“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”
“ဒူ.... ဒူ.....”
“မနက်စောစော ဘယ်သူပါလိမ့်”
မြူရိပ် အိပ်ချင်မူးတူးဖြင့် အိပ်ရာဘေးနားမှ ဖုန်းလေးအား လှမ်းကိုင်လိုက်သည်။
“ဟယ်လို..….”
“ဟယ်လို...... ကိုယ်ပါ မြူရိပ်...... ငြိမ်းသုတ”
“ဟင်.......”
တစ်ဖက်မှ ငြိမ်းသုတလို့ ဆိုလိုက်သည်နှင့် မြူရိပ်မျက်လုံးများ ပြူးကျယ်သွားသည်။
“ဘာ ဘာကိစ္စရှိလို့လဲ”
“ကိုယ် မြူရိပ်ကို ချစ်နေတုန်းဘဲ မြူရိပ် အခုလက်ထပ်ထားတဲ့ ကောင်လေးကို မချစ်ဘူးဆိုတာ ကိုယ်သိပါတယ်.... ဒါကြောင့် ကိုယ့်ဆီပြန်လာပေးနိုင်မလား”
“ကျွန်မ ရှင်နဲ့ အပြင်မှာ စကားသေချာပြောချင်တယ်”
“ရပါတယ် ဘယ်အချိန်လဲ”
“ခဏနေ ကျွန်မတို့ဆိုင်ထိပ်က ကော်ဖီဆိုင်ကိုဘဲ လာခဲ့လိုက်ပါ”
“ကောင်းပါပြီ ဒါဆို ခဏနေတွေ့ရအောင်.....”
“အင်း.....”
ပြောပြီးသည်နှင့် ဖုန်းကို ချက်ချင်းချပစ်လိုက်သည်။
“ဟူး.....”
မြူရိပ် လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး လုပစရာရှိတာလုပ်ကာ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
“အစ်မနိုးပြီလား”
“အင်း..... ဘာလုပ်နေတာလဲ”
“မနက်စာလုပ်နေတာလေ စားတော့မှာလားအစ်မ”
“ငါဒီနေ့ မစားတော့ဘူ ဆိုင်ကိုစောစောသွားရမှာမို့”
“အော်..... အင်းပါ ဒါဆိုလဲ ကျွန်တော်တစ်ယောက်ထဲဘဲ စားလိုက်တော့မယ်”
“အင်း.....”
မြူရိပ် “အင်း” ဟုသာဆိုလိုက်ပြီး ငြိမ်းသုတနှင့် ချိန်းထားသည့်ဆိုင်သို့ လာခဲ့လိုက်သည်။
“ဘာဖြစ်သွားေနတာပါလိမ့် မနက်စာတောင်မစားသွားဘူး..... မဖြစ်ပါဘူး မနက်စာတော့သွားပို့ပေးရမယ်”
ဆိုကာ ရတုတစ်ယောက် မြူရိပ်စားဖို့ ပေါင်မုန့်မီးကင်နှင့် ကော်ဖီအား ထည့်နေလိုက်သည်။
“ကိုယ်ဒီမှာ မြူရိပ်”
မှန်တခါးရဲ့ တစ်ဖက်၌ လက်ပြကာ ခေါ်နေတဲ့ ငြိမ်းသုတအား မြူရိပ် တစ်ချက်ကြည့်လိုက်ပြီး ဆိုင်ထဲသို့ ဝင်လာခဲ့လိုက်သည်။
“လာ ထိုင်မြူရိပ်”
“ဘာသောက်မလဲ”
“ရပါပြီ ကျွန်မဘာမှ မသောက်တော့ဘူ”
“မြူရိပ် ကိုယ့်ကို သူစိမ်းအရမ်းဆန်သွားတယ်နော်”
“ကျွန်မဆိုင်သွားရအုံးမှာမို့ လိုရင်းဘဲပြောရအောင်”
“ကောင်းပါပြီ”
“ကျွန်မတို့ တစ်ချိန်က သံယောဇဉ်တွေ ညှိခဲ့ဖူးတယ် ဒါကြောင့် အခုအဲ့သံယောဇဉ်တွေ ဖြတ်တောက်ဖို့ အချိန်ရောက်လာပြီ”
“ဘာလို့လဲ..... မြူရိပ်မှာ ချစ်ရမဲ့.....”
“ဟုတ်တယ် ကျွန်မမှာ ချစ်ရမဲ့သူရှိနေပြီ”
“မဟုတ်မှ ဟိုကောင်လေးလို့တော့ မပြောနဲ့နော်”
“တောင်းပန်ပါတယ် ကျွန်မလဲ သူ့ကိုဘယ်လိုချစ်မိသွားလဲ မသိလိုက်ဘူး”
“ကိုယ့်ကို လိမ်နေတာမဟုတ်လား”
“မဟုတ်ဘူး ကျွန်မရှင့်ကို လိမ်စရာဘာအကြောင်းမှ မရှိပါဘူး”
“အင်း.... ကောင်းပါပြီ မြူရိပ်ကို ကိုယ်ထပ်မဆွဲထားတော့ပါဘူး”
“ကျေးဇူးတင်ပါတယ် ကိုငြိမ်းသုတ”
“ရပါတယ်.....”
“ရှင်လဲ ကျွန်မထက် ပိုကောင်းတဲ့ မိန်းကလေးနဲ့ အမြန်ဆုံးတွေ့ပါစေလို့ ကျွန်မဆုတောင်းပေးပါတယ်”
“အဟွန်း..... မြူရိပ်ပေးလိုက်တဲ့ဆု ပြည့်လား မပြည့်လားတော့မသိဘူး ကိုယ်ကတော့ အိမ်ကပေးစားတဲ့သူကိုဘဲ ယူရတော့မယ်”
“ဟင်.... ဘယ်သူလဲ ဟို.... မှုံရတီဆိုတဲ့တစ်ယောက်လား”
“အင်း ဟုတ်တယ်”
“သူလေးလဲမဆိုးပါဘူး ချစ်စရာလေး”
“ဟုတ်ပါတယ် ဟို..... ဘာသောက်မလဲ ဒီတစ်ခါတော့ မငြင်းနဲ့တော့နော် နောက်ပိုင်းကြရင် အခုလို တွေ့ချင်မှတွေ့ရတော့မှာ ”
“ဟုတ်ပါပြီ”
“ဒါဆို ဘာသောက်မလဲ”
“ရပါတယ် အဆင်ပြေရာတာ မှာလိုက်ပါတော့”
“အင်း.....”
မြူရိပ်လဲ အားနာနာနှင့်သာ ငြိမ်းသုတမှာပေးတဲ့ ကောဖီနှင့်မုန့်များအား စားလိုက်ရသည်။
“ဟင်..... ဒါ ဒါက အစ်မမဟုတ်လား”
မြူရိပ်အား မနက်စာပို့ဖို့ အသွား ကော်ဖီဆိုင်လေး၌ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရတု ဒေါသထွက်သွားရသည်။
“မနက်စာဘာလို့ မစားတာလဲလို့ ထင်နေတာ တစ်ကယ်တော့ သူနဲ့စားဖို့ ချိန်းထားလို့ကို တောက်......”
ရတု ထိုမြင်ကွင်းအား ဆက်မကြည့်နိုင်တော့သဖြင့် ထိုနေရာလေးမှ အမြန်ဆုံး ထွက်လာခဲ့လိုက်သည်။
“ကျွန်မဗိုက်ပြည့်သွားပြီ”
“ပြန်တော့မှာလား”
“ဟုတ်”
“ကိုယ်လိုက်ပို့ပေးမယ်လေ”
“ရပါတယ် ဆိုင်သွားမှာမို့လို့ ကိုယ့်ဘာသာဘဲသွားလိုက်ပါတော့မယ်”
“အင်းပါ ဒါဆို နှုတ်ဆက်ပါတယ်”
“ဟုတ်”
မြူရိပ်လဲ ငြိမ်းသုတအား နှုတ်ဆက်လိုက်ပြီး သူ့ဆိုင်သို့ ထွက်လာခဲ့လိုက်သည်။
“ရောက်လာပြီလား သမီး”
“ဟုတ်”
“ဒီနေ့နောက်ကျတယ်နော်”
“ဟုတ်တယ် လမ်းမှာသူငယ်ချင်းနဲ့တွေ့နေလို့”
“အော်.... ဒီမှာ ရတုတောင် သမီးစားဖို့ဆိုပြီး မနက်စာလာပို့သွားသေးတယ်”
“ဟင်.....”
မြူရိပ် မနက်စာဘူးလေးအား ဖွင့်ကြည့်လိုက်သည်။
ဟင်.... စာတစ်ဆောင်ပါလား။
ဘူးအဖုံးလေးပေါ်ရှိ စာအား မြူရိပ် ဖတ်ကြည့်လိုက်သည်။
ဒီနေ့စောစောပြန်ခဲ့ပါ။
“အဟွန်း.....”
မြူရိပ် ရတုစာလေးအား ဖတ်ကာ တစ်ချက်ပြုံးလိုက်သည်။
“အမေ အမေ့”
“အော်.... သား ပြောလေ ဘာကိစ္စ”
“အမေ စီစဉ်ထားတဲ့ ကိစ္စ ကျွန်တော် လက်ခံတယ်”
“ဟင်..... သား တစ် တစ်ကယ် ပြောတာပါနော်”