💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖
--------------
" ဟူး... "
ဆိုသည့်အသံနှင့်အတူ ပြတင်းပေါက်တံခါးကိုလှမ်းဖွင့်လိုက်ချိန် မျက်နှာကိုရိုက်ခတ်လာသောလေနုအေးကြောင့် တစ်နေကုန်ပင်ပန်းထားသမျှတခဏနှင့် ပြေပျောက်သွားရသည်။ ဝိုင်းစက်နေသောလမင်းကြီးက လောကတစ်ခွင်လုံးကို သူ့အလင်းဖြင့် ဖြာကျလျက် အေး
ချမ်းမှုပေးနေသယောင် တဖြည်းဖြည်းတိုး၍တိုက်ခတ်လာသော လေနုအေးများကြောင့်ရင်ထဲပါအေးသွားရသည်။
တိတ်ဆိတ်သောပတ်ဝန်းကျင်ကို နှစ်သက်ပေမယ့် ညနက်လာပြီမို့ ပြတင်းပေါက်တံခါးကိုပိတ်ကာ ချက်ထိုး၍
စာပွဲရှိရာသို့လျှောက်လာခဲ့သည်။စာပွဲပေါ်တွင်နှင်းဆီ
ပန်းအိုးနှင့်အတူ ဖတ်လက်စ စာအုပ်များဖြစ်သည့်
ဆရာမ မစန္ဒာ၊ဦးဘုန်း(ဓာတု)တို့သည်စားပွဲပေါ်တွင် စီစီရီရီနေရာယူလျက် တစ်ခုတည်းသောကွဲထွက်နေသည့် ဒိုင်ယာရီစာအုပ်ကိုလှန်ကာ ဒီနေ့ဒိတ်ဖြစ်သည့်
1.9.2020 ဒိတ်ကိုတပ်လိုက်၍ "ဒီနေ့
Love Coffee ဆိုင်မှာသီရိကိုတွေ့ခဲ့တယ် အရင်ကဝဝ
ဖြိုးဖြိုးနဲ့ တစ်မျိုးချစ်စရာကောင်းသောသီရိက ချောင်ကျ
သွားလိုက်တာ မနည်းပင်ရုပ်ဖမ်းယူရသည်။လိပ်ပြာလည်း အလုပ်လုပ်နေသည်မို့ စကားကောင်းကောင်းမပြောနိုင်ပေမဲ့ ကြားခဲ့ရသည့် မင်္ဂလာသတင်းကို မေးလိုက်သေးသည်။သူလည်းအချိန်သိပ်မရတာနဲ့ phone
လဲရင်းနှုတ်ဆက်ခဲ့သည်"
တစ်နေ့တာ ဖြတ်သန်းခဲ့သမျှ ချရေးလိုက်ပြီး အချိန်လည်းလင့်နေပြီမို့ မီးအလင်းရောင်လျော့ကာ
ခုတင်ပေါ်သို့တက်၍ အိပ်ရန်ပြင်လိုက်သည်။
လိပ်ပြာကမီးအမှောင်ကိုမကြောက်ပေမဲ့ အလင်းရောင်
မရှိတော့ရင်တော့ အသက်ရှူကြပ်သောကြောင့် လက်နှိပ်ဓာတ်မီး အနားဆောင်ထားရသည်။
°°°°°°°°°
မရဏ(death) စံအိမ်🕍
မနက် 3:00 A.M
လူခြေတိတ်ချိန် အများသူငှာအိပ်ချိန်ဖြစ်ပေမဲ့ မရဏ (death)စံအိမ်မှာတော့ အ်ိမ်အကူခေါင်းဆောင်ဖြစ်သည့်
ကြီးမြအပါအဝင် ကျန်အလုပ်သမားများ ယောက်ယက်ခတ်ကာ လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။ နှစ်ထပ်တိုက်စံအိမ်ဖြစ်သည့်အပေါ်ထပ်တွင်အခန်း ၁၀ ခန်းပါဝင်ပြီး လှေကားဘေးတစ်ဖက်ရှိ ထိပ်ဆုံးအခန်းသည်
မရဏ(death)အခန်းပင်ဖြစ်သည်။ အောက်ထပ်တွင်
အခန်း ၈ ခန်းဖြင့် အိမ်အကူအလုပ်သမားများနဲ့ ဘယ်လက်ရုံး၊ညာလက်ရုံးများ နေကြ၏။ ကြီးမြအပါအဝင်
ကိုယ်ရံတော်နှစ်ယောက်သာအသက်ရှိပြီး ကျန်သူများကိုအသက်ရှိတယ်လို့ပင်မထင်၊ ထိုအချိန် ဆင်ဝင်အောက်သို့ အနက်ရောင်ကားသုံးစီးထိုးရပ်သွားချိန် အိမ်အကူအလုပ်သမားများ ပြေးထွက်ကာ ခေါင်းငုံ့လျက် ဆီးကြိုနေကြရသည်။
ပထမဆုံးကားပေါ်မှ ရှူးဖိနပ်အနက်ရောင်ဖြင့်ဆင်းလာသူ ရှည်လျားသောအရပ် တောင့်တင်းသောခန္ဓာကိုယ် ဖြောင့်ဆင်းသောနှာတံနှင့် နီမြန်းပြီးအနည်းငယ်ထူသောအောက်နှုတ်ခမ်းတို့က တင်းတင်းစေ့လျက် V ရှိုတ်သဏ္ဍာန်မျက်နှာက တင်းမာနေ၍ တစ်ကိုယ်လုံးနက်စွေးသောအနောက်တိုင်းဝတ်စုံဖြင့် တည်ကြည်ခန့်ညားသူ မရဏ(death) ပင်ဖြစ်သည်။ အလုပ်သမားတွေကိုတစ်ချက်တောင်မကြည့်ဘဲ နှစ်ဖက်ပွင့်လှေကားပေါ်သို့ မာန်ပါပါနင်းတက်သွားလေတော့သည်။
အနောက်မှ ကိုယ်ရံတော်နှစ်ယောက်ကလည်း ထက်ကြပ်မကွာလိုက်လာကြ၏။ ထိပ်ဆုံးအခန်းထဲသို့ သူလှမ်းဝင်သွားကာ
ခုတင်ဘေး ကျွန်းကုလားထိုင်ပေါ်တွင် ဘယ်ခြေပေါ်
ညာခြေချိတ်ကာ မျက်ခုံးနှစ်ဖက်ကိုတွန့်ကြုတ်ထားလျက် တစ်ခုခုကိုအလိုမကျဟန် သူနှင့်အတူပါလာသော ညာလက်ရုံးအဂ္ဂနှင့်ဘယ်လက်ရုံးဗညားတို့သည် သခင့်
အမိန့်ကိုခေါင်းငုံ့နာခံလျက်ရှိနေစဥ်...
" ဗညား...မင်းအပြစ်မင်းသိတယ်နော်"
တစ်ခွန်းတည်းသာဆိုပြီး ဗညားကိုတစ်ချက်လှမ်းကြည့်လိုက်တော့...
" ဟုက်ကဲ့...ကျွန်တော်အပြစ်ခံယူဖို့အသင့်ပါပဲ "
ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း သခင်ပေးလာမည့်အမိန့်ကို ခံယူရန်အသင်စောင့်နေလိုက်သည်။
" ကောင်းပြီ နယ်စပ်မှာတစ်လသွားနေလိုက် "
အမိန့်ဆန်ဆန်ပေးလာသည့်စကားကို ငြင်းဆန်မှုတစ်ခုတောင်မပြုဘဲ ဆတ်ခနဲ ခေါင်းမော့လျက်...
" ဟုက်ကဲ့ ကျွန်တော်အခုပဲသွားဖို့ပြင်လိုက်ပါ့မယ်"
ပြောပြီးသည်နှင့် သခင်လေးအား ဦးညွှတ်ကာအခန်းထဲမှ ဗညားထွက်လာခဲ့သည်။
အခန်းထဲတွင်တစ်ယောက်တည်းကျန်ခဲ့သောအဂ္ဂက နှုတ်ဆိတ်လျက်ပင်...
