“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”
“ရတု”
“ဗျာ......”
“အဟွန်း......”
“ဘာပြောမလို့လဲ”
“ဘာမှတော့ မဟုတ်ပါဘူး ဘွဲ့တောင်ယူရတော့မယ်နော် ဘယ်နှစ်လမှ မကျန်တော့ဘူ”
“ဟုတ်သားဘဲ..... ဘာလို့လဲ”
“မင်း...... ဘွဲ့ရပြီးရင် ဘာလုပ်ဖို့ စိတ်ကူးထားလဲ”
“အဖေကတော့ စင်္ကာပူမှာ ကျောင်းပြန်သွားတက်တဲ့”
“ဟမ်..... အလုပ်မလုပ်ဘူးလား”
“အလုပ်လဲလုပ်ရင်း အတွေ့အကြုံရအောင်မို့တဲ့ ဘာတွေလဲ မသိပါဘူး...... အဖေတို့က သူတို့လုပ်ချင်တာ လုပ်နေကြတာ”
“အဲ့တော့ ဘွဲ့ယူပြီးတာနဲ့ မင်းက စင်္ကာပူသွားတော့မှာပေါ့”
“အင်း..... သွားဆိုတော့လဲ သွားရမှာပေါ့”
“အင်း.....”
“အဲ့ရုပ်ကြီးက ဘာဖြစ်သွားတာလဲ”
ရုတ်တရက်ဆိုသလို ညိုးသွားတဲ့ သူမမျက်နှာလေးကို ကြည့်ပြီး ရတု ပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး ဒါဆိုရင် အပေါ်တက်ပြီ”
“အိပ်တော့မှာလား”
“အင်း.....”
“ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အစ်မ”
“ရပါတယ်..... အပေါ်တက်ပြီ”
“ဟုတ်”
မျက်နှာလေးညိုးစွာ တက်သွားတဲ့ သူမကို ရတုတစ်ယောက် နားမလည်စွာ ကြည့်နေမိသည်။
“ဟူး...... ဘာဖြစ်နေတာလဲ သူ့ဟာသူသွားမှာလေ ငါကဘာလို့ ဝမ်းနည်းနေရတာလဲ အခုသွားတောင်မသွားရသေးတာကို.......”
“ဒေါက် ဒေါက်......”
“အစ်မ ကျွန်တော်ပါ”
“ဘာကိစ္စရှိလို့လဲ”
“အေမဖုန်းဆက်လာလို့ အစ်မနဲ့စကားပြောချင်လို့တဲ့”
“အော်.... အင်း..... လာပြီ”
“ဟူး..….”
မြူရိပ် သက်ပြင်းတစ်ချက်ချလိုက်ပြီး အခန်းအပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။
“ရော့.......”
“ဟယ်လို...... အန်တီ”
“ခေါ်ပြန်ပြီ အန်တီ”
“မှားသွားလို့ အမေ အဟင်း......”
“အမေ သမီးကို ပြောစရာရှိလို့ဆို”
“ဟုတ်တယ် သမီးရဲ့”
“ဘာပြောမလို့လဲဟင် ပြောလေ”
“ဟို..... သမီးတို့ ကလေးမယူကြသေးဘူးလားဟင်”
“ရှင်......”
“ဘာတဲ့လဲ”
မျက်လုံးလေးများ ပြူးကျယ်ကာ အလန့်တကြားဖြစ်သွားရတဲ့ မြူရိပ်လေးကြောင့် ရတုမှာ စိုးရိမ်လွန်ပြီး ဖုန်းကို ဆွဲလုလိုက်သည်။
“ဘာပြောလိုက်တာလဲဟင်”
“ဘာမှမဟုတ်ပါဘူးဟယ် သိပ်လဲစိုးရိမ်မနေပါနဲ့”
“မသိဘူးလေ အစ်မမျက်နှာကြီးက နီရဲသွားတာဆိုတော့ ဘာတွေများပြောလိုက်တာလဲလို့”
“မျက်နှာကြီးနီရဲသွားတယ် ဟုတ်လား”
“ဟုတ်တယ် ဘာပြောလိုက်လို့လဲ”
“ကလေးမယူကြသေးဘူးလားလို့ မေးလိုက်တာပါကွယ်”
“ဟင်.....”
“မင်းကကော ဘာဖြစ်သွားတာလဲ”
“ဗျာ..... ဟို..... ဘာ ဘာမှမဖြစ်ပါဘူး”
“ဒါဆို video callခေါ်လိုက်မယ်”
“ဗျာ.....”
“ဘာဖြစ်တာလဲ video callလေးခေါ်မှာကို ဘာဖြစ်နေတာလဲ”
“ဟို..... ဘာမှမဖြစ်ပါဘူး”
“ဒါဆို အမေအခုခေါ်လိုက်မယ် လိုင်းတက်ခဲ့”
“ဟုတ်”
ပြောလဲပြီးရော ရတုစိတ်ပျက်လက်ပျက်ဖြင့် ဖုန်းကိုချပစ်လိုက်သည်။
“အမေကဘာပြောလိုက်သေးလဲ”
“အခု video callခေါ်မယ်တဲ့ အဲ့ဒါ လိုင်းတက်ခဲ့တဲ့”
“ဟင်..... ဘယ်လိုလုပ်ကြမလဲ”
“မသိဘူးလေ”
ခဏကြာတော့......
ခေါ်လာပါပြီ အမေ။
“ကိုင်လိုက်ရမလာဟင် အစ်မ”
“မကိုင်လို့ နင်ကဘာလုပ်ချင်တာလဲ”
“ချလိုက်ရမလားလို့လေ”
“တော်ကြာ..... အိမ်ထိလိုက်လာခဲ့မှ ကိစ္စပိုကြီး သွားလိမ့်မယ် ကိုင်လိုက်”
“ဟုတ်....”
မြူရိပ် အပြောကြောင့် ရတုလဲ မကိုင်ချင်ကိုင်ချင်ဖြင့် ကိုင်လိုက်ရသည်။
“အမေ့”
“ဘယ်နားမှာရပ်နေကြဝာလဲ အခန်းထဲလဲမဟုတ်ဘူး”
“ဟို.... အစ်မရဲ့အခန်းရှေ့မှာပါ”
“ဟမ်.... အစ်မ ဘယ်ကအစ်မလဲ”
“အမေသဘောတူလို့ လက်ထပ်လိုက်ရတဲ့ ဒီက အစ်မမြူရိပ်ရှင်းလေ”
“ဟင်.... မင်းက ကိုယ့်မိန်းမကို အစ်မလို့ ခေါ်နေတာပေါ့”
“ဗျာ.....”
“မဗျာနဲ့..... မင်းကလေ မင်းအဖေလိုဘဲ ဘာသတ္တိမှကမရှိ ခုလဲကြည့် ကိုယ့်မိန်းမကိုများ အစ်မတဲ့လား.... တစ်ခြားဟာလေး ပြောင်းခေါ်ပါလား”
“ဘယ်လိုခေါ်ရမှာလဲ အမေရဲ့”
“အရှေ့ အရေစသတ် အစ်ကိုဖြုတ်လိုက် အနောက်ကတစ်လုံးဘဲခေါ်”
“မ.....”
“ခေါ်နေတယ်လေ သမီးရဲ့ ထူးလိုက်အုံး”
“အမ်....”
“ဘာအမ်တုန်း..... ငါ့သားနဲ့ငါ့သမီး ဘယ်ခေတ်ကို ရောက်နေတာလဲ တစ်ယောက်က မလို့ခေါ်ရင် နောက်တစ်ယောက်က ပြောလေမောင်ဆိုပြီး ပြန်ပြောရတယ်လေ ”
“ဟုတ်.....”
“တော်ပါတော့ အမေရယ် ”
“မတော်နိုင်ပါဘူးကွယ်.... မင်းက ဘာမှကိုအသုံးမကျတာ ယူပြီးတာမြင့် တစ်လပြည့်သွားပြီ အခုချိန်ထိ ကလေးကြတော့ မယူကြသေးဘူး အမေအရမ်းစိတ်ဆိုးတယ်နော် သား.... အမေ မြေးချီချင်လှပြီ”
“ဟာ..... အမေကလဲဗျာ ဘာတွေ ပြောနေတာလဲ”
“ အောင်မှာ မိန်းကလေးဖြစ်တဲ့ သမီးမြူရိပ်တောင် ဘာမှမဖြစ်တာ မင်းကမှ ဘာဖြစ်နေတာလဲ..... ကလေးယူတော့လဲ ကလေးမွေးပေးရမဲ့သူက မင်းမို့လို့လား......”
“တော်ပါတော့အမေရယ်..... အမေပြောစရာမရှိတော့ဘူမလား သားဘက်ကချလိုက်ပြီနော်”
“ဟိတ်.... ဟိတ် ခဏနေအုံးလေ အော်..... ဒီကောင်လေးနဲ့တော့လေ.....”
“ဟူး..... တော်ပါသေးရဲ့ အမြန်ချလိုက်လို့ အစ်မ”
“ဘာလဲ”
“စိတ်စိုးသွားတာလား”
“ငါကဘာကို စိတ်ဆိုးရမှာလဲ”
“မသိဘူးလေ အမေပြောလိုက်လို့မြန်း စိတ်ဆိုးသွားတာလားလို့”
“စိတ်စိုးစရာဘာပါလို့လဲ မစိုးပါဘူး”
“ဒါဆို အမေပြောလိုက်တဲ့ အဓိပ္ပာယ်ကို နားလည်မှာပေါ့”
“နားမလည်ရအောင် ငါအခုမှ မွေးလာတဲ့ကလေးမဟုတ်ဘူး အသက်၂၅ရှိနေပြီ”
“သိပါတယ်..... ဟို..... အမေက ကလေးယူဖို့ဘဲပြောနေတယ်နော် အဲ့ဒါ ဘယ်လိုလုပ်ကြမလဲ”
ရတု မြူရိပ်အား ရီဝေဝေအကြည့်များနှင့် ပြောလိုက်သည် ။
“ဟင်း..... မင်းနော် မနာချင်နဲ့”
“မနာချင်ပါဘူး အမေပြောတဲ့အတိုင်း ပြောတာကို”
“တော်ပြီ တော်ပြီ ငါ့ကိုဘာမှဆက်မပြောနဲ့တော့”
“ခဏနေပါအုံး”
တံခါးဖွင့်ကာ အခန်းထဲဝင်သွားတော့မည့် မြူရိပ်အား ရတု လှမ်းဆွဲလိုက်ကာ ဖက်ထားပစ်လိုက်သည်။
ချစ်လိုက်တာ အစ်မရယ်။ ဘယ်နေ့မှ ဒီစကားတွေကို ပြောခွင့်ရမှာလဲ။
“ဘာလုပ်တာလဲ”
“ခဏ ခဏလေးဘဲ ခဏလေးဘဲ ဒီလိုနေပေးပါလား”
“ဖယ်စမ်းပါ ငါအသက်ရှူရကျပ်တယ်”
“အသက်ရှူရကျပ်လဲ ခဏလေးပါဘဲ”
“မရဘူး လွှတ်”
“ဘာလဲ နှလုံးခုန်သံတွေ ကျွန်တော် ကြားသွားမှာ စိုးလို့လား”
“ဘာ.....”
“စတာပါ လွှတ်ဆို လွှတ်ပါ့မယ်ဗျာ.... အဟွန်း.....”
“နင်သေမယ်နော် ရတု”
လက်သီးထောင်ပြကာ ကြိမ်းမောင်းသွားသည့် မြူရိပ်က ရတုအတွက်တော့ ချစ်စရာကောင်းနေသည်။
“ဟူး..... ဒီကောင်လေးကတော့လေ လူကို နည်းအမျိုးမျိုးနဲ့ လာချုပ်နေတယ်..... ကျစ်..... ငါကလဲ ဘာကို ရင်ခုန်နေလဲ မသိဘူး”
“အစ်မ ဂွတ်နိုက်နော်.....”
“ဟင်..... ဒီကောင်လေးမသွားသေးဘူးလား”
“မသွားသေးပါဘူး အခုတော့ သွားပါပြီ ဂွတ်နိုက်.....”
“ဟင်.....သေလိုက်တော့ မြူရိပ်ရေ သေလိုက်တော့ ငါပြောတာတွေများ သူကြားသွားပြီလား မသိဘူး”
မြူရိပ် တစ်ယောက် ကုတင်ထက်၌ အတွေးပေါင်းစုံနှင့် စိုးရိမ်နေရရှာသည်။