့"
"သူဋ္ဌေး လိပ်ပြာကိုခေါ်တယ်ဆိုလို့ပါ "
ဦးစိတ်ပုတ်ကြီးရဲ့ ဆူပုတ်နေတဲ့မျက်နှာကိုကြည့်
တာနဲ့ပင် တစ်ခုခုအပြစ်ပြောတော့မယ်ဆိုတာ
ကြိုသိနေပါသည်။
"မင်းဘယ်အချိန်ရှိနေပြီလဲ ဒါအလုပ်လာရမဲ့
အချိန်လား အရင်နေ့တွေလည်းဒီလိုပဲနောက်ကျ
နေကြလား"
သူမကိုစူးစူးရဲရဲကြည့်ကာ ပြောနေသည်မို့သူမ
ကိုယ်လုံးလေးကျုံ့သွားရင်း...
"မဟုတ်ပါဘူးသူဋ္ဌေး လိပ်ပြာဒီနေ့တစ်နေ့ပဲနည်းနည်း
နောက်ကျသွားတာပါ၊ နောက်မဖြစ်စေရပါဘူး"
"မင်းတို့ပြောလိုက်ရင်ဒီအတိုင်းချည်းပဲ ငါ့နောက်လိုက်ခဲ့ "
ဟု ပြောပြီးသူကအရှေ့ကနေထွက်သွားသည်မို့
လိပ်ပြာလည်း ကြောင်နနနဲ့ပင်နောက်ကလိုက်သွားရသည်။
အဂ္ဂ ကို အပြင်လွှတ်လိုက်သည်မို့ သူကိုယ်တိုင်
ကားမောင်းကာထွက်လာခဲ့၏။ သူမက ကားနောက်ခန်းထဲတွင် တိတ်ဆိတ်စွာလိုက်လာပြီး
ကားတစ်စီးလုံး အပ်ကျသံတောင်မကြားရပေ...။
ကားလေးက ထိုးရပ်သွားသည်မို့ ဘယ်နေရာမှန်း
မသိပေမဲ့ လိပ်ပြာကားပေါ်မှ ဆင်းလာလိုက်တော့
Diamond Company ဆိုင်းဘုတ်ကြီးကလိပ်ပြာ
ကိုခမ်းနားစွာ ကြိုနေသယောင်...။
လိပ်ပြာက company ကိုတစ်ခါမှမရောက်ဖူးသူမို့
လှည့်ပတ်ကြည့်နေရင်း သူကအရှေ့ မှထွက်သွားတာ
ကြာပြီမို့ လိပ်ပြာမပြေးရုံတမယ်လိုက်လာခဲ့ရသည်။
ကုမ္ပဏီအတွင်းသို့ ဝင်လိုက်သည်နှင့်ယူနီဖောင်း
ဆင်တူဝန်ထမ်းများက ခေါင်းငုံ့ကာကြိုဆိုနေကြသည်။ မရဏအခန်းထဲသို့ဝင်လိုက်သည်နှင့်
အနောက်မှတီးတိုးစကားသံများတစ်စတစ်စ
ကျယ်ပြန့်လာသည်။
"ဟဲ့ အဲ့ကောင်မလေးကဘယ်သူလဲမသိဘူးနော်"
"အေး သူဋ္ဌေးနောက်ကလိုက်လာတယ်ဆိုတော့
တော်ရုံတော့မဟုတ်ဘူး "
"အချောလေးပဲဟ "
"သူဋ္ဌေး ချစ်သူများလား"
"ဟဲ့ ပါးစပ်ပုတ်ကြီးနဲ့အေ မဖြစ်နိုင်ပါဘူး
ညည်းကလည်း... "
လိပ်ပြာအခန်းထဲသို့ လိုက်ဝင်သွားတဲ့အချိန်ထိ
အနောက်မှတီးတိုးစကားသံများသဲ့သဲ့ကျန်ခဲ့သည်။
လိပ်ပြာ ကုမ္ပဏီရုံးခန်းထဲသို့လှမ်းဝင်လိုက်ချိန်
အေးစိမ့်မှုကို ပထမဦးဆုံးခံစားလိုက်ရသည်။
ဒီရုံးခန်းက hotel ရုံးခန်းနှင့်တခြားစီပင်၊
စားပွဲပေါ်တွင် ပန်းအိုးလေးတောင်မရှိဘဲ ဖိုင်တွဲ
၃/၄ ခုသာရှိပြီး သေသပ်နေသည်။
ပြတင်းပေါက်ကို အဖြူရောင်လိုက်ကာများဖြင့်
တန်ဆာဆင်ထားပြီး အခန်းထဲတွင် ပရိဘောဂ
ပစ္စည်းဆိုလို့ လူ့နှစ်ရပ်စာရှိတဲ့ဗီရိုတစ်လုံးသာရှိ
နေသည်။ ထူးဆန်းတာတစ်ခုက တစ်ခါမှလူမနေ
ဘူးလို့ထင်ရပေမဲ့ အမှုန်ကလေးတစ်မှုန်တောင်
မရှိတာပဲဖြစ်သည်။ လိပ်ပြာအခန်းထဲသို့
ဝေ့ကြည့်ကာ စပ်စုနေစဉ်...