"မင်းလည်း ထွက်သွား"
အဂ္ဂအား သတိုးပြောရင်း သူ့အကျီကြယ်သီးနှစ်လုံးကို ဆွဲဖြုတ်လိုက်၏။ အဂ္ဂလည်းခေါင်းညိတ် အရိုအသေပေးကာ ခြေလှမ်းကျဲဖြင့် ထွက်သွားပြီး တံခါးကို အပြင်မှ ပိတ်ပေးထားခဲ့သည်။
" ဗညား... "
အနောက်မှခေါ်သံကြောင့် လှည့်ကြည့်လိုက်စဉ်...
" အဂ္ဂ!! မင်းဘယ်လိုလုပ် "
" သြော် ကိုယ့်သူငယ်ချင်းတစ်ယောက်လုံး သွားတော့မှာ မနှုတ်ဆက်ဘဲနေလို့ရမလားကွ "
" ငါတစ်သက်လုံး သွားတာမှမဟုက်တာ "
" မင်းအန္တရာယ်တစ်ခုခုကြုံရင် ငါ့ကိုပြော သခင်လေးကလည်း ဒီအတိုင်းလွတ်ထားမှာမဟုက်ပါဘူး... အကြောင်းတစ်ခုခုရှိလို့နေမှာ "
" ငါလည်းသိပါတယ် ကိစ္စတစ်ခုခုတော့ရှိမယ်ဆိုတာ "
" မင်းအရိုးနဲ့သရေ ကျန်ရင်ငါ့ပြော "
" ဘာလုပ်ဖို့လဲ "
" မင်းအရိုးနဲ့သရေ ကျန်မှတော့ ပန်းခွေနဲ့စောင့်နေမှာပေါ့ကွ အဟား... "
" ခွေးကောင် အကောင်းမှတ်လို့ လာနောက်နေတယ် "
" မင်းပျော်သွားအောင်ပါ "
" ဒါဆို ငါကစိတ်ညစ်နေတာပေါ့ ဟုတ်လား "
" မင်းကလည်းကွာ...မစရတော့ဘူလား"
" မင်းတော့လား အေးပါ တွေ့မယ် "
" ကြောက်ပါတယ် ကြောက်ပါတယ် "
" ဟား.....ဟား ..... ဟား "
ငယ်သူငယ်ချင်းနှစ်ယောက်သည် ထိုသို့ပင် အားလပ်ချိန်များကိုစနောက်ရင်းအချန်ကုန်လေ့ရှိသည်။
တစ်ညလုံးပင်ပန်းထားသည်မို့ ရေချိုးခန်းထဲသို့ဝင်ကာ ရေဗန်းခလုတ်ကိုဖွင့်လိုက်သည်။ အမှန်တစ်ကယ် ဗညားကအမှားလုပ်ထားပေမဲ့ သူညံ့လို့ခံရခြင်းမဟုတ် ရဲတွေအမှတ်တမဲ့ဝင်စီးခြင်းကြောင့်သာ နယ်စပ်တွင် ဂိုဏ်းပေါင်းစုံနှင့်ဓားပြများဆူပူသောင်းကျန်းနေရာ စားခွက်လုနေသည့်အတွက် ထွေထွေထူးထူး မပြောတော့ဘဲပို့လိုက်ခြင်းသာဖြစ်သည်။ ဒါကို ဖြတ်ထိုးညဏ်ကောင်းသော ဗညားသိမည်ထင်၏။
အဂ္ဂနှင့်ဗညားသည် သူဒီလုပ်ငန်းမလုပ်မီ ၁၆ နှစ်တည်းကပင် အရိပ်လို နောက်ကအမြဲရှိနေမြဲဖြစ်သည်။ ညီအကိုလို သူငယ်ချင်းလို သံယောဇဉ်ရှိသော်လည်း
အလုပ်နှင့်ပတ်သက်လာရင် မည့်သူ့ကိုမှ ခွင့်လွှတ်ပေးရိုးမရှိ ပြန်ပြင်ရိုးထုံးစံမရှိပေ။ ၁၆ နှစ်သားကတည်းကပင်
ဖခင်၏ဟန်ပြလုပ်ငန်းဖြစ်သည့် "Diamond Companie" ကိုဆက်ခံပြီး နောက်ကွယ်ကလုပ်ငန်းဖြစ်သော MYN မရဏ အတိုကောက်စာလုံးဖြစ်သည့် KTV Bar Nightclub လက်နက်ရောင်းဝယ်ရေး လူကုန်ကူးမှုတွေက်ို အကျယ်တဝင့်လုပ်ကိုင်လျက်ရှိသည်။
အတွေးများဖြတ်ကာ ဘေးဘောင်တွင်တင်ထားသော တဘက်ရှည်အားခါးတွင်စည်းနှောင်ကာ သူထွက်လာခဲ့၏။ တစ်ဖက်တစ်ချက်တွင် ကပ်နေသောဗီရိုကြီးအား ဘေးရှိခလုတ်ကိုနှိပ်၍ ပေါ့ပါးသည့် ချည်သား
အကျီနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်လိုက်သည်။ တစ်ညလုံးမအိပ်ရသေးသည်မို့ ကြိုးစားကာအိပ်ရန် ခုတင်ပေါ်သို့လှမ်းတတ်လိုက်၏။
ညစဉ်ညတိုင်း အိမ်မက်တစ်ခုတည်းကိုသာမက်၍ နိုးလာရင်လည်းပြန်အိပ်၍ မရတော့သည်မှာ ၁၀ နှစ်နီးပါးရှိရော့မည်။ နည်းလမ်းမျိုးစုံဖြင့် ကြိုးစာသော်လည်းဆေးပင်မတိုးတော့သလို ကျိန်စာတစ်ခုလိုပင် ဒီကျိန်စာကို မည်သူကများပြေပျောက်အောင်လုပ်ပေးနိုင်မည်နည်း..?
°°°°°°°°°°°°°°°°°
နံနက်မိုးသောက်ယံ လေနုအေးများမျက်နာပေါ်သို့ဖြတ်တိုတ်ခတ်ချိန် ကြက်ဖတွန်သံကို ကျယ်လောင်စွာ ကြားရ၏။ နာရီကြည့်စရာပင်မလို အချိန်န်မှန်သောကြက်ဖတွန်သံကြောင့်မနက် ၆ နာရီဆိုတာ သူမအလိုလိုသိလိုက်ရသည်။
လိပ်ပြာတို့ နှစ်ထပ်တိုက်အိမ်ကလေးသည် ဖေဖေ မေမေ တီလေးနဲ့ကြီးခင်တို့ငါးယောက်အဖို့ ကျယ်ဝန်းလှပါသည်။ အပေါ်ထပ်တွင် အဖေတို့အခန်းနှင့် တစ်ခန်းကျော်
တွင် လိပ်ပြာအခန်းဖြစ်သည်။
အောက်ထက်တွင် တီလေးနှင့်ကြီးခင်တို့နေကြ၏။
လိပ်ပြာ၏ မကျဉ်းမကျယ်အခန်းလေးကလိပ်ပြာအဖို့
နိဗ္ဗာန်ဘုံနှင့်မခြားပေ။
" အူး... တစ်နေ့လောက်အိပ်ရေးဝဝအိပ်ချင်လိုက်တာနော် "
အော်ဟစ်ညည်းညူရင်း ရေချိုးခန်းထဲသို့ ယိုင်နဲ့သောခြေလှမ်းများဖြင့် သူမလှမ်းဝင်သွားလိုက်သည်။
ရေဗန်းခလုတ်ကိုဖွင့်လိုက်သည်နှင့် မျက်နှာ ပေါ် ကျလာသောရေစက်ရေပေါက်များနဲ့အတူ တစ်နေ့တာအလုပ်များက ခေါင်းထဲသို့ဝင်ရောက်လာတော့သည်။
မနက်၈ နာရီအရောက် သွားရမယ်၊ နေ့လည်၁ နာရီမှာ
Juction city မှာ duty ဝင်ရမယ်၊ ညနေ ၄ နာရီမှာ ကြီး
ခင်တို့ fashion ဆိုင်မှာဝင်ကူရမယ်...။
"ဟူး... "
သက်ပြင်းသဲ့သဲ့ချလိုက်၏။
"အိန်ဂျယ်...... နိုးပြီလား?"
မေမေ ခေါ်သံကြောင့် အတွေးရပ်ကာ ရေဗန်းခလုတ်ကိုပိတ်ရင်း...
" နိုးနေပါပြီမေမရဲ့ ရေတောင်ချိုးပြီးသွားပြီ "
" အစောကြီးနိုးနေတယ်ပေါ့ မြန်မြန်အဝတ်စားလဲပြီးဆင်းလာခဲ့၊ သမီးကြိုက်တဲ့ ရှမ်းခေါက်ဆွဲလုပ်ထားတယ် "
" ဟုက်ကဲ့ ဆင်းလာခဲ့ပါ့မယ် "
မေမေအား လှမ်းပြောကာ တဘက်ကိုရင်ဘက်တွင်စည်းနှောင်၍ vaseline lotion ကိုလိမ်းလိုက်သည်။
လိပ်ပြာကအသားခြောက်သူမို့ vaseline ကလိပ်ပြာအသဲစွဲပင်။ အောက်ခံမိတ်ကပ်ပါးပါးလေးလိမ်းကာ လိပ်ပြာရဲ့အသည်းပုံနှုတ်ခမ်းကို ပန်းရောင်ဖျော့ဖျော့တင်ပြီး အလှပြင်ခြင်းကို အဆုံးသတ်လိုက်သည်။
သူများတွေလို မျက်ခုံးမွှေး မျက်တောင်မွှေးကို အထူးပြင်ဆင်ခြယ်သစရာမလို၊ နက်မှောင်၍ ထူပိန်းသောမျက်ခုံး
ကော့ညွှတ်ရှည်လျားသော မျက်တောင်ကို ပိုင်ဆိုင်ထားသည်မှာ ဘုရားပေးတဲ့ဆုလာဘ်လို့ပြောရမည်။
မှန်တင်ခုံ၏ မျက်စောင်းထိုးတွင်ရှိသော ဗီရိုဘက်သို့လျှောက်သွားကာ ဂျင်းပဲန်ပြာနဲ့တီရှပ်ဖြူ ကိုဝတ်ဆင်ကာ
နောက်ဆုံးခါးထိရှည်သည့် ပိတုန်းရောင်ဆံကေသာကို
ခပ်မြင့်မြင့်စည်းနှောင်လိုက်၏။
ဗီရိုဘေး ကိုယ်လုံးပေါ်မှန်ရှေ့တွင် ရပ်ကာတစ်ပတ်လည်အောင်ကြည့်လိုက်၍ ကျေနပ်သောအပြုံးကို ဆင်မြန်းလျက် လိပ်ပြာလိုခန္ဓာကိုယ်အချိုးအစားလှပသူအတွက် ဘာဝတ်ဝတ်လှနေတော့သည်။
မှန်တင်ခုံပေါ်တွင် တင်ထားသောဘေးလွယ်အိတ်ထဲသို့ ဖုန်းနှင့်အခြားသောပစ္စည်းများထည့်ကာ အောက်ဆင်းမည်အလုပ်...
📲"You just want attention,You do'nt want my heart,Maybe you just the through of me with someone new" 📲
ဖုန်း ringtone သံကြား၍ ...
" ဟာ ဒီဖုန်းကလည်း...နောက်ကျနေပြီလားမသိဘူး "
ဖုန်းကိုကြည့်နေစရာပင်မလိုဘဲ သူမသိလိုက်သည်။ ဒီအချိန်ဖုန်းဆက်တာ လိပ်ပြာငယ်သူငယ်ချင်းအယ်လ်စိုင်းဇော်ပင် ဖြစ်လိမ့်မည်။
" ဘစိုင်းပြော "
" ငါဒီမှာနောက်ကျနေပြီ ..."
" အင်းနေ့လည်တွေ့မယ် ..."
ဘစိုင်းအားဘုဆတ်ဆတ်ပြောရင်း ဖုန်းချကာ ပန်းလိပ်ပြာ အောက်ထပ်သို့ဆင်းလာခဲ့သည်။
°°°°°°°°
လူပုံရိပ်တွေ ဖန်ခွက်ကွဲစတွေ အော်သံတွေ ငိုသံတွေ
ရောယှက်ရင်း သတိုးတေဇ ကြောက်အားလန့်အားဖြင့် နိုးထလာခဲ့သည်။ မျက်နာကိုလက်ဖြင့်စမ်းမိတော့ မျက်တောင်ဖျားတွင် မျက်ရည်စများစိုစွတ်၍နေလေသည်။ ခုတင်ပေါ်မှဆင်းကာ ခုံပေါ်တင်ထားသည့်နာရီကိုကြည့်လိုက်တော့ နေ့လည်၁၁ နာရီပင်ဖြစ်ပြီမို့ ရေချိုးခန်းထဲသို့ဝင်ကာ ရေချိုးသန့်စင်ပြီး တဘက်ဖြင့်ခေါင်းကိုသုတ်ကာ ထွက်လာခဲ့သည်။
ဗီရိုထဲသို့ တချက်ကြည့်လိုက်ရာ အဖြူနှင့်အနက်များသာ
ရှိသည့်ထဲမှ အနက်ရောင်ဘောင်းဘီနှင့်အကျီဖြူ ကိုဝတ်ဆင်လိုက်ပြီး အကျီဖြူကိုတတောင်ဆစ်နားထိခေါက်တင်လိုက်သည်။ မှန်ရှေ့ရပ်ကာဆံပင်ကို တချက်သပ်တင်ရင်း သူအောက်ထပ်သို့ ဆင်းလာခဲ့၏။
အောက်ထပ်တွင်စောင့်နေသော အဂ္ဂက အပေါ်ထပ်မှ ဆင်းလာသောသခင်လေးကိုတွေ့သည်နှင့်...
" Good morning အဲ Good evening ပါသခင်လေး "
အမြဲရှင်းသန့်နေတဲ့ သခင်လေးကတော့ အပြုံးအရယ်မဲ့လျက်ပင်။
အဂ္ဂအား သူတစ်ချက်ငဲ့ကြည့်ကာ ကားရှိရာဆီသို့ထွက်လာခဲ့သည်။
ကားနောက်ခန်းတွင်ထိုင်ကာ မောင်းသူနေရာတွင်ရှိသောအဂ္ဂအားမကြည့်ဘဲ
" အသစ်ဆောက်နေတဲ့ ဟိုတယ်ဘယ်လိုအခြေအနေရှိလဲ"
ဟု သူ ပြောလိုက်ရာ
" ဒီလအပြီးဆောက်ဖို့မှာထားပါတယ် သခင်လေး "
" ကုမ္ပဏီကိုမောင်း "
အဂ္ဂအားပြောပြီးသည်နှင့် ထိုင်ခုံနောက်ကျောကိုမှီကာ
မှိန်းနေလိုက်သည်။
သခင်လေးက ကုမ္ပဏီကိုအရေးကြီးကိစ္စမရှိလျှင် မသွားတတ်သူဖြစ်သည်။ Meeting ဒါမှမဟုက် အရေးကြီး
အစည်းဝေးရှိမှသာသွား၏။
သခင်လေးကြည့်ရတာ ညတိုင်းအိပ်မက်တွေမက်နေတယ်တူတယ်။ ဒါပေမဲ့ဘယ်လောက်အိပ်ရေးပျက်ပျက်
နွမ်းဖက်နေတာတို့ မျက်ကွင်းညိုခြင်းတို့မရှိ ၊ အကောင်း
ဘက်ကကြည့်လျှင်ဘုရားပေးတဲ့ဆုဟုပြောရမလိုပင်...။
°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°♥♥•°
အပိုင်း(၂) ဆက်ရန် >>>
#Ruby Linn