“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”
“ရောက်ပြီ ဒီနေရာမလား”
“အင်း... ဟုတ်တယ်”
“ခင်ဗျား ကိုယ့်ဘာသာကိုယ် သွားလိုက်တော့နော် ကျွန်တော် ဒီကနေဘဲ စောင့်နေတော့မယ်”
“ဟာ.... အဲ့လိုမရပါဘူး ရောက်မှာတော့ မင်းပါတစ်ခါတည်း လိုက်ခဲ့လိုက်”
“ကျွန်တော် အဲ့လိုမျိုးတွေ မကြိုက်လို့ပါ”
ရတုစကားကို မြူရိပ် သဘောမတွေ့ကာ မျက်မှောင်ကြီး ကြုတ်လျက် ရတုမျက်လုံးတည့်တည့်သို့ စိုက်ကြည့်လိုက်သည်။
ဟင်... ငါပြောတာဘာများမှားသွားလို့ပါလိမ့်။
“ဟို... ကျွန်တော်ပြောတာ ဘာမှားသွားလို့လဲ”
“လာ အခုချက်ချင်း ကားပေါ်ကဆင်း”
“ဘာလို့လဲ”
“ဆင်းဆို ဆင်းစမ်းပါ စကားတစ်အားများတာဘဲ”
ရတု မြူရိပ်အတင်းခေါ်နေသဖြင့် မဆင်းချင်ဘဲ ဆင်းလိုက်ရသည်။
“ပြော ဘာလဲ”
“လိုက်ခဲ့ ငါ့နောက်”
မြူရိပ် ပြောရင်းဖြင့် ရတုလက်အား ဆွဲကာ ခေါ်သွားလိုက်သည်။
“ဟင်.... ”
အထဲလဲရောက်ရော ရတု မမြင်ဖူးတဲ့ ပစ္စည်းများအား တွေ့လိုက်ရသဖြင့် သူ အနည်းငယ်လန့်သွားရသည်။
“ဆရာ”
ခေါ်သံကြောင့် မြူရိပ် ဖခင်ရဲ့ သူငယ်ချင်းဖြစ်သူ ဗေဒင်ဆရာဦးအောင်မြတ်ထူး အသံလာရာဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာလိုက်သည်။
“အော်.... မိငယ်ပါလား”
“ဟုတ်... ဟို သမီး ဗေဒင်လေးမေးချင်လို့”
“ထိုင်လေ”
“ဟုတ်”
မြူရိပ် ဗေဒင်ဆရာရှေ့၌ ထိုင်လိုက်ပေမယ့် ဗေဒင်ဟော အခန်းထဲ တစ်ခါမှမရောက်ဖူးသည့် ရတုကတော့ အခန်းတစ်ခန်းလုံးအား မျက်တောင်မခက်တန်း တစ်အံ့တစ်ဩဖြင့် ရပ်ကြည့်နေမိသည်။
“ဟိတ် ထိုင်လို့”
“ဟင်... အော် ဟုတ်”
မြူရိပ် လက်ဆွဲလိုက်မှ ရတုလဲ ကော်ဇော်နီလေးပေါ်သို့ ထိုင်ချလိုက်သည်။
“ဧည့်သည်ကော ပါလာတာဘဲ”
“ဟုတ်”
“သမီး ဘာအကြောင်းမေးချင်လို့လဲ”
“ဟို... သမီး အချစ်ရေးအကြောင်းလေး မေးချင်လို့ပါ”
“အင်း... ဒါနဲ့သမီး ဟိုတစ်လောက ဆရာတင်ထားတဲ့ တစ်လစာဟောစတမ်း မဖတ်လိုက်ရဘူးလား”
“ဖတ်လိုက်ရပါတယ် အော်... ဒါနဲ့ ဆရာသိလား ဆရာဟောတာလေ တစ်ကယ်မှန်တယ်နော် သမီးလေ ဒီလအတွင်း အိမ်ထောင်ကျမယ်လို့ ဆရာဟောခဲ့တာမလား”
“ဟုတ်တယ်လေ”
“အဲ့ဒါ အခု သမီးတစ်ကယ် အိမ်ထောင်ကျတော့မှာ”
“ဟင်.... သမီးလို ရည်းစားတောင် မရှိတဲ့သူက အိမ်ထောင်ပြုတော့မယ် ဟုတ်လား”
ဗေဒင်ဆရာလဲ မြူရိပ်အား တစ်အံ့တစ်ဩဖြင့် မေးလိုက်သည်။
“ဟုတ်တယ်”
“ဘယ်သူနဲ့လဲ သမီး ဆရာ အဲ့လူကို ဗေဒင် ဖတ်ကြည့်ပေးမယ်”
“တစ်ကယ်လား ဆရာ”
“တစ်ကယ်ပေါ့ သမီးက ဆရာ့သမီးလိုဘဲဟာ ပြောပါ ဘယ်သူလဲ”
“သူဘဲ ဆရာ”
“အော်... သူလား”
ရတု သူ့အား စိုက်ကြည့်လာတဲ့ ဆရာကြောင့် ကြက်သီးမွှေးတောင် ထသွားရသည်။
“သားနာမည်က”
“ဗျာ....”
