“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”
“သမီးပြန်လာပြီလား”
“ဟုတ်”
“သမီး အမေပြောစရာရှိတယ် ခဏလာခဲ့အုံး”
မြူရိပ် ဆိုင်ထဲဝင်မယ့် ခြေလှမ်းများအား ရုတ်သိမ်းကာ အိမ်ဘက်သို့ လှည့်လာခဲ့လိုက်သည်။
“ထိုင်”
“အမေသမီးကို ပြောစရာရှိလို့”
“ဟုတ်”
“သမီးလဲ သိမှာဘဲ အမေတို့က အသက်ကြီးပြီလေ ဘယ်နေ့သမီးကို နှုတ်ဆက်ပြီး ဒီလောကကြီးကနေ ထွက်သွားရမလဲဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ ဒါကြောင့်....”
“အဟင့်.... သမီးနားလည်ပါတယ် အမေ”
မြူရိပ် သူမအမေအား ဖက်ထားလိုက်ကာ ငိုလျက်ဖြင့် ပြောလိုက်သည်။
“အမေက သမီးကို အမြန်ဆုံး အိမ်ထောင်ပြုခိုင်းစေချင်တာမလား”
“ဟို.... အမေပြောချင်တာက”
“အမေ့သဘောအတိုင်းပါ အမေ သမီးအမေ့စကားကို မလွန်ဆန်ပါဘူး”
“အမေတောင်းပန်ပါတယ်”
“တောင်းပန်ဖို့ မလိုပါဘူး.... ”
“ဟူး....”
“ဒါဆို သမီးကို ခွင့်ပြုပါအုံး ဆိုင်ထဲမှာ လူကျနေလောက်ပြီ”
“အင်းပါ”
မျက်နှာလေးညှိုးစွာ ထွက်သွားတဲ့ သမီးဖြစ်သူကြောင့် ဒေါ်မြရိပ်အေး စိတ်ထဲ ဝမ်းနည်းသွားရသည်။
“ဟိတ်ကောင် လာပြီပေါ့”
“ဟူး.....”
ကန်တင်းက သူ့သူငယ်ချင်းတွေရဲ့ ဝိုင်း၌ ထိုင်လိုက်ကာ သက်ပြင်းရှည် တစ်ချချလိုက်သည်။
“ဘာဖြစ်လာတာလဲ ရတု”
“ကျစ်.... ငါ့အမေလေ ငါ့ကို မိန်းမယူခိုဂ်းတော့မလို့တဲ့”
“ဟမ်....”
ရတုအပြောကြောင့် ရတုသူငယ်ချင်း သုံးယောက်လုံး မျက်လုံးများပြူးကာ လန့်သွားရသည်။
“ဘယ်သူနဲ့လဲ”
“လက်ဖက်ရည်ဆိုင်က အဘွားကြီး”
“ဟား....ဟား....”
“ငါတို့တော့ နေ့တိုင်း လက်ဖက်ရည်သောက်ရတော့မယ်ဟေ့”
“ဟိတ်ကောင် ရတု”
“ပြော”
“မင်းစကကဘာကြီးလဲ ငါတို့ကို သေချာရှင်းအောင် ပြောစမ်းပါ”
“ငါ့အမေက ငါ့ကို သူ့အသိမိတ်ဆွေရဲ့ သမီးမြူရိပ်ရှင်း ဆိုတဲ့ ကပ်စေးနဲဘွားတော်နဲ့ ငါ့ကို ပေးစားမလို့တဲ့”
“ဟား... ဟား....”
“ငါတို့တော့စားရတော့မယ်”
“မင်းတို့ကလဲ စားရဖို့ဘဲ ချောင်းနေတာ ဒီမှာ လူက အဲ့ဘွားတော်ကို ယူရမှာမို့ သေချင်စိတ်တောင် ပေါက်တယ် သိလား”
“အော်.... မင်းကလဲ ယူပြီးလို့ အနေကြာလာရင်တော့ ချစ်ရင်ချစ်သွားမှာပေါ့ မဟုတ်လား”
“ဟူး....”
“ဒါနဲ့ မင်းသူ့ကို ချစ်လား”
“အော်... ပြောနေပြီဘဲဟာ သေချင်စိတ်တောင် ပေါက်ပါတယ်ဆို”
“ဒါဆို မင်းဘယ်လိုယူမယ်လို့ စဉ်းစားထားလဲ”
“ဘယ်လိုယူရမှာလဲ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆွမ်းကျွေးဘဲ လုပ်ပြီး ယူရမှာပေါ့”
“မင်းကိုငါ ဘယ်နေရာမှာ မင်္ဂလာ ဆောင်မှာလဲ မေးနေတာ မဟုတ်ဘူး မချစ်ဘဲနဲ့ သူ့ကို မင်း ဘယ်လိုယူမှာလဲလို့”
“ဟူး.... သူပြောတာကတော့ အခုလောလောဆယ် မိဘတွေ စိတ်ချမ်းသာအောင် လက်ထပ်ရအောင်တဲ့ လက်ထပ်ပြီးရင်လဲ ကိုယ်ချစ်တဲ့သူနဲ့ ကြိုက်သလို တွဲနိုင်တယ်တဲ့ လက်ထပ်ပြီးမှ ကိုယ်တစ်ကယ်ချစ်တဲ့ သူနဲ့ တွေ့လာခဲ့ရင် ကွားရှင်းကြမယ်တဲ့”
“အဟွန်း.... ဘယ်ဆိုးလို့လဲ ဒီလိုကြတော့ မင့်အဘွားကြီးက သဘောကောင်းမဲ့ပုံဘဲ”
“ဟုတ်တယ်ဟ အဘွားကြီးက သဘောတော့ကောင်းလောက်မှာ နောက်ပြီး စိတ်ဝင်းစားဖို့လဲ ကောင်းတယ်သိလား”
“အဟား.... ဒါဆိုရင်တော့ သေချာနေပြီ မင်းအဘွားကြီးကို နောက်ပိုင်းကြရင် ချစ်လာတော့မှာ”
“ဟာ.... မဖြစ်နိုင်တာ ငါစိတ်ဝင်စားဖို့ ကောင်းတယ်ဆိုတာက ရိုးရိုးသားသားပြောတာ ဘာစိတ်မှ မရှိဘူး”
“ဟုတ်လို့လား”
“မင်းတို့ ဘယ်လိုဖြစ်နေတာလဲကွာ... တော်ပြီဟာ ငါပြန်တော့မယ်”
“မပြန်နဲ့အုံး ဟိုမှာ”
ရတု သူ့သူငယ်ချင်းတွေ လက်ညိုးထိုးပြရာကို ကြည့်လိုက်တော့ မှုံရတီဆိုသည့် သူ့အား အမြဲလိုရ်ကပ်နေတဲ့ ကောင်မလေး။
“ဟူး....”
“ဟိုင်း... ကိုနှိုင်း”
“ဟိုင်း....”
ရတု အားနာနာနှင့်သာ ပြန်ဟိုင်းလိုက်ရသည်။
“ဘယ်သွားမလို့လဲဟင်”
“ဖိတ်စာသွားရိုက်မလို့”
“ဟင်... ဖိတ်စာ ဟုတ်လား”
“အင်း..."
“ဘာဖိတ်စာလဲဟင်”
“မင်္ဂလာဖိတ်စာ”
“ကိုနှိုင်း မင်္ဂလာဆောင်တော့မလို့လား”
“ဟုတ်တယ်”
“ဟင်.... မဖြစ်နိုင်တာ ကိုနှိုင်း နောက်နေတာ မဟုတ်လား”
“မဟုတ်ဘူး အတည်ပြောနေတာ အော်.... နောက်တောင် ကျတော့မယ် ဒါဆို အစ်ကို့ကို ခွင့်ပြုပါအုံးနော်”
“အင်း....”
မှုံရတီ တစ်ယောက် စီပွားရေး တက္ကသိုလ်ထဲသို့ ရောက်ရောက်ခြင်း စချစ်ခဲ့ရတဲ့ သူ့ထက် နှစ်နှစ်ကြီးတဲ့ နှိုင်းရတုက မင်္ဂလာဆောင်တော့မယ်ဆိုတော့ သူမ နှလုံးသားအား ဓားနှင့် အရှင်လတ်လတ် ထိုးလိုက်သလို နာကျင်သွားရသည်။
“ကိုနှိုင်းရယ် လုပ်ရက်လိုက်တာ အဟင့်....”
သူမ ငိုနေပုံအား မသနားဘဲ နှာခေါင်းကြီး ရှုံ့ကာ ကြည့်နေတဲ့ ရတုသူငယ်ချင်းများအား မှုံ မျက်စောင်း ထိုးပစ်လိုက်သည်။
“နင်တို့က ဘာကြည့်နေကြတာလဲ ဒီမှာ သူများ အသဲကွဲနေတာနော်”
“အော်... အေးအေး ဆောရီးနော် လာ... ထ ငါတို့သွားရအောင် နောက်မှ ပြဿနာတက်နေလိမ့်မယ်”
ရတုသူငယ်ချင်း မိုးထက်ရန် အပြောကြောင့် ကျန်တဲ့နှစ်ယောက်လဲ ထလိုက်ကာ ထိုနေရာလေးမှ ထွက်လာခဲ့လိုက်ကြသည်။
“တီ.... တီ....”
