book

Index 10

အပိုင်း(၁၀)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖

-----------------

" နေဦး "

လိပ်ပြာခြေလှမ်းများ ရပ်တန့်သွားပြီး အနောက်သို့ပြန်
လှည့်လာသည်။

"ဝင်ငွေထွက်ငွေကို အတိအကျသိချင်တယ် နောက်ပြီး
အဓိကနဲ့သာမညကိုခွဲခြားသိပါစေ၊ ကိုယ့်အိမ်မှာ
အလုပ်လုပ်နေတယ် သဘောထားပြီး စေတနာပါ
ပါလုပ် ငါပြောတာကြားလား"

"ဟုတ်ကဲ့"

သူမကခေါင်းလေးငုံ့ကာ ပြန်လှည့်ထွက်သွားသည်။
သူမကတစ်ခါတစ်ခါမခုတ်တတ်သောကြောင်ကလေး
လို တစ်ခါတစ်ခါရဲရင့်ထက်မြက်သော မိန်းမပျို လေး
လို သူ့ရှေ့တွင်ပုတ်သင်ညိုလို အရောင်ပြောင်းနေ
တာသူ့စတိုင်လ်ပဲလား။ သူ့ကိုပဲစွဲညို့နေသလား။

ဘာပဲဖြစ်ဖြစ် သူမကိုစိတ်ဒုက္ခပေးလိုက်ရသည့်အတွက်
ကျေနပ်နေမိသည်။ ကုမ္ပဏီကိုတောင် ၁ လတစ်ခါမှသာ
သွားပြီး hotel ကို နေ့တိုင်းသွားနေတာ သူမကို
စိတ်ဒုက္ခပေးချင်ရုံသပ်သပ်လို့ ခေါင်းစဉ်တပ်ရင်
လူတွေကသူ့ကိုရယ်ကြမလား။ သေချာတာတစ်ခု
ကတော့ သူပေးတဲ့အမုန်းတွေကို သူမလက်ခံ
ယူရမည်။

စံအိမ်သို့ပြန်ရန် အောက်ထပ်သို့ဆင်းလာခဲ့စဉ်
သူမကသူ့ကိုတွေ့တော့ ဆတ်ခနဲ ခေါင်းငုံ့သွား
သည်။ ဆံပင်ကိုအမြဲခပ်မြင့်မြင့်စည်းနှောင်ထားပြီး
မျက်နှာပေါ်တွင် ဆံပင်တစိုးတစိမျှမရှိဘဲ အမြဲ
ရှင်းလင်းကာ ဝင်းမွတ်နေတာကိုသူသတိထား
မိသည်။

အဂ္ဂ အဆင်သင့်ဖွင့်ထားသော ကားထဲသို့ဝင်ထိုင်
လိုက်၏။ အဂ္ဂလည်းစတီယာတိုင်ကိုလှည်းကာ
မောင်းထွက်သွားသည်။

"သခင်လေး ခိုင်းထားတဲ့လေလံပွဲကိစ္စအောင်မြင်
ပါတယ်"

"......"

"သူတို့ဘက်ကမျှော်မှန်းထားသလိုမဟုက်တော့
တော်တော်လေးအထိနာသွားပုံရပါတယ်"

"ကိုယ့်အတက်ကိုယ်စူးတာပဲ မင်းတော်တယ် အဂ္ဂ "

" ကျွိ "

Hotel နှင့်ခပ်လှမ်းလှမ်းသို့အရောက်တွင်ကားကို
ရပ်လိုက်သည့်အတွက်မရဏ ခါးမတ်သွားရသည်။

"ဟဲလို ပြော"

"....."

"ဘယ်ရောက်ကုန်ကြလို့လဲ"

"....."

"ငါလာခဲ့မယ်"

"ဘာဖြစ်တာလဲ"

"သခင်လေး clubမှာ..."

