“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”
“ကလင် ကလင်.....”
“ကျစ်..... စိတ်ညစ်ပါတယ်ဆိုမှ ဘယ်သူကာဖုန်းပြန်ဆက်နေရတာလဲ”
ရတုတစ်ယောက် အိပ်ရာဘေး၌ မြည်နေတဲ့ ဖုန်းလေးအား စိတ်ညစ်ညစ်ဖြင့် ကောက်ကိုင်လိုက်သည်။
“ဟယ်လို.....”
“ဟယ်လို..... ရတု ငါပါ မြူရိပ်”
“ဘာကိစ္စရှိလို့လဲ”
“မင်း ဗိုက်ဆာရင် ကြောင်အိမ်ထဲမှာ ဟင်းတွေရှိတယ် နွေးစားလိုက်နော် ငါပြန်လာတာ နောက်ကျမယ်”
“ကျစ်.....”
ရတု ကျစ်တစ်ချက်သာ သပ်၍ ဘာမှပြန်မပြောတော့ဘဲ ဖုန်းအား ချပစ်လိုက်တော့သည်။
“စိတ်ညစ်ပါတယ်ဆိုမှ အလိုက်ကို မသိဘူး ကျစ်....”
ရတု စိတ်ညစ်ညစ်ဖြင့်သာ ဖုန်းကို စက်ပိတ်ထားလိုက်ပြီး အိပ်ရာထဲ၌ မှောက်အိပ်နေလိုက်တော့သည်။
“သမီး ဘာတွေလုပ်နေတာလဲ”
“ဒီနေ့က ရတုမွေးနေ့လေ အမေရဲ့ ဒါကြောင့် မွေးနေ့ကိတ်လေး ကိုယ်တိုင်လုပ်ပေးနေတာ”
“အော်.... ကောင်းတာပေါ့ ဒါဆိုဆက်လုပ် သွားခါနီးကြရင်တော့ အမေ့ကိုပြောအုံးနော် မွေးနေ့လက်ဆောင်လေး ပါးလိုက်မလို့”
“အော်.... အင်းပါ ဒါဆို သမီးဆက်လုပ်လိုက်အုံးမယ်”
“အေးအေး.....”
ဒီလိုနဲ့ မြူရိပ်လဲ စေတရာအပြည့်နှင့် ရတုအတွက် မွေးနေ့ကိတ်လှလှလေး ဆက်လုပ်နေလိုက်သည်။
“ကလင် ကလင်......”
“ဝါး..... ဟင်..... ည၈နာရီတောင်ထိုးနေပြီ ဟာ..... နောက်ကျတော့မှာဘဲ”
မြူရိပ် မွေးနေ့ကိတ် လုပ်ပြီးကတည်းက ပင်ပန်းတာနှင့် အိပ်နေလိုက်တာ ည၈နာရီတောင်ထိုးခဲ့ပြီ။
“အမေ့ အမေ့ရေ သမီးအိမ်ပြန်ပြီနော် ”
“အေးအေး ဖြည်းဖြည်းပြန်အုံး အော်.... ဒါနဲ့ ဘာနဲ့ပြန်မှာလဲ”
“Taxiငှားထားတယ် အရှေ့မှာ ရောက်နေလောက်ပြီ သွားပြီနော်အမေ အမေပေးခိုင်းတဲ့ လက်ဆောင်လေးလဲ ပေးလိုက်မယ်”
“ကောင်းပါပြီ ဖြည်းဖြည်းပြန်”
“ဟုတ်”
မြူရိပ် မွေးနေ့ကိတ်ဘူးလေးအား ကိုင်ကာ အိမ်ရှေ့သို့ အပြေးလေးထွက်လာလိုက်ပြီး အဆင်သင့်စောင့်နေတဲ့ taxiပေါ်တက်ထိုင်ကာ ထွက်လာခဲ့လိုက်သည်။
“ကျစ်.... ၈နာရီတောင်ထိုးနေပြီ မလာသေးဘူး အဲ့လောက်တောင် အလုပ်ကများနေရတာလား”
မကြာပါဘူး မြူရိပ်စီးလာတဲ့ taxiကားလေး အိမ်ရှေ့သို့ ရောက်လာခဲ့သည်။
ကားသံကြားတယ် ပြန်လာပြီထင်တယ်။
ရတု မီးတွေအကုန်မှိတ်လိုက်ပြီး သူ့အခန်းထဲ၌ အိပ်ချင်ယောင် ဆောင်နေလိုက်သည်။
“ဒီကောင်လေး အခုချိန်ထိ မထသေးဘူးထင်တယ် သွားနိုးအုံးမှ”
လက်ထဲရှိ ပစ္စည်းအချို့နှင့် မွေးနေ့ကိတ်အား ဧည့်ခန်းစားပွဲပေါ် တင်ထားလိုက်ပြီး ရတုအခန်းဆီ လျှောက်လာလိုက်သည်။
“ဒေါက် ဒေါက်.... ရတု.... ရတု အိပ်နေတာလား ထတော့လေ ညစာစားရအုံးမယ် ”
တံခါးပေါက်အား ခေါက်ကာ ပြောလိုက်ပေမယ့် တစ်ဖက်မှ ဘာမှပြန်မပြောသဖြင့် မြူရိပ် အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။
“ရတု ထတော့လို့”
“ဟာ....ဘာလဲကွာ အိပ်ချင်ပါသေးတယ်ဆို”
“လာ ထငါ့နောက်လိုက်ခဲ့”
“မလိုက်ဘူး”
“ကျစ်.... ငါနှစ်ခါမပြောချင်ဘူးနော် ရတု”
“လာပြီ လာပြီ ကျစ်....”
ရတု သူ့ဆံပင်တွေအား စိတ်ညစ်ညစ်ဖြင့် ထိုးဖွလိုက်ပြီး သူမနောက်ဆီ လိုက်လာခဲ့လိုက်သည်။
“မီးကမဖွင့်ဘဲနဲ့ အိပ်နေတာ သွားဧည့်ခန်းထဲက မီးသွားဖွင့်”
“ကျစ်.... မီးကမဖွင့်ဘဲ သူဘဲအိမ်ထဲဝင်လာတာကို အိပ်နေတဲ့ လူကိုလာအော်နေတယ်”
မြူရိပ် မကြားအောင် တိုးတိုးလေးပြောလိုက်ကာ ရတု ဧည့်ခန်းမီးဖွင့်လိုက်သည်။
“ခင်ဗျားကလေ တော်တော်..... ဟင်....”
“Happy birthdayပါ ရတု”
“ဒါက”
“လက်ဆောင်လေ ကြက်သွေးရောင် ပိုးပုဆိုးနဲ့တိုက်ပုံ မင်းကအသားဖြူတော့ အနီရောင်တွေ ကြက်သွေးရောင်တွေနဲ့ လိုက်တယ်လေ နောက်ပြီး ဒါက နားကပ် အမေပေးခိုင်းလိုက်တာ ယောင်္ကျားလေးတွေအတွက်ဆို စိန်တစ်ပွင့်တည်းနဲ့ဟာက လှတယ်တဲ့ ဒါကတော့ ပိုက်ဆံအိတ် မင်းအမြဲတမ်း ပိုက်ဆံငို ဘောင်းဘီအိတ်ထဲကနေ ထုတ်ထုတ်နေလို့ ဒါကြောင့် ဝယ်ပေးတာ”
“အဟွန်း..... ကျေးဇူးပါ အစ်မ”
“မလိုပါဘူး အော်.... ဒါနဲ့ မေ့နေတာ မွေးနေ့ကိတ်မှာ ထွန်းဖို့ ဖယောင်းတိုင် ငါ့အခန်းထဲမှာ ထားခဲ့တာ သွားယူပေးအုံး”
“ဟုတ်”
ရတု ပြုံးလျက်သားနှင့် အပေါ်ထပ်သို့ တက်သွားတော့သည်။
“အဟွန်း.... ”
“ကျီ..... ”
“ဟင်....”
ရတု တံခါးဖွင့်ဖွင့်ချင်း ကုတင်ပေါ်၌ သူလိုချင်ခဲ့တဲ့ ဂီတာလေးနှင့်အတူ ဖယောင်းတိုင်ထုတ်လေးကို တွေ့လိုက်သဖြင့် အံ့ဩသွားတော့သည်။
ထို့နောက် ထိုဂီတာလေးနှင့်အတူ ဖယောင်းတိုင်ထုတ်ကို ကိုင်လိုက်ပြီး အောက်ထပ်သို့ အပြေးအလွှားဆင်းလာခဲ့တော့သည်။
“အစ်မ အစ်မ”
“ဘာလဲဟ”
“ဒီ ဒီ ဒီဂီတာက”
“surprise”
“အဟွန်း....”
“ဟင်....”
မြူရိပ် သူ့အား တင်းကျပ်စွာ ဖက်လာတဲ့ ရတုကြောင့် သူမမှာ အတော်လေးလန့်သွားရသည်။
“ကျေးဇူးအများကြီးတင်ပါတယ် အစ်မရယ် ဒီတစ်ခေါက် မွေးနေ့ကလေ ကျွန်တော့တစ်သက်မှာ အပျော်ဆုံး မွေးနေ့ဘဲ သိလား ”
“အဟွန်း.... အပိုတွေ ပျော်နေပြီ မင်းကတော့”
“မဟုတ်ပါဘူးဗျာ ကျွန်တော် တစ်ကယ်ပြောတာ”
ရှိုက်သံတစ်ချို့နှင့်အတူ ပြောလာတဲ့ ရတုကြောင့် မြူရိပ် စိုးရိမ်သွားကာ ဖက်ထားတဲ့ သူ့လက်တွေကို အတင်းဖယ်ထုတ်လိုက်ပြီး သူ့မျက်နှာအား ကြည့်လိုက်သည်။
“ဟင်.... ငိုနေတာလား”
“အင်း.... ကျွန်တော် ဒီဂီတာကို အဲ့တုန်းက အရမ်းလိုချင်ခဲ့တာ ဒါပေမယ့် မရတော့ဘူဆိုပြီး တစ်လတိတိ ဝမ်းနည်းနေခဲ့ရတာ အခုလို အစ်မက ပေးလိုက်တော့ ကျွန်တော်..... မပြောတက်တော့ဘူဗျာ.....”
“အဟွန်း.... ကဲပါ ငိုမနေနဲ့တော့ ကလေးလဲမဟုတ်ဘာလဲမဟုတ် မင်းငိုရင်လဲ ကြည့်ကောင်းတာ မဟုတ်ဘူးနော်”
“လျှောက်မပြောနဲ့ ကျွန်တော်က ဘယ်လိုနေနေကြည့်ကောင်းပါတယ် ငိုနေရင်လဲ တစ်မျိုးကြည့်ကောင်းနေတာကို”
“အမယ်လေး.... ဟုတ်ပါပြီ ဟုတ်ပါပြီ ကြည့်ကောင်းပါတယ် ကဲဒါဆိုရင် မွေးနေ့ကိတ်ခွဲရအောင်”
“ဟုတ်”
မြူရိပ် မွေးနေ့ကိတ်ပေါ်၌ ဖယောင်းတိုင်မီးလေးတွေ ထွန်းလိုက်သည်။
“ Happy birthday to you happy birthday to you happy birthday dear Naine Yatu happy birthday to you....... ”
“ဖယောင်းတိုင်မှုတ်တော့လေ”
“ဟုတ်”
ရတု ဖယောင်းတိုင် မီးတွေအား မှုတ်လိုက်ပြီး မျက်လုံးလေး မှိတ်ကာ သူမမကြားအောင် ဆုတစ်ခုတောင်းလိုက်သည်။
“ရော့ ကိတ်ခွဲ”
“ဟုတ်”
ရတု ကိတ်တစ်ပိုင်း ခွဲလိုက်ပြီး သူမအား ခွံကျွေးလိုက်သည်။ ထို့နောက် သူလဲ စားလိုက်သည်။
“ဘယ်လိုလဲ စားကောင်းလား”
“အင်း.... ကိတ်ကတော့ အားလုံးအတူတူပါဘဲ ဒီအရသာဘဲ”
“တစ်ကယ်လား သေချာစားကြည့်အုံး”
သူမအပြောကြောင့် ရတုနောက်တစ်လုပ် ပြန်စားကြည့်လိုက်သည်။
“နည်းနည်းအချိုများတယ် ကိတ်သားကတော့ အိစက်နေတာဘဲ အီလဲမအီဘူး သေချာတာကတော့ ဒီကိတ်က ဈေးကြီးမယ့်ပုံဘဲ”
“ဒါကို ဘယ်သူလုပ်ပေးထားတာလဲ သိလား”
“အစ်မဝယ်ခဲ့တဲ့ ဆိုင်က လူပေါ့ ”
“မင်းကတော့လေ အမြဲတမ်း ပေါ့ပျက်ပျက်ဘဲ ဒီကိတ်က ငါကိုယ်တိုင် တစ်နေ့လုံး ဆိုင်မဖွင့်ဘဲ သွားလုပ်ထားတာ သိလား”
“ဗျာ..... တစ်ကယ်လား”
“ဒီအရွယ်ကြီးနဲ့ လိမ်စရာလား”
“အဟွန်း..... ကျေးဇူးအများကြီးတင်ပါတယ် အစ်မ.... အစ်မမွေးနေ့ကြရင် ဒီထက်ပျော်စရာကောင်းအောင် လုပ်ပေးမှာ အော်..... ဒါနဲ့ အစ်မမွေးနေ့က ဘယ်နေ့လဲ”
“ကောင်စုတ်လေ မွေးနေ့တောင် မသိဘဲ မွေးနေ့က လုပ်ပေးချင်သေးတယ်”
“အစ်မမှ မပြောပြတာ ပြောပြရင်တော့ မှတ်ထားမှာပေါ့”
“မပြောပြဘူး ကိုယ့်ဟာကို သိအောင်လုပ် ”
“ဟွန်း..... အော်.... ဒါနဲ့ အစ်မ”
“ဘာလဲ”
“ကျွန်တော် ညစာမစားရသေးဘူး သိလား”
“အဲ့တော့”
“ဘာစားရမှာလဲ”
“ကြောင်အိမ်ထဲမှာ ဟင်းတွေမရှိတော့ဘူလား”
“အင်း”
“ဒါဆိုလဲ ကြောင်အိမ် အောက်ဆုံးဆင့်မှာ မင်းသူငယ်ချင်းတွေ မင်္ဂလာဆောင်တုန်းက ပေးထားတဲ့ လက်ဖက်ဘူးတွေ ရှိတယ် အဲ့ဒါနဲ့ စားလိုက်”
“အော်.... ဟုတ်သားဘဲ ဒီလိုကြတော့လဲ ဟိုကောင်တွေကို ကျေးဇူးပြန်တင်ရမလိုလိုဘဲ”
“အဟွန်း..... ဗိုက်ဆာရင် သွားစားလေ ဒါတွေ ငါသိမ်းထားလိုက်မယ်”
“ရပါတယ် ကျွန်တော် သိမ်းလိုက်ပါမယ်”
“သွားပါ ငါသိမ်းလိုက်မယ် သွားသွား”
အတင်းမောင်းထုတ်နေတဲ့ သူမကြောင့် ရတုလဲ မီးဖိုခန်းဆီသာ ထွက်လာခဲ့လိုက်တော့သည်။
ရက်တွေကြာသွားတဲ့ အတွက် တောင်းပန်ပါတယ်။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