“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”
“ကလင် ကလင်....”
“သမီးရေ ဖုန်းလာတယ်”
“အော်.... ဟုတ် ဟုတ် လာပြီ အမေ”
ဆိုင်ထဲ၌ လုပ်လက်စအလုပ်များအား ထားခဲ့လိုက်ပြီး အိမ်ထဲသို့ အပြေးလေးဝင်လာခဲ့လိုက်သည်။ ထို့နောက် မြည်နေတဲ့ ဖုန်းလေးအား ချက်ချင်းပင် ကိုင်လိုက်သည်။
“ဟယ်လို....”
“ဟယ်လို.... ဒေါ်မြူရိပ်ရှိလားဗျ”
တစ်ဖက်လူက နာမည်အား ဒေါ်တပ်ကာ ခေါ်လိုက်သဖြင့် မြူရိပ် အတော်လေးတင်းသွားသည်။
“ဘယ်က ဒေါ်မြူရိပ်ရှင်းလဲ ဒေါ်မြူရိပ်ရှင်းဆိုတာတော့ မရှိဘူး မမြူရိပ်ရှင်းတော့ ရှိတယ် ဒါနဲ့ အခုပြောနေတာ ဘယ်သူလဲ”
“ကျွန်တော် မောင်နှိုင်းရတုပါ”
“အော်.... သေနာကောင် မင်းကိုငါ သတိပေးလိုက်မယ်နော် ငါ့ကို အဘွားကြီးတွေ နာမည်မှာ ဒေါ်တပ်ပြီး လာလာမခေါ်နဲ့ ငါမကြိုက်ဘူး ကြားလား”
“ဟုတ်ပါပြီ မှတ်ထားလိုက်ပါ့မယ်”
“ဒါဖြင့် မင်းဘာကိစ္စရှိလို့လဲ”
“ကျွန်တော်နဲ့ ခင်ဗျားနဲ့ကို နောက်အပါတ်ကြရင် လက်ထပ်ပေးမယ်တဲ့ အဲ့ဒါ ဘယ်လိုလုပ်ကြမလဲ”
“ငါလဲ အဲ့ကိစ္စနဲ့ ခေါင်းစားနေတာ ဘယ်လိုလုပ်ကြမလဲ မင်းမှာ အကြံအဉာဏ် ကောင်းလေးများ မရှိဘူးလား”
“ကျွန်တော်လဲ မသိတော့ဘူဗျာ အမေတို့က သူတို့စိတ်တိုင်းကျဘဲ လုက်နေကြတာ ဟိုတယ်နဲ့တောင် ချိတ်ပြီးသွားပြီ”
“ကျစ်....”
“လူသိရှင်ကြားလက်ထပ်ပြီးမှတော့ ကွာရှင်းဖို့ဆိုတာက အတော်လေး စဉ်းစားရမှာနော်”
“အင်း..... ဒါလဲဟုတ်တယ် ဘယ်လိုလုပ်ကြမှာလဲ ဒီပုံစံတိုင်းနေနေရင်တော့ မင်းနဲ့ငါနဲ့ လက်ထပ်လိုက်ရလိမ့်မယ်နော်”
“ဘယ်လိုမှလုပ်မနေနဲ့တော့ ကျွန်တော့အမေ ခဏကဘဲ ဖုန်းဆက်ပြီး ပြောလာတာ ကျွန်တော် ခင်ဗျားနဲ့မယူရင် အမေက အမွေဖျက် စွန့်လွှတ်မှာတဲ့”
“ဟမ်.... တစ်ကယ်ကြီးလား”
“တစ်ကယ်ပေါ့”
“အဟင့်..... ဘယ်လိုဝဋ်လဲ မသိပါဘူး မချစ်တဲ့လူနဲ့မှ လက်ထပ်ရမယ်တဲ့ အဟင့်....”
“ဟင်.... ဟိတ် ဟိတ် ခင်ဗျား ခင်ဗျား မငိုနဲ့လေဟာ”
“ငိုမှာဘဲ ငါမှမင်းကိုမချစ်တာ ငါချစ်တာက ကိုကြီးတွေ မောင်လေးတွေဆို ယောင်လို့တောင် လှည့်မကြည့်ချင်ဘူး”
“အောင်မှာ.... ခင်ဗျားကဘဲ ပြောရတယ်ရှိသေးတယ် ကျွန်တော်ကလဲ ကိုကိုဆိုပြီး ချွှဲတက်တဲ့ ညီမလေးတွေမှ ချစ်တက်တာ အိုကြီးအိုမ အဘွားကြီး မမတွေကိုဆို ယောင်လို့တောင် လှည့်မကြည့်ဘူး ခင်ဗျားဆို ပိုဆိုးသေး”
“ဘာ.... မင်း....”