ကားဟွန်းတီးသံကြောင့် ဒေါ်မြတ်ပိုပို ထိုင်နေရာမှ ထလိုက်ပြီး တံခါးပေါက်နားရပ်ကာ ရတုအဝင်ကို စောင့်နေလိုက်သည်။
ဝင်လာပါပြီ ကားသော့ကို သူ့လက်ညိုးနဲ့ လှည့်ကာ တစ်ဖက်က ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားပြီး လေချွန်ကာဖြင့် တစ်စိုက်မတ်မတ် ဝင်လာခဲ့သည်။
ဒီလိုကြတော့ ငါ့သားက ချောသားဘဲ ဒါကို ဘာလို့ ကြိုက်မဲ့မိန်းကလေး မရှိရတာလဲ။
တစ်ကယ်တော့ ရတုအား ကြိုက်တဲ့မိန်းကလေးဆိုသည်မှာ တစ်ကျောင်းလုံးနီးပါးပင်။ ဒါပေမယ့် ရတုက play boy မဟုတ်ကာ မိန်းကလေးများအား သူ့ကြောင့် အသဲမကွဲခိုင်းစေချင်သဖြင့် သူတစ်ကယ်ချစ်တဲ့ မိန်းကလေးအား မတွေ့မချင်း ယောင်လို့တောင် ဘယ်မိန်းကလေးကိုမှ လှည့်မကြည့်ခဲ့ပေ။
မှုံရတီဆိုတာကလဲ သူဘယ်လောက်ငြင်းငြင်းလိုက်ကပ်နေတာကြောင့် မပြောဘဲ လွတ်ထားရသည်။
“ပြန်လာပြီလား သား”
“ဟုတ်”
“လာ အထဲဝင်ရအောင် ငါ့သားလေး ပင်ပန်းနေတော့မှာပေါ့”
“ဟင်....”
ရုတ်တရက်ဆိုသလို သူလွယ်ထားတဲ့ လွယ်အိတ်လေးအား ဆွဲယူလိုက်ပြီး ပြန်လာတိုင် အမြဲဆူနေကြ အသံလိုမဟုတ်ဘဲ ချိုသာလွန်းတဲ့ အသံကြောင့် ရတုမှာ ကိုယ်လေးပင် အနောက်ဆုတ်သွားပြီး လန့်သွားရသည်။
“အမေဘာပြောမလို့လဲဟင်”
“အဟွန်း.... လာလာ အရင်ဆုံး အထဲဝင်”
လက်မောင်းလေးကနေ ကိုင်ကာ ဧည့်ခန်းထဲထိ ဆွဲခေါ်သွားတဲ့ ဒေါ်မြတ်ပိုပို။
“လာ ထိုင် ဟို.... သား မနက်ကကိစ္စ သားဘက်ကဘယ်လိုလဲ လက်ခံတယ်မလား”
“ဟူး.... အမေ့သဘောပါဘဲဗျာ”
“အဟွန်း.... ပျော်လိုက်တာ ငါ့သားလေးက အရမ်းလိမ်မာလိုက်တာ”
“အမေ ကတိနော် ဆိုင်ကယ်ဝယ်ပေးမယ်ဆိုတာ”
“ကတိကတိ သားလက်ထပ်ပြီးတဲ့နေ့ ဆိုင်ကယ်ချက်ချင်းရစေရမယ်”
“အဟွန်း.... အော်.... ဒါနဲ့ သား အမေ့ကို တစ်ခုတောင်းဆိုစရာရှိတယ်”
“ပြောလေ သား”
“သားတို့ လက်ထပ်ပြီးလို့ ကြာလာရင် သဘောထားမတိုက်ဆိုင်လို့ ကွာရှင်းဖို့ လုပ်လာခဲ့ရင် အမေခွင့်ပြုရမယ်နော်”
“ဟင်.... အဲ့ဒါက”
“ဘာလဲ ခွင့်မပြုပေးဘူးလား”
“ခွင့်ပြုတယ် ခွင့်ပြုတယ် ဟုတ်ပြီလား”
“အဟွန်း... ဒါဆို သားကိုခွင့်ပြုပါအုံး အပေါ်တက်ပြီး နားလိုက်အုံးမယ်”
“ဟုတ်ပါပြီ”
အဓိကက သူတို့နှစ်ယောက် လက်ဖပ်ဖို့ ဖြစ်သဖြင့် ဒေါ်မြတ်ပိုပို ရတုတောင်းဆိုသမျှကို လိုက်လျှောပေးလိုက်သည်။
“သမီး မှုံရတီ”
“ကျစ်.... ”
အသဲကွဲရပါတယ်ဆိုမှ အမေဖြစ်သူရဲ့ ဆူငေါက်ငေါက်အော်ခေါ်လိုက်တဲ့ အသံကြောင့် စိတ်တွေပိုညစ်လာကာ မျက်ရည်များပင် ဝဲတက်လာရသည်။
“ပြော ဘာပြောမလို့လဲ မာမီ”
“ဒီနေ့ မာမီသူငယ်ချင်းရဲ့သား စင်္ကာပူကနေ ပြန်ရောက်မှာတဲ့ အဲ့ဒါ ခဏနေကြရင် သမီးသွားကြိုချေ”
“ဟူး.... သွားမကြိုလို့ မရဘူးလား မာမီ”
“မရဘူးသမီး သွားကိုကြိုရမယ် ခဏနေရင် ဒရိုင်ဘာဘမိုး လာလိမ့်မယ် ဘမိုးနောက်လိုက်သွားပြီး သွားကြိုခဲ့ ကြားလား”
“ကျစ်.... ကြားတယ် ကြားတယ်”
ဖတဆိုးလေးဖြစ်တဲ့ မှုံရတီတစ်ယောက် စိတ်ညစ်ညစ်ဖြင့်သာ အပေါ်ထပ်သို့ တက်သွားလိုက်တော့သည်။
“ဟင်.... ကိုငြိမ်းသုတ ဒီနေ့ပြန်ရောက်မယ် ဟုတ်လားအမေ”
“ဟုတ်တယ် သမီးရဲ့”
“အဟွန်း....”
မြူရိပ် သူ့ငယ်ချစ်ဦးဖြစ်တဲ့ ငြိမ်းသုတ ပြန်ရောက်မည်ဆိုသဖြင့် စိတ်ထဲတွင် အတိုင်းမသိကို ဝမ်းသာနေရသည်။
နောက်ဆုံးတော့ အစ်ကိုပြန်လာတော့မယ်ပေါ့ အစ်ကိုနိုင်ငံခြားက ပြန်လာမှ ပြောမယ်ဆိုတဲ့ အဲ့စကားလေးကို မြူ နားထောင်ဖို့ အဆင်သင့်ဘဲ အစ်ကိုရယ်။
မြူရိပ် မျက်နှာ၌ အပြုံးပန်းများဝေကာ ဆိုင်ထဲ၌ လူလဲမရှိသဖြင့် သူမအခန်းလေးရှိရာစီ ဝင်သွားလိုက်သည်။
“တီ တီ...”
“ဘမိုး လာပြီထင်တယ် သမီး သမီးမှုံရတီ ဦးဘမိုး ကားရောက်ပြီ ဆင်းလာခဲ့တော့”
မှုံရတီ မျက်ရည်များအား သုတ်ကာ ဒူးဖုံးဂါဝန်လေးအား လဲလိုက်ပြီး မျက်နှာသစ်ကာ ဆင်းလာခဲ့သည်။
“ဟိုမှာ ဦးဘမိုး ရောက်ပြီ သွားတော့”
“အဲ့ မာမီဧည့်သည်သားကို သမီးက သွားကြိုပြီး ဘယ်မှာထားခဲ့ရမှာလဲ”
“အိမ်ကိုဘဲ ခေါ်လာခဲ့လိုက် သူ့မိဘတွေလဲ ခဏနေကြရင် မာမီတို့ အိမ်ကိုလာကြမှာ”
“ဟူး....”
