“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”
“တီ တီ....”
“ဘယ်သူပါလိမ့် အဲ့ဈေးဝယ်တွေကလဲ သူများဆိုင်သိမ်းရင် လာပြီ ကျစ်....”
“အဘွးကြီးတို့ကတော့ ပွစိပွစိ ပြောရတာ အတော်ဝါသနာပါတယ် ထင်တယ်”
“ဟင်.... ရတု မင်းဘာလာလုပ်တာလဲ”
“ဆိုင်သိမ်းပြီမို့ အစ်မကို လာကြိုတာလေး”
“အေးအေး.... ဆိုင်သိမ်းချိန်ကြရင်တော့ လာကြိုတယ် ဆိုင်သွားမယ်ဆိုတော့ လိုက်မပို့ဘူး ငါမင်းမိဘတွေကို သွားတိုင်ပြောလိုက်မှာနော်”
“ဟာ.... အစ်မကလဲ အဲ့လိုမလုပ်ပါနဲ့ဗျာ.... ဒီနေ့ ကျွန်တော် ဗိုက်အရမ်းဆာနေလို့ပါ နောက်ဆို အဲ့လိုမလုပ်တော့ဘူနော် အဖေနဲ့အမေကိုတော့ သွားမတိုင်ပြောပါနဲ့နော်”
“အေးပါ.... နောက်ဆိုလဲ နင်အဲ့လိုဘဲ ငါနဲ့စကားပြောတိုင်း အသံက ချိုနေပါစေနော်”
“ဟုတ်ပါပြီ လာ လာ အခုဘာဝိုင်းကူသိမ်းပေးရအုံးမလဲ ကျွန်တော်ကူသိမ်းပေးမယ်လေ”
“တော်ပါပြီ ဆိုင်က တံခါးပိတ်ရုံဘဲ ကျန်တော့တာ”
“အော်.... ”
ခဏနေတော့ သူတို့ဆိုင်သိမ်းပြီ မြူရိပ်မိဘများအား နှုတ်ဆက်ကာ ထွက်လာခဲ့ကြသည်။
ကားမောင်းရင်း တစ်ဖက်ဘေးမှ လက်တွေတစ်ချိုးချိုးနှင့် ပါးစပ်ကလဲ တစ်တိုးတိုးနှင့် ရွှတ်နေသည့် အဘွားကြီးအားညကျွန်တော် တစ်ချက်လှည့်ကြည့်လိုက်သည်။
“ဘာတွေရွှတ်နေတာလဲ ဘုရားစာလား”
“မဟုတ်ပါဘူး အိမ်ရဲ့အသုံးစရိတ်တွေကို တွက်နေတာ”
“အော်...”
“ဒါနဲ့ ရတု နင်ဒီနှစ်တော့ ဘွဲ့ရအောင်လုပ်ပါနော်”
“အင်းပါ စိတ်ချ ဒီတစ်နှစ်တော့ ကျွန်တော်ဘွဲ့ယူကိုယူမှာ”
“အေးပါ.... အပြောနဲ့အလုပ်ညီပါစေ မဟုတ်လို့ကတော့ ညစာပါ ဆန်ပြုတ်ဖြစ်သွားမယ်”
“ဟာ.... အဲ့လိုတော့မလုပ်ပါနဲ့ ဒီတစ်နှစ် တစ်ကယ် ဘွဲ့ရအောင် လုပ်မှာပါ ဒါကြောင့် နောက်နေ့ကစပြီး ဟင်းကောင်းကောင်းချက်ကျွေးပါနော် နော်လို့”
“အင်း...”
“ပါးစပ်ကသေချာပြောလေဗျာ”
“အင်းလို့ ပြောနေပြီဘဲ”
“အင်းဆိုတာက မသေချာဘူးလေ အဲ့ဒါကြောင့် ချက်ကျွေးပါ့မယ် ရတုလေးကြိုက်တာတွေဘဲ အစ်မက ချက်ကျွေးပါ့မယ်ဆိုပြီး ပြောလေ”
“သေလိုက်လေ ပြောမနေဘူး”
“ဒါဆို မနက်ကလို ရတုလေးလို့ ခေါ်ကြည့်”
“ဘာတွေလာခေါ်ခိုင်းနေတာလဲ မခေါ်ပါဘူး”
“မနက်ကတောင် ခေါ်သေးတယ် ဘာလို့အခုမှ မခေါ်တော့တာလဲ”
“မနက်ကအမြင်ကတ်လို့ဟေ့ အမြင်ကတ်လို့”
“ဒါဆို အခုအမြင်မကက်လို့ မခေါ်ဘူးပေါ့”
“နင်ဘယ်လိုဖြစ်နေတာလဲ ရတု ငါစိတ်တိုလာပြီနော်”
“စတာပါ အစ်မကလဲ ဒါလေးကို စိတ်တိုနေလိုက်တာများ ကြည့်ရဆိုးလိုက်တာ”
“ဘာ.... ရတုနင်နော် ကားမောင်းနေလို့ ငါအလျော့ပေးထားတာနော် ငါ့ကိုစိတ်တိုအောင် လာလာမလုပ်နဲ့”
“မလုပ်တော့ပါဘူးဗျ ဟုတ်ပြီလား”
“ပြီးတာဘဲ ဘာမှန်းလဲမသိဘူး”
“အဟွန်း....”
ဒီလိုနဲ့ဘဲ သူတို့ အိမ်ပြန်ရောက်လာခဲ့ကြသည်။
“ရော့ ဒီအိတ်အခန်းထဲ သွားထားပေး ငါဟင်းချက်ထားမယ်”
“ပေးပေး”
“ပြီးရင် ချက်ချင်းဆင်းလာခဲ့နော်”
“ဘာလုပ်မလို့လဲ”
“ဘာလုပ်ရမှာလဲ ခြံထဲက ပန်းပင်တွေ ရေလောင်းရမှာပေါ့ ငါကဟင်းကောင်းကောင်း ချက်ထားမယ် နင်ကပန်းပင်တွေရေလောင်း”
“ဟာ.... မလုပ်ချင်ပါဘူး အိမ်မှာဆို ဘာမှမလုပ်ရတဲ့ဟာကို”
“အိမ်ကအိမ်ဘဲ ဘာမှလာမပြောနဲ့ သွားသွား အိတ်အမြန်ထားပြီး ဆင်းလာခဲ့ မဟုတ်ရင် ငါ့အကြောင်းသိတယ်နော်”
“သိတယ် သိတယ်”
ခြေဆောင့်ကာ အပေါ်သို့ တက်သွားတဲ့ ရတုအား မြူရိပ်တစ်ယောက် ပြုံးလျက်ကြည့်နေလေသည်။
“မင်းရဲ့ အကျင့်တွေကို ငါကောင်းကောင်း ပြင်ပေးရမယ် ရတုရေ”
သူမ ထမင်းအိုစတည်တော့ ရတုအပေါ်ထပ်မှ ဆင်းလာကာ ခြံထဲသို့ မျက်နှာကြီးမှုံကုပ်လျက်ဖြင့် ဆင်းသွားကာ ပွစိပွစိနှင့် ပြောနေသည့် ရတုအား မြူရိပ် ပြတင်းပေါက်မှ တိတ်တိတ်လေး ခိုးကြည့်နေလေသည်။
“အဘွားကြီးနဲ့ယူပြီးမှ မလုပ်ဖူးတဲ့အလုပ်တွေလဲ လုပ်နေရပြီ ကျစ်....”
“ဟိတ် ဘာတွေ ပွစိပွစိပြောနေတာလဲ ”
“ဟူး.... ဘာမှမပြောဘူး ကျစ်....”
“အဟွန်း....”
“အော်.... မေ့နေတာ ဖုန်းဆက်ပြီးလှမ်းမေးရအုံးမယ်”
သူမ ရတုအကြိုက်ဟင်းတွေ မသိသဖြင့် သူ့အမေအား ဖုန်းဆက်ကာ လှမ်းမေးလိုက်သည်။
“ဟယ်လို ”
“ဟယ်လို သမီးလား”
“ဟုတ်တယ် အန်တီ ဟို.... ရတု ဘာဟင်းတွေကြိုက်တက်လဲ သိချင်လို့ပါ”
“အော်.... ဒါလား သူက အစပ်ဟင်းတွေဆို မကြိုက်ဘူး သမီးရဲ့ ဟို ကြက်သားဆီပြန်နဲ့ ဟင်းချိုနဲ့ဆို သူကသိပ်ကြိုက်တာ ငါးဆိုလဲ အရိုးနွှံရမှာ ပျင်းလို့တဲ့ မစားဘူး တစ်ခြားအသားတွေလဲ သူကသိပ်မစားဘူး ကြက်သားတစ်မျိုးတည်း စားတာ အရံဟင်းကတော့ ဘာမဆိုစားပါတယ်”
“အော်.... ဟုတ် ကျေးဇူးပါ အန်တီ”
“အဆင်ပြေကြလား သမီးတို့နှစ်ယောက်”
“ဟုတ် ပြေပါတယ်”
“အင်းပါ အန်တီလဲ ပြေတာဘဲ ကြားချင်ပါတယ် ဒါနဲ့ သားကို ခိုင်းစရာရှိတာအကုန်ခိုင်းနော် သူကမလုပ်ချင်လို့သာ အကုန်လုံး လုပ်တက်ပြီးသား ဟင်းလဲချက်တက်တယ်နော်သမီး”
“ဟင်.... ဟုတ်လား”
“ဟုတ်တယ် သမီးရဲ့ သမီးမအရင် သူ့ကို ဟင်းတွေဘာတွေ ချက်ခိုင်းလို့ရတယ် သိလား”
“ဟုတ် ဟုတ် ကျေးဇူးပါ အန်တီ ဒါဆို သမီးဖုန်းချပြီနော်”
“ကောင်းပါပြီ”
ဖုန်းချပြီးသည်နှင့် မြူရိပ် ရတုအမေပြောသော ဟင်းများနှင့် သူကြိုက်တက်မည့်ဟင်းများအား ချက်နေတော့သည်။
ခဏကြာတော့ သူလဲ ပန်းပင်ရေလောင်းပြီး ကျွန်မလဲ ညစာအဆင်သင့်ပြင်ပြီးပြီ ဖြစ်၍ သူ့အား ညစာစားဖို့ ခေါ်လိုက်သည်။
“ရတု ညစာစားလို့ရပြီ”
“လာပြီ”
“မျက်နှာကြီးက အဲ့လိုဆူပုတ်မနေစမ်းပါနဲ့ ”
“ဆူပုတ်မှာဘဲ အစ်မဘဲ မလုပ်တက်တဲ့ အလုပ်တွေလာခိုင်းတာကို ကြည့်လိုက်အုံး တစ်ကိုယ်လုံး ရေတွေစိုရွှဲနေတာ သိလား”
“အဲ့ဒါဆို ရေအရင်သွားချိုးလိုက်လေ”
“မချိုးတော့ဘူ ဗိုက်အရမ်းဆာနေပြီ ကဲပါ အဲ့အုပ်ဆောင်းလေးကို အမြန်ဖွင့်ပေးပါနော်”
“ဟုတ်ပါပြီ”
“ဝိုး... ကျွန်တော့အကြိုက်တွေချည်းဘဲ”
“ဒီနေ့ပန်းပင် ရေလောင်းလို့ ဆုချတာ နောက်နေ့လဲ ဒီလိုဘဲ စားချင်ရင် ရေနေ့တိုင်းလောင်း”
“အင်းပါ ခင်ဗျားဘဲ တော်ပါတယ်”
“ကဲပါ ရော့”
“အဟွန်း....”
“အစ်မ”
“ဘာလဲ”
“ဟို.... ကျွန်တော်ကလေ ငါးမကြိုက်ဘူး”
“ဘယ်သူကလဲ နင့်ကိုငါးစားခိုင်းနေလို့လဲ ငါးကငါကြိုက်လို့ ချက်ထားတာ နင့်အတွက်က ကြက်သားရှိတယ်လေ”
“သိပါတယ် ဒါပေမယ့် ကျွန်တော်က ငါးကို အရိုးနွှံပေးရင်တော့ စားတက်ပါတယ်”
“သေလိုက်လေ ငါ့ကိုတော့ လာနွှံခိုင်းမယ် မကြံနဲ့နော် မနွှံပေးဘူး”
“ဘယ်သူကလဲ နွှံခိုင်းနေလို့လဲ ဒီတိုင်းပြောကြည့်တာကို”
“အဟင်း.... နွှံခိုင်းလဲ မနွှံပေးပါဘူး”
“သိပါတယ်”
ရတုတစ်ယောက် သေချာလေးနှပ်ထားတဲ့ ငါးဟင်းလေးအား စားချင်တာနှင့် တစ်တုံးယူလိုက်သည်။ အရိုးနွှံရမှာ ပျင်းပေမယ့်လဲ စားချင်သဖြင့် မနွှံချင်ဘဲ နွှံလိုက်ရသည်။
“တော်တော်ရှုပ်တာဘဲ ဘာလို့ ဒီလိုအရိုးသေးသေးလေးတွေက ဒီငါးထဲမှာ လာရှိနေတာလဲ မသိဘူး ကျစ်....”
“ဒီမှာ သေချာကြည့်ထား ကိုယ့်ဟာကို နွှံပြီး စားတက်တယ်”
“စားလေ”
“စားမှာ”
ပြောရင်းဖြင့် သူကိုယ်တိုင်အရိုးနွှံထားတဲ့ ငါးအား ပန်းကန်ထဲ ထည့်ကာ မြူရိပ်ရှေ့၌ စားပြလိုက်သည်။
“ဘယ်လိုလဲ အရသာ”
ဘာမှပြန်မပြောဘဲ ရှုံ့မဲ့မဲ့ မျက်နှာကြီးနှင့် ကြည့်လာတဲ့ရတုကြောင့် ကျွန်မမှာ ကြောင်သွားရသည်။
“ဘာဖြစ်တာလဲ”
“အား အား..... ငါး ငါးအရိုးဆူးသွားပြီ”
“ဘာ.... ငါးအရိုးဆူးတယ် ဒီလောက်သေချာနွှံထားတာတောင် အရိုးကဆူးနိုင်သေးတယ်”
“လုပ် လုပ်ပေးအုံးလေ ”
“နေအုံး နေအုံး ငါထမင်းလုံး သွားယူလိုက်အုံးမယ်”
သူမ ထမင်းလုံးသွားယူတာကို မစောင့်နိုင်သဖြင့် ရတု အရှေ့၌ ချထားတဲ့ ရေအား မော့သောက်ပစ်လိုက်သည်။
“ဟာ.... ဒါလဲ မရသေးဘူး”
“ရော့ ရော့ ဒါကို မဝါးဘဲ ဒီတိုင်းမြိုချလိုက်”
“မဝါးဘဲ ဘယ်လိုမြိုချရမှာလဲ အစာမကျေဖြစ်မှာပေါ့”
“စကားက များနေသေးတယ် မြိုချဆို မြိုချလိုက်စမ်းပါ”
ပထမတစ်ခေါက် မြိုချလိုက်တော့ အရိုးကမကျသွားဘဲ လည်ပင်း၌သာ ဆူးနေသေးသည်။ နောက်တစ်ခါ ထမင်းလုံး ပြန်မြိုချလိုက်မှ ကျသွားတော့သည်။
“ကျသွားပြီလား”
“အင်း....”
“အဟွန်း.... ကလေးလဲမဟုတ်ဘဲ ငါးအရိုးလေးဆူးတာကို ငိုနေလိုက်တာ အခြောက်ကြနေတာဘဲ ဟားဟား....”
“ဘာ.... ခင်ဗျားနော် ကျွန်တော့ကို အဲ့လိုလာမပြောနဲ့ ကျွန်တော် မကြိုက်ဘူး”
“အင်းပါ မကြိုက်ရင် မပြောပါဘူး ပေးမင်းပန်းကန်”
“ဘာလုပ်မလို့လဲ”
“ငါးအရိုးနွှံပြီး ထည့်ပေးမလို့လေ”
“အဟွန်း....”
“ရီမနေနဲ့ စိတ်က တစ်စက္ကန့်ကို တစ်ခါပြောင်းနေတာနော်”
“သိပါတယ် ရော့ရော့ ကျေးဇူးဘဲ”
“ပါးစပ်က ကျေးဇူးဘဲလိူ့ ပြောတက်တာ တော်ပါသေးတယ်”
ထိုနေ့ညကတော့ ရတုတစ်ယောက် ထမင်းနှစ်ပန်းကန်လောက် စားပစ်ခဲ့သည်။
“ဗိုက်ကိုတင်းသွားတာဘဲ”
“အင်း.... သူများလုပ်ပေးထားတွေ အဝမြိုစို့ပြီးမှတော့ ဗိုက်မတင်းဘဲ နေမလား”
“အော်.... အစ်မကလဲ”
“နင့်ဟာနင် ကြည့်နေတော့ ငါသွားအိပ်တော့မယ်”
“နေပါအုံး အတူတူ....”
ရုတ်တရက်ထသွားတဲ့ မြူရိပ်အား ရတု ပြန်ထိုင်ဖို့ ဆွဲလိုက်စဉ် အရှိန်မထိန်းနိုင်ကာ ဆိုဖာပေါ်၌ ပတ်လတ်အိပ်နေတဲ့ ရတုပေါ်သို့ မြူရိပ် ခန္ဓာကိုယ်လေး ကျသွားတော့သည်။
“ဟင်....”
နှစ်ယောက်သား ခဏတာ အကြည့်ချင်းဆုံနေလိုက်ကြပြီး မြူရိပ်ဘက်မှ အရင်ဆုံး အကြည့်လွှဲပစ်လိုက်သည်။
“ဟို.... ငါ ငါအရင်အိပ်နှင့်ပြီ မင်းတံခါးပေါက်တွေ အကုန်ပိတ်ပြီးမှ အိပ်လိုက်”
“ဟုတ်”
ပြောပြီးသည်နှင့် မြူရိပ်တစ်ယောက် အပေါ်ထပ်သို့ အလျင်အမြန်ပင် တက်လာခဲ့သည် ။
“ဒါဘာခံစားချက်ကြီးပါလိမ့် ခင်ဗျား လူကိုရင်ခုန်အောင် လုပ်သွားတာဘဲ”
ရတု တစ်ယောက်ထဲ ပြုံးလျက် ဇာတ်ကား ပြန်ကြည့်နေလိုက်သည်။
“ဟူး.... ဒီခံစားချက်ကြီးက ဘယ်လိုကြီးပါလိမ့်”
စာတင်တာနောက်ကျသွားတဲ့ အတွက် တောင်းပန်ပါတယ်။
စာဖတ်သူလေးများအားလုံး ရောဂါဘေး လက်နက်ဘေးမှ ကင်းဝေးကြပါစေ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