“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”
“ဦးဘမိုး”
“အင်း.... ပြောလေ သမီး”
“ဟို.... သမီးကိုလေ....”
“ဟိုနေရာရပ်ပေးဒီနေရာရပ်ပေး မပြောနဲ့နော် သမီးမာမီက ဦးလေးကို မှာလိုက်တယ် ဧည့်သည်ကိုကြိုပြီးသာနဲ့ အိမ်ကိုတန်းခေါ်လာခဲ့ဖို့”
“ကျစ်....”
မှုံတစ်ယောက် ဦးဘမိုးအပြောကြောင့် စိတ်ညစ်သွားကာ လက်လေးပိုက်လိုက်ပြီး တစ်ဖက်သို့ လှည့်သွားလိုက်သည်။
“သမီး.... ဘယ်သွားမလို့လဲ”
“ရှင်.... ဟို ဟိုဘက်လမ်းပါ အမေ”
“ဘာလဲ ငြိမ်းသုတတို့စီ သွားမလို့လား”
“ဟင် .....”
“အမေကြိုပြောထားမယ်နော် အရင်တုန်းက သမီးနဲ့ငြိမ်းသုတနဲ့ ဘယ်လိုဇာတ်လမ်းဘဲ ရှိခဲ့ရှိခဲ့ အခုတော့ ပြန်ပတ်သပ်ဖို့ မစဉ်းစားနဲ့နော် အမေက ငြိမ်းသုတတို့ အမျိုးကိုသိပ်မကြိုက်ဘူး အရမ်းမောက်မာကြတယ် အမေတို့ကိုများ မတူသလို မတန်သလို ဘာလိုလိုနဲ့”
“အဲ့ဒါ အမေစိတ်ထင်လို့ပါ”
“စိတ်ထင်တာတွေဘာတွေ လာမပြောနဲ့ အမေပြောပြီးပြီ ငြိမ်းသုတနဲ့သမီးကို အမေလုံးဝသဘောမတူဘူးနော် သားရတုလေးနဲ့ဘဲ သမီးကို သဘောတူတယ်”
“ဟူး.... အမေနဲ့တော့ ခက်တာဘဲ တစ်ခါနှစ်ခါဘဲ တွေ့ဖူးတဲ့ အဲ့ကောင်လေးကိုမှ ဘာလို့ ဒီလောက် သမက်တော်ချင်နေရလဲမသိဘူး”
မြူရိပ် စိတ်ညစ်ညစ်နှင့်သာ တစ်ဖက်လမ်းစီသို့ ထွက်လာခဲ့လိုက်သည်။
“ဟင်....”
လမ်းတစ်ဖက်သို့ ရောက်တော့ သူမသိပ်ချစ်ရတဲ့ ငြိမ်းသုတ ကားထဲမှ ထွက်လာသည်ကို မြူရိပ် ငေးကြည့်နေမိသည်။
အစ်ကိုက အရင်တုန်းကထက် ပိုချောလာတာဘဲ။
“ဟင်... မြူ”
ကားထဲမှအထွက် မလှမ်းမကမ်း၌ ရပ်နေတဲ့ မြူရိပ်အား တွေ့ကာ သုတ မြူရိပ်အနား အပြေးလေး သွားလိုက်သည်။
“အစ်ကို”
“အဟွန်း....”
သုတ မြူရိပ်ကိုယ်လေးအား အလွမ်းပြေ ပွေ့ဖက်ထားလိုက်ချင်ပေမယ့် အခြေအနေက ပွေ့ဖို့မဖြစ်တာကြောင့် မြူရိပ်မျက်နှာလေးသာ ငေးကြည့်နေလိုက်မိသည်။
“မြူ အရမ်းလှလာတယ်သိလား”
“အစ်ကိုလဲ အရမ်းချောလာပါတယ်နော် လူတောင်မှားရတယ် သိလား”
“အဟွန်း.... မြူကတော့ မြှောက်နေပြန်ပြီ”
“မမြှောက်ပါဘူး”
“အဟမျး အဟမျး....”
