“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”
“အစ်မ အစ်မရေ”
“ဒေါက် ဒေါက်.....”
“ဘာကိစ္စရှိလို့လဲ”
“ညစာစားရအောင် ကျွန်တော်ချက်ထားတယ်”
“အင်း..... ငါဆင်းလာခဲ့မယ်”
“မရဘူး အခုထွက်လာခဲ့”
“လာခဲ့မယ်လို့”
“မရဘူးလို့ အခုလာခဲ့ပါဆိုနေ”
မြူရိပ် စိတ်မရှည်ကာ အခန်းထဲမှ ထွက်လာပြီး ရန်တွေ့ဖို့အလုပ် ရုတ်တရက်ပွေ့ခြင်း ခံလိုက်ရသဖြင့် လန့်သွားရသည်။
“ဘာ... ဘာလုပ်တာလဲ ချပေး”
“မချဘူးပေးဘူးဆို မောင့်ကို မက ဘာလုပ်မှာလဲ”
“ဘာ.... ငါ့ကို ဘယ်လို ခေါ်လိုက်တယ်”
“မလို့ ခေါ်လိုက်တာလေ ဘာလို့လဲ"
“မခေါ်နဲ့ မကြိုက်ဘူး”
“ရပါတယ် မခေါ်နဲ့ဆိုလဲ မခေါ်ပါဘူး”
“ငါ့ကို အောက်ချပေးအုံး”
“ဒါဆို အခု ညစာစားဖို့ မောင်နဲ့အတူ လိုက်ခဲ့မှာလား"
“နေပါအုံး မင်းကိုယ်မင်း ဘယ်လိုပြောလိုက်တယ်”
“မောင်လို့ ပြောလိုက်တာလေ.... ဒါကိုတော့ လာမပြောနဲ့နော် ကိုယ့်ဟာကိုပြောတာမို့လို့”
မြူရိပ် ရတုအား မျက်စောင်းလေးတစ်ချက်ထိုးလိုက်သည်။
“ချပေးတော့"
“မောင်နဲ့အတူ ညစာလိုက်စားမှာလား”
“စားမယ်လို့”
”အဟွန်း..... ”
ရတု တစ်ချက်ပြုံးလိုက်ပြီး သူမကိုယ်လေးအား အောက်သို့ ချပေးလိုက်သည်။
“ဖယ်”
ကလေးတစ်ယောက်လို နှုတ်ခမ်းလေးစူကာ ပြုမူသွားတဲ့ သူမအား ရတုတစ်ယောက် ပြုံးလျက်နဲ့ပင် ကြည့်နေမိသည်။
“ဘာဟင်းတွေ ချက်ထားတာပါလိမ့်”
“အစ်မကြိုက်မယ် ထင်တဲ့ဟာလေးတွေ ချက်ထားတာပေါ့ဗျ”
မြူရိပ် အသံလာရာ အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“ဘယ်လိုလဲ မောင်တော်တယ်မလား”
မျက်ခုံးတစ်ချက်ပင့်ကာ ဟန်ပါပါနှင့် လုပ်ပြနေတဲ့ ရတုအား ကြည့်ကာ မြူရိပ် ရီချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။
“လာ ထိုင် ညစာစားစို့”
မြူရိပ် ရတုထည့်ပေးတဲ့ ဟင်းတွေအား အရသာမြည်းကြည့်လိုက်သည်။
ဘယ်ဆိုးလို့လဲ စားကောင်းသားဘဲ။
“ဘယ်လိုလဲ ကောင်းတယ်မလား”
“ဟမ်..... အင် မဆိုးပါဘူး”
“အဟွန်း.....”
“ဒါဆိုများများစား”
“အင်း.....”
ရတုထည့်ပေးတဲ့ဟင်းများအား မြူရိပ် အားရပါးရနှင့်စားပေးလိုက်သည်။
“ဖယ် ငါသိမ်းလိုက်မယ်”
“ရပါတယ် ကျွန်တော်သိမ်းလိုက်ပါ့မယ် သွားထိုင်နေပါ”
“ရတယ်လို့ နင်ငါ့ကိုညစာချက်ကျွေးထားပြီးပြီဘဲ ပန်းကန်တွေကတော့ ငါသိမ်းလိုက်ပါ့မယ်”
“ဒါပေမယ့်....”
“သွားထိုင်နေလိုက်တော့နော်”
မှုန်ကုပ်ကာ ပြောလာတဲ့ သူမကြောင့် ရတုဘာမှဆက်မပြောတော့ဘဲ မီးဖိုခန်းထဲမှ ထွက်လာလိုက်တော့သည်။
“အဟွန်း..... ကလေးလိုလိုဘာလိုလိုနဲ့ သွားဆိုတာကိုမသွားဘူး”
မြူရိပ်တစ်ယောက် ရတုဖြစ်သွားပုံလေးအား ပြန်တွေးကာ ရီနေမိသည်။
ခဏကြာတော့ မြူရိပ် ကြောင်အိမ်ထဲမှ သူကိုယ်တိုင်လုပ်ထားသည့် မြေပဲယိုလေးအား ယူကာ ဧည့်ခန်းထဲသို့ လာခဲ့လိုက်သည်။
“ဘာတွေလဲဟင် အစ်မ”
“မြေပဲယို”
“ဟင်....”
မြေပဲယိုဆိုသည်နှင့် အလန့်တကြားဖြစ်သွားတဲ့ ရတုကြောင့် မြူရိပ် မျက်မှောင်ကြီးကုပ်ကာ ရတုအားကြည့်လိုက်သည်။
“ဟို.....”
“ဘာမှဟိုမနေနဲ့..... ဒါငါကိုယ်တိုင်လုပ်ထားတာ မစားတက်ဘူးလို့တော့ မပြောနဲ့နော်”
“မပြောပါဘူး”
“ဒါဆိုစား”
“ဟုတ်”
“ဟူး.....”
“အမယ်လေး..... ဒါလေးတစ်ခုစားဖို့အရေးသက်ပြင်းချနေရတယ် ဟုတ်လား..... မစားချင်ရင်နေနော် ဘယ်သူမှအတင်းမကျွေးဘူး"
“ဒါဆိုလဲ မစား....”
“မစားတော့ဘူဆိုရင် ငါသိမ်းလိုက်တော့မယ်”
မျက်နှာလေးညိုးစွာ ပြောလာသဖြင့် ရတုလဲမနေတက်တော့ပေ။
“စတာပါ စားမှာပါ မစားတော့ဘူလို့ ပြောလိုက်ရင် အစ်မဘယ်လိုများဖြစ်သွားမလဲသိချင်လို့ပါ”
“ရော့.... ဒါဆိုလဲစားတော့”
“ဟုတ်”
ရတု မြေပဲနှင့် ဓာတ်မတည့်ပေမယ့် မစားလိုက်လျှင် မြူရိပ်စိတ်မကောင်းဖြစ်သွားမည်ကို စိုးရိမ်ကာ အောင့်အီပြီး စပစ်လိုက်သည်။
“ဘယ်လိုလဲ ကောင်းတယ်မလား”
“အင်း...... ကောင်းပါတယ်”
“ဒါဆို များများစား”
“ဟုတ်.....”
မြူရိပ် ရတုစားနေတာအား ကြည့်ရင်း တစ်ခုခုထူးခြားလာကာ ရတုအနား ကပ်သွားလိုက်သည်။
“မင်း.... မင်းလက်တွေက နီရဲနေတာဘဲ ခဏကဘာမှမဖြစ်ပါဘူး အခုမှ ဘယ်လိုလုပ်......”
“ဟို..... ဘာမှမဖြစ်ပါဘူး မစိုးရိမ်ပါနဲ့”
“ဘာကိုမစိုးရိမ်ရမှာလဲ မင်းလက်လဲမင်းပြန်ကြည့်အုံး နီရဲနေတာဘဲ ငါ့ကို မှန်မှန်ပြော မင်း မြေပဲနဲ့မတည့်ဘူးမလား”
“ဗျာ.....”
“ဟုတ်တယ်မလား”
“ဟို...."
“ငါလိမ်တာ မကြိုက်ဘူးနော် ရတု”
“ဟူး.... ဟုတ်တယ် မောင်မြေပဲနဲ့ဓာတ်မတည့်ဘူး”
“မတည့်တာကို ဘာလို့စားလဲ”
“ဟို.... စားချင်လို့”
မြူရိပ်သိပါသည်။ ဒီမြေပဲယိုတွေကို သူ့ကြောင့်စားမှန်း။
“မင်းမှာဆေးရှိလား”
“ရှိတယ် အခုသွားသောက်လိုက်မယ်.... အစ်မ အိပ်တော့လေ မိုးတော်တော်ချုပ်နေပြီ”
“မအိပ်သေးပါဘူး ငါ့ကြောင့် မင်းအခုလိုဖြစ်တာ ငါ့မှာတာဝန်ရှိတယ်လေ”
“ကဲပါ.... တာဝန်တွေ မတာဝန်တွေလုပ်မနေနဲ့ အိပ်တော့နော် တော်တော်ညှဉ့်နက်နေပြီမို့ ပြောတာ သွားသွား မောင့်ကို ဘာမှစိတ်မပူနဲ့ မောင်အဆင်ပြေတယ်”
အပေါ်ထပ်ဆီသို့ အတင်းတွန်းပို့နေသည့် ရတုကြောင့် မြူရိပ်မှာ မတက်ချင်တက်ချင်ဖြင့် ဝမ်းနည်းစွာ တက်သွားလိုက်ရသည်။
သူတစ်ကယ်ကော အဆင်ပြေပါ့မလား။
“ဘာမှစိတ်မပူနဲ့နော် မောင်ဆေးသောက်ပြီးပြီ အိပ်တော့မှာ သိလား”
“အဟွန်း....”
အောက်ထပ်ကနေ အသံကျယ်ကျယ်ဖြင့် အော်ပြောလာသည့် ရတုကြောင့် မြူရိပ် အသံလေးထွက်အောင်ရီလိုက်သည်။