“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”
“ဟူး.... တော်ပါသေးရဲ့ ဖုန်းအစုတ်လေနဲ့ ငါဟန်ဆောင်ကောငါးလိုက်လို့ အဟီး....”
တစ်ယောက်ထဲသဘောကျစွာ ပြောလိုက်ပြီး ဆိုင်ကယ်လေးအား ရပ်လိုက်ကာ ဆိုင်လေးအား ဖြတ်ပြီး အိမ်ထဲသို့ ဝင်လာလိုက်သည်။
“သမီး ပြန်လာပြီလား”
“ဟုတ် အဟွန်း.... အမေသိလား ဒီနေ့လေ သမီး ဘာဖြစ်ခဲ့လဲဆိုတာ”
ဖိနပ်လေးအား ချွတ်ကာ ဧည့်ခန်းထဲ၌ ထိုင်နေတဲ့ မိခင်ဖြစ်သူအား မကြည့်ဘဲ ဖြေလိုက်သည်။
“ပြောပါအုံး ဘာဖြစ်ခဲ့တာလဲ”
“ဒီနေ့.... ဟင်.... ဧည့်သည်ရောက်နေတာလား”
“ဧည့်သည်မဟုတ်ပါဘူး အမေ့ ငယ်ပေါင်းတွေလေ”
“အော်....”
“ဒီကိုလာထိုင်အုံး သမီး”
“ဟုတ်”
မြူရိပ် ကြောင်တောင်တောင်လေးနှင့် သူမ မိခင်ဘေး၌ ဝင်ထိုင်လိုက်သည်။
“မြတ်ရေ ဒါကတော့ မြသမီး မြူရိပ်ရှင်းတဲ့”
“အဟွန်း... သမီးလေးက အချောလေးဘဲ အမေတူလို့နေမှာ အဖေသာတူလို့ကတော့ ပုပုလုံးလုံးလေး ဖြစ်နေမှာ”
“ဟား.... ဟုတ်မှာ”
“ဒါနဲ့ သမီး ကျောင်းပြီးပြီလား”
“ဟုတ် ပြီးပါပြီ အဝေးသင်နဲ့ ဘွဲ့ရထားပါတယ်”
“အော်...”
“မြသမီးက ကျောင်းစာတွေ စိတ်မဝင်စားဘူး မြတ်ရဲ့ ငယ်ငယ်ကတည်းက ပိုက်ဆံတွေနဲ့ ထိတွေ့ခဲ့ရတာဆိုတော့ ပိုက်ဆံအကြောင်းသိနေတော့ ကျောင်းတက်ပြီး အချိန်ကုန်နေမဲ့အစား အမေ့ရဲ့ လက်ဖက်ရည်ဆိုင်ကိုဘဲ ကူလုပ်ပြီး ပိုက်ဆံများများ ရှာမယ်မယ်ဆိုပြီး ဝင်လုပ်ခဲ့တာဘဲ အခုတော့ မြတို့မလုပ်နိုင်တော့ သမီးကိုဘဲ ဆိုင်ကို လွှဲထားလိုက်ရတာပေါ့”
“ကောင်းတာပေါ့ မြသမီးတောင် ပိုက်ဆံရှာချင်စိတ်လေးရှိတာ ဂုဏ်ယူသင့်တယ် အိမ်က သားဆို အသက်က၂၀ပြည့်တော့မယ် ဘွဲ့လဲမရသေး အလုပ်ကလဲဘာမှမလုပ် တစ်နေကုန် ပိုက်ဆံသုံးဖြန်းနေတော့တာဘဲ ပြောကိုမပြောချင်ပါဘူး မြရယ်”
“အော်.... ဒါကတော့ မြတ်သားလေးက ငယ်သေးလို့ပါ”
“မငယ်တော့ပါဘူး မြရယ် အသက်တောင်၂၀ပြည့်တော့မယ်ဟာ အော်.... ဒါနဲ့ မြသမီးလေး အသက်က”
“၂၅နှစ်ပါ အန်တီ”
“အော်.... သားထက် ၅နှစ်ကြီးတာပေါ့”
“ဟုတ်”
