“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”
“ရော့ သား”
“ဒါကဘာကြီးလဲ အမေ”
“သားလိုချင်နေတဲ့ ဆိုင်ကယ်ရဲ့သော့လေ”
“အဟွန်း.... ကျေးဇူးပါ အမေ”
“ရပါတယ် သားသာသမီးကို သစ္စာရှိရှိပေါင်းရမယ်နော်”
“ဗျာ.... ဟုတ်”
အသံလေး ညိုးစွာဖြင့် ရတု ဖြေလိုက်သည်။
“ရော့ဒါကတော့ သားအတွက် အဖေကတိပေးထားတဲ့ ကားသော့”
“ကျေးဇူးအများကြီးတင်ပါတယ် အဖေ”
“ရပါတယ်ကွာ အော်.... ဒါနဲ့ မေ့နေတာ ဒီမှာ သမီးအတွက်”
ရတုရဲ့ ဖခင်က မြူရိပ်အား သော့တစ်ချောင်းပေးလိုက်သည်။
“ဟင်.... အဖေ ဒါကားသော့ကြီးမလား”
ကားသော့ဆိုတာ တန်းသိတဲ့ ရတုကတော့ မျက်လုံးများပြူးကျယ်ကာ သူ့အဖေအား မေးလိုက်သည်။
“ဟုတ်တယ်လေ ဒါက သမီးအတွက် သားရဲ့ကားက သမီးမစီးတက်လောက်ဘူးထင်လို့ သမီးစီးဖို့အတွက် ကားတစ်စီးသပ်သပ်ဝယ်ထားတာ”
“ဟာ.... ဦးလေးကလဲ မဟုတ်တာ သမီးအတွက် ကားတွေဘာတွေမလိုပါဘူး နောက်ပြီး သမီးက ကားမှမမောင်းတက်တာ”
“မမောင်းတက်လဲ သားကသမီးကို သင်ပေးလိမ့်မယ် ရော့ပါ သမီးရယ် ယူထားလိုက်ပါနော်”
“ခင်ဗျား မယူချင်လဲ ကျွန်တော့်ကိုပေးလို့ရတယ်နော်”
မှေးလေးငေါ့ကာ မေးလာတဲ့ ရတုအား မြူရိပ် မျက်စောင်းလေးထိုးလိုက်သည်။
“ရတယ် ရတယ် ဦးလေး သမီးဘဲ ယူထားလိုက်မယ်”
“ဒီလိုမှပေါ့ ရော့”
“ကျေးဇူးပါ ဦးလေး”
“ရပါတယ်ကွယ် သမီးကလဲ အော် ဒါနဲ့ သမီး ဦးလေးကို အဖေလို့ ခေါ်ပါလား လက်တောင်လက်ထပ်ပြီးပြီ အခုချိန်ထိ ဦးလေးဘဲလား”
“အဟင်း..... အဖေ ကျေးဇူးပါနော်”
“ဒါမှပေါ့ အဟွန်း.....”
“အမယ်လေး ငါ့မြေးတွေကတော့ အဘွားကိုတောင် မနှုတ်ဆက်ဘဲ ပြန်တော့မလို့လား”
“ဟင်....”
အသံလာရာဘက် လှည့်ကြည့်လိုက်တော့ ရတုရဲ့အဖွား ကားပေါ်မှာဆင်းကာ ခါးကြီးထောက်လျက် ပြောနေလေသည်။
“အဖွား”
ရတုက သူ့အဖွားကို သိပ်ချစ်တာမို့ အခုမင်္ဂလာပွဲလဲ သူ့အဖွားမလာမှာကို စိတ်ပူနေခဲ့မိသည်။ အခုတော့ သူ့အဖွားကို မြင်လိုက်သည်နှင့် သူ့အဖွားရှိရာစီ အပြေးလေးသွားလိုက်ကာ အသက်ရှူပင် ကျပ်သွားအောင် ဖက်ပစ်လိုက်တော့သည်။
“ငါ့မြေးရယ် အဘွားအသက်ရှူကျပ်လှပါပြီကွယ် လွှတ်ပါအုံး”
“အဟွန်း.... သားအရမ်းပျော်သွားလို့ပါ အဘွားရဲ့”
“ပိုပြီ”
“မပိုပါဘူး သားက သားမင်္ဂလာပွဲကို အဘွားမလာတော့ဘူ ထင်နေတာ အခုကြတော့ အဘွားက ရုတ်တရက်ရောက်လာတော့ သားကပျော်တာပေါ့လို့”
“အဖွားရဲ့ တစ်ဦးတည်းသော မြေးလေးရဲ့ မင်္ဂလာပွဲကို မရရတဲ့နည်းနဲ့ မဖြစ်ဖြစ်အောင် လာရမှာပေါ့ မြေးကလဲ”
“အဟွန်း.... ဒါကြောင့်မို့ အဖွားကို ချစ်နေရတာ”
“အဟွန်း....”
“လာ အဖွား မြေးရဲ့သတို့သမီးလေးကို သွားကြည့်ရအောင်”
“ဟုတ်”
“လာပါပြီ မြေးအဖွားနှစ်ယောက်”
“ဝိုး.... မြေးမလေးက ဘယ်ဆိုးလို့တုန်း ချောသားဘဲ မြေးလေးတော်တယ် ဒီလို ကျက်သရေရှိတဲ့ မိန်းကလေးမျိုးကို ရှာနိုင်လိူ့”
“ဒါဆိုရင် သားကို မင်္ဂလာလက်ဖွဲ့ပေးအုံးလေ”
“မြေးကိုက ဘာလို့ဘာလို့ပေးရမှာလဲ ပေးမယ်ဆို မြေးမလေးကို ပေးရမှာ မဟုတ်လား”
“ဟာ အဖွားကလဲ အဲ့လိုမလုပ်ရဘူးလေ”
“မလုပ်ပါဘူးကွယ် စတာပါ မြေးနဲ့မြေးမလေးနေဖို့အတွက် အဖွား ခြံတစ်ခြံဝယ်ထားတယ် မြေးတို့ အေးအေးဆေးဆေးနေလို့ရအောင် လူတိတ်တဲ့နေရာဘက်မှာ ဝယ်ထားပေးတယ် မြေးအဖေတို့အိမ်နဲ့ သိပ်တော့မဝေးဘူး”
“အင်း.... အဖေတို့နဲ့ မဝေးဘူးဆိုတော့ ကောင်းတာပေါ့ အဖွားရဲ့”
“အဟွန်း.... နောက်မြစ်လေးရမှ ဒီထက်မကပေးတော့မယ်”
“ဟာ.... အဖွားကတော့ ဘာတွေပြောမှန်းမသိဘူး”
ရတု မြူရိပ်ဘက် လှည့်ကြည့်လိုက်တော့ နားလေးတွေနီလို့ ခေါင်းကိုအောက်သို့သာ ငုံ့ထားသည်။
“ကဲပါ ပြန်မှာဆို ပြန်ကြတော့ သားရဲ့ပြိုင်ကားကိုတော့ အဖေလူတစ်ယောင်နဲ့ သပ်သပ်ပို့ပေးလိုက်မယ် ဆိုင်ကယ်ရောဘဲ အခုတော့ သမီးရဲ့ကားနဲ့ ပြန်လိုက်ကြ ဟုတ်ပြီလား”
“ဟုတ် ရပါတယ် အဖေ ဒါဆို သားတို့ ပြန်ပြီနော်”
“အေးအေး မနက်ဖြန်တော့ ကျောင်းသွားနော်သား”
“ဟုတ်”
“အေး.... အခုတော့ သားတို့သုံးချင်သလို သုံးလို့ရအောင် ကဒ်ပေးထားမယ် သားဒီနှစ်တော့ ဘွဲ့ရအောင် လုပ်ရမယ်နော် ဘွဲ့ရပြီးရင် အဖေ့ကမ္ပဏီမှာ အလုပ်လာလုပ် အခုလဲ အားရင် ကမ္ပဏီကို လာခဲ့အုံး ကြားလား”
“ဟုတ်”
“ဒါဆို သွားကြတော့”
“ဟုတ်.... အော် မေ့နေတာ အဖွား အိမ်သော့ပေးအုံးလေ”
“ဟုတ်သားဘဲ ရော့ရော့ ဒီမှာ အိမ်သော့ အိမ်လိပ်စာကတော့ ......... အဲ့နေရာဘဲ”
“ဟုတ်”
သူတို့အားလုံး နှုတ်ဆက်ပြီး ရတုနဲ့ မြူရိပ်တို့လဲ သူ့အဖွားပေးလိုက်သည့် အိမ်ဆီသို့ လာခဲ့လိုက်ကြသည်။
အုတ်နှစ်ထပ်လေးဖြင့် သေသပ်လှပစွာ ဆောက်လုပ်ထားသည့် အပြာရောင်တိုက်အိမ်လေး။ ခြံအကျယ်ကြီးမှ ကြိုက်တဲ့ ကျွန်တော့အကြိုက်ကိုသိတဲ့ အဖွားက ခြံကိုခပ်ကျယ်ကျယ်လေးနှင့် ခြံထဲ၌ ပန်းမျိုးစုံကို စိုက်ပျိုးပေးထားသေးသည်။
“ဝင်ရအောင်လေ”
“အင်း.....”
“ဟူး..... ကျွန်တော်ဗိုက်ဆာတယ်”
“အဲ့တော့ငါက ဘာလုပ်ပေးရမှာလဲ”
“အော်.... ခင်ဗျားကလဲ ခင်ဗျားက အိမ်ရှင်မလေ အဲ့တော့ ကျွန်တော်စားဖို့ တစ်ခုခုလုပ်ပေးရမှာပေါ့”
“ရတယ်လေ ဒါဆိုလဲ မင်းအပေါ်မှာ ခဏစောင့်နေ ငါရေခဲသေတ္တာထဲကနေ ရှိတာလေးတွေ ကုတ်ချစ်ပြီး ချက်ထားလိုက်ပါ့မယ် ဟုတ်ပြီလား”
“ပြီး တာ ဘဲ”
“ကျစ်.....”
အိမ်ပေါ်သို့ ကျော့ကျော့မော့မော့ဖြင့် တက်သွားတဲ့ ရတုအား ကြည့်ကာ မြူရိပ်တစ်ယောက် ကျစ်တစ်ချက်သပ်ပြီး ဒေါသထွက်စွာ ကြည့်နေမိသည်။
“တွေ့ကြသေးတာပေါ့ သေနာကောင်လေး မင်းမစားတက်တဲ့ ဟင်းတွေကြီးဘဲ ချက်ပစ်အုံးမှာ ကြည့်ထား”
မြူရိပ်တစ်ယောက် ပြောရင်းဖြင့် ကြောင်အိမ်ပေါ်၌ တင်ထားတဲ့ ဗူးလေအားဖွင့်ကြည့်လိုက်သည်။
“ဒါ ငပိတွေဘဲ ဟီးဟီး ဟုတ်ပြီ အဲ့ကောင် ငပိမကြိုက်လောက်ဘူး ငပိချက်ချက်အုံးမှ”
ဒီလိုနဲ့ မြူရိပ် ငပိချက်နှင့် အတို့အမြို့တစ်ခွက်သာ ချက်ပြီး ဆန်တစ်လုံးတည်လိုက်ကာ ထားထားလိုက်သည်။
“မောင်အရှင်နှိုင်းရတုလေးရှင့် ညစာသုံးဆောင်လို့ရပါပြီ”
“အဟွန်း..... အရှင်ကြွလာပြီ အောက်မှာအဆင်သင့်ပြင်ပြီ စောင့်နေ”
“သေနာကောင်လေးရဲ့ ရွှဲ့လို့ရွှဲ့ပြောမှန်းလဲမသိဘူး ကျစ်.....”
ခဏကြာတော့ ရတုတစ်ယောက် အပေါ်ပိုင်းပလာနှင့် အောက်ကပုဆိုးအနီလေးဝတ်ကာ လည်ပင်း၌ တဘတ်တစ်ထည်နှင့် ခေါင်းသုတ်ရင်း ဆင်းလာခဲ့သည်။
“ကျက်ပြီလား မိန်းမရေ”
“ဘယ်ကမိန်းမ.... အား..... မင်းဘယ်လိုတွေ ဝတ်လာတာတုန်း”
မြူရိပ် တစ်ဖက်သို့ လှည့်လာတော့ အပေါ်ပိုင်းဗလာနှင့် ရတုအား မြင်လိုက်သည်နှင့် ပြောစရာစကားများ ပျောက်ဆုံးကာ မျက်လုံးများအား လက်ဖြင့် အုပ်ပစ်လိုက်သည်။
“ခင်ဗျားကလဲ ဒါလေးကို ရှက်နေသေးတယ် နောက်လဲ တွေ့ရမယ့်ဟာကို”
“ဘာ မင်း.... မင်းစကားပြောတာဆင်ခြင်ပြောနော် မင်းနဲ့ငါနဲ့က တစ်ကယ်လက်ထပ်ထားတာ မဟုတ်ဘူးနော်”
“သိပါတယ် တစ်ကယ်လက်ထပ်ထားတာလဲ မဟုတ်သလို ဟန်ဆောင်လက်ထပ်ထားတာလဲ မဟုတ်ပါဘူး”
“အေး.... အဲ့ဒါလဲ ဟုတ်သားဘဲ”
“ကဲပါ ကျွန်တော် ဗိုက်ဆာနေပြီ ညစာစားစို့”
“အင်း....”
စားပွဲပေါ်၌ အုပ်ထားတဲ့ အုပ်စောင်းအုပ်လေးအား မြူရိပ် တစ်ပြုံးပြုံးနှင့် ဖွင့်လိုက်တော့သည်။
“ဟင်.... ဒါ ဒါတွေက ဘာတွေလဲဟင် နံနေတာဘဲ”
“ဘာလို့ထင်လဲ”
“မသိဘူးလေ ခင်ဗျားဘာတွေ ရှောက်ချက်ထားတာလဲ”
“ဘာမှမချက်ထားပါဘူး ခရမ်းချဉ်သီး ငပိချက်လေးရယ် တို့စရာလေးရယ်ဘဲ”
“ဟာ.... ခင်ဗျားတော့ လုပ်ပြီ ကျွန်တော် ငပိတွေမှ မစားတာ”
“မင့်ဟာမင်း စားတက်တက်မတက်တက် ငါစိတ်မဝင်စားဘူး ငါကတော့ စားပြီ”
မြူရိပ် ပြောရင်းဖြင့် ခုံလေးလှမ်းဆွဲလိုက်ကာ အကျအနထိုင်လိုက်ပြီး ငပိချက်တွေအား ပန်းကန်ထဲထည့်ကာ ပဲသီးပြုတ်လေးများဖြင့် အားရပါးရစားနေတော့သည်။
ဒီလိုစားနေပြပြန်တော့လဲ ရတု ဗိုက်ကပိုမထိန်းနိုင်ဖြစ်လာသည်။
“ဟို.... တစ်ခြားဟင်းလေးများ မရှိတော့ဘူလား”
“မရှိဘူး”
“ကျစ်.... ခက်တော့တာဘဲ ဒါတွေဘယ်လိုစားရမှာလဲ”
“လူလိုစားပေါ့ ကဲပါ စားစရာရှိတာ အမြန်လာစားနော် ကုန်သွားရင်တော့ မင်းဘဲညစာငတ်မှာ”
“ကျစ်.... ပေးပေး ထည့်ပေး”
“အဟွန်း..... စားစရာရှိတာကို မစားဘူး စကားကလာများနေသေးတယ် ရော့”
မြူရိပ် လက်လှမ်းပေးတာတဲ့ ထမင်းပန်းကန်လေးအား ယူလိုက်ကာ ငပိချက်လေး ထည့်လိုက်ပြီး စားကြည့်လိုက်သည်။
“အင်း.... ကျွန်တော် ဗိုက်ဆာနေလို့နေမှာ စားလို့တော့ကောင်းသား”
“ဟွန်း.....”
ဒီလိုနဲ့ နှစ်ယောက်သား ညစာစားလိုက်ကြပြီး အပေါ်ထပ်သို့ တက်လာခဲ့လိုက်ကြသည်။
“ဝါး.... အိပ်ချင်ပြီ ငါအိပ်တော့မယ် မင်းဘယ်အခန်းမှာ အိပ်မှာလဲ”
“ဒီအခန်းမှာအိပ်မှာပေါ့”
“ဟိတ် ဒီအခန်းက ငါအိပ်မှာလေ မင်းတစ်ခြားအခန်းပြောင်းအိပ်”
“မရပါဘူး ကျွန်တော်ကတော့ ဒီအခန်းဘဲ အိပ်မှာ”
“ကျစ်..... မင်းငါ့ကို အရမ်းညစ်တာဘဲ”
ပြောရင်းဖြင့် မျက်ရည်များဝဲတက်လာတဲ့ ဘွားတော်ကြောင့် ကျွန်တော် အမြန်ပင် မငိုအောင် တားလိုက်ရသည်။
“ဟိတ် ဟိတ် ငိုတော့ မငိုလိုက်ပါနဲ့ ခင်ဗျား ဒီအခန်းမှာ အိပ်ချင်တယ်ဆိုရင်လဲ အိပ် ကျွန်တော် တစ်ခြား အခန်းပြောင်းအိပ်လိုက်မယ်”
“အဟွန်း.... ကျေးဇူးဘဲ”
“အင်း အင်း အခုကြတော့ မျက်နှာကတစ်မျိုး ဘွားတော်နော်”
“ဘာ ဘွားတော် ဟုတ်လား မင်းကို ငါဘယ်နှစ်ခါပြောရမှာလဲ ဘွားတော်လို့ လာလာမခေါ်ပါနဲ့ဆို ငါ့မှာနာမည်ရှိတယ် မြူရိပ်ရှင်း ဟုတ်ပြီလား”
“ဒါဆိုလဲ မိငယ် အိပ်ပြီနော်”
လက်လေးပြကာ စပ်ဖြဲဖြဲနှင့် အိမ်နာမည်အား ခေါ်သွားသော ရတုကြောင့် ကျွန်မ ဒေါသအလွန် ထွက်သွားရသည်။
“ဘာ.... မိငယ် အိမ်နာမည်ကြီး မင်း.... မင်း မနက်ဖြန်မှ ငါနဲ့တွေ့မယ် သေနာလေးရဲ့ ”
တစ်ယောက်ထဲ အခန်းရှေ့၌ ခါးကြီးထောက်ကာ ပြောနေမိသည်။
“တောက်....”
ထို့နောက် မြူရိပ်လဲ ဒေါသထွက်ထွက်နှင့်သာ အခန်းထဲသို့ ဝင်သွားလိုက်တော့သည်။
စာဖတ်သူလေးများအားလုံး ရောဂါဘေး လက်နက်ဘေးမှ ကင်းဝေးကြပါစေ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