"အပြင်မှာရှိတဲ့ မန်နေဂျာဆီကနေ လွန်ခဲ့တဲ့ 5 နှစ်က
နှစ်ချုပ်စာရင်းတွေတောင်းလာခဲ့ "
" ရှင် ဟုတ် ဟုတ်ကဲ့ "
ဦးစိတ်ပုတ်ကြီးကို ကြည့်ရတာ သူ့မျက်လုံးထဲတွင်
တည်တည်ငြိမ်ငြိမ်လေးလေးနက်နက်ရှိသော
အရိပ်အယောင်များ တွေ့နေရသည်မို့လိပ်ပြာလည်း
အမှားမရှိအောင် သူခိုင်းတဲ့အတိုင်းတသွေမတိမ်း
လုပ်ပေးနေရသည်။
"သူဋ္ဌေး ဒီမှာယူလာပါပြီး "
"အဲ့တာတွေကို ဒီညနေအပြီးစစ်လိုက် ညကျရင်
dinner တစ်ခုသွားစရာရှိတယ် မင်းပါလိုက်ခဲ့ရမယ်
စာရင်းတွေကို ညနေအပြီးမလုပ်နိုင်ရင် ပြန်လာရင်
ဆက်လုပ်ရမယ်"
"ရှင်! လိပ်ပြာ ဒီ 5 နှစ်စာလုံးကို ညနေအပြီးလုပ်ရမှာလား "
"မင်းမပြီးရင်လည်း ကိစ္စမရှိပါဘူး ပြန်လာရင်ပြန်လုပ်လို့ရတာပဲ "
အခုက မနက်ပဲရှိသေးတာလေ ညနေမှဆိုတော့
အချိန်ရှိပါသေးတယ်... လိပ်ပြာပဲလေ ဘယ်သူ
မို့လို့လဲ၊ ဒါနဲ့ dinner ကရောဘာလို့လိုက်ရမှာလဲ။
မသိတော့ဘူး စိတ်ညစ်တာပဲသိတော့တယ်...။
"ဒီမှာ မင်းဘာတွေစဉ်းစားနေတာလဲ အခုထိသွားမလုပ်သေးဘူးလား "
"ဟုတ်ကဲ့... "
" မင်းဒီမှာထိုင်လုပ်လို့ရတယ် ညနေမှငါ ပြန်လာခဲ့မယ်"
"ဟုတ်ကဲ့ပါ သူဋ္ဌေး...."
သူမကိုစောင့်ကြည့်ချင်ပေမဲ့ နယ်စပ်ကပစ္စည်းတွေ
လာပို့မှာမို့ အဂ္ဂကိုအရင်လွှတ်ထားသော်လည်း သူ
လိုက်သွားရဦးမှာမို့ သူမသက်သာသွားသည် ဆိုရမည်။
°°°°°°°°°°
"ဟုတ်ပြီ 2015 ကနေ စလိုက်တာပေါ့ "
လိပ်ပြာလည်း ထမင်းစားချိန်တစ်ချိန်သာနားပြီး
အားကျိုးမာန်တက်လုပ်လိုက်သောကြောင့်
ညနေစောင်းခါနီးမှပင် ကွက်တိပြီးသွားသည်။
"အင်း ဦးစိတ်ပုတ်ကြီးလည်း မလာသေးဘူး အား...ခါးညောင်းလိုက်တာ ခဏကျောဆန့်လိုက်ဦးမှပဲ
အား...အား...."