အနောက်ပါးစီမှ အသံကြောင့် နှစ်ယောက်လုံး လှည့်ကြည့်လိုက်ကြသည်။
“သား လာခဲ့အုံး”
“မြူ လာ ကိုယ့်အမေကို လာနှုတ်ဆက်အုံး”
“ရပါတယ် အစ်ကိုရယ်အစ်ကို့ဘာသာ သွားလိုက်ပါ အစ်ကို့အမေက မြူကိုခေါ်တာမှ မဟုတ်တာ”
မြူ သုတအမေအကြောင်း သိနေသဖြင့် တည့်သာ ပြောလိုက်သည်။
“အဲ့လိုဘယ်ဟုတ်မလဲ လာပါ သွားရအောင်”
မြူလက်လေးအား အတင်းဆွဲ ခေါ်နေသဖြင့် သူမလဲ မလိုက်သွားချင်ဘဲ လိုက်သွားလိုက်ရသည်။
“သား မင်းအဲ့ဒါဘာလုပ်တာလဲ”
“ဗျာ.... ဘာလို့လဲဟင်”
သုတအမေဖြစ်သူ ဒေါ်ဝေမာငြိမ်း အပြောအား သုတပါ နားမလည်သော အကြည့်များဖြင့် ကြည့်ကာ မေးလိုက်သည်။
“လွှတ်လိုက် အဲ့လက်”
ဒေါ်ဝေမာငြိမ်းက ပြောရင်းဖြင့် သုတကိုင်ထားတဲ့ မြူရိပ်လက်အား ဆွဲပစ်လိုက်သည်။
“ဟင်....”
“အမေ ဘယ်လိုလုပ်လိုက်တာလဲ”
“မြင်တဲ့အတိုင်းဘဲလေ ကိုယ်နဲ့လက်ထပ်မဲ့ မိန်းကလေးအရှေ့မှာ တစ်ခြားမိန်းကလေးတစ်ယောက်ရဲ့ လက်ကိုကိုင်ထားတယ် ဆိုတာ ဖြစ်သင့်လား သား”
“ဗျာ....”
“ဟင်...”
ဒေါ်ဝေမာငြိမ်းအပြောကြောင့် မြူရိပ်ရင်ထဲ အောင့်ခနဲဖြစ်သွားရသည်။ ထို့နောက် မြူရိပ် သုတအား နားမလည်သော မျက်ဝန်းတို့နှင့် ကြည့်လိုက်သည်။
“အမေဘာကိုပြောတာလဲ ဘယ်က ကျွန်တော် လက်ထပ်မဲ့ မိန်းကလေးလဲ”
“သူဘဲလေ”
ဒေါ်ဝေမာငြိမ်း မှုံရတီလက်လေးအား ကိုင်ကာ ပြောလိုက်သည်။
“ရှင်... အန်တီ ဟို.... မှားနေပြီထင်တယ် သမီးမှာက ချစ်သူရှိတယ်”
“သမီး ဘာတွေရှောက်ပြောနေတာလဲ သမီးမှာချစ်သူ မရှိပါဘူး”
“မာမီ...”
“ရတယ် ဘာမှမဖြစ်ဘူး အခုလောလောဆယ်တော့ သမီးကော သားကော ကြိုက်တဲ့လူနဲ့ တွဲလို့ရတယ် နောက်ကျရင်တော့ သမီးနဲ့သားက လက်ထပ်ရမှာနော်”
“အမေဘာတွေပြောနေတာလဲ ကျွန်တော် နားမလည်ဘူး”
“နောက်တော့ နားလည်လာမှာပေါ့ အခုကတော့ သိသင့်တဲ့လူသိအောင် ကြိုပြောထားတာ”
ထိုစကားက မြူအား ရွှဲ့စောင်းကာ ပြောနေသည်ကို ကျွန်မသိပါသည်။ ဒါပေမယ့် ကိုယယ်သိပ်ချစ်ရတဲ့သူရဲ့ အမေဆိုတော့လဲ ကျွန်မ လက်သီးသာ တင်းတင်းစုပ်ထားလိုက်ပြီး ပြောချင်တဲ့စကားလုံးများအား မြိုချလိုက်ရကာ သည်းခံလိုက်ရသည်။
“အော်.... ဒါနဲ့ ဒီက သမီးမြူရိပ်ရှင်း အန်တီ့သားမှာက လက်ထပ်ရမဲ့ မိန်းကလေး ရှိတယ်နော်သမီး စီးပွားရေးတက္ကသိုလ် တက်နေတာ ကျောင်းပြီးသွားရင် သူ့အမေရဲ့ လုပ်ငန်းတွေလုပ်မှာ သမီးရဲ့ အော်.... လုပ်ငန်းဆိုပေမယ့် လက်ဖက်ရည်ဆိုင်တို့ ကုန်စုံဆိုင်တို့ မဟုတ်ဘူးနော်”
“သိပါတယ် အန်တီ အန်တီမပြောလဲ အန်တီ့ပုံကိုကြည့်တာနဲ့ ပါးစပ်က ဘယ်လိုအဆင့်နဲ့ ဘယ်လိုစကားလုံးတွေ ထွက်လာမယ်ဆိုတာ သမီး ကောင်းကောင်းကြီး သိပါတယ်”
“အမယ်လေးဟယ် သမီးရယ် ဒါလေးပြောတာကိုများ ဘာလို့ ဒီလောက်ထိ အထိနာသွားရတာလဲ”
“ဘာ.... အထိနာတယ် ဟုတ်လား”
မြူရိပ် ဝဲတက်လာတဲ့ မျက်ရည်တို့အား ပါးပြင်ပေါ်သို့ မစီးဆင်းလာအောင် မနည်းထိန်းထားလိုက်ရသည်။ သူမခြေထောက်များက ထိုနေရာကနေ အမြန်ဆုံး ထွက်သွားချင်ပေမယ့် ခြေထောက်တွေက မြေကြီးနှင့်ဆွဲကပ်ထားသလို မရွှေ့ဘဲ ဖြစ်နေသည်။
ထိုအချိန် အခိုက်တန့်လေးအတွင်း၌ ပြိုင်ကားတစ်စီး သူတို့အနားသို့ ရောက်လာခဲ့သည်။
“ဟင်... ဒါ ကိုနှိုင်းကားဘဲ”
ရုတ်တရက် မြင်လိုက်ရတဲ့ ရတုကားကြောင့် မှုံ ပါးစပ်ထဲ၌ လွှတ်ကနဲ ထွက်သွားမိသည်။
“အဲ့မှာ ဘာရပ်လုပ်နေတာလဲ တက်”
“ဟင်...”
မြူရိပ်မိခင်ဖြစ်သူ ဒေါ်မြရိပ်အေး ထိုအခြေအနေတွေ ဖြစ်လာမည်ကို သိသဖြင့် ရတုအား သွားခေါ်ဖို့ အကူအညီတောင်းခဲ့ခြင်းပေ။ ဒါကြောင့်လဲ ရတု ကားကို အမြန်ဆုံး မောင်းကာ သူမရှိရာသို့ လာခဲ့လိုက်ရသည်။ ဟိုရောက်တော့ အသိုင်းအဝိုင်းကြီးတွေကြား မျက်နှာငယ်လေးဖြင့် ခေါင်းငုံ့ကာ ရပ်နေတဲ့ မြူရိပ်ကြောင့် ရတု မသိစိတ်ကနေ မြူရိပ်အတွက် စိတ်ပူမိသွသည်။
“တက်လေ ဘာလုပ်နေတာလဲလို့”
မြူရိပ် ရတုစကားများအား ကြားပေမယ့် သူမခြေထောက်တွေက မရွှေ့လှမ်းနိုင် ဖြစ်နေရသည်။
“အော်... ဒီအဘွားကြီးကတော့”
ရတု ပါးစပ်ကနေ ခပ်တိုးတိုးရွှတ်လိုက်ပြီး ကားပေါ်မှ ဆင်းကာ တုတ်တုတ်မျှ မလှုပ်ဘဲ ရပ်နေတဲ့ မြူရိပ်ကိုယ်လေးအား စွေ့ကနဲ ပွေ့ချီလိုက်ပြီး ကားထဲသို့ ထည့်လိုက်သည်။
ထို့နောက် ဒေါ်ဝေမာငြိမ်းအား လက်ညိုးထိုးလိုက်ပြီး။
“အင်း.... ခင်ဗျားကတော့ သတိထားပြီးသာနေ”
ရတု ပြောပြီးသည်နှင့် ကားပေါ်သို့ တက်သွားကာ ထိုနေရာလေးမှ မောင်းထွက်လာခဲ့သည်။
“ကိုနှိုင်း ကိုနှိုင်း....”
ရတု စိတ်ထဲ အနည်းငယ် ဒေါသထွက်နေတာကြောင့် အနောက်ပါးစီမှ ခေါ်သံလဲ မကြားတော့ပေ။
“ကျစ်....”
မှုံ စိတ်တိုတိုနှင့် ကားပေါ်သို့ ပြန်တက်လိုက်သည်။
“ဦးဘမိုး အိမ်ပြန်မယ် အိမ်ကိုမောင်းပေး”
“သမီး”
“မာမီပြန်ချင်ရင် တစ်ခါတည်းလိုက်ခဲ့ သမီးကတော့ ဒီမှာ ထပ်မနေဘူးနော်”
သမီးဖြစ်သူရဲ့ စကားကြောင့် ဒေါ်မှုံသဇင်လှိုင်လဲ အားနာနာနှင့်သာ တစ်ဖက်က ဒေါ်ဝေမာငြိမ်းအား နှုတ်ဆက်လိုင်ပြီး ထွက်လာခဲ့လိုင်သည်။
“ဟိတ် ဒီမှာ ဟိတ်”
ရတု မြူရိပ် လက်အားတို့ကာ ခေါ်လိုက်ပေမယ့် သူမကတော့ ခေါင်းကြီးအား အောက်သို့ ငိုက်ထားကာ ဘာမှမပြောဘဲ ထိုင်နေလေသည်။
“ဟိတ် အဘွားကြီးလို့”
“ဟင်.... ဘာ ငါ့ကိုဘယ်လိုခေါ်လိုက်တယ်”
“အော်.... ခင်ဗျားက ဒါကြတော့ ကြားတယ်နော်”
“အဘွားကြီးလို့ ခေါ်မှတော့ မကြားဘဲနေပါ့မလား”
“ဟုတ်ပါပြီ ဒါနဲ့ ခင်ဗျား ငိုနေတာလား”
ရှိုက်သံတစ်ချို့ကြောင့် ရတု မြူရိပ်ငိုနေသည်ဆိုတာ တန်းသိသည်။
“ဟုတ်တယ် ငိုတော့ ဘာဖြစ်လဲ”
“ခင်ဗျားကလဲ အဓိပ္ပာယ်မရှိလိုက်တာ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ငိုစရာလားလို့”
“ဘာကို အဓိပ္ပာယ်မရှိတာလဲ တို့ကိုအခု အော်လိုက်တဲ့ သူရဲ့သားက ဘယ်သူလိူ့ထင်နေတာလဲ”
“ပြောပါအုံး အဲ့ဘဲကြီးက ဘယ်သူလဲ”
“ငါတိတ်တစ်ခိုး ချစ်နေရတဲ့သူဟ”
“အော်.... ခင်ဗျား crushကြီးကလဲ ကျွန်တော့လောက်တောင် မချောဘူးနော်”
“ဘာ.... မင်းရူးနေလား ဟိုက လူကြီးလူကောင်းဆန်ဆန်နဲ့ ချောတာဟ မင်းကတော့ ဘယ်လိုချောလဲမသိဘူး ငါ့မျက်လုံးထဲမှာတော့ နားကတ်တွေ ဆွဲကြိုးတွေနဲ့ လုံးဝမမိုက်ဘူး”
“ဟာ... ဒါဆိုရင်တော့ ခင်ဗျားလုံးဝ မှားသွားပြီ တစ်ကယ်တော့ ဒီလိုတွေဝတ်တာက ခေတ်နဲ့အညီ လိုက်လျှောနေတာလို့ ခေါ်တယ်ဗျ ခင်ဗျားရဲ့ crushကြီးကမှ ဟိုဘက်ခေတ်က သေခါနီးဘိုးတော်ကြီး ကြနေတာဘဲ”
“ဟိတ် ကောင်စုတ် မင်းဘယ်လိုပြောလိုက်တာလဲ”
“ပါးစပ်ကနေ ပြောလိုက်တာလေဗျာ”
“ကျစ်.... ထားလိုင်ပါတော့ မင်းပြောတာလဲ ဟုတ်တယ် အချစ်တတ်တဲ့ မျက်လုံးတွေနဲ့သာ သူ့ကိုကြည့်ခဲ့ရင် တစ်ကယ့်သေခါနီး အဘိုးကြီးဖြစ်နေမှာ အခုတော့ ချစ်တက်တဲ့မျက်လုံးတွေနဲ့ သူ့ကိုကြည့်ခဲ့တော့ ငါဘဲခံစားနေရပြီ”
ပြောရင်းဖြင့် ငိုလာတော့မည့် မြူရိပ်ကြောင့် ရတု အမြန်ပင် တားဖို့ပြင်လိုက်ရသည်။
“ကဲပါ ငိုမနေနဲ့ ဘာမဟုတ်တဲ့ အဘိုးကြီးအတွက်နဲ့ လိုက်ခံစားနေတာ အခုချိန်မှာ ခင်ဗျား အဲ့လူနဲ့တွဲနေလဲ တစ်ချိန်ကြရင် ကျွန်တော့ကို လက်ထပ်ရမှာဘဲ”
“ဒါပေမယ့် အဲ့ဒါက ငါတို့မချစ်ဘဲနဲ့ လက်ထပ်မှာလေ ဒါကြောင့် တစ်ချိန်ကြရင် ပြန်ကွာရှင်းကြမှာဘဲ”
“မကွာရှင်းရအောင် လုပ်လို့ရပါတယ်”
“ဟင်.... ငါနားမလည်ဘူး”
“နားမလည်လဲ နားမလည်သလိုဘဲ နေလိုက်တော့.... ဒါနဲ့ ခင်ဗျား အခုဘယ်သွားချင်လဲ ခင်ဗျားသွားချင်တဲ့နေရာကိုပြော ကျွန်တော့ လိုက်ပို့ပေးမယ်”
“ဘယ်သွားရင် ကောင်းမလဲ”
ခဏတာ စဉ်းစားနေတုန်း အတွေးထဲ ပေါ်လာတာက ဗေဒင်။
“ဟုတ်ပြီ ဗေဒင် သွားမေးရမယ် ဒီရက်ပိုင်း ကံတွေမကောင်းဘူး ဆောင်ရန်ရှောင်ရန်လေးတွေကို မြို့ထဲက ဗေဒင် ဆရာစီမှာ သွားမေးရမယ် တစ်ခါတည်း ယတြာယာပါ တောင်းခဲ့ရမယ်”
“ဟူး...”
ဒီအဘွားကြီးတော့ လက်လှမ်တယ်။
စာဖတ်သူလေးများအားလုံး လက်နက်ဘေး ရောဂါဘေးမှ ကင်းဝေးကြပါစေ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