“ကဲပါ ဒေါသဘဲထွက်မနေနဲ့ ဘယ်လိုလုပ်မှာလဲ စဉ်းစားအုံး”
“မစဉ်းစားတက်တော့ဘူကွာ မင်းဟာမင်း စဉ်းစားပြီးမှ ငါ့ကိုဖုန်းပြန်ဆက်လိုက် ဟုတ်ပြီလား ချပြီ”
“ဟိတ် ဟိတ် ခ ခဏနေအုံးလေ ဟာ.... ဒီဘွားတော်ကတော့ ကျစ်.....”
ရတု စဉ်းစားမရသည့်အဆုံး အိပ်ယာပေါ်သို့သာ ပစ်လဲပြီး ခဏမှေးနေလိုက်သည်။
ဒီလိုနဲ့ အချိန်တွေကုန်လာတာ မနက်ဖြန်ဆို သူတို့လက်ထပ်ရတော့မည်။
“သမီးရေ သမီး ဒီမှာ ရတုတို့ရောက်နေတယ်”
“ဟင်....”
မြူရိပ် အိမ်ထဲမှအိမ်အပြင်မထွက်တာ ငါးရက်တိတိရှိနေပြီ။
“သမီးကြားလား”
“ဟူး.....”
မြူရိပ် တစ်ယောက် သက်ပြင်းရှည်ကြီးသာ ချလိုက်ပြီး အောက်သို့ ဆင်းလာခဲ့လိုက်သည်။
“အော်.... သမီးဆင်းလာပြီလား”
“ဟုတ်”
“လာ ထိုင်”
“ဟို သမီးကို မနက်ဖြန် မနက်စောစော အန်တီ လာခေါ်လိုက်မယ်နော်”
“ဟုတ် ဒါဘဲပြောမလို့ဆိုရင် သမီးအပေါ်တင်တော့မယ်”
“အင်း.... ကောင်းပါပြီ”
မြူရိပ် အပေါ်တက်ဖို့ ပြင်လိုက်စဉ်။
“ခဏနေအုံး ကျွန်တော်နဲ့ စကားခဏပြောရအောင်”
ရတုလှမ်းခေါ်လိုက်သဖြင့် မြူရိပ် အပေါ်သို့ ဆက်မတက်တော့ဘဲ ရတုဘက်လှည့်လာခဲ့လိုက်သည်။
“ကျွန်တော်တို့ကို ခဏခွင့်ပြုပါအုံး”
“ကောင်းပါပြီကွယ်”
နှစ်ယောက်သား အိမ်အပြင်ဘက်သို့ ထွက်လာခဲ့လိုက်ကြသည်။
“၀ဘယ်လိုလုပ်ကြမလဲ မနက်ဖြန်ဆိုဘဲ မင်္ဂလာဆောင်ရတော့မယ် အားလုံးကလဲ ပြင်ဆင်ပြီးသွားပြီ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲဟင်”
“ဘယ်လိုလူပ်ရမှာလဲ အားလုံးပြင်ဆင်ပြီးသွားမှတော့ မင်္ဂလာမဆောင်လို့လဲ မဖြစ်တော့ဘူ”
“ခင်ဗျားသေချာစဉ်းစားနော် တစ်ကယ်လို့ ကျွန်တော်တို့ လက်ထပ်ပြီးမှ ခင်ဗျားဘက်က ကွာရှင်းချင်ပါတယ်ဆိုရင် ခင်ဗျားဘက်ကဘဲ နစ်နာမှာနော် ခင်ဗျက မိန်းကလေး ပတ်ဝန်းကျင်က ယောင်္ကျားလေးထက် မိန်းကလေးဖြစ်တဲ့ ခင်ဗျားကို ပိုပြီး အပြစ်ပြောကြမှာ”
“ဒါဆို ဘယ်လိုလုပ်ရမှာလဲ အခုချိန်မှ ငါက လက်မထပ်ချင်ပါဘူး မင်္ဂလာပွဲဖြတ်ပေးပါဆိုပြီး ပြောရမှာလဲ”
“ကျစ်.....”
“ဘာဖြစ်လို့လဲ သမီး သားကို လက်မထက်ချင်လို့လား”
“ဟင်....”
အနောက်မှ တိုးညှင်းစွာ ထွင်ပေါ်လာတဲ့ အသံကြောင့် မြူရိပ်ကော ရတုပါ အနောက်သို့ လှည့်လာခဲ့လိုက်ကြသည်။
“အန်တီ”
“အန်တီက သားရတုကို သမီးလေးနဲ့ဘဲ စိတ်ချတာ သိလား သမီးတို့ မချစ်ဘဲ လက်ထပ်လိုက်ရတယ် ဆိုပေမယ့် အချိန်ကြာလာ အနေနီးလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောရ် သံယောဇဉ်တွယ်လာပြီး ချစ်လာကြပါလိမ့်မယ်နော် အန်တီ့ကိုယုံ”
လက်လေးများအား ကိုင်ကာ သနားစဖွယ် ပြောလာတဲ့ ရတုအမေကိုကြည့်ရင်း ကျွန်မမှာ ဘာမှပြန်မပြောနိုင်တော့ပေ။
“ဟူး.... ဟို အန်တီ သမီးကို ခွင့်ပြုပါအုံးနော်”
“ကောင်းပါပြီ”
“သား”
“ကျွန်တော့ကိုလဲ ခွင့်ပြုပါအုံး”
“ဟူး....”
“စိတ်မပူပါနဲ့မြတ်ရယ် သူတို့ ကြာလာရင် တစ်ယောက်နဲ့တစ်ယောက် ချစ်သွားကြပါလိမ့်မယ်”
“အင်းပါ အဲ့လိုဘဲဖြစ်လာပါစေ”
နောက်တစ်နေ့
“သားရေ မလာသေးဘူးလား ဒီမှာ သမီးမြူရိပ်လေးက အဆင်သင့်ဖြစ်နေပြီ”
“ရောက်တော့မှာပါ”
“အေးပါ အမေစောင့်နေမယ်နော်”
“ဟုတ်”
တစ်ခဏကြာ မောင်းနှင်လာပြီးနောက် ဟိုတယ်ရှေ့သို့ ရတုရောက်လာခဲ့သည်။
“သားရောက်လာပြီလား”
“ဟုတ်”
“အဟွန်း... ငါ့သားလေးက ဒီလိုကြတော့လဲ တစ်မျိုးချောသားဘဲ”
“ကျွန်တော်က အမြဲတမ်းချောပြီးသားပါ”
ရတု မပြုံးမရယ်ဘဲ ပြန်ပြောလိုက်ပြီး ခန်းမထဲသို့ ဝင်လာခဲ့လိုက်သည်။
ခန်းမထဲရောက်တော့ ဧည့်သည်တစ်ချို့ ရောက်နေလေပြီ။
မကြာခင် မင်္ဂလာပွဲ စတင်တော့မှာ ဖြစ်သဖြင့် ရတုလဲ စင်မြင့်ပေါ်သို့ နေရာယူလိုက်ကာ မြူရိပ်အား စောင့်နေသည်။
ခဏကြာတော့ ဂါဝန်ဖြူလေးနဲ့ ဆံပင်တွေကို သေချာထုံးဖွဲ့ကာ ခန်းမထဲသို့ ဝင်လာတဲ့ အဘွားကြီးအား ဘာရယ်မဟုတ် ကျွန်တော် ငေးကြည့်နေမိသည်။ ကျွန်တော်နဲ့စတွေ့တုန်းကလိုဆံပင်တွေကို ဖြစ်သလို ချည်ထားတာမဟုတ်ဘဲ ပုဝါဖြူ လေးကို ကျောနောက်မှာချထားပြီး သေသပ်လှပစွာ ထုံးဖွဲ့ထားတဲ့ ဆံထုံး။ အရင်ကလို အင်္ကျီလက်ရှည်ကြီးနဲ့ လုံချည်ကို မလိုက်ဖက်စွာ ဝတ်ထားခြင်းမဟုတ်ဘဲ ဂါဝန်ဖြူ ဝဲဝဲလေးကို ခါးနားလေး၌ သူမရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းလေးပေါ်အောင် ဝတ်ဆင်ထားသည်။ အရင်ကလို သနပ်ခါးကိုပါးနှစ်ဖက်ပေါ်၌ လိမ်းထားခြင်းမဟုတ်ဘဲ မိတ်ကပ်ပါးပါးလေးကို သတို့သမီးဝတ်စုံ အဖြူလေးဖြင့် လိုက်ဖက်စွာ လိမ်းခြယ်ထားတဲ့ သူမက အရင်ကထက် ပိုလှနေပြီး ပိုကြည့်ကောင်းနေသည်။
“သား သားရေ သမီးလက်ကို ကိုင်လိုက်တော့လေ သား....”
“ဟင်.... အော်.... ဟုတ်”
ဘေးနားက ရပ်နေတဲ့ ဖခင်ဖြစ်သူရဲ့ အပြောကြောင့် ရတု မြူရိပ်လက်လေးအား လှမ်းကာ ကိုင်လိုက်ပြီး စင်ပေါ်သို့ ခေါ်တင်လိုက်သည်။
ထို့နောက် စိန်ပွင့်လေးတွေကို လှပစွာ ပုံဖော်ထားတဲ့ လက်စွပ်လေးအား မြူရိပ် လက်တစ်ကြွယ်ထဲသို့ စွပ်ပေးလိုက်သည်။
“ဖြောင်း ဖြောင်း.....”
ခန်းမထဲရှိ ဧည့်သည်များက လက်ခုပ်များတီးလိုက်ကြသည်။
“လက်စွပ်ဝတ်ပြီးပြီဆိုတော့.....”
“မနမ်းဘူးနော် အဖေ နမ်းဖို့ကိုတော့ လာမပြောနဲ့”
“မနမ်းခိုင်းပါဘူး ဧည့်သည်တွေကို သွားဧည့်ခံကြတော့လို့ ပြောမလို့ဟာကို အဟွန်း.... ကိုယ့်ဟာကို ဘာတွေတွေးနေမှန်းမသိဘူး”
ဖခင်ဖြစ်သူ စကားကြောင့် ရတု ကိုယ့်ကိုကိုယ် မလုံမလဲ ဖြစ်သွားရသည်။
“ဒါဆို သားနဲ့သမီး သွားဧည့်ခံကြတော့လေ”
“ဟုတ်”
နှစ်ယောက်သား လက်လေးချိတ်လိုက်ကြပြီး စင်ပေါ်ထပ်မှ ဆင်းလာချိန်။
မြူရိပ် ဒေါက်ဖိနပ်အမြင့်ကြီးကြောင့် အောက်သို့ ယိုင်လဲသွားတော့သည်။
“အမေ့ရေ....”
ရတုလဲ အရှေ့ကိုသာ အာရုံရောက်နေသဖြင့် မြူရိပ်အား အမှီမဖမ်းနိုင်လိုက်ကာ မြူရိပ်တစ်ယောက်လဲ လှေကားထစ်လေးတွေပေါ်သို့ ဖင်ထိုင်လျက်သား ကျသွားတော့သည်။
“အဟွန်း....”
ရတု သူမအား မထူပေးဘဲ ဒီတိုင်းသာ မတ်တပ်ရပ်ကြည့်နေပြီး ပြုံးနေလေသည်။
“ဟိတ် သေနာကောင် ငါ့ကိုထူအုံးလေဟ သူများတွေကြည့်ကုန်ပြီ”
မျက်ရည်လေး ဝဲလဲဝဲလဲဖြင့် ပြောလာမှ ကျွန်တော်လဲ သတိရကာ သူမကိုယ်လေးအား မထူပေးလိုက်သည်။ ဒါကို အောက်က တစ်ချို့ဧည့်သည်တွေ သူမဖြစ်ပုံအား တစ်ပြုံးပြုံးနှင့် ရီနေကြသေးသည်။
“ကျစ်.... ဘယ်လိုလူတွေပါလိမ့်”
မင်္ဂလာပွဲတစ်ချိန်လုံး ရတုတစ်ယောက် ခဏက မြူရိပ်အား တစ်ပြုံးပြုံးနဲ့ ရီပေးခဲ့တဲ့ ဧည့်သည်များအား သွားဧည့်မခံဘဲ မင်္ဂလာခန်းမထဲမှ မသိမသာနှင့် အမြန်နှင်ထုတ်ခဲ့သည်။
စာဖတ်သူလေးများအားလုံး လက်နက်ဘေး ရောဂါဘေးမှ ကင်းဝေးကြပါစေ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