မာမီတစ်ယောက်ကတော့ ဘာတွေလုပ်နေမှန်း မသိဘူး ကျွန်မကတော့ စိတ်တွေအရမ်းညစ်နေရသည်။
ဒီလိုနဲ့ဘဲ ဦးဘမိုးနှင့် မှုံရတီ ဧည့်သည်သားအား ကြိုရန် လေယာဉ်ကွင်းဆီသို့ ထွက်လာခဲ့လိုက်ကြသည်။
“ဦးဘမိုး အဲ့လူက ဘယ်လိုပုံစံမျိုးလဲ”
“ယောပုဆိုးနဲ့ တိုက်ပုံဝတ်ထားတယ်တဲ့”
“ဟမ်.... နိုင်ငံခြားက ပြန်လာတဲ့သူက ယောပုဆိုးနဲ့တိုက်ပုံ ဝတ်တယ် ဟုတ်လား”
“အင်း ဟုတ်တယ် မမှုံကတော့ အဲ့လိုပြောခဲ့တာဘဲ အရပ်ကရှည်ရှည် ခန္ဓာကိုယ်က ခပ်တောင့်တောင့် အသားဖြူဖြူနဲ့တဲ့ သမီးရှာရ လွယ်မှာပါ”
“ဟုတ်မှာပါ”
ဘာရယ်တော့မဟုတ် ကျွန်မ ထိုလူပုံစံအား တွေးရင်း တွေ့ချင်စိတ်တွေ တစ်ဖွာဖွာ ဖြစ်နေမိသည်။
ခဏကြာ ကားမောင်းလာပြီးတော့ လေယာဉ်ကွင်းထဲသို့ ရောက်လာခဲ့သည်။
“ဦးဘမိုး ဒီမှာ စောင့်နေလိုက်နော် သမီး အထဲဝင်ပြီး သွားကြိုလိုက်မယ်”
“ကောင်းပါပြီကွယ်”
မှုံ အထဲသို့ ဝင်လာကာ ထိုလူအား ရှာနေမိသည်။
“ကျစ်.... ဘယ်သူပါလိမ့် တစ်ခါမှ မတွေ့ဖူးတဲ့လူကိုများ မာမီက လာကြိုခိုင်းရတယ်လို့”
သူမ ဝေ့ပါတ်ရှာနေရင်းမှ ခဏက ဦးဘမိုး ပြောသည့် လူနှင့် တူသော ယောင်္ကျားလေးအား သူမတွေ့လိုက်သည်။
“အင်း... သူဖြစ်လောက်တယ် ဘယ်လိုဘဲဖြစ်ဖြစ် သွားမေးကြည့်ရမယ်”
ကျော်ပေးကာ ရပ်နေတဲ့ ထိုလူအား မှုံ အနောက်ကနေ ခြေဖျားလေးအား ထောက်ကာ ပုခုံးလေးအား လက်ဖြင့် တို့လိုက်သည်။
ငြိမ်းသုတ အနောက်ကနေ လာတို့သော ကောင်မလေးအား ကြောင်ကာ ကြည့်နေမိသည်။
“မင်းက ဘယ်သူလဲ”
“ဟို.... မှုံနာမည်က မှုံရတီပါ”
“အော်... မင်းက အန်တီမှုံသဇင်လှိုင် ရဲ့သမီးလား”
“အင်း... ဟုတ်တယ် ”
“အစ်ကို့နာမည်က ငြိမ်းသုတပါ”
“အော်.... ဟို.... ဦးလေးက မာမီကြိုခိုင်းလိုက်တဲ့သူ ဟုတ်တယ်မလား”
မှုံ သူ့ထက် အသက်ထက်ဝက်လောက်ကြီးမဲ့ လူကြောင့် ဦးလေးဟု ခေါ်လိုက်သည်။
“ဟုတ်ပါတယ် ဒီက မှုံရတီရဲ့မာမီ ကြိုခိုင်းလိုက်တဲ့ ငြိမ်းသုတပါ”
“ဒါဆို သွားရအောင်လေ”
“အင်း....”
အရပ်ကြီးက အရှည်ကြီးနှင့် ယောင်္ကျားချင်းတောင် ငေးကြည့်ရသည့် ထိုလူအား မှုံရတီ မသိမသာနှင့် အနောက်သို့ ကြည့်လိုက်သည်။
“ဝိုး... တော်တော်ချောတာဘဲ ဒါပေမယ့် ကိုနှိုင်းလောက်တော့ မချောဘူး”
တစ်ယောက်ထဲ မှတ်ချက်ချကာ လေယာဉ်ကွင်းမှ ထွက်လာခဲ့လိုက်သည်။ ထွက်လာတဲ့ တစ်လျှောက်လုံးလဲ လူအများဝိုင်းကြည့်တာကို ခံရသဖြင့် စိတ်ထဲတွင် ပီတိဖြစ်မိသည်။ လူအများဝိုင်းကြည့်တာကလဲ အနောက်၌ ကပ်ပါလာတဲ့ ငြိမ်းသုတဆိုတဲ့ ထိုလူကြောင့်ပင်။
ဟူး.... မြူလေးရေ အစ်ကိုပြန်လာပြီ ဟိုးနှစ်တွေက မပြောခဲ့တဲ့ စကားလေးကို အစ်ကိုပြောတော့မယ်။
စာဖတ်သူလေးများအားလုံး လက်နက်ဘေး ရောဂါဘေးမှ ကင်းဝေးကြပါစေ ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