“ဘာဗျာလဲ နာမည်မေးနေတာ ဖြေလိုက်လေ”
“ဟို.... နှိုင်း နှိုင်းရတုပါ”
“အော်.... စနေသားဘဲ”
“ဟို... တနင်္ဂနွေသားပါ”
“ဟင်.... ဟုတ်လား”
“ဟုတ် နာမည်က အဖိုးနာမည်ပါအောင် နှိုင်းထည့်ထားတာပါ”
“ကောင်းပါတယ် စနေဆိုရင်တော့ သမီးနဲ့ လုံးဝမဖြစ်ဘူးလေ တနင်္ဂနွေဆိုတော့ ကြာသပတေးနဲ့ အရမ်းကောင်းတယ် သမီးရယ်”
“ဟုတ်”
ရတုကတော့ မယုံသလို အကြည့်နှင့် ကြည့်နေလေသည်။
“ဆရာ”
“ပြောလေ သမီး”
“သမီးနဲ့ သူနဲ့က မချစ်ဘဲ ယူရမှာဆိုတော့ အိမ်ထောင်သက် ကြာနိုင်လား မကြာနိုင်ဘူးလား နောက်ပြီး အိမ်ထောင်ဆက်တွေ ရှိသေးလားဆိုတာ ကြည့်ပေးပါလား”
“အင်း.... သမီးတို့လက်လေးတွေ စားပွဲပေါ် တင်လိုက်ပါလား”
“ဟုတ် တင်လေ မင်းလက်”
“ဗျာ.... အော် ဟုတ်”
ရတုကော မြူရိပ်ပါ စားပွဲလေးပေါ်သို့ သူတို့လက်များအား တင်လိုက်သည်။ လက်များ စားပွဲပေါ် ရောက်သွားသည်နှင့် ဗေဒင်ဆရာက စတင်ဗေဒင် ဖတ်ပေးတော့သည်။
“အင်း.... ဆရာတစ်ခုလောက်မေးမယ်နော်”
“ဟုတ် မေးပါ ဆရာ”
“သမီးတို့က မချစ်ဘဲယူကြမှာဆိုတော့ တစ်နေ့ကြရင် ကွာရှင်းဖို့ စီစဉ်ထားမှာပေါ့”
“ဟင်.... ဆရာအရမ်းတော်တာဘဲ ဟုတ်တယ် ဟုတ်တယ် သမီးတို့ ကွာရှင်းဖို့ ပြောထားကြတာ”
“အင်း.... ဒါဆိုရင်တော့ သမီးတို့ ကွာရှင်းဖို့ အခြေအနေအရမ်းနည်းတယ်”
ဗေဒင်ဆရာ အပြောကြောင့် ရတု ခေါင်းငုံ့နေရာမှ ချက်ချင်းပင် ထောင်လာခဲ့သည်။
“ဟင်.... ဘာလို့လဲ”
“မင်းတို့ရဲ့ နှလုံးသားလမ်းကြောင်ကို ကြည့်ရမယ်ဆိုရင် မင်းတို့က အိမ်ထောင်ဆက် မများဘူး”
“ဗျာ.... ဟုတ်လို့လားဗျာ သေချာကြည့်ပေးပါအုံး ”
“တစ်ကယ်ပြောနေတာ မင်းတို့က အိမ်ထောင် နှစ်ဆက်သုံးဆက်တွေ မရှိဘူး”
“ဟို.... ဒါဆိုရင် အိမ်ထောင်ဆက်များအောင် သမီး ဘယ်လိုယတြာချေရမလဲဟင်”
“ဟင်....”
“သမီးစကားကြီးက”
“ဟို.... ဘာမှမဟုတ်တော့ပါဘူး ဆရာကို ကျေးဇူးအများကြီးတင်ပါတယ် ”
“ရပါတယ်ကွယ် နောက်လဲ မေးချင်တာတွေရှိရင် လယခဲ့နော်”
“ဟုတ် ဒါဆို သွားလိုက်ပါအုံးမယ် ဆရာ”
“ကောင်းပါပြီ အော်... ဒါနဲ့ သမီးတို့ မင်္ဂလာပွဲကြရင် ဖိတ်အုံးနော်”
“ဟာ.... ဆရာကလဲ မသေချာတဲ့ဟာကို”
“အဟွန်း...”
မြူရိပ် မျက်နှာလေးများ ပူကာ အပြင်ဘက်သို့ အလျင်အမြန်ပင် ထွက်လာခဲ့လိုက်သည်။
“ဟူး.... ဆရာကတော့လေ”
“ဟူး.....”
နှစ်ယောက်လုံး အပြင်ရောက်မှ အသက်ကို ဝဝရှူနေကြတော့သည်။
“ခင်ဗျား ယုံလား”
“ယုံတာပေါ့ ဘာလို့ မယုံရမှာလဲ”
“ဒါဆို ခင်ဗျားနဲ့ ကျွန်တော်နဲ့က.....”
“ဟာ.... အဲ့ဒါကတော့ လုံးဝမဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့ မင်းနဲ့ငါနဲ့ဆိုတာ.... ဟာ.... လုံးဝမဖြစ်နိုင်ဘူး တစ်ကယ်လို့ အိမ်ထောင်ဆက်မရှိဘဲ ယူခဲ့ရမယ်ဆိုရင်တောင် မင်းတော့ မဟုတ်လောက်ဘူး ကိုငြိမ်းသုတဘဲ ဖြစ်မှာ”
“ဟူး..... ခင်ဗျား တော်တော် အမှတ်မရှိတာဘဲ ကဲပါ ဒါတွေထားလိုက်ပါ အခုခင်ဗျား ဘယ်သွားချင်သေးလဲ”
“ဘယ်မှ မသွားချင်ဘူး ငါကအပြင်တွေ ထွက်ရတာ သိပ်မကြိုက်ဘူး”
“မကြိုက်တာလား ပိုက်ဆံကုန်မှာစိုးလို့လား”
“ဟဲဟဲ... ဒါကတော့....”
“ကဲပါ ကဲပါ ခင်ဗျား ဘာ်သွားချင်လဲ ဘာစားချင်လဲ ကျွန်တော် ဒကာခံပြီး လိုက်ပို့ပေးမယ်”
“တစ်ကယ်လား”
“တစ်ကယ် တစ်ကယ်”
“ဒါဆို အမ်း.... ငါကဘယ်နေရာမှာ ဘာရှိတယ် ဆိုတာသိပ်မသိဘူးဟ ဒါကြောင့် မင်းဘဲ အစားအသောက် ကောင်းကောင်းလေးတွေရှိတဲ့နေရာ လိုက်ပို့ပေး”
“ပြီးတာဘဲ”
ဒီလိုနဲ့ နှစ်ယောက်သား စားသောက်ဆိုင် တစ်ဆိုင်သို့ ထွက်လာခဲ့လိုက်ကြသည်။
“ရော့ ခင်ဗျားဘာစားမလဲ ကျွန်တော်ကတော့ ဒါစားမယ်”
ရတု မြူရိပ်အား မီနူးစာအုပ်လေးအား လှမ်းပေးလိုက်ပြီး ပြောလိုက်သည်။
“ဟင်.... ဒီဟင်းပွဲသေးသေးလေးကို တစ်ပွဲငါးထောင် အမယ်လေး ငါတို့ရပ်ကွက် ထမင်းဆိုင်တောင် ကြက်သားနှစ်သုံး ချက်ပြီးထားမှ ငါးရာဘဲ ဒါကြီးကတော့ ဘာမှလဲမပါဘဲနဲ့ ငါးထောင်တဲ့ မစားနိုင်ပါဘူး”
မြူရိပ် လက်လေးအား ရမ်းပြကာ ပြောလိုက်သည်။
“ကျွန်တော့ပိုက်ဆံနဲ့ ကျွန်တော် စားမှာလေ ခင်ဗျားပိုက်ဆံနဲ့ မစားဘူး စိတ်ချ”
“ဘယ်လိုဘဲဖြစ်ဖြစ်လေ အဲ့လောက်များတဲ့ဟာကြီးတော့ မဝယ်စားပါနဲ့နော် ပိုက်ဆံဆိုတာ မျများစုထားသင့်ပါတယ်”
“ဟူး....”
ရတုတစ်ယောက် သက်ပြင်းရှည်ကြီးသာ ချလိုက်ပြီး ဈေးအနည်းဆုံး ဟင်းပွဲများကိုသာ မှာပေးလိုက်ရသည်။
“ဟင်.... ကိုနှိုင်း”
မှုံရတီတစ်ယောက် မှန်တွေဖြင့် ကာရံထားတဲ့ စားသောက်ဆိုင်လေးအတွင်း၌ ထိုင်နေသော နှိုင်းရတုကို မြင်လိုက်ပြီး ဆိုင်ထဲသို့ ချက်ချင်းပင် ဝင်လာခဲ့လိုက်သည်။
“ကိုနှိုင်း”
“ဟင်..... အော်..... မှုံရတီပါလား”
“ဟုတ်တယ် ဒီဘက်လာရင်းနဲ့ ကိုနှိုင်းကိုတွေ့လို့ ဝင်လာလိုက်တာ အော်.... ဧည့်သည်ကော ပါနေတာလား”
“ဧည့်သည်မဟုတ်ပါဘူး အစ်ကို့ လက်ထပ်မဲ့ကောင်မလေးပါ”
“ဟင်....”
ရတုစကားတွေကြောင့် မှုံရင်ထဲ စူးကနဲခံစားလိုက်ရသည်။
“မင်းဘာတွေရှောက်ပြောနေတာလဲ”
“ဟာ.... မကလဲ မောင်ပြောပြီးပြီဘဲ ခဏက မ မခံချင်အောင် စလိုက်လို့ တောင်းပန်တယ်လို့”
“မင်း....”
မှုံ မှာတော့ ထိုစကားများအား ဆက်ပြီး နားထောင်ဖို့ အင်အားမရှိတော့တာကြောင့် ဆိုင်ထဲမှ မျက်နှာပျက်စွာနှင့် အလျင်အမြန်ပင် ထွက်လာခဲ့လိုက်သည်။
“ဟိတ် မင်းခဏကဘာတွေပြောနေတာလဲ”
“ခဏက လာတဲ့ မိန်းကလေးက ကျွန်တော့ကို အတင်းလိုက်ကပ်နေတာလေ အဲ့ဒါကြောင့် တစ်ကယ်လဲ မချစ်ဘဲနဲ့ မျှော်လင့်ချက်တွေပေးသလို ဖြစ်နေမှာစိုးလို့ ကျွန်တော့်မှာ လက်ထပ်မဲ့မိန်းကလေးရှိတယ်လို့ ကြိုပြောထားလိုက်တာ”
“အဟွန်း... မင်းတော်တယ် မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကို လွယ်လွယ် မလှည့်စားတက်တဲ့သူဘဲ”
“ကျွန်တော်တို့က ဒီလိုဘဲလေ ကိုယ့်ကိုမကြိုက်တဲ့ အသိုင်းအဝိုင်းတွေနဲ့ မပတ်သက်ဘူး”
ထိုစကားက ရတု သူမအားတစ်မင် ပြောလိုက်တဲ့စကားဆိုတာ သူမရိပ်မိသည်။ ဒါကြောင့်လဲ မျက်နှာလေး ညှိုးသွားရသည်။
“ကဲပါ ဟိုမှာ မှာထားတာတွေ လာပို့ပြီ စားစို့”
“အင်း”
ဒီလိုနဲ့ နှစ်ယောက်သား လာပို့တဲ့ အစားပစာတွေအား စားလိုက်ကြပြီး အိမ်သို့ ပြန်လယခဲ့လိုက်သည်။ ရတု မြူရိပ်အား သူ့အိမ်သို့ ပြန်ပို့ပေးလိုက်ပေးလိုက်သည်။ ထို့နောက် သူလဲ သူ့အိမ်သို့ ပြန်လာခဲ့လိုက်တော့သည်။
“သား ပြန်ရောက်ပြီလား”
“ဘယ်တွေသွားနေတာလဲ”
“ဘယ်သွားရမှာလဲ အမေရဲ့ မတော်ရသေးတဲ့ ချွေးမကြီးပေါ့ အသဲကွဲနေလို့ မုန့်ဘိုက်ကျွေးနေတာ”
“အဟွန်း.... ဒါနဲ့ သား သမီးမြူရိပ်လေးကို ဘယ်လိုမြင်လဲဟင်”
“ဘယ်လိုမှကိုမမြင်တာ ကပ်စေးနဲတာကလဲ သူ့အပြင်မရှိဘူး နောက်ပြီး ဗေဒင်တွေဘာတွေက ယုံလိုက်သေးတယ် ဟူး.... တစ်ကယ် ဘယ်လိုမိန်းကလေးလဲကို မသိဘူး”
“အဲ့ဒါတွေထားလိုက်ပါ သား သမီးမြူရိပ်နဲ့ နောက်တစ်ပါတ် တနင်္ဂနွေနေ့ကြရင် လက်ထပ်ရမယ်နော်”
“ဗျာ.... အ အမေ မဟုတ်သေးပါဘူး အမေ တစ်ကယ်ပြောနေတာလား”
“တစ်ကယ်ပေါ့ အမေပါဆို နောက်စရာလား ဟိုတယ်နဲ့တောင် ချိတ်ပြီးသွားပြီ”
“ဗျာ.... ဟာ.... အမေကတော့ ဘာမပြောညာမပြောနဲ့ လုပ်ချလိုက်ပြန်ပြီ ကျစ်....”
ရတု စိတ်ညစ်ညစ်ဖြင့်သာ အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။
“သမီး ပြန်ရောက်ပြီလား”
“ဟုတ်”
“ဘယ်လိုလဲ မခေါ်ချင်တဲ့လူ မတော်ချင်တဲ့ လူတွေစီ သွားရတာ”
“တော်ပါတော့ အမေရယ် အဲ့လူတွေအကြောင်း ထပ်မပြောပါနဲ့တော့”
“ဟုတ်ပါပြီ မပြောတော့ပါဘူး အော်.... ဒါနဲ့ သမီးနဲ့ သားရတုတို့ လာမဲ့တနင်္ဂနွေကြရင် မင်္ဂလာဆောင်ဖို့ အမေတို့အားလုံး ပြင်ဆင်ပြီးသွားပြီနော်”
“ရှင်.... အမေ မင်္ဂလာဆောင်တယ် လက်ထပ်တယ်ဆိုတာ ကလေးကစားစရာအလုပ်လို့ အမေထင်နေတာလား”
“မထင်ပါဘူး မထင်လို့လဲ အခုလို မြန်မြန်ဆန်ဆန် လုပ်လိုက်ရတာပေါ့”
“ဟာ.... အမေနဲ့တော့ တော်ပြီဟာ မပြောတော့ဘူ သမီးကို ဘာမှမတိုင်ပင်ဘဲနဲ့ ကြိုက်သလိုသာ လုပ်နေလိုက်တော့”
မြူရိပ် မျက်ရည်လေးများ ဝဲလည်ဝဲလည်နှင့် အခန်းရှိရာသို့ အလျင်အမြန်ပင် တက်သွားလိုက်တော့သည်။
စာကတော့ ရှည်နိုင်သလောက်ရှည်ရှည် ရေးထားပေးတယ်နော်။
စာဖတ်သူလေးများအားလုံး လက်နက်ဘေး ရောဂါဘေးမှ ကင်းဝေးကြပါစေ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