တစ်နေ့လုံးကုန်းကွကာ အလုပ်လုပ်နေရသည်မို့
ခါးဆန့်ဖို့တောင်အချိန်မရ၊ အလုပ်များလက်စသတ်
ပြီးလို့ ခါးမတ်လိုက်ချိန် ကျောကနာလာသည်မို့
ဆိုဖာပေါ်တွင်ခဏလှဲလိုက်ရင်း တစ်မှေးအိပ်ပျော်
သွားတော့သည်။
သူမကိုအလုပ်တွေနဲ့ တစ်ယောက်တည်းလွတ်ထား
သည်မှာ ညနေပင်စောင်းနေပြီမို့ company သို့
ထွက်လာခဲ့သည်။
Company သို့ရောက်ရောက်ချင်းရုံးခန်းတံခါးကို
ဖွင့်လိုက်ချိန် အလုပ်စားပွဲတွင်သူမကိုမတွေ့ရသော
ကြောင့် ရင်ထဲလေးသွားရကာ ဘေးဘီကိုဝေ့ကြည့်
တော့မှ ဆိုဖာပေါ်တွင်ဘေးတစ်စောင်းအနေအထား
ဖြင့် အိပ်နေဟန်ရှိသော သူမကိုတွေ့တော့မှရင်အေးသွားရသည်။
တံခါးကို အသာပိတ်ကာ သူမဆီသို့လျှောက်လာ
ပြီး ဒူးတစ်ဖက်ထောက်အနေအထားဖြင့် သူမကို
အပေါ်မှ ဆီးမိုးကာကြည့်နေမိသည်။ ဆိုဖာပေါ်တွင်
နှုတ်ခမ်းဖူးဖူးလေး ခပ်ဟဟပွင့်ကာနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေသော သူမလေးကကလေးတစ်ယောက်
ပမာ အပြစ်ကင်းစင်ပြီး အပူအပင်ကင်းလှသည်။
လေတစ်ချက် ဝှေ့အတိုက်တွင် သူမမျက်နှာပေါ်သို့
အုပ်မိုးသွားသော ဆံပင်တစ်ချို့ကိုလက်နှင့်သပ်တင်
ပေးလိုက်ချိန် ဖျတ်ခနဲဆို အသိတစ်ချက်ကဝင်လာ
သည်။ ငါဘာတွေလုပ်နေမိတာလဲ...။ စိတ်ထက်
လက်ကပဲမြန်နေတာလား... လက်ထက်စိတ်ကပဲ
မြန်နေတာလား။ သူသတိတစ်ချက်ဝင်လာချိန်
ဆတ်ခနဲနေရာမှထကာ တစ်ဖက်သို့လှည့်လိုက်ချိန်
သူမဆီမှ အသံတစ်ချို့ ထွက်လာသည်။
"အင်း...ဝါး...ဟင် သူဋ္ဌေး..."
လိပ်ပြာမျက်လုံးများ ပွင့်ပွင့်ခြင်းယောက်ျားတစ်ယောက်
ရဲ့ နောက်ကျောကို တွေ့လိုက်ရသော်လည်း သူနောက်
လှည့်ကြည့်လာတော့ လိပ်ပြာသူဋ္ဌေးဖြစ်နေခဲ့သည်။
"သူဋ္ဌေး ဟိုလိပ်ပြာ သူဋ္ဌေးခိုင်းထားတဲ့ နှစ်ချုပ်စာရင်း
တွေအကုန်စစ်ပြီးပါပြီ "
လိပ်ပြာလည်းအလန့်တကြား ဆိုဖာပေါ်မှဆင်းကာ
ပြောလိုက်သည်။
"မင်းပါးပေါ်မှာ သရေတွေနဲ့မျက်နှာသစ်လိုက်ဦး၊
ငါကားပေါ်မှာစောင့်နေမယ် 5 mini ပဲနော် "
" ရှင် "
လိပ်ပြာလည်းကြောင်နနဖြင့် ပါးကိုလက်ဖြင့်ပွတ်
ကာစမ်းကြည့်လိုက်သည်။
"ဟင် ဘာမှလည်းမရှိပါဘူး..."
လိပ်ပြာကမော့ကြည့်ကာ ပြန်ပြောလိုက်တော့
သူကဘယ်အချိန်ထဲက ထွက်သွားမှန်းမသိပေ...။
ညနေ ၆း၀၀ ထိုးတော့မှာမို့လို့လားမသိ ဗိုက်က
ဆန္ဒပြလာသည်။ လူကအငြိမ်နေပေမဲ့ဗိုက်ထဲ
ကတော့ စစ်တိုက်သံများအပြင်သို့ လျှံထွက်လာသည်။
"မင်း တိတ်တိတ်နေ ငါနားညည်းတယ်"
"ဟို လိပ်ပြာဘာမှမပြောပါဘူး..."
"မင်းမပြောပေမဲ့ မင်းဗိုက်ထဲကအော်နေတယ်
မအော်စေနဲ့ "
ဟင် သူ့ဘာသာဗိုက်ဆာလို့အော်တာ လိပ်ပြာက
ဘယ်လိုလုပ်တိတ်အောင်လုပ်ရမှာလဲ၊ နို့ဆာနေတဲ့
ကလေးတစ်ယောက်ကို နို့မတိုက်ဘဲနဲ့ ရေတိုက်ပြီး
သိပ်သလိုဖြစ်နေပြီ...။ ဟိုတစ်ခါလိုဖြစ်ရင်တော့ ပြဿနာပဲ...။
သူမကဗိုက်ကလေးကို နှိပ်ကာလိုက်ပါလာသည်
မို့ သူစိတ်မကောင်းဖြစ်မိပေမဲ့ သူ့မှာသူမအလိုကို
လိုက်လျောဖို့စိတ်ကူးမရှိပေ...။ သူဒီ dinner ပွဲကို
သွားဖို့စိတ်ကူးမရှိပေမဲ့ သူမကိုစိတ်ဒုက္ခပေးရအောင်
တမင်သက်သက်ခေါ်လာခြင်းဖြစ်သည်။
ပြောင်ရွှဲနေသော အနက်ရောင်ကားလေးက
ကားပါကင်တွင်ထိုးရပ်သွားပြီး သူကဦးစွာ
ကားပေါ်မှဆင်းသွားသည်။
"မင်းအဲ့ထဲမှာဘာလုပ်နေတာလဲ၊ မဆင်းတော့ဘူးလား"
"မဟုတ်ပါဘူး လိပ်ပြာလှုပ်လိုက်ရင်ဗိုက်ကအောင့်
လာလို့ပါ "
"ဒါဆိုမင်းကို ငါကချီသွားရမှာလား..."
"အဲ့လိုပြောတာမဟုတ်ပါဘူး "
"ငါကမင်းကိုရွဲ့ပြောနေတာ ဘာလုပ်နေတာလဲ၊
မြန်မြန်ဆင်းလေ ငါ့မှာမင်းလောက်အချိန်ပေါ
မနေဘူး "
ဗိုက်ကဆာနေသည်မို့ အောင့်ခံထားရသည်က
တစ်ကြောင်း၊ သူကဖိဟောက်နေတာကတစ်
ကြောင်းမို့ လိပ်ပြာမျက်ရည်များပင်ဝဲတက်လာ
ရသည်။ လိပ်ပြာလည်းဗိုက်ကိုလက်ဖြင့်ဖိကာ
အလျှင်အမြန်ပင်ဆင်း၍ သူ့နောက်ကိုအမီလိုက်
ရသည်။
Hotel တစ်ခု၏ အဝင်အပေါက်တွင်မီးရောင်စုံများ
ဖြင့် အလှဆင်ထားပြီး အဝတ်အစားခပ်လန်းလန်း
ကို အဆင့်အတန်းမြင့်မားစွာ ဝတ်ဆင်ထားသော
သူများကိုတွေ့ရသည်။
လိပ်ပြာရဲ့ ခန္ဓာကိုယ်ကိုပြန်ကြည့်မိလိုက်ချိန်
ယူနီဖောင်းဝတ်စုံမဟုက်သော်လည်း ဝတ်ထား
သောဝတ်စုံက ဒီလိုပွဲမျိုးနှင့်မလိုက်ဖက်သည့်အပြင် တွန့်ကျေတောင်နေပြီ။ လိပ်ပြာ
လည်း ကုတ်ချောင်းချောင်းနဲ့သာ အနောက်က
လိုက်လာခဲ့၏။
အထဲသို့ရောက်သောအခါ အပြင်ကအခမ်းအနား
နှင့်ခြားနားစွာ မီးရောင်စုံများ မီးဆိုင်းများ၏အလယ်
တွင် စမတ်ကျစွာဝတ်ဆင်ထားသောအမျိုးသမီးများ
အမျိုးသားများက အရောင်အသွေးမတူပေမဲ့
သူတို့လက်ထဲမှာ ကိုင်ထားတဲ့ခွက်ထဲကအရည်
ကတော့အတူတူပင်ဖြစ်သည်။
ရှုပ်ယှက်ခတ်နေသည့် လူများကြားတွင် ရုတ်တရက်
ပျောက်သွားသော သူ့ကိုလိုက်ရှာနေမိသည်။
အရှေ့ကိုသာအကြည့်ရောက်နေသည်မို့ အနောက်
မှ လိပ်ပြာလက်မောင်းကို လှမ်းဆွဲလိုက်ချိန်
သတိလက်လွတ်ဖြစ်ကာ လိပ်ပြာကိုယ်လေးပါ
တုန်သွားရသည်။
" အ ဟင် "
"မင်း ဘယ်တွေလျှောက်သွားနေတာလဲ "
"မဟုတ်ပါဘူး လိပ်ပြာ သူ..."
"ရှူး... တိုးတိုး မင်းဟိုဘက်ဝိုင်းမှာသွားစောင့်
ချည်၊ ငါရှယ်ယာဝင်တွေနဲ့ စကားသွားပြောလိုက်ဦး
မယ် ကြားလား..."
" ဟုတ်ကဲ့ "
လိပ်ပြာလည်း ဦးစိတ်ပုတ်ညွှန်ပြသည့်ဝိုင်းသို့
လျှောက်လာခဲ့သည်။ ဗိုက်ကဆာလာပြန်ပြီမို့
ဘူဖေးသို့သွားကာ ဟင်းများရွေးချယ်ပြီး
ဝိုင်းဆီပြန်သွားကာ စားရင်းစောင့်နေလိုက်သည်။
လိပ်ပြာလည်း သူသွားရာလိုက်ကြည့်နေရင်းနှင့်ပင်...
"ဟင် ဘယ်ပျောက်သွားတာလဲ မတွေ့တော့ပါလား"
"ဟိတ် လိပ်ပြာ "
လိပ်ပြာနာမည်ခေါ်သံကြားလို့ လှည့်ကြည့်လိုက်
တော့ အဖြူရောင်ဆွဲသားပျော့ ရှပ်အကျီအပေါ်မှာ
အနက်ရောင် ကုတ်အကျီကိုထပ်ဝတ်ထားပြီး
အနက်ရောင်ဘောင်းဘီရှည်ဖြင့် သူမတူခြားနားစွာ
လူကြီးလူကောင်းဆန်နေသောမင်းထက်အာကာ
ကိုတွေ့လိုက်ရသည်။
" ရှင် ရှင်ဘာလာလုပ်တာလဲ "
"ဟွန်း ဘာလဲကျွန်တော်က မင်းနောက်ကို
တစ်ကောက်ကောက်လိုက်နေတယ်များထင်
နေလားလိပ်ပြာ..."
မင်းထက်အာကာက ခပ်သဲ့သဲ့ရယ်ရင်းလိပ်ပြာကို
ခနဲ့သလိုပြောလာသည့်အတွက် အရင်ကထက်ပင်
မျက်လုံးများ ပြူးကျယ်သွားရသည်။
"ဒီမှာ ရှင့်ကိုလေ ကျွန်မနောက်ကတစ်ကောက်
ကောက်လိုက်နေပါတယ်လို့ ပြောမိလို့လား "
" မင်းကလေ မီးရောင်စုံတွေကြားမှာကိုယ်ပိုင်
အလင်းရောင်နဲ့ တောက်ပနေတဲ့လိပ်ပြာလေး
တစ်ကောင်ပဲ၊ ဟိုးအဝေးကနေတောင်မင်းကို
လှမ်းမြင်နေရတယ်...စိတ်မပူပါနဲ့ ဒီ party ကို
ကျွန်တော့်ကိုလည်းဖိတ်ထားလို့ပါ "
ဟွန်း သူ့ကိုများ ဘယ်သူကဘာတွေကြည့်ပြီး
ဖိတ်လိုက်လည်းမသိဘူး...။
"ရော့ ကျွန်တော်လိပ်ပြာအတွက်ယူလာခဲ့တာယူလေ "
လိပ်ပြာဆီကို ဝိုက်ခွက်ထိုးပေးလာသည့်အတွက်
မယူဘဲ တစ်ချက်မျှသာကြည့်လိုက်သည်။ဘာမှန်း
မသိဘဲ သောက်ရအောင် လိပ်ပြာကသူငယ်နှပ်စား
မှမဟုတ်တာ...။
"ဘာလဲ ကျွန်တော့်ကိုမယုံတာလား ဒီပွဲစီစဉ်တဲ့သူကိုမယုံလို့လား "
"အဲ့လိုမဟုတ်ပါဘူး လိပ်ပြာမသောက်ချင်လို့ပါ၊
လိပ်ပြာကိုမနှောက်ယှက်ပါနဲ့ လိပ်ပြာသူဋ္ဌေးနဲ့
လာတာမို့လို့ပါ "
ထိုအချိန် မရဏ စကားပြောနေရင်းလှည့်ကြည့်
လိုက်သည်။ ဘာလဲ...သူ့ဘေးနားကယောက်ျား
လေးကဘယ်သူလဲ၊ အမြဲဘေးမှာတစ်ယောက်
မဟုတ် တစ်ယောက်ရှိနေတာ သူမစတိုင်လ်
ပဲလား... သူမဝိုင်းဆီသွားဖို့ပြင်တော့ စကားပြောမပျက်သေးသည့်အတွက် ဝိုင်းမှရှောင်ထွက်
သွားလို့မရပေ...။
"အိုး...ကျွန်တော်လိပ်ပြာကိုမနှောက်ယှက်ပါဘူး၊
နှောက်ယှက်သလိုဖြစ်သွားရင်လည်းတောင်းပန်ပါတယ်၊ ဒါဆိုကျွန်တော် ဟိုဘက်ဝိုင်းမှာရှိနေမယ်
လိုတာရှိရင်ပြောနိုင်ပါတယ်... "
လိပ်ပြာလည်း သူထွက်သွားလို့ အသက်ရှူ ချောင်
သွားပေမဲ့ ဦးစိတ်ပုတ်ကိုတော့မျက်စိဒေါက်ထောက်
လိုက်ရှာနေဆဲပင်...။
မဖြစ်ဘူး တစ်နည်းနည်းနဲ့ ဒီဝိုင်ကိုတိုက်မှဖြစ်မယ်၊
မင်းလေးကသိပ်လှပြီး ချစ်ဖို့ကောင်းပေမဲ့မာနဆူး
တွေနဲ့ကိုး... အနုနည်းမရတော့ အကြမ်းနည်းနဲ့ပေါ့...။
"ဟိတ် ရွှတ် ရွှတ် ဟိုဘက်ဝိုင်းကကောင်မလေး
ကိုဒီဝိုင်သွားပေးလိုက် "
လိပ်ပြာလည်း ရေငတ်သလိုဖြစ်လာသည့်အတွက်
အနားတွင်လာပေးသော waiter ကောင်လေး
ဆီမှ ဝိုင်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။
ဟွန်း... ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့၊ ပြီးမှပဲမင်းလေး
စိတ်ကြိုက်ပြန်ချော့ပါ့မယ်...မင်းရဲ့မာနကိုလည်း
ချိုးချင်တာလည်းပါတာပေါ့။
သူမကို အမြဲကျားချောင်းချောင်းနေတာကိုမသိပေမဲ့
သတိတစ်ချက်လွတ်ရင် ပြန်ပေးဆပ်ရမှာကဘဝ
တစ်ခုဖြစ်နေမယ်ဆိုတာ သူမမသိခဲ့ပါဘူး...။
ဝိုင်အရသာက ပြင်းရှရှနဲ့မို့တစ်ငုံသာသောက်ပြီး
ပြန်ချထားလိုက်သည်။ ညလည်းနက်နေပြီမို့
လိပ်ပြာအိမ်ပြန်ချင်နေပါပြီ။ ကံကောင်းစွာနှင့်ပင်
လိပ်ပြာဝိုင်းဆီ ဦးစိတ်ပုတ်လျှောက်လာသည့်
အတွက် ရေကန်အသင့်ကြာအသင့်ပင်ဖြစ်သည်။
"မင်းနဲ့ ခုနက စကားပြောနေတာဘယ်သူလဲ "
"မင်းထက်အာကာ ပါ ဘာဖြစ်လို့လဲဟင် "
"မင်းက ဒီလိုပဲသွားလေရာမှာ ယောက်ျား
လေးတွေနဲ့ပက်သတ်တာပဲလား "
သူကလိပ်ပြာသူဋ္ဌေးဆိုပေမဲ့ လိပ်ပြာရဲ့ သိက္ခာကို
ထိပါးလာရင်တော့ လိပ်ပြာကငြိမ်ခံနေမဲ့သူမဟုတ်ပါ၊
အနာပေါ်တုတ်ကျလို့ နာခြင်းမျိုးမဟုတ် လိပ်ပြာရဲ့သိက္ခာကို ထိပါးလာသောကြောင့် ဆတ်ဆတ်ခါနာကျင်ရပါသည်။
"မဟုတ်ပါဘူးသူဋ္ဌေး လိပ်ပြာကို တွေ့လို့လာ
နှုတ်ဆက်ရုံပါ၊ နောက်ပြီးဒါကလည်းသူဋ္ဌေးကို
မထိခိုက်နိုင်သလို လိပ်ပြာရဲ့ ကိုယ်ရေးကိုယ်တာ
ကိစ္စလည်းဟုတ်ပါတယ် "
"ကောင်းပြီလေ ပြန်ကြတာပေါ့ "
"ဟုတ်ကဲ့ "
ကားပါကင်ကိုရောက်တော့ မင်းထက်အာကာ က
အဆင်သင့်စောင့်နေသည်ကို တွေ့ရသည်။
"လိပ်ပြာ ကျွန်တော်လိပ်ပြာနဲ့စကားခဏပြောချင်
လို့ပါ မကြာပါဘူး...ကျွန်တော်နဲ့လိုက်ခဲ့လို့ရမလား..."
"လိပ်ပြာမှာ ဘာမှပြောစရာစကားမရှိဘူး ခွင့်ပြုပါဦး"
"နေပါဦး လိပ်ပြာခဏလေးပါ "
ဘေးနားက ဦးစိတ်ပုတ်ကဘာမှမပြောဘဲတိတ်ဆိတ်
စွာငြိမ်သက်နေသည်။
မင်းထက်အာကာ ကလိပ်ပြာရဲ့လက်ကိုကိုင်ကာ
အတင်းခေါ်နေသည့်ပုံစံမို့ လိပ်ပြာသူ့လက်မှရုန်း
ကာ နောက်သို့ဆုတ်လိုက်သည်။
"ဒီမှာကျွန်မရှင့်ကို ယဉ်ယဉ်ကျေးကျေးပြောနေတာနော် "
သူအစကဝင်မပါဖို့ ဆုံးဖြတ်ထားပေမဲ့ သူမဘက်ကပါ
မလိုလားသည့်အပြင် ဆွဲလားရမ်းလားပါပြုလာသည့်
အတွက် သူတို့ကြားထဲသို့ဝင်လိုက်သည်။
"ဒီမှာ မင်းကိုမလိုက်ဘူးလို့ပြောနေတယ်လေ၊
ထပ်ပြီးသူ့ဆီက ဘာကြားချင်သေးလို့လဲ "
"ဟွန်း ဘယ်သူလဲလို့သူဋ္ဌေးကြီး ဦးသတိုးတေဇ
ပါလား "
"ဒိီမှာ မင်းငါ့ကိုလာရိုင်းမပြနဲ့ မင်းစိတ်ဓာတ်နဲ့ငါ့ကို
လာမဆက်ဆံနဲ့၊ ဒါနောက်ဆုံးသတိပေးခြင်းပဲ"
"ခင်ဗျား ကျွန်တော့်ကိုရွှေပြည်အေးတရားလာဟော
မနေနဲ့ ဒါခင်ဗျားရုံးမဟုက်ဘူး ကိုယ်နဲ့မဆိုင်ရင်ဝင်မပါနဲ့ပေါ့ "
"မဆိုင်ဘူးလို့ ဘာကိုကြည့်ပြီးပြောနေတာလဲ
ဒါငါဝန်ထမ်းငါပိုင်တယ် ငါလုံခြုံရေးမခေါ်ခင် ဒီကထွက်သွား ငါနှစ်ခါမပြောဘူး "
လိပ်ပြာ သူတို့နှစ်ယောက်စကားများနေကြတာ
ကိုကြည့်နေရင်းနှင့်ပ င်ခေါင်းများချာချာလည်အောင်
မူးကာ မျက်လုံးထဲတွင် လူပုံရိပ်များဝေဝါးလာရသည်။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°♥♥•°
အပိုင်း(၁၂) ဆက်ရန် >>>
#Ruby Linn