“မိငယ်ရေ မိငယ် ဒီမှာနင်နဲ့တွေ့ချင်လို့တဲ့”
အိမ်ရှေ့ဆိုင်ထဲမှ လှမ်းခေါ်လိုက်တဲ့ ကိုသီဟအသံကြောင့် သူမထိုင်နေရာမှ ထလိုက်သည်။
“ဟို... ဒါဆို သမီးကို ခွင့်ပြုကြပါအုံးနော်”
“ကောင်းပါပြီကွယ်”
မြူရိပ် ဆိုင်ထဲသို့ ထွက်လာတော့ တွေ့လိုက်ရတာက ခဏက သူနဲ့ပြဿနာ ဖြစ်ခဲ့တဲ့ ကောင်လေးပင်။
“ဟင်... သူက ဘယ်လိုလုပ်”
ဆိုင်အား ခါးထောက်ကာ ဝေ့ကြည့်နေတဲ့ သူ့အား ကျွန်မ အတော် အမြင်ကတ်မိသည်။
“ဘာကိစ္စရှိလို့လဲ”
“အော်... ခင်ဗျားထွက်လာပြီကို.... ဘာကိစ္စမှတော့ မရှိပါဘူး ခင်ဗျားပေးတဲ့ လိပ်စာက မှားလားမှန်လား သိချင်လို့ တမင်လာခဲ့လိုက်တာ”
“တော်တော် ဓာတ်ဆီ ပေါနေတယ်ပေါ့”
“ဒါပေါ့”
“ကဲပါ ခင်ဗျား ကျွန်တော့ အတွက် လက်ဖက်ရည် ဖျော်လာခဲ့ ပြီးမှ ရော်ကြေးကိစ္စပြောကြတာပေါ့”
“ဘာရော်ကြေးလဲ မနက်က ပြောပြီးသွားပြီလေ မဟုတ်ဘူးလား”
“ဟုတ်ပါတယ် ဒါပေမယ့် ကျွန်တော့ဘက်က ပြောစရာကျန်သေးလို့ အဟွန်း....”
ထိုကောင်လေးက ကျွန်မအား မျက်လုံးတွေ မှေးတက်သွားတဲ့ အထိ ရီပြလိုက်ပြီး ခုံတစ်ခုံယူကာ ထိုင်ချလိုက်သည်။
“ကျစ်....”
ကျစ်တစ်ချက်သပ်လိုက်ပြီး ထိုကောင်လေးအား မျက်စောင်းထိုးလိုက်ကာ လက်ဖက်ရည်တစ်ခွက် ဖျော်ပေးလိုက်သည်။
“ရော့ သောက်လဲသောက် ပြီးရင် ပြောစရာရှိတာလဲ အမြန်ပြော”
“အင်း.... ဒီလို ခင်ဗျားကို ကျွန်တော် ရော်ကြေးနှစ်သိန်းဘဲ တောင်ထားတယ်မလား”
“ဟုတ်တယ်လေ”
“အဲ့ဒါ အခုနှစ်သိန်းနဲ့မရတော့ဘူလို့ သုံးသိန်းပေးလို့ လာပြောတာ”
“ဘာ...”
သူမရဲ့ အသံက တစ်ဆိုင်လုံး ပျံ့သွားကာ အိမ်ထဲရှိ စကားပြောနေသော သူမမိခင်ပါ ကြားသွားပြီး အလျင်အမြန်ပင် ထွက်လာခဲ့သည်။ အနောက်တွင်လဲ ခဏက ဧည့်သည်တွေပါ လိုက်လာခဲ့သည်။
“ခင်ဗျားကလဲ ဒါလေးပြောလိုက်တာကို ဘာဖြစ်လို့ အကျယ်ကြီး အော်လိုက်ရတာလဲ သူများတွေ ကြားသွားရင် ရှက်စရာကြီး”
“အို.... မရှက်နိုင်ပါဘူး ဒီမှာ တို့ပြောလိုက်မယ် နှစ်သိန်းဘဲ ပေးနိုင်တယ် သုံးသိန်းတော့ မပေးနိုင်ဘူး”
“သမီး...”
“ဟင်....”
အသံကြားရာ အနောက်ဘက်သို့ လှည့်ကြည့်လိုက်တော့ အမေနှင့် အမေ့ရဲ့ သူငယ်ချင်း။
“အမေ”
“ဟင်... ငါ့အမေနဲ့ငါ့အဖေက ဘယ်လိုလို့ ဒီကိုရောက်နေတာပါလိမ့်”
ရတု စားပွဲပေါ်ရှိ သတင်စာ တစ်စောင်အား ယူလိုက်ကာ သူ့မိဘများ မတွေ့အောင် မျက်နှာသို့ အုပ်ထားလိုက်သည်။
“ဘာဖြစ်တာလဲ မိငယ်”
“ရှင်.... ဟို.... ဘာမှမဖြစ်ပါဘူး အမေ”
“ဘာမှမဖြစ်ဘူးဆိုရင် ဘာလို့ အကျယ်ကြီး အော်လိုက်ရတာလဲ”
“ဟို.... အဲ့ဒါက”
“ဒီကောင် ဒီကောင်ကြောင့် အမေ”
မြူရိပ် အနောက်၌ သတင်းစာအုပ်အား အုပ်ကာ ထိုင်နေတဲ့ ရတုအား လက်ညိုးထိုးပြလိုက်သည်။
“ဒီက ဘယ်သူတုန်း”
“အော်.... မင်းကများ သတင်းစာအုပ်ထားရတယ်လို့ ”
မဖယ်နဲ့နော် ဖယ်လိုက်ရင်တော့ သေပြီ။
“ဖယ်စမ်း”
မြူရိပ် သတင်းစားအား ဖယ်ပစ်လိုက်သည်။
“ဟင်.... သား”
“ဟဲဟဲ အမေ”
“ဘယ်လိုလုပ် မင်းက ဒီကိုရောက်နေရတာလဲ”
“ဟို.... အဲ့ဒါက”
“ဒါက မြတ်ရဲ့သားလား”
“ဟုတ်တယ်မြရဲ့”
“ဟူး....”
စကားလမ်းကြောင်း ဖြတ်ပေးလိုက်တဲ့ ထိုအန်တီကို ရတုစိတ်ထဲ၌ ကျေးဇူးတင်နေမိသည်။
“ဟို.... ဒါဆို ကျွန် ကျွန်တော် အရင်ပြန်နှင့်တော့မယ်နော်”
“မရဘူး မင်းကို အမေပြောစရာရှိတယ်”
“ဟင်.... ဘာပြောမလို့လဲဟင်”
“မင်းအိမ်ထောင်ပြုရတော့မယ် ရတု”
“ဗျာ....”
“မင်းလက်ထပ်ရမဲ့သူက တစ်ခြားတော့ မဟုတ်ပါဘူး အမေ့မိတ်ဆွေရဲ့သမီး မြူရိပ်ရှင်း....”
“ဟင်...”
မြူရိပ်မှာ သူနာမည်ကို ပြောလိုက်သဖြင့် ပါးစပ်အဟောင်းသားနှင့် လန့်သွားရသည်။
“ဘယ်ကမြူရိပ်ရှင်းတုန်း အမေရဲ့ လူမပြောနဲ့ နာမည်တောင် တစ်ခါမှ မကြားဖူးတဲ့သူကို သားက ဘယ်လိုလက်ထပ်ရမှာလဲ”
“မြူရိပ်ရှင်းဆိုတာ တစါခြားလူတော့ မဟုတ်ပါဘူး သားရယ် သားအရှေ့မှာ ရပ်နေတဲ့သူ”
“ဟင်.... ဒီကပ်စေးနဲ အဘွားကြီးနဲ့ ဟုတ်လား အမေ”
“ဘာ.... မင်းကများ တို့ကို ကပ်စေးနဲ ဟုတ်လား ဒီမှာ ကပ်စေးနဲတဲ့ သူတွေကမှ သူဌေးဖြစ်တယ်ဆိုတာ မင်းမကြားဖူးဘူးလား”
“ကြားဖူးပါတယ် ဒါပေမယ့် အဲ့ဒါ။ခင်ဗျားမဟုတ်ဘူးလေ”
“မင်း....”
“သား မင်းသူများ သားသမီးကို ဘယ်လိုပြောလိုက်ရတာလဲ”
“မသိဘူးဗျာ”
“အမေ ဒီကအန်တီက တစ်ကယ် ပြောနေတာလားဟင်”
“ဟုတ်တယ် သမီးရဲ့ မြတ်သားလေးက လိမ်မာလောက်ပါတယ် အဲ့လောက်ထိ မဆိုးပါဘူး သမီးရယ် လက်ခံလိုက်ပါနော် သမီးကို လာကမ်းလှမ်းသမျှ လူတွေထဲမှာ အမေကတော့ မြတ်သားလေးနဲ့ဘဲ သဘောတူတယ်”
“ဒါပေမယ့်လဲ အမေ”
“သမီး လက်ခံလိုက်ပါနော်”
မျက်နှာလေးညိုးကာ ပြောလာတဲ့ မိခင်ဖြစ်သူကြောင့် မြူရိပ်စိတ်ထဲ ဝမ်းနည်းသွားရသည်။
ထို့နောက် ဆိုင်ထဲမှ ထွက်လာခဲ့လိုက်တော့သည်။
“ဘယ်သွားမလို့လဲ သမီး”
“ဒီနား”
ပြောပြီးတာနဲ့ ထွက်သွားလိုက်တဲ့ သမီးဖြစ်သူကြောင့် ဒေါ်မြရိပ်အေး စိတ်ထဲ အနည်းငယ် ဝမ်းနည်းသွားရသည်။
“မြဖြစ်ပါ့မလား”
“ရတယ် သမီးလေးက မြစကားတစ်ခွန်းဘဲ”
“ဟူး.... ဒါဖြင့် သား မင်းရဲ့ဆန္ဒကကော”
“အမေ့သဘောဘဲ ဟုတ်ပြီလား”
“အဟွန်း.... ကျေးဇူးပါ သားရေ”
“ရပါတယ် ဒါဆို သား အရင်သွားနှင့်တော့မယ်”
“အင်းပါ”
ရတုလဲ မျက်နှာလေးညိုးစွာဖြင့် ထိုနေရာလေးမှ ထွက်လာခဲ့လိုက်သည်။
“မြရေ နောက်ဆုံးတော့ ငါတို့ အကြံအစည် အောင်သွားပြီဟေ့”
“အဟွန်း.... လာ ရိုက်လိုက်ပါအုံး”
“ဖျန်း....”
နှစ်ယောက် လက်ဖဝါးချင်း ရိုက်ကာ အောင်ပွဲခံနေလိုက်ကြသည်။
“ဟင်.... ဟိုရှေ့က အဘွားကြီးဘဲ”
ရတု ကားအရှေ့၌ နေးတုပ်နေးတုပ်နှင့် လမ်းလျှောက်နေတဲ့ မြူရိပ်နားအား ကားလေးရပ်လိုက်သည်။
“ဟေ့ အဘွားကြီး”
“စိတ်ညစ်ပါတယ်ဆိုမှ ဒီကောင်က တစ်မျိုး”
မြူရိပ် ရတု မကြားအောင် တိုးတိုးလေး ပြောလိုက်သည်။
“လာ ကားပေါ်တက်”
“ဘာလုပ်မလို့လဲ”
“ပြောစရာရှိလို့ပေါ့”
“ကျစ်....”
အောင့်စောင့်စောင့်နှင့် ကားတံခါးအား ဖွင့်ကာ ကားထဲသို့ ဝင်ထိုင်လိုက်သည်။
“ပြော ဘာကိစ္စရှိလို့လဲ”
“ခင်ဗျားနဲ့ ကျွန်တော့ကိစ္စ ခင်ဗျားကျွန်တော့ကို လက်ထပ်ချင်ရဲ့လား”
“ဘယ်လိုများ ပြောလိုက်တာပါလိမ့် ဒီကမ္ဘာပေါ်မှာ မင်းတစ်ယောက်ထဲ ရှိနေခဲ့ရင်တောင် မယူချင်ဘူး ”
ရတု မြူရိပ် စကားကြောင့် ဝမ်းနညသွားကာ မျက်နှာပျက်သွားရသည်။
ဟင်.... ငါပြောလိုက်တာ များမြန်းများသွားပြီလား မသိဘူး။
“ဟို.... ခဏက တို့ပြောလိုက်တာ များသွားပြီထင်တယ် ဒါဆို မင်းကို တို့တောင်းပန်ပါတယ်”
“တောင်းပန်ရုံနဲ့ပီးရောလား”
“ဒါဆို တို့က ဘယ်လိုလုပ်ပေးရမှာလဲ”
“မုန့်လိုက်ကြွေး”
“ဘာမုန့်လဲ”
“ဘာမုန့်ဘဲဖြစ်ဖြစ်”
“ဒါဆို တို့မင်းကို မုန့်ဆိုင်တစ်ဆိုင်ခေါ်သွားမယ် အဲ့ဆိုင်ကဈေးလဲချိုတယ် အစားအစာတွေကလဲ ကောင်းတယ်”
“ဒါဆိုလဲ လမ်းပြ”
“အင်း....”
ဒီလိုနဲ့ နှစ်ယောက်သား မုန့်ဆိုင်သေးသေး ရှိရာသို့ ထွက်လာခဲ့လိုက်ကြသည်။
“ရောက်ပြီ ဒီဆိုင်ဘဲ ”
“ဟင်....”
ရတုသွားနေကြ စတိုးဆိုင်တွေလို မဟုတ်ဘဲ သေးငယ်လှတဲ့ ထိုဆိုင်လေးအတွင်း၌ လေးဖောင်အိတ်တွေနှင့် ထည့်ထားတဲ့ အာလူးကြော်ထုပ်မျိုးစုံကို ရတုတစ်ယောက် မျက်မှောင်ကြီးကြုပ်ကာ ကြည့်နေမိသည်။
“ကျွန် ကျွန်တော်”
“လာစမ်းပါ ဒီဆိုင်က တစ်ခြားဆိုင်တွေနဲ့ မတူဘူး ဈေးအရမ်းချိုတယ်”
မြူရိပ် ပြောရင်းဖြင့် ရတုလက်အား ဆွဲကာ ဆိုင်ထဲသို့ ခေါ်သွားလိုက်သည်။
“မိငယ်ပါလား”
“ဟုတ်”
“ဘာလာဝယ်တာလဲ”
“ဘာဝယ်ရမှာတုန်း မုန့်လာဝယ်တာပေါ့”
“ဟုတ်ပါပြီ ဒါဆိုလဲ ဘာဝယ်ကြမှာလဲ ဝယ်လေ”
“အမ်..... ဒီအာလူးကြော်စား အရမ်းကောင်းတယ်”
ဆိုကာ မြူရိပ် အာလူးကြော်ထုပ်တွေအရွယ်စုံ အများကြီးရှိရာမှ အသေးဆုံးအထုပ်ကို ယူလိုက်သည်။
“နောက်ပြီး ဒီအချဉ်ထုပ်စားရအောင် ဒီတစ်ထုပ်ကလေ စားလို့ကလဲ ကောင်း တစ်ထုပ်မှ ၅၀ဘဲဆိုတော့ တော်တော်တန်တယ်သိလား”
“အင်း.... ဟို ကျွန်တော် ဒီအထုပ်တွေနဲ့ဟာ မစားတက်ဘူး”
“ဘာရယ် ဒီမုန့်တွေ မစားတက်ဘူး ဟုတ်လား”
“အင်း....”
“အမယ်လေးဟယ် သူဌေးသားရယ် တို့တွေများ ငယ်ငယ်လေးကတည်းက ဒီအထုပ်တွေဘဲ စားလာတာ မင်းကမှ ဒါတွေမစားတက်ဘူးဆိုတော့ မဟုတ်သေးပါဘူး”
“ကျွန်တော် တစ်ကယ်ပြောနေတာ ကျွန်တော် ဒါတွေ သူများစားတာဘဲ မြင်ဖူးတာ ကျွန်တော်တို့က ဗူးနဲ့အာလူးကြော်ဘဲ စားတာ အထုပ်တွေမစားဘူး”
“ကြီးကြီးကျယ်ကျယ် ဒါဘဲစား သူများကအကောင်းနဲ့ ပိုက်ဆံအကုန်ခံပြီး ဝယ်ကျွေးရသေးတယ် ဟိုဟာမစားချင်ဘူး ဒါမစားချင်ဘူး လာမလုပ်နဲ့”
“ဟူး....”
ရတုမှာတော့ သက်ပြင်းတစ်ချက်သာ ချလိုက်ပြီး ကားပေါ်သာ တက်ထိုင်နေလိုက်တော့သည်။
“ကော်တစ်ရာကပ်စေး နှာချေးငပိလုပ်စားမဲ့ အဘွားကြီးကို ငါဘယ်လို ယူရမှာပါလိမ့် စိတ်ညစ်ပါတယ်”
“ကဲကဲ သွားမယ် သွားမယ် မုန့်တွေ ဝယ်ခဲ့ပြီးပြီ”
ပါလာတဲ့ မုန့်တွေကလဲ ဘာတွေမှန်းမသိ။
“အဲ့ဒါအားလုံး ဘယ်လောက်ကျတာလဲဟင်”
“ငါးရာ”
“တော်တော်ကုန်သွားမှာဘဲ”
“ဟုတ်တယ်ဟ ငါးရာကြီးတောင် ကုန်သွားလို့ တို့တောင် မင်းဆီက ပြန်တောင်းရမလားလို့”
“ဘာ.... ငါးရာလေးကို ပြန်တောင်းအုံးမယ် ဟုတ်လား”
“အင်း....”
“ဟူး..... ရော့ရော့ ဒီမှာ ငါးရာမဟုတ်ဘူး တစ်ထောင်သာယူလိုက်တော့ ဟုတ်ပြီလား”
ရတု ဘောင်းဘီအိတ်ကပ်ထဲမှ တစ်ထောင်တန်တစ်ရွက် ထုပ်ပေးလိုက်သည်။
“တို့ကစတာပါ ငါးရာလောက်ကတော့ ဘာမှမဖြစ်သွားပါဘူး ရော့ ဒီမုန့်တွေအားလုံး မင်းကိုပေးတယ် ယူလိုက်”
“ရပါတယ် ခင်ဗျားဘဲ စားလိုက်ပါတော့ ကျွန်တော် မစားတော့ပါဘူး”
“ဘာလို့လဲ စားပါ ဘာလဲ ငါ့ကိုအားနာလို့လား”
“မဟုတ်ပါဘူး ကျွန်တော်မစားချင်လို့ပါ”
“အော်.... ဟုတ်မှာပေါ့ မင်းလို သူဌေးသားက ဘယ်လိုလုပ် ဒါတွေစားတက်ပါ့လဲ”
“ကဲပါ မင်းမစားချင်တော့လဲ တို့ဘဲ စားရတာပေါ့လေ”
“စားစား”
“အော်... ဒါနဲ့ ခင်ဗျား လက်ထပ်ဖို့ ကိစ္စကို မငြင်းတော့ဘူလား”
“မငြင်းတော့ပါဘူး အမေတို့ စိတ်ချမ်းသာအောင်တော့ ခဏယူပေးလိုက်တာပေါ့”
“ခဏ ဘာကိုခဏလဲ”
“ဒီလို မင်းနဲ့တို့နဲ့ အပေးအယူတစ်ခု လုပ်ရအောင်”
“ဘာအပေးအယူလဲ”
“မင်းနဲ့တို့နဲ့ အခုလောလောဆယ်တော့ မိဘတွေစိတ်ချမ်းသာအောင် လက်ထပ်လိုက်ကြတာပေါ့ ဒါပေမယ့် လက်ထပ်လိုက်တဲ့ အချိန်အတွင်း မောင်နှမလိုဘဲ နေကြမယ်လေ ဘယ်လိုလဲ”
“အင်း.... ဟုတ်ပါတယ် မချစ်ဘဲ လက်ထပ်တာဆိုတော့ မောင်နှမအဆင့်လိုဘဲ နေကြတာပေါ့”
“နောက်ပြီးတော့ လက်ထပ်ထားတဲ့အတွင်း မင်းလဲ မင်းကြိုက်တဲ့ကောင်မလေးနဲ့ တွဲလို့ရသလို တို့လဲတို့ကြိုက်တဲ့ ကောင်လေးနဲ့ တွဲမယ် ဘယ်လိုလဲ”
“ရပါတယ် ကျွန်တော့ဘက်က အဆင်ပြေပါတယ် ခင်ဗျားဘက်ကသာ အိမ်ထောင်ပြုပြီးသား မိန်းကလေးကို ဘယ် ယောင်္ကျားလေးက လာကြိုက်မှာလဲ”
“အောင်မှာ တို့ကို အထင်မသေးနဲ့နော် တို့ဘယ်လိုဘဲ ဖြစ်နေဖြစ်နေ တို့ကို အမြဲတမ်း ချစ်နေမဲ့ ယောင်္ကျားလေးတစ်ယောက်ရှိတယ် ဘာမှတ်နေလဲ”
“အဟွန်း.... ဟုတ်ပါ့မလား ”
“မင်းမယုံတာတော့ တို့လဲ မတက်နိုင်ဘူး အခုပြောတဲ့ဟာကို မင်းလက်ခံနိုင်လား”
“လက်ခံနိုင်တယ် အမေက သူသဘောတူတဲ့ မိန်းကလေးနဲ့ယူရင် ကျွန်တော့ကို ကျွန်တော်လိုချင်တဲ့ ဆိုင်ကယ် ဝယ်ပေးမယ်လို့ ပြောထားတယ် အဖေကတော့ ကားအသစ်တစ်စီးပြန်ဝယ်ပေးမယ်တဲ့ အဘွားတို့ကတော့ သူတို့နေတဲ့ ခြံပေးမှာတဲ့”
“မင်းကိုတော့ တို့တစ်ကယ် အားကျတယ် တို့မှာတော့ လက်ထပ်ပြီးရင် အိမ်ကဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်ဘဲရမှာ အဟွန်း....”
“အဟား....”
ရတု မြူရိပ်စကားအား သဘောကျစွာရီလိုက်သည်။
“ကဲပါ ရီမနေနဲ့ အိမ်ပြန်တော့မယ် ဒီအချိန် ဆိုင်ကလူကျလောက်ပြီ”
“အင်းပါ”
“ဒါနဲ့ မေ့နေတာ တစ်ကယ်လို့ မင်းနဲ့တို့ လက်ထပ်ပြီးမှ ကိုယ်စီ ချစ်ရတဲ့သူ တစ်ယောက်စီ ရှိလာခဲ့ရင် ငါတို့ ကွားရှင်းကြမယ် ဘယ်လိုလဲ”
“အင်း.... ကောင်းပါတယ် ဒီလိုလုပ်တာပေါ့ မချစ်ဘဲနဲ့တော့ အကြာကြီး လက်ထပ်နေရင် အလကားဘဲပေါ့”
“ဟုတ်တယ်လေ အဲ့ဒါကြောင့် ဒါဆို တို့ကို လိုက်ပို့ပေးတော့”
“အင်း...”
ရတု မြူရိပ်အား လမ်းထိပ်ထိ လိုက်ပို့ပေးလိုက်သည်။
စာဖတ်သူလေးများအားလုံး လက်နက်ဘေး ရောဂါဘေးမှ ကင်းဝေးကြပါစေ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