အနက်ရောင်အနောက်တိုင်းဝတ်စုံကို ဆင်တူဝတ်ဆင်
ထားပြီး မျက်နှာဖုံးအနက်ရောင်ကို တပ်ထားသော
သူများနှင့် ကြမ်းပြင်ပေါ်တွင်အလဲလဲအပြိုပြိုဖြစ်နေ
သော သူ၏တပည့်များ၊ ငိုသံများ၊တောင်းပန်သံများ
နှင့် club တစ်ခုလုံး ပစ္စည်းများပျက်စီးရှုပ်ပွနေကာ
မျက်လုံးထဲတွင် ကန့်လန့်ဖြစ်သွားရသည်။

ရှပ်အကျီလက်ရှည်ကို တတောင်ဆစ်နားထိခေါက်
တင်လိုက်ပြီး ဘေးနားရှိစားပွဲခုံကို ညာခြေဖြင့် သူ
ဆောင့်ကန်လိုက်သည်။

"ဟော...လာပြီလား မလာတော့ဘူးတောင်ထင်
နေတာ"

သူတို့ထဲမှ ခေါင်းဆောင်ဟုထင်ရသော သူကသူ့ကို
ခပ်ရွဲ့ရွဲ့ပြောလိုက်သည်။

"နှစ် လေး ခြောက် ရှစ် တစ်ဆယ် ဆယ့်ခြောက်
ဆယ့်ရှစ် နှစ်ဆယ် ဟွန်း... "

အယောက်နှစ်ဆယ်ထဲနဲ့ သူ့လူများအလဲလဲအကွဲကွဲ
ဖြစ်နေရသည်မှာ ဒီလူတွေဟာအထူးလေ့ကျင့်ထား
တဲ့သူတွေမှန်းသိလိုက်သည်။

"ငြိမ်နေပါလား ဘာလဲအကြံထုတ်နေတာလား"

"ဟွန်း အဂ္ဂ အယောက်နှစ်ဆယ်ဆိုတော့
မင်းဆယ်ယောက် ငါဆယ်ယောက်ပေါ့ကွ "

အဂ္ဂ ကိုတစ်ချက်ကြည့်ကာ ပြောလိုက်ရင်းသူတို့ဘက်
ကိုမျက်နှာတည်ဖြင့် ပြန်လှည့်လိုက်သည်။

"မင်းကလာပြီးလေကျယ်နေသေးတယ် အပြောမကြီး
ပါနဲ့ဦး၊ သွေးတော့မကြောင်တတ်ဘူးမလား"

"မင်းတို့ကိုဟောင်တက်မှန်းပဲသိတာ အခုတော့ကိုက်
တက်မှန်းလဲသိရတော့မှာပေါ့"

မရဏက နောက်ဆုံးစကားပြောလိုက်ပြီး သူ့ဆီသို့
တစ်ရှိန်ထိုးပြေးဝင်လာသည့် သူနှစ်ယောက်ကို
အသာလေးပင် ခန္ဓာကိုယ်ကိုစောင်းကာ အရှိုက်
ကိုထိုးလိုက်သည်။

အနောက်တွင်ပါလာသောလူ ၅ ယောက်ကိုလည်း
ဘေးတွင်ရှိသောပုလင်းဖြင့် ခေါင်းကိုရိုက်ခွဲကာ
လက်စလက်နပင်မကျန်အောင် သမလိုက်၏။
နောက်ဆုံးသူတို့အဖွဲ့ခေါင်းဆောင်ကို လက်နောက်
ပြန်လိမ်ချိုးကာ ဘေးတွင်ရှိသော ခုံဇောင်းဖြင့်ရိုက်
ပြီး လည်ပင်းကိုခြေထောက်ဖြင့် တက်နှင်းထား
လိုက်သည်။ ထိုအချိန် မီးကိုရေဖြင့်သက်လိုက်သလို
အားလုံးငြိမ်ကျသွားတော့သည်။

"ဒီမှာ ငါ့ပိုင်နက်ထဲကို ငါ့ခွင့်ပြုချက်မရဘဲလာရင်
မပြန်လမ်းကိုမြန်းရမယ်ဆိုတာ မင်းတို့မသိခဲ့ရင်
တောင်အခုသိရတော့မယ်၊ ကျန်တဲ့ကောင်တွေ
အကုန်လုံးကို ရှင်းပစ်လိုက်၊ အစတောင်မကျန်
စေနဲ့ သူ့ကိုတော့ချုပ်ထားလိုက်"

"မင်းတို့ဘာသာရိုက်စစ်ရုံမကလို့ ငါ့ကိုအသေပဲ
သက်သက်ငါကဘာမှပြောမှာမဟုက်ဘူး... ဒီတစ်ခါ
ငါညံ့လို့ငါခံရတာ ငါ့ကိုသတ်လိုက်ကြားလား
ငါ့ကိုသတ်လိုက်"

"တောက်"

"ဒါငါ့ကို ပေါ်တင်စော်ကားလိုက်တာ ဘယ်သူလုပ်တာ
လဲမသိမချင်းစစ်မေး၊ ပြီးတော့မင်းတို့ဘာသာလည်း
စုံစမ်း ဒီကိစ္စကိုအနှေးနဲ့အမြန်သိချင်တယ်"

ဒေါသထွက်လွန်းလို့မျက်နှာတစ်ခုလုံးနီမြန်းကာ
အသက်ရှုသံများပင်မြန်လာရသည်။

°°°°°°°°°°°°°

" တောက် "

"ခိုင်းလိုက်ရင်တစ်ခုမှကို အဆင်ပြေအောင်လုပ်နိုင်
တယ်ဆိုတာမရှိဘူး... ဘယ်သူမှပြန်မလာကြတော့
ဘူးမလား၊ သူတို့တစ်ခုခုပြောလိုက်လို့ ငါလုပ်တယ်
ဆိုတာသိသွားရင် မင်းတို့အသက် ဖက်နဲ့သာထုပ်ထားပေတော့"

မင်းဒင်တစ်ယောက် သူ့ရှေ့တွင်ခေါင်းငုံ့နေသော
တပည့်များအား သူခိုင်းလိုက်သောအလုပ်အဆင်
မပြေသောကြောင့် သူတို့အပေါ်တွင်ဒေါသများပုံချ
နေသည်။

"သူဋ္ဌေး ဦးမင်းထက်က သူဋ္ဌေးနဲ့တွေ့ချင်လို့ လို့
ပြောနေပါတယ်"

"လွှတ်လိုက်"

အလုပ်ကိစ္စအဆင်မပြေရတဲ့ထဲ ဟိုလူကဘာလာ
ရှုပ်ဦးမလဲမသိဘူး....။

"ဘယ်လိုလဲ တစ်ယောက်ထဲလုပ်တာအဆင်မပြေ
ဘူးမလား... ငါနဲ့ပူးပေါင်းလိုက် နှစ်ယောက်ပေါင်းလိုက်
လို့အင်အားများလာရင် ဘယ်လောက်ပဲအာဏာရှိရှိ
ထက်မြက်ပါတယ်ပြောပြော ငါတို့လက်အောက်မှာ
ကျရှုံးမှာပဲ"


"ခင်ဗျားကရောဘာလုပ်နိုင်မှာမလို့လဲ"

"ရန်သူတစ်ယောက်ထက်စာရင်နှစ်ယောက်ကို
ယှဉ်ပြိုင်ရတာကပိုခတ်တယ်မဟုတ်လား
နောက်ပြီးရန်သူ့ရဲ့ ရန်သူဟာမိတ်ဆွေပဲလေ"

"ကောင်းပြီလေ စောင့်ကြည့်တာပေါ့၊ သူ့ရဲ့ အားနည်း
ချက်ကို တွေ့တာနဲ့ မင်းဒင်ဆိုတဲ့ငါ့ခြေထောက်အောက်
ရောက်အောင်လုပ်ပြမယ်"

သူတို့အကြံနဲ့သူတို့ကတော့ ဟုတ်နေလေရဲ့။

°°°°°°°°°°°°°°°°°°

လိပ်ပြာအလုပ်လုပ်လာတာ ၁ ပတ်ရှိပြီဖြစ်လို့
လိပ်ပြာရဲ့နားရက်တောင်ရောက်လာခဲ့ပြီဖြစ်သည်။
၁ ပတ်အတွင်းပင်ပန်းခဲ့တာမို့ ဒီတစ်ရက်အတွင်း
လုပ်ချင်တဲ့အရာတွေကို အစီအစဉ်ဆွဲခဲ့ပြီးပြီဖြစ်သည်။

"ဟဲလို ရောက်ပြီလား စောင့်နေလေ မြတ်လေးနဲ့အတူ
လာခဲ့မယ်"

"......."

