book

Index 20

အပိုင်း(၂၀) (ဇာတ်သိမ်းပိုင်း)

“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”


“အစ်မ.... အစ်မ ဘာဖြစ်နေတာလဲ”
“ဟင်.....”

ရုတ်တရက်အရင်စဖတ်လာတဲ့ သူမကြောင့် ရတုလန့်သွားတော့သည်။

“အစ်မလေ.... အစ်မ မောင့်ကိုချစ်တယ် မောင် အစ်မကို မဖွင့်ပြောခင်ကတည်းကစ ချစ်ခဲ့တာ”

“ဟင်.....”

“နောက်တစ်ခါဆို ပြောခွင့်မရှိတော့မှာမို့ အချိန်တွေမလွန်ခင် ပြောလိုက်တာပါ..... အစ်မအခုလိုပြောလိုက်လို့ မောင်နိုင်ငံခြားသွားမယ့် အစီအစဉ်ကိုတော့ မဖျက်လိုက်နဲ့နော်”

“ဟမ်..... နိုင်ငံခြားသွားမယ် ဘယ်သူသွားမှာလဲဟင်”

“မောင်အခုသွားတော့မှာလေ”

“မောင်က နိုင်ငံခြားသွားမှာလား”

“အင်းလေ မဟုတ်လို့လား”

“မဟုတ်ပါဘူး နိုင်ငံခြားသွားမှာက ကျွန်တော့သူငယ်ချင်း”

“ဟင်.....”

“အဟွန်း..... မောင်နိုင်ငံခြားသွားရမယ်ထင်ပြီး ရင်ထဲစကားတွေကို နောက်ဆုံးတော့ ထုတ်ပြောလိုက်ပြီပေါ့”

“နေပါအုံး.... ဒါဆို နိုင်ငံခြားသွားမယ့်သူက"

“ကျွန်တော်ပါဗျ..... အော်..... လေယာဉ်တောင် ထွက်တော့မယ် ကျွန်တော်သွားတော့မယ်နော်..... ဟိတ်ကောင် သားရီး ငါငွားပြီနော်”

“အော်.... အေးအေး.... ခရီးလမ်းသာယာဖြောင့်ဖြူးပါစေကွာ”

“အေးပါ.... အဆင်ပြေအောင်နေကြနော်”

ရတုသူငယ်ချင်းလဲ ပြုံးစိပြုံးစိနှင့် ထွက်သွားတော့သည်။

“မ ခဏကဘာပြောလိုက်တာလဲ ကျွန်တော့ကို ပြန်ပြောပါအုံးလား”

“မပြောဘူး ဖယ်”

“ဟ.... ဘာလဲ စိတ်ကောက်သွားတာလား”

“စကားမများနဲ့ အိမ်ပြန်မယ်.... နောက်ပြီး ခဏကစကားကို အတည်မယူနဲ့နော်...."

“ဘာလို့လဲ....."

“ခဏက ငါရှောက်ပြောလိုက်တာ တစ်ကယ်မဟုတ်ဘူး ငါမင်းကို မချစ်ဘူး”

“မရပါဘူး.... မောင်ကတော့ ပထမစကားကိုဘဲ အတည်ယူတာ”

“ကျစ်....."

မြူရိပ် ရတုအား မျက်စောင်းလှလှလေးထိုးလိုက်ပြီး ထွက်လာခဲ့လိုက်သည်။

“မ စောင့်အုံးလေ မ အဟွန်း.....”

တစ်လမ်းလုံး မြူရိပ် ဘာစကားမှ မပြောဘဲ ကြောက်ရုပ်ကြီးလိုသာ လိုက်လာခဲ့သည်။
အိမ်ရောက်တော့လဲ ကားပေါ်မှအမြန်ဆင်းကာ အပေါ်တက်တော့မည့် အလုပ် ရတု သူမခါးလေးအား အမိအရ အနောက်မှသိုင်းဖက်လိုက်သည်။

“မ.... မလို့ ဘာလို့ အခုလိုကြီး လုပ်နေရတာလဲ"

“ငါ့ကိုလွှတ်”

“မလွှတ်ဘူးဗျာ..... ဘာလို့အခုလိုကြီး စကားမပြောဘဲ နေနေရတာလဲ မကသာ အဲ့လိုနေနိုင်ပေမာ့် မောင်ကတော့ အဲ့လိုမနေနိုင်ဘူးနော်”

“မနေနိုင်ရင် လဲသေလိုက်ပေါ့”

“ဟာ..... အဲ့လိုပေါ့ ရတာ်လေ မက မောင့်ကို သေခိုင်းစေချင်နေမှတော့ သွားသေရတာပေါ့”

ရတု မြူရိပ်အား ဖက်ထားရာမှ လွှတ်လိုက်ပြီး မီးဖိုခန်းဆီ ဝင်လာခဲ့လိုက်သည်။
ထို့နောက် ဓားတစ်ချောင်း ရှာလိုက်သည်။

“ဘာလုပ်နေတာလဲ အဲ့ဒါကြီးကို ချထားလိုက်”

“မဘဲ သေခိုင်းစေချင်တာ်ဆို အဲ့တော့ သေပေးရမှာပေါ့"

ရတုပြောရင်းဖြင့် သူဘယ်လက်ဖဝါးအား ဓားဖြင့် ဖျက်ဖို့အလုပ်.....။

“မလုပ်ပါနဲ့.... ရှောက်ပြောတာ ဘယ်သူက အင်းကိုသေခိုင်းစေချင်လို့လဲ"

“အစ်မဘဲခဏကပြောနေတာလဲ"

“အဲ့ဒါ ရှောက်ပြောတာပါ တစ်ကယ်မဟုတ်ပါဘူး...."

“အဲ့ဒါဆို အစ်မက ကျွန်တော့ကို မသေခိုက်းစေချင်ဘူးပေါ့”

“အင်း...."

“နေပါတော့ဗျာ..... မကမသေခိုင်းစေချင်ပေမယ့်လဲ မောင်ကတော့ သေချင်တယ်"

“ဘာလို့လဲ”

“မမှ မောင့်ကို မချစ်တော့တာ.... မချစ်တော့တဲ့ လူတစ်ယောက်နားမှာ ကြာကြာအသက်မရှင်ချင်ပါဘူး"

ရတု ပြောရင်းဖြင့် သူ့လက်အားဖြတ်တော့မည့်အလုပ် မြူရိပ် အလျင်အမြန်ပင်ပြေးသွားကာ တားလိုက်သည်။

“မ ဘာလုပ်တာလဲ”

“ရူးနေလား အခုလိုလုပ်တာ အသက်အန္တာရာယ်ပါ ထိခိုက်သွားနိုင်တယ်ဆိုတာ မင်းမသိဘူးလား”

“မမှ မချစ်တော့တာ အဲ့တော့ မောင်အခုလို အသက်ရှင်နေတော့ကော အဓိပ္ပာယ်ရှိပါ့အုံးမလား”

“ဘယ်သူကမချစ်ဘူး ပြောလဲ”

“ခဏက မဘဲပြောတာလေ”

“အဲ့ဒါလဲ ရှောက်ပြောတာ”

“အဟွန်း.... ဒါဆို.....”

“ဟုတ်တယ် ငါမင်းကိုချစ်တယ်....”

“ဟွန်း..... ငါမင်းကိုတဲ့လား”

“မောင့်ကို ချစ်တယ်”

“ဟာ.... ချစ်လိုက်တာကွာ”

ရတု အသဲတွေယားလာကာ သူမကိုယ်လေးအား ပွေ့ချီလိုက်သည်။

“ဘာလုပ်တာလဲ”

“ချစ်လွန်းလို့.... မောင်လို့ နောက်တစ်ခေါ်လောက် ပြန်ခေါ်ကြည့်ပါလား"

“မခေါ်ဘူး”

“နမ်းမှာနော်....”

“ဟာ....”

“ခေါ်မှာလား မခေါ်ဘူးလား”

“ခေါ်မယ်..... မောင်”

“ဟား..... ချစ်တယ်ကွာ မွ”

ရတု မြူရိပ်နဖူးလေးအား နမ်းပစ်လိုက်သည်။

“ဘာလုပ်တာလဲ”

“နောက်တစ်ခေါက်လောက်နမ်းခွင့်ပေးပါလား”

ဒီတစ်ခါတော့ မြူရိပ် ဘာမှဆက်မပြောတော့ဘဲ ရတုအနမ်းကို မစောင့်ဘဲ သူမကိုယ်တိုင်ဘဲ ရတုပါးပြင်လေးအား နမ်းပေးလိုက်သည်။

“အဟွန်း..... ချစ်တယ်ဗျာ..... အရမ်းချစ်တယ် ပြောမပြတက်အောင်ချစ်တယ်...."

“ဘာတွေ ချစ်နေကြတာလဲ”

“ဟင်...."

ကြားလိုက်ရတဲ့အသံကြောင့် ရတု မြူရိပ်ကိုယ်လေးအား ပွေ့ထားရာမှ လွှတ်ပေးလိုက်သည်။

“ကိုငြိမ်းသုတ"

“မှုံရတီ”

“အဟွန်း..... အခုလိုပျော်နေတော့ မှုံ စိတ်ချပါတယ်..... ဒီမှာ မင်္ဂလာဖိတ်စာ”

“ဟင်.... မြန်လိုက်တာ”

“မင်္ဂလာဆောင်ပြီးရင် ဦးသုနဲ့မှုံနဲ့က စင်ကာပူကို သွားတော့မှာ"

“အော်..... ကောင်းပါတယ် နှစ်ယောက်လုံးသွားမှာဆိုတော့"

“အင်း.... ဒါဆို ဆက်ချစ်ကြပါအုံး ကျွန်တော်တို့ ပြန်လိုက်ပါအုံးမယ်"

ငြိမ်းသုတ စပ်ဖြီးြဖီးလေးနှင့် မှုံရတီလက်အား ကိုင်ကာ ထွက်လာခဲ့လိုက်သည်။

“သူများတွေတော့ မင်္ဂလာဆောင်ကုန်ပြီ မောင်တို့ကတော့ အခုချိန်ထိ ကလေးလဲ မရသေးဘူး”

“မောင်နော်.....”

“အား.... အဲ့လိုတွေသိပ်မလုပ်ပါနဲ့လား"

“ဘာလို့လဲ”

“အသဲယားလွန်းလို့..... ဖက်နမ်းမိတော့မယ်”


ရတု သူမကိုယ်လေးအား တင်းနေအောင် ဖက်ထားလိုက်သည်။

“အရမ်းချစ်တယ်..... ဆောင်းဦးလှိုင်ရဲ့သီချင်းထဲကလိုဘဲ မောင့်ရဲ့ဘဝနဲ့ အသက်ရှင်နေထိုင် ဖြစ်တည်မှုတွေအားလုံးက မအတွက်ကြောင့်ဘဲ ဖြစ်တည်လာတာ ဒါကြောင့် မောင့်ကို တစ်ခါလောက်နမ်းခွင့်ပေးပါနော်"

“အင်း.....”

သူမရဲ့ ခွင့်ပြုချက်ရသည်နှင့် ရတု မြူရိပ် နှုတ်ခမ်းလေးတွေအား အချိန်ကြာမြှင့်စွာ နမ်းရှိုက်နေတော့သည်။
တစ်ယောက်နဲ့တစ်ယောက် အချိန်တွေကြာမြှင့်စွာ အနမ်းများအား ဖလှယ်နေလိုက်ကြသည်။

မအတွက်နဲ့ ဖြစ်တည်လာတာမို့ မရဲ့အချစ်ဆုံးလူသားလေးဖြစ်ချင်ပါတယ်။
အရမ်းချစ်တယ်...... မ

************************************
ပြီးပါပြီ။

အစအဆုံးဖတ်ပေးခဲ့တဲ့ စာဖတ်သူတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။

ဝါသနာအရရေးခဲ့တာမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပါ။

𝐴𝑢𝑡ℎ𝑜𝑟 𝑺𝑶𝑰


rate now: