“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”
နှစ်ပတ်ခန့်ကြာသော်......
“သားရေ ပြီးပြီလား”
“လာပြီ ခဏလေး”
“သမီး ရတုကိုသွားခေါ်လိုက်အုံးမယ်နော်”
“အေးအေး ဒီလောက်တောင် ကြာနေပြီ မပြင်နိုင်မပြီးနိုင်နဲ့ သွားခေါ်ချေစမ်းပါ သမီးရေ”
”ဟုတ်”
မြူရိပ် ဘွဲ့ယူဖို့ ပြင်နေတဲ့ ရတုအခန်းဆီသို့ တက်သွားလိုက်သည်။
“ဒေါက် ဒေါက်.....”
“ဘယ်သူလဲ”
“ငါ.….. အမေကခေါ်ခိုင်းလိုက်လို့ လာခေါ်တာ မပြီးသေးဘူးလား”
“ခဏလေး ခဏလေး”
“အမြန်လုပ်ပါဟယ် အရမ်းကြာနေပြီနော်”
“ပြီးပြီ ပြီးပြီ လာပြီ”
ရတု ပြောရင်းဖြင့် အခန်းထဲမှထွက်လာလိုက်သည်။
“ဟင်.....”
တိုက်ပုံပုဆိုးဖြင့် သပ်သပ်ရပ်ရပ် ဝတ်ထားတဲ့ ရတုကြောင့် မြူရိပ် အထူးအဆန်းနှင့် ငေးကြည့်နေလိုက်မိသည်။
“အစ်မ.... အစ်မရေ”
“ဟမျ... ဘာ ဘာလဲ”
“ဘာတွေဒီလောက်ထိ ကြည့်နေတာတုန်း”
“ဘာ.... ဘာမှမကြည့်ပါဘူး”
“အဟွန်း.... ဘာလဲ အစ်မမွေးနေ့လက်ဆောင်ပေးထားတဲ့ အင်္ကျီနဲ့ဆိုတော့ တအားတွေ ချောနေလို့လား”
“မဟုတ်ပါဘူး....”
“မလိမ်ပါနဲ့ ဒါနဲ့..... အစ်မမိတ်ကပ်လိမ်းထားတာလား”
“မလိမ်းထားပါဘူး”
“လိမ်တာမကောင်းဘူးနော်”
“စကားများမနေနဲ့ အမေတို့ စောင့်နေပြီ အမြန်သွားမယ်”
မြူရိပ် ရတုလက်အား အတင်းဆွဲကာ ခေါ်လာခဲ့လိုက်သည်။
“ဝိုး.... ငါ့သားလေးက ဒီလိုကြတော့လဲ သန့်ပြန့်ပြီး ချောနေတာဘဲ”
“ဟား.... အဲ့ဒါ အမေသားမို့”
“ဒါပေါ့"
“ကဲ..... ဒါပေါ့တွေ လုပ်မနေကြနဲ့တော့ သွားစို့”
နှစ်မိသားစုလုံး ရတုဘွဲ့ယူရမည့် တက္ကသိုလ်သို့ မောင်းလာခဲ့လိုက်ကြသည်။
“ရောက်ပြီ”
“ဟော..... ဟိုမှာ ကျွန်တော့သူငယ်ချင်းတွေရောက်နေပြီ သွားလိုရ်အုံးမယ်နော်”
“သွား သွား”
“မောင်သွားလိုက်အုံးမယ်နော် မ....”
ဘာစကားမှ ပြန်မပြောလာတဲ့ မြူရိပ်ကို ရတုမေးစေ့လေးအားဆွဲလိုက်ကာ ထွက်လာခဲ့လိုက်သည်။
“မင်း...."
မြူရိပ်တစ်ယောက် မျက်နှာလေးနီရဲကာ ကျန်နေခဲ့တော့သည်။
“လာသမီး အမေတို့ဟိုဘက်မှာ သွားထိုင်နေရအောင်"
“ဟုတ်”
ဒီလိုနဲ့ အချိန်အတော်အတန်ကြာသည်အထိ အခမ်းအစီအစဉ်များအား တစ်ခုပြီးတစ်ခု ပြုလုပ်ခဲ့တာ နောက်ဆုံးတော့ ဓာတ်ပုံရောက်ဖို့ အချိန်ရောက်လာခဲ့ပြီ။
“မ လာလေ အတူတူဓာတ်ပုံရိုက်မယ်”
“တော်ပြီ မရိုက်ချင်ဘူး”
“ဟယ်.... သမီးရယ် ဘာလို့ ဓာတ်ပုံမရိုက်ချင်ရမှာလဲ သွားရိုက်လိုက်ပါ”
“သွားလေသမီးရဲ့”
အမေနှစ်ယောက်စလုံးက ပြောနေပြီဖြစ်သဖြင့် မြူရိပ်လဲ မသွားချင်သွားချင်ဖြင့် ရတုဘေးနားရပ်ကာ ဓာတ်ပုံရိုက်ဖို့ နေရာယူလိုက်သည် ။
“သမီး ရတုနားနည်းနည်း ကပ်လိုက်အုံး”
“ရှင်.... ဟုတ်”
ခြေတစ်လှမ်းချင်း လှမ်းကာ သူ့နားတိုးလာတဲ့ မြူရိပ်ကို ရတုစိတ်မရှည်လာတော့ပေ။
“နည်းနည်းကပ်လိုက်အုံး”
“ရှင်.....”
ရတု တစ်ကယ်စိတ်မရှည်လာတော့ကာ မြူရိပ်ခါးအား ဆွဲဖက်လိုက်သည်။
“ဝိုး..... မိုက်တယ် မိုက်တယ် ကင်မရာမန်းရေ ရိုက်လိုက်တော့”
“ဟုတ်.....”
ရုတ်တရက် ခါးဆွဲဖက်လိုက်လို့ လန့်သွားတဲ့ မြူရိပ်နဲ့ အပျော်ကြီးပျော်နေတဲ့ ရတုတို့ရဲ့ ပုံလေးဟာ သဘာဝကျကျနှင့် လှလှပပထွက်လာခဲ့သည်။
မိသားစုနှစ်စုပေါင်းပြီး လျှောက်လည်ထွက်ခဲ့ကြတာ ညတောင်မိုးချုပ်နေခဲ့ပြီ။
“ကျွန်တော်တို့ အထဲဝင်ပြီနော်”
“အေးအေး.... အမေပြောတာလဲ မမေ့နဲ့အုံးနော် သား”
“ဟုတ်"
“ဒါဆို အမေတို့လဲ သွားပြီ”
“ဟုတ် ဖြည်းဖြည်းပါ"
နှစ်ယောက် မိဘတွေအား နှုတ်ဆက်လိုက်ပြီး အိမ်ထဲဝင်လာခဲ့လိုက်သည်။
“ခဏက အမေကဘာပြောတာလဲ”
“သူမြေးလိုချင်နေပြီတဲ့”
“ဟမ်.....”
“ကျွန်တော်တို့ ကလေးယူကြရင် ကောင်းမလား”
“မင်းသေချင်တာလား ရတု”
“မသေချင်ပါဘူး ကျွန်တော်အကောင်းပြောပြတာပါ”
“တော်ပြီ ငါအိပ်ပြီ”
မြူရိပ် မျက်နှာလေးညိုးစွာဖြင့် သူ့အခန်းရှိရာအပေါ်ထပ်ဆီသို့ တက်သွားလိုက်သည်။
“မချစ်အောင်နေပါတယ်ဆိုမှ ပိုပိုပြီး ချစ်လာတော့ ငါဘယ်လိုလုပ်ရမှာလဲ ရတုရယ်.....”
“ကလင် ကလင်....”
ရတုအိပ်တော့မည့်အလုပ် ထမြည်လာတဲ့ ဖုန်းကြောင့် စိတ်ညစ်ညစ်ဖြင့် ကောက်ကိုင်လိုက်ပြီး ဝရံတာဘက်သို့ ထွက်လာခဲ့လိုက်သည်။
“ပြော.... ဘာကိစ္စလဲ"
“......”
“ဟုတ်တယ်လေ မနက်ဖြန်သွားမှာ"
“......”
“မနက်ခင်း ၇နာရီလောက်"
“......”
“ဒါဆို ငါဖုန်းချပြီ ဘိုင့်.....”
တံခါးပေါက်နား၌ ကပ်ကာ ရတုဖုန်းအပြောအား နားထောင်နေတဲ့ မြူရိပ်မှာတော့ မခံစားနိုင်တော့ကာ ငိုချပစ်လိုက်တော့သည်။
အဟင့်..... နောက်နေ့ကစပြီး မင်းကိုငါမေတွ့ရတော့ဘူပေါ့ ငါမင်းကိုမခွဲနိုင်ဘူး ဘယ်လိုလုပ်ရမလဲ အဟင့်..... ဟင့်..... မဖြစ်ဘူး ငါငိုနေရင် မနက်အိပ်ရာထနောက်ကျနေလိမ့်မယ် ရတုကို လိုက်မပို့လိုက်ရဘဲ ဖြစ်နေမယ်..... အမြန်သွားအိပ်ရမယ်။
ဆိုကာ မြူရိပ် အခန်းထဲသို့ အမြန်ဝင်လာခဲ့လိုက်သည်။
“ဟူး..... စောစောထရမှာဆိုတော့ အိပ်ရတော့မယ်”