"သြော် အဲ့ဒါဆို မယ့်ကိုပါတစ်ခါတည်းဝင်ခေါ်ခဲ့ပါလား"

"အင်း အင်း bye bye"

လိပ်ပြာလည်းသူငယ်ချင်းတွေနဲ့ မတွေ့ရတာကြာပြီ
မို့စုဝေးပြီး တွေ့ကြရန်ကြိုတင်ချိန်းဆိုထားခြင်းဖြစ်သည်။

အရင်နေ့တွေနဲ့မတူဘဲ ဒီနေ့ပေါ့ပါးလွတ်လပ်နေသည်။
ပုခုံးပေါ်တွင်ထမ်းထားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို သူ့နေရာသူပြန်ထားလိုက်ရသလိုမျိုးပေါ့ပါး
လွတ်လပ်နေခြင်းမျိုးဖြစ်သည်။

ကိုယ့်စိတ်ကြိုက်ကိုယ်သဘောကျနေရတော့မည်
ကိုတွေးကာမျက်နှာပေါ်တွင် အပြုံးများထင်ဟပ်နေ
သည်။ သူတစ်ပါးရဲ့စည်းမျဉ်း စည်းကမ်းဘောင်တွေ
ထဲမှာမဟုတ် မိမိသဘောအတိုင်းလွတ်လပ်ပေါ့ပါး
စွာနေရတော့မည်မို့ အဲ့အပျော်ကဘာနဲ့မှလဲလို့မရ
နိုင်ပါ...လိပ်ပြာကလွတ်လပ်ပေါ့ပါးစွာနေပေမဲ့
စည်းမဲ့ကမ်းမဲ့ စည်းလွတ်ဝါးလွတ်အပျော်ကြူးတက်
သူမျိုးမဟုက်ပေ...။

"ဟယ် ကြာလိုက်တာနော် စိုင်းတို့ကလည်းကြိုချိန်း
ထားလို့သာပဲ"

"ဟော ဟိုမှာလာပါပြီ လိပ်ပြာရဲ့ ကြည်ပါဦး "

မြတ်လေးညွှန်ရာ ကြည့်လိုက်တော့စတိုင်လ်ပင်
ဘောင်းဘီရှည်နှင့် ရှပ်အကျီလက်ရှည်ကွက်စိပ်ကို
တတောင်ဆစ်နားထိခေါက်ထားသော စိုင်းနှင့်
ထူးထူးခြားခြားပင် လိမ္မော်ရောင်ဒူးဖုံးဂါဝန်လေးနှင့်
ချစ်စရာကောင်းနေသော မယ့်ကိုအတူတွဲမြင်လိုက်
ရသည်။

"တော်သေးတာပေါ့ ပေါ်လာသေးလို့လိုက်ပဲခေါ်
ရတော့မလားလို့ စဉ်းစားနေတာ"

"sorry ပဲလိပ်ပြာ ကားတွေအရပ်ကျပ်နေတာနဲ့
နောက်ကျနေတာ"

"ကဲ ဟုတ်ပါပြီ မယ်ဘာမှာမလဲ"

"အဲ မယ်က Cappuccino ပဲသောက်တော့မယ်"

"စိုင်းရော "

"အူး လိပ်ပြာသောက်တဲ့ဟာပဲမှာလိုက်ပါ"

"ဒါဆို Cappuccino နဲ့ Americano တစ်ခွက်စီ
ပေးပါ"

"လိပ်ပြာတို့တွေအခုမှပဲတွေ့ရတော့တယ်နော်
စကားတွေတစ်ဝကြီးပြောကြတာပေါ့"

မြတ်လေးက လိပ်ပြာကိုတစ်လှည့် စိုင်းကိုတစ်လှည့်
ကြည့်ကာပြောသည်။

"ဒါဆို မယ့်အကြောင်းကစပြောတာပေါ့"

"လုပ်ငန်းအခြေအနေလေး..."

"အဆင်ပြေပါတယ် ပြီးတော့ Kalaw ကရာသီဥတု
ကိုလည်း မယ်ကကြိုက်တယ်လေ အေးစိမ့်စိမ့်လေး
မယ်နဲ့အဆင်ပြေတယ်"

"ဒါနဲ့ လိပ်ပြာရော..."

မယ်ပြောတာတွေကိုအားတက်သရောနားထောင်
နေပေမဲ့ လိပ်ပြာကိုမထင်မှက်ဘဲမေးလာတာကြောင့်
မျက်နှာက မသိမသာပျက်သွားရသည်။

"ဟို...ထွေထွေထူးထူးတော့ပြောစရာမရှိပါဘူး
ဒါပေမဲ့အရမ်းပင်ပန်းတယ် အစမို့လို့လားတော့
မသိဘူး"

"အင်း စလုပ်တုန်းကတော့ ဒီလိုပါပဲနောက်တော့
လိပ်ပြာအသားကျသွားမှာပါ"

"အားလုံးပဲ ခဏနော်ဖုန်းလာလို့ "

လိပ်ပြာဘေးက မြတ်လေးကဖုန်းလာသည်မို့ အပြင်
တွင်သွားပြောနေသည်။

လိပ်ပြာလည်းစိုင်းဘက်သို့လှည့်ကာ...

"ဒါနဲ့အန်တီတို့ရော နေကောင်းကြရဲ့လားမရောက်
ဖြစ်တာတောင်ကြာပြီ သတိရတယ်လို့ပြောပေးနော်"

"အင်း ဟုတ်တယ် မေမေတို့ကလည်းမေးနေတာ
လိပ်ပြာတစ်ယောက် အိမ်ဘက်တောင်မလာဘူးတဲ့၊
တွေ့ရင်ထမင်းလာစားဖို့ပြောပေးပါဦးတဲ့လေ"

"ဟုတ်လား"

"သြော် လင်းမြတ် ကတောင်မေးနေသေးတယ်"

လင်းမြတ်ဆိုတာ စိုင်းရဲ့ ညီတစ်ဝမ်းကွဲမို့ လိပ်ပြာ
နဲ့လည်းရင်းနှီးပါသည်။

"အံမယ် သူ့အကြောင်းမသိတာကျလို့အပူကပ်စရာ
တစ်ခုခု ဒါမှမဟုက်အကူအညီတောင်းစရာတစ်ခုခု
ရှိလို့သာသတိရတာနေမှာ "

"ဒီကောင့်အကြောင်း လိပ်ပြာတောင်သိနေပြီပဲ"

"ဟား...ဟား..."

လိပ်ပြာတို့ ရယ်မောကာစကားပြောနေကြတာကို
ကြည့်ပြီး မယ်ကြည်နူးရပါသည်။ သူတို့ပြောတာတွေ
ကို ဝင်မပြောနိုင်ပေမဲ့ သူတို့ပြောနေတာကိုကြည့်
ရုံနဲ့မယ့်ကိုပြုံးစေပါသည်။

°°°°°°°°°°°°°°°°°°°°

"တောက်!"

မရဏ company သို့သွားရန် စံအိမ်မှထွက်လာစဉ်
လမ်းမကြီးရဲ့ဘေးတစ်နေရာမှာ ရပ်ထားတဲ့ဆိုင်ကယ်
အဖြူရောင်လေးကိုတွေ့တော့ သူမများလားလို့
စိတ်ထင်သောကြောင့် ကားရပ်ခိုင်းလိုက်ချိန်
ကော်ဖီဆိုင်ထဲတွင် ယောက်ျားတစ်ယောက်နှင့်
တရင်းတနှီး အပြုံးပန်းများဝေဆာစွာစကားပြော
နေသော သူမကိုတွေ့လိုက်ရသည်။

ထူးဆန်းစွာပင် ထိုမြင်ကွင်းကြောင့်သူ့ရင်ထဲတွင်
အမျိုးအမည်မသိတဲ့ ခံစားချက်တစ်ခုဖြစ်ပေါ်သွား၏။ သူမကိုသေချာကြည့်လိုက်ချိန်ခါတိုင်းနေ့
များနှင့်မတူ ထူးခြားစွာအသားရောင်လက်ရှည်
ရင်စေ့ဂါဝန်လေးကိုဝတ်ထားပြီး အမြဲစည်းနှောင်
ထားတဲ့ဆံပင်တွေကိုဖြန့်ချထားကာ သူမကို
အမုန်းမျက်မှန်စိမ်းနှင့်တပ်ကြည့်တာတောင်
သူမကပြစ်မျိုးမဲ့မထင်လှနေဆဲပင်...။

" အဂ္ဂ ငါသူမနဲ့စကားပြောနေတဲ့အကောင်
အကြောင်းကိုသိချင်တယ်၊ မနက်ဖြန်နောက်ဆုံး
ထားပြီးစုံစမ်း ကြားလား "

"ဟုတ်ကဲ့ပါ သခင်လေး"

"သွားတော့"

ကံဆိုးချင်တော့စားပွဲထောင့်စွန်းနှင့်ကွယ်နေတဲ့
မယ့်ကိုတော့ သူမမြင်သွားချေ။ ဒီဖြစ်ရပ်ဟာ
လိပ်ပြာရဲ့တစ်နေ့တာပျော်ရွှင်မှုတွေအတွက်
ပြန်ပေးဆပ်လိုက်ရတဲ့အကြောင်းအရာတစ်ခု
ဖြစ်သွားသလို ကံကြမ္မာဆိုးတစ်ခုလည်းဖြစ်သွား
ခဲ့မယ်ဆိုတာ လိပ်ပြာမသိခဲ့ပါဘူး...။

လိပ်ပြာတို့သူငယ်ချင်းတစ်စု တစ်နေကုန်
လျှောက်လည်ပြီး ညနေစောင်းမှအိမ်သို့
ပြန်လာခဲ့ကြသည်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

"တောက်!"

မရဏ company သို့သွားရန် စံအိမ်မှထွက်လာစဉ်
လမ်းမကြီးရဲ့ဘေးတစ်နေရာမှာ ရပ်ထားတဲ့ဆိုင်ကယ်
အဖြူရောင်လေးကိုတွေ့တော့ သူမများလားလို့
စိတ်ထင်သောကြောင့် ကားရပ်ခိုင်းလိုက်ချိန်
ကော်ဖီဆိုင်ထဲတွင် ယောက်ျားတစ်ယောက်နှင့်
တရင်းတနှီး အပြုံးပန်းများဝေဆာစွာစကားပြော
နေသော သူမကိုတွေ့လိုက်ရသည်။

ထူးဆန်းစွာပင် ထိုမြင်ကွင်းကြောင့်သူ့ရင်ထဲတွင်
အမျိုးအမည်မသိတဲ့ ခံစားချက်တစ်ခုဖြစ်ပေါ်သွား၏။ သူမကိုသေချာကြည့်လိုက်ချိန်ခါတိုင်းနေ့
များနှင့်မတူ ထူးခြားစွာအသားရောင်လက်ရှည်
ရင်စေ့ဂါဝန်လေးကိုဝတ်ထားပြီး အမြဲစည်းနှောင်
ထားတဲ့ဆံပင်တွေကိုဖြန့်ချထားကာ သူမကို
အမုန်းမျက်မှန်စိမ်းနှင့်တပ်ကြည့်တာတောင်
သူမကပြစ်မျိုးမဲ့မထင်လှနေဆဲပင်...။

" အဂ္ဂ ငါသူမနဲ့စကားပြောနေတဲ့အကောင်
အကြောင်းကိုသိချင်တယ်၊ မနက်ဖြန်နောက်ဆုံး
ထားပြီးစုံစမ်း ကြားလား "

"ဟုတ်ကဲ့ပါ သခင်လေး"

"သွားတော့"

ကံဆိုးချင်တော့စားပွဲထောင့်စွန်းနှင့်ကွယ်နေတဲ့
မယ့်ကိုတော့ သူမမြင်သွားချေ။ ဒီဖြစ်ရပ်ဟာ
လိပ်ပြာရဲ့တစ်နေ့တာပျော်ရွှင်မှုတွေအတွက်
ပြန်ပေးဆပ်လိုက်ရတဲ့အကြောင်းအရာတစ်ခု
ဖြစ်သွားသလို ကံကြမ္မာဆိုးတစ်ခုလည်းဖြစ်သွား
ခဲ့မယ်ဆိုတာ လိပ်ပြာမသိခဲ့ပါဘူး...။

လိပ်ပြာတို့သူငယ်ချင်းတစ်စု တစ်နေကုန်
လျှောက်လည်ပြီး ညနေစောင်းမှအိမ်သို့
ပြန်လာခဲ့ကြသည်။

°°°°°°°°°°°°°°°°°°°

အစည်းအဝေးခန်းထဲတွင် ခန္ဓာကိုယ်ကရှိနေပေမဲ့
စိတ်ကတော့ ဘယ်ဆီပျံ့လွင့်နေလဲဆိုတာသူသာ
အသိဆုံးပင်။ အကြည့်ကိုတစ်နေရာထဲတွင်စုထား
ပေမဲ့ အတွေးများကတော့ယောက်ယက်ခတ်နေသည်။

သခင်လေးကစားပွဲရှေ့ LED ဆိုင်းဘုက်ပေါ်တွင်
အကြည့်ရောက်နေပေမဲ့ အစည်းအဝေးကိုစိတ်မဝင်
စားမှန်းသူသိသည်။

ဘာလဲ...ဒီအပြုံးကယောက်က်ျားတကာအပေါ်
ဒီလိုပဲဆက်ဆံနေတာလား၊ သူမကအဲ့လိုမိန်းမမျိုး
လား၊ ဒါမှမဟုက်ဆိုင်မှာတွေ့ခဲ့တဲ့သူကသူ့ချစ်သူလား...။
အတွေးများကတစ်စတစ်စကျယ်ပြန့်လာသည်။
သေချာတာတစ်ခုကတော့ သူဒီကိစ္စကိုမသိရမချင်း
မကျေနပ်နိုင်ပေ...။

အစည်းအဝေးပြီးသည်နှင့်နေရာမှချက်ချင်းလှည့်
ထွက်ကာ ကားဆီသို့ဦးတည်သွားသည်။ သူဒီနေ့
ဘယ်ကိုမှသွားချင် လုပ်ချင်တော့မည်မဟုတ်။
ဒီညလည်းအတွေးများစွာဖြင့် မနက်မိုးလင်းရတော့မည်။

°°°°°°°°°°°°°°

" ဒုတ် "

"ဘာဖြစ်တာလဲဟင်"

လမ်းဘေးတစ်နေရာတွင် ဆိုင်ကယ်ကဒုတ်ခနဲဆို
ထိုးရပ်သွားသောကြောင့် မယ်ဆိုင်ကယ်ပေါ်မှ
အသာဆင်းလိုက်သည်။

"ခဏ ကျွန်တော်ကြည့်လိုက်ဦးမယ်"

"ဟာ...ဆီပျက်သွားတာပဲ ဖြတ်သွားတဲ့ကားတစ်စီး
စီးကိုတားပြီး ဆီချေးမှရမယ်"

လမ်းပေါ်တွင်ဖြတ်သွားသောကားများကိုတား
သော်လည်း တစ်စီးမှမရပ်ပေးသောကြောင့်
မိုးပင်ချုပ်ကာ တစ်လမ်းလုံးလမ်းမီးတိုင်များဖြင့်
ထွန်းလင်းနေသည်။ တစ်ချက်တစ်ချက်ကားဆီမှ
လာသောမီးရောင်ကြောင့် တစ်ယောက်မျက်နှာ
တစ်ယောက်ရိပ်ခနဲသာမြင်ရသည်။

" မယ် ...!!! "

မယ်ကကားလှမ်းတားချိန် လူစိတ်မရှိသော
ကားမောင်းသမားက မယ့်ကိုပွတ်ကာသီကာ
တိုက်မိမလိုဖြစ်သွားသောကြောင့် စိုင်းကမယ့်
ကိုယ်လုံးလေးကို သူ့ဘက်သို့လှမ်းဆွဲလိုက်သည်။

အလန့်တကြား လှမ်းဆွဲခံလိုက်ရခြင်းနှင့်အတူ
ရင်ထဲတွင် လှိုင်းတစ်ခုဖြစ်ပေါ်သွားရသည်။
မယ့်ရင်ထဲတွင် တဒိတ်ဒိတ်နှင့် ဒါကားတိုက်ခံရမည်
ဆိုးသောကြောင့်ဖြစ်မှာပါ...။

"ကားကိုဘယ်လိုမောင်းနေကြလဲမသိဘူး...
ကားကတော့ အကောင်းစားမောင်းနေပြီး
လူ့စိတ်ကျတော့ ဟိုးအောက်ဆုံးမှာလူမဆန်လိုက်တာ"

"မယ်ဘားမှမဖြစ်ပါဘူး ကားဆီရဖို့သာအရေး
ကြီးတာ နမို့ဆိုရင်ညဉ့်နက်သွားနိုင်တယ်"

"ကျွန်တော်ကြိုးစားပြီး တားကြည့်ပါဦးမယ်
အရမ်းကြီးမစိုးရိမ်ပါနဲ့"

"ဟော ဟိုမှာကားတစ်စီး..."

အချိန်အတော်ကြာမှ တားလို့ရသောကားဆီမှ
ဆီချေးကာ မယ့် hotel သို့မောင်းနှင်လာခဲ့သည်။

°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°

အပိုင်း(၁၁) ဆက်ရန် >>>

#Ruby Linn


rate now: