book

Index 8

အပိုင်း(၈)

“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”


“ကလင် ကလင်....”


“ဟာ..... မနက်အစောကြီးကို ဘယ်သူပါလိမ့်”


မြူရိပ် အိပ်ချင်မူးတူးဖြင့် ထလိုက်ပြီး အိပ်ရာဘေးနားက မြည်နေသော ဖုန်းလေးအား ကောက်ကိုင်လိုက်သည်။


“ဟယ်လို”


“ဟယ်လို.... မြူလား”


“ဟင်....”


တစ်ဖက်က အသံကြောင့် မြူရိပ်မှာ အိပ်ချင်စိတ်များပင် ပျောက်သွားကာ မျက်လုံးများ ဆက်ကနဲ ဖွင့်လာခဲ့သည်။


“အင်း.... ဟုတ်တယ် အခုပြောနေတာက”


ကို မဖြစ်ပါစေနဲ့။


“ကိုယ်ပါ ငြိမ်းသုတ”


“ဟင်....”


“ကို ကိုယ်တောင်းပန်ပါတယ် မြူရယ် ကိုယ့်အမေအစားလဲတောင်းပန်ပါတယ်”


“ရပါတယ် ကျွန်မဘာမှမဖြစ်ပါဘူး”


ကျွန်မဆိုတဲ့ နာမ်စားအား သုံးလိုက်သည်ကို ကိုငြိမ်းသုတက မကြိုက်ဘူးထင်ပါရဲ့။ ဘာမှပြန်မပြောဘဲ တိတ်သွားသည်။


“ဟယ်လို ဟယ်လို ကိုငြိမ်းသုတ”


“ဟမ်.... အင်း ပြောလေ မြူ”


“ဘာကိစ္စမှမရှိတော့ရင် ကျွန်မဖုန်းချတော့မယ်နော်”


“ခ ခဏနေပါအုံး မြူ”


“အင်း.... ပြောလေ”


“ဟို..... ကို ကိုယ်လေ မြူကို ချစ်တယ်”


“ဟင်.....”


ထိုစကားက ကျွန်မအကြားချင်ဆုံး စကားတစ်ခွန်းပါ။ 


“မြူ ကိုယ့်ကို စိတ်စိုးနေတာလားဟင် ဒါဆိုကိုယ် အနူးညွှတ်တောင်းပန်ပါတယ် မြူရယ် ကိုယ်မြူနဲ့မခွဲနိုင်ဘူး အခုလဲ ကိုယ် မြူ့ကို လက်ထပ်ဖို့ ပြန်လာခဲ့တာပါ”


“ရှင် သတင်းမကြားမိဘူးလား”


“ဘာကိုလဲ မြူ”


“ကျွန်မလက်ထပ်လိုက်ပြီဆိုတာလေ”


“ဟမ်....”


“ကျွန်မတောင်းပန်ပါတယ် ကျွန်မဖုန်းချပြီ”


တစ်ဖက်က ဘယ်လိုဖြစ်သွားမယ် မသိပါ။ ကျွန်မကတော့ ကုတင်ထက်၌ ခေါင်းလေးမောက်ကာ ငိုနေရသည်။


“မြူတောင်းပန်ပါတယ် ကိုရယ် မြူလဲကိုယ့်ကို ချစ်ပါတယ် ဒါပေမယါ့ ကံတရားက ကိုနဲ့မြူကို ပေါင်းစည်းခွင့်မှ မပေးခဲ့တာ ဟင့်.....”


“ဟင်.... ဘာအသံလဲဟ”


မနက်စာပြင်ပေးဖို့ ဒေါ်မြူရိပ်အား သွားအနိုး အခန်းထဲ၌ ငိုသံလိုလို ကြားလိုက်သဖြင့် စိတ်ပူသွားရသည်။


“ဒေါက် ဒေါက်....”


“ဟိတ် ဒေါ်မြူရိပ်ရှင်း တံခါးပေါက်ဖွင့်အုံး”

“မဖွင့်ပေးရင် ကျွန်တော့မှာ သော့အပိုတစ်ချောင်းရှိတယ်နော် အဲ့သော့နဲ့ ခင်ဗျားအခန်းထဲ ဝင်လာခဲ့မှာနော် ဟိတ် ခင်ဗျား ကြားလား”


ထိုအချိန်မှ မြူရိပ် မဖွင့်ချင်ဖွင့်ချင်ဖြင့် အိပ်ရာပေါ်မှ ထကာ တံခါးဖွင့်ပေးလိုက်တော့သည်။


“ဘာလဲ မနက်စောစောစီးစီး”


“နေပါအုံး နေပါအုံး ခင် ခင်ဗျား ငိုထားတာလား”


ဘာမှပြန်မပြောဘဲ မျက်လုံးတွေသာ ပွတ်နေတဲ့ သူမကို ကျွန်တော် ပြုံးပြီးကြီးနှင့် ကြည့်နေမိသည်။


“ဟား ဟား.... မနက်စောစောစီးစီး ငိုနေတာတဲ့ ကလေးလဲ မဟုတ်ဘဲ အဟွန်း....”


“နင် နင် ဘာဖြစ်ချင်နေတာလဲ ရတု ငါ့ရင်ထဲပန်းတွေပွင့်နေတာမဟုတ်ဘူးနော် စိတ်တိုနေတာ နင်သတိထားနေ”


“အဟွန်း.... ရင်ထဲမှာ ပန်းပွင့်လို့ ရတယ်ပေါ့ ဟုတ်လား ဘယ်လိုပွင့်တာလဲ ပြောပြပါအုံး”


လက်လေးကို နောက်ပစ်လိုက်ပြီး ခါးလေးကိုင်းကာ သူမအား မေးလိုက်သည်။


“နင်နော် ငါ့ကိုလာမရွှဲ့နဲ့”


“မရွှဲ့ပါဘူး အတည်မေးတာ”


“ကဲဟာ မေးချင်အုံး”


မြူရိပ် စိတ်တိုတိုနှင့် ရတုလက်မောင်းလေးအား အားပါပါနှင့် ရိုက်ပစ်လိုက်သည်။


“အား.... နာတယ်လေဗျာ”


“ဒါဆို ဘာလို့ငါ့ကို လာစလဲ”


“ဘာဖြစ်လဲ စတော့”


လျှာလေးထုတ်ပြီး ပြောင်ပြကာ လှေကားနားဆီသို့ ထွက်ပြေးသွားတဲ့ရတုကို မျက်စောင်းလေးထိုးပစ်လိုက်သည်။


“အဘွားကြီး မကျေနပ်ရင် လိုက်မိလေ”


“နင့်ကိုငါ အဘွားကြီးလို့ မခေါ်ဖို့ ပြောထားတယ်လေ”


“အဘွားကြီး”


“နင်... အေးပါ နင်မိလို့ကတော့ အသေဘဲ ရတု”


ပြောရင်းဖြင့်အလျင်အမြန်ပင် ရတုနောက် အပြေးလိုက်သွားလိုက်သည်။


“ရပ်နော် ရတု ငါပြောနေတယ်”


“မရပ်ပါဘူး မကျေနပ်ရင် ခင်ဗျား ကျွန်တော့ကို ရအောင် လိုက်မိပေါ့”


“နင်.... ကျစ်....”


ရတုနဲ့တွေ့မှ သူမလဲ မနက်စောစောစီးစီး ခြံထဲ ပတ်ပြေးနေရသည်။

ထိုအချိန် 


“တီ တီ....”


ခြံရှေ့မှ ကားဟွန်းတီးသံကြောင့် ရတု ခြံတံခါးစီ အပြေးသွားလိုက်သည်။


“ဟင်.... မှုံရတီ”


“ရတု မင်းဘယ်မှာလဲ ဘာလဲ ငါ့ကိုကြောက်လို့ အခုတော့ ပုန်းနေပြီပေါ့”


မြူရိပ် တစ်ယောက် ပြောရင်းဖြင့် ခြံတံခါးဝနားက ရတုအား တွေ့ကာ ပြေးရိုက်လိုက်သည်။


“အား.... ”


“ဟင်.... ဧည့်သည်ရောက်နေတာလား”


“နှောင့်ရှက်မိပြီထင်တယ် တောင်းပန်ပါတယ် အော်.... နောက်ပြီး congratulationsပါ ကိုနှိုင်းရတု”


မှုံ မျက်ရည်များဝဲလျက် ထိုနေရာလေးမှ ထွက်လာခဲ့လိုက်သည်။ 

“ကိုနှိုင်းက နောက်ဆုံးတော့ တစ်ကယ် မိန်းမယူသွားပြီဘဲ ဒါဆိုလဲ မှုံက နောက်ဆုတ်ပေးရတော့မှာပေါ့ အဟင့်.....”


ကားထဲ၌ တစ်ယောက်ထဲငိုကာ ပြောနေတဲ့ မှုံဟာ ရတုကို သူမ တက္ကသိုလ် စတက်ကတည်းက ကြိတ်ချစ်ခဲ့ရသည်။


“ဘာလဲ မျက်နှာကြီးက ချက်ချင်းကို ညိုးသွားတာ ကောင်မလေးကို သနားလို့လား”


“ဟူး..... လာ ခင်ဗျား စကားများမနေနဲ့ ကျွန်တော် ဗိုက်ဆာတယ် တစ်ခုခုလုပ်ပေး”


“ဘာလဲ မနေ့ကလိုမျိုး ငပိနဲ့ထမင်းစားချင်လိူ့လား”


“ဟိတ် ဟိတ် ခင်ဗျားနော် ဒီနေ့တော့ တစ်ခြားဟာလေး ချင်ကျွေးပါနော် ကျွန်တော် တောင်းဆိုပါတယ်”


“ဒါဆို ငါ့ကို ခင်ဗျားတွေ အဘွားကြီးတွေ ဒေါ်မြူရိပ်ရှင်း မိငယ် အဲ့လိုမျိုးတွေ လာလာ မခေါ်နဲ့ ကြားလား”


“ဒါဆို ကျွန်တော်က ဘယ်လိုခေါ်ရမှာလဲ”


“မမ အမ်း.... အဲ့လိုမဟုတ်ရင်လဲ မမမြူ မမရိပ် မမရှင်း ဒါတွေမကြိုက်သေးရင်....”


“မ လို့ခေါ်ရမှာလား”


“ဟင်....”


ရုပ်တည်ကြီးနှင့် အတည်ပေါက်ပြောလာတဲ့ ရတုကြောင့် ကျွန်မမှာကြောင်သွားရသည်။


“စိတ်ကူးယဉ်မနေနဲ့ ဘယ်တော့မှ ခေါ်မှာမဟုတ်ဘူး”


“သေနာကောင် သတောင်းစားလေးရဲ့”


“လာပါတော့ ကျွန်တော်ဗိုက်အရမ်းဆာနေပြီ အစ်မရဲ့”


“အဟွန်း.... အစ်မတဲ့ မဆိုးပါဘူး”


ကိုယ့်ဟာကို ကောက်ချက်ချရင် အိမ်ထဲသို့ လက်လေးပိုက်ကာ ဝင်လာခဲ့လိုက်သည်။


“မနက်စာကဘာလုပ်ပေးမှာလဲ”


“secret”


“ဟုတ်ပါပြီ ဒါဆိုလဲ ကျွန်တော် အပြင်မှာ စောင့်နေမယ် မဟုတ်တာတွေတော့ မလုပ်ကြွေးနဲ့နော်”


“စိတ်မပူနဲ့ ကဲပါ အပြင်ထွက်တော့ ပြီးရင် လှမ်းခေါ်လိုက်မယ်”


“ပြီးတာဘဲ ပြီးတာဘဲ”


ရတု ဧည့်ခန်းထဲ၌ ခဏထိုင်စောင့်နေလိုက်သည်။


နာရီဝက်ခန့်ကြာသော်


“မနက်စာရပါပြီ ရတုလေးရေ”


“လာပါပြီ”


ရတု မျက်နှာကြီး ပြုံးဖြီးလျက်ဖြင့် မီးဖိုခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။


“ဘယ်မှာလဲ မနက်စာ”


“ဒီမှာပါရှင့်”


မျက်နှာကြီးကပြုံးဖြီးပြီး သူ့အား အချိုသာဆုံး အသံလေးတွေနှင့် ပြောလာရင် မြူရိပ်အား ရတု ကြောက်လာရသည်။


“အဲ့ဖြူဖြူကြီးနှစ်ခွက်က”


“ဆန်ပြုတ်လေ”


“ဘာ....”


“လာပါ ထိုင်စမ်းပါ ရော့ ဒါရတုလေးရဲ့ ပန်းကန် ဒါက အစ်မရဲ့ပန်းကန်”


ရတုအား ထိုင်ခိုင်းလိုက်ပြီး သူ့ဆီသို့ ဆန်ပုတ်တစ်ခွက် ပေးလိုက်သည် ။


“ဟာ.... ကျွန်တော် မနက်စာကို ဆန်ပြုတ်ကြီး မစားတက်ဘူး ဆန်ပြုတ်ဆိုတာ ဖျားတဲ့လူမှ သောက်တာလေဗျာ ကျွန်တော်မသောက်နိုင်ဘူး”


“မသောက်နိုင်ရင် မသောက်နဲ့ပေါ့ ငါဘဲ သောက်မယ်”


“ကျစ်.... ခင်ဗျရဲ့ ဆန်ပြုတ်ကြီးက‌လဲ အသားလဲမပါ ငရုတ်ကောင်းမုန့်လေးလဲ မထည့် ဘာမှကို မထည့်ထားဘူး ဆန်တွေကြီးဘဲ ဒီတိုင်းပြုတ်ထားတာလား”


“အင်း ဟုတ်တယ် အဲ့ကြက်သားတွေ ဘာတွေဆိုတာ တစ်ကယ်တမ်းတော့ ဘာမှမဟုတ်ဘူး အလကားထည့်ထားတာ တစ်ကယ်လို့ မင်း ဆန်ပြုတ်ကို အရသာရှိရှိ သောက်ချင်ရင် ရော့ ဒီဆားသာ ထည့်သောက် အရမ်းကောင်းတယ်”


“ဟူး.....”


အရှေ့၌ လာချပေးတဲ့ ဆားဘူးကြီးသာ ဒီတိုင်းထိုင်ကြည့်နေလိုက်သည်။


“ဆန်ပြုတ်ကတော့ ကျွန်တော်လုံးဝမသောက်နိုင်ဘူး ခင်ဗျားဘာသာခင်ဗျား အဲ့ဒါကို သွန်ချင်သွန် မသွန်ချင်ရင်လဲ ခင်ဗျားဘဲ ဆက်သောက်လိုက်တော့ ကျွန်တော်ကတော့ အပြင်မှာဘဲစားလိုက်တော့မယ်”


“ခဏနေအုံး”


ပြောရင်းဖြင့် ထကာ ထွက်သွားတော့မဲ့ ရတုအား မြူရိပ် လှမ်းခေါ်လိုက်သည်။


“ဘာလဲ”


“မင်း ဒီနေ့အကျင့်ဖြစ်အောင် သောက်ထားနော်”


“ဘာလို့လဲ”


“နောက်နေ့တွေကြရင်လဲ မနက်စာကို ဆန်ပြုတ်ဘဲ သောက်ရမှာမို့လို့”


“ဘာ.... ခင်ဗျား ဒါကတော့ တော်တော် လွန်သွားပြီနော်”


“ဒါဆိုလဲ မင့်ဟာမင်း လုပ်စားလေ ဘာလို့ သူများကို လာခိုင်းလဲ”


“ဟူး.... ထားလိုက်တေယ့ ဒီနေ့ ခင်ဗျားနဲ့ စကားနိုင်လုဖို့ ကျွန်တော့မှာ အားမရှိဘူး ကျွန်တော်အပြင်သွပြီ ခင်ဗျားဘာသာ သွချင်တဲ့ နေရာကို Taxi ငှားသွား သွားပြီ ဘိုင့်ဘိုင့် အဘွားကြီး ”


“မင်း.... ကျစ်.... ဒီကောင် အိမ်ပြန်လာရင်တော့ ငါနဲ့ ကောင်းကောင်းကြီး တွေ့မယ်မှတ် ဟွန်း....”


ရတုကြောင့် သူမ သူမဆိုင်ဆီသို့ Taxiနဲ့သာ သွားလိုက်ရသည်။


စာတိုသွားရင် တောင်းပန်ပါတယ်။


စာဖတ်သူလေးများအားလုံး ရောဂါဘေး လက်နက်ဘေးမှ ကင်းဝေးကြပါစေ။


ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏


rate now: